← Chapters

လာမည့်အရာ။

Vol. 15 Ch. 200

လာမည့်အရာ။

Vol. 15 Ch. 200

လီဝူယု၏ မျက်လုံးများမှာ ရွှေငါး တစ်ကောင်ကဲ့သို့ ပြူးထွက်လာ၏။ သူ့အတွက် ဆေးပင်များကို မြေသြဇာ ဖြန့်ကြဲရမည် ဆိုသော အပြစ်ဒဏ်မှာ မယုံနိုင်စရာပင်။

လင်းယွန်ပင်လျှင် မျက်ခုံးပင့်ကာ စိုက်ခင်းကွင်းပြင်ကို အမြန် ကြည့်လိုက်မိသည်။ စိုက်ခင်း တစ်ခုလုံးအတွက် မြေသြဇာများ ဖြန့်ကြဲခြင်းမှာ မည်မျှ ပင်ပန်းမည်ကို စိတ်ကူးမယဉ်နိုင်ပေ။

"ဘာလဲ မင်းမလုပ်ချင်ဘူးလား"

နီယူဘင်းရွမ်က ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူ၏ အရှိန်အဝါကို ထုတ်လွှတ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့်၊ လင်းယွန်နှင့် လီဝူယုတို့ နှစ်ဦးစလုံး အပေါ်တွင် ကြမ်းတမ်းသော အရှိန်အဝါတစ်ခု ပြိုကျ လာလေသည်။

နီယူဘင်းရွမ်သည် နက်နဲနယ်ပယ် တတိယအဆင့်တွင် ရှိနေခဲ့သည်ကြောင့် လီဝူယုက အံ့သြ သွားခဲ့သည်။

၎င်း၏ ကျင့်ကြံမှုအရ၊ ဓားနန်းတော်၏ တပည့်တစ်ယောက် အဖြစ် သတ်မှတ် ခံရနိုင်သည်။

ထိုကဲ့သို့သော လူတစ်ယောက်ကို ဆေးတောင်တန်းဆီသို့ ပို့ဆောင်ထားခဲ့ခြင်းမှာ မည်သို့သော ပြစ်မှုများ ကျူးလွန်မိသည်ကို သိချင်လာ၏။

နီယူဘင်းရွှမ်၏ နောက်ကျောရှိ အပြစ်သားမျာ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အမူအရာများ ထွက်ပေါ်လာ ကြသည်။

သူတို့အားလုံး၏ ကျင့်ကြံမှုအဆင့်သည် နက်နဲနယ်ပယ်၌ ရှိနေလေသည်။

"အစ်ကိုကြီး၊ ငါတို့ အခု ဘာလုပ်မှာလဲ"

လီဝူယုက အနည်းငယ် ထိတ်လန့်သွားပြီး လင်းယွန် အနောက်နား ဆီသို့ တိတ်တဆိတ် ဆုတ်ခွာ သွားခဲ့သည်။ သူက ရှန်ရှင်း သိုင်းသမားသာ ဖြစ်နေ ပေသေးသည်။

လင်းယွန်ကို ကူညီရန် မဆိုထားနှင့် နီယူဘင်းရွမ် တစ်ယောက်တည်းကိုပင် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။

သူ့အမူအရာကို မပြောင်းလဲခဲ့ပဲ၊ လင်းယွန်က၊

" မြေသြဇာ ကြဲဖြန့် ပြီးရင်၊ ငါတို့အတွက် တခြားလုပ်စရာ ရှိသေးလား "

“ ဟမ်၊ အနည်းဆုံးတော့ မင်းမှာ အသိတရား ရှိသေးတယ်၊ မြေသြဇာကို ကိုင်တွယ်ရမဲ့ အပြင် ငါတို့ရဲ့ အဝတ်တွေကိုလည်း လျှော်ပေးရမယ်၊ အချိန်ပိုသေးရင် ပေါင်းပင်တွေကိုပါ ဖယ်ရှားပြီး မြေကြီးကို တူးစွဖို့ ကူညီပေး ရလိမ့်မယ်။”

နီယူဘင်းရွှမ်က လက်နှစ်ဖက်ကို နောက်ကျောဘက် ပို့လိုက်ပြီး ပြောလိုက်သည်။ ဆေးတောင်တန်းသို့ လူသစ်များ ရောက်ရှိဖို့ရန် အခွင့်အရေးမှာ ရှားပါးလှပေ၏၊ ထို့ကြောင့် ၎င်းတို့ကို ကောင်းကောင်း အသုံးချ ရပေမည်။

