နယ်မြေလေးခု။
Vol. 15 Ch. 204
ပျက်စီးသွားသော ဝိညာဉ်ဆေးပင်များကို လှည့်ကြည့်လိုက်သည်။ လျူယွီက ဝိညာဉ် ဆေးပင် တစ်ရာကို ဖျက်ဆီး လိုက်သောကြောင့် ရက်စက် သည်ဟု ယူဆ မိကြ သော်လည်း၊ ရှင်းယန်၏ လုပ်ရပ်မှာ ပြောစရာ စကားလုံး များပင် မဲ့သွား ခဲ့လေပြီ။ ဝိညာဉ်ဆေးပင်ပေါင်း သုံးထောင်ကို အမှန် တကယ် ဖျက်ဆီး သွား၏။
'' သွားရအောင် ''
ရှင်းယန်က ဓားငှက်ပေါ်သို့ ခုန်တက်ကာ လင်းယွန်တို့ နှစ်ယောက်ကို လှမ်းခေါ်လိုက်၏။ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး၊
'' စီနီယာ အစ်မကြီး ရှင်းယန်၊ မင်းက ကြီးမြတ် လွန်းပါတယ် "
လီဝူယုက ဓားငှက်ပေါ်ရှိ ရှင်းယန်ကို အော်ဟစ် ချီးကျူး လိုက်သည်။
'' မင်းရဲ့ ပေါက်ကရ စကားတွေကို ရပ်လိုက်တော့၊ လာ သွားရအောင်။"
ရှင်းယန်က တုန့်ပြန် လိုက်သည်။ ဓားငှက်ပေါ် ခုန်တက်သွားသော လင်းယွန်နှင့် လီဝူယုကို မြင်သည်နှင့် လျူယွီက ထိတ်လန့် သွားပြီး၊
'' သူတို့ကို သွားခွင့် မပေးနိုင်ဘူး ...... ၊ မင်းတို့က ဘာလို့ မတားတာလဲ။"
အစောင့်သိုင်းသမား လေးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မည်သူကမျှ ရှေ့မတိုး ဝံ့ကြချေ။
၎င်းတို့သည် သိုလှောင်ခန်းမ၏ အစောင့် များသာ ဖြစ်ပြီး၊ ရှင်းယန်လို လူကို စော်ကားရန် နည်းလမ်း မရှိပေ၊ ထို့အပြင်၊ သူတို့လေးယောက် အတူ တကွ ဟန့်တား လျှင်ပင် ရှင်းယန်ကို အနိုင်ယူရန် ယုံကြည်မှု မရှိသည် ဖြစ်ရာ၊ လျူယွီမှ အော်ဟစ် အမိန့်ပေး နေခဲ့ သော်လည်း ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထို့ပြင် ယင်းအမျိုးသမီးသည် သွေးစွန်းသော နှင်းဆီ အဖြစ် ကျော်ကြားလှပြီး၊ သူတို့ လေးယောက် ကဲ့သို့ အမှိုက်များကို သတ်ပစ်ရန် တွန့်ဆုတ် နေမည် မဟုတ်နိုင်။
ဓားငှက်က ၎င်း၏ အတောင်ပံ များကို ဖြန့်ထုတ်ကာ တိမ်တိုက်များ ထက်သို့ ပျံတက် သွားလျက် မိုးကုတ် စက်ဝိုင်းထံ ဦးတည် သွားလေသည်။
" ရှင်းယန်၊ ဒီကိစ္စကို ပြီးသွားပြီ မထင်နဲ့ "
