ကျောက်စိမ်း ကဲ့သို့ အလှတရား၊ သက်တန့် ကဲ့သို့ ဓား။
Vol. 15 Ch. 203
လင်းယွန် နှင့် လီဝူယုတို့က တိုက်ခိုက်ရန် အစပြု လာသည်ကို မြင်လိုက်ရသော အခါတွင် အစောင့်သိုင်းသမာ လေးယောက်နှင့် လျူယွီတို့မှာ ခေတ္တမျှ ထိတ်လန့်သွားပြီး တုံ့နှေးသွား၏။
မှင်တက်နေရာမှ ရုတ်တက်ရက် မျက်နှာများတွင် ထူးဆန်းသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာလေသည်။
" နက်နဲနယ်ပယ်ရဲ့ ပထမအဆင့်နဲ့ ရှန်ရှင်းနယ်မြေက ပုရွက်ဆိတ် တစ်ကောင်က ငါတို့ကို တိုက်ခိုက်ဖို့ အစပြုရဲတယ်လား ဟာသပဲ "
" သူတို့ ရူးနေကြတာလား "
"သင်းထောက်လျူ၊ မင်းဒီမှာ နေခဲ့ပါ၊ ငါတို့က သူတို့ကို ဘယ်လို ရိုက်နှက်မလဲ ကြည့်ရအောင် ...”
ဤသို့သော ယုံကြည်မှုကို သူတို့ထံ၌ တွေ့ရ သည်မှာ အံ့သြ စရာတော့ မဟုတ်ပေ။ ၎င်းတို့ လေးယောက် စလုံးသည် နက်နဲ နယ်ပယ်၏ ဆဌမ အဆင့်တွင် ရှိနေသည် ဖြစ်ရာ၊ သူတို့ထဲရှိ တစ်စုံ တစ်ယောက်၏ ခွန်အား အရ၊ တစ်ချက် လှုပ်ရုံ ဖြင့်ပင် သတ်ပစ်နိုင်သည်။
အဆင့်ငါးဆင့် ကွာဟချက်မှာ အလွန်ပင် ကြီးမားလှသောကြောင့်၊ လင်းယွန်နှင့် လီဝူယု တို့၏ လုပ်ရပ်အတွက် စကား တစ်ခွန်းသာ ရှိပေ တော့သည်။
'' အရူးတွေ.... ''
လျူယွီက သူ့မျက်ခုံးကို ပင့်တင်လိုက်ပြီး၊
'' သူတို့ နှစ်ယောက်က သူတို့သေမင်းကို ဖိတ်ခေါ်နေတာပဲ၊ နဂါးသွေး မြင်းကို မထိခိုက် စေနဲ့ ''
ဟု အမိန့်ပေး လိုက်သည်။
'' ဟဲဟဲ ငါတို့သိတယ်၊ ငါတို့သိတယ်၊ သင်းထောက်လျူက တစ်ခုခုကို သဘောကျဖို့ ရှားပါတယ်၊ ဒါကြောင့် ငါတို့ အကောင်းဆုံး လုပ်မှာပါ '
လနှင့်ကြယ်များ ဆင်းသက်လာခြင်း- နဝမမြောက်ဓား။
သို့သော် သူတို့ မလှုပ်ရှားနိုင် ခင်မှာပင် ၎င်းတို့၏ ခေါင်းထက်၌ ကြယ်စုံ ကောင်းကင်ကြီး တစ်စင်း ထွက်ပေါ် လာသည်။
ကြယ်စုံ ကောင်းကင် ကြီးမှာ အကန့်အသတ် မရှိသော ကြယ်အလင်းများ တောက်ပ နေပြီး၊ နီးလွန်း သဖြင့် လက်လှမ်း မှီတော့မည် ကဲ့သို့ ခံစားလိုက်ရသည်။
ကြယ်စင်များဖြင့် ပြည့်နှက်နေသော ဧရာမမျက်လုံးကြီးမှ သူတို့ကို စိုက်ကြည့် နေသလို ခံစား လိုက်ရသည်။
ရုတ်တရက် ဤဖြစ်စဉ်ကြောင့် အစောင့်လေးဦးမှာ အံ့အားသင့်သွားခဲ့သည်။ လီဝူယု၏ သိုင်းဝိညာဉ်သည် သည်မျှ ကြီးမားသော စိတ်လှုပ်ရှားမှုကို ဖန်တီး နိုင်လိမ့် မည်ဟု မမျှော်လင့်ထားပေ။
