အသင်္ချေ ဓားရင်ပြင်။
Vol. 16 Ch. 211
ကောင်းကင်ဘုံ ဓား နန်းတော်တွင် နယ်မြေကြီးလေးခု ရှိသည်။ ၎င်းတို့မှာ 'အသင်္ချေဓား ရင်ပြင်'၊ 'ဓားဝိညာဉ် ခန်းမ'၊ 'ဓားသင်္ချိုင်း တောင်ကုန်း'နှင့် 'တိမ်လွှာ ဓားခန်းမ' တို့ဖြစ်သည်။
ဓားသင်္ချိုင်း တောအုပ်မှာ ရတနာ နယ်မြေထဲ ပါဝင် သော်လည်း၊ တားမြစ် နယ်မြေ ဖြစ်သည် ကြောင့်၊ တပည့်များ သွားလာ ခွင့်ကို ပိတ်ပင် ထား၏။
၎င်းတို့သည် 'ဓား ရည်ရွယ်ချက် အပေါ် နားလည်မှု ရယူခြင်း'၊ 'သိုင်းဝိညာဉ်'၊ စီနီယာများ ထားခဲ့သော 'အမွေအနှစ်' များနှင့်၊ 'လျှို့ဝှက် နည်းစနစ် များ'ဟု၊ အကြမ်းဖျင်း မှတ်ယူ နိုင်ပေသည်။
တပည့်များ အတွက် နယ်မြေ တိုင်းတွင် ဆွဲဆောင်မှု များစွာ ရှိပေသည်။ သို့သော် 'အသင်္ချေ ဓားရင်ပြင်' မှလွဲ၍၊ ကျန်သုံး နေရာသည်၊ ဂိုဏ်းသား တံဆိပ်ပြားကို ဒုတိယ အဆင့်သို့၊ မြှင့်တင် ထားရန် လိုအပ်ပေ၏။
ထို့ကြောင့် လင်းယွန်မှာ ယခု အချိန်တွင် 'အသင်္ချေဓား ရင်ပြင်' ကိုသာ ရွေးချယ် နိုင်မည် ဖြစ်သည်။ သို့သော် တစ်ကြိမ်လျှင် ခြေတစ်လှမ်း လှမ်းခြင်း သည်သာ သူ့အတွက် ပို၍ အသုံးဝင် လှပေသည်။
" ဟွမ်ဖူ၊ မင်းရဲ့ ဂိုဏ်းသား ကျောက်စိမ်း တံဆိပ်ရဲ့ အဆင့်က ဘယ်လောက်လဲ။"
“ ဒုတိယ အဆင့်၊ မင်းကရော၊ မင်းက ငါနဲ့ တူနေ သင့်တယ် မဟုတ်လား"
ဟွမ်ဖူဂျင်းရှန်က ပြုံးပြီး ပြန်ဖြေ လာ၏။
“ ဟင့် အင်း… ငါက သုည အဆင့် မှာပဲ၊ ရှိသေးတယ် ”
လင်းယွန်က ရှက်ရွံ့ဟန်ဖြင့် ပြန်ဖြေ လိုက်သည်။
" သုညအဆင့်.... အို ဟုတ်သား.... အဲဒီ တုန်းက မင်းကို ဆေးတောင်တန်းမှာ အပြစ်ပေး ခဲ့တာကိုး ... ''
'' ဒါနဲ့ ဝိညာဉ် ကျောက်စိမ်းတွေ မရှိပဲနဲ့၊ မင်းရဲ့တံဆိပ်ပြားကို အဆင့် ဘယ်လို တိုးခဲ့တာလဲ...''
