← Chapters

လင်းယွန်၏ ဓားရည်ရွယ်ချက်။

Vol. 16 Ch. 212

လင်းယွန်၏ ဓားရည်ရွယ်ချက်။

Vol. 16 Ch. 212

ဟွမ်ဖူ ဂျင်းရှန်၏ မျက်နှာတွင် ရှုပ်ထွေးသော အမူအရာများ ပြောင်းလဲသွားသည်။ သည်လူအုပ်မှာ မည်သည်ကို ပြုလုပ်ရန် ကြိုးစား နေသည်ကို အကြမ်းဖျင်း ခန့်မှန်း နိုင်ခဲ့သည်။

လင်းယွန်၏ ခွန်အားကို ပြင်းပြင်းထန်ထန် ကိုင်တွယ် ဖြေရှင်းရန် အသင်္ချေဓား ရင်ပြင်အား အသုံးချကာ၊ ဓားရည်ရွယ်ချက်ကို ဖျက်ဆီးရန် ကြံရွယ်နေ ပေသည်။

နက်နဲနယ်ပယ် ပထမ အဆင့်တွင်သာ ရှိသော်လည်း၊ လင်းယွန်၏ ဓားရည်ရွယ်ချက်မှာ အလွန် အစွမ်းထက် လှသောကြောင့် ဖြစ်သည်။ သူ့ဓား ရည်ရွယ်ချက် ကိုသာ ဆုံးရှုံး သွားခဲ့ ပါက၊ ဤမျှ အစွမ်းထက်မည် မဟုတ်ပေ။

" မင်းကို သင်ခန်းစာ သင်ပေး စေချင် တာလား"

အပြာရောင်ဝတ် လူငယ်က လှောင်ရယ်ကာ၊ ဟွမ်ဖူ ဂျင်းရှန်ကို မေးခွန်း ထုတ်လိုက်သည်။

ထိုလူငယ်မှာ ယီလျူယွင် ဖြစ်၏၊ ဓားနန်းတော်တွင် နှစ်နှစ်ကြာ ကျင့်ကြံ ပြီးနောက်၊ နက်နဲ နယ်မြေ၏ တတိယ အဆင့်သို့၊ ရောက်ရှိ နေခဲ့ကာ၊ မစ်ရှင်များ လက်ခံပြီး၊ မကြာ ခဏ ခရီး ထွက်နေ တက်သူ ဖြစ်သည်။

သူ့ ပတ်ဝန်းကျင်ရှိ နောက်လိုက် များမှာ သေမျိုး အဆင့် တစ်ရာ အတွင်း ဝင်သော ထိပ်တန်း တပည့်များ ဖြစ်ကြ လေသည်။ ထိပ်တန်း တစ်ရာကို အုပ်စု နှစ်စု ခွဲခြား ထားသည်။

ပထမ ထိပ်တန်း ငါးဆယ် နှင့် ဒုတိယ အဆင့်ငါးဆယ် ဖြစ်ပြီး၊ ပထမ ထိပ်တန်း ငါးဆယ် အတွင်းရှိ တစ်စုံ တစ်ယောက်၏ ခွန်အားသည်၊ ဒုတိယ အဆင့် ငါးဆယ်၏ အောက်ခြေ အဆင့် ဆယ်ယောက်ဖြင့် ညီမျှသည်။

ထိုရလာဒ်မှာ ချဲ့ကား လွန်းသည်ဟုပင်၊ ထင်မှတ် နိုင်သော်လည်း၊ အမှန်တကယ်ပင် ကြောက်စရာ ကောင်းသော တည်ရှိမှု မျိုးပင်။

ယီလျူယွင်မှာ သေမျိုး အဆင့်တွင် အဆင့် (၃၆)၌ ရပ်တည် နိုင်သူ ဖြစ်၏။

“ ငါ ......”

