ဆေးခန်းမ။
Vol. 15 Ch. 206
ကောင်းကင်ဘုံဓားနန်းတော်ရှိ အဓိက ခန်းမကြီး လေးခန်းမှာ ဂိုဏ်း၏ လည်ပတ်မှု များကို ထိန်းသိမ်းရသော ခန်းမများ ဖြစ်ပြီး သူတို့ထဲရှိ ဆေးခန်းမသည် အရေးပါသော ခန်းမတစ်ခု ဖြစ်လေသည်။
ကျင့်ကြံသူများအတွက် ဆေးလုံးများကို မရှိမဖြစ် လိုအပ် လှပေသည်။ သိုင်းနည်းစနစ် များနှင့် ရှေးဟောင်း လက်နက်များ ကဲ့သို့ မဟုတ်ပဲ၊ နေ့စဉ် လိုအပ်သော အရာတစ်ခု ဖြစ်သည်။
ဤအရာသည် လင်းယွန်အတွက် ခြွင်းချက်မဟုတ်ပေ။ ယခုအချိန်တွင် ဓားသုတ္တန်နှင့် ရှေးဦကျမ်း တို့ကို လေ့ကျင့်ရန် အရင်း အမြစ်များ လိုအပ်ပေသည်။
ဆေးခန်းမသည် ဓားနန်းတော်တွင် အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ဆေးပညာရှင် တိုင်းမှာ လေးစားထိုက်သော အနေအထား၌ ရှိသည်။
အနာဂတ်တွင် ဆေးခန်းမနှင့် ဆက်ဆံရန် ရည်ရွယ်ချက် မရှိသော်လည်း၊ ၎င်းတို့အား စော်ကားလောက်အောင် မိုက်မဲနေမည် မဟုတ်ပေ။
ဓားနန်းတော်တစ်ခုလုံးတွင်၊ ခန်းမသခင်များ ကစ တပည့်များ အထိ လူတိုင်းမှာ ဆေးခန်းမဖြင့် ထိတွေ့ ဆက်ဆံ ရပေမည်။
ဆေးခန်းမ လက်အောက်တွင် ဆေးသန့်စင်ခြင်း ခန်းမ၊ ဝိညာဉ် မီးတောက် ခန်းမ၊ ဝိညာဉ်ရူရ် ခန်းမနှင့် အခြားများ စွာသော ခန်းမ ခွဲများ ထားရှိပေသည်။
လင်းယွန်က သူ့ကံကြမ္မာကို စမ်းကြည့် ချင်ပြီး ဤနေရာတွင် အဂ္ဂိရတ်ပညာ ရှင်ကို ရှာတွေ့နိုင် မည်လား သူမသိပေ။
မြင့်မြတ်သော ခရမ်းရောင်ရေခဲ မီးတောက်ကို ပိုင်ဆိုင် ထားပြီး ဝိညာဉ်ရူရ် များစွာ ကိုပင် ဆုပ်ကိုင်ထားနိုင် ခဲ့ပြီးနောက် အဂ္ဂိရတ် ပညာကို သင်ယူနိုင် ပါလျှင် သေချာပေါက် ကံကောင်း နိုင်မည်ဖြစ်သည်။
"မင်းရဲ့ ဂိုဏ်းသား တံဆိပ်ကို ကြည့်ရအောင်"
ဆေးခန်းမ အပြင်ဘက်တွင် ရပ်နေသော အစောင့်တစ်ယောက်က လင်းယွန်ကို ဟန့်တား လိုက်သည်။
'' ရပြီ .... ဟိုမှာစောင့်။"
အစောင့်က လင်းယွန်အား သူ၏ တံဆိပ် ပြားကို ကြည့်ပြီးနောက် ညွှန်ပြ လိုက်သည်။
" .... ငါဘာလို့ အဲ့ဒီမှာ သွားရပ်ရမှာလဲ ''
" ဘာလို့လဲ ဟုတ်လား ..... သုညအဆင့် ဂိုဏ်းသားတံဆိပ်ပြား သာရှိတဲ့ မင်းလို တပည့်သစ် တစ်ယောက်က ဘာအတွက် ဒီကို လာရမှာလဲ၊ ဆရာ သခင်ကို ရှာဖို့ပဲ မဟုတ်လား၊ ဟိုးမှာ သွားစောင့်နေ၊ မင်းလို လူတွေ အများ ကြီးကို ငါတွေ့ဖူးတယ်''
-ဟု အစောင့်က စိတ်မရှည်စွာ ပြောလာ သည်။
အစောင့်၏ စကားများကို မည်သို့ ပြန်ချေပ ရမည်ကို မသိခဲ့ပေ။ အစောင့်ညွှန်ပြသော နေရာတွင် အနည်းဆုံး လူတစ်ထောင်ကျော် ရှိပြီး လူသစ်တွေ အပြင် စီနီယာ တပည့် များလည်း ပါရှိနေသည်။
လင်းယွင်၏ နဖူးမှာ ချက်ချင်းပင် တွန့်ခေါက်သွား၏။ ဤမျှ များပြားလှသော လူအုပ်ကြီးကြောင့် ဆေးခန်းမ အစောင့်မှာ စိတ်မရှည် တော့သည့် အကြောင်းရင်း ဖြစ်ရ ပေမည်။
" လင်း ယွန် ....."
