ညီအစ်ကို တွေပဲ။
Vol. 15 Ch. 202
ဆေးတောင်တန်း ပေါ်သို့ လူရိပ်များ မရောက်ရှိလာမီ အချိန်အထိ ကြာမြင့်စွာ ရပ်နေခဲ့ကြသည်။
စစ်ဆေးရေး အဖွဲ့ကို ဦးဆောင်သူမှာ ထက်မြက်သော ရုပ်ရည်ရှိကြောင်း အဝေးမှပင် သိမြင် နိုင်သည်။ ထို့ပြင် ထိုစစ်ဆေးရေးမှူးမှာ ချောမောလှပသော မိန်းမငယ် တစ်ယောက် ဖြစ်နေခဲ့လေပြီ။
နီယူဘင်းရွမ်နှင့် သူ့အဖွဲ့သားများမှာ သူမကိုအဝေးမှ လှမ်းမြင်ရုံဖြင့်ပင် အမူအရာများ ပြောင်းလဲသွားပြီး တုန်လှုပ်သွား၏။
'' အဟေး မဆိုးဘူးဟ ...ငါတို့ဆီကို နတ်မိမယ်လေး စေလွှတ်လိုက်တာပဲ ''
-ဟု ဆိုကာ လီဝူယုက နဂါးသွေးမြင်းကို စီးလျက် ရယ်မော လိုက်လေသည်။
'' ဒီမိန်းမက အေးစက်ပြီး မာနကြီးတယ်၊ လူတိုင်းကို နှိမ့်ချ ဆက်ဆံ တက်တာကြောင့်၊ သူရောက်လာတိုင်း ဒုက္ခကို သယ်ဆောင်လာ တက်တယ်....''
နီယူဘင်းရွမ်က ခါးသီးသော မျက်နှာဖြင့် ပြန်လည် ရှင်းပြလိုက်သည်။
" သူမရဲ့ နောက်ခံက ဘာလဲ"
လီဝူယုက သူ့လျှာဖြင့် နှုတ်ခမ်းကို သပ်လိုက်ကာ မေးလိုက်၏။
'' သူ့နာမည်က လျူယွီ၊ လျူမိသားစုရဲ့ သခင်မလေးပဲ၊ ဆေးပညာမှာ ထူးချွန်တဲ့ အရည် အချင်းကြောင့် ဓားနန်းတော်က အလွန်တန်ဖိုး ထားတယ်၊ ဒါက အသက် ငယ်ငယ်နဲ့ သိုလှောင် ခန်းမမှာ ရာထူးတစ်ခုကို ပိုင်ဆိုင် ထားရတဲ့ အကြောင်းရင်းပဲ ''
-ဟု နီယူဘင်းရွမ်က ရှင်းပြ လာသည်။
လင်းယွန်က ချက်ချင်း သဘောပေါက် သွားသည်။ ဆေးဝါးသိုလှောင်ခန်းမသည် မြှင့်မားသော အာဏာကို ပိုင်ဆိုင်ထားခြင်း မရှိဟု ထင်ရသော်လည်း ဆေးခန်းမမှ လွဲ၍ ၎င်းနှင့် နှိုင်းယှဉ်နိုင်သည့် ခန်းမများစွာ မရှိနိုင်ချေ။
" ...... သူတို့ လာနေပြီ။"
စုစုပေါင်း လူငါးဦး ရောက်ရှိလာပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ ဖြစ်သည်။ ထိုအမျိုးသမီးသည် ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ် မျှသာ ရှိပုံရ၏။ သူ့တွင် ထူးချွန်သော အသွင်အပြင် ရှိပြီး၊ တောက်ပသော မျက်လုံးများတွင် မောက်မာ မှုကို ထုတ်လွှတ် ထားလေသည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ လင်းယွန်ထက် သာလွန်သော နက်နဲဒုတိယ အဆင့်တွင် ဖြစ်သည်။ သူမနောက်ရှိ လူလေးယောက်မှာ အသက်နှစ်ဆယ်ကျော်ခန့် ရှိပြီး၊ သူတို့၏ ကျင့်ကြံမှုမှာ အကြမ်းဖျင်း အားဖြင့် နက်နဲ နယ်ပယ်၏ ဆဋ္ဌမအဆင့်၌ ရှိလေသည်။
