← Chapters

ဒုက္ခ ။

Vol. 15 Ch. 210

ဒုက္ခ ။

Vol. 15 Ch. 210

လင်းယွန် စကားဆုံး သည်နှင့် လျူယွီနှင့် ဟူရှင်းရန်တို့ မျက်နှာများ ပျက်ယွင်း သွားပြီး၊ အထူးသဖြင့် ကြောက်ရွံ့ တုန်လှုပ်နေသော ဟူရှင်းရန်၏ မျက်နှာမှာ ဖြူဖျော့ သွားခဲ့သည်။

ဒုခန်းမသခင် လောင်ယဲမှာ လင်းယွန်၏ စကားကို ကြားသော အခါတွင် မျက်နှာတစ်ပြင်လုံး အေးစက်လာပြီး ဟူရှင်းရန်ကိုလှမ်းကြည့်လိုက်၏။

" ဒါအမှန်ပဲလား ပြောစမ်း.... လိမ်ဖို့ မကြိုးစားနဲ့၊ "

“ ခန်း.... ခန်းမသခင် ဒီတစ်ခါတော့ ခွင့်လွှတ်ပါ…”

" ..... မင်း ရိုင်းလိုက်လေ "

လောင်ယဲက အော်ဟစ်လိုက်ပြီး၊

“ မင်းလို သင်းထောက် တစ်ယောက်က ပတ်ဝန်းကျင်က လူတွေကို ထိန်းချုပ်ဖို့ သတ္တိရှိ တယ်လား၊ မင်းအသက်ရှင်ဖို့ ငြီးငွေ့ နေပြီ ထင်တယ်၊ တစ်စုံတစ်ယောက်ကို ပျိုးကျွန် အဖြစ် နှိမ့်ချချင် သလား၊ မိုက်မဲလိုက်တာ...၊ ငါ မင်းကို အသက်ရှင်ခွင့်တော့ပေးလိုက်မယ်၊ ဒါပေမယ့် ပျိုးကျွန် အဖြစ် နောက်ဆယ် နှစ်ကြာအောင် ဆေးတောင်တန်းမှာ မင်း အပြစ်ကို ခံယူပါ ”

ထိုစကားကို ကြားသော အခါတွင် ဟူရှင်းရန်၏ နှလုံးသားမှာ ခုန်ထွက် လုနီးပါး ဖြစ်ပြီး ကြောက်ရွံ့ မှုများက သူ့ကို ဖုံးလွှမ်း သွားသည်။

" ဘာလို့ ရပ်နေကြတာလဲ "

လောင်ယဲက ထပ်မံ အော်ဟစ် လိုက်သည်နှင့်၊

" နားလည်ပါပြီ ......"

အမိန့်ကို လက်ခံရရှိပြီးနောက် ဆေးခန်းမ၏ အစောင့်များက ရှေ့သို့ တိုးလာကာ ဟူရှင်းရန်ကို လက်ဖဝါးဖြင့် နှစ်ကြိမ် ရိုက်သည်။

ပထမ လက်ဖဝါးသည် သူ၏ ဒါန်တမ်ကို ဖျက်ဆီးခဲ့ပြီး ဒုတိယ လက်ဖဝါးမှာ သိုင်းဝိဉာဉ်ကို ဖျက်ဆီးခဲ့သည်။

လက်ဖဝါးချက်ကို လက်ခံပြီးနောက် ဟူရှင်းရန်မှာ ချက်ချင်းပင် အသားအရည်များ ပျော့တွဲလာပြီး၊ အသက်ကြီးရင့် လာလေသည်။

သို့သော် မည်သူကမျှ သူ့ကို စာနာချင်း မရှိကြပေ။ ဟူရှင်းရန် ကဲ့သို့ သင်းထောက် တစ်ဦးကို ဖျက်သိမ်းခြင်းမှာ ထိုက်တန်သော လုပ်ရပ် ဖြစ်သည်ကြောင့် မှော်ဆေး ပညာရှင် များပင် ခေါင်းညိတ် ကြေနပ် သွားကြသည်။

သို့မဟုတ်ပါက ဟူရှင်းရန်မှာ၊ တစ်ချိန်တွင် ကူယွန်အစား သူတို့၏ နာမည်ကို အသုံးချ သွားနိုင်ပေမည်။

“ သူ့ကို ခေါ်သွား ”

လောင်ယဲက ဂရုမစိုက်သော အသံဖြင့် ပြောလိုက်သည်။ များမကြာမီတွင် သင်းထောက် များက ရှေ့သို့ တိုးလာပြီး ဟူရှင်းရန်ကို ဆွဲထုတ် သွားကြသည်။

" လျူယွီ...... "

လောင်ယဲက လှမ်းခေါ် လိုက်သံကြောင့်၊ တုန်တုန် ယင်ယင်ဖြင့် ဦးညွှတ် လိုက်ကာ၊

" ဟုတ်ကဲ့ ...."

