ကျင့်ကြံခြင်း။
Vol. 15 Ch. 205
လမ်းမခွဲခင် အချင်းချင်း ခဏလောက် ဆွေးနွေး လိုက်ကြပြီး၊ လီဝူယုက ဂိုဏ်းသား တံဆိပ်ကို မြှင့်တင်ဖို့ အတွက် နည်းလမ်းများ ရှာဖွေ စုံစမ်းရန် တာဝန်ယူ ခဲ့သည်။
လင်းယွန်က ဆေးခန်းမနှင့် အသင်္ချေဓား ရင်ပြင်ကို စုံစမ်းရမည့် အပိုင်းအား ဦးတည် လိုခဲ့သည်။
သူတို့မခွဲခွာခင် နဂါးသွေးမြင်းကို သွားရောက်ခေါ်ယူရန် လီဝူယုကို သတိပေး လိုက်သည်။ သူတို့နှစ်ဦးသား ဓားငှက်ဖြင့် အလျင်အမြန်ထွက်ခွာ လာခဲ့သောကြောင့် နဂါးလေးကို မခေါ်လာမိခဲ့ကြပေ။
ပွင့်ပွင့်လင်းလင်း ဝန်ခံရပါက နဂါးသွေးမြင်း၏ လုံခြုံရေးအတွက် သိပ်စိတ် မပူချေ။ လီဝူယုနှင့် အချိန်အတော်ကြာ အတူ နေခဲ့ ပြီးနောက်၊ နဂါးသွေး မြင်းသည် ရယ်မောခြင်း အပြင် (အကျင့်ဆိုးများ) အထိန်း အကွပ်မဲ့သော သဘောထားကို သင်ယူ နိုင်ခဲ့ သည်။ လင်းယွန်က ၎င်းအစား ပြဿနာ ဖြစ်လာမည်ကိုသာ စိုးရိမ်နေမိခြင်း ဖြစ်သည်။
'' ဟဲဟဲ၊ စိတ်မပူပါနဲ့၊ မင်း မတောင်းဆို ရင်တောင် ငါလုပ်မှာပါ ''
လီဝူယုက သူ့ရင်ဘတ်ကို ပုတ်လိုက်ကာ ညစ်ထေးသော အမူအရာ များဖြင့် ရယ်ပြ လိုက်သည်။
" မင်းက ယုံကြည်စရာ တစ်စက်မှ မရှိတဲ့ ကောင်ပဲ... ''
လင်းယွန်က ပြုံးပြီး တောင်ပေါ်မှ ဆင်းသွား တော့သည်။
ဓားနန်းတော်အတွင်း သက်တမ်း တစ်ထောင်ကျော် ကြာညောင်းလှသော သစ်ပင်ကြီးများ နေရာအနှံ့ ရှင်သန်နေကြပြီး၊ မြင်ကွင်း များစွာဖြင့် ပြည့်နေခဲ့သည်။
ကြီးမားသော သစ်ပင်ကြီးများ အောက်တွင် အကြီးအကဲ များက သင်ခန်းစာများ ပို့ချ နေတက်ကြပြီး၊ နေရာတိုင်းတွင် တပည့် များစွာမှ သင်ယူ နေကြသည်ကို တွေ့မြင် နိုင်သည်။ ဂိုဏ်းအတွင်းရှိ လေထုမှာ နွေးထွေး လတ်ဆက် နေခဲ့၏။
သူ့အပေါ်ရှိ အပြစ်သား ဝတ်ရုံကို ချွတ်လိုက် ပြီး တပည့် ဝတ်စုံသို့ ပြောင်းလဲကာ လျှောက်လှမ်း လာမိသည်။ လမ်းတစ်လျှောက်ရှိ လူအချို့ သည်သာ တစ်ခါတစ်ရံ လွင်းယွန်ကို မော့ကြည့် လာတက်သည်။
အများအားဖြင့် ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် ဝမ်နင်မှာ မည်ကဲ့သို့ သတ်ဖြတ် ခံခဲ့ရသည်ကို လူအများက ဆွေးနွေး နေကြသည်ကိုပင် သူကြားနေရသည်။
