ငါမှားပါတယ်။
Vol. 15 Ch. 208
ဤအခိုက်အတန့်တွင်၊ ဆေးခန်းမရှိ၊ သေသပ်သားနားသော အခန်းတစ်ခု၏ အတွင်း စားပွဲတစ်ခုပေါ်၌ ဝိညာဉ်အသီးအနှံ များစွာ စုပုံနေသည်။
အမွှေးတိုင် ထံမှ လန်းဆန်းသော ရနံ့များသည် အခန်းထဲသို့ ပျံ့နှံ့နေခဲ့၏။
ဟူရှင်းရန်ဟု ခေါ်သော အမျိုးသား တစ်ဦးသည် လျူယွီ၏ ဆန့်ကျင်ဘက်တွင် အရပ်တွင် ထိုင်နေကာ၊ လက်ဖက်ရည် တစ်ခွက်ကို ရိုသေစွာ ငှဲ့ပေးလိုက်ပြီး စိတ်အား ထက်သန် စွာဖြင့်၊
'' ဒါက ဆေးခန်းမက ဖန်တီးထားတဲ့ စိတ်ဝိညာဉ် လက်ဖက်ရည် အသစ်ပါ၊ ကျေးဇူးပြု၍ သောက်သုံး ကြည့်ပေးပါ သင်းထောက်လျူ "
လက်ဖက်ရည်ကို သပ်ရပ်စွာ ကောက်ယူပြီး တစ်ငုံ သောက်လိုက် သော်လည်း၊ စိတ်ဝိညာဉ် လက်ဖက်ရည်၏ အရသာ အပေါ် လျူယွီက စွဲလမ်း သက်ရောက် သွားချင်း မရှိခဲ့ပေ။
လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး၊
" .... ဘယ်လိုနေလဲ... သုံးရက်တောင် ရှိနေပြီ ဆိုတော့ ဘာ့ကြောင့် ပေါက်ကွဲမှုတွေ ဖြစ်မလာ ရတာလဲ။ ''
ဟူရှင်းရန်က သူမ ဆိုလိုသည့် သူကို သဘာဝ ကျကျ သိထားပြီး ဖြစ်ကာ၊
" ဒါကို စိတ်မပူပါနဲ့၊ ဆရာကြီး ကူယွန်က မှော်ဆေးလုံးတွေ ဖော်စပ်ဖို့ တအား စိတ်ထက်သန် နေတာကြောင့် သူ့ဒေါသကို ရှောင်လွှဲ နိုင်မဲ့ နည်းလမ်း မရှိပါဖူး...''
လင်းယွန်က ဝမ်နင်ကို ကြယ်ကိုးပွင် ပြိုင်ပွဲတွင် သတ်ဖို့ရန် သတ္တိ ရှိသော်လည်း၊ ကူယွန်၏ ဒေါသကိုမူ ခံနိုင်ရည်ရှိမည် မဟုတ် နိုင်ပေ။
" သူ့မျက်နှာ ဘယ်လောက်တောင် ပျက်ယွင်းသွားလဲ မင်းကို ပြချင်လိုက်တာ၊ ထွက်ပြေးဖို့ တောင် ပြင်နေပြီ "
ဟူရှင်းရန်က လက်ဖက်ရည်ခွက်ကို ချပြီး၊ ပေါ့ပေါ့ပါးပါး ဟန်ဖြင့် ပြောလိုက်သည်။
လျူယွီ က မျက်ခုံးပင့်ကာ၊ " နောက် ဘာဆက်ဖြစ်လဲ " ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ငါက ဘယ်လို အလွတ်ပေးနိုင်မှာလဲ၊ နောက်ဆုံးတော့ သူ့ကို အခန်းထဲ တွန်းထည့် လိုက်ရတယ်၊ အခုတော့ ဆန္ဒ ရှိရင်တောင် ဒီတွင်းထဲက မထွက်နိုင် တော့ပါဘူး ''
ဝူရှင်းရန်က ညစ်ကျယ်ကျယ်ဖြင့် ပြန်ဖြေ လိုက်၏။
'' ကောင်းတယ်.... သူ လွတ်မြောက်ဖို့ သတ္တိရှိ သရွေ့ သူ့ကို ပျိုးကျွန် အဖြစ် ဖမ်းထား နိုင်မှာပါ။ ''
ဟု လျူယွီက အေးစက်စွာ ပြန်ပြော လိုက်သည်။
သူ့လက်ထဲရှိ လက်ဖက်ရည်ခွက်ကို လှုပ်ခါပြီး ဟူရှင်းရန်က၊