" မင်းက သူ့ထက်တောင် ရဲရင့်လွန်းတယ်၊ မင်းလို ဆေးသိုလှောင် ခန်းမရဲ့ သင်းထောက် တစ်ယောက်က ဆေးခန်းမရဲ့ မှော်ဆေး ပညာရှင်ကို ခြိမ်းခြောက် ဝံ့သလား ဟမ် "

လောင်ယဲက ပြစ်တင် ရှုတ်ချ လိုက်၏။

လောင်ယဲရှေ့တွင် တည်ငြိမ်စွာ ရပ်နေခဲ့ပြီး၊ လျူယွီမှာ အံကြိတ်လျက် တိတ်ဆိတ် သွားသည်။

" မင်းအဖေက မင်းကို သိုလှောင်ခန်းမကို ပို့လိုက်တာ မင်းမှာ မှော်ဆေး ပညာရှင် တစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အချင်းတွေ ရှိလို့ပဲ၊ အထူးသဖြင့် တတိယ ခန်းမ သခင်က မင်းကို ကောင်းကောင်း ဆက်ဆံ ပေးခဲ့တယ်၊ ငါ့ကို ပြောပါ၊ ဆေးခန်းမက မင်းကို စိတ်ပျက် စေသလား"

လောက်ယဲက အေးစက်သော အမူအရာဖြင့် မေးခွန်းထုတ် လာသည်။

“ ငါ့အမှားကို ငါသိပါပြီ၊ ကျေးဇူးပြုပြီး ငါ့ရဲ့ ပြစ်ဒဏ်ကို ပေးပါ။”

လျူယွီက ခေါင်းညိမ့်လိုက်၏။ ယခုအချိန်၌ ဒေါသများ ပျောက်ဆုံး သွားလေသည်။

သက်ပြင်း တစ်ချက်ချကာ လောင်ယဲက၊

“ မင်းအမှားကို မင်းနားလည်တာ ကောင်းပါတယ်၊ ဆရာကြီး ကူယွန်နဲ့ လင်းယွန် တို့ကို သွား တောင်းပန်ပါ။ ''

လောင်းယဲထံမှ စကားသံ ထွက်လာ သည်နှင့် တပြိုင်နက် လျူယွီကို အပြစ်ဒဏ် ပေးမည် မဟုတ်ကြောင်း လူတိုင်း သိလိုက် ကြသည်။

လင်းယွန်ကမူ ထိုရလာဒ်အတွက် ကျေနပ် သွားခဲ့ လေပြီ။ လျူယွီက သူ့ကို လူသိ ရှင်ကြား တောင်းပန်ခြင်းမှာ၊ ကြာပွတ်ဖြင့် ရိုက်ခံရ သည်ထက် ပိုဆိုးမည်မှာ သေချာ လှပေသည်။

ထိုအချိန်တွင် လျူယွီ၏ မျက်နှာမှာ မည်းမှောင် လာပြီး၊ ယနေ့ ကိစ္စများသည် ဤကဲ့သို့ ပြောင်းလဲ လာလိမ့်မည်ဟု သူမ မမျှော်လင့် ထားပေ။

လင်းယွန်အား ပျိုးကျွန် အဖြစ် နိမ့်ချ ဖို့ရန် ပျက်ကွက်ခဲ့ရုံ သာမက လူရှေ့ သူရှေ့တွင်ပင် တောင်းပန် ရတော့ ပေမည်။

တွန့်ဆုတ် နေမိသော်လည်း ဒုခန်းမ သခင်မှာ သက်ညှာခဲ့ကြောင်း သူမသိသည်။ ဆက်ပြီး တွေဝေ နေမိပါက၊ ရှုပ်ထွေး သွားပေလိမ့်မည်။ ဤသို့ဆိုပါက ထိုအချိန်တွင် ပို၍ပင် ဒုက္ခရောက် မည်ကို သူမ သိသည်။

" လျူယွီက ဆရာကြီး ကူယွန်နဲ့ ဂျူနီယာ မောင်လေး လင်းယွန်ကို တောင်းပန် ပါတယ်၊ ငါလုပ်ခဲ့တာတွေ အတွက် ခွင့်လွှတ် ပေးပါ။ "

စကားသံဆုံးသည်နှင့် သူမ၏ မျက်နှာမှာ ခရမ်းရောင် သန်းလာခဲ့၏။

လင်းယွန်က ပြုံးရုံသာ ပြုံးပြီး သူမ၏ တောင်းပန် မှုကို တည်တည်ငြိမ်ငြိမ် လက်ခံ ခဲ့သည်။