သူတို့၏ အသက်အရွယ် များအရ ဓားနန်းတော်၏ တပည့်များ မဟုတ်နိုင်ကြပေ၊ ဂိုဏ်း၏ ပြင်ပ တာဝန်များကို တာဝန်ယူရသော သူများနှင့် တူကြကြောင်း ညွှန်ပြနေသည်။
တပည့်များ ဖြစ်ရန် အသက်ကြီးလွန်း သူများနှင့်၊ ဓားနန်းတော်၌ ဆွေမျိုးနောက်ခံ ရှိသူများမှာ သီးခြား ခန်းမများတွင်၊ ရာထူးများ ရယူနိုင်ကြောင်း ကြားဖူးထား လေသည်။
သန်မာသူများမှာ တပည့်များကို သင်ကြားပေးရန် အတွက် အကြီးအကဲများပင် ဖြစ်လာနိုင်သည်။
နောက်ခံမရှိ သူများ အတွက်မူ နီယူဘင်းရွမ် ကဲ့သို့သော နေရာ အမျိုးမျိုးတွင် ထူးဆန်းသော အလုပ်များ ကိုသာ လုပ်ဆောင် နိုင်ကြ လေ သည်။
"မင်္ဂလာပါ သင်းထောက်လျူ "
နီယူဘင်းရွမ်နှင့် သူ့အဖွဲ့က လေးစားစွာ ဦးညွှတ်ကြသည်။
လီဝူယုက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်ကြောင့်၊ နဂါးသွေးမြင်း ပေါ်မှ ဆင်းရန် ပြင်ဆင် နေချိန်မှာပင်၊ လျူယွီက မျက်မှောင် ကြုတ်ပြီး ကြာပွတ်ဖြင့် ရိုက်ချ လိုက်၏။
ရုတ်တရက် အခြေအနေကြောင့် လင်းယွန်က အံ့ဩ သွားသည်။ ထိုမျှ တည်ငြိမ်ပြီး နူးညံ့သိမ်မွေ့သော အမျိုးသမီးငယ် တစ်ဦးသည် ဤကဲ့သို့ ဒေါသကြီးသော အပြု အမူကို ရုတ်ချည်း ပြုလုပ်လာ လိမ့်မည်ဟု မမျှော် လင့်ထား မိပေ။
လှုပ်ရှားဖို့ရန် အရမ်း နောက်ကျနေပြီ ဖြစ်ရာ၊ လီဝူယုကို မြေပြင်ပေါ်သို့ ရိုက်ချ ခံလိုက်ရသည်။
"မင်း.... ဘာလုပ်တာလဲ "
လီဝူယု ချက်ခြင်း ရှေ့သို့ တိုးဝင်သွား သည့်ကြောင့် လင်းယွန်က နောက်ပြန်ဆွဲ လိုက်ရသည်။
ဆေးတောင်တန်းရှိ အပြစ်သားတိုင်းသည် ဥပဒေမဲ့ နယ်မြေ အတွင်း ကြမ်းကြုတ်သော အမူ အကျင့်များ ရှိကြရာ၊ လျူယွီမှာ ကြောက်လန့်မှု မရှိပဲ မောက်မာစွာ ပြုမူရဲသည့် အတွက် နောက်ခံ အချို့ ရှိရပေမည်။
ထို့အပြင်၊ လင်းယွန်က သူမပတ်ဝန်းကျင်ရှိ အစောင့်သိုင်းသမား လေးယောက်ကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိခဲ့ပေ။ တိုက်ပွဲ ဖြစ်ပွားလာပါက အကျိုးအမြတ် မရှိနိုင်။
