အသက်စွမ်းအင်။
Vol. 15 Ch. 201
ဆောင်းရာသီသို့ ရောက်ရှိလာသည်နှင့် မဟာချင်အင်ပါယာကြီး တစ်လျှောက် နှင်းများ ဖုံးလွှမ်း နေခဲ့လေသည်။
သို့သော်လည်း ဆေးတောင်တန်းကြီး၏ အမြင့်ဆုံးနေရာတွင် နေရောင်ခြည်များ ဖြာကျ နေပြီး အအေးဓာတ်ကို လျော့ပါး နေစေသည်။
ဤသည်မှာ အမှန်ပင် ရတနာနယ်မြေ ဖြစ်ခဲ့ပေသည်။ လင်းယွန်တို့ နေထိုင်သော နေရာတွင် အသိပ်သည်း ဆုံးသော ဝိညာဉ် စွမ်းအင်များ ရစ်သိုင်းလျက် ရှိနေသဖြင့်၊ ဓားသုတ္တန်ကို လေ့ကျင့် ရာတွင် များစွာ အထောက် အကူ ရခဲ့သည်။
ဓားသုတ္တန်မှာ ဆဋ္ဌမအဆင့်၏ အထွတ် အထိပ်သို့ ရောက်ရှိ ခဲ့ပြီး ပွင့်ချပ်ပေါင်း သုံးဆယ့် ခြောက်ချပ် တိတိ ဖွဲတည်လာ ခဲ့လေသည်။
ပွင့်ချပ် တစ်ချပ်စီတွင် ကြည်လင် ပြတ်သား လှသော ရောင်ဝါနှင့် အတူ ဓားသွား သဏ္ဍာန် စွမ်းအားများ သိပ်သည်းစွာ ကိန်းအောင်း နေသည်။ ယင်းတွင် အိပ်မက် ဆန်ဆန် အရှိန် အဝါများ ထုတ်ဖော် ထားလေသည်။
လင်းယွန်က သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်လုနီးပါး ဖြစ်စေခဲ့ သည်ကြောင့်၊ အောင်မြင်မှု တစ်ခုကို ထပ်မံ ပြုလုပ်ရန် အလျင်မလိုတော့ပေ။
အိုင်းရစ်ဓားသုတ္တန်တွင် အဆင့် ဆယ့်ခြောက်ဆင့် ရှိပြီး ပထမခြောက်ဆင့်သည် သန့်စင်သော ခရမ်းရောင်ပန်းကို ဖွဲ့တည်နိုင်ရန် အခြေခံ အုတ်မြစ် ဖြစ်သည်။
သတ္တမအဆင့်မှစ၍ ဓားသုတ္တန်၏ အနှစ်သာရ ပါ၀င်လာပြီး ဝိညာဉ်စွမ်းအင်များ၌ ခရမ်းရောင် ဓားရောင်ဝါကို ပေါင်းစပ်နိုင်မည် ဖြစ်သည်။
နဝမအဆင့်တွင်၊ အတွေးတစ်ချက်ဖြင့် ရန်သူများကို ချက်ချင်း သတ်ပစ်နိုင်စေသော၊ ခရမ်းရောင် ဓားအစီရင်ကို ခန္ဓာကိုယ် တွင်း၌ ချမှတ် ထားနိုင်မည်။
ဤသည်မှာ ရှေးဦး ခေတ်မှ ဆင်းသက် လာသော ရှေးဟောင်း နည်းစနစ် ဖြစ်သော ကြောင့် ၎င်းကို ပေါ့ပေါ့ ဆဆ မကျင့်ကြံ ဝံ့ပေ။
ခိုင်မာသော အခြေခံ အုတ်မြစ်ကို ချထား နိုင်ခြင်းဖြင့် မည်သည့် အမှားအယွင်း ကိုမျှ ရရှိနိုင်မည် မဟုတ်။
ထို့အပြင် အရင်းအမြစ် ရှားပါးသော ချို့ယွင်း ချက်ကြောင့် ၎င်းနည်းစနစ် ပေါ်တွင် မြင့်မားစွာ ဆုပ်ကိုင် နိုင်ရန် ပြဿနာ တစ်ခု ဖြစ်လာ နိုင်ပေ မည်။