“ ကောင်းပြီ၊ ဒီကိစ္စက ပြီးသွားပါပြီ၊ အခုချိန်က စပြီး လျူယွီက သိုလှောင်ခန်းမရဲ့ သင်းထောက် အဖြစ် ထမ်းဆောင် တော့မှာ မဟုတ်ဘူး၊ သူ့ရဲ့ ကျင့်ကြံမှု အပေါ်မှာပဲ အာရုံစိုက် လိမ့်မယ်၊ ကြယ်တစ်ပွင့် ဝိညာဉ်ရေး ရူရ်တွေကို မဆုပ်ကိုင် နိုင်ခင်မှာ ဘယ်ရာထူး ကိုမှ မယူ ရဘူး။ ”

ပြတ်သားသော စကားများက မိုးခြိမ်းသံ ကဲ့သို့ ထွက်ပေါ်လာ၏။ သိုလှောင်ခန်းမတွင် သင်းထောက် တစ်ဦး အနေဖြင့် အကျိုး ခံစား ခွင့်များ ရရှိ ခဲ့ဖူးသော်လည်း၊ အခုချိန်၌ အရာ အားလုံး ဆုံးရှုံး ရပေသည်။

" ကောင်းပြီ၊ လူစုခွဲလိုက်တော့။ "

လျူယွီ၏ မျက်နှာမှာ မည်းမှောင်နေခဲ့ပြီး၊ လင်းယွန်အား စူးစူးဝါးဝါး တစ်ချက်ကြည့် လိုက်ကာ၊ ထွက်ခွာ သွားခဲ့သည်။

ဟွမ်ဖူဂျင်းရှန်၏ နှလုံးမှာ သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပြိုကျလု နီးပါးပင်။ အလှည့် အပြောင်း များမှာ သူ့အတွက် စိတ်လှုပ်ရှား စရာ ကောင်းလှ ပေသည်။

လင်းယွန်သည် ပျိုးကျွန် အဖြစ်သို့ နိမ့်ကျရတော့ မည်ဟု အစပိုင်းတွင် သူထင် ခဲ့သော်လည်း အခြေ အနေမှာ ရုတ်တရက် ပြောင်းလဲ သွား ခဲ့သည်။

မည်သည့် ပြစ်ဒဏ်မှ မခံယူရသည့် အပြင် ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်နှင့်ပင် ဆက်ဆံရေး တစ်ခုကို အခိုင်အမာ ရယူထား နိုင်ခဲ့သည်။

ကူယွန်နှင့် သူ၏ ဆက်ဆံရေး အရ အနာဂတ်တွင် အရင်းအမြစ်များ အတွက် စိတ်ပူစရာ မလိုကြောင်း အာမခံ နိုင်ပေသည်။

လွန်ခဲ့သည့်သုံးရက်က မောက်မာစွာ ဖိနှိပ်ခဲ့သော ဟူရှင်းရန် ၏ ရလဒ်မှာ သနားစရာကောင်း လှသော အဆုံးသတ်သို့ ရောက်ရှိသွား၏။ ကျင့်ကြံမှုကို ဖျက်ဆီး ခံရပြီးနောက် ပျိုးကျွန် အဖြစ်သို့ ပြောင်းရွှေ့ ခံလိုက်ရသည်။

လျူယွီအတွက်မူ သင်းထောက် ရာထူးကို လက်လွှတ် လိုက်ရသည်ထက် ရှုံးနိမ့်သွားသော ဂုဏ်သတင်းမှာ ပို၍ နာကြည်းဖွယ်ရာ ကောင်းလှပေသည်။

"လင်းယွန်၊ ငါ အခု ဘာပြောရမှန်း မသိတော့ဘူး၊ မင်းက လျူယွီကို ဆန့်ကျင်ပြီး အောင်ပွဲ ရယူနိုင်တယ်"

ဟွမ်ဖူရှင်းရန်က ရှိုက်ကြီး တငင်ငင် ပြုံးလိုက်သည်။

“ ဒါက ဓားနန်းတော်ပဲ၊ ဒီမှာ သူမ လုပ်နိုင်တာ ဘာမှ မရှိပါဘူး၊ ဝမ်နင်ကိုတောင် သတ်ဝံ့တာ၊ သူ့လို ကောင်မလေး တစ်ယောက်ကို ကြောက်နေမယ် ထင်လား...... လိုအပ်ရင် ငါ ဝန်လေးနေမှာ မဟုတ်ဘူး...''