ရင်သပ်ရှုမောဖွယ် ပန်းချီကား တစ်ချပ်ကို မြင်လိုက်ရ သကဲ့သို့ မှင်တက် သွား၏။
ကြယ်ရောင်စုံ ကောင်းကင်ပေါ်မှ ခုန်ချလာသော လီဝူယုက ဟိန်းဟောက်လျက်၊ တစ်ဆက် တည်းမှာပင် ကြယ်အလင်းများ သိုင်းခြုံ ထားသော ဓားတစ်လက်က ကောင်းကင်ဘုံ ကိုးပါးကို ဟက်ခွဲပြီးနောက် ဆင်းသက်လာ ခဲ့လေသည်။
ဤဓားကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုမှာ ပြင်းထန်လှပြီ ဖြစ်ရာ၊ အစောင့်လေးယောက်က ပေါ့ပေါ့တန်တန် မယူဝံ့ကြပေ။
ရှန်ရှင်းဘုံ၏ သတ္တမအဆင့် ပုရွက်ဆိတ် တစ်ကောင် ထံမှ ထိုသို့သော ဖြစ်စဉ်တစ်ခုကို ဖန်တီး နိုင်လိမ့် မည်ဟု သူတို့ မယုံနိုင်ခဲ့ကြပေ။
"သွားကြရအောင် "
အစောင့်လေးယောက်က ဆော်အောလျက် သတိမမူဝံ့ဘဲ လီဝူယု၏ ကြီးကျယ်ခမ်း နားသော ဓားကို ရင်ဆိုင် လိုက်ရသည်။
သို့သော် လီဝူယု၏ ထိုမျှ ခမ်းနားသော ဓားမှာ များစွာ အားနည်း လှသည်ကြောင့် အံ့သြသွား မိ၏။
သူတို့၏ သိုင်းနည်းစနစ်များကို ထုတ်ဖော် လိုက်ချိန်တွင် လီဝူယု၏ ဓားချက်မှာ တိုက်ခိုက်မှု များနှင့် ထိပ်တိုက် မတွေ့ခင် ၌ပင် အရှိန် အဝါကြောင့် ပြိုကွဲသွားလေသည်။
လီဝူယုက သွေးတစ်လုတ်ကို အန်ထုတ် လိုက်ရ၏။ သူ့ခန္ဓာကိုယ် အတွင်းမှ သွေးများ ပွက်ပွက် ဆူလာပြီး မျက်နှာတစ်ပြင်လုံး နီရဲ လာလေသည်။
ရုတ်တရက် အစောင့်သိုင်းသမား လေးယောက်မှာ လီဝူယု၏ ပြင်းထန်သော ဒဏ်ရာကြောင့် အံ့သြသွားသည်။
တစ်ဆက်တည်းမှာပင် လီဝူယု၏ ကျင့်ကြံမှု အဆင့်ကို သတိရ သွားပြီးနောက် ပြုံးလိုက် ကြ၏။
၎င်းမှာ မထူးဆန်း နိုင်ချေ၊ ရှန်ရှင်း နယ်ပယ်ရှိ ပုရွတ်ဆိတ် တစ်ကောင်သည် သူတို့၏ တိုက်ခိုက်မှု များကို ခုခံနိုင်မှ သာလျှင် ထူးဆန်း လှပေမည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ လီဝူယုပေါ်သို့ ကျရောက် ခါနီးတွင် ကြက်သွေးရောင် အလင်း တစ်စက ၎င်းတို့ လေးယောက်ကို ကျော်ဖြတ်သွား ခဲ့သည်။
ယင်းမှာ နဂါးသွေးမြင်း ဖြစ်ပြီး၊ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သော အခါတွင် လီဝူယုအား ၎င်း၏ ခမ်းနားသော ခန္ဓာကိုယ်ဖြင့် ကာကွယ် ထားလိုက်၏။
အစောင့် သိုင်းသမား လေးယောက်က ထိုမြင်ကွင်းကြောင့် မျက်နှာများ ပျက်ယွင်း သွားပြီး၊ တိုက်ခိုက်မှု များကို အလျင်အမြန် ရပ်တန့် လိုက်ရသည်။