သခင်(၁၃)၏ ယင်စွမ်းအင်ကြောင့်သာ နက်နဲနယ်ပယ်သို့ တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်စွမ်းအင်ကို စုပ်ယူနိုင်ခြင်း မရှိခဲ့ပါလျှင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် လိုအပ်သော အရင်း အမြစ် များမှာ မည်မျှ ဖြုန်းတီး ပစ်ရ မည်ကို နတ်ဘုရား များသာ သိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ဓားသုတ္တန်ကို နောက်တစ်ဆင့်သို့ တက်လှမ်းရန် ယခုအချိန်တွင် မဖြစ်နိုင် သေးပေ။
ထို့ကြောင့် ဓားသုတ္တန် ကျင့်ကြံနေမှုကို ရပ်နားလိုက်ကာ၊ ရှေ့ဦးကျမ်း၏ နောက်ထပ် လျှို့ဝှက်ချက် များကို ထပ်မံ ရှာဖွေရန် မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်ကို ထုတ်ဖော် လိုက်၏။
၎င်းသည် မည်သို့သော ကျင့်ကြံခြင်း နည်းစနစ် ဖြစ်မည်ကို သိချင် နေခဲ့သည်။
အဝေးတစ်နေရာတွင် နီယူဘင်းရွမ်နှင့် သူ့အဖွဲ့မှာ ဆေးစိုက် ခင်းများ ထဲ၌ အလုပ် ရှုပ်နေ ကြ၏။
နီယူဘင်းရွမ်က ဝိညာဉ် ဆေးပင်များ ပေါ်တွင် မြေသြဇာကို ဂရုတစိုက် ဖြန့်ကြဲ နေရသည်။ သူ့မျက်နှာတွင် မြေသြဇာ၏ အငွေ့ အသက် များကြောင့် မည်းနက်နေခဲ့၏။
ညစ်ပတ်သော အလုပ်များကို ငြင်းဆန်ဖို့ရန် ကြိုးစားခဲ့သော်လည်း၊ လင်းယွန်၏ ရိုက်နှက ခြင်းကို ခံရပြီးနောက်တွင် သူ့ကံကြမ္မာကို လက်ခံ လိုက်ရလေသည်။
သူ့တာဝန် ပြီးဆုံးချိန်တွင် ကောင်းကင်၌ မှောင်ရိပ်ပင် ပျိုးနေခဲ့ပြီ ဖြစ်သည်။ ထိုညတွင် နဂါးသွေး မြင်းမှာ ဆေးတောင်တန်း အတွင်းသို့ ခိုးဝင် လာခဲ့သည်။
လီဝူယုက သည်မြင်းမိုက် လေးကို မြင်လိုက်ရ တိုင်းတွင် အမြဲ ပျော်ရွှင် သွားတက် ၏။
ဆေးတောင်တန်းရှိ နေ့ရက်များတွင် ပျင်းရိဖွယ် ကောင်းလွန်း လှပေရာ နဂါးသွေး မြင်းကို စီးလျက် အနီးနားရှိ ဆေးစိုက်ခင်းများ ဆီသို့ လှည့်လည် သွားလာနေခဲ့သည်။
အခြားသော ဆေးစိုက်ခင်း များရှိ အလုပ် သမား များက လီဝူယုကို ကပ်ဆိုး နတ်ဘုရားဟု အမည်ပြောင် ပေးထားကြ၏။
ဆေးတောင်တန်းတွင် တင်းကျပ်သော စည်းကမ်း ချက်များ မရှိ သော်လည်း၊ အရေး ကြီးသော တားမြစ်ချက် တစ်ချက် ရှိသည်။