ကျောက်စိမ်းတုံး အရေ အတွက်သည် 'ဂိုဏ်းသား တံဆိပ် ပြား'ကို၊ မြှင့်တင်ရန် တစ်ခု တည်းသော ရွေးချယ်ခွင့် ဖြစ်သည် ကြောင့်၊ လင်းယွန်က မေးလိုက်ခြင်း ဖြစ်သည်။
ဟွမ်ဖူဂျင်းရှန် တွင်သာ ဝိညာဉ် ကျောက်စိမ်း အလုံ အလောက် ရှိပါက၊ ဆေး ခန်းမသို့ လာရောက် ကံစမ်း ကြည့်မည် မဟုတ်ပေ။
“ မင်း ထွက်သွား ပြီးတဲ့နောက် ကြယ်ကိုးပွင့် ပြိုင်ပွဲကို၊ နောက်ထပ် တစ်ကြိမ် ကျင်းပ ခဲ့တာကြောင့်၊ ငါက ပထမ နေရာကို ရယူနိုင် ခဲ့တယ်၊ ရလဒ် အနေနဲ့၊ ... ”
“ ... သေမျိုး အဆင့်ရဲ့ ထိပ်ဆုံး ငါးရာထဲ တိုက်ရိုက် ထည့်သွင်း ပေးခဲ့တယ်၊ လွန်ခဲ့တဲ့ ရက် အနည်းငယ်က၊ ထိပ်ဆုံးနှစ်ရာ အထိ ထပ်မံ ဝင်ရောက် နိုင်ခဲ့ တာကြောင့်၊ ငါ့ရဲ့ တံဆိပ်ကို ဒုတိယ အဆင့်ထိ မြှင့်တင်နိုင် ခဲ့တာပဲ ။ ”
ဟွန်ဖူဂျင်းရှန်က ပြန်ရှင်းပြ လိုက်သည်။
" ဒါဆို ကောင်းကင်၊ မြေကြီးနဲ့ သေမျိုး အဆင့်တွေက ဘယ်လို အလုပ်လုပ် လဲဆိုတာ၊ မင်းရှင်းပြ နိုင်မလား "
လင်းယွန်က စဉ်းစားပြီး မေးလိုက် ပြန်သည်။
“ အဲဒါက တော်တော်လေး ရှင်းပါတယ်၊ 'သေမျိုး အဆင့်' ဆိုတာ၊ ပြင်ပ တပည့် အဆင့်နဲ့ ညီမျှတယ်၊ 'မြေကြီး အဆင့်' ဝင်ရင် အတွင်း တပည့် အဖြစ် သတ်မှတ် ခံရမယ်၊ ... ”
“ ... အဲ့ဒီ အချိန်မှာ၊ မင်းရဲ့ တံဆိပ် ပြားကို စတုတ္ထ အဆင့်ထိ၊ တိုးမြှင့် ပေးလာ လိမ့်မယ်၊ ကောင်းကင် အဆင့် အတွက် ကတော့ …”
ဟွန်ဖူဂျင်းရှန်၏ မျက်လုံး များတွင် မျှော်လင့်ချက် များဖြင့် တောက်ပ လာပြီး၊
“ ကောင်းကင် အဆင့်မှာ လူ (၁၀)ပဲ ရှိတယ်၊ သူတို့က ဓားနန်းတော်ရဲ့ အသန် မာဆုံး တပည့် ဆယ်ယောက်ကို ကိုယ်စား ပြုပြီး၊ သူတို့ အားလုံး ကို နဝမ အဆင့် တံဆိပ် ပြားတွေ ပေးအပ် ထားတယ်၊ ... ”
“ ... သူတို့ရဲ့ အာဏာနဲ့ အဆင့် အတန်းက အချို့သော အကြီးအကဲ တွေထက် မြင့်မား လွန်းတယ်၊ သူတို့ အားလုံးက သာမန် တပည့် တွေကို၊ သတ်ပစ် နိုင်တဲ့ အခွင့် အာဏာ ကိုတောင်၊ ပိုင်ဆိုင်ထား ကြတယ်။”
အဆင့်သုံးဆင့် အလုပ်လုပ် ပုံကို လင်းယွန်ကအကြမ်းဖျင်း နားလည် သွားမိ သည်။
တပည့် များ၏ အခွင့် အာဏာမှာ၊ သူတို့၏ အဆင့် နှင့် အတူ တိုးလာ နိုင်ပေမည်။ ဤသည်မှာ တပည့် များကြား ပြိုင်ဆိုင်မှုကို ပြင်းထန် စေသော နည်းလမ်း ဖြစ်သည်။
" ရှင်းဂျူကို မှတ်မိ သေးလား"
ဟွမ်ဖူ ဂျင်းရှန်က စကား ဖြတ်ကာ၊ မေးလာ သည်။
" အဲဒီတုန်းက မင်းကို ဝမ်ယန်ဆီ ကနေ ကယ်ခဲ့တဲ့ သူလေ "