ဟွမ်ဖူ ဂျင်းရှန်က သွားများကို ကြိတ်ကာ ထွက်ခွာ သွား တော့သည်။

“ ဟဲ ဟဲ.... မင်းက ဟွမ်ဖူ မိသားစုရဲ့ အထက်တန်းစား တစ်ယောက်လို့ မင်းကိုယ်မင်း တကယ် ထင်နေလား၊ ဓားနန်းတော်မှာ အထူး သဖြင့် မင်းလို လူမျိုး ပါရမီရှင် တွေက ဘယ်တော့မှ မတိမ်ကော နိုင်ပါဘူး ”

ဟု ဆိုကာ၊ ထွက်ခွာ သွားသော ဟွမ်ဖူ ဂျင်းရှန်ကို ကြည့်လျက်၊ ယီလျူယွင်က အော်ဟစ် လှောင်ပြောင် လိုက်သည်။

“ စီနီယာအစ်ကို ဝမ်ယန်ရဲ့ ထောက်ပံ့ မှုကြောင့်၊ ငါတို့က ဘယ်တုန်းကမှ အရင်း အမြစ်တွေ မချို့တဲ့ ခဲ့ဖူး၊ အခုတော့ သူ့ကို ပြန်ပေးဆပ် ရမယ့် အချိန် ရောက်ပြီ၊ ဘာလုပ် ရမယ် ဆိုတာ မင်းတို့ သိကြလား"

“ သိ ပြီ .......”

အားလုံးက လင်းယွန် ဘေးတွင် ဝင်ထိုင် လိုက်ပြီး၊ မျက်လုံးများ မှိတ်ထား လိုက် ကြတော့သည်။

ထွက်ခွာ သွားသော ဟွမ်ဖူ ဂျင်းရှန်က ရုတ်တရက် လှည့်ကြည့်ကာ၊ အဝေး တစ်နေရာတွင် ပြန်လည် ထိုင်ချ လိုက်သည်။ သူ မျက်လုံးများ ပြန်ဖွင့် လိုက်သည်နှင့်၊ အသင်္ချေ ဓား ပန်ချီကား နယ်မြေ ထဲသို့၊ ရောက်ရှိ သွားသည်။

လင်းယွန်က အဝေး တစ်နေရာတွင် ထိုင်နေ ခဲ့ပြီး ပတ်ပတ် လည်ရှိ ဓားသွား များကို စုပ်ယူ ထားသည်ကို သူ မြင်လိုက် ရသည်။ ယခု အချိန်ထိ လင်းယွန်မှ အန္တရာယ် ရှိနေကြောင်း မသိ နိုင်သေးပေ။

သူ့ဘေးသို့ တစ်ယောက်ယောက် ချဉ်းကပ်လာ သည်ကို ခံစား လိုက်ရ သည်နှင့်၊ လင်းယွန်က မျက်လုံးဖွင့် ကြည့်လိုက်သော အခါတွင် ဟွမ်ဖူ ဂျင်းရှန် ပြေးလာ သည်ကို မြင်လိုက် ရသည်။

“ ဒီနေရာ ကနေ ချက်ချင်း ထွက်သွား လိုက်၊ အထက်တန်းစား ပြည်နယ်ရဲ့ ထိပ်တန်း သိုင်းသမားတွေ ရောက်နေပြီ၊ သူတို့က မင်းကို အပြင်မှာ ဝိုင်းထားပြီး ဒုတိယ ကောင်းကင် က တဆင့် မင်းဆီကို ဝင်လာ လိမ့်မယ် ”

ထိုစကားကို ကြားသော အခါ လင်းယွင်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ ယနေ့သည် ဆေး တောင်တန်းမှ ထွက်ခွာပြီး၊ သုံးရက်မြောက်နေ့သာ ဖြစ်သော်လည်း ဝမ်ယန်မှာ လှုပ်ရှား လာပြီ ဖြစ်သည်။

" ငါ ဒီနေရာ ကနေ ဘယ်လို ထွက်သွားရ မလဲ "