ဝိညာဉ်ဆေးပင်များကို ပြုစုစောင့်ရှောက်ရန် မှာ အဓိက လုပ်ငန်း တာဝန်ဖြစ်ပြီး၊ ၎င်းကို စစ်ဆေးရန် သိုလှောင်ခန်းမရှိ တစ်ဦး တစ်ယောက်ကို လစဉ် စေလွှတ်မည် ဖြစ်သည်။
ကွဲလွဲမှုများ ရှိပါက တပည့်များအား ပြင်းထန်စွာ အပြစ်ပေးခံရပေမည်။ ဤသည်မှာ ဆေးတောင် တန်းတွင် ဓားများ အသုံးပြု ခြင်းကို တားမြစ် ရသော အကြောင်းရင်းလည်း ဖြစ်သည်။
နောက်ဆုံးတွင်၊ ဓားကို မတော် တစ်စ လွှဲယမ်း ခြင်းဖြင့် ဆေးစိုက်ခင်းအား ပျက်စီး စေနိုင် သည်။
လီဝူယုက နဂါးသွေးမြင်း ပေါ်တွင် စီးနင်းလျက် လှည့်ပတ် နေသည်။ ဝိညာဉ် ဆေးပင် အချို့ကို နင်းမိပါလျှင် လူများစွာ အတွက် ဒုက္ခ ဖြစ်လာ ပေမည်။ ထို့ကြောင့် တပည့် များက လီဝူယုကို မြင်တိုင်း စိုးရိမ်စွာ လိုက်လံ ကြည့်ရှုမိ ကြသည်။
လင်းယွန်က လီဝူယူကို တတ်နိုင်သမျှ နက်နဲ နယ်ပယ်ကို မြန်မြန် ရောက်အောင် ကျင့်ကြံဖို့ ရန် အကြံ ပေးခဲ့ သော်လည်း၊ သူက စိတ်မပူရန် ပြန်ပြော လာသည်။
သူ၏ ကျင့်ကြံမှု နည်းစနစ်သည် သဘာဝ စွမ်းအင် အပေါ် အားပြုသည် ဖြစ်ရာ ဖိနှိပ် ထားနိုင် လေလေ၊ နက်နဲ နယ်ပယ်သို့ ရောက်ရှိသော အခါတွင် အကျိုး ကျေးဇူးများ ပိုမို ရရှိ လေလေ ဖြစ်သည်။
လီဝူယုက သူယူလာသော ဝိညာဉ် ကျောက်စိမ်း တုံးများ အားလုံးကို လင်းယွန်အား ပေးအပ် လာသည် အထိ သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန် ခဲ့လေသည်။
လီဝူယု၏ ရက်စက်သော ဆုံးဖြတ် ချက်ကို ကြားသိ လိုက်သည်နှင့်၊ ရှန်ရှင်း နယ်ပယ်တွင် နေဖို့ရန် ရွေးချယ်ခဲ့သော ဘိုင်လိရွှမ်နှင့် ဆင်တူ သည်ကို သတိပြု မိလိုက်၏။
" မေ့လိုက် ရအောင်၊ ငါ ထပ်ကြိုး စားရမယ် ''
လီဝူယုအကြောင်း တွေးတော နေခြင်းကို ရပ်လိုက်ကာ၊ ကျင့်ကြံခြင်း ပေါ်၌သာ အာရုံ စိုက်လိုက် တော့သည်။ ဓားသုတ္တန်သည် ဆဋ္ဌမ အဆင့်၏ အထွတ် အထိပ်သို့ ရောက်ရှိ သွားသောကြောင့် မြင့်မြတ်သော ခရမ်းရောင် ရေခဲ မီးတောက်မှာ ယခင်ကထက် ပိုမို အားကောင်း လာ ခဲ့သည်။
ထို့ကြောင့်ပင် ရှေးဦးကျမ်း တွင်ပါ ရှိသော ရူရ်များ အကြောင်းကို ပိုမို သိမြင် လာ၏။