" အင်း......ငါ သိပြီ၊ စီနီယာ အစ်မ ရှင်းယန်ရဲ့ အစ်ကိုပဲ။ "
လင်းယွန်က ခေါင်းညိတ် လိုက်၏။
" ဒါအမှန်ပဲ.... သူက ကောင်းကင် အဆင့် အဆင့် (၆)မှာ ရှိတယ်”
ဟွမ်ဖူဂျင်းရှန်၏ မျက်လုံး များတွင် တောက်ပ နေသော အားကျ ဖွယ်ရာ များဖြင့်၊ ပြည့်နှက် လာခဲ့သည်။
သူ့ စကားကြောင့် လင်းယွန်က တစ်စုံ တစ်ရာကို နားလည် သွား၏၊ ရှင်းဂျူသည် ကောင်းကင် အဆင့်တွင် ပါရှိ သောကြောင့် ရှင်းယန်က ဝမ်ယန်ကို သဘာဝ အတိုင်း ဆန့်ကျင် ဝံ့ခြင်း ဖြစ်ပေမည်။
ဟွမ်ဖူ ဂျင်းရှန်အား တစ်ချက် လှည့်ကြည့် လိုက်ပြီး လင်းယွန်က၊
" မင်းရဲ့ အင်အားနဲ့ ထိပ်ဆုံး နှစ်ရာကို ဝင်လို့ ရမလား "
ဟွမ်ဖူဂျင်းရှန်၏ ခွန်အားမှာ၊ ယခင် ကထက် သိသိ သာသာ တိုးတက်လာ ခဲ့သည်ကို၊ သူ သတိထား မိသည်။
သူတွင် ပြီးပြည့် စုံသော ဓား ရည်ရွယ် ချက်သို့ ရောက်ရန်၊ ခြေတစ်လှမ်း မျှသာ ဝေးကွာ တော့သည့် အပြင်၊ နက်နဲ နယ်မြေ၏ ဒုတိယ အဆင့် တွင်လည်း၊ ရောက်ရှိ နေသည်။
“ ပြင်ပဂိုဏ်းသား တပည့်ပေါင်း သောင်းချီ ရှိတယ်၊ အမှိုက်တွေ အကုန် ရှင်းထုတ်ပြီး ပြီမို့ ထိပ်တန်း နှစ်ရာထဲ ရောက်ဖို့က မလွယ် ပါဘူး၊ ဒါပေမယ့် အဆင့် သတ်မှတ် ချက်မှာ ခိုင်မာတဲ့ နေရာ ရဖို့ အခွင့် အရေး တွေတော့ ရှိနေပါ သေးတယ်”
ဟွမ်ဖူဂျင်ရှန်က ခေါင်းညိတ် ဝန်ခံ လိုက်သည်။
နှစ်ယောက်သား ပေါ့ပေါ့ပါးပါး စကား စမြည် ပြောကာ၊ ပတ်ဝန်းကျင်ကို မေ့လျော့သွား ပြီးနောက်၊ 'အသင်္ချေ ဓားရင်ပြင်' သို့ ရောက်ရှိ လာခဲ့သည်။
'အသင်္ချေဓား ရင်ပြင်' ဆိုသည်မှာ မိုးကုတ်စက်ဝိုင်း သို့တိုင်၊ ထိုးဖောက် နေသော ကျောက်ဓားကြီး တစ်လက်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဓားဖျားသည် တိမ်ခိုးများ ရစ်သိုင်းကာ ပျောက်ကွယ် နေပေပြီ။
ဓားရင်ပြင် ပေါ်ရှိ တပည့် တိုင်းသည်၊ မြင့်သော ဓားသဏ္ဍာန် ရင်ပြင်နှင့် ယှဉ်ပါလျှင် သေးငယ်သော ပိုးမွှားများ ကဲ့သို့၊ နိမ့်ကျ လှပေသည်။
ကျောက်ဓားကြီးသည် မိုးကုပ် စက်ဝိုင်း ထိတိုင် ထိုးဖောက် နေသော ဓားတစ်လက် ကဲ့သို့၊ ဦးမော့ နေ၏။
ကောင်းကင်ကို ဖြတ်၍ ထက်ရှသော ဓားရည်ရွယ်ချက် များဖြင့်၊ လေထု ထဲတွင် တုနှိုင်း မရသော ဓားတစ်လက် ကဲ့သို့၊ ဖြစ်တည် နေလေသည်။
ရောက်ရှိ လာသော တပည့် များက လေးနက်သော အမူအရာ များကို ထုတ်ဖော် လိုက် ကြသည်။ နှိမ့်ချသော လေသံများ ဖြင့်ပင် စကား ပြောဆို နေကြသည်။