ထိုမုန်တိုင်း၏ လွှမ်းမိုးမှုမှာ သေးငယ်သည် မဟုတ်ပေ၊ ၎င်းသည် လင်းယွန် နာမည်ကို ဓားနန်းတော်တွင် ထင်ရှားကျော်ကြားသူ တစ်ဦး အဖြစ်သို့ ချက်ချင်း ရောက်စေခဲ့သည်။
သူသွားလေရာ နေရာတိုင်းတွင် ယင်းအကြောင်း အရာ သည်သာ အာရုံ စူးစိုက်မှု၏ ဗဟိုချက် ဖြစ်နေတက်သည်။
" ဒီနေ့ ကျင့်ကြံမှု အကြောင်း ပြောမယ်"
ထိုစကားကို ကြားသောအခါတွင် ခေတ္တရပ်လိုက်ပြီး သူ့အကြည့်ကို စကားသံ ဆီသို့ ဦးတည် လိုက်သည်။
အိုမင်းနေသော သစ်ပင်ကြီးအောက်တွင် အဘိုးအို တစ်ဦးမှာ ထိုင်လျက်ဖြင့် မျက်ဖျာများ ပေါ်ရှိ တပည့်များစွာကို သင်ကြား နေဟန် တွေ့လိုက်ရ၏။ ထိုအကြောင်းအရာကို စိတ်ဝင်စားမိ သည်ကြောင့် နားထောင်ရန် ဆုံးဖြတ်ခဲ့သည်။
အဘိုးအိုက ချက်ချင်း စကားမစခဲ့ပေ။ ယင်းအစား၊ “ ကျင့်ကြံခြင်းရဲ့ အဓိပ္ပါယ်ကို ဘယ်သူ ပြောပြနိုင်မလဲ။ '' ဟု မေးခွန်း ထုတ်လိုက်သည်။
" ကျင့်ကြံခြင်းဆိုတာက ဝိညာဉ်စွမ်းအင် များနဲ့ ဆေးလုံးများကို စုပ်ယူသန့်စင်ပြီး၊ စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ ၊ ခန္ဓာကိုယ်ကိုအဆက်မပြတ် သန့်စင်ရန် ဖြစ်တယ် "
မေးခွန်းမှာ မခက်ခဲသည့် အတွက် တစ်စုံတစ်ယောက်က ချက်ချင်း ထရပ်ပြီး ယုံကြည်ချက် ရှိရှိဖြင့် ပြန်ဖြေလိုက်၏။
အပြုံးဖြင့် အဖိုးအိုက ထိုလူငယ်ကို ပြန်ထိုင်ရန် အချက်ပြပြီး “ဒါဆို ဝိညာဉ် စွမ်းအင်က ဘာလဲ” ဟု ထပ်မေး လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင် အဘိုးအို၏ မေးခွန်းမှာ လူတိုင်းကို လေးလေးနက်နက် စဉ်းစား သွားစေခဲ့သည်။
ဝိညာဉ်စွမ်းအင်ကို နေရာတိုင်းတွင် တွေ့မြင်နိုင် သော်လည်း ၎င်း၏ သိပ်သည်း ဆသည် မတူညီသော နေရာအလိုက် ကွဲပြားသည်။
လူသားတို့ ကျင့်ကြံသော အခါတွင် ဝိညာဉ်စွမ်းအင်များနှင့် အပြန်အလှန် ထိတွေ့နိုင်ကြသော်လည်း၊ ၎င်းစွမ်းအင်၏ တည်ရှိမှုကို အမှန်တကယ် မစဉ်းစားမိ ခဲ့ကြပေ။
လင်းယွန် ပင်လျှင် ထိုမေးခွန်းကို မတွေးတောပဲ မနေနိုင်ပေ။
'' ဝိညာဉ်စွမ်းအင်ကို ကောင်းကင်နဲ့ မြေကြီးကနေ ဖွားမြင်နိုင်တယ်၊ ကောင်းကင်နဲ့ မြေကြီးရှိမှ သာလျှင် သူတို့လည်း တည်ရှိနိုင်မယ်၊ ကဲ ဒါဆို ကောင်းကင်မှာ ဘာရှိလဲ.... ကြည့်ရအောင်၊ ....''