လင်းယွန်က ဝါးမြှောင်ကို ထုတ်ယူ လိုက်သည်။ ယခင် အကြိမ်နှင့် နှိုင်းယှဉ်ပါက ယခု အချိန်တွင် ပို၍ လေးလံနေ သည်ဟု ထင်လိုက် ရသည်။
(ဝါးမြှောင်= ဓားမြှောင်ကဲ့သို့ ချွန်ထက် နေသော ဝါးခြမ်းပြား။ )
ခရမ်းရောင် မီးတောက် များကို ဖြည်းညှင်းစွာ ထုတ်ယူပြီး ဝါးမြှောင်ထဲသို့ သတိကြီးစွာ လောင်းချ လိုက်၏။
မီးတောက်များ စီးဝင်သွား သည်နှင့် တဖြည်းဖြည်း ပေါ့ပါးလာခဲ့ပြီး၊ ကောင်းကင်သို့ ပျံတက်သွားကာ၊ အချိန်အတော်ကြာ ပျံဝဲ နေခဲ့သည်။
ဤတစ်ကြိမ်တွင် သူသွန်းလောင်းခဲ့သော စွမ်းအင်မှာ ဝိညာဉ်စွမ်းအင်များ မဟုတ်ခဲ့ပဲ၊ ခရမ်းရောင်ရေခဲ မီးတောက်များ ဖြစ်လေသည်။
ဝါးမြှောင်က အချိန်အတော်ကြာ လောင်ကျွမ်းပျံသန်းသွားပြီး အဆုံးတွင် စိတ်အာရုံ အတွင်း၌ တောက်လောင်နေသော စကားလုံး များကို ထွက်ပေါ် လာစေသည်။
မြင်ခဲ့ ဖူးသော အဂ္ဂိရတ် ဆရာ နှင့်အတူ ရှုခင်း များက၊ တစ်ဖန် လင်းလက်လာ ပြန်၏။
အဂ္ဂိရတ် ပညာရှင်က မီးဖိုကြီး ရှေ့တွင် ရပ်ကာ ရူရ်များကို စတင် ရေးသား ခဲ့သည်။ ယခု တစ်ကြိမ်တွင် ရူရ် အရေ အတွက်မှာ ယခင် ကထက် ဆယ်ဆ ပိုများ လာသည်။ သိပ်မကြာခင် မှာပင် ရူရ်များ ပေါင်းစပ်သွာပြီး၊ ရှန်ရှင်း ဆေးလုံး များကို ပြန်လည် သန့်စင် ရာတွင် အသုံးပြု ခဲ့သော မှော်အစီ အရင်ကို တွေ့ရှိ ခဲ့သည်။
သို့သော် ယခု တစ်ကြိမ်တွင် ရာပေါင်း များစွာသော ရူရ်များ ထွက်ပေါ် လာပြီး ထူးထူး ခြားခြား မဖြစ်ပေါ် တော့ပေ။
သိပ်မကြာခင်မှာပင် မှတ်ညာဏ် အပိုင်းအစ များသည် ရှေးဦးကျမ်းဟု ခေါ်သော စကားလုံးများ အဖြစ် ပြောင်းလဲ သွားလေသည်။
စိတ်အာရုံထဲတွင် သတင်း အချက်အလတ် များစွာဖြင့် ပြည့်နှက်လာပြီး ရူရ်များ ထပ်ခါ ထပ်ခါ တိုးလာနေသည်။
'' အချိန်သည် နှလုံးသားမရှိ၊ ကောင်းကင်နှင့် မြေကြီးကို မီးဖိုအဖြစ် ထားရှိ … ''
စိတ်ထဲတွင် ပြည့်လျှံနေသော အချက် အလက် များစွာကို အဓိပ္ပါယ် ခွဲထုတ် နေစဉ် ခေါင်းအတွင်းပိုင်း ဆီမှ တဆစ်ဆစ် နာကျင် ကိုက်ခဲ လာသည်။
သတင်းအချက် အလတ်များက သူ့အလိုလို မြည်နေသော ခေါင်းလောင်းသံ ကဲ့သို့ ဦးခေါင်း တစ်ခုလုံး တင်းကျပ် လာတော့၏။