“ ကြည့်ပါဦး အစ်ကိုလင်း၊ ငါ နောက်ပြောင် ပြောခဲ့တာ ဟုတ် မဟုတ်ကို "
မိုးကုတ် စက်ဝိုင်းကို ထိတ်လန့်စွာ မျော်ကြည့် နေသော လင်းယွန်ကြောင့်၊ ဟွမ်ဖူ ဂျင်းရှန်က ပြုံးကာ မေးလိုက်သည်။
“ တကယ်ပဲ ရတနာ နယ်မြေ လေးခု ထဲက တစ်ခု ဖြစ်ထိုက် ပါပေတယ်၊ ဒီလောက် ကြီးကျယ် ခမ်းနား လှတဲ့ ဓား ရည်ရွယ်ချက် ကြောင့်၊ နှလုံးသား ထဲက အလိုလို ညွှတ်တွား လာစေတယ် ”
လင်းယွန်က တုန်လှုပ် ချောက်ချားမှုမှ ပြန်လည် သက်သာ လာချိန်တွင်၊ ခေါင်းညိတ် လက်ခံ လိုက်ရသည်။
“သွား ကြည့် ရအောင်”
ဟု ဟွမ်ဖူ ဂျင်းရှန်က အကြံပြု လိုက်၏။
နှစ်ယောက်သား ဓားသဏ္ဍာန် ကျောက် ရင်ပြင်ကြီး ပေါ်သို့၊ ခုန်တက် လိုက်သည်နှင့်၊ ဖိအားများ ကျရောက်လာ လေသည်။
ဖိအား များကြောင့် လင်းယွန်က တုန်လှုပ် သွား၏။ 'အသင်္ချေဓား ရင်ပြင်' သို့ ဝင်ရောက်ရန် ကန့်သတ်ချက် တစ်ခု မျှပင်၊ မလိုအပ် သော်လည်း၊ ဓားတာအို အပေါ် အတိုင်း အတာ တစ်ခု အထိ၊ နားလည် ထားမှု မရှိ ပါက၊ အဝေးသို့ လျှောက်လှမ်း နိုင်မည် မဟုတ်ပေ။
လမ်းတစ်လျှောက်တွင် အတူ ဝင်ရောက် လာသော လူသစ် အချို့မှာ မောပန်း နွမ်းနယ် စွာဖြင့် မြေပြင် ပေါ်၌ ရပ်တန့် အနားယူ နေခဲ့ကြသည်။
လင်းယွန်က ဓား တစ်လက်ကို (ဓား ရည်ရွယ်ချက်) ဆုပ်ကိုင် ထားနိုင်ပြီး၊ ဟွမ်ဖူ ဂျင်းရှန်၌ မပြည့်စုံသော ဓားတစ်လက် ရှိနေ သည်ကြောင့်၊ 'အသင်္ချေ ဓား ရင်ပြင်' ပေါ်သို့ တက်လှမ်း ရာတွင် အခက် အခဲ ဖြစ်မလာ ခဲ့ပေ။
ကျောက်ဓား အဖျားသို့ တရွေ့ရွေ့ တိုးတက် နေစဉ်တွင် လင်းယွန် ရှေ့၌ အကန့် အသတ်မဲ့ အရှိန် အဝါများ ထုတ်လွှတ် ထားသော ပန်းချီကား တစ်ချပ် ထွက်ပေါ် လာတော့သည်။
ပန်းချီကား၏ မျက်နှာ ပြင်တွင် 'ကြေးမှုံ မှန်' တစ်ချပ် သဏ္ဍာန် ထင်ဟပ် နေပြီး၊ ဝင်ရောက် လာသူ တိုင်းကြောင့်၊ မျက်နှာ ပြင်၌ လှိုင်း ဂယက်များ ပျံ့နှံ့ သွားသည်။ ၎င်းသည် ဝင်ပေါက် တစ်ခုနှင့် တူ၏။
'' ဒါ ဝင်ပေါက်လား ''
ကမ္ဘာပေါ်တွင် အသာယာဆုံး ဂီတ သံစဉ် ကဲ့သို့၊ ဓား အချင်းချင်း ခုတ်ထစ် နေသံများ ထွက်ပေါ် လာပြီး၊ ပတ်ဝန်းကျင်ကို တဟုန်ထိုး တုန်ခါ လာစေသည်။
ကျောက်ရင်ပြင် အနှံ့တွင် လေးနက်သော အမူအရာ များဖြင့် ထိုင်နေသူ များစွာ ရှိသည်။
" သူတို့ ဘာလုပ် နေတာလဲ "
လင်းယွန်က နားမလည် ဟန်ဖြင့် မေးလိုက် သည်။
" အစ်ကိုလင်း၊ ဒီနေရာကို 'အသင်္ချေ ဓား ရင်ပြင်' လို့ မင်းထင်လား"