လျူယွီက ငြိမ်နေသော အစောင့်သိုင်းသမား လေးယောက် ကြောင့် ဒေါသူပုန် ထကာ ဟောက်လိုက် သည်။ အမျိုးသမီး များမှာ ထူးဆန်းသော သတ္တဝါများ ဖြစ်ကြ၏။
သူ့တင်ပါးကို ရိုက်သူမှာ လင်းယွန် ဖြစ်သော် လည်း၊ သူမ အမှန်တကယ် မုန်းတီးသွား သူမှာ ရှင်းယန် ဖြစ်သွား ခဲ့လေ သည်။
ကောင်းကင်ဘုံ ဓားနန်းတော်သည် တောင်တန်းများ အတွင်းတွင် တည်ရှိပြီး၊ သာယာ လှပသော ရှုခင်းများ၊ မြစ်များ၊ အဆောက်အဦး များနှင့် အခြား မရေ တွက်နိုင်သော ခန်းမ များဖြင့် ပြည့်နှက် နေခဲ့သည်။
ဓားနန်းတော်၏ အာဏာ အရှိဆုံး သူမှာ သဘာဝ အားဖြင့် နန်းတော် သခင်သာ ဖြစ်သည်။
ဓား ထိန်းသိမ်းရေး ခန်းမရှိ ဓါးထမ်း အကြီး အကဲ ဆယ့်ရှစ်ယောက်မှာ ဒုတိယ အာဏာ အရှိဆုံး ဖြစ်၏။ ဝါစဉ်အရ ၎င်းတို့မှာ ဓားနန်းတော်ကို ကိုယ်စား ပြုသည်။
ဓားထမ်းအကြီးအကဲ ဆယ့်ရှစ်ယောက် နောက်တွင်၊ ခန်းမသခင် များက အခွင့် အာဏာ အမျိုးမျိုးကို ကိုင်ဆောင်ထား ကြသည်။
အထူးသဖြင့် စီမံရေးရာခန်းမ၊ အကြီးအကဲ ခန်းမ၊ ဆေးခန်းမနှင့် သိုင်းခန်းမ တို့ရှိ ခန်းမ သခင်များ ဖြစ်သည်။
မီမံရေးရာခန်းမသည် မစ်ရှင်များကို ဖြန့်ဝေ ခြင်းနှင့် ဂိုဏ်းတစ်ဂိုဏ်း လုံး၏ အဆင့် အတန်းကို မြှင့်တင်ရန် အတွက် ဆွေးနွေး ဖော်ဆောင် ရမည့် တာဝန်ရှိသည်။
အကြီးအကဲ ခန်းမ၏ တာဝန်များ မှာမူ တပည့် များအား သင်ကြားပေးခြင်း ၊ ဂိုဏ်းကို စနစ်တကျ ထိန်းသိမ်းခြင်းနှင့် အရေးကြီးသော နေရာများကို စောင့်ကြပ် ရခြင်း ဖြစ်သည်။
၎င်းတို့သည် ဂိုဏ်း၏ အုတ်မြစ် များဖြစ် ကြကာ၊ အာဏာကို ထိုက်သင့် သလောက် ပိုင်ဆိုင် ထားသည်။
ဆေးခန်းမသည် အမည် တွင်သည့် အတိုင်း ဆေးလုံး များကို သန့်စင်ရမည့် နေရာ ဖြစ်သည်။
ဆေးလုံးများမှာ ကျင့်ကြံသူ များအတွက် အရေး ပါသော အရင်း အမြစ်များ ဖြစ်ပြီး၊ ဂိုဏ်း တစ်ဂိုဏ်း ဖွံ့ဖြိုး တိုးတက်ရန် မရှိမဖြစ် လိုအပ်ပေသည်။
နောက်ဆုံး ခန်းမဖြစ်သော သိုင်းခန်းမသည် သိုင်းနည်း စနစ် များနှင့် လက်နက်များ ထိန်းသိမ်း ထားရာ ခန်းမ တစ်ခုသာ ဖြစ်၏။