'' အဲဒါကို စိတ်မပူနဲ့၊ ဆေးခန်းမက အခြား ခန်းမ များနဲ့ မတူဘူး၊ ရှင်းယန် လာမယ် ဆိုရင်တောင် သူက လုပ်နိုင်စွမ်း မရှိတာ သေချာတယ်၊ ဓားထမ်း အကြီး အကဲ ဆယ်ရှစ်ယောက် ထဲက တစ်ယောက် မလာ မချင်း ဒီကိစ္စကို ဝင်ရောက် စွက်ဖက် နိုင်မဲ့သူ မရှိဘူး ''
'' ငါ အလျင်လိုနေတာ မဟုတ်ဘူး၊ ရှင်းယန် လာရင် ကောင်းကောင်း ဆက်ဆံပါ၊ သူ ငါ့ကို တောင်းပန် လာမယ့် အချိန်ကို စောင့်နေမယ် "
လျူယွီက မသိချင်ယောင် ဆောင်ကာ ပြန်ပြော လိုက်သည်။ သူမ၏ တင်ပါးကို သုံးကြိမ် တိတိ ရိုက်နှက်ခဲ့သော လင်းယွန်ထက် ရှင်းယန်ကို ပို၍ မုန်းတီးပေသည်။ သို့သော်ရှင်းယန်က သူ၏ ဓားကို ခုတ်ပိုင်း လိုက်သောအခါ မည်မျှ ရဲရင့် နိုင်ပုံကို သတိရမိ သွားကာ၊ အနည်းငယ် တွေဝေ သွားသည်။
ရုတ်တရက် လျူယွီ စောင့်မျော်နေသော တုန်ယင်မှု နှင့်အတူ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာသည်။ တုန်ခါမှုကြောင့် စားပွဲပေါ်ရှိ လက်ဖက်ရည် ခွက်ကိုပင် လဲကျသွားစေသည်။
အေးစက်သော အလင်းရောင် တစ်စက ဟူရှင်းရန်၏ မျက်လုံးများ ပေါ်တွင် တောက်ပ လာပြီး၊
" ငရဲ က စပြီ၊ ဒါ ဆရာကြီး ကူယွန်က လွဲပြီး အခြား မရှိဘူး...''
'' မင်း အခု ဘာလုပ်ရမယ် ဆိုတာ သိလား ''
လျူယွီက ပြုံးလျက် ဟူရှင်းရန်ကို ခေါင်းညိတ် ပြလိုက်၏။
'' စိတ်မပူပါနဲ့၊ အဲဒီကောင်ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ငါလွှတ်ထားတယ်၊ ဒီကောင်ပြေး ရဲရင် ငါချက်ချင်း ဖမ်းလိုက်မယ်၊ ဆေးခန်းမ ထဲမှာ ရှိနေသရွေ့ သူ လွတ်မှာ မဟုတ်ဘူး။ ''
ပေါက်ကွဲ ပြီးနောက်၊ ကူယွန်၏ ဆေးသန့်စင်ခန်းမှာ အပျက်အစည်း များဖြင့် ရှုပ်ပွသွား ခဲ့သည်။ လင်းယွန်က မျော်လင့်ထားသော်လည်း နောက်ဆက် တွဲရလဒ်ကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။
ဤပေါက်ကွဲမှုတွင် ကူယွန်၏ ဆံပင်များ မီးစွဲလောင်သွားပြီး၊ အဆိုးဆုံး အခြေအနေကို ခံစားလိုက်ရသည်။
စိတ်ပျက်လက်ပျက်ဖြင့် သူ့လက်ထဲရှိ မှိန်ဖျော့နေသော တိမ်လျှပ်စီး မှော်ဆေးလုံးကို ကြည့်ပြီး၊
" ငါ ထပ်ပြီး အောင်မြင်ပြန်ဘူး... ဒီလမ်းက အရမ်း ခက်ခဲလွန်းတယ်၊ မင်းဒီမှာ ခဏနေ၊ ငါချက်ချင်း ပြန်လာမယ်။ "
" ဘယ်သွားမလို့လဲ "
လင်းယွန်က မေးလိုက်သည်။
'' ငါ နောက်ထပ် ဆေးအမယ် အသစ်တစ်စုံ လျှောက်ထား ရမယ် ''