"မြင်းကို မထိခိုက်စေနဲ့... ”
သူတို့လေးယောက်က တိုက်ခိုက်မှု ပုံစံကို ပြောင်းလဲလိုက်ပြီး နဂါးသွေးမြင်းကို နှပ်ကွပ်ဖို့ရန် နက်နဲဆဋ္ဌမအဆင့် အရှိန်အဝါကို ထုတ်ဖော် လိုက်ကြသည်။
နဂါးသွေးမြင်းနှင့် ရင်ဆိုင်ရန်အတွက် အလုပ်ရှုပ်နေကြသော အစောင့်သိုင်းသမား လေးယောက်ကို ကြည့်ကာ နီယူဘင်းရွမ်က လီဝူယုအား ကူညီရန် အလျင်အမြန် ပြေးလာခဲ့သည်။
"ဟဲ ဟဲ နောက်ဆုံးတော့ မင်းက သားရဲ တစ်ကောင် ပါပဲ "
နဂါးသွေးမြင်းကို လျင်မြန်စွာ အနိုင်ယူ လိုက်ပြီး ကူကယ်ရာ မဲ့သော အခြေအနေမှ လွတ်မြောက် သွားကြသည်။
နဂါးသွေးမြင်း၏ ငြိမ်သက် သွားသော အမူ အရာကြောင့် အစောင့် သိုင်းသမား လေးယောက်က အလုပ်ပြီး မြောက်ခြင်း အတွက် ဂုဏ်ယူစွာ ပြုံးလိုက် ကြသည်။
" မဟုတ်သေးဘူး ခဏလေး..... နောက်တစ်ယောက် ဘယ်မှာလဲ "
လင်းယွန်ကို မြင်ကွင်းမှ ပျောက်ဆုံး နေကြောင်း အစောင့် သိုင်းသမား တစ်ယောက်က ရုတ်တရက် သတိရ သွားပြီး၊ မျက်နှာ ပြောင်းလဲ သွားသည်။
ထိုအချိန်တွင် ၎င်းတို့လေးယောက်၏ နောက်ကျောဆီမှ အော်ဟစ်သံကို ကြားလိုက်ရ သည်ကြောင့် လှည့်ကြည့်လိုက်ရာ၊ လျူယွီအား မြေကြီး ပေါ်တွင် မျက်နှာ အပ်လျက်ဖြင့် တက်နင်း ထားသော လင်းယွန်ကို ညစ်ကျယ်ကျယ် အပြုံးဖြင့် တွေ့လိုက် ရလေ သည်။
" သွား စမ်း....."
လေးယောက်သား ချက်ချင်း ဒေါသများ ထွက်လာပြီး လီဝူယု ရှေ့တွင် ပိတ်ကာ ထားသော၊ နီယူဘင်းရွမ်ကို ကန်ထုတ် လိုက်၏။
သူတို့က လီဝူယုကို ဖမ်းဆီးသယ်ဆောင်ကာ လင်းယွန် ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွား ကြသည်။
ယခု အချိန်၌ လီဝူယုသည် ဟိတ်ဟန်ဖြင့် သူတို့ လေးယောက်၏ အာရုံကို ဆွဲယူ သွားကာ၊ လင်းယွန် အတွက် အခွင့် အလမ်း တစ်ခု ဖန်တီး ခဲ့ခြင်း ဖြစ်သည်ဟု သူတို့ နားလည်လာ ကြသည်။
၎င်းတို့ လေးဦးသည် နက်နဲနယ်ပယ်၏ ဆဋ္ဌမ အဆင့်တွင် ရှိနေသည်။ ထို့ကြောင့် လျူယွီကို ဖမ်းရုံမှ လွဲ၍ သူတို့အား အနိုင်ယူ နိုင်မည့် နည်းလမ်း မရှိပေ။
လျူယွီက ကစားပွဲကို လှည့်ဖို့ရန် တစ်ခု တည်းသော အခွင့် အရေး ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် အစောင့်သိုင်းသမား လေးယောက်မှာ အံ့သြနေဆဲ ဖြစ်သည်။ လျူယွီကို လင်းလွန်မှ ဖမ်းဆီးနိုင်ရန် သူတို့ လေးယောက်ဖြင့် ရင်ဆိုင် ရဲလောက်အောင်၊ လီဝူယုမှာ ရူးသွပ် လွန်းလှ ပေသည်။