ဟွမ်ဖူ ဂျင်းရှန်က လင်းယွန်၏ မေးခွန်းကို ပြန်မဖြေ သေးပဲ၊ ဆန်းကြယ်သော အပြုံးဖြင့် ပြန်မေး လာသည်။
“ မဟုတ်ဖူးလား၊ ဒါမှ မဟုတ် အသင်္ချေ ဓားရင်ပြင်က တခြား တစ်နေ ရာရာမှာ ရှိနေတယ်လို့ မင်း ပြောချင် တာလား။ ”
" အင်း ဟုတ်တယ်၊ မင်း မှားတယ်... တကယ့် တော့ အသင်္ချေ ဓား ရင်ပြင်မှာ 'အသင်္ချေဓား ပန်းချီကား' ရှိတယ်၊ အဲ့ဒီ ပန်းချီ ကားရဲ့ ဝင်ပေါက်ကို သာမန် မျက်စိနဲ့ မမြင် နိုင်ဘူး၊ မင်း နှလုံးသား နဲ့သာ မြင်နိုင်တယ်”
" ဟွမ်ဖူ၊ ဝေ့ဝိုက် နေတာ တွေကို ရပ်လိုက်ပါ၊ ဘာဖြစ် နေတာလဲ ငါ့ကို ပြောပြပါ "
လင်းယွန်၏ အမူ အရာကို ကြည့်ကာ၊ ဟွမ်ဖူ ဂျင်းရှန်က 'တဟားဟား' အော်ရယ် လိုက်၏။
“ ... ရှင်းရှင်း ပြောရရင်၊ အစောက မင်းဖြတ်လာ ခဲ့တဲ့ နေရာက 'အသင်္ချေဓား ပန်းချီကား' ရဲ့ ဝင်ပေါက် တံခါးပဲ၊ ... ”
“ ... 'အသင်္ချေဓား ပန်းချီကား' နယ်မြေက၊ မင်းနဲ့ ဓားသာ ဝင်နိုင်တဲ့ သီးခြား ကမ္ဘာ တစ်ခုပဲ၊ ငါတို့ရဲ့ ကမ္ဘာ ကြီးမှာ ကောင်းကင်ဘုံ ကိုးခု ရှိလို့၊ ... ”
“ ... ဓားပန်းချီ နယ်မြေ ကိုလည်း၊ ဘုံအဆင့် ကိုးဆင့် သတ်မှတ် ထားတယ်၊ အဲ့ဒီ ကမ္ဘာကြီး ထဲမှာ မင်းရဲ့ ဓား ရည်ရွယ်ချက်က ပိုအားကောင်း လေလေ၊ မင်းဒီထက် ပို သွားနိုင် လေလေ ပါပဲ "
ဟွမ်ဖူ ဂျင်းရှန်က ပြုံးလျက် ရှင်းပြ လိုက်သည်။
“ ဝင်လိုက် တာနဲ့ ....၊ မင်းရဲ့ ခန္ဓာ တစ်ခု ဖြစ်တည် လာလိမ့်မယ်၊ နက်နဲမှု တွေကိုတော့ အပြည့် အဝ မရှင်းပြ နိုင်ဘူး၊ မင်းကိုယ်တိုင် တွေ့ကြုံ ပြီးမှ သိလိမ့်မယ်”
ဟု ဟွမ်ဖူ ဂျင်းရှန်က လျှို့ဝှက်ကာ ဆိုလာ သည်။
“ ငါ နားလည်ပြီ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။
“ တိတ်တိတ်နေ .... ဒီလူတွေကို မနှောင့်ယှက်ပါနဲ့၊ သူတို့ရဲ့ ဓားရည်ရွယ် ချက်ကို အသင်္ချေ ဓား ပန်းချီကား နယ်မြေနဲ့ သွေးယူနေ ကြတာ ... အနည်းငယ် ကျယ်လောင်သံ ကတင် သူတို့ရဲ့ ဓားရည်ရွယ် ချက်ကို အကျိုး သက်ရောက်မှု ရှိစေ လိမ့်မယ်။ ”
ဟု သတိပေး ပြောကြား ခဲ့သည်။
နောက်ဆုံးတွင် နှစ်ယောက်သား လူနည်းသော နေရာကို ရှာတွေ့ပြီး၊ တင်ပျဉ်ခွေ ထိုင်လိုက် ကြ၏။
မျက်လုံးများမှိတ် ထားလိုက် သည်နှင့် သူ၏ ဓားရည်ရွယ် ချက်မှာ အသင်္ချေဓား ပန်ချီကား ကမ္ဘာ ကြီးနှင့် သူ့ကြား ချိတ်ဆက် နေသည့် ဆန္ဒကို ခံစား လိုက်ရသည်။