ဟု ကူယွန်က ပြန်ဖြေလိုက်ကာ၊ သန့်စင် ထားသော တိမ်လျှပ်စီး မှော်ဆေးလုံးကို စားပွဲပေါ် တင်ကာ၊ အခန်း အတွင်းမှ အမြန် ထွက်သွား တော့သည်။
လင်းယွန် တစ်ဦး တည်းသာ ကျန်ခဲ့သည် ဖြစ်ရာ၊ စားပွဲပေါ်ရှိ တိမ်လျှပ်စီး ဆေးလုံးကို ကောက်ယူ ကြည့်လိုက်သည်။
သူမျှော်လင့်ထား သကဲ့သို့ပင်၊ ဝိညာဉ် ရူရ်တွေက သူတို့ကိုယ် သူတို့ ဆေးလုံး ပေါ်တွင် တံဆိပ်ကပ်ဖို့ ပျက်ကွက် သွားခဲ့၏။ တိမ်လျှပ်စီး မှော်ဆေးလုံးသည် ဝိညာဉ်ရူရ်များ မပါရှိပါက တန်ဖိုး မရှိနိုင်ပေ။
ဆေးလုံးကို စားပွဲပေါ် ပြန်ချ လိုက်ပြီး လင်းယွန်က ပြုံးလိုက်သည်။ ကူယွန်သည် လောင်းကစား သမား တစ်ယောက် ကဲ့သို့ ဘဝကို ပုံအပ်ကာ တိမ်လျှပ်စီး ဆေးလုံးကို သန့်စင် လိုခဲ့သည်။
တိမ်လျှပ်စီး ရူရ်များ၏ မတည်ငြိမ်သော စွမ်းအင်များကြောင့် ဆေးလုံးဖြင့် ပေါင်းစပ်ရာ၌ ကျရှုံးခဲ့ခြင်း ဖြစ်သည်။
အားမနာတမ်း ဝေဖန်ရပါလျှင် ကူယွန်၏ လက်ရှိ အဆင့်နှင့် ဤမျှ ရှုပ်ထွေးသော ဝိညာဉ် ရူရ်များကို ရေးထိုး၍ မရနိုင်။
လင်းယွန်၏ အကြည့်များက စားပွဲပေါ်ရှိ စုတ်တံနှင့် မှင်အိုးပေါ်သို့ ကျသွားပြီးနောက်၊ ခေတ္တမျှ တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်ကို လှည့်ပတ်ကာ စုတ်တံထဲသို့ ထိုးသွင်းလိုက်၏။
'' ဒီစုတ်တံက တော်တော် အသုံးဝင်တာပဲ၊ အနည်းဆုံးတော့ ငါ့လက်ချောင်းတွေကို သုံးတာထက် ပိုအဆင် ပြေတာပေါ့ ''
ဝိညာဉ်ရေး စုတ်တံကို ကိုင်လျက်၊ လင်းယွန်က ခပ်တိုးတိုး ရေရွတ် လိုက်သည်။ ကူယွန်၏ အဆင့်ဖြင့်လေထဲတွင် ဝိညာဉ်ရူရ် များကို တိုက်ရိုက် ရေးထိုး နိုင်ခြင်း မရှိခြေ။
ထို့ကြောင့် ဤစုတ်တံကို ကြားခံသုံးကာ၊ ဝိညာဉ်ရူရ် အချို့ကို ရေးထိုး နေသော်လည်း၊ အလွန်ပင်ပန်း ခက်ခဲ နေဆဲပင်။
ဝိညာဉ်ရေး စုတ်တံနှင့် ရင်းနှီးပြီးနောက်၊ ခရမ်းရောင်ရေခဲ မီးတောက်ကို ဖြန့်ကျက်ပြီး စုတ်တံ၏ ထိပ်ဖျားပေါ်တွင် စုစည်းသွားရန် အာရုံစိုက် လိုက်သည်။
မျက်နှာပေါ်တွင် လေးနက်သော အကြည့် တစ်ချက် ဖြစ်ပေါ်လာပြီး၊ သူ့မှတ်ဉာဏ်ထဲရှိ တစ်ကြိမ် ဆွဲရုံဖြင့်၊ မှတ်ထင်နေသော ကူယွန်၏ တိမ်လျှပ်စီး ဝိညာဉ်ရူရ်များကို၊ စတင် ရေးထိုး လိုက်၏။
ဝိညာဉ် ရူရ်များသည် စုတ်တံ၏ ထိပ်တွင် ပြေပြစ်စွာ ပုံသဏ္ဍာန်များဖွဲ့တည်လာခဲ့သည်။ ကူယွန်နှင့် ယှဉ်ပါလျှင် သူဆွဲထားသော ဝိညာဉ် ရူရ် များမှာ အသက်ဓာတ်များ ပို၍ ပြည့်လျှံကာ၊ ကြွရွ ခုန်ပေါက် နေခဲ့သည်။