နဂါး ဗိုလ်ချုပ်၏ သမီးကို သတ်ပစ် ရဲသည် ဟူသော စကားကို ပေါ့ပေါ့ ပါးပါး ပြောဆို လာသော လင်းယွန်၏ အမူ အရာကြောင့် ဟွမ်ဖူ ဂျင်းရှန်မှာ ကျောရိုး တစ်လျှောက် အေးစိမ့် လာလေသည်။

၎င်းသည် ဓားသမား တစ်ယောက်၏ နှလုံးသား ပင်လော။

လောင်ယဲကို လိုက်ပါ ပို့ဆောင်လိုက် ပြီးနောက်၊ ကူယွန်က ပြန်လှည့်လာပြီး လင်းယွန် ကို ကြည့်ကာ၊

" လင်းယွန် ငါနဲ့ လိုက်ခဲ့... "

လင်းယွန်က ကူယွန်၏ အတွေးကို သိရှိနေသည်ကြောင့် ဟွန်ဖူဂျင်းရှန်ကို နှုတ်ဆက်ကာ လိုက်ပါ သွားခဲ့သည်။

လင်းယွန် နောက်ကျောကို ကြည့်လျက် ဟွမ်ဖူဂျင်းရှန်က အတွေးထဲ နစ်မျော သွားလေ သည်။ လင်းယွန်နှင့် ယှဉ်ပါက သူ့တွင် မည်သည့် အရာများ ချို့တဲ့ နေသည်ကို ဆင်ခြင်နေမိ၏။

ဆေးသန့်စင် အခန်းသို့ ပြန်ရောက်သည်နှင့်၊ ကူယွန်က ခါးသီးသော အပြုံးကို ထုတ်ဖော် လိုက်ကာ၊

" လင်းယွန်၊ တိမ်လျှပ်စီး မှော်ဆေးလုံးကို သန့်စင် နိုင်တယ်လို့၊ ငါပြောလိုက် မိပြီ ဆိုတော့၊ ငါ အခု ဘာလုပ်ရမလဲ၊ အမှန်တရားကို ဖော်ထုတ် လိုက်မယ် ဆိုရင် ငါ့ကို ရယ်မော ရုံသာမက ဟူရှင်းရန်လိုပဲ အဆုံးသတ်မျိုး ရှိကောင်း ရှိနိုင်မယ် …”

ကူယွန်မှာ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်ဖြစ်ရန် အလှမ်းဝေး နေသေးသည်။ ဝိညာဉ်ရေး ပညာကို မည်သူမှ လှည့်စား၍ မရပေ။

'လ'အနည်းငယ် အတွင်း အမှန်တရားကို ဖော်ထုတ် ခံရနိုင်မည် ဖြစ်သည်။

" စိတ်မပူပါနဲ့၊ ဒီအဆင့်ကို ဆုပ်ကိုင်ဖို့ ဆိုရင် ရဲရဲ ဝံ့ဝံ့ ရှိနေဖို့ လိုတယ်”

လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

" မင်း ဘာပြော ချင်တာလဲ "

“ လွန်ခဲ့တဲ့ သုံးရက် အတွင်းမှာ တချို့အရာတွေကို ငါ ထိုးထွင်း သိမြင် လာတယ်၊ ဆေးလုံးတွေကို သန့်စင်ဖို့က ငါ့အတွက် ခက်ခဲ လွန်းတာကြောင့်၊ ဝိညာဉ် ရူရ်တွေကိုပဲ ငါ သင်ပေးနိုင်မယ်၊ ... ”

“ ... ဆရာကြီး ကူယွန်ရဲ့ အရည်အချင်းက မဆိုးပါဘူး၊ မင်းကို လမ်းကြောင်း တည့်ပေး လိုက်ရုံ ပါပဲ၊ ငါ့ သွန်သင်ချက် တွေနဲ့ မင်း သေချာပေါက် တိုးတက် လာလိမ့်မယ်လို့ ငါ အာမ ခံတယ်။"

" မင်းက ငါ့ကို သင်ပေးမယ် ဟုတ်လား"

ကူယွန်က မယုံကြည်နိုင်စွာ မေးလိုက်သည်။ လင်းယွန်မှာ တိမ်လျှပ်စီး ဝိညာဉ်ရူရ် များကို လျှင်မြန်စွာ ရေးထိုးနိုင်သည့် အရည်အချင်း ရှိသူ ဖြစ်ကြောင်း သူ သိသည်။

သို့သော် လွန်ခဲ့သော ဆယ်စုနှစ် (၅)စု ကတည်းက ဝိညာဉ်ရေး သခင် တစ်ဦး အဖြစ် လျှောက်လှမ်း နေခဲ့သော သူ့အတွက် အပြည့် အဝ ယုံကြည်နိုင်ခြင်း မရှိပေ။