တန်းစီနေသော လူအုပ်ကို ဖြတ်ကျော် သွားနေစဉ် တစ်စုံတစ်ယောက်က သူ့ကို လှမ်းအော်ခေါ် လာလေသည်။
လင်းယွန်က လှည့်ကြည့်လိုက်သည်နှင့် ဟွမ်ဖူဂျင်းရှန်ကို လူတန်းရှည်ကြီး ကြားထဲတွင် တန်းစီနေသည်ကို တွေ့လိုက်ရ၏။
လင်းယွန် အနေဖြင့် ဟွမ်ဖူဂျင်းရှန်ကို ဆေးခန်း မတွင် ဆုံရလိမ့်မည်ဟု မမျှော်လင့် ထားပေ။ သူ့က လင်းယွန်ကိုပင် နှုတ်ဆက်ဝံ့ ပေသည်။
သို့သော် လင်းယွန်က ခေတ္တမျှ တုံ့ဆိုင်း သွားခဲ့၏။
ဟွမ်ဖူဂျင်းရှန်က လင်းယွန်ကို တွေ့လိုက်ရ သည်နှင့် အံ့အားသင့် သွားသည်။ လင်းယွန်သည် ဆေးတောင် တန်း၌ သုံးလကြာ အပြစ်ပေး ခံခဲ့ရသည် မဟုတ်ပါလော။
ထိုသို့ဆိုပါက လင်းယွန်မှာ ဤနေရာသို့ မည်သည့်နည်းဖြင့်၊ ရောက်ရှိ လာနိုင်မည်နည်း။
သို့သော် နောက်ထပ် အတွေးတစ်စက သူ သိလို စိတ်ကို ပြန်ဖြေ ပေးလာခဲ့သည်။ လင်းယွန် ကဲ့သို့သော နတ်ဆိုး တစ်ပါးကို သုံးလကြာ ပိတ်လှောင် ထားချင်းမှာ မိုက်မဲသော လုပ်ရပ်သာ ဖြစ်ပေမည်။
'' ကောင်းကင်လွင်ပြင်ထဲမှာ ဖြစ်ပျက် သွားတာတွေ အတွက် ငါ တောင်းပန်ပါတယ်''
ဝွမ်ဖူဂျင်းရှန်က လင်းယွန်စကား မပြောမီလက်ဝှေ့ယမ်းကာ၊ တောင်းပန် လိုက်၏။
တည်ငြိမ်သော အပြုံးဖြင့် လင်းယွန်က၊
'' အဆင်ပြေပါတယ်၊ အဲဒီတုန်းက အဖြစ်အပျက်တွေ အတွက် မင်းကို ငါ လက်စားချေ ပြီးပြီပဲ၊ ဒါပေမယ့် မင်း အဆင် မပြေရင် ငါ့ကို လာရှာလို့ ရပါတယ်၊ ဒါကို လုပ်ရင်တော့ ငါမင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
လင်းယွင်ပြောသော စကားကို အခြားသော တစ်စုံတစ်ယောက် သည်သာ ကြားပါလျှင် မောက်မာ လွန်းသည်ဟု သေချာပေါက် ထင်ပေလိမ့်မည်။
သို့သော် ဟွမ်ဖူဂျင်းရှန်ကမူ လင်းယွန်သည် ရိုးရှင်းသော ပင်ကိုယ် စရိုက်ကို သိရှိထားပြီး ဖြစ်ရာ လက်သီးပုန်း ထိုးခြင်းမှာ လင်းယွန်၏ ပုံစံ မဟုတ်ကြောင်း သိသည်။
ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် သူ့ကို သတ်နိုင်စွမ်း ရှိသော်လည်း ရှင်သန်ခွင့် ပေးခဲ့သည်။ လင်းယွန်ကို မိတ်ဆွေ အဖြစ် ထားရှိခြင်းမှာ ရန်သူအဖြစ် ထားရှိ ခြင်းထက် ပိုကောင်းပေမည်။
'' အဲဒါကို စိတ်မပူပါနဲ့၊ ငါ့ရဲ့ ပြည်နယ် တံဆိပ်ကို ကြည့်ရင် ငါက အထက်တန်းစား ပြည်နယ်ကို၊ မ၀င်ခဲ့ဖူး ဆိုတာ မင်းသိနိုင် ပါတယ်။"
ဟွမ်ဖူဂျင်းရှန်က သူ့ရင်ဘတ်ပေါ်ရှိ တံဆိပ်ကို ညွှန်ပြပြီး၊
'' ဒါပေမယ့် မင်းသတိထားရမယ်၊ မင်းထွက် လာပြီ ဆိုတာ သိရင် ဝမ်ယန်က မင်းကို သေချာပေါက် အရေး ယူလိမ့်မယ်၊ အထက်တန်းစား ပြည်နယ်က အဖွဲ့ဝင် အကုန်လုံးကို ပြန်လည် ခေါ်နေ တယ်လို့ ကြားမိတယ်....''