လင်းယွန်က ပတ်ဝန်းကျင်ကို ကြည့်ကာ၊ အော်ဟစ် မေးမြန်း လိုက်၏။

" မင်းရဲ့ဓား ရည်ရွယ်ချက်ကို ချေဖျက်ပြီး ထွက်ရင်ထွက်၊ ဒါမှ မဟုတ် ကောင်းကင် တစ်ခုစီ တိုင်းမှာ တွေ့နိုင်တဲ့ အက်ကွဲ ကြောင်းတွေ ထဲကနေ ထွက် ........ "

လင်းယွန် အတွက် အချိန် မရှိတော့ သောကြောင့် ပထမ နည်းလမ်းကို လိုက်နာရန် နောက်ကျ နေပြီ ဖြစ်သည်။

ပထမ နည်းလမ်းဖြင့် ထွက်သွားရန် ကြိုးစား မိပါက၊ ယီလျူယွင်၏ အဖွဲ့ ရောက်ရှိ လာနိုင် ပေမည်။ ဒုတိယ နည်းလမ်း မှလွဲ၍ ရွေးချယ် စရာ မရှိနိုင်။

သို့သော် သူတို့ ဝေးရာသို့ မရောက်နိုင်မီ မိုးကုတ် စက်ဝိုင်း တစ်လျှောက် မိုးခြိမ်း သံများ နှင့်အတူ လျှပ်စီးများ တဟုန်ထိုး လင်းလက် လာ၏။

ဒါဇင်ဖြင့် ချီသည့် လူရိပ် များက သိပ်သည်းသော ဓားဆန္ဒ များကို ထုတ်လွှတ် လျက်၊ ထွက်ပေါ်လာ ကြလေသည်။

" ဒုတိယ ကောင်းကင်က တစ်ယောက် ယောက်လား။"

" ဒုတိယ ကောင်းကင်က လူက ဒီကို ဘာလာ လုပ်တာလဲ၊ ဒီကောင်းကင်က သူတို့ကို ငြင်းပယ် ရမှာ မဟုတ် ဖူးလား ”

" သူတို့က အထက်တန်းစား ပြည်နယ် ကပဲ "

လျှပ်စီးကြောင်း များကို မြင်သော အခါ ပထမ ကောင်းကင်ရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။

"ပြေး ချင် လား.... "

မိုးခြိမ်း သံများ ပို၍ ပြင်းထန်လာပြီး၊ အေးစက်သော ခြိမ်းခြောက်သံ တစ်သံ ပျံ့နှံ့ လာလေသည်။

၎င်းလူရိပ် များမှာ စုစုပေါင်း (၁၂) ရိပ် ဖြစ်ပြီး၊ လင်းယွန်နှင့် ဟွမ်ဖူ ဂျင်းရှန်တို့ ရှေ့၌ မမြင် နိုင်သော အတား အဆီး အလွှာတစ်ခု အဖြစ် ဖွဲ့တည် လာလေသည်။

သူတို့၏ ထိုအတားအဆီး အလွှာတွင် ဓားအော်သံများ နှင့်အတူ၊ ဓား ရည်ရွယ်ချက်ဖြင့် ဖွဲ့တည် လာသော၊ လူ ဆယ့်နှစ်ယောက် စလုံး၏၊ အလွန် သန့်စင်သော ဖြစ်တည်မှု များကို၊ တွေ့မြင် လိုက်ရသည်။

" ဟွမ်ဖူ ဂျင်းရှန် မင်းက ဘယ်လိုတောင် သတ္တိရှိ နေရတာလဲ။ "

" ငါတို့ မင်းကို လွှတ်လိုက် ပေမယ့် မင်းက တကယ်ပဲ ပြန်လာဖို့ သတ္တိ ရှိတယ်လား။ "

" ဒါဆို ငါတို့ ကိုလည်း အပြစ် မတင် ပါနဲ့ ။ "

လူ ဆယ့်နှစ်ယောက်က ဟွမ်ဖူ ဂျင်းရှန်ကို မကောင်းသော ရည်ရွယ်ချက်ဖြင့် စိုက်ကြည့် လိုက်ကြသည်။