သိပ်သည်းသော အသက်စွမ်းအင် များဖြင့် ရေးထိုးထားသော ဝိညာဉ် ရူရ်များတွင် ဝိညာဉ် စွမ်းအင်များ ရုန့်ကြမ်းစွာ၊ အသက်ဝင် လာ၏။ ကျောက်စိမ်းစာရွက် ပေါ်တွင် ကလေးဆိုးလေး များကဲ့သို့ ပေါင်းစည်းရန် ငြင်းဆန်လို နေသည်။
ယခုအချိန်တွင် စုတ်ပြတ်နေသော အလုပ်သင် ဝတ်စုံ ပင်လျှင် လင်းယွန်၏ ကြီးမြတ်သော အရှိန် အဝါကို ဖုံးကွယ် ထားနိုင်ခြင်း မရှိပေ။ လက်ကောက်ဝတ် ရွေ့လျား လာသည်နှင့် အမျှ ဝိညာဉ် ရူရ်များ ပို၍ ဖွဲ့စည်းလာ၏။
မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် တိမ်လျှပ်စီး ဆေးလုံးကို ကောက်ယူလိုက်ကာ၊ ရေးထိုးထားသော ဝိညာဉ် ရူရ်များ၏ အသက်ဝင် လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
၎င်းတို့သည် ပေါင်းစပ်ခဲ့ပြီးနောက်၊ တိမ်လျှပ်စီး ပုံသဏ္ဍာန် အဖြစ် ညီညွတ်စွာ ပေါင်းစည်း သွားတော့သည်။
ထို့နောက်တွင် ကျောက်စိမ်းစာရွက်မှာ လောင်ကျွမ်း သွားခဲ့ပြီး၊ အခိုးအငွေ့များက တိမ်လျှပ်စီး မှော်ဆေးလုံး ထံသို့ ပျော်ဝင်သွားကာ၊ ပြန်လည် မွေးဖွား ပေးလာခဲ့သည်။
ဆေးလုံး၏ မျက်နှာပြင်တွင် ရိုက်နှိပ်ထားသော တံဆိပ်များ သကဲ့သို့ လျှပ်စီးများ ရုန်းကြွ တောက်ပ နေတော့၏။
" ဒါက ခက်ခဲပုံလည်း မရပါလား "
တိမ်လျှပ်စီး မှော်ဆေးလုံးကို အောက်သို့ ပြန်ချကာ ရူရ်များ ရေးထိုးခြင်းကို ထပ်ခါ တလဲလဲ လုပ်ဆောင်ခဲ့သည်။
ဝိညာဉ်ရူရ်များကို ရေးထိုး နေချိန်တွင် ကမ္ဘာတစ်ခုထဲ နစ်မျောသွားသော အခြေအနေသို့ ရောက်ရှိသွား သည်ဟုပင် ခံစားလိုက် ရသည်။
အခြေခံအားဖြင့် ရုန်းကန်နေရသော ပထမဆုံး အကြိမ်နှင့် နှိုင်းယှဉ်ပါက ဤတစ်ကြိမ်တွင် ပို၍ သက်တောင့် သက်သာဖြင့် စိတ်အား ထက်သန် နေမိသည်။
တတိယ တိမ်လျှပ်စီး ဝိညာဉ် ရူရ်များကို ရေးထိုးခြင်း အပြီးသတ်ရန် အချိန် အတော်ကြာ ယူခဲ့ရ၏။
ရုတ်တရက် လင်းယွန်မှာ လေးလေး နက်နက် အတွေး ထဲသို့ ရောက်ရှိ သွားခဲ့သည်။ ရှေးဦးကျမ်း အရ တိမ်လျှပ်စီး မှော်ဆေးလုံးထက် ကောင်းမွန်သည့် အခြားသော ဝိညာဉ်ရူရ် ပုံစံ နှစ်ခု ရှိသည်။
အကယ်၍ သူသည် တိမ်လျှပ်စီး မှော်ဆေးလုံးတွင် ၎င်းဝိညာဉ်ရူရ် ပုံစံ သုံးမျိုး စလုံးကိုသာ ရေးထိုးမည် ဆိုပါက.......