ဝိညာဉ်ရေး ရူရ်များကို ရေးထွင်းရာတွင် မည်မျှ ခက်ခဲ လှသည်ကိုသူ အသိဆုံးသာ ဖြစ်လေသည်။

" ငါ့ကို မယုံဘူးလား ဆရာကြီး ကူယွန် ... "

လင်းယွန်က ပြုံးပြပြီး၊ ရုတ်တရက် သူ့ အရှိန်အဝါကို ပြောင်းလဲ လိုက်သည်။

သူ့လက်ချောင်းများကို စုတ်တံအဖြစ် အသုံးပြုကာ၊ လေထဲတွင် တိမ်လျှပ်စီး ဝိညာဉ် ရူရ်များကို ရေးထွင်း လိုက်လေသည်။

လက်ချောင်းများ ထိပ်တွင် ခရမ်းရောင် အလင်း ဖျော့ဖျော့များ ထွက်ပေါ်လာပြီး၊ လေထု ထဲရှိ အသက်စွမ်းအင် များကို စတင် စုရုန်းလာ စေတော့၏။

'' ဆ...... ဆ ရာ ''

( ဘယ်လောက်တောင် မှော်ဆန် လိုက်တဲ့ မြင်ကွင်း မျိုးလဲ.... ဒါမှ တကယ် မှော်သခင် ....ဝိညာဉ်ရေး မှော်သခင်ပဲ ...)

ရှည်လျားသော အသက်ရှုသွင်း သံနှင့်အတူ ပင်ပန်း နွမ်းနယ် နေသည့် ဟန်ဖြင့်၊ ရေးဆွဲခြင်းကို လက်စ သတ်ကာ ကူယွန်ကို လှည့်ကြည့် လိုက်သည်။

ဝိညာဉ်ရေး စုတ်တံ မရှိသည့်နောက်၊ ခရမ်းရောင် ရေခဲ မီးတောက်ဖြင့် တိုက်ရိုက် ရေးသား ရသည်မှာ၊ အမှန်ပင် ခက်ခဲ နေဆဲပင်။

ဒူးထောက်လျက် အနေအထားဖြင့် ကူယွန်ကို တွေ့မြင် လိုက်ရသည်ကြောင့် ရုတ်တရက် အံသြ သွားမိသည်။

ကူယွန်အတွက်မူ တစ်စုံတစ်ယောက်သည် လေထုထဲ၌ ဝိညာဉ်ရေး ရူရ်များ ရေးထွင်းနိုင်သည်ဟု သူ ဘယ်တုန်းကမျှ မကြားခဲ့ ဖူးပေ။

လင်းယွန်က ကူယွန်ကို ဖေးမကာ၊

" မင်း အရင်က ဒူးထောက် ခဲ့ပြီးပြီ မဟုတ်လား၊ နောက်တစ်ခါ ဒူးထောက် နေစရာ မလိုတော့ ဖူးလေ၊ ဒါက လေထဲမှာ ရေးထိုး နိုင်ရုံ လေးပါ၊ မြင်သလောက်လည်း အထင်ကြီး စရာ မဟုတ် ပါဘူး၊ ဒါပေမယ့် ဆရာကြီး ကူယွန်ကို သင်ပေး ဖို့တော့ ငါ့အတွက် လုံလောက် ပါတယ်။ "

" လုံလောက်တယ်.... လုံးဝ လုံလောက်တယ် "

ကူယွန်က စိတ်လှုပ် ရှားစွာဖြင့် ခေါင်းညိတ် လိုက်သည်။

“ ဆေးလုံးတွေကိုပဲ သန့်စင်ပါ၊ အနာဂတ်မှာ ဝိညာဉ် ရူရ်များ ရေးထိုးနည်းကို ငါ သင်ပေးမယ်၊ ငါတို့ကြားမှာ စည်းမျဉ်း စည်းကမ်းတွေ မလိုဘူး၊ ဘာလို့လဲ ဆိုတော့ ငါတို့ နှစ်ယောက် လုံးရဲ့ နာမည်မှာ ယွန်လို့ ပါရှိ နေလို့ပဲ၊ ဒါကို ငါတို့ ကံကြမ္မာလို့ သတ်မှတ်လို့ ရပါတယ်၊ ''

နောက်ကွယ်၌ ပုန်းအောင်းရန် ဆုံးဖြတ် လိုက်ခြင်းသည် ပြဿနာများကို ရှောင်လွှဲနိုင် ရုံသာမက ရှေးဦးကျမ်း ကိုလည်း ဖုံးကွယ်ထား နိုင် ပေမည်။