'' ဒါတွေက အဓိက ခန်းမ လေးခုပဲ၊ ပြင်ပ ဂိုဏ်းခွဲများ အားလုံးကို အလားတူ အဆင့် အတန်းမျိုး ပေးအပ် ထားတယ်၊ တစ်ခု တည်းသော ခြားနား ချက်က သူတို့ကို အမည် ပေးပုံ ပဲ၊ အခု မင်းတို့ကို ဂိုဏ်းရဲ့ ကြီးမြတ်တဲ့ နယ်မြေ ငါးခု အကြောင်းကို ငါရှင်းပြ ပေးမယ် "
ရှင်းယန်က လင်းယွန်နှင့် လီဝူယုတို့ကို ဂိုဏ်းဖွဲ့ စည်းပုံ အကြောင်း အကျဉ်းချုပ် ပြောပြ လာသည်။
" ကြီးမြတ်တဲ့ နယ်မြေ ငါးခု "
၎င်းနယ်မြေများ အကြောင်း ကြားလိုက် သည်ကြောင့် လင်းယွန်နှင့် လီဝူယုမှာ မျက်လုံးများ တောက်ပ သွားခဲ့သည်။
ယခင် ပြောခဲ့သည့် ခန်းမ များမှာ၊ ဂိုဏ်းတိုင်း တွင် ရှိသော သာမာန် ဖွဲ့စည်းပုံ များသာ ဖြစ်ပြီး၊ ၎င်းတို့နှင့် ပတ်သက်၍ အသစ် အဆန်းများ မရှိချေ။
သူတို့ နှစ်ဦးက ဓားနန်းတော်တွင် ရတနာ နယ်မြေများ ရှိ မရှိသာ သိချင် နေမိကြခြင်း ဖြစ်သည်။
အသင်္ချေ ဓားရင်ပြင်။ ၎င်းတွင် အသင်္ချေဓား အဆင့် ဆင့်နှင့်၊ အသင်္ချေဓား ပန်းချီတို့ ထားရှိ သည်။
အသင်္ချေဓား ပန်းချီသည် ဂိုဏ်း၏ အရေး ကြီးသော ရတနာ တစ်ခု ဖြစ်ကာ၊ ဓားနန်းတော် ဂိုဏ်းကို တည်ထောင် ထားခဲ့ သူမှ ချန်ထား ရစ်ခဲ့ခြင်း ဖြစ်သည်။
မရေမတွက် နိုင်သော ဓားသွား အထပ်ထပ်ကို ပန်းချီကား တစ်ချပ် သဖွယ် ရေးထွင်း ထားပြီး၊ ဓားမှ တပါး အခြား မရှိချေ။
လီဝူယု နှင့် လင်းယွန်တို့က ယင်းပန်းချီ ကားကို လူသစ် စုဆောင်းသော ဌာနခွဲတွင် တစ်ကြိမ် မြင်ဖူး လေသည်။
သို့သော် ပို၍ အစွမ်း ထက်သော မူပွား အစစ် အမှန်ကို အသင်္ချေဓား ရင်ပြင် တွင်သာ တွေ့ရှိ နိုင်မည် ဖြစ်ပြီး၊ တပည့်များ အတွက် ၎င်းတို့၏ ဓားအရှိန် အဝါကို ပိုမို သိပ်သည်း စေလို ပါက ယင်းပန်းချီ ကားဖြင့် ကြိုးစား နိုင်မည် ဖြစ်သည်။
ထို့ပြင် ဓားရည်ရွယ်ချက် ကိုလည်း နားလည်မှု ရရှိရန် ကံစမ်း နိုင်ပေမည်။
ဒုတိယ နယ်မြေသည် တိမ်လွှာဓား ခန်းမ ဖြစ်၏။ ၎င်းတွင် စုစုပေါင်း အဆင့် ဆယ့်နှစ်ဆင့် ရှိပြီး အဆင့် တစ်ခု စီ၏ ပြီးမြောက်မှုတွင် လျှို့ဝှက် နည်းစနစ် တစ်ခု ပေးအပ်မည် ဖြစ်သည်။