ထိုအတွေးကြောင့် စိတ်လှုပ်ရှားလာပြီး အကောင်းထည် ဖော်ရန် စတင် ကြိုးစား လိုက်သည်။ စိတ်နှစ် ရေးထိုးနေစဉ် မှာပင် တစ်စုံတစ်ယောက် အခန်းထဲ ဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။
လင်းယွန်က စုတ်တံကိုင်၍ စိတ်ပါလက်ပါ ရေးထိုး နေဟန်ကြောင့်၊ ကူယွန်၏ မျက်နှာမှာ၊ သိသိသာသာ ပြောင်းလဲသွားပြီး၊
'' အလေဏတော ကောင်၊ မင်း ငါ့စုတ်တံကို ဘာလို့ ထိတာလဲ "
သူ့အော်ငေါက်သံကြောင့် စုစည်းထားသည့် လင်းယွန်၏ အာရုံမှာ စည်းချက် ပြတ်တောက် သွားပြီး၊ ခရမ်းရောင်ရေခဲ မီးတောက်ကို လွတ်ထွက် သွားသည်ကြောင့်၊ စုတ်တံထိပ်တွင် ရုတ်တရက် လောင်ကျွမ်း ပြာကျ သွားခဲ့ လေသည်။
လင်းယွန်က ကူယွင်ကို လှည့်ကြည့် လိုက်ပြီးနောက် သူ့လက်ထဲရှိ ပြာများကို ပြန်ကြည့်လိုက်မိ၏။ သူ့၏ မျက်နှာတွင် အဆင်မပြေသော အမူအရာတစ်ခု ဖြစ်ပေါ် လာသည်။
" ငါ့ရဲ့ ဝိညာဉ်ရေး စုတ်တံလေး ......"
ကူယွန်၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးရောင်သို့ ပြောင်းလဲသွား၏။ အလျင် အမြန် ပြေးလာပြီး လင်းယွန်ကို တွန်းထုတ် လိုက်ကာ၊ စုတ်တံမှ ကျန်ရစ် ခဲ့သော ပြာများကို ကြည့်နေ လျက်မှ မျက်လုံး များတွင် မျက်ရည်များ စီးကျ လာလေသည်။
" ဒါက ငါ့အဖေ.... ချန်ထားခဲ့တဲ့ တစ်ခုတည်းသော အရာပဲ၊ ငါက ကြယ်နှစ်ပွင့် ဝိညာဉ်ရေးသခင် တစ်ယောက် ဖြစ်လာရ မယ်လို့ သူ့ကို ကတိပေး ခဲ့တယ်... ၊ မင်း အရိုင်း အစိုင်းကောင်၊ ခွင့်ပြုချက် မရှိဘဲ အခြားသူရဲ့ ပိုင်ဆိုင်တဲ့ အရာတွေကို မထိရမှန်း မသင်ယူ ခဲ့ဖူးလား၊ မင်းရဲ့ ဓားကို တစ်စုံ တစ်ယောက်က ထိခွင့် ရှိလား ဟမ် "
ထိုစကားကို ကြားလိုက်သော အခါတွင် လင်းယွန်က ထိတ်လန့်စ ပြုလာသည်။ တားမြစ် ချက်ကို ကျူးလွန် မိကြောင်း သူသိ လိုက်ပြီး၊
'' ဆရာကြီး၊ အဲဒါ အတွက် စိတ်မကောင်း ပါဘူး၊ ငါက ...... ''
ဟုဆိုကာ၊ အမြန် ရှင်းပြဖို့ရန် ကြိုးစား လိုက်သည်။
" ထွက်သွားစမ်း မင်းက အရိုင်း အစိုင်းကောင်၊ ဒီမှာ ငါက မင်းကို ငါ့ရဲ့ အမွေ ရစေချင် ခဲ့တယ်၊ အခုတော့ သုံးရက်ပဲ ရှိသေးတယ်၊ မင်းကိုယ်မင်း အရမ်းပြည့် နေပြီ ထင်နေလား "
ကူယွန်၏ မျက်နှာမှာ အေးစက်သွားပြီး၊ သူ့တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။ လင်းယွန် ကို လက်ညှိုးထိုး လိုက်ကာ၊
'' ထွက်သွား .....မင်းဒီမှာ အလုပ် ကောင်းကောင်း လုပ်ထား လို့သာ မဟုတ်ရင် မင်းကို ပျိုးကျွန် အဖြစ် ငါ့အပြစ် ပေးလိုက်ပြီ... "