"ကျေးဇူး တင်ပါတယ်"
လင်းယွန်က ပြန်ဖြေလိုက်၏။
'' မင်းငါ့ကို ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ဒါနဲ့ မင်း ဘာလို့ ဆေးခန်းမကို ရောက်နေ ရတာလဲ၊ ဆေးအလုပ်သင် တစ်ယောက်ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး ''
ဟုဆိုကာ၊ လင်းယွန်ကို နားမလည်နိုင်သော မျက်ဝန်း များဖြင့် ကြည့်လာ၏။
"ဘာဖြစ်လို့လဲ... ဒီကိစ္စရဲ့နောက်ကွယ်မှာ တစ်ခုခုရှိ နေသလား"
လင်းယွန်၏ မျက်လုံး များတွင် ရှုပ်ထွေးသော အမူ အရာ များဖြင့် လူအုပ် ကြီးကို ဝေ့ကြည့် လိုက်သည်။
'' မဟုတ်ပါဖူး၊ ဒီမှာရှိနေတဲ့ သူတွေက ကျောထောက် နောက်ခံ မရှိကြဘူး၊ ဆေးပညာကို သင်ယူဖို့က ကျင့်ကြံ ရခြင်းထက် ပိုခက်ခဲတယ်၊ မှော်ဆေးပညာရှင် တစ်ယောက် ဖြစ်လာဖို့ ဆိုရင် ဝိညာဉ် ရူရ်တွေ ကိုတောင် ဆုပ်ကိုင် ထားဖို့ လိုတယ် မဟုတ်လား "
ဟွမ်ဖူဂျင်းရှန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်သည်။
'' အလုပ်သင်တစ်ယောက် ဖြစ်ဖို့ထက် အခြားသော အလုပ်တွေကို ကိုင်တွယ်ဖို့က ပိုလွယ်ကူ ပါတယ်၊ အမှန်တော့၊ လူတိုင်းမှာ မှော်ဆေး ဆရာဖြစ်ဖို့ အရည်အချင်းနဲ့ စိတ်ရှည် သည်းခံနိုင်မှုက မရှိကြပါဘူး။ ''
ဟွမ်ဖူဂျင်းရှန် ရှင်းပြသည်ကို လင်းယွန်က နားလည် သွားသည်။
"ဒါဆို ဘာလို့ ဒီမှာ လူတွေ အများကြီး ရှိနေတာလဲ "
'' အဲဒါက မင်းမှာ မှော်ဆေးပညာရှင် ဖြစ်ဖို့ အရည် အချင်း ရှိတယ် ဆိုရင်၊ ဒါက မင်းအတွက် အခွင့် အရေး တစ်ခုပဲလေ... ''
ရုတ်တရက်ပင် နှစ်ယောက်သား စကား စမြည် ပြောနေကြစဉ် ပတ်ဝန်းကျင်၌ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား သွားသည်ကြောင့် စကားကို ရပ်ကာ၊ သူတို့၏ အာရုံစိုက်မှုကို ပြောင်းလိုက် ကြသည်။
ခပ်လှမ်းလှမ်း ဆီမှ အမျိုး သမီး နှစ်ယောက် သူတို့ ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာ သည်ကို တွေ့လိုက်ရ၏။
'' လျူယွီ.... ''
ဤနေရာတွင် လျူယွီကို ပြန်တွေ့ရ လိမ့်မည်ဟု မမျှော်လင့် ထားသောကြောင့် ခဏတာ အံ့အားသင့် သွားသည်။
ဆေးတောင်တန်းမှထက်ခွာပြီး နေ့ဝက် အတွင်း လျူယွီက အဝတ်အစား များနှင့် မိတ်ကပ် များကို ပြောင်းလဲ ထားခဲ့သည်။