"ဒါဆို မင်းက ဘာလုပ်မှာလဲ"

လင်းယွန်က သူ့မျက်လုံးများကို မှေးကျဉ်းကာ ဖြတ်မေးလိုက်သည်။

" ငါလား .... ငါက မင်းတို့ နှစ်ယောက်ကို ကြီးကြပ်ဖို့ တာဝန်ရှိတာကြောင့်၊ ဒီဆေးပင်တွေ အတွက် ငါရှိနေဖို့ လိုတယ် ”

ဟု ဆိုကာ နီယူဘင်းရွမ်က ရယ်မောလိုက်သည်။

" ငါ နားလည်ပြီ၊ မင်းဘာမှ လုပ်မှာ မဟုတ်ဘူး”

“ဟား ဟား ဟား၊ မှန်တယ်၊ မင်းရဲ့ အဖေ ငါက ဘာမှလုပ်မှာ မဟုတ်ဘူး"

ဤအကြိမ်၌ နီယူဘင်းရွမ်၏ ရယ်မောသံ အပြင် သူ့နောက်ရှိ ရပ်နေကြသော အပြစ်သားများ၏ လှောင်ပြောင် ရယ်မောသံများပါ ကပ်ညိ ပါရှိလေသည်။ လက်ကို ဝှေ့ယမ်းလိုက်ပြီးလင်းယွန်၏ ပါးကို ပုတ်ရိုက်လိုဟန်ဖြင့် နီယူဘင်းရွမ်က၊

" ဘာလဲ၊ အစီအစဉ်တွေကို မကျေနပ်ဘူးလား၊ မင်းက လက်မခံလိုလဲ ကိစ္စမရှိပါဘူး၊ ”

လင်းယွန်နှင့် လီဝူယုမှာ နာခံမည်မဟုတ်ကြောင်း သူပြောနိုင်သော်လည်း၊ ဆေးစိုက်ခင်းများတွင် သူတို့အတွက် နေရာမရှိပေ။ သို့သော် သူ့လက်များသည် လင်းယွန်ပါးထံသို့ မရောက်ရှိမီ မျက်လုံးများ ထဲတွင် လျှပ်တစ်ပြက် အလင်းရောင်များ တွေ့မြင်လိုက်ရလေသည်။

အတိအကျပြောရပါလျှင် လင်းယွန်၏ လက်များမှာ လျှပ်စီးလက် သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာပြီး၊ နီယူဘင်းရွမ်၏ လက်ကောက်ဝတ်ကို ဟန့်တား ဖမ်းဆုပ် လိုက်လေသည်။

လက်ကောက်ဝတ်ထံမှ နာကျင်မှုကြောင့် နီယူဘင်းရွမ်က စအော်ဟစ် လိုက်မိ၏။ ကြံ့ခိုင်သော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ တအိအိ ပြိုကျလာခဲ့ရာ၊ သိုးငယ်ကလေး တစ်ကောင်ဖြင့်ပင် တူလှပေသည်။

'' အား .... နာတယ် … ကျေးဇူးပြုပြီး လွှတ်ပေးပါ၊ မင်းကို ဘာမှ မလုပ်ခိုင်းတော့ပါဘူး"

နီယူဘင်းရွှမ်က ရွံ့တွ တောင်းပန် လိုက်၏။

လင်းယွန်က သူ၏ ဆုပ်ကိုင်မှုကို ဖြေလျော့လိုက်ပြီး နီယူဘင်းရွှမ်ကို နောက်သို့ တွန့်ထုတ်ပစ်လိုက်သည်။

"အကိုကြီး....."

အပြစ်သား ဝတ်ရုံကို ဆင်မြန်းထား ကြသော နောက်လိုက် တပည့်များမှာ နီယူဘင်းရွှမ်ကို ကူညီရန် အပြေး လာခဲ့ကြသည်။

" သွား... မင်းတို့ အားလုံး သွားကြစမ်း၊ ငါသူ့အသက်ကို လိုချင်တယ် ”

နီယူဘင်းရွှမ်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ၊ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အမိန့်ရသည်နှင့် နောက်လိုက် တပည့်များမှာ လင်းယွန်ကို ချက်ခြင်း ဝိုင်းရံလိုက်၏။ ဆေးတောင်တန်း၏ စည်းမျဉ်းများအရ ဓားများ အသုံးပြုခြင်းကို တားမြစ်ထားသောကြောင့် လင်းယွန်အား လက်သီးများဖြင့် သာ တစ်ဟုန်ထိုး ဝင်၍ တိုက်ခိုက် လာကြသည်။