ထို့ပြင် ဤသို့ ဖမ်းဆီး နိုင်လိမ့်မည်ဟု လင်းယွင် အပေါ်သို့ ယုံကြည်ထားသော လီဝူယု၏ ယုံကြည်ချက်မှာ မည်သည့် အရပ်က လာမှန်း သူတို့ မသိခဲ့ကြပေ။
" သူ့ကို လွှတ်ပေးဖို့ အမိန့်ပေးလိုက်.... "
လင်းယွန်က အစောင့်သိုင်းသမား လေးယောက်၏ ဖမ်းဆီး ခံနေရသော လီဝူယုကို ကြည့်ကာ အော်ငေါက် လိုက်၏။
" အိမ်မက်....မက်မနေနဲ့ "
လျူယွီက သူမ၏ မျက်နှာအား မြေကြီး ပေါ်သို့ ဖိကပ်နင်းထား ခံလျက်မှ အံကြိတ် လိုက်သည်။ သူမအတွက် ဆေးတောင်တန်းရှိ တစ်စုံ တစ်ယောက်၏ ခြေဖြင့် နင်းချေ ခံရ လိမ့်မည်ဟု တွေးမကြည့်ခဲ့ ဖူးပေ။
လီဝူယုကို အစောင့် သိုင်းသမား လေးယောက်က ဖမ်းဆီးလာ သည်ကို မြင်လိုက်ရ သည်နှင့် အေးစက်သော အလင်း တစ်စကို မျက်ဝန်း များတွင် ထုတ်ဖော်ကာ အချက်ပြ လိုက်သည်။
အစောင့်များက သူမ၏ အချက်ပြမှုကို လက်ခံရရှိသော အခါတွင် လီဝူယုကို မြေပြင် ပေါ်သို့ ပစ်ချပြီး အနည်းငယ် နင်းချေ လိုက်ရုံဖြင့်၊ လီဝူယု၏ နံရိုးများ အက်ကွဲ သွားသံကို ကြားလိုက်ရသည်။
လီဝူယုကို နင်းထားသော အစောင့် သိုင်းသမားက လင်းယွန်ကို ကြည့်ကာ၊
" မင်းရဲ့ ညီကို အသက်ရှင် စေချင်ရင် သင်းထောက်လျူကို သွားခွင့်ပြု လိုက်ပါ "
အခြားသော အစောင့်သိုင်းသမား သုံးယောက်မှာ တုန်လှုပ်ဘချောက်ချားနေဆဲ ဖြစ်သည်။
ယနေ့ အခြေအနေများ မည်သို့ပင် ပြီးဆုံး သွားပါစေ၊ ၎င်းတို့၏ စောင့်ရှောက်မှု အောက်တွင် လျူယွီကို ဖမ်းဆီး သွားခဲ့ သည်ကြောင့် ပြစ်ဒဏ်မှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။
" မင်းရဲ့ လူတွေ လက်ကနေ ဝူယုကို လွှတ်ပေး ခိုင်းလိုက်စမ်း "
လင်းယွန်က အေးစက်စွာ အမိန့်ပေး လိုက်သည်။
လျူယွီသည် လင်းယွန်၏ တုန်လှုပ်နေသော ခြေဖဝါး များကို ခံစားသိရှိ နိုင်ပြီးနောက်၊ နှုတ်ဆိတ် နေရန် ဆုံးဖြတ် လိုက်သည်။
လင်းယွန်က ထိတ်လန့်မှုကြောင့် အစောင့် သိုင်းသမား လေသံ အတိုင်း လိုက်လံ တုပ ပြောဆို နေခြင်းသာ ဖြစ်ကြောင်း ယူဆ လိုက်ကာ၊
" သူ့ကို သတ်ပစ်လိုက် "
ဟု အမိန့် ပေးလိုက် မိလေ၏။
လင်းယွန်၏ မျက်နှာက ချက်ချင်း အေးစက်သွား၏။ လျူယွီအပေါ်တွင် သက်ညှာသည့် အနေဖြင့်၊ နင်းထားသော ခြေဖျားတွင် အင်အား အများကြီး စိုက်ထုတ်ထားခြင်း မရှိချေ။