သူမ၏ တင်ပါးပေါ်ရှိ ဒဏ်ရာများကို ဝတ်စုံ အသစ်ဖြင့် ဖုံးအုပ် ထားသော်လည်း၊ လမ်းလျှောက် လာပုံ ကိုမူ မဖုံးကွယ် ထားနိုင်ပေ။
( "ဓားကျွန် " )
လျူယွီက လင်းယွန်ကို တွေ့သည်နှင့် အံကြိတ်လိုက်ပြီး၊ ကုတ်ဖဲ့ရိုက်ပုတ် ချင်စိတ်ကို ထိန်းချုပ်လိုက်၏။
'' ဒီမှာ မင်း ဘယ်လို နောက်ခံမျိုး ရှိခဲ့လဲလို့ ငါ သိချင်နေခဲ့တာ၊ ဒီတော့ မင်းက ဖက်ခွက်စား တစ်ယောက်လို ပါပဲလား၊ မင်းရဲ့ စီနီယာ အစ်မ ရှင်းယန်က အကူအညီ မပေးဖူးလား။"
လမ်းခွဲပြီးကတည်းက လျူယွီက လင်းယွန် အကြောင်းကို စုံစမ်းခဲ့ရာ၊ ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် ဝမ်နင်ကို မည်သို့ သတ်ဖြတ် ခဲ့သည်ကို သိရှိလာ ခဲ့သည်။
လင်းယွန်ကြောင့် ရရှိသော ဒဏ်ရာများ အတွက် ကုသရန် ဆေးခန်းမသို့ ရောက်လာခြင်း ဖြစ်ရာ၊ ဤနေရာတွင် လင်းယွန်အား တွေ့လိမ့် မည်ဟု မမျှော်လင့် ခဲ့ပေ။
လျူယွီက ရှင်းယန်အား ပုတ်ခတ် ပြောဆို လာသည်ကြောင့် ချက်ချင်းပင် ဒေါသ ထွက်သွား ၏။
'' မင်းပါးစပ်ကို ပိတ်ထားပါ၊ စောစောက ပေးခဲ့တဲ့ ကြိမ်ဒဏ် သုံးချက်ကို မေ့သွားပြီလား ”
" ရဲတင်း လိုက်တာ.... "
လျူယွီ၏ မျက်နှာမှာ ပြောင်းလဲသွားကာ၊ လင်းယွန်ကို ကြည့်သော အခါတွင် သတ်ဖြတ် လိုသော ဆန္ဒများ ကိုပင် ပြသလာ ခဲ့သည်။
ဘဝ တစ်လျှောက် လုံးတွင် ရတနာ တစ်ပါး ကဲ့သို့ တန်ဖိုးထား ရှင်သန်ခဲ့ ရသည် ဖြစ်ရာ၊ လင်းယွန်၏ ရိုက်ချက် သုံးချက်မှာ မည်မျှ နာကျင်ဖွယ် ကောင်းလှ သည်ကို တွေးကြည့် လိုက်မိ သည်နှင့် တင်ပါး ဆီမှ နာကျင်မှုများ စိမ့်တက် လာလေသည်။
လင်းယွန်၏ စကားကြောင့် လူတိုင်းက အံ့သြသွား ကြပြီး၊ လျူယွီ၏ လမ်းလျှောက် ဟန်ကို ပြန်သတိရ သွားသော အခါတွင် ရုတ်ရုတ် သဲသဲ ဖြစ်သွား၏။
ဤလင်းယွန်သည် လျူယွီကို သုံးကြိမ် တိုင်တိုင် ရိုက်နှက် ရဲသည်မှာ များစွာ ရဲရင့်လွန်း သည်ဟု သူတို့ ခံစား လိုက်မိသည်။
" ရဲတင်းတယ် တဲ့လား...၊ ဒီမှာ ဘယ်သူက ရဲတင်း နေတာလဲ၊ ငါနဲ့ လာမရှုပ် ပါနဲ့၊ မဟုတ်ရင် ဆေးတောင်တန်းမှာ ဖြစ်ပျက်ခဲ့ တာကို ဖော်ထုတ် မိတဲ့ အတွက် ငါ့ကို အပြစ် မတင်နဲ့"
'' ကောင်းတယ်.... အရမ်းကောင်းတယ် ''
လျူယွီ၏ မျက်နှာမှာ အရောင် ပြောင်းလာ ပြီး၊ လင်းယွန်ကို လက်ညှိုး ထိုးပြကာ၊