" မင်းက ကိုယ့်သေမင်းကိုယ် ဖိတ်ခေါ်နေတာပဲ၊ အပြစ်သား တစ်ဦးအနေနဲ့ သင်းထောက်တစ်ဦးကို တွေ့တဲ့အခါ ဘာလို့ ဦးမညွှတ်ရတာလဲ၊ မြင်းပေါ်ကတောင် မဆင်းနိုင်ဖူးလား ဟမ်၊ သင်းထောက်လျူက မင်းကို နှုတ်ဆက် စေချင်တာလား။ "
လျူယွီအနားရှိ အစောင့်သိုင်းသမား တစ်ယောက်က လှမ်းငေါက်လိုက်၏။
" ဟားဟားဟား၊ စိတ်အေးအေးထားပါ၊ သူက လူသစ်မို့ စည်းကမ်းတွေ မသိသေး ပါဘူး၊ ကျေးဇူးပြုပြီး သူ့ကို စိတ်မဆိုးပါနဲ့။ ''
နီယူဘင်းရွမ်က ဝိညာဉ်ကျောက်စိမ်း အချို့ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ပေးအပ် လိုက် လေသည်။
အစောင့်များက ဝိညာဉ်ကျောက်စိမ်းများကို လက်ခံရရှိသော အခါတွင် ၎င်းတို့၏ မျက်နှာမှာ အနည်းငယ် ပိုကောင်းလာပြီး၊ လျူယီအား ဦးညွှတ်လျက်၊
" သင်းထောက်လျူ၊ ဒီလူတွေကို ငါတို့ ဘာလုပ် သင့်လဲ"
'' ထားတော့ ဆေးတောင်တန်းက လူတွေက ယဉ်ကျေး နေရင်သာ အံ့သြစရာပါ၊ ဆေးစိုက်ခင်း တွေကို မြန်မြန် သွားကြည့်၊ ဒီမှာ ကြာကြာ မနေချင်ဘူး၊ .... မင်း မင်းနဲ့ကွာ ထွက်သွားစမ်း၊ ငါ့အနားကို သိပ်မကပ်နဲ့ ... နံစော်နေတဲ့ အရိုင်းအစိုင်းကောင်တွေ "
စက်ဆုတ်ရွံရှာ ဟန်ဖြင့် နီယူဘင်းရွမ်ကို လှည့်ကြည့်ကာ မောင်းထုတ်လိုက်၏။
နီယူဘင်းရွမ်က အဆင်မပြေသည့် အမူအရာ ကို ထုတ်ဖော်လျက် အနည်းငယ် နောက်ဆုတ် လိုက်သည်။
နေ့စဉ် မြေသြဇာ ကြဲချဖို့ တာဝန်ယူ ထားရသော သူ့အတွက် မည်မျှပင် ရေချိုးနေပါစေ အပုပ်နံ့မှာ ပျောက်ကွယ် သွားခြင်း မရှိတော့ပေ။
" နားလည်ပါပြီ ....."
အစောင့်သိုင်းသမား နှစ်ဦးက ၎င်းတို့၏ ရွေ့လျားမှု နည်းစနစ်များကို ထုတ်ဖော်လိုက်ပြီး ဆေးပင်များကို စတင် စစ်ဆေးတော့သည်။
လင်းယွန်က လီဝူယုကို နံဘေးသို့ ဆွဲခေါ် လိုက်ပြီး နောက်ကျောရှိ ဒဏ်ရာကို ကြည့်ရှု မိ၏။
လျူယွီ၏ ရက်စက် ပြင်းထန်သော ရိုက်ချက်ကြောင့်၊ လီဝူယု နောက်ကျောတွင် ပြတ်ရှရာကြီး ဖြစ်ပေါ်လာလေသည်။
'' အဲဒီခွေးမက အရမ်းတော်တယ်၊ သူက ငါ့ကို တိရိစ္ဆာန် တစ်ကောင်လို ကြိမ်ဒဏ်ပေး လိုက်တာပဲ ''
လီဝူယုက တင်းတင်း ကြပ်ကြပ် အံကြိတ် လိုက်မိသည်။
'' အခုတော့ သည်းခံလိုက်ပါ၊ သူ့ပတ်ဝန်း ကျင်မှာ ရှိတဲ့ အစောင့်တွေက နက်နဲဆဋ္ဌမ အဆင့် သိုင်းသမား တွေပဲ ''
-ဟု ဆိုကာ လင်းယွန်က နှစ်သိမ့် လိုက်သည်။
" ငါသိတယ်......."