"လက်နဲ့မဲ့ တိုက်ခိုက်ချင်တာလား "

လင်းယွန်က ပြုံးလိုက်သည်။ သူ့တွင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်နှင့် ကျား-နဂါးလက်သီးရှိပြီး၊ နက်နဲနယ်ပယ်သို့ အောင်မြင်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်မှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိ လာသည်ဖြစ်ရာ၊ လက်နက်မဲ့ တိုက်ခိုက်လာခြင်းမှာ၊ မှားယွင်းသော ရွေးချယ်မှုသာ ဖြစ်ပေမည်။

ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းမှာ ပွင့်အာလာပြီး၊ ထာဝရနတ်ဘုရားတံဆိပ်ကို ဖွဲ့တည်လိုက်လေသည်။ သူ့လက်များကို မရပ်မနား အရှိန်အဟုန်ဖြင့် လူအုပ်ထဲသို့ တွန်းထုတ်လိုက်၏။ စွမ်းအင် ပေါက်ကွဲမှုများ နှင့်အတူ ဝိုင်းရံလာ သူများအား လွင့်စင် ဒဏ်ရာရရှိ စေခဲ့သည်။ နက်နဲ သိုင်းသမားများနှင့် ရင်ဆိုင်နေရသောကြောင့် ၎င်းတို့ကို လက်သီးတစ်ချက်တည်းဖြင့် မဖြိုခွဲနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူ့ရည်မှန်းချက်ကို အောင်မြင် စေခဲ့သည်။ မည်သူမျှ မပြေးသရွေ့ ဖိအားမရှိပဲ အလွယ်တကူ အနိုင်ယူနိုင်သည်။ သူ့ဆီသို့ ပြေးလာနေသော လူ၏ မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်သည် ။

ကျား-နဂါးလက်သီး၏ ပေါက်ကွဲစွမ်းအားအောက်တွင် မည်သူမျှ သူ့ပြိုင်ဘက် ဖြစ်မလာနိုင်ပေ။ ခဏတွင်းမှာပင် လင်းယွန်အား တစ်ဟုန်ထိုး တိုက်ခိုက်လာသည့် အဖွဲ့မှာ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်၌ လဲကြ သွားကုန်၏။ ကျန်ရှိနေသူများမှာ အဝေးကနေ ကြည့်လျက် တုန်လှုပ်သွားကာ၊ သတ္တိများ ပျောက်ကွယ်သွားပြီး နီယူဘင်းရွမ်၏ နောက်သို့ ပုန်းကွယ်လိုက် ကြသည်။

နီယူဘင်းရွမ်က ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသော အခါတွင် မျက်နှာ ပျက်ယွင်း သွားခဲ့သည်။ သူ၏ လေးနက်သော သွေးပြန်ကြော သုံးခုကို ဖွင့်လိုက်ပြီးနောက် ဖိနှိပ်ထားသောအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များမှာ တစ်ဟုန်ထိုး တုန်လှုပ်သွားသည်။

" မင်းကို ဒီနေ့ သင်ခန်းစာ မပေးနိုင်ရင် ဆေးတောင်တန်းမှာ ငါမနေတော့ဘူး...''

စကားဆုံးသည်နှင့် လင်းယွန်ဆီ ပြေးဝင်သွားသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားသည် တောင်တစ်လုံးကဲ့သို့ သိပ်သည်း ပြင်းထန် လှသောကြောင့် ပထမဆုံး နက်နဲသွေးကြောများ မဖွဲ့စည်းရသေးသော လင်းယွန်အတွက် ဖိအားအချို့ကို ခံစားလာရသည်။

'' ကြည့်ရတာ သူက အလွယ်တကူ အနိုင်ယူလို့ ရမယ့်သူ ဟုတ်ပုံမရဘူး ''

လင်းယွန်က ခပ်ဖွဖွ ရေရွတ်လိုက်သည်။ နီယူဘင်းရွမ်မှာ အလွန်သန်မာသည်ဟု သူ ပြောနိုင်သည်။ ဟွမ်ဖူဂျင်းရှန် ပင်လျှင် နီယူဘင်းရွမ်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ သို့သော် ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်သော လင်းယွန်နှင့် ရင်ဆိုင်နေရသည်မှာ သူ့အတွက် ကံဆိုးလှပေသည်။ လင်းယွန်၏ ခန္ဓာကိုယ်မှ စူးရှသော ဓားသွား တုန်ခါသံများ ပဲ့တင်ထပ်ကာ နီယူဘင်းရွမ်၏ အငွေ့အသက်ကို ထိုးဖောက်ထွက်လိုက်၏။