'' ကောင်းကင်မှာ ငါတို့ မရေမတွက်နိုင်တဲ့ ကြယ်တွေရှိတယ် မဟုတ်လား၊ အဲ့ဒီကြယ် တွေက အဆက်မပြတ် ပြောင်းလဲနေပြီး ရွေ့လျား နေတက်ကြတယ်၊ ဟုတ်ပြီ ဒါဆို နေနဲ့ လရဲ့ စွမ်းအင်တွေရော မရှိဖူးလား၊ ရှိတာပေါ့၊ ရိုးရိုးရှင်းရှင်း ပြောရရင် နေ၊ လ၊ ကြယ်တွေရဲ့ စွမ်းအင်တွေ အားလုံးကို ပေါင်းစပ်ပြီး ကြယ်စွမ်းအင်တွေလို့ ခေါ်ကြတယ်၊ ''
'' ဆိုလိုတာက ဝိညာဉ်စွမ်းအင်ကို စုပ်ယူသန့်စင် နေခြင်းက ကြယ်စွမ်းအင်ကို စုပ်ယူတာနဲ့ အတူတူပဲ၊ ဝိညာဉ်စွမ်းအင်မှာ နေ၊ လနဲ့ ကြယ် တို့ရဲ့ နှစ်သာရ တွေလည်း ပါဝင်နေတယ်၊ ... ”
“ .... ကြယ်စွမ်းအင်က ငါတို့ရဲ့ ပတ်ဝန်းကျင် နေရာ တိုင်းမှာ ရှိပြီး မြင်နေသမျှ အရာဝတ္ထုတွေ ထဲမှာ ကြယ်စွမ်းအင်တွေ ရှိနေတယ်၊ အတိ အကျ ပြောရလျှင် ကျင့်ကြံခြင်းလမ်းမှာ ကြယ်စွမ်းအင်ကို နားလည် သဘော ပေါက်အောင် လုပ်ယူရတာပဲ ''
ဟု အဘိုးအိုက ရှင်းပြသည်။ သူ၏ ရှင်းလင်းချက်သည် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လူတိုင်းကို ကျယ်ပြန့်သော အမြင်များ ရုတ်တရက် ရရှိသွားစေခဲ့သည်။
လင်းယွန်ပင်လျှင် ရုတ်တရက် ထိုးထွင်း သိမြင်မှုကို ခံစားလိုက်ရ၏၊ ဤအခိုက်တွင်၊ ဓားနန်းတော်၏ အကြီးအကဲများမှာ ထင်သရွေ့ မရိုးရှင်းလှကြောင်း သိလိုက်မိသည်။
'' ဒါက ကျင့်ကြံခြင်းရဲ့ အဆုံးစွန်သော လမ်းစဉ်ပဲ၊ နေ့ချင်းညချင်း လုပ်ယူလို့ မရဘူး၊ အခု ငါတို့ ဘယ်လို ကျင့်ကြံရမလဲဆိုတာ ပြောကြည့်ရအောင်၊ ''
'' ...... ငါတို့ရဲ့ ရုပ်ခန္ဓာက ကြယ်စွမ်းအင်တွေ အတွက် သိုလှောင်ခန်းအဖြစ် လုပ်ဆောင်ပေးပြီး၊ ဒီသိုလှောင်ခန်းကပဲ၊ အကန့်အသတ်မရှိ အလား အလာနဲ့ ပြည့်နေ ပြန်တယ်၊ သိုလှောင်ခန်းက ဘယ်အဆင့် အထိ ရောက်ရှိ နိုင်မယ် ဆိုတာကိုတော့ ...၊ ဘယ်သူကမှ မသိဘူး၊ ...”
“ ... အခြေခံတည်ဆောက်ခြင်း နယ်မြေက ငါတို့ရဲ့ ပထမဆုံး ထိတွေ့တဲ့ နယ်မြေ ဖြစ်ပြီး၊ ဟောင်ရှင်းနယ်မြေ လို့လည်း ခေါ်ကြတယ်၊ ဒါက ငါတို့ရဲ့ ရုပ်ခန္ဓာကို ပြုပြင်ရတဲ့ လုပ်ငန်း စဉ်ပဲ .... ''
" ငါတို့က ရှန်ရှင်း နယ်ပယ်ကို ရောက်တဲ့ အခါ ဒွါရ ခွန်နှစ်ပေါက်မှာ ရှိတဲ့ အလားအလာ တွေကို တဖြည်းဖြည်း ဖော်ထုတ်ကြရမယ်၊ တနည်း အားဖြင့် အညစ်အကြေးတွေကို သန့်စင် ဖယ်ထုတ်ရတာပဲ...''