ခဏ အကြာတွင်၊ မှတ်ညာဏ် အချို့ကို ဆက်စပ် နိုင်ခဲ့သည်။ ရှေးဦးကျမ်းမှာ အမှန်ပင် ကျင့်ကြံမှု နည်းစနစ် တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သို့သော် ဤကျင့်ကြံမှု နည်းစနစ်သည် အဂ္ဂိရတ် ပညာနှင့် မဆိုင်ချေ။ လူတစ်ဦး တစ်ယောက်၏ ကျင့်ကြံမှုကို တိုးမြင့် ပေးနိုင်သော နည်းစနစ် တစ်ခုပင် မဟုတ်နိုင်။
ယင်းအစား၊ ၎င်းသည် ဝိညာဉ်စွမ်းအင်များ ပါရှိသော ရှေးဟောင်း အက္ခရာများ ရေးသားရန် အတွက် ကျင့်ကြံ ရသည့် နည်းစနစ်တစ်ခု ဖြစ်သည်။
လွန်ခဲ့သော အခိုက်အတန့်တွင်၊ ရှန်ရှင်းဆေးလုံး များကို ပြန်လည် ပြုပြင်ရန် အသုံးပြုခဲ့သော 'ရူရ်'များကို ရှာဖွေ တွေ့ရှိ ခဲ့သည်။ ၎င်းသည် ဝိညာဉ် ရူရ်များ ဖြစ်သည်။ ယင်းရူရ် များကို တာအို ရူရ်များ ဟုလည်း ခေါ်ဆို ကြသည်။
ရှေးဦးခတ်တွင် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက် များကို သိမြင် ပြီးနောက် တာအိုရူရ် များကို နားလည်နိုင်သော သူတော်စင်များ ရှိခဲ့သည်။
၎င်းတို့သည် မိုင်သန်းပေါင်း များစွာ အကွာ အဝေးရှိ တောင်နှင့် မြစ်များကို ပိတ်ဆို့ရန် သို့မဟုတ် ရှေးဦးသားရဲ များကို ပြင်းထန်စွာ ဒဏ်ရာ အနာတရ ဖြစ်စေရန် ၎င်းတာအိုရူရ် များကို အသုံးပြု၍ အလွယ်တကူ တိုက်ခိုက် နိုင်သည်။
သို့သော် တာအိုရူရ်များ၏ နက်နဲသော လျှို့ဝှက်ချက် များမှာ ရှေးဦးခေတ် ကတည်း ကပင် ပျောက်ကွယ် သွားခဲ့သည်။
ထိုအချိန်မှစ၍ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို မည်သူမျှ ထပ်မံရှာဖွေ နိုင်ခြင်း မရှိတော့ပေ။
ရလဒ်အနေဖြင့် ကျင့်ကြံသူများက ခြေတစ်လှမ်း ဆုတ်ကာ၊ တာအိုရူရ် များ၏ အစွန်အဖျား ဖြစ်သော ဝိညာဉ်ရူရ် များကိုသာ နားလည် သဘောပေါက် ခဲ့ကြသည်။
ဝိညာဉ်ရူရ် များသည် တာအိုရူရ် များထက် များစွာ နိမ့်ကျ သော်လည်း ၎င်းတို့ကို ဆုပ်ကိုင်ရန် ပိုမို လွယ်ကူ လေသည်။ သူတော်စင် မဟုတ်သူ တစ်ဦး ပင်လျှင် ဝိညာဉ်ရူရ် များကို လေ့ကျင့် နိုင်၏။
သို့သော် သေမျိုး များသည် ၎င်းဝိညာဉ်ရူရ် များကို မလေ့ကျင့်နိုင် ကြပေ။
ယခုအခါတွင်၊ ဝိညာဉ်ရူရ်များကို ဆုပ်ကိုင် နိုင်သူ များကို ဝိညာဉ်ရူရ် ဆိုင်ရာ ဆရာ သခင်များ အဖြစ် လူသိများ ကြသည်။ သို့မဟုတ် မှော်သခင်များ အဖြစ် သတ်မှတ် လာ၏။