သို့သော် ယင်းအမျိုးသမီးမှာ သူ့အား အကြိမ်ကြိမ် တွန်းပို့ချင် နေခဲ့သည်။
ဒေါသများ တိုး၍ ဆူပွက်လာပြီးနောက်၊ သူ့လက်ထဲရှိ ကြာပွတ်ကို မြှောက်ကာ ရိုက်ချ လိုက်လေသည်။ ကြာပွတ်မှာ လေခွင်း သံများ နှင့်အတူ လျူယွီ၏ တင်ပါး ပေါ်သို့ ပြင်းထန်စွာ ကျရောက် သွားတော့သည်။
နာကျင်စွာ အော်ဟစ်လိုက်သော အသံမှာ၊ စူးရှစွာ ထွက်ပေါ်လာ ခဲ့သော်လည်း၊ လင်းယွန်က လျစ်လျူရှု လိုက်ပြီး၊ နှစ်ကြိမ် တိုင်တိုင် ထပ်မံ ရိုက်နှက် လိုက်၏။
'' ရွှပ်.... ရွှပ် ရွှပ် ''
'' ...........အား ''
လျူယွီ၏ အော်ဟစ်သံမှာ ဆေးတောင်တန်း တစ်လျှောက် ဖုံးလွှမ်းသွား လေပြီ။
" ငါတို့ လွှတ်ပေး ပါ့မယ် ......၊ လွှတ်လိုက် ပါပြီ "
" ချက်ချင်း ရပ်လိုက်ပါ "
" ကောင်လေး၊ သူ ဘယ်သူလဲ ဆိုတာ မင်းသိလား "
လျူယွီ၏ တင်ပါးပေါ်ရှိ ကြာပွတ်ရာ သုံးချက်ကို တွေ့လိုက်ရသော အခါတွင် အစောင့်သိုင်းသမား လေးယောက်မှာ ချက်ချင်း ထိတ်လန့် သွားကြသည်။
အေးစက်သော ချွေးသီးများက နဖူးပေါ်မှ လိမ့်ကျ လာ၏။ တုံ့နှေးခြင်း မရှိ၊ လီဝူယုကို မတ်တပ် ပေးရပ် လိုက်ကာ၊ ဝတ်ရုံ ပေါ်ရှိ အမိုက် သရိုက် များကို ခါထုတ်ရန် ချက်ချင်း ကူညီ ပေးလိုက် လေသည်။
“ ဝူယု၊ လာခဲ့ ”
လင်းယွန်က သူ့လက်ထဲရှိ ကြာပွတ်ကို မြှောက်ထားလျက်မှ လှမ်းခေါ် လိုက်သည်။
'' ခွင့်ပြုပါဦး .... "
လီဝူယုက လက်ဖြင့် ဝတ်ရုံစကို သပ်ရပ်အောင် ပြင်လိုက်ပြီး၊ လင်းယွန်ဆီသို့ လှည့်ကြည့်လိုက်သည်။
မြေပြင်ပေါ်ရှိ လျူယွီမှာ နာကျင်စွာ ညီးညူနေလျက် မျက်ရည်များ စီးကျနေခဲ့သည်။ သူမတွင် စကားပြောရန် ခွန်အားမရှိပေ။
သူ့တစ်ဘဝလုံးတွင် အခြားသော သူများကို ကြိမ်းမောင်းရန် ကြာပွတ်ကို အသုံးပြု ခဲ့သော်လည်း၊ တစ်ချိန်တွင် ထိုကြာပွတ်ဖြင့် အရိုက်ခံရ လိမ့်မည်ဟု ထင်မထားမိပေ။
မည်မျှ နာကျင်ရ သည်ကို ကိုယ်တိုင်သာ သိသည်။ လင်းယွန်က အစောပိုင်းတွင် မရိုက်နှက် လိုသောကြောင့် သူမကို အခွင့် အရေး ပေးခဲ့ ကြောင်းကိုလည်း နားလည် လိုက်သည်။
အရှက်တရား မရပါက အချို့သော သူများကို ယဉ်ကျေးလာအောင် သွန်သင်ရန် မမျှော်လင့် နိုင်ပေ။ ကြာပွတ်ဒဏ် သုံးချက်မှာ သူမအတွက် သင်ခန်းစာ ဖြစ်ပေသည်။
" ဒါက မင်းနဲ့ ထိုက်တန်တယ် ... "