သူနှင့် အပြည့် အဝ ချိတ်ဆက် မိသွားသော အခါတွင်၊ ပုံရိပ်ယောင်နှင့် အဖြစ်မှန်များ ရောနှော ထားသည့် သီးခြား ကမ္ဘာကြီး တစ်ခု အတွင်းတွင် သူ့ကိုယ်သူ ပြန်တွေ့ လိုက်ရသည်။
ရှုခင်းမှာ သာယာ လှပပြီး၊ ယင်း ကမ္ဘာရှိ အရာအားလုံးကို ဓားဆန္ဒ များဖြင့် တည်ဆောက် ထားသည်။
သူ့ဘေးနားမှ ဟွမ်ဖူ ဂျင်းရှန်ကို လှည့်ကြည့် လိုက်ရာ၊ ဟွမ်ဖူ ဂျင်းရှန်၏ ပုံသဏ္ဍာန်မှာ မှုန်ဝါး နေပြီး၊ အနည်းငယ် ထင်ယောင် ထင်မှား ဖြစ်နေ ခဲ့သည်။
အခြားသော နေရာ များတွင် လူအချို့က ၎င်းတို့၏ ဓားဆန္ဒ များကို လုံးလုံး လျားလျား ချုပ်ကိုင် ထားကြ သည်ကြောင့်၊ စူးရှသော တောက်ပမှု များဖြင့် ပြည့်နှက် နေခဲ့ရာ၊ လင်းယွန်က မှင်တက် သွား၏။
“ ဒါက အသင်္ချေ ဓား ပန်းချီကားရဲ့ ပထမ ကောင်းကင်ပဲ၊ မင်းရဲ့ ခန္ဓာကိုယ်ကို ထင်ရှား လာစေဖို့ ဆိုရင်၊ ဓား ရည်ရွယ်ချက်ကို ပိုမို ဆုပ်ကိုင် ထားနိုင်ဖို့ လိုအပ်တယ်၊ ... ”
“ ... အဲ့ဒီအတွက် ဒီကမ္ဘာမှာ ရှိတဲ့ ဓား ရည်ရွယ်ချက် တွေကို တိုက်ရိုက် စုပ်ယူ နိုင်တယ်၊ မင်းဒီမှာ ပို အားကောင်း လေလေ၊ ပြင်ပ ကမ္ဘာမှာ ရှိတဲ့ မင်းရဲ့ ဓား ရည်ရွယ် ချက်က ပို သန်မာလာ လေလေပဲ "
ဟွမ်ဖူ ဂျင်းရှန်က လင်းယွန်ကို လှမ်းကြည့်ကာ ထပ်မံ ရှင်းပြ လိုက်သည်။ လင်းယွန်ထက် စာလျှင်၊ ဟွမ်ဖူဂျင်းရှန်၏ ပုံရိပ်သည် ပို၍ မှုန်ဝါး နေခဲ့ လေပြီ။
ရှင်းပြ ချက်ကို ကြားလိုက် သည်နှင့်၊ ဟွမ်ဖူ ဂျင်းရှန်၏ ဓား ရည်ရွယ်ချက် လျင်မြန်စွာ တိုးတက် လာပုံကို ရုတ်တရက် သဘောပေါက် သွားခဲ့သည်။ သူ့အာရုံကို ပတ်ဝန်းကျင် အပေါ် စတင် ဖြန့်ကျက် လိုက်၏။
ဤသည်မှာ ပထမ ကောင်းကင်ဘုံသာ ဖြစ်သည်၊ ထို့ကြောင့် ဒုတိယ ကောင်းကင်နှင့် တတိယ ကောင်းကင်ရှိ ဓားသည် မည်မျှ အစွမ်းထက် မည်နည်း။
“ ဒုတိယ ကောင်းကင်ဘုံကို အပြင်း အထန် ဝင်ရောက်ဖို့ မကြိုးစား ပါနဲ့၊ မင်း မအောင် မြင်ရင် မင်းရဲ့ ဓား ရည်ရွယ်ချက်က ပြိုပျက် သွားပြီး၊ အပြင် ကမ္ဘာ မှာလည်း ကျရှုံးသွား လိမ့်မယ်၊ ဒီနေရာမှာ 'အသင်္ချေ ဓား ပန်းချီ'ရဲ့ ဖိအားက အမြဲ ရှိနေမယ်၊ ဒါကြောင့် မင်း ဆက် သည်းမခံ နိုင်ရင် ချက်ခြင်း ထွက်သွား။ ”
ဟု ဟွမ်ဖူ ဂျင်းရှန်က သတိပေး လိုက်သည်။
“ ကောင်းပြီ...ငါ သွားတော့မယ် ဒီအချိန် အတော အတွင်း အသင်္ချေဓား ပန်းချီနဲ့ အရင် ရင်းနှီးအောင် လုပ်ပါ။ "
ဟွမ်ဖူ ဂျင်းရှန်က ပြုံးပြီး ထွက်ခွာသွား ခဲ့သည် ။