ယေဘူယျအားဖြင့် ဆိုရပါလျှင်၊ အဂ္ဂိရတ် ရူရ်များ၊ အစီအရင် ဆိုင်ရာ ရူရ်များနှင့် ရုပ်ဝတ္ထု များကို သန့်စင်နိုင်သော ရူရ်များ ဟူ၍ သုံးမျိုးသာ ရှိသည်။
ထိုဝိညာဉ်ရူရ် အမျိုးအစား တစ်ခုစီကို ပထမ အဆင့်မှ နဝမအဆင့် အထိ ခွဲခြား ထားသည်။
ပထမအဆင့် ဝိညာဉ်ရူရ် များတွင် ရာနှင့် ချီသော ရူရ်များ ပါရှိသည်။ ဆိုလို သည်မှာ အဆင့် တိုးလာသည် နှင့်အမျှ ဝိညာဉ်ရူရ်များ ပိုမို များပြား ရှုပ်ထွေး လာမည် ဖြစ်သည်။
အတွင်း မြို့တော်ရှိ အခင်း အကျင်းနှင့် ဓားသင်္ချိုင်း တောအုပ် အတွင်းရှိ အစီအရင်မှာ ဝိညာဉ်ရူရ် များဖြင့် ရေးထွင်းထား သော်လည်း ၎င်းတို့၏ အဆင့်ကို မခန့်မှန်း နိုင်ပေ။
ဤအဆင့်မှာ သူ့လက်လှမ်း မမီနိုင်သော အဆင့် သစ်၌ ရှိနေလေပြီ။
လင်းယွန်က မျက်လုံးကို ဖွင့်ကြည့်ချိန်မှာပင် ဝါးမြှောင်သည် ပြာမှုန့် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ဝါးမြှောင်မှာ သာမန် ဝါးခြမ်းပြား တစ်ခုသာ ဖြစ်ပြီး ၎င်းပေါ်တွင် ရေးသား ထားသော မှတ်ညာဏ် များကို ထိန်းသိမ်း ထားခြင်းသာ ဖြစ်သည်။
လင်းယွန်၏ စိတ်ထဲသို့ မှတ်ညာဏ် အပိုင်း အစ များကို အကုန်အစင် ကူးယူ ပြီးနောက်တွင် ဝါးမြှောက်မှာ သဘာဝ အတိုင်း လောင်ကျွမ်း ပြာကျ သွားခြင်း ဖြစ်သည်။
" သခင်ဆယ့်သုံးက မှော်အစီအရင်တွေကို လေ့လာ ထားလားလို့ မေးတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ …"
ယခင်က သခင် ဆယ့်သုံး၏ မေးခွန်းကို နားမလည် သော်လည်း၊ သူလေ့ကျင့် နေသည့် ရူရ် များသည်၊ ပထမ အဆင့် ဝိညာဉ် ရူရ်များ ဖြစ်သည် ကို သိလိုက် သည်နှင့်၊ ရှင်းလင်း သွားခဲ့ သည်။
ဝိညာဉ် 'ရူရ်'ဆိုင်ရာ ဆရာသခင်များသည် ခရီးသွား ဟန်လွှဲ မတော်တဆ ရိတ်သိမ်း နိုင်မည့် ရတနာ များကို မည်သည့် အခါမျှ မမျှော်လင့် နိုင်ချေ။
တနည်းအားဖြင့် ရူရ်ဆိုင်ရာရတနာများမှာ ဤကမ္ဘာကြီး၌ ပျောက်ကွယ် နီးပါး ရှားပါး နေပေသည်။
ရှေးဦးကျမ်းကို ဖန်တီး ထားသော သူသည် ကမ္ဘာ ကြီး၏ သဘာဝ တရားဆီမှ အသက် စွမ်းအင် များကို နားလည် ခဲ့ပေသည်။