လျှို့ဝှက်နည်း စနစ်များသည် သာမာန် နည်းစနစ် များနှင့် မတူပေ၊ ၎င်းတို့တွင် မည်သည့် အဆင့် သတ်မှတ် ချက်မျှ မရှိသည့် အပြင်၊ ယေဘုယျ အားဖြင့် ပို၍ အားကောင်းလေသည်။
လျှို့ဝှက် နည်းစနစ်ကို ဆုပ်ကိုင် ထားခြင်းဖြင့် ကျင့်ကြံမှုကို မြှင့်တင် နိုင်မည် မဟုတ် သော်လည်း၊ ၎င်းသည် တိုက်ပွဲဝင် စွမ်းအားကို များစွာ မြှင့်တင် ပေးနိုင်သည်။
တတိယ နယ်မြေမှာ ဓားသင်္ချိုင်း တောင်ကုန်း ဖြစ်သည်။ ဓားနန်းတော်၏ စီနီယာ ကြီးများ မသေဆုံး မီတွင် ၎င်းတို့၏ ဓားများကို တောင်ကုန်းကြီး အတွင်းတွင် မြှုပ်နှံထား ကြသည်။
အကြင်သူသည် ထိုဓားများကို ရယူနိုင် ပါလျှင် အစွမ်း ထက်သော ဓားဆန္ဒကို ရရှိနိုင်ပေမည်။ ထို့အပြင်၊ ၎င်းတို့၌ နားလည် နိုင်စွမ်း မြင့်မား ပါက ယင်းစီနီယာ၏ အမွေ ကိုလည်း ရရှိ နိုင်သည်။
စတုတ္ထမြေသည် သိုင်းဝိညာဉ် ဓားခန်းမ ဖြစ်ပြီး တပည့်များ အတွက် ၎င်းတို့၏ သိုင်းဝိညာဉ် များကို အားကောင်း စေရန် လေ့ကျင့်ကြ ရမည့် နေရာ ဖြစ်သည်။
နောက်ဆုံး နယ်မြေမှာ လင်းယွန်တို့ ဝင်ရောက် သွားခဲ့သော ဓားသင်္ချိုင်း တောအုပ် ဖြစ်ပေသည်။
'' အသင်္ချေဓား ရင်ပြင်၊ တိမ်လွှာဓား ခန်းမ၊ ဓားသင်္ချိုင်း တောင်ကုန်း၊ သိုင်းဝိညာဉ် ဓားခန်းမနှင့် ဓားသင်္ချိုင်း တောအုပ် .....၊ ဒါနဲ့ ဓားသင်္ချိုင်း တောအုပ်ကို ရတနာ နယ်မြေလို့ သတ်မှတ် ထားတာလား၊ အဲဒီ နယ်မြေထဲကို ရောက်သွားတဲ့ သူတိုင်းက သေမှာ သေချာနေတာ ပဲလေ။ ''
'' ဓားသင်္ချိုင်း တောအုပ်နဲ့ ပတ်သက်ပြီး၊ မင်းတို့ နှစ်ယောက်က၊ အဲဒီ နေရာကို ငါထက် ပိုရင်းနှီး သင့်တယ်၊ သူနဲ့ ပတ်သတ်ပြီး၊ မင်းတို့ နှစ်ယောက်က ငါ့ကို ဘာလို့ မပြောပြ ရတာလဲ"
ရှင်းယန်က လင်းယွန်နှင့် လီဝူယုကို လှည့်ကြည့် မေးမြန်း လိုက်သည်။
လီဝူယုက သူမကို အဆင် မပြေသော အပြုံးဖြင့် လှမ်းကြည့် လိုက်သည်။ ဓားသင်္ချိုင်း တောအုပ်ရှိ အိပ်မက်ဆိုး များကို နောက် တစ်ကြိမ် ထပ်မကြုံ လိုတော့ချေ။