လင်းယွန်က ခေါင်းညိတ် ပြပြီး၊ အသင်္ချေ ဓား ပန်းချီကား နယ်မြေ ထဲရှိ၊ များပြား လှသော ဓားသွား များကို စတင် ကြည့်ရှု လိုက်သည်။
လက်ရှိ ခန္ဓာ ကိုယ်သည် သူ၏ ဓားရည်ရွယ် ချက်မှ မွေးဖွား လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ခန္ဓာကိုယ် အားကောင်း လာခြင်းမှာ၊ သူ၏ ဓားရည်ရွယ်ချက် တိုးတက်လာ မှုကို ကိုယ်စား ပြုခြင်း ဖြစ်လေသည်။
“ စိတ်ဝင် စားစရာပဲ၊ ဒီနေရာက တကယ်ကို နားမလည် စရာတွေ ပြည့်နှက် နေတယ်။ ”
သူ့မျက်လုံး များရှိ ထိတ်လန့်မှု များကို ဖုံးကွယ် မထား နိုင်ခဲ့ပဲ၊ လေထု ထဲရှိ ဓားသွား များကို စုပ်ယူ သန့်စင်ကာ၊ ဓား ရည်ရွယ် ချက်ဖြင့် ပေါင်းစပ်ရန် ထိုင်ချ လိုက်သည်။
သိပ်မကြာခင် မှာပင် ဟွမ်ဖူ ဂျင်းရှန် ရှင်းပြထား သကဲ့သို့၊ ဤနေရာ၌ လေ့ကျင့် ခြင်းဖြင့်၊ များပြား လှသော ဓားသွား များမှ ထွက်ပေါ် လာသော ထိတ်လန့်ဖွယ် စွမ်းအားကို သူ ခံစား နေရပြီ ဖြစ်သည်။
လင်းယွန်သည်သာ ဓား ရည်ရွယ်ချက် အပြည့် အစုံကို ဆုပ်ကိုင် မထား ပါက၊ ၎င်းထိတ် လန့်ဖွယ် စွမ်းအားသည် ထိုမျှ ကြီးမားမည် မဟုတ်ပေ။
ဓားဆန္ဒကို အပြည့်အ၀ ဆုပ်ကိုင် ထားသောကြောင့် ဒုတိယ ကောင်းကင်သာ သူ့အတွက် ပို၍ သင့်လျော်သည်။
သို့သော် ဒုတိယ ကောင်းကင်သို့ ဝင်ရောက် စမ်းကြည့် ဖို့ရန်သည် ကောင်းမွန်သော စိတ်ကူး ဖြစ်ပုံ မဟုတ် သေးပေ။
အဆုံးတွင် ပတ်ဝန်းကျင်နှင့် ရင်းနှီး စေရန် အတွက် ပထမဆုံး ကောင်းကင်၌ နေထိုင်ရန် သာ ဆုံးဖြတ် ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ဓားရင်ပြင်သို့ ဖိတ်ကြား ထားခြင်း မရှိသော ဧည့်သည် တော်များ ရောက်ရှိလာ ခဲ့သည်။
၎င်းအဖွဲ့ အတွင်းရှိ လူတိုင်းတွင် ပြင်းထန်သော ဖိအားကို ထုတ်လွှတ် ထားပြီး ပတ်ဝန်း ကျင်ရှိ သိုင်းသမား တိုင်းကို အသက်ရှူ ကြပ်စေသော ခွန်အားမျိုး ပိုင်ဆိုင် ထားကြ လေ၏။
ယင်းလူအုပ်သည် သေခြင်း ကမ်းပါး ပေါ်တွင် အကြိမ်ကြိမ် ဖြတ်သန်းဖူး သကဲ့သို့၊ တိုက်ပွဲ အတွေ အကြုံ များနှင့် ပြည့်နှက် နေကာ၊ ဂိုဏ်းထဲတွင် ရှိနေ ခဲ့ရသော အခြား တပည့်များနှင့် ယှဉ်ပါလျှင်၊ သူတို့၏ စိတ်နေ စိတ်ထားမှာ သိသိ သာသာ ကွဲပြား ပေသည်။
ထိုလူ အုပ်စုသည် အသင်္ချေဓား ရင်ပြင်သို့ တက်လှမ်း လာပြီး၊ အသင်္ချေဓား ပန်းချီ၏ ဖိအားကို မခံစားရ ဟန်ဖြင့်၊ တစ်စုံ တစ်ယောက်ကို ရှာဖွေနေ သကဲ့သို့၊ လှည့်ပတ် ကြည့်ရှုနေ ကြသည်။
"ဟိုမှာ....."