'' .... မင်းဘယ်လောက် ကြာကြာ ရယ်နိုင် မလဲ ဆိုတာ ငါကြည့်မယ်၊ မင်းက ဆရာ ရှာချင် နေတာလား၊ ဒါဆို မင်းရဲ့ ဆန္ဒကို ငါဖြည့်ဆည်း ပေးမယ် "
လျူယွီသည် မြို့တော်တွင် ငယ်စဉ် ကတည်းက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံ စိုက်မှုကို ခံခဲ့ရပြီး၊ ကျော်ကြား လှသော အမျိုး သမီး တစ်ဦး ဖြစ်သည်။
သူ့အဖေ၏ မြင့်မားသော အဆင့် အတန်းကြောင့် ဤမျှ အရှက်ရဖွယ် နာကျင်မှု မျိုးကို မခံစား ခဲ့ရဖူးပေ။
ထို့ကြောင့် လင်းယွန်ကို အလွယ် တကူ လွှတ်မပေး လိုချင်း ဖြစ်သည်။
သူမ ထွက်သွားသော အခါတွင် ဟွမ်ဖူ ဂျင်းရှန်က မယုံနိုင် ဟန်ဖြင့်၊
" ညီအစ်ကိုလင်း၊ မင်း သူ့ကို ဘယ်လို အပြစ်ပြု လိုက်တာလဲ၊ ပြီးတော့ ကြိမ်ဒဏ် သုံးချက် ဆိုတာ ဘာတွေလဲ "
" သူက ဘယ်သူ မိုလို့လဲ... "
လင်းယွန်က မျက်မှောင်ကြုတ် လိုက်၏။ သူမကို ကြိမ်ဒဏ် (၃)ချက် ပေးစဉ်က အစောင့် သိုင်းသမား လေးယောက်၏ မျက်နှာများ ဖြူဖျော့သွား ပုံကို ပြန်သတိရ သွားသည်။
ယခုအချိန်၌ ပျက်ယွင်း သွားသော ဟွမ်ဖူ ဂျင်းရှန်ရဲ့အမူ အရာ များအရ လျူယွီ၏ နောက်ခံကို သိချင်စိတ် ဖြစ်လာမိ၏။
" မြို့တော်ရဲ့ နတ်ဘုရား စောင့်တပ်တွေ အကြောင်း မင်းသိလား"
ဟွန်ဖူဂျင်းရှန်က မေးလာ၏။ လင်းယွန်က ခေါင်းညိတ် ပြပြီး၊
'' ငါသိတယ်၊ အဲဒါက မြို့တော်ရဲ့ စည်းမျဉ်းတွေ ထိန်းဖို့ တာဝန်ရှိတဲ့ အင်ပါယာရဲ့ မြို့စောင့် တပ်ပဲ၊ ခရမ်းရောင်နန်းတော် သိုင်းသမားတွေ ကတောင် နတ်ဘုရား အစောင့် တပ်ရဲ့ တည်ရှိမှုကြောင့် မြို့တော်မှာ ရှုပ်ရဲမယ် မထင်ဘူး။ ''
'' မင်း ဘာမှ မသိဘူးလို့ ငါထင်ခဲ့တာ၊ လျူယွီရဲ အဖေက နတ်ဘုရား အစောင့်တပ်ရဲ့ တပ်မှူးကြီး လျူလောင်ဖေးပဲ၊ အင်ပါယာ မင်းမြတ်က ခရမ်း ရွှေရောင် တိုက်ပွဲဝင် ချပ်ဝတ်ကို အပ်နှင်း ခဲ့ပြီး နဂါးဗိုလ်ချုပ် ဘွဲ့ကို ပေးအပ် ခဲ့တယ်၊ သူရဲ့ အာဏာကို မြင့်မြင့် မားမား ပိုင်ဆိုင် ထားရုံသာ မကဘူး၊ အင်ပါယာ မင်းမြတ်ရဲ့ အချစ်တော် အရာရှိလည်း ဖြစ်တယ် ''
ဟွမ်ဖူဂျင်းရှန်က ဆက်မပြောမီ ခေတ္တ ရပ်လိုက်ပြီး၊
" တစ်နည်းအားဖြင့် သူမကို စော်ကားတာက ဝမ်ယန်ကို စော်ကားတာ ထက်တောင် ပိုကြောက် စရာ ကောင်းတယ်။"