နီယူဘင်းရွမ်က တစ်ခုခု လွဲချော်နေသည်ကို ခံစားမိသော်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။

ပျံသန်းနေသော နဂါး၊ ပုန်ကွယ်နေသောကျား။

ကျားရိုင်းတစ်ကောင်၏ ဟိန်းဟောက် လိုက်သံနှင့်အတူ လင်းယွန်က လေထုထဲ ခုန်တက် လိုက်ပြီး၊ နဂါးတစ်ကောင်ကဲ့သို့ ပြေးဝင် ထိုးနှက် လိုက်သည်။ လက်သီးချက် အထိုးခံလိုက်ရသော နီယူဘင်းရွမ်က သွေးများ အန်ကျလာပြီး၊ မြေပြင်ပေါ် လဲကျသွား၏။

"ဓားရည်ရွယ်ချက် ....."

နီယူဘင်းရွမ်က ထရပ်ရန်ပင် ရုန်းကန်လိုက်ရသည်။ ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက် မျက်ဝန်းများ ရဲတွတ်သွားလေသည်။ အခြားသူများသည်လည်း ထိတ်လန့်သွားကြ၏။ ဆေးတောင်တန်းသို့ အပြစ်သား အဖြစ် ရောက်ရှိလာသော တစ်စုံတစ်ယောက်သည် ဓားသွားဆန္ဒကို အပြည့်အ၀ ဆုပ်ကိုင်ထား နိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

" အစ်ကိုကြီး၊ ဒီမှာ ....."

လီဝူယုက ကောက်ရိုးတဲ အတွင်းမှ ကုလားထိုင် တစ်လုံးကို တွန်းရွှေ့လိုက်ပြီး လင်းယွန် အနားတွင် ချထား ပေးလိုက်သည်။

လင်းယွန်က ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး ဟိတ်ဟန်ထုတ်ကာ၊ အလိုက်သင့် ထိုင်ချလိုက်၏။ ထိုင်နေလျက်မှ နာကျင်စွာ အော်ဟစ် ငိုကြွေးနေသေးသော လူအုပ်ကို ကြည့်လိုက်ကာ၊

“ ထစမ်း ဟန်ဆောင် နေတာတွေကို ရပ်လိုက်၊ ငါ မင်းတို့ အပေါ် ဒီလောက် နာကျင်စေလောက်အောင် စွမ်းအားတွေ မသုံးခဲ့ဘူး၊ တကယ်တော့ မင်းတို့ အားလုံးက နက်နဲနယ်ပယ်မှာ ရှိနေတာမို့ အားနည်း ဟန်ဆောင်တာကို ရပ်လိုက်ပါ။”

သူ့စကားကြောင့် မြေပြင်ပေါ်တွင် လဲလျောင်း အော်ဟစ် နေသူများက ရှက်ရွံ့သွားကာ၊ မတ်တပ် ထရပ်လိုက်ပြီး ဖုန်မှုန့်များကို ခါထုတ်လိုက်ကြသည်။ ထိုလူအုပ်၏ အမူအရာများကို ကြည့်ကာ နီယူဘင်းရွမ်က ကျိန်ဆဲ လိုက်သည်။

'' ဒီ လူ ယုတ်မာတွေ...... ''

အနည်းငယ် သန်မာသော သူကို ရင်ဆိုင် လိုက်ရသည်နှင့် သေချင်ယောင် ဆောင်ခဲ့ကြသည်။ အုပ်စုလိုက် လက်တွဲညီညီ ရင်ဆိုင်ပါလျှင် လင်းယွန်မှာ ထိုနေရာ၌ ထိုင်နေနိုင်မည် မဟုတ်ပေ။

ဆေးတောင်တန်းတွင် အပြစ်ပေး ခံရသူများကို အနည်းငယ်ပင် ယုံကြည်၍ မရတော့သည်ကို သတိပြု လိုက်မိ၏။

" မင်း ဒီကိုလာပြီး ဆေးတောင်တန်းရဲ့ အကြောင်း နောက်ထပ် ပြောပြပါဦး"