အုပ်စု အတွင်းရှိ တစ်စုံ တစ်ယောက်က လင်းယွန်၏ ဦးတည် ရာသို့ ညွှန်ပြ လိုက်၏။
သူတို့၏ ပစ်မှတ်ကို ရှာဖွေ တွေ့ရှိသော အခါ အပြာရောင် အ၀တ် အစားများ ၀တ်ဆင် ထားသော လူရွယ် တစ်ယောက်က၊ “ပျော်ကြ ရအောင်” ဟု လှောင်ပြောင် ပြောဆို လိုက်သည်။
ထိုအဖွဲ့က လင်းယွန် ဘေးသို့ လျှောက်လှမ်း လာခဲ့ပြီး၊ အပြာရောင်ဝတ် လူငယ်က သူ့နောက် လိုက် များကို အချက်ပြ လိုက်ကာ၊ အနီးနားရှိ လူ အားလုံးကို အတင်း အကျပ် မောင်းထုတ် လိုက်၏။
" ထ ..... ထွက် သွား စမ်း... "
" သွား တခြား တစ်နေရာ သွားတော့ "
အဓမ္မ ပုတ်နိုး ခံရသော တပည့်များ၏ မျက်နှာ ပေါ်တွင် နာကျင်မှုကို ပြသ လိုက် ကြ၏။
ဂိုဏ်း၏ စည်းမျဉ်း များတွင်၊ ကျင့်ကြံ နေသူ များကို အတင်း အကြပ် နှောင့်ယှက် ခြင်းမှ တားမြစ် ထားသည်။
အနည်း ငယ်သော အမှားလေး သည်ပင် ဆိုးရွားသည့် အကျိုးဆက် များကို ရရှိ နိုင်သောကြောင့် ဖြစ်သည်။
သို့သော် အတင်းအကြပ် လာရောက် နှောက်ယှက်သူ များ၏ ရင်ဘတ်ရှိ တံဆိပ် နှင့်အတူ၊ အပြာရောင်ဝတ် လူငယ်လေးက အေးစက်သော အပြုံးဖြင့်၊ လှမ်းကြည့် နေသည်ကို မြင်လိုက်ရသော အခါတွင်၊ သူ့တို့၏ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားပြီး တိတ်ဆိတ်စွာ ထွက်ခွာ သွား လေသည်။
လင်းယွန်နှင့် ဟွမ်ဖူ ဂျင်းရှန်မှ လွဲ၍ သူတို့၏ အနီး ဝန်းကျင်ရှိ လူအားလုံးကို လျင်မြန်စွာ မောင်းထုတ်ပစ် ခဲ့၏။
" စီနီယာအစ်ကို ယီ၊ အဲဒီလူက ဟွမ်ဖူ ဂျင်းရှန်ပဲ၊ အဖော်မဲ့ကြယ် ပြည်နယ် ထဲက အဖွဲ့ဝင် တစ်ယောက်ပါ ...."
" အဖော်မဲ့ကြယ် မဟာမိတ် ပြည်နယ်ထဲက လူသစ်လား၊ ဘာကို ကြောက်နေရ မှာလဲ ... သူ့ကို နှိုးပြီး ထွက်သွား ခိုင်းလိုက် ”
ဟု အပြာဝတ် လူငယ်က အပြုံးဖြင့် အမိန့် ပေးလိုက် သည်။
" မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ "
အတင်း ပုတ်နိုး ခံရ သည်ကြောင့် ဟွမ်ဖူ ဂျင်းရှန်၏ မျက်လုံး များတွင် လူသတ်လိုသော ရောင်ဝါ များဖြင့် တောက်ပ လာသည်။
သို့သော် ပတ်ဝန်းကျင်ကို လှည့်ကြည့် လိုက်သည်နှင့်၊ သူ့ ဘေးနားရှိ လူအုပ်ကြီး၏ မလို လားသော အကြည့် များကို၊ သတိထား မိသွားသည့် အပြင်၊ ထိုလူအုပ် ရင်ဘတ် ပေါ်ရှိ တံဆိပ် များကို မြင်သော အခါ သူ့မျက်နှာမှာ ပြောင်းလဲ သွားသည်။
“ အထက်တန်းစား မဟာမိတ် ပြည်နယ် ....၊ မင်းတို့က ဝမ်ယန်ရဲ့ နောက်လိုက် တွေပဲ။ ”
" ထွက်သွား ဝင်မစွက်ဖက် ပါနဲ့၊ မဟုတ်ရင် အဖော် မဲ့ကြယ် မဟာမိတ် ပြည်နယ် ကတောင်၊ မင်းကို အကာ အကွယ် ပေးနိုင်မယ် မထင်ဘူး”
အပြာဝတ် လူငယ်က အေးစက်စွာ သတိ ပေးလိုက် လေသည်။
***