လီဝူယုက သက်ပြင်းချ လိုက်သည်။ ယခုအချိန်တွင် စိတ်အားထက်သန် နေစရာ မလိုသည်ကို သူသိပေ၏။ သို့သော် ရုတ်တရက် မျက်ခုံးကို ပင့်လိုက်ကာ၊
" ဒီခွေးမက အခု ဘာလုပ်ဖို့ ကြိုးစား နေတာလဲ "
လီဝူယု၏ ဒေါသတကြီး ရေရွတ်သံကြောင့် လင်းယွန်က လှည့်ကြည့်လိုက်ရာ၊ လျူယွီက နဂါးသွေးမြင်းကို အနီးကပ် စစ်ဆေးပြီးနောက်၊ ခေါင်းညိတ် နေသည်ကို တွေ့လိုက်ရသည်။
နဂါးသွေးမြင်းက နက်နဲနယ်ပယ်သို့ ရောက်ရှိနေသော သားရဲတစ်ကောင်ပီပီ၊ ခမ်းနားတောက်ပသော ရောင်ဝါများဖြင့် ဝင့်ထည် နေပေသည်။
ခရမ်းရောင် အရေပြားပေါ်သို့ နေရောင်ခြည်များ ပျက်ဖြန်း လာသည်နှင့်၊ ၎င်း၏ ပတ်ပတ်လည်ရှိ လေဟာနယ်ကို လွှမ်းမိုးချုပ်ကိုင် ထားနိုင်သော ပတ္တမြားအဆင်း သဏ္ဍာန် အလင်းလွှာကို ဖြစ်ပေါ်လာစေသည်။
'' သွားကြည့်ရအောင်။ ''
နှစ်ယောက်သား လေးနက်သော အမူအရာဖြင့် နဂါးသွေးမြင်းထံ လျှောက်လှမ်း သွားကြသည်။
'' သင်းထောက်လျူ၊ ပြီးခဲ့တဲ့ လတုန်းကလိုပဲ ဆုံးရှုံး ပျက်စီးမှု မရှိပါဘူး ''
ဆေးစိုက်ခင်းများကို စစ်ဆေးရန် သွားရောက် ခဲ့သော အစောင့်နှစ်ဦးက ပြန်လည် သတင်းပို့ လာခဲ့သည်။
နဂါးသွေးမြင်းကို ကြည့်နေသော လျူယွီက၊
" စည်းမျဉ်းကတော့ အရင် အတိုင်းပဲ"
-ဟု ဆိုကာ၊ ထိုအစောင့် စကားကို လျစ်လျူရှု လိုက်၏။
'' ဟဲဟဲ...ငါတို့သိတယ်၊ ငါတို့သိပါတယ်။"
နီယူဘင်းရွမ်က ကောက်ရိုးတဲ အတွင်းသို့ ပြေးသွားကာ အဝတ်အိတ် တစ်လုံးဖြင့် ပြန်ထွက် လာခဲ့သည်။
'' ဒါတွေက ဒီလမှာ သဘာဝအတိုင်း ပျက်စီးသွားတဲ့ ဝိညာဉ်ဆေးပင်တွေပါ၊ ကျေးဇူးပြုပြီး၊ သူတို့ကို စစ်ဆေးကြည့်ပေးပါ၊ အားလုံးက နှစ် (၁၀၀)သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်တွေချည်ပဲ၊ အနည်းဆုံးတော့ ဆေးဝါး ဖော်စပ်ရာမှာ (၈၀%) ထိရောက်မှု ရှိပါ သေးတယ်... ''
အစောင့်သိုင်းသမား တစ်ယောက်က လက်ခံစစ်ဆေးလိုက်ပြီး၊ လျူယွီကို ခေါင်းညိတ် ပြလိုက်ကာ၊
'' သူပြောတာတွေက အမှန်ပါပဲ ''
-ဟု အတည်ပြု ပေးလိုက်သည်။
လျူယွီက ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ဆေးပင်များကို ယူလိုက်၏။