သို့သော် သူ မထွက်ခွာ မီတွင် သခင် ဆယ့်သုံး ထံမှ နှင်းနဂါး ငါးကြင်း ကိုပင် ခိုးယူ ခဲ့သည်။
လင်းယွန် အတွက်မူ သခင် ဆယ့်သုံး၏ အကူအညီ များစွာ ရခဲ့ပြီး၊ ၎င်းလျှို့ဝှက်ချက် များကို ထုတ်ဖော် ပြသရန် နည်းလမ်း မရှိပေ။
'' ထားလိုက်ပါ၊ ငါလည်း အဲဒီနေရာကို သွားလည်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ နယ်မြေကြီး ငါးခု အပြင်၊ ဓားနန်းတော်မှာ မဟာမိတ် ပြည်ထောင်စု နယ်မြေလို့ ခေါ်တဲ့ အလားတူ နယ်မြေ တစ်ခု ရှိတယ် "
ရှင်းယန်က သူတို့ နှစ်ယောက်၏ အမူ အရာ ကြောင့်၊ ပြုံးပြီး ဆက်ရှင်းပြ လိုက်သည်။
" မဟာမိတ်-ပြည်ထောင်စု နယ်မြေ "
လင်းယွန်က တိုးဖွဖွ ရေရွတ် လိုက်သည်။
" မှန်တယ်... အဲဒီနယ်မြေမှာ တပည့်တွေက ကိုယ်ပိုင် အဖွဲ့ငယ်တွေ ထူထောင်ကြတယ်၊ ဥပမာ အားဖြင့် ဝမ်ယန်က အထက်တန်းစားပြည်နယ်ရဲ့ ပြည်နယ် သခင်ပဲ၊ ... ”
“ ... မဟာမိတ် အဖွဲ့ ကနေ သူ့လက် အောက်ကို အထက် တန်းစား တပည့်တွေ စုစည်း ထားနိုင်ခဲ့တယ်၊ ဒါကြောင့် မဟာမိတ် ပြည်ထောင်စု နယ်မြေမှာ၊ သူ့ရဲ့ အဖွဲ့က အသန် မာဆုံး စာရင်း ဝင်တယ်.... "
" အိုး အဲဒီ ရွံ့စရာကောင်က သူ့ကိုယ်သူ အထက် တန်းစားလို့ ခေါ်ဝံ့သလား၊ သူလိုလူ တစ်ယောက် ရှိနေခြင်းက အထက် တန်းစားတွေ အတွက် ရှက်စရာ ဖြစ်စေတာပဲ ''
လီဝူယုက ကျိန်ဆဲ လိုက်သည်။ ဝမ်ယန်နှင့် ပတ်သက်၍ တင်းမာသော သဘောထား ရှိသည်။
'' စီနီယာအစ်မရှင်းယန်၊ မင်းမှာလည်း မဟာမိတ်- ပြည်ထောင်စု တစ်ခု ရှိသင့်တယ် မဟုတ်လား"
လင်းယွန်က မေးလိုက်၏။
'' သေချာတာပေါ့၊ ငါက ရတနာ တောင်ကုန်း ပြည်နယ်ရဲ့ ဒုပြည်နယ် သခင်ပဲ၊ ဒါကြောင့် မင်းတို့ နှစ်ယောက်ကို ဖိတ်ခေါ်ဖို့ ဒီမှာ ရှိနေ ရတာပဲ၊ မင်းတို့ စိတ်ဝင် စားလား။ "
လင်းယွန်နှင့် လီဝူယုတို့က သဘာဝအားဖြင့် သူမ၏ ဖိတ်ခေါ်မှုကို ငြင်းဆန် နိုင်စရာ မရှိခဲ့ပေ။
ရှင်းယန်က သူတို့ကို အကြိမ်ပေါင်း များစွာ ကူညီ ပေးခဲ့သည့် အပြင်၊ ရတနာ တောင်ကုန်း ပြည်နယ်တွင် မြင့်မားသော အဆင့် အတန်းကို ပေးအပ် မည်မှာ သေချာ ပေသည်။