'' ရှန်ရှင်းနယ်မြေက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းရဲ့အဆုံးသတ်လို့ လူအများက ယူဆကြ ပေမယ့် ဒါဟာ မမှန်ပါဘူး၊ လေးနက်သော သွေးပြန်ကြော တွေကို တည်ဆောက်ပြီး၊ ... ”
“... ငါတို့ရဲ့ ရုပ်ခန္ဓာကို အဆင့်သစ် တစ်ခုထိ ယူဆောင် ပေးနိုင်တယ်၊ နက်နဲ သိုင်းနယ်ပယ်ရဲ့ အဆင့်ဆယ်ဆင့်မှာ၊ နက်နဲ သွေးပြန်ကြော ဆယ်ကြောကို ဖွဲ့စည်းပေးရမယ်၊ ...”
“... နက်နဲသွေးပြန်ကြော တစ်ကြောစီမှာ၊ ငါတို့ရဲ့ ခြေလက်များ၊ အရိုးများနဲ့ အတွင်းအင်္ဂါ တွေကို ချိတ်ဆက်ပေးတဲ့ အပ်စိုက် မှတ်ပေါင်း ရာနှင့်ချီ ပါရှိတယ်၊ နက်နဲသွေးကြော တိုင်းက ရှန်ရှင်း နယ်ပယ်တုန်းက ရရှိထားတဲ့ စွမ်းအားတွေကို ပိုမို သိပ်သည်းလာစေဖို့ပဲ ''
'' ဥပမာ၊ ပထမ သွေးကြောက မျက်လုံးကို ပိုအားကောင်းစေတယ်၊ ပထမသွေးကြောကို ဖွဲ့စည်းနိုင်တာနဲ့ မင်းရဲ့ မျက်လုံးထဲမှာ ကမ္ဘာကြီးက ပိုရှင်းလာလိမ့်မယ်၊ ...”
“ ... တစ်ချိန်တည်းမှာပဲ မင်း အသုံးပြုခဲ့တဲ့ ဓားနည်းစနစ်တွေက ချို့ယွင်းချက်တွေနဲ့ ပြည့်နှက် သွားတာကို မြင်ရလိမ့်မယ်၊ နောက်ဥပမာ တစ်ခု သုံးကြည့် ရအောင်၊ ပါးစပ်ပေါက် .....၊ သူနဲ့ သက်ဆိုင်တဲ့ နက်နဲ သွေးကြောကို ဖွဲ့စည်းပြီးရင် လူတွေရဲ့ ဝိညာဉ်နဲ့ သူတို့သွေး အဆီအနှစ်ကို ဝါးမြိုသွား နိုင်တယ်။ ''
အဘိုးအို၏ စကားကြောင့် လူအုပ်ကြီးမှာ အကြီးအကျယ် တုန်လှုပ် အံ့ဩသွားကြသည်။
အဘိုးအိုက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆက်ပြော လိုက်၏။
'' ... ဒါက ဖြစ်နိုင်ချေတွေ ပဲလေ၊ မင်းရဲ့သိုင်းနည်းစနစ်တွေနဲ့ ကျင့်ကြံမှု နည်းစနစ် တွေကို ပေါင်းစပ်နိုင်တဲ့ စွမ်းရည် ရှိမှသာ မင်းက ရရှိနိုင်မှာပါ၊ အရည်အချင်း ပြည့်မီတယ်ဆိုရင် သူတို့ကို မင်းကိုယ်တိုင် နားလည် နိုင်ပါတယ်၊ အခု ငါတို့ နက်နဲ သိုင်းနယ်ပယ်ရဲ့ အထက်ဘုံကို သွားကြရအောင် "
လူအုပ်ကြီးက ချက်ချင်းပင် စိတ်ဝင်စားလာ ခဲ့သည်။ ဤကမ္ဘာကြီးတွင် အားကြီးသူများ ကိုသာ လေးစားခံရ နိုင်ပေမည်။ ထို့ကြောင့် သူတို့ လက်လှမ်းမမီနိုင်သော နယ်ပယ်များ အကြောင်းကို ပို၍ စိတ်ဝင်စား တက်ကြသည်မှာ သဘာဝပင်။