ဆေးခန်းမတွင် ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင် တစ်ဦး အနေဖြင့် ကူယွန်မှာ တစ်စုံ တစ်ဦးအား ဆေးကျွန် အဖြစ် နှိမ့်ချရန် အခွင့် အာဏာ ရှိပေသည်။
ကူယွန်၏ စကားကြောင့် လင်းယွန်က စိတ်ပျက်သွားသည်။ သူ့အနေဖြင့် ကူယွန်ကို နှိမ့်ချစွာ ရှုမြင် မိသော်လည်း၊ သုံးရက်အတွင်း သူ့အား အကြောင်းအရာ များစွာကို ကူယွန်က ကောင်းစွာ သင်ကြား ပေးခဲ့သည်။
ကူယွန်သာ မရှိလျှင် ရူရ်များနှင့် ပတ်သက်၍ ဗဟုသုတ မရနိုင်ပေ။ သို့သော် တစ်စုံ တစ်ယောက်၏ တန်ဖိုးထားသော ပစ္စည်းကို ဖျက်ဆီး မိသောကြောင့် သူ့ကိုယ်သူ ရှက်ရွံ့ သွားခြင်းက ပိုလေသည်။
ယခုဖြစ်စဉ်သည် သူ၏ ပန်းသင်္ချိုင်းဓားကို တစ်စုံတစ်ယောက်မှ ဖျက်ဆီး လိုက်ခြင်းနှင့် တူညီသည်။ ဤသို့သာ ဆိုပါက၊ တရားခံကို သတ်မိမလား မသိချေ။
ထို့ကြောင့် ကူယွန်မှ သူ့အား ပြစ်ဒဏ် တစ်မျိုးမျိုး ပေးလာ လိမ့်မည်ဟု မျှော်လင့်ထား ခဲ့သည်။
" ထွက်သွား.... ခုထွက်သွား ငါ့မျက်စိအောက်ကနေ ထွက်သွားတော့ "
ကူယွန်က လင်းယွန်ကို ဒေါသတကြီး အခန်း အပြင် မောင်းထုတ် လိုက်၏။
လင်းယွန်က စကားဆက်ချင် ခဲ့သော်လည်း၊ အခွင့် အရေး မရှိခဲ့ပေ။ တိမ်လျှပ်စီး မှော် ဆေးလုံး များစွာကို အောင်မြင်စွာ ရိုက်နှိပ်နိုင် တော့မည့် အကြောင်း၊ ကူယွန်အား ပြောပြရန် ကြိုးစားခဲ့သည်။
သို့သော် ကူယွန်၏ ဒေါသဖြင့် ရင်ဆိုင်ရပြီးနောက် နောက်ဆုတ် ရန်သာ ဆုံးဖြတ် လိုက်၏။
" ငါ တကယ် တောင်းပန်ပါတယ် ဆရာကြီး"
လင်းယွန်က မထွက်ခင် လေးလေး နက်နက် ဦးညွှတ် လိုက်၏။
လင်းယွန် ထွက်သွားပြီးနောက် ကူယွန်မှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ် သွားသော်လည်း၊ သူ့အမူ အရာက အနည်းငယ် မှုန်မှိုင်း နေသေးသည်။
ဖခင် မသေဆုံးမီ သူ့ထံသို့ စုတ်တံကို ပေးဆောင်သော အခါတွင် ကြယ်နှစ်ပွင့် ဝိညာဉ်ရေး သခင် ဖြစ်လာရမည်ဟု ကျိန်ဆို ပြခဲ့သည်။ ယခုမူ ထိုအိပ်မက်သည် မြောင်းထဲ ရောက်သွားပြီ ဖြစ်သည်။
'' အဖေ၊ ငါရဲ့ မိုက်မဲမှုကြောင့် မင်းကို နိမ့်ကျသွားစေပြီ၊ တောင်းပန်ပါတယ် အဖေ၊ ဒီလမ်းက ငါ့အတွက် အရမ်းခက်ခဲ လွန်းတယ်။ "
ဤလအတွင်းတွင် ငါးကြိမ်တိတိ ပေါက်ကွဲ ပြီးနောက် ဆေးခန်းမ၏ ရယ်မောစရာ ဖြစ်လာခဲ့ သည်ကို တွေးမိ လိုက်ကာ၊ သူ့မျက်လုံး များတွင် မျက်ရည်များ ဝေ့သီ လာပြီး၊ ခံစားချက်များ တဟုန်ထိုး မြင့်တက် လာခဲ့သည်။ သူ့မျက်ရည်များ စီးကျ လာခြင်း မရှိအောင် အစွမ်းကုန် ကြိုးစား နေမိ၏။
'' ဒါက….....''