လီဝူယုက လင်းယွန်ဘေးတွင် ရပ်ကာ မြေပြင် ပေါ်ရှိ လျူယွီကို အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊ ပြောလိုက်၏။
အစောင့်သိုင်းသမား များအတွက်မူ လွန်ခဲ့သည့် အခိုက်အတန့်က မောက်မာစွာ ပြုမူ နေကြ သော်လည်း၊ ယခုအခါတွင် ဆိုးရွားသော အမူအရာ များဖြင့်၊ နဖူးရှိ ချွေးများကို သုတ်နေကြပြီ ဖြစ်သည်။
“ ညီအစ်ကို၊ ငါတို့ မင်းရဲ့သူငယ်ချင်းကို လွှတ်ပေး ပြီးပြီလေ၊ သင်းထောက်လျူကိုလည်း မလွှတ်ပေး သင့်ဘူးလား"
“ ညီအစ်ကို၊ မင်း သင်းထောက်လျူကို တကယ် ထိလို့ မရဘူး၊ မင်းသူ့ကို ချက်ချင်း မလွှတ်ပေးရင် ငါတို့ အားလုံး သေလိမ့်မယ်”
ဟု အစောင့်သိုင်းသမား လေးယောက်က တောင်းပန် လိုက်၏။
"ထွက်သွားစမ်း "
လင်းယွန်က သူတို့၏ စကားများကို လျစ်လျူရှုကာ မောင်းထုတ် လိုက်သည်။
" မြန်မြန်၊ ခန်းမသခင်ကို သွားရှာစမ်း "
အစောင့်သိုင်းသမား လေးယောက်က အချိန် မဖြုန်း ချင်တော့သ ည် ဖြစ်ရာ၊ ခန်းမသခင်ကို တိုင်ကြားပြီး၊ လက်ရှိ အခြေအနေမှ အလျင် အမြန် ရုန်းထွက်ချင် နေခဲ့ လေပြီ။
လျူယွီကို ဆေးတောင်တန်းရှိ အပြစ်သား တစ်ယောက်က တကယ်ပင် ကြိမ်ဒဏ် သုံးချက် ပေးရဲလိမ့်မည်ဟု သူတို့ ထင်မထား မိကြပေ။
သူတို့ ပြေးထွက်ရန် ပြင်နေချိန်မှာပင် ဓားငှက်တစ်ကောင်က ကောင်းကင်ယံမှ ဆင်းသက် လာခဲ့၏။
ဓားငှက်ထံမှ ပြင်းရှသော ရောင်ဝါသည် သူတို့ လေးယောက်ကို နောက်ပြန် ဆုတ်သွားစေသည်။
အတောင်ပံကို ဖြန့်ကာ ထိုးဆင်းလာသော အရှိန်ကို လျော့ချ လိုက်သည်နှင့် ကောင်းကင် တွင် လေပြင်းများ တိုက်ခတ်သွား လေသည်။
ရှင်းယန်က ဓားငှက်၏ နောက်ကျောတွင် ရပ်နေကာ မြေပြင်ရှိ လူအုပ်ကို စူးရှစွာ အကဲခတ် နေခဲ့သည်။
တင်းကျပ်သော အနီရောင် ဝတ်ရုံကို ဆင်မြန်း ထားသည်ကြောင့် ဖွံ့ထွားသော ခန္ဓာ ကိုယ်ကို အဝေးမှပင် ငေးကြည့်မိ စေသည်။
ပိုက်ထားသော လက်မောင်းအိုး ကြားရှိ ရင်နှစ်မွှာမှာ ပုရိဿ များကို အာခေါင်ခြောက် မိစေ၏။
စွင့်ကားသော တင်၊ ဖွင့်ထွားသော ရင်၊ သေးကျဉ်းသော ခါးဖြင့် ဓားငှက် ပေါ်တွင် ရဲရင့်စွာ ရပ်နေ ခဲ့သော ရှင်းယန်က လင်းယွန် ရှေ့သို့ ခုန်ချ လိုက်ကာ၊ ခြေထောက် အောက်ရှိ လျူယွီကို အံသြစွာ ငုံ့ကြည့် လိုက်လေသည်။
'' ဂျူနီယာ မောင်လေး လင်းယွန်၊ သူ့ကို လွှတ်လိုက်ပါ ''
"............."