'' ဆယ်ခုမြောက် နက်နဲသွေးပြန်ကြောကို ဖွဲ့စည်းပြီးတဲ့နောက်၊ ခရမ်းရောင် နန်းတော် တစ်ခုကို တည်ထောင်ရန် အတွက် မူလ စွမ်းအင်ကို အရည်အဖြစ် ပြောင်းလဲ ပြစ်ရ လိမ့်မယ်၊ ဒါကို ခရမ်းရောင်နန်းတော် နယ်မြေလို့ခေါ်ကြတယ်၊ ''
အဘိုးအိုက ရုတ်တရက် သူ့လက်ကို ဆန့်တန်းကာ ကြွေကျနေသော သစ်ရွက် တစ်ရွက်ကို လက်နှစ်ချောင်းဖြင့် ညှပ်ယူ လိုက်သည်။
သူ့လက်ချောင်းများကို အနည်းငယ် လွှဲယမ်းလိုက်ရုံဖြင့်၊ သစ်ရွက်မှာ လွင်းထွက်သွားပြီး ဆယ်မိုင်အကွာရှိ ကျောက်တုံးကြီးကို ဖျက်ဆီး ပစ်လိုက်တော့သည်။
ထိုမြင်ကွင်းမှာ လူတိုင်းကို ထိတ်လန့် သွားစေသည်။ သစ်ရွက်က သည်မျှ အကွာ အဝေးကို ဖြတ်သန်းပြီးနောက် အစွမ်းထက် နေလိမ့်မည်ဟု မမျှော်လင့် ထားမိချေ။
သဘာဝအားဖြင့် လေဟာနယ်ကို ဖြတ်သန်းပြီးနောက် ဝိညာဉ်စွမ်းအင်များမှာ တဖြည်းဖြည်း အားနည်းသွားရမည့် ဖြစ်ရာ၊ ယင်းကျောက်တုံး ကြီးကို ဖြိုခွဲနိုင်မည် မဟုတ်ပေ။
ဤမြင်ကွင်းသည် လင်းယွန်အား မျက်ခုံးပင့်သွားစေ၏။ အဘိုးအိုက မည်သည့် ဓားနည်းစနစ်ကိုမျှ အသုံးပြုထားခြင်း မရှိကြောင်း သတိပြုမိကာ သစ်ရွက်ပေါ်ရှိ ဓားအလင်းများကို နားမလည်နိုင်ခဲ့ပေ။
'' ဒါက ခရမ်းရောင်နန်းတော် နယ်မြေပဲ၊ မူလစွမ်းအင်ကို အရည်ဖျော် ပြီးတဲ့နောက်၊ မင်းတို့ရလာနိုင်မယ့် စွမ်းအားမျိုးပဲ.... မူလစွမ်းအင် တစ်ဝက်နဲ့ ဆယ်မိုင်အကွာက ရန်သူကို အလွယ်တကူ သတ်နိုင်တယ် ''
ဟု အဘိုးအိုက ဆိုသည်။
" ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ "
အားလုံးက အံ့သြ ထိတ်လန့်သော မျှော်လင့်ချက် များဖြင့်၊ ချီးမွမ်းသံများ ပြည့်နှက် လာခဲ့သည်။
သို့သော် ခရမ်းရောင်နန်းတော် နယ်မြေသည် လင်းယွန်၏ လက်လှမ်းမမီသော နေရာတွင် ရှိကာ၊ ဝေးလွန်းနေသေးပေသည်။
သူ့မူလစွမ်းအင်ကို အရည်ပျော်အောင် မကြိုးစားခင် လေးနက်သော သွေးပြန်ကြော ဆယ်ကြောကို ဖွဲ့စည်းရန် အချိန်မည်မျှ ကြာနိုင်မည်ကို သူမသိခဲ့ပေ။
ဤနေရာရှိ တပည့်များ အားလုံးတွင်ပင်၊ ၎င်းတို့အနက်မှ (၁၀%)လောက်သာ ခရမ်းရောင် နန်းတော် နယ်မြေသို့ ရောက်ရှိရန် အခွင့် အလမ်း ရှိပေမည်။
" အကြီးအကဲ၊ ခရမ်းရောင်နန်းတော် နယ်မြေရဲ့ အထက်မှာ ဘာရှိလဲ"