ထို့နောက် ယင်း သိုင်းသမား များသည် ၎င်းတို့၏ လက်ထဲတွင် ရှိသော ဓားများဖြင့် အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို ထုတ်ဖော် လိုက်တော့သည်။

အသင်္ချေ ဓားပန်းချီတွင် ကျင့်ကြံမှု အဆင့်နှင့် ခွန်အားသည် အသုံး မဝင်ပေ။ ဓားဆန္ဒကို နားလည် နိုင်မှု သည်သာ အသန် မာဆုံး ခွန်အား ဖြစ်ပေသည်။

တစ်စုံ တစ်ယောက်၏ ဓား ရည်ရွယ်ချက်မှာ ပို၍ အားကောင်း ပါက၊ အသင်္ချေဓား ပန်းချီကား နယ်မြေ ထဲတွင် သာ၍ သန်မာ ပေမည်။

သူတို့ တစ်ဆယ့်နှစ်ဦး စလုံးသည် ဝမ်ယန်မှရွေးချယ် ထားသော အထက်တန်းစား များ ဖြစ်ပြီး၊ ၎င်းတို့ အားလုံးမှာ ဓားရည်ရွယ် ချက်ကို ဆုပ်ကိုင်ထား နိုင်ကြသည်။ တိုက်ခိုက် လိုက်သည့် အခိုက်တွင် ထက်ရှသော ဓားသွားများ ထွက်ပေါ် လာ၏။

သူတို့၏ တိုက်ခိုက်မှု များကြောင့် ကျယ်လောင်သော ထစ်ချုန်း သံများ ဖြစ်ပေါ် လာကာ၊ ထိုတိုက်ခိုက်မှု များသည် ပြင်ပ ကမ္ဘာတွင် ရှိသည်ထက်၊ ပို၍ အားကောင်းမည် ဖြစ်သည်။

တိုက်ခိုက်မှု တစ်ခုတည်း ဖြင့်ပင်၊ ဟွမ်ဖူ ဂျင်းရှန်မှာ လွင့်ပါး သွားခဲ့သည်။ သူ၏ လက်ရှိ ခွန်အား အရ၊ ဤဆယ့်နှစ် ယောက်နှင့် ဆန့်ကျင် တိုက်ခိုက်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

“ ငါ့အတွက် စိတ်မပူ ပါနဲ့၊ ဒီနေရာ ကနေ မင်း... ထွက်သွား .... "

လူဆယ့်နှစ် ယောက်၏ ဝိုင်းရံခြင်း ခံထားရ သော်လည်း၊ လင်းယွန်မှ ပြန်လည် ခုခံရန် ပြင်ဆင် နေသည်ကို မြင်သော အခါတွင်၊ ဟွမ်ဖူ ဂျင်းရှန်က စိုးရိမ်စွာဖြင့်၊ မြန်မြန် ထွက်ပြေးရန် လောဆော် လိုက်၏။

" သေစမ်း..."

လင်းယွန်က ကျား-နဂါး လက်သီးကို ထုတ်ဖော် လိုက်ကာ၊ ဓား ရည်ရွယ်ချက်ကို လက်သီးများ ထဲသို့ ပေါင်းထည့် လိုက်ခြင်းဖြင့်၊ သူ့အား ရည်ရွယ်သော တိုက်ခိုက်မှု အားလုံးကို ဖြိုခွဲ ပစ်လိုက်သည်။

အထက်တန်းစား ပြည်နယ်မှ သိုင်းသမား (၁၂) ယောက်တို့သည် သေမျိုး အဆင့် ထိပ်ဆုံး တစ်ရာ အတွင်း ဝင်သော၊ အထက်တန်းစားများ ဖြစ်သောကြောင့်၊ လင်းယွန်၏ အင်အားကို တွေ့မြင် လိုက်ရသော အခါတွင် တုန်လှုပ်သွား ကြ၏။ သို့သော် ခဏချင်းမှာပင်၊ အော်ဟစ် ကြုံးဝါးသံများ ထွက်ပေါ် လာသည်။

" သတ် ......"