ဝန်ယန်ကို အပြစ်ပြုခဲ့ သည်မို့ သူတို့အား ကာကွယ် ဖို့ရန် နောက်ခံ တစ်ခု လိုနေ သည်မှာ သဘာဝ ပေပင်။
'' ဟဲဟဲ.... ဒီကိုလာခဲ့ မင်းတို့ နှစ်ယောက်အတွက် ငါမှာ အဖွဲ့ဝင် တံဆိပ် ရှိတယ်။"
ရှင်းယန်က လှည့်ကြည့် လိုက်ပြီး လင်းယွန်နှင့် လီဝူယုတို့အား ရိုက်နှိပ် ထားသော ရတနာ တောင်ကုန်း သင်္ကေတကို ပေးအပ် လိုက်သည်။
တံဆိပ်တွင် ရှေးဟောင်း ဓားရှည် တစ်လက်ကို ထိုးစိုက် ထားသော တောင်ကုန်း ငယ်လေး တစ်ခု သဏ္ဍာန် ပါရှိ လေသည်။
ခဏ အကြာတွင် ပျံသန်း နေသော ဓားငှက်က မြေပြင် တစ်နေရာသို့ ဆင်းသက် လိုက်၏။ ရှင်းယန်က ဓားငှက် ပေါ်မှ ခုန်ချ လိုက်ပြီး၊ နေအိမ်များ ဆီသို့ ခေါ်ဆောင် သွားခဲ့ သည်။
နေအိမ်များ အားလုံးမှာ ဟောင်းနွမ်း နေသော တဲအိမ်ငယ် များသာ ဖြစ်သော်လည်း၊ လေထုထဲရှိ ဝိညာဉ် စွမ်းအင် များမှာ မယုံ နိုင်လောက် အောင်ပင် ပေါကြွယ်ဝ နေပေသည်။
လင်းယွန်နှင့် လီဝူယုက နေထိုင်ရန် အိမ်နှစ် လုံးကို အလျင်းသင့် သလို ရွေးချယ်လိုက် ကြသည်။
'' ဒါတွေက မင်းတို့ ရဲ့ ဂိုဏ်းသားတံဆိပ် ပြားတွေပဲ၊ လွန်ခဲ့တဲ့ တစ်လက မင့်တို့ နှစ်ဦး ထွက်ခွာ သွားပြီး တဲ့နောက် ကြယ်ကိုးပွင့် ပြိုင်ပွဲကို ပြန်လည် ကျင်းပ ခဲ့ရတယ်၊ ဒါကြောင့် မင်းတို့ တံဆိပ်ပြား တွေမှာ ရမှတ်က သုညပဲ၊ ''
ရှင်းယန်က ကျောက်စိမ်း တံဆိပ်ပြား နှစ်ချပ်ကို ပေးအပ် လိုက်ပြီး၊
'' ဂိုဏ်းထဲမှာ မင်းရဲ့ အာဏာကို မြှင့်တင် ချင်တယ် ဆိုရင် ဂိုဏ်းသား တံဆိပ်ကို အဆင့် မြှင့်တင် ရမယ် ဆိုတာ သတိရပါ၊ မဟုတ်ရင် မင်းဘယ်ကိုမှ ရောက်နိုင်မှာ မဟုတ် နိုင်ဘူး၊ အသင်္ချေ ဓားရင်ပြင်က လွဲပြီး၊ ကျန်တဲ့ နယ်မြေ သုံးခုလုံး အတွက် တတိယ အဆင့် ဂိုဏ်းသား တံဆိပ်ပြား လိုအပ်တယ် "
ရှင်းယန်က ခေတ္တ ရပ်နား လိုက်ပြီးနောက်၊
'' ဒီတံဆိပ် အရ မင်းတို့က သိုင်းခန်းမရဲ့ ပထမ အဆင့် ကိုပဲ ဝင်ရောက် နိုင်ပြီး အမှိုက် သိုင်းနည်း စနစ် တချို့ကိုသာ ရွေးချယ် နိုင်လိမ့် မယ် ''
" ငါတို့ရဲ့ ဂိုဏ်းသား တံဆိပ်ကို ဘယ်လို မြှင့်တင် ရမလဲ....''