သတ္တလောက ကြီးကို ရှုမှတ် နိုင်ခြင်းဖြင့် ရရှိ လာသော ထိုးထွင်းဉာဏ် ဖြစ်သည်။ အချိန်၏ တိုက်စားမှု အောက်တွင် မည်သည့် အရာမှ ထာဝရ တည်မြဲ နိုင်မည် မဟုတ်ပေ။
ရှေးဦးကျမ်းသည် မူလစွမ်းအင်ကို အသက်စွမ်းအင် အဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ အသက် စွမ်းအင် ပါရှိသော ရူရ် နှစ်လုံးအား ရေးဆွဲ ပေါင်းစပ် ခြင်းဖြင့် ဝိညာဉ်ကို ပိုင်ဆိုင် ထားနိုင်သော ရူရ်များ ဖြစ်လာ နိုင်သည်။
ဤနည်းအားဖြင့်၊ ဝိညာဉ်စွမ်းအင်တွင် အသက် စွမ်းအင် များဖြင့် ပြည့်နှက် နေပေလိမ့်မည်။
အလားတူ ဝိညာဉ်ရူရ် နှစ်ခု ပေါင်းစပ် ခြင်းဖြင့် အသက် စွမ်းအင်များ ပိုမို အားကောင်း လာမည် ဖြစ်သည်။
သို့သော် ဤနည်းစနစ်ကို လေ့ကျင့်ရန် လွယ်ကူပုံ မပေါ်ပေ။ အချိန်၏ စွမ်းအားသည် တောင်တန်း များကို မြေပြန့် အဖြစ်သို့ ပြောင်းလဲ နိုင်သော အရာဖြစ်သည်။
လင်းယွန်က ရှေးဦးကျမ်းကို ကျင့်ကြံရန် အတွက် မူလစွမ်းအင်ကို စဉ်ဆက် မပြတ် သုံးစွဲ သွားရမည် ဖြစ်သည်။
ထို့အတွက် အားသာချက် အားနည်း ချက်များ ရှိ၏၊ မူလ စွမ်းအင်ကို သန့်စင် ပြီးနောက် ပိုမို အားကောင်းလာ မည်မှာ သေချာ လှသော်လည်း၊ မူလ စွမ်းအင်ကို သုံးစွဲကာ ၎င်းနည်းစနစ်ကို ကျင့်ကြံ ရာတွင် မူလ စွမ်းအင်များ ကုန်ဆုံးသွား မှုကြောင့်၊ ကျင့်ကြံမှု အရှိန် အဟုန်ကို နှေးကွေးသွား စေမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအားနည်း ချက်ကို ယခုအချိန်တွင် စိတ်ပူနေစရာ မလိုပေ။
နက်နဲ နယ်ပယ်သို့ ရောက်ရှိပြီးနောက် ကောင်းစွာ ကျင့်ကြံရခြင်း မရှိသည်ကြောင့် ဆေးတောင်တန်းတွင် ရှိနေစဉ် သူ၏ အချိန် များကို ကောင်းစွာ အသုံးချ လိုပေသည်။
အနည်းငယ်ပြင်ဆင်ပြီးနောက်၊ ရှေးဦးကျမ်းကို စတင် လေ့လာလိုက်၏။
ရှေးဦးကျမ်းကို လေ့ကျင့်ရန် ဝိညာဉ် စွမ်းအင် များစွာ ကုန်ဆုံးမည် ဖြစ်သော်လည်း ကံကောင်း ထောက်မ စွာဖြင့်၊ လီဝူယု ပေးထားသော ဝိညာဉ် ကျောက်စိမ်း တုံးများနှင့် စုပ်ယူ ထားသော ယင်စွမ်းအင် များစွာ ရှိလေသည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာပြီး၊ အဆုံးတွင် အသက်စွမ်းအင် အနည်းငယ်ကို စုစည်းနိုင်ခဲ့၏။