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ကောင်းကင်ဝိညာဉ်နယ်မြေပဲ ဖြစ်လိမ့်မယ်၊ မဟာချင် အင်ပါယာမှာ အဲဒီ အဆင့်ထိ ရောက်နိုင်တဲ့ သူတိုင်းက ကြောက်စရာ ကောင်းတဲ့ တည်ရှိမှု မျိုးပဲ၊ မင်းက ကောင်းကင်ဝိညာဉ် နယ်မြေကို ရောက်နိုင်ရင် မဟာချင် အင်ပါယာရဲ့ အထွတ် အထိပ်မှာ ရပ်တည် နေလိမ့်မယ် "
ဟု အဖိုးအိုက ပြန်ဖြေသည်။ သူက ရှုပ်ထွေးသော အမူအရာကို ထုတ်ဖော် ပြသလိုက်ပြီး၊
'' ဒါပေမယ့် ငါတို့ရဲ့ အင်ပါယာ အတွင်းမှာ ကောင်းကင်ဝိညာဉ် နယ်မြေက စွမ်းအား ရှင်တွေ ရှိသလားတော့ ငါ မသိပါဘူး ''
ဟု ဆက်ပြောသည်။
" ဓားနန်းတော် သခင်က ကောင်းကင်ဘုံ ဝိညာဉ် နယ်မြေ ထဲမှာ မဟုတ်ဖူးလား "
အဘိုးအိုက ပြုံးပြီး ထိုမေးခွန်းကို ပြန်မဖြေပေ။ တပည့်များ သည်လည်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ မည်သို့ ကိုယ်စားပြု သည်ကို မသိခဲ့ ကြသည်ရာ၊ ရှင်းလင်းစွာ သိမြင်ခြင်း မရှိခဲ့ကြချေ။
ကောင်းကင်ဝိညဉ် နယ်မြေရှိ ကျင့်ကြံသူ တစ်ယောက်သည် အင်ပါယာ ကပင် ဦးညွှတ်ရသော တည်ရှိမှုမျိုးပင် ဖြစ်သည်။
နန်းတော်သခင်မှာ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ သွားခြင်း ရှိ၊ မရှိ မသေချာ ခဲ့ပေ။ အခြားသော ဂိုဏ်းကြီး သုံးဂိုဏ်းနှင့်၊ အင်ပါယာ နယ်နိမိတ်ဖြင့် ထိစပ်နေသော နယ်မြေ များတွင်၊ လွန်ခဲ့သော ဆယ်စုနှစ် ငါးစု အတွင်း၊ ကောင်းကင်ဝိညာဉ် နယ်မြေသို့ ခြေချ နိုင်သော ကျင့်ကြံသူ၊ တစ်ယောက်မျှ မရှိသည် ဖြစ်ရာ၊ ၎င်းနယ်မြေသို့ ရောက်ဖို့ရန် လွယ်ကူမည် မဟုတ်။
လင်းယန်က ထိုစကားကို ကြားသော အခါတွင် သူ့အမူအရာမှာ ပို၍ ဆိုးရွား သွားခဲ့သည်။
ခရမ်းရောင်နန်းတော်နှင့် ကောင်းကင် ဝိညာဉ် နယ်ပယ်… ။
နက်နဲသိုင်းနယ်ပယ်၏ ပထမအဆင့် တွင်သာ ရှိနေသော လင်းယွန်အတွက် နက်နဲသိုင်းနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ ဝမ်ယန်နှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပေ။
" ငါ အရင်းအမြစ်တွေ ပိုလိုတယ်။"
လင်းယွန်၏ မျက်လုံးများ တောက်ပလာသည်။ အိုင်းရစ်ဓားသုတ္တန်နှင့် ရှေးဦးကျမ်း အတွက် အရင်းအမြစ်များ လိုအပ်ပေသည်။
အရင်းမြစ်များ မရှိပါလျှင် ကျင့်ကြံမှုမှာ တိုးတက်မှု ရှိလာမည် မဟုတ်နိုင်။ ကံကောင်း ထောက်မ စွာဖြင့်၊ ဓားနန်းတော်တွင် အရင်း အမြစ်များ ရှာဖွေရန် အခွင့်အရေး ရှိနေခဲ့သည်။