သို့သော် စားပွဲပေါ်ရှိ တိမ်လျှပ်စီး မှော်ဆေးလုံးနှင့် ပတ်သက်သည့် ကွဲပြားသော အရာကို တွေ့ရှိ လိုက်သော အခါတွင် ကူယွန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားသည်။
ကောက်ယူ ကြည့်လိုက်သည်နှင့် တိမ်လျှပ်စီး ဝိညာဉ် ရူရ်များမှာ ပုံစံ သုံးစုံခန့် ရှိပြီး ပုံစံ နှစ်ခုမှာ သူပင် နားမလည် နိုင်သော အဆင့်သို့ ရောက်ရှိ နေခဲ့ လေပြီ။
ထို့ပြင် ဆေးလုံး သုံးလုံးတွင် ငွေရောင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေခဲ့သည်။
ဟောင်းနွမ်း စုတ်ပြတ်နေသော အဝတ် အစားများ ကြားမှ လင်းယွန်၏ စူးစူးစိုက်စိုက် ရေးသား နေသည့် အမူ အရာကို ပြန်သတိရ သွားသော အခါတွင်၊ ကူယွန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားတော့၏။
သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာပြီး တိမ်လျှပ်စီး မှော်ဆေးလုံးမှာ သူ့လက်မှ လွတ်ကျ သွားလေသည်။
" ဒီကောင်လေး... ၊ ငါက လူယုတ်မာပဲ၊ ငါတကယ်ပဲ သူ့လို လူကို လွှတ်လိုက် မိတာလား ''
အပြစ်တရားသည် သူ့နှလုံးသား ထဲသို့ စိမ့်ဝင်လာပြီး ကူယွန်၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ စေသည်။
ထိုကလေးသည် ပါရမီရှင် တစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပြီး၊ သူကသာ လင်းယွန်၏ အာရုံကို မနှောင့်ယှက်မိပါက၊ စုတ်တံမှာ ပျက်ဆီး သွားမည် မဟုတ်ပေ။
သူက လင်းယွန်ကို ပြင်းထန်စွာ ကြိမ်းမောင်း ခဲ့ဖူးသော်လည်း၊ သူ့အား ခွန့်တုန့်ပြန်ချင်း မရှိခဲ့ပေ။ နှစ်ပေါင်းများစွာ ရှင်သန် လာပြီး နောက်တွင်၊ သူ့နှလုံးသားသည် ကလေးတစ်ဦး ဖြင့်ပင် နှိုင်းယှဉ်၍ မရနိုင်တော့ပေ။
မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ယူ လိုက်ပြီး၊ ထိတ်လန့် တကြားဖြင့် အခန်းထဲမှ ပြေးထွက် လာ ခဲ့သည်။ သူ လင်းယွန်ကို ရှာရ ပေမည်။
လင်းယွန်က ဆေးခန်းမမှ ထွက်ခွာ လာသည်နှင့်၊ အသိအကျွမ်းဟောင်း ဖြစ်သော ဟွမ်ဖူဂျင်းရှန်နှင့် ပြန်တွေ့ လိုက်ရ၏။
" တိုက်ဆိုင်လိုက်တာ အစ်ကိုလင်း၊ လွန်ခဲ့တဲ့ သုံးရက်က မင်းရဲ့ အခြေအနေ ဘယ်လိုလဲ၊ နောက်ဆုံးတော့ ဒုက္ခတွင်းကနေ ထွက်လာ နိုင်ပြီလား ''
ဟွမ်ဖူဂျင်းရှန်က အရွှန်းဖောက်ကာ၊ လင်းယွန်အား နှုတ်ဆက်လိုက်၏။
သို့သော် လင်းယွန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးပြီးသာ တုံ့ပြန်ခဲ့သည်။ သည်အကြောင်း တွေကို နက်နက် ရှိုင်းရှိုင်း ထုတ်ဖော် ပြောပြ လိုချင်း မရှိခဲ့ပေ။
"ရှေ့က ဖယ် စမ်း.... "
ဆေးခန်းမ အတွင်းမှ ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်ပေါ် လာသည်။
လျူယွီနှင့် ဟူရှင်းရန် တို့သည် အလျင်အမြန် လျှောက်လှမ်းလာ ကြပြီး၊ လင်းယွန်နှင့် ဟွမ်ဖူ ဂျင်းရှန် တို့ကို တွေ့လိုက်ရသော အခါတွင် မျက်နှာများ ဝင်းလက် သွား၏။
" သူ့ ကို ဖမ်း....."