“ ကောင်းပြီ.... ဒါပေမယ့် မင်း ငါ့ကို စီနီယာပဲ ခေါ်ပါ ဆရာကြီးလို့ ခေါ်နေတာက ငါ့အတွက် အရှက် ရစေတယ်၊ အကူအညီ လိုရင် ဘယ်မှာ ရှာရမလဲ"

ကူယွန်က လင်းယွန်၏ အကြံပြုချက်ကို ငြင်းဆိုရန် အကြောင်း မရှိပေ။

“ ရတနာတောင်ကုန်းကို သိလား....၊ ငါက တပည့် အသစ် ဖြစ်တာကြောင့် အဲဒီနေရာမှာ စုံစမ်းပါ၊ ငါ့နေရပ်က ဘယ်မှာလဲ ဆိုတာ အတိ အကျတော့ ငါမသိ သေးဘူး။ ”

" ရတနာ တောင်ကုန်းလား ငါသိတယ်၊ မဟာမိတ် ပြည်ထောင်စု နယ်မြေဆိုတာ ဓားနန်းတော်ရဲ့ အထင်ကရ နယ်မြေပဲ”

“ကောင်းပြီ ဒါဆို နှုတ်ဆက် ပါတယ်၊ တစ်ခုခု လိုအပ်ရင် ငါကို လာရှာပါ စီနီယာ၊ "

လင်းယွန်အတွက် ဓားနန်းတော်သည် စိမ်းသက် နေခဲ့ကာ၊ သူဘယ်ကို သွားသင့် သည်ကို အတိ အကျ မသိနိုင် ခဲ့ပေ။

“ ခဏ စောင့်ဦး ”

ကူယွန်က ထွက်သွားတော့ မည့်ဟန် ပြင်နေသော လင်းယွန်ကို ဟန့်တား လိုက်ပြီး၊ သိုလှောင်အိတ် တစ်အိတ်ကို ပေးအပ် လိုက်ကာ၊

" ဒီမှာ ဝိညာဉ်ကျောက်စိမ်း တစ်ထောင်နဲ့ အဆင့်မြင့် နက်နဲဆေးလုံး တစ်ရာ ပါတယ်၊ ဒါက ငါ့ကို မင်းရဲ့ တပည့်တစ်ယောက် အဖြစ် လက်ခံလိုက်တဲ့ အတွက်၊ ငါ့ လက်ဆောင်ပါ။ "

လင်းယွန်က သိုလှောင်အိတ်ကို လက်ခံ လိုက်သည်။ ၎င်းသည် ကူယွန်ကို ကြယ်နှစ်ပွင့် မှော်ဆေးပညာရှင် တစ်ယောက် ဖြစ်လာရန် ကူညီဖို့ ဆုံးဖြတ်ခဲ့သော အကြောင်းရင်း တစ်ခု ပေပင်။

အရင်းအမြစ်များကို ထောက်ပံ့ခြင်းဖြင့်၊ ကူယွန်က လင်းယွန်ကို ပါးနပ်စွာ ချုပ်ကိုင် လိုက်လေသည်။

“ ကျေးဇူးတင်ပါတယ်၊ ငါ့ကို လိုက်မပို့ ပါနဲ့တော့ "

လင်းယွန်က ဆေးသန့်စင်ခန်း အတွင်းမှ ထွက်လာသော အခါတွင် ကောင်းမွန်သော စိတ်အခြေအနေကို ပိုင်ဆိုင်လာ ခဲ့သည်။

ကူယွန်း နှင့်အတူ အနာဂတ်တွင် သူ လိုအပ်သော အရင်းအမြစ်များ ရရှိလာ နိုင်မည်ဟု ယုံကြည်ထား မိသည်။

နောက်ဆုံးတွင်၊ အရင်းအမြစ် မရှိပါလျှင် သူ၏ ကျင့်ကြံမှုတွင် မည်သည့် တိုးတက်မှုကိုမျှ မရနိုင်ပေ။

ဆေးခန်းမအပြင်သို့ ရောက်သော အခါတွင် ဟွမ်ဖူ ဂျင်းရှန်က စောင့်နေဆဲ ဖြစ်ပြီး၊ လင်းယွန်အား တွေ့လိုက်ရ သည်နှင့်၊ "မင်းအခု ဘယ်သွားမှာလဲ" ဟု မေးလာ ခဲ့သည်။

တစ်ဆက်တည်း မှာပင် လင်းယွန်၏ ပြန် အဖြေကို မစောင့် ခဲ့ပဲ၊

“ ငါကတော့ အသင်္ချေ ဓားရင်ပြင်ကို သွားမယ်၊ ဓားရည်ရွယ် ချက်ကို ပြီးပြည့်စုံတဲ့ အထိ နားလည်မှု ရှာရမယ် ”