-ဟု လင်းယွန်က နီယူဘင်းရွမ်ကို လက်ညှိုးထိုးပြပြီး ဖိတ်ခေါ်လိုက်သည်။ ဓားသွားဆန္ဒ၏ ရည်ရွယ်ချက် အပြည့်အစုံကို တွေ့မြင် လိုက်ပြီးနောက်၊ လင်းယွန်ကို အနိုင်ယူရန် နည်းလမ်း မရှိတော့ကြောင်း ချက်ချင်း သိလိုက်သည်။

ခေါင်းငုံ့လိုခြင်း မရှိသော်လည်း အံကြိတ်လျက် လျှောက်လှမ်း သွားလိုက်သည်။ ထို့နောက်တွင် ရှင်းလင်းချက် အနည်းငယ် ကြားလိုက် ပြီးသည်နှင့် ဆေးတောင်တန်းသည် ဓားနန်းတော်၏ မည်သည့် နေရာဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွား ခဲ့သည်။ မဟာချင်အင်ပါယာရှိ မဟာဂိုဏ်းကြီး လေးဂိုဏ်းအနက်မှ တစ်ဂိုဏ်းအနေဖြင့်၊ ဓားနန်းတော်သည် သဘာဝအတိုင်း ရတနာနယ်မြေ တစ်ခုကို သိမ်းပိုက် နိုင်ခဲ့သည်။

ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရန် ဤနယ်မြေကို အသုံးပြုကာ ဆေးတောင်တန်းကို တည်ဆောက်ထားသည်။ ဆေးသိုလှောင်ခန်းမသည် ဆေးတောင်တန်းကို အုပ်ချုပ်ရပြီး၊ ဆေးခန်းမမှ စီမံခန့်ခွဲရသော လက်အောက်ခံခန်းမ ဖြစ်သောကြောင့် ၎င်းတွင် မြင့်မားသော အာဏာများ မရှိပေ။

ဤနေရာသို့ စေလွှတ်ခံရသော တပည့်များသည် အမှားကျူးလွန်မိသော စီနီယာ တပည့်များ သို့မဟုတ် ဖယ်ထုတ်ခံ ခဲ့ရသူများ ဖြစ်ကြ ပေသည်။ အတိုချုပ်ဆိုရပါမူ၊ ဤနေရာရှိ လူတိုင်းမှာ နောက်ခံနှင့် အရည်အချင်းများ ချို့တဲ့ သူများသာ ဖြစ်၏။

နီယူတင်းရွမ်၏ အဆိုအရ လင်းယွန် ကဲ့သို့သော သူမျိုးသည် အမှား ကျူးလွန် မိသော်လည်း ဆေးတောင်တန်းသို့ မပို့သင့်ပေ။

အနန္ဒချောက်ကမ်းပါးသို့ ပို့ဆောင် ချုပ်နှောင်ထားသင့်၏။ ချုပ်နှောင်ခြင်းဟု ခေါ်ဝေါ်ကြသော်လည်း အမှန်မှာ ကန့်သတ်ထားသော နေရာတစ်ခုသာ ဖြစ်သည်။

ဂိုဏ်းမှ စွန့်ပယ်ထား သူများကိုသာ ဆေးတောင်တန်းသို့ စေလွှတ်ရမည် ဖြစ်သည်။

လီဝူယုက သက်ပြင်းချပြီး၊

" မြေခွေးအိုကြီး ဘိုင်တင်း ... ဒီ လူကြီးက နည်းနည်း လွန်လွန်းတယ်၊ သူက ငါတို့ကို ဒီလို နေရာမျိုးမှာ နေဖို့ သုံးလတောင် ပို့လိုက်တာလား ”

သို့သော် လင်းယွန်အတွက်မူ အပြစ်တင်လိုခြင်း မရှိချေ။ ယင်စွမ်းအင် အမြောက်အမြားကို စုပ်ယူ စားသုံးထားမိသောကြောင့် ဤသုံးလကို ကျင့်ကြံခြင်း လမ်း၌ အာရုံစိုက် နိုင်ပေမည်။ တစ်လကျော်ကျော် အတွင်း ရှန်ရှင်းပဉ္စမအဆင့်မှ နက်နဲနယ်ပယ်သို့ တက်ရောက် လာနိုင်သည် ဖြစ်ရာ၊ အနည်းငယ် အလျင်လိုလွန်းခဲ့ပေသည်။ သူ့ကိုယ်သူ အခြေခံအုတ်မြစ် မယိုင်နဲ့ သွားစေရန် အချိန်တစ်ခု လို၏။