လင်းယွန်က သူ့ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ သူ့ကံကြမ္မာမှာ ဤမျှ မြင့်မား လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။
ရှင်းယန်သည် လျူယွီ၏ နောက်ခံနှင့် ပတ်သတ်၍ စကားတစ်ခွန်းမျှ မဟခဲ့သည် ဖြစ်ရာ၊ လျူယွီ၏ နောက်ခံတွင် ထူးထူးခြားခြား မရှိနိုင်ဟု ယူဆ ထားမိခဲ့သည်။
သို့သော် နဂါးသွေးမြင်းကို အလိုရှိ သောကြောင့် သူမ၏ နောက်ခံမှာ မည်သို့ပင် ရှိစေကာမူ ခွင့်ပြုနိုင်မည် မဟုတ်ပေ။
" လင်းယွန် ဆိုတာ ဘယ်သူလဲ။"
နာမည်ခေါ်သံ တစ်သံ ထွက်ပေါ်လာ သည်ကြောင့် လင်းယွန်က ခေါင်းကို လှည့်ကြည့် လိုက်ရာ၊ သင်းထောက် တစ်ဦး နှင့်အတူ လျူယွီက ပြန်လည် ရောက်ရှိ လာသည်ကို တွေ့လိုက်ရသည်။
မရေတွက်နိုင်သော အကြည့်များက လင်းယွန်ပေါ်သို့ ကျဆင်းသွား၏။ သူတို့ထဲရှိ အတော်များများက သည်ကောင် အဆုံးစီရင် ခံရတော့မည်ဟု တွေးမိသွားကာ၊ စိတ်ထဲ၌ ကြည်နူးနေကြ ကုန်၏။
" ငါ ပါ ... "
ဟု တည်ငြိမ်စွာ ပြန်ဖြေ ပေးခဲ့သည်။
" ဆရာရှာဖို့ မင်းဒီကို ရောက်နေတာလား "
သင်းထောက်က မေးလာ၏။
".... ဟုတ်တယ် အမှန်ပဲ။ "
ယခုအချိန်တွင် နောက်ပြန်ဆုတ်ရန် နည်းလမ်း မရှိတော့ကြောင်း သူသိသည်။
" ကောင်းတယ် .... အရမ်းကောင်းတယ် ဆရာကြီး ကူယွန်က လက်ထောက် မလုံ လောက်ဖူး၊ ငါနဲ့ အတူ လိုက်ခဲ့ပါ။"
သင်းထောက်က လင်းယွန်ကို အေးစက်စွာ အမိန့်ပေး ခေါ်ဆောင်သွား၏။
ဆရာကြီးကူယွန်၏ နာမည်ကြောင့် အားလုံး၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပြောင်းလဲသွားသည်။
ဟွမ်ဖူဂျင်းရှန်၏ မျက်နှာသည်ပင် ချွင်းချက် မရှိပေ။ သူက တစ်ခုခု ပြောချင် ခဲ့သော်လည်း၊ သတိမပေးနိုင်ခင် လင်းယွန်က ထွက်ခွာသွား နှင့်လေပြီ။
ဆရာကြီးကူယွန်မှာ သူ့ဒေါသကြောင့် နာမည်ကြီး လှပေသည်။ မှော်ဆေးပညာရှင် အားလုံး ဒေါသ ကြီးကြသည် ဖြစ်သော်လည်း၊ လက်ထောက် များက ၎င်းတို့၏ ဒေါသကို ခံနိုင်ရည် ရှိကြသည်။ သို့သော် ပြဿနာမှာ …
အဆုံးတွင် ဟွမ်ဖူဂျင်းရှန်က သူ့ခေါင်းကို ကူကယ်ရာ မဲ့စွာဖြင့် ခါယမ်း လိုက်ပြီး လင်းယွန် အတွက် ဆုတောင်းပေး လိုက်သည်။
လျူယွီက ထွက်ခွာသွားသော လင်းယွန်နောက်ကျောကို ကြည့်ပြီး၊ ကောက်ကျစ်စွာ ပြုံးရယ် လိုက်တော့၏။
***