လီဝူယုက စိုးရိမ် တကြီး မေးလိုက်သည်။
'' ဂိုဏ်းရဲ့ အကျိုးစီးပွားကို ဆောင်ရွက် ပေးရုံ ပါပဲ၊ အလွယ်ကူ ဆုံးက မစ်ရှင်တွေ လက်ခံ ဆောင်ရွက် ပေးတာနဲ့တင် မြှင့်တင် နိုင်တယ်၊ ဝိညာဉ် ကျောက်စိမ်း တွေကိုလည်း ဒီနည်းနဲ့ ရရှိ နိုင်တယ်၊ ဒါက ပထမဆုံး ခြေလှမ်း ဖြစ်တာကြောင့်၊ မင်းတို့နှစ်ယောက် သွားရမဲ့ လမ်းက ဝေးသေးတယ်"
ရှင်းယန်က ပြုံးပြီး အားပေးသော အကြည့်ဖြင့် လှမ်းကြည့် လိုက်၏။
ဝိညာဉ်ကျောက်စိမ်း များသည် ဝိညာဉ် ကျောက်တုံး များမှ သန့်စင် ထားပြီး ကြယ်အလင်း များဖြင့် ဖြည့်စွက် ပေးထားခြင်း ဖြစ်သည်။
၎င်းမှာ မဟာချင်အင်ပါယာ သာမက တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခု လုံး၏ ဘုံငွေကြေး ဖြစ်သည်။
ယခုအချိန်တွင် လင်းယွန်နှင့် လီဝူယု တို့အတွက် ရမှတ်များ မရရှိထား သည်ကြောင့် ဝိညာဉ် ကျောက်စိမ်း များကို ရရှိရန် လွယ်ကူမည် မဟုတ်ပေ။
'' ဒါပေမယ့်၊ မင်းတို့ နှစ်ယောက်မှာ ရွေးချယ်ခွင့် မရှိဘူးလို့တော့ မထင်နဲ့၊ ဓားနန်းတော်မှာ ကောင်းကင်၊ မြေကြီးနဲ့ သေမျိုး အဆင့် ဆိုပြီး သတ်မှတ် ချက်တွေ ရှိတယ်၊ ... ”
“ ... အဲ့ဒီအဆင့် သတ်မှတ်ချက် တွေထဲမှာ မြင့်မြင့် မားမား ရပ်တည် ထားနိုင်ရင်လဲ ဂိုဏ်းသား တံဆိပ်ပြား တွေကို မြှင့်တင် နိုင်လိမ့်မယ်၊ အသေး စိတ်တော့ ငါ မပြောတော့ ပါဘူး၊ မင်းတို့ သိချင်ရင် နောက်မှ စုံစမ်း ကြည့်ကြပေါ့ ...''
ရှင်းယန်က နှုတ်ဆက်ကာ ချက်ချင်း ထွက်ခွာ သွားတော့သည်။
လီဝူယုက ရှင်ယန် နောက်ကျောကို အကြာကြီး ကြည့်ရှု နေခဲ့ပြီးနောက်၊ ပြန်လည် သတိဝင်လာကာ၊ လင်းယွန်ဘက် လှည့်ကြည့် လိုက်ပြီး၊
“အကိုကြီး၊ မင်း ဘယ်သွားမလဲ”
-ဟု မေးလိုက်သည်။
ဓားသင်္ချိုင်း တောအုပ်မှထွက်ခွာ ပြီးနောက်တွင် ဆေးတောင် တန်း၌ အပြစ်ပေးခံ ရကာ၊ ယခုမှပင် ဓားနန်းတော်၏ တရားဝင် တပည့် များအဖြစ် သတ်မှတ် ခံရလေသည်။
သူတို့က တခြားသူ များထက် တစ်လခန့် နောက်ကျ နေပြီ ဖြစ်ရာ၊ အရာရာ နိမ့်ကျ နေသည်။
လင်းယွန်က ပြန်မဖြေခင် အနည်းငယ် စဉ်းစား လိုက်ပြီး၊
'' ငါမသိဘူး၊ ဒါပေမယ့် ဆေးခန်းမနဲ့ အသင်္ချေ ဓားရင်ပြင်ကို သွားဖို့တော့ သေချာ ပါတယ်။"
" ပြီးရင် ငါတို့ရဲ့ ဂိုဏ်းသား တံဆိပ်ပြား တွေကို အဆင့်မြှင့်တင်ဖို့ စီမံရေးရာ ခန်းမကို သွားမယ်၊ လူသစ် တွေကြား ထဲမှာ သုည အဆင့်နဲ့ စတင် ရမှာက ရှက်စရာပါပဲ”
-ဟု လီဝူယုက ရှက်ရွံ့စွာ ရေရွတ် လိုက်၏။
***