“ မင်းရဲ့ ခွန်အားက မဆိုးပါဘူး၊ မူလစွမ်းအင်ကိုတောင် သိပ်သည်း ထားနိုင်တယ်၊ ဂိုဏ်းက စွန့်ပစ်ထားတဲ့ သူတစ်ယောက်လို့ မထင်ရဘူး၊ ဒါနဲ့ မင်း ဘာပြစ်မှု ကျူးလွန်မိတာလဲ "

လင်းယွန်က သူစိတ်ဝင်စားနေသော မေးခွန်းကို မဆိုင်းမတွ ထုတ်မေးလိုက်သည်။

နီယူဘင်းရွမ်က ပြန်ဖြေတော့မည့် အချိန်မှာပင်၊ လူအုပ်ကြီးမှာ တခွီးခွီး ထရယ် လိုက်ကြပြီး၊ တစ်စုံတစ်ယောက်၏ ရယ်မောဟန် စွက်နေသော အသံ ထွက်ပေါ် လာသည်။

“ ငါတို့အစ်ကိုကြီးနီရဲ့ ပြစ်မှုက မရိုးရှင်းပါဘူး၊ သူက ရေချိုးနေတဲ့ တပည့်မတွေကို ချောင်းကြည့်တဲ့အပြင် အတွင်းခံ အချို့ကိုတောင် ခိုးယူဖူးတယ်၊ ဓားနန်းတော် သမိုင်းတစ်လျှောက် နှစ်ထောင်ပေါင်း များစွာ အတွင်း ပထမဆုံး လုပ်ဝံ့တဲ့ သူပဲ ”

" ဟား ဟား ဟား...."

လီဝူယုက ခေါင်းမော့ကာ ရယ်မောလိုက်သည်။ ထို့နောက် သူက နီယူဘင်းရွမ်ကို ကြည့်လိုက်ကာ၊

" အစ်ကိုနီ၊ မင်းက ဒီလို ပါရမီရှင် မျိုး ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့် ထားမိဘူး"

ဟု ရေရွတ်လိုက်၏။

နီယူဘင်းရွမ်က ချက်ချင်းပင် ရှက်ရွံ့သွားပြီး စကားပြောနေသော သူကို စူးရှစွာ လှည့်ကြည့်လိုက်သည်။ သူ့ နှလုံးသားထဲတွင် ကျိန်ဆဲ နေခဲ့သော်လည်း မျက်နှာသွင်မှာ ပြုံးနေခဲ့ပြီး၊

" ငါက မင်းရဲ့ ဂုဏ်ပြုခြင်းနဲ့ မထိုက်တန်ပါဘူး"

ဟု တုန့်ပြန် လိုက်လေသည်။

“ မစိုးရိမ်ပါနဲ့ မင်းက သန်မာလွန်းတော့ ဒီနေ့ကစပြီး၊ မြေသြဇာ ကြဲဖြန့်ခြင်း လိုမျိုး ကြီးကျယ်တဲ့ တာဝန်ကို ပေးအပ်လိုက်မယ် ”

လီဝူယုက ပြုံးကာ နီယူဘင်းရွမ်၏ ပခုံးကို ပုတ်လိုက်၏။

ထိုစကားကို ကြားသောအခါတွင် နီယူဘင်းရွမ်၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွား၏။ သူက ခါးသက်သော အပြုံးဖြင့် ညှိနှိုင်းရန် ကြိုးစားလိုက်သည်။

" ဒါ... ဒါက တခြားသူကို ခိုင်းလို့ရပါတယ်၊ ငါရဲ့ အတွေ့အကြုံအရ မင်းတို့ နှစ်ယောက် တစ်ခုခု လိုအပ်ရင် ငါ အသင့်ရှိ နေပါ့မယ်။”

" မလိုအပ်ဘူး၊ ပေးအပ်တဲ့ တာဝန်ကိုပဲ ကျေပြွန်အောင် ထမ်းဆောင်ပါ၊ ငါတို့နှစ်ယောက်က မင်းရဲ့ အတိတ်က တာဝန်တွေကို ထမ်းဆောင်လိုက်မယ်။ "

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ ညှိနှိုင်းမှုကို ငြင်းဆန် လိုက်သည်ကြောင့်၊ နီယူဘင်းရွမ်၏ နှလုံးသားမှာ မျက်ရည်များ စီးကျလာတော့သည်။

***

All Chapters