တိုက်ခိုက်မှုများ ထပ်မံ မရောက်ရှိ လာမီ၊ လင်းယွန်က မြေပြင် ပေါ်တွင်၊ လဲလျောင်း နေသော ဟွမ်ဖူ ဂျင်းရှန်ကို တစ်ချက် လှည့်ကြည့် လိုက်၏။ ထို့နောက် ဒုတိယ ကောင်းကင် ထံသို့ ပြေးလွှားလိုက် လေသည်။

"သူ့နောက် ကိုလိုက် "

အထက်တန်းစား ပြည်နယ်၏ သိုင်းသမား ဆယ့်နှစ်ယောက် တို့က တုံ့ဆိုင်းခြင်း မရှိပဲ သူ့နောက်သို့ ပြေးလိုက်လာ ကြသည်။

ဤအခြေ အနေ အောက်တွင် လင်းယွန်အား လွတ်မြောက် နိုင်မည်ဟု၊ မမျှော်လင့် ထား မိပေ။ ဟွမ်ဖူ ဂျင်းရှန်သာ ပြန်လှည့် ဝင်လာခြင်း မရှိပါက၊ အခွင့်အရေး အနည်းငယ်ပင် မရှိနိုင်။ သို့သော် ယခု အချိန်တွင် ဟွမ်ဖူ ဂျင်းရှန်ကို စိတ်မ၀င် စားနိုင်ဘဲ၊ ထွက်ပြေး တော့မည့် လင်းယွန် နောက်ကို ဆက်လိုက်ရန် အာရုံစိုက် လိုက်၏။

လင်းယွန်ကို လွတ်မြောက်ခွင့် ပေးမိပါက သူတို့မှာ ရယ်မော စရာ သတ္တဝါများ ဖြစ်လာမည် ဖြစ်သည်။ ဝမ်ယန်၏ အမိန့်အရ လင်းယွန်သည်သာ သားကောင် ဖြစ်ပေသည်။

" သေစမ်း.... မြန်လိုက်တဲ့ လူတွေ ”

လူရိပ် ဆယ့်နှစ်ရိပ်မှ အနီးကပ် လိုက်ပါ လာ ကြသည် ဖြစ်ရာ၊ ပထမ ကောင်းကင်တွင် ပတ်ပြေးရန် ကြိုးစား မိခြင်းသည် သနားစရာ ဖြစ်လာ ခဲ့သည်။

“သတ်...... ”

ကြုံးဝါးသံများ နှင့်အတူ သူ့ထံ လှမ်းမီတော့ မည်ကို မြင်လိုက်ရ သဖြင့်၊ ခြေဖဝါးကို မြေပြင် ပေါ်၌ စောင့်နင်း လိုက်ကာ၊ ဒုတိယ ကောင်းကင် ဆီသို့ ဓား တစ်လက်လို တဟုန်ထိုး ပြေးဝင် ပစ်လိုက်သည်။

သူက အသင်္ချေဓား ပန်းချီကို ရောက်ကတည်းက၊ အလျင် စလို မတက်ချင် ခဲ့သော်လည်း၊ ဝမ်ယန်၏ နောက်လိုက်ခွေး အဖွဲ့ကြောင့်၊ ဒုတိယ ကောင်းကင် သို့သာ ဦးတည် လိုက်မိသည်။

"ဒီကောင်က ဘာလုပ်ဖို့ ကြိုးစား နေတာလဲ"

" ပထမ ကောင်းကင် ကနေ ဒုတိယ ကောင်းကင်ဘုံကို ချက်ချင်း ဝင်ဖို့ ကြိုးစား နေတာလား။"

"သူ ရူးနေ တာပဲ "

ပြေးလိုက်လာသော လူအုပ်မှာ ထူးဆန်းသော အမူအရာ များဖြင့် အသက်ရှူ ကြပ်သွား ကြသည်။

ဒုတိယ ကောင်းကင်သို့ တက်လှမ်းခြင်းသာ၊ မအောင်မြင် ပါလျှင် လင်းယွန်၏ ဓားရည်ရွယ