ရှင်းယန်စကားကို လိုက်နာပြီး လျူယွီကို လွှတ်ပေး လိုက်၏။ လျူယွီက ရှုပ်ပွနေသော ဆံပင် များကို သပ်တင် လိုက်ကာ၊ အညစ် အကြေး များကို အလျင် အမြန် ခါထုတ် လိုက်သည်။
အမျိုးသမီး တစ်ယောက်အနေဖြင့်၊ ရှင်းယန် ရှေ့၌၊ ဤမျှ နိမ့်ကျသော ပုံရိပ်ကို ပြသ ခံရ ခြင်းမှာ သူ့နှလုံး သားကို သွေးစိမ်း ရှင်ရှင် ကျလာ စေသည်။
“ ဟဲဟဲ... စီနီယာအစ်မ ရှင်းယန်၊ မင်း ဘယ်ကို လာတာလဲ။ ”
ရှင်းယန်ကို မြင်သောအခါတွင် လီဝူယု၏ မျက်လုံးများက ချက်ချင်း တောက်ပလာ၏။
သူ့ဒဏ်ရာများ ကိုပင် မေ့လျော့ သွားခဲ့ကာ၊ ရှင်းယန်၏ ရင်ဘတ်သို့ မလွတ်တမ်း စိုက်ကြည့် လိုက်လေသည်။
ရှင်းယန်က ရုတ်တရက် ခေါင်းပုတ်လိုက်ပြီး၊
" မင်း ဘယ်ကို ကြည့်နေတာလဲ "
" စီနီယာအစ်မရှင်းယန်၊ မင်း ဘယ်သူ့ကို လာတွေ့တာလဲ၊ သုံးလတောင် မပြည့်သေးဘူး ”
လင်းယွန်က ပြုံးကာ မေးလိုက်၏။ ရှင်းယန်က ရယ်ဟန် စွက်နေသော အမူ အရာဖြင့်၊
" ငါ မင်းကို လွမ်းနေလို့ပဲ၊ လာ ငါတို့ ပြန်ကြ ရအောင်၊ တစ်လလောက် ရှိပြီ ဆိုတော့၊ အဘိုး ကြီးကို မျက်နှာသာ ပေးတာ လုံလောက် ပါပြီ၊ သူလည်း အခု ဒုက္ခရောက် နေတယ်၊ ဝမ် မျိုးနွယ်ကို ရှင်းပြဖို့ ကြိုးစား နေရတာကြောင့် မင်းတို့ နှစ်ယောက်ကို စိတ်ပူ တော့မယ် မထင်ဘူး "
" ဘယ်လိုမှ မဖြစ်နိုင်ဘူး.... သူတို့ နှစ်ယောက်က၊ ဝိညာဉ် ဆေးပင် တစ်ရာကို ဖျက်ဆီးခဲ့ ပြီးပြီ၊ ဒီနေရာမှာ ဆယ်နှစ် တိတိ အပြစ် ဒဏ်ကို ပေးဆပ် ရလိမ့်မယ် "
ရှင်းယန်၏ စကားအရ လင်းယွန်တို့ကို ခေါ်ထုတ် သွားတော့မည့် အရိပ်အခြေ များကြောင့် လျူယွီက လျင်မြန်စွာ ဝင်ရောက် ဟန့်တားလိုက်၏။
" ဝိညာဉ်ဆေးပင် တစ်ရာလား... ''
အဆုံး မရှိသော ဓားအလင်း တစ်စသည် ရှင်းယန် ထံမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဆေးစိုက်ခင်း အတွင်းရှိ ဝိညာဉ် ဆေးပင် နှစ်ထောင် ခန့်ကို ဖျက်ဆီး ပစ်လိုက်တော့သည်။
“ အခု ငါ ဝိညာဉ်ဆေးပင် သုံးထောင်ကို ဖျက်ဆီး ပစ်လိုက်ပြီ၊ သူတို့ ဖျက်ဆီး လိုက်တဲ့ တစ်ရာကို ငါ့ဆီ ထည့်ပေါင်း လိုက်ပြီး မင်းရဲ့ ခန်းမ သခင်ကို ငါ့လာ ရှာခိုင်း လိုက်ပါ ''
ရှင်းယန်က သူမ၏ ဓားကို သိမ်းယူပြီး၊ ထက်ရှသော မျက်ဝန်း များဖြင့် လှည့်ကြည့် လိုက်သည်။
သူမ၏ ကြွရွ ပြတ်သား နေသော အမူအရာ များကြောင့်၊ လင်းယွန်နှင့် လီဝူယုမှာ ငေးမောလျက် နစ်မျော သွားကြ လေသည်။
***