ထိုမြင်ကွင်းသည် လင်းယွန်နှင့် လီဝူယုကို မအံ့သြစေပေ။ လူသားတိုင်းသည် ၎င်းတို့၏ အားသာ ချက်များဖြင့် ကွက်လပ် များကို အမြဲ ဖန်တီး နိုင်သည် ဖြစ်ရာ၊ ဥပဒေ စည်းမျဉ်းများ မည်မျှ ရေးဆွဲ ပြင်ဆင် နိုင်သော်လည်း၊ လုံလောက်ခြင်း မရှိနိုင်ချေ။
ဝိညာဉ်ဆေးပင် အရေအတွက်မှာ သတ်မှတ် ထားသည့်အတိုင်း ပြည့်မှီနေသမျှ ဓားနန်းတော်သည် ဤကိစ္စများကို ဂရု မစိုက်ဘဲ နေမည် မဟုတ်ချေ၊ ယိုပေါက်များ ရှိနေခဲ့ သည်ကို သိမြင်ခဲ့ လျှင်ပင် ယုန်ကလေး နှာစေး နေ ပေမည်။
လာဘ်ပေးမှုပြီးပါက စစ်ဆေးရေး အဖွဲ့မှာ ထွက်ခွာရမည့် အချိန်ပင်ဖြစ်ရာ၊ နီယူဘင်းရွမ်က "ဘေးကင်းသော ခရီးဖြစ်ပါစေ" ဟု လေးနက်စွာ နှုတ်ဆက် လိုက်သည်။
အစောင့်သိုင်းသမား လေးယောက်က ထွက်ခွာရန် ပြင်လိုက်သော်လည်း၊ လျူယွီက လှုပ်ရှားလာခြင်း မရှိသည်ကို သတိထားမိ သွားသည်။ သူ့မျက်လုံးများက နဂါးသွေးမြင်းကို စိုက်ကြည့်နေခဲ့သည်။
အစောင့်များက မြင်လိုက်သည်နှင့် သူမ၏ လုပ်ရပ်ကို ချက်ချင်း သဘောပေါက် သွားကြ သည်။ သူတို့ထဲရှိ တစ်ယောက်က လင်းယွန်နှင့် လီဝူယုကို ကြည့်ပြီး၊
" ဒီနဂါးသွေးမြင်း ကြီးကို ဘယ်သူ ပိုင်တာလဲ၊ သူ့ကို အချိန် အနည်းငယ် ကြာတဲ့ အထိ အသုံးပြု ချင်တယ် ...''
'' ခွေးကောင်၊ မင်း... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ''
လီဝူယုက အသိစိတ်များ ချက်ခြင်း ဆုံးရှုံးသွားပြီး၊ ဆဲဆိုလိုက်ကာ နဂါးသွေးမြင်း ရှေ့တွင် ရပ်လိုက်၏။
" ကောင်လေး၊ မင်းက ခေါင်းမာချင်တာလား "
ဆေးတောင်တန်းဆီမှ အမှိုက်တစ်စ၏ ပြန်လှန် ဆဲဆို လာမှုကြောင့် အစောင့် သိုင်းသမား များက ဒေါသ ထွက်သွား၏။
ဤနေရာသို့ စေလွှတ် ခံရသူတိုင်းသည် ရာဇ၀တ်မှု ကျူးလွန်ခဲ့သော တပည့်များ ဖြစ်သည့် အပြင်၊ ၎င်းတို့တွင် ကြီးမားသော နောက်ခံ လုံးဝ မရှိပေ။
" ရပ် စမ်း ....... "
လျူယွီက ရန်ပွဲ မစမီ ဟန့်တားလိုက်၏။ သူမက ဆေးစိုက်ခင်း ရှိရာသို့ ရုတ်တရက် ထွက်ခွာ သွားပြီး၊ တစ်စုံ တစ်ယောက်မှ မဟန့်တား နိုင်မီ ကြာပွတ်ကို ဝှေ့ယမ်း ပစ်လိုက်သည်။
ကြာပွတ်မှ ထွက်ပေါ်လာသော မူလစွမ်းအင်များက ဆေးစိုက်ခင်းကို ကောင်းစွာ ဖျက်ဆီးပစ် လိုက်လေသည်။
'' မိုးနတ်မင်းကြီး ကယ်ပါ...''