'' ငါရလာတဲ့ ရှေးဦးကျမ်းက အသုံးဝင် မယ်လို့ မျှော်လင့်ကြ ပါစို့၊ မဟုတ်ရင် ငါဘယ် ကနေ အရင်းအမြစ်တွေ ရှာရမှန်း မသိတော့ဘူး…''
ဆုံးဖြတ်ချက်ချပြီးနောက် ဆေးခန်းမသို့ အမြန် ဦးတည် လိုက်သည်။
ရှေးဦးကျမ်း၏ အကူ အညီဖြင့် အသက် စွမ်းအင်ကို ရေးထွင်းနိုင်ရုံ သာမက၊ ၎င်းတို့ကို ပေါင်းစပ်ခြင်းဆိုင်ရာ ဝိညာဉ်စွမ်းအင် ရူရ် များစွာကိုလည်း ရေးထွင်းနိုင်ခဲ့သည်။
ဝိညာဉ်စွမ်အင် ပါရှိသော ရူရ် များကို ဆုပ်ကိုင်ထားခြင်းဖြင့် အရင်းအမြစ်များ ရှာဖွေရာ၌ အကြီးမားဆုံး အကူအညီ ဖြစ်လာ နိုင်ပေမည်။
သို့သော် တခြားသော ဝိညာဉ်ရူရ်သခင် များနှင့် နှိုင်းယှဉ်ရာ၌ သူ့တွင် အားသာချက် ရှိမရှိ မသိနိုင်ချေ။ မကြာသေးမီကမှ စ၍ ရူရ်များကို စတင် လေ့ကျင့်ခဲ့ခြင်း ဖြစ်သဖြင့် ယုံကြည်မှု သိပ်မရှိခဲ့ပေ။
နာရီဝက်အကြာတွင် ခမ်းနားထည်ဝါသော ခန်းမတစ်ခု ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဆေးခန်းမသည် ဓားနန်းတော်၏ အကြွယ်ဝဆုံး ခန်းမ ဖြစ်သည်။ သူတို့၏ ဝင်ငွေလမ်းကြောင်းများကို ထုတ်ဖော်ပြသချင်း မရှိသော်လည်း၊ ၎င်းတို့လက်အောက်ရှိ ဆေးစိုက်ခင်းများ ဖြင့်ပင် မည်မျှ ဝင်ငွေကောင်း မည်ကို ခန့်မှန်းနိုင်ပေမည်။
----------- ။ ----------
( ကြယ်စွမ်းအင်မှာ ကာဗွန်(14)နှင့် သဘာဝ အားဖြင့် ဆင်တူပုံရသည်။ ကာဗွန်(၁၄)မှာ ကမ္ဘာဦး ဒြပ်စင် ဖြစ်ပြီး၊ ဒြပ်စင်တိုင်း၏ မူလ အစ ဖြစ်သည်။
ကမ္ဘာကြီးတွင် တစ်စုံတစ်ရာ ဖြစ်တည် လာသည့် အချိန်မှ စ၍ သေဆုံးချိန်အထိ၊ ကာဗွန်(၁၄)မှာ လှည့်ပတ်နေတက် ပေသည်။
သို့သော် ၎င်းသည် အာကာသအတွင်း၌ ရှိ မရှိ မသိချေ။ ကမ္ဘာကြီးအပါအဝင် အရာ ဝတ္ထုတိုင်း၏ သက်တမ်းကို တွက်ချက်လိုပါက ၎င်းအရာဝတ္ထုပေါ်ရှိ ကာဗွန်(၁၄)ကို ဓာတ်ခွဲ စမ်းသပ်ရခြင်း ဖြစ်သည်။
Carbon(14)- The Scientist of a time.
အာကာသ အတွင်းတွင် နျူထွီနို အက်တမ်ဟု ခေါ်သော တစ္ဆေအမှုန် များလည်း ရှိပေရာ၊ ကြယ်စွမ်းအင်သည် ကာဗွန်(၁၄) ဖြစ်နိုင် မည်လော၊ နျူထွီနို အမှုန်များ ဖြစ်နိုင် မည်လော မခွဲခြား နိုင်တော့ပေ။
ဤကား ကြယ်စွမ်းအင် အပေါ် အယူအဆ မျှသာ ဖြစ်ပြီး၊ စာဖတ်သူအား ရှုပ်ထွေး သွားစေပါက တောင်းပန်အပ် ပါသည်။
နျူထွီနို သို့မဟုတ် တစ္ဆေ အမှုန်များ။ )
***