၎င်းစွမ်းအင်များမှာ ပါးလျလွန်းသည် ဖြစ်ရာ၊ ဆက်လက် ဆုပ်ကိုင်မိရန်အတွက် အနားယူဝံ့ခြင်း မရှိပဲ၊ အသက်စွမ်းအင်များ၌ နှစ်မြှုပ် သွားခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဆေး တောင်တန်း၌ တစ်လတာ အချိန်မှာ ကုန်ဆုံး သွားခဲ့ပြီး ဖြစ်သည်။
ရှေးဦးကျမ်းကို လေ့ကျင့်ခြင်း အပြင် သိုင်းနည်းစနစ်များကိုလည်း လေ့ကျင့်ခဲ့၏။
ကျင့်ကြံမှု လမ်းခရီး တွင်ပင် ခြေတစ်လှမ်း လှမ်းဖို့ရန် အတွက် ပထမ ဦးဆုံး နက်နဲ သွေးပြန် ကြောကို ကြိုးစား ဖွဲ့တည်နိုင် ခဲ့သည်။
ပထမဆုံး နက်နဲ သွေးပြန်ကြော များကို ဖွဲ့စည်း ရာတွင် ပိတ်ဆို့ခြင်း မရှိသော်လည်း နောက်ထပ် နက်နဲ သွေးပြန်ကြော ရှစ်ကြောကို သန့်စင် ရာ၌ တဖြည်းဖြည်း ပိုမို ရှုပ်ထွေး လာပေမည်။
ပထမဆုံး နက်နဲ သွေးကြောကို စုစည်း ပြီးနောက် ခရမ်းရောင် ပန်းတွင် မူလ စွမ်းအင်များ ဆယ်ဆခန့် သိပ်သည်းလာ ခဲ့သည်ကို ခံစားသိရှိ လိုက်သည်။
နက်နဲနယ်ပယ်ရှိ ခြေလှမ်းတိုင်းမှာ ကြီးမားသော တွန်းအားတစ်ခုဖြစ်ကြောင်း သူမြင်နိုင်၏။
လွန်ခဲ့သော အချိန်တွင် အကယ်၍ ဓားဆန္ဒ အပြည့် အစုံကို ဆုပ်ကိုင်ထားပြီး လက်နက်မဲ့ တိုက်ခိုက်ခြင်း ကြောင့်သာ မဟုတ်ပါက နီယူ ဘင်းရွမ်ကို ခွန်အား အရ အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။
အချိန်အကြာကြီး တိုက်ခိုက်ရပါက လင်းယွန်မှာ မူလစွမ်းအင် ကုန်ဆုံးမှုကြောင့် အလွယ်တကူ မောပန်းလာမည် ဖြစ်သည်။
နက်နဲသွေးကြောကို ဖွဲ့တည်ပြီးနောက် နက်နဲ သိုင်းသမား တို့၏ ခွန်အားကို နက်နက် ရှိုင်းရှိုင်း နားလည် လာခဲ့သည်။
ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး၊ လီဝူယုရှိရာ ကောက်ရိုးတဲ ဆီသို့ ပြန်လည် လျှောက်လှမ်း လာခဲ့သည်။
လူတိုင်းက ၎င်းတို့၏ အပြစ်သား ဝတ်ရုံကို ၀တ်ဆင်ကာ ကောက်ရိုးတဲ ရှေ့တွင် စုရုံး နေကြ၏။ ယနေ့သည် သိုလှောင်ခန်းမမှ လာရောက် စစ်ဆေးမည့် နေ့ဖြစ်သည်။
လင်းယွန်နှင့် လီဝူယုမှ လွဲ၍ ကျန်သူများမှာ စိတ်လှုပ်ရှား နေကြလေသည်။
***