နီယူဘင်းရွမ်နှင့် သူ့အဖွဲ့မှာ မျက်နှာများ ဖြူဖျော့ ထိတ်လန့် ကုန်၏။ အချို့မှာ ပျော့ခွေ လျက် ဒူးညွှတ် ကျသွားသည်။
ဝိညာဉ်ဆေးပင် များစွာ ဖျက်ဆီး ခံရသဖြင့် သိုလှောင်ခန်းမသည် အနည်းဆုံး ငါးနှစ်အထိ ပြစ်ဒဏ် ချမှတ် ခံရမည် ဖြစ်သည်။
'' ငါက သူတပါးရဲ့ဆန္ဒကို ဘယ်တော့မှ အတင်း အကြပ် မလုပ်ဘူး၊ ဝိညာဉ်ဆေးပင် တစ်ရာ ပျက်စီး သွားကြောင်း သတင်းပြန် ပို့လိုက်ပါ၊ သူတို့ရဲ့ ပြစ်ဒဏ်တွေ အားလုံးကို နောက်ထပ် ဆယ်နှစ် ထပ်ထည့် ခိုင်းလိုက် ''
လျူယွီက ပြန်လှည့်လာပြီး တည်ငြိမ်စွာ အမိန့် ပေးလိုက်သည်။
လင်းယွန်နှင့် လီဝူယုက ဤအမျိုးသမီး၏ အောက်တန်းကျသော လုပ်ရပ်ကြောင့် မျက်လုံးပြူး သွားသည်။
သူမက နဂါးသွေးမြင်းကို ရယူရာ၌၊ လင်းယွန်တို့ ထံမှ တောင်းပန် ခယမှုဖြင့် ရယူ ချင်ပုံ ရသည်။ သို့မဟုတ်ပါက ဆေးတောင်တန်း တွင် ဆယ်နှစ်ကြာ ပိတ်မိ နေပေ လိမ့်မည်။
အကယ်၍ အခြားသူများသာ ဆိုပါလျှင်၊ ဆယ်နှစ် အပြစ်ဒဏ်နှင့် နဂါးသွေးမြင်း ကြားတွင် ရွေးချယ်ရ ခက်ခဲပေမည်။
သို့သော် လျူယွီသည် လင်းယွန်ကို ကောင်းစွာ သိမြင်ခဲ့ပုံ မရချေ။ လင်းယွန်အား ဤနေရာ၌ အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားရန် နည်းလမ်း မရှိပေ။
ဆေးတောင်တန်းတွင် သုံးလကြာ ပြစ်ဒဏ်ချမှတ် ခံခဲ့ရသော်လည်း၊ ရှင်ယန်က ထိုအချိန် မတိုင်မီ သူတို့ကို ခေါ်ဆောင်ရန် ရောက်ရှိ လာနိုင်၏။
ရှင်းယန်မှ ဆန္ဒမရှိ ခဲ့လျှင်ပင် ဓားရည်ရွယ် ချက်ကို ဆုပ်ကိုင်နိုင်သော ပါရမီရှင် တစ်ဦးကို စွန့်ပစ် ထားရန် မဖြစ် နိုင်ချေ။
နောက်ဆုံးတွင် နီယူဘင်းရွမ်နှင့် သူ့အဖွဲ့ များသာ ၎င်းအပြစ် ဒဏ်ကို ခံစားသွားရ နိုင်သည်။
သူမက ထွက်သွားတော့မည့်ဟန် ဟန်ဆောင် နေမှန်း သိလိုက်ရ သည်နှင့် လင်းယွန်က သက်ပြင်းချ လိုက်ပြီး၊
" သင်းထောက်လျူ၊ ခဏ နေပါဦး "
လင်းယွန်၏ တားမြစ် လိုက်သံကြောင့် မျှော်လင့်ချက် အပြည့်ဖြင့် လူငါးယောက်က ပြန်လှည့် ကြည့်လိုက်သည်။
လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး၊ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ကာ၊ "ဘာကိစ္စရှိလို့လဲ" ဟု လျူယွီက ညစ်ကျယ်ကျယ် မေးမြန်း လိုက်လေသည်။
'' မင်းငါ့ကို ပစ်မှတ်ထားချင်ရင် ထားလို့ ရတယ်၊ ဒီကိစ္စမှာ အပြစ်မဲ့ သူတွေကို ဘာကြောင့် တွဲပါစေရ တာလဲ၊ ငါ့က မင်းရဲ့ အပြစ်ပေး မှုကို ခံယူဖို့ ဆန္ဒရှိပါတယ်... သူတို့ကိုတော့ ခွင့်လွှတ်လိုက်ပါ။ ''
-ဟု လင်းယွန်က တည်ငြိမ်စွာ ညှိနှိုင်း လိုက်သည်။
'' အပြစ်မရှိဘူး ဟုတ်လား ... ငါက ဒီနေရာက ဘယ်သူ့ကို မဆို အပြစ်ပေး နိုင်တယ်၊ သူတို့လို လူတွေ အတွက် ဘယ်သူက စိတ်ဝင်စား မှာလဲ ... ဝိညာဉ် ဆေးပင်တွေ မပျက်စီးရင် တောင်မှ ဆယ်နှစ် အပြစ်ပေး လိုက်တာက သိပ်အများ ကြီးတော့ မဟုတ် ပါဘူး ''
လျူယွီက လင်းယွန်ထံမှ သူမျှော်လင့် ထားသော စကား မဟုတ် သည်ကြောင့် ဒေါသ တကြီး လှောင်ပြောင် ဖြေကြား လိုက်သည်။
"ဒါဆို မင်း ... ဘာလိုချင်တာလဲ "
လင်းယွန်က မေးလိုက်၏။ လျူယီက နဂါးသွေး မြင်းကို စိုက်ကြည့်ပြီး၊
" လူတကာရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ ဘယ်တော့မှ ငါမလုပ် ဖူးလို့ ပြောပြီးပြီ "
-ဟု ပြန်ဖြေ လိုက်သည်။
စကား၏ အဓိပ္ပါယ် အရ လင်းယွန်မှ ဒူးထောက်ကာ နဂါးသွေး မြင်းကို သူမထံ အပ်နှင်း စေချင် ပုံရသည်။
" ဟားဟားဟား..... ဒီတစ်ခါတော့ မင်း ရှုံးသွားပြီ၊ မင်း ငါတို့ကို ဒီမှာ အနှစ်နှစ်ဆယ် အပြစ်ပေး ရင်တောင် ငါတို့ မကြောက်ဘူး၊ ဆယ်နှစ်လောက်တော့ ပြောစရာကို မလိုပါဘူး "
လီဝူယုက လှောင်ပြောင်လိုက်၏။
"ဟုတ်လား ...... ဒါဆို မင်းရဲ့ ပြစ်ဒဏ် အားလုံးကို ငါ နောက်ထပ် ဆယ်နှစ် ထပ်တိုး လိုက်မယ် ''
လျူယွီ၏ မျက်လုံးများတွင် ဒေါသအရိပ် အယောင်များ တောက်ပ လာကာ အစောင့်များ နှင့်အတူ လှည့်ထွက် သွားသည်။
'' အခု ငါတို့ ဘာလုပ်ကြမလဲ ''
နီယူဘင်းရွမ်နှင့် အခြားလူများက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ကြ၏။
လင်းယွန်က ပြုံးလျက် လျူယွီအဖွဲ့၏ နောက်ကျောကို ကြည့်ကာ၊