ဟွမ်ဖူဂျင်းရှန်က ပြုံးလျက် သူ့အတွေးကို ထုတ်ဖော် ပြသခဲ့ပြီး၊ မျက်ဝန်းများတွင် ယုံကြည်မှု အလင်းတန်းများ တဖျတ်ဖျတ် လွင့်နေသည်။

လင်းယွန်အပြင် ဟွမ်ဖူဂျင်းရှန်သည်လည်း အရည် အချင်း အရှိဆုံး တပည့်သစ် တစ်ယောက် အဖြစ် ဂိုဏ်းမှ သတ်မှတ်ခံ ထားရသည်။

ဟွမ်ဖူဂျင်းရှန်က ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် ထွန်းလင်းစွာ တောက်ပလိမ့်မည်ဟု ယူဆခဲ့ သော်လည်း လင်းယွန်၏ ကြီးစိုး လွန်းသော အသွင်အပြင်ကြောင့် သူ့နာမည်အား လွှမ်းမိုး သွား ခဲ့သည်။

သို့သော် ဟွမ်ဖူ ဂျင်းရှန်မှာ သူ့နာမည်ကို တည်ဆောက် ထားနိုင် နေတုန်းပင်။

ဟွမ်ဖူဂျင်းရှန်၏ စကားကြောင့် လင်းယွန်ကပြန်လည် လှည့်ကြည့် လိုက်မိပြီး၊ အံသြမှုကိုပင် မဖုံး ကွယ်နိုင် ခဲ့ပေ။

ပြီးပြည့်စုံသော ဓားရည်ရွယ်ချက်ကို ရရှိရန် ခြေတစ်လှမ်း မျှသာ ဝေးကွာတော့ကြောင်း သူ ခံစားနိုင်သည်။

" အသင်္ချေဓားရင်ပြင်က ဒီလောက်တောင် အံ့သြဖွယ် ကောင်းတယ်လား "

လင်းယွန်က မယုံကြည် နိုင်ဟန်ဖြင့် ရေရွတ် လိုက်သည်။

" မင်း လိုက်ခဲ့မယ် ဆိုရင် မင်းသိမှာပါ "

-ဟု လျှို့ဝှက်သော အပြုံးဖြင့် ပြန်ဖြေ၏။

“ ကောင်းပြီ.... အဲဒီကို သွားဖို့လည်း ငါ ရည်ရွယ် ထားပါတယ်”

ထို့နောက် သူတို့နှစ်ဦးသား ဆေးခန်းမမှ ထွက်ခွာ လာကာ လမ်းတစ်လျှောက် စကား စမြည် ပြောဆို လာကြသည်။ လင်းယွန်က တစ်စုံ တစ်ခုကို သတိရသွားပြီး၊

" ဟွမ်ဖူ မိသားစုမှာ နက်ရှိုင်းတဲ့ နောက်ခံရှိတယ် မဟုတ်လား၊ မျိုးနွယ်စုကြီး လေးစုထက် အနည်းငယ် နိမ့်ကျ ရုံပါပဲ၊ ဟွမ်ဖူ မျိုးဆက်တွေ အတွက် အရင်းအမြစ်က ဒီလောက် မချို့တဲ့ သင့်ပါဖူး၊ .....''

လင်းယွန်၏ အမေးကြောင့် ခါးသီးသော အပြုံးကို ထုတ်ဖော်လျက် ဟွမ်ဖူက သက်ပြင်း ချကာ၊

"မျိုးနွယ်စုကို ပင်မမျိုးဆက်နဲ့ အခွဲ မျိုးဆက် ဆိုပြီး ပိုင်းခြားထားတယ်၊ ဥပမာ အားဖြင့်၊ ဝမ်နင်က ပင်မ မျိုးဆက် ကနေ ဆင်းသက် လာသူ ဖြစ်တာကြောင့် အရင်း အမြစ်တွေ ပြတ်တောက်ခြင်း မရှိဘူး..... အခွဲ မျိုးဆက်တွေ အတွက်ကတော့ မပြော နဲ့တော့။ ”

ဤသို့သော အကြောင်းအရာသည် ဟွမ်ဖူဂျင်းရှန်၏ အနာကို ထိမိခဲ့ကြောင်း လင်းယွန်သိသည်။ ထို့ကြောင့် ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်ပြီး။

“ အို ... မင်းဆီက တစ်စုံ တစ်ယောက် အကြောင်း ငါသိချင် တယ်”

" ဘယ်သူလဲ ....."