ဟူရှင်းရန်က ပြုံးလိုက်သည်။
ဟွမ်ဖူဂျင်းရှန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး၊
"ခဏနေပါဦး၊ သင်းထောက်ဟူ သူ ဘယ်သူလဲ ဆိုတာ မင်းသိလား "
'' သူ ....ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးဖူး၊ ဒါက ဆေးခန်းမပဲ၊ ဆရာကြီး ကူယွန်ရဲ့ ဝိညာဉ်ရေး စုတ်တံကို ဖျက်ဆီးပြီး လွတ်မြောက် လိုတယ်လား၊ ဒီတစ်ကြိမ် မှာတော့ ရှင်းယန် နေနေ သာသာ အကြီးအကဲ လျိုဖန်းတောင် ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ''
ဟူရှင်းရန်က ကောက်ကျစ်စွာ ရယ်မော လိုက်၏။ လျူယွီက လက်နှစ်ဖက်ကို နောက်ပြစ် လိုက်ပြီး၊
'' ဓားကျွန်ကောင်၊ မင်း ဒီတစ်ခါတော့ ဒုက္ခ ရောက်ပြီ ထင်တယ်၊ ရှင်သန်ခွင့် ရမယ်လို့ မထင် လိုက်နဲ့၊ ဒီနေ့က စပြီး ပျိုးကျွန် တစ်ယောက် အဖြစ် မင်း ရှင်သန်ပါ "
လျူယွီ၏ စကားကြောင့် ဟွမ်ဖူဂျင်းရှန် သာမက၊ ဆေးခန်းမ အဝင်ဝရှိ လူအုပ်ကြီး၏ မျက်နှာများမှာ ပျက်ယွင်းသွား ကြကုန်သည်။
ဆရာကြီး ကူယွန်သည် ဒေါသကြီးသည် သာမက၊ ဆေးခန်းမ အတွင်းရှိ ကြယ်တစ်ပွင့် ဝိညာဉ်ရေး သခင်များ၌ အသန်မာဆုံး တစ်ဦး ဖြစ်သည်။
ဆရာကြီး ကူယွန်၏ ဝိညာဉ်ရေး စုတ်တံကို ဖျက်ဆီးခြင်းသည် ဆေးခန်းမ၏ မျက်နှာကို ရိုက်ပုတ်ခြင်းပင် ဖြစ်သည်။
ထို့ကြောင့် လင်းယွန်ကို အလွယ်တကူ လွတ်မြောက်ခွင့် ပြုပါလျှင် ဆေးခန်းမမှာ အလွန်အရှက် ရပေလိမ့်မည်။
လျူယွီနှင့် ဟူရှင်းရန်တို့ကို တွေ့လိုက် သည်နှင့် လင်းယွန်မှာ မျက်နှာ တစ်ပြင်လုံး မဲမှောင် သွား၏။ လျူယွီ၏ ထောင်ချောက် အတွင်းမှ ရုန်းထွက် နိုင်ရန် နည်းလမ်း ပေါင်းစုံကို ကြံဆ နေမိသည်။
"ဆရာကြီး ကူယွန် လာနေပြီ "
ညှော်နံ့များ ထွက်နေသော လူရိပ်တစ်ရိပ်က အရှိန် အဟုန်ဖြင့် ပြေးထွက် လာသည်ကို တွေ့လိုက် သည်ကြောင့် လူအုပ်ကြီးမှာ အော်ဟစ် လိုက်၏။
ဟူရှင်းရန်က ဆရာကြီး ကူယွန်ကို တွေ့သည်နှင့် သူ့မျက်နှာကို ခပ်ဖျော့ဖျော့ ပြုံးထား လိုက်ပြီး၊
" ဆရာကြီး၊ လင်းယွန်က မင်းရဲ့ ဝိညာဉ်ရေး စုတ်တံကို ဖျက်ဆီး လိုက်ပြီ ဆိုတာ ငါတို့ သိပါတယ်၊ ဒါကြောင့် သူ့ကို ဆေးကျွန် အဖြစ် အပြစ်ပေး လိုက်ပါ့မယ်၊ ဒီအတွက် စိတ်မပူပါနဲ့ ၊ ဆေးခန်းမကို စော်ကားပြီးနောက်၊ လွယ်လွယ်နဲ့ ထွက်သွားလို့ မရတာ သေချာ ပါတယ်။ ''
"ထွက် သွား စမ်း.....လူပြက်ကောင် "
ကူယွန်က စိတ်မရှည်တော့သည့် ဟန်ဖြင့် ဟူရှင်းရန်ကို တွန်းထုတ်လိုက်ပြီး လင်းယွန် ရှေ့သို့ တိုးသွားလိုက်ကာ၊ အပြစ်သား တစ်ယောက်ကဲ့သို့ ခံစား လာရသည်ကြောင့် ဒူးတစ်ဖက် ထောက်လျက်ဖြင့်၊
" လင်းယွန်၊ ငါ မင်းကို အပြစ်ပြု မိပြီ .... ခွင့်လွှတ်ပါ "
ဟု တောင်းပန် လိုက်၏။ သူ့လုပ်ရပ်က လူအုပ်ကြီးကို ထိတ်လန့် သွားစေခဲ့သည်။
ကူယွန်သည် လင်းယွန်ထံ ဒူးထောက် လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားမိပေ။ လျူယွီနှင့် ဟူရှင်းရန် တို့၏ အေးစက်သော လှောင်ရယ်သံ များပင် ပျောက်ကွယ် သွားခဲ့ လေပြီ။
***