" ဝူယု၊ အခု ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ"
'' ဟဲဟဲ.... ငါက သူမရဲ့ ကြာပွတ်ကို ခံနိုင်ရည် ရှိကောင်းရှိမယ်၊ ဒါပေမယ့် ငါတို့ရဲ့ ခေါင်းတွေကို နင်းတက်ဖို့ ကြိုးစား လာရင်တော့ .....၊ ဝမ်ယန်ကိုတောင် မကြောက်တာ၊ ဒီခွေးမ လေးကို ဘာလို့ ကြောက်နေရမှာလဲ၊ ဆယ်စက္ကန့် အတွင်း သူပြန်လှည့် လာမယ်လို့ ငါပြော ရဲတယ် ''
လီဝူယုက သူ့မျက်လုံးများတွင် တောက်ပ နေသော လူသတ် ရောင်ဝါကို အရိပ်အမြွက်ဖြင့် ပြသကာ ပြုံးလိုက်၏။
ဆယ်စက္ကန့်အတွင်း လျူယွီမှာ ပြန်လှည့် လာလိမ့် မည်ဟု လီဝူယုက ဆိုသော်လည်း၊ လင်းယွန်က ခေါင်းယမ်းပြ လိုက်ပြီး၊
'' သုံးစက္ကန့် အတွင်း....''
-ဟု အဆိုပြု လိုက်သည်။
သူမ ပြန်လှည့် လာဖို့ရန် အချိန်မည်မျှ ကြာမည်ကို လောင်းကြေး ထပ်နေ ချိန်တွင်၊ နီယူ ဘင်းရွန်နှင့် သူ့အဖွဲ့မှာ ကြောက်ရွံ့ တုန်လှုပ် နေမိကြ၏။
'' သူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... လျူယွီကို ဆန့်ကျင် ချင်နေတာလား။ ''
အသက် သုံးရှိုက်စာ မပြည့်ခင်မှာပင် လျူယွီက အစောင့်သိုင်းသမား လေးယောက် နှင့်အတူ ပြန်လှည့် လိုက်လေသည်။
လီဝူယုက သူတို့ ရပ်တန့်သွား သည်ကို ကြည့်ပြီး နှာခေါင်းရှုံ့ကာ၊
'' ငါ ရှုံးပြီ၊ ဒီခွေးမက ဒီလောက်တောင် သည်းမခံ နိုင်ဘူး၊ .... ''
" ဓားသင်္ချိုင်း တောအုပ် ကနေ ထွက်လာ တုန်းက ငါတို့ ပြောခဲ့ တာကို မင်း မှတ်မိ သေး လား။ "
လင်းယွန်က သူ့အမူအရာ ပြောင်းလဲခြင်း မရှိပဲ မေးလိုက်၏။
" ငါတို့ သည်းမခံ နိုင်တော့ဘူး ဆိုရင် ...၊ ခံနိုင် ရည်ရှိဖို့ မလို တော့ဘူး။ "
လီဝူယုက ပြုံးပြီး၊ သူ့စကားကို ဆက်လိုက် ၏။
" အဲဒီနောက် ငါတို့ရဲ့ ဘဝနဲ့ သေခြင်း တရားကို အတူတကွ ဝေမျှကြမယ်... ငါတို့က ညီအစ်ကို တွေပဲ.... ''
'' သွား...... ''
လင်းယွန်၏ မျက်လုံးများ ပေါ်တွင် အေးစက်သော အလင်းရောင် တစ်စ လင်းလက် လာ ပြီးနောက်၊ လျူယွီနှင့် အစောင့် သိုင်းသမား လေးယောက်၊ သူတို့ဆီ ရောက်မလာ နိုင်ခင် စတင် လှုပ်ရှား လိုက်လေသည်။
***