" ဘိုင်လိရွှမ်၊ ဒီလူကို မင်းသိတယ် မဟုတ်လား၊ ဒါပေမယ့် ငါ ဂိုဏ်းကို ဝင်ပြီးထဲက သူ့ကို ဘာလို့ မမြင်ရ သေးတာလဲ"

ဟွမ်ဖူဂျင်းရှန်က ပြုံးပြီး သူ့ရင်ဘတ် ပေါ်ရှိ တံဆိပ်ကို လက်ညှိုး ထိုးပြကာ၊

"မင်းမေးတာ မှန်ပါတယ်၊ ငါက ဘိုင်လိရွှမ်နဲ့ တစ်ဖွဲ့ထဲဖြစ်တဲ့ အဖော်မဲ့ကြယ် မဟာမိတ် ထဲကို ဝင်ခဲ့တယ်၊ ဒီအဖွဲ့က အထက်တန်းစားတွေနဲ့ အရူးကျင့်ကြံသူ တွေကိုပဲ လက်ခံတယ်...'

'' ဘိုင်လိရွှမ်က အပြာရောင်နေမင်း နိုင်ငံကနေ ပြန်လာပြီး ကတည်းက တံခါးပိတ် ကျင့်ကြံ နေတယ်လို့၊ ငါ့ စီနီယာတွေ ဆီကနေ ကြားမိတယ်။ ''

'' ...... ကျင့် ကြံ နေတယ် "

“ ဟုတ်တယ်၊ သူက ရှန်ရှင်း သိုင်းသမား တစ်ယောက် အနေနဲ့ ၊ နက်နဲသိုင်းသမား အများအပြားကို အနိုင်ယူ နိုင်တဲ့ ပါရမီရှင် တစ်ဦးပဲ၊ ...”

“ ... ရှန်ရှင်းနယ်ပယ်နဲ့ မြေကြီး အဆင့် ထဲကို ဝင်ရောက် နိုင်ခဲ့တဲ့ ဘီလူး တစ်ကောင် အဖြစ် လူသိ များခဲ့တယ်၊ ဒီတစ်ကြိမ် သူ တံခါးပိတ် ကျင့်ကြံတာက သူတော်စင် ခန္ဓာ ကိုယ်ကို မရ မချင်း၊ နက်နဲနယ်ပယ်ကို ဘယ်လို နည်းနဲ့မှ တက်ရောက်မှာ မဟုတ်ဖူး ”

ဘိုင်လိရွှမ် အကြောင်း ပြောနေသော ဟွမ်ဖူ ဂျင်းရှန်၏ မျက်နှာတွင် လေးစား မှုများ ထင်ဟပ် လာလေသည်။

ဂိုဏ်းထဲ ဝင်ရောက်ပြီးနောက် ဘိုင်လိရွှမ်ကို မတွေ့ခဲ့ရသည့် အကြောင်း ပြချက်ကို သိလိုက် ရသည်။

သူတို့ နှစ်ယောက်သား အခြားသော အကြောင်းအရာများ ပြောဆိုလျက် အသင်္ချေ ဓားရင်ပြင်သို့ လျှောက်လှမ်း လာမိကြ၏။

လင်းယွင်မှာ ပြန်လည် လွတ်မြောက် လာသည့် သတင်းကို ဝန်ယန်အား အကြောင်း ကြားရန် အချိန် အတော်ကြာ ခဲ့သည်။

ပေးအပ်လာသည့် သတင်းကို ဖတ်ကြည့် ပြီးနောက်၊ သူ့မျက်နှာမှာ မည်းမှောင် သွားပြီး၊

“နောက်ဆုံးတော့ မင်းထွက်လာပြီ၊ အဲ့ဒီမှာ မင်းတစ်သက်လုံး ပုန်းနေမယ်လို့ ငါ ထင်ခဲ့တာ။ ”

-ဟု ရေရွတ် လိုက်လေသည်။

ဝမ်ယန်ထံမှ ပြင်းထန်သော သတ်ဖြတ် လိုခြင်း ဆန္ဒ များကြောင့်၊ ဝမ်မိသားစု၏ နားနေ ဆောင်ထဲတွင် ကျင့်ကြံနေကြ သူများ၏ မျက်လုံးများ ပွင့်လာခဲ့သည်။

၎င်းတို့ အားလုံးသည် ဝမ်ယန်မှ ဂိုဏ်းသို့ ပြန်ခေါ်ခြင်း ခံရသော အထက်တန်းစား တပည့်များ ဖြစ်ပေသည်။

လျူယွီသုံးခဲ့သော လှည့်ကွက် ကလေး များဖြင့် ယှဉ်ပါက၊ ဝမ်ယန် သည်သာ လင်းယွန်၏ အကြီး မားဆုံး ဒုက္ခ အိုးပင် ဖြစ်လေသည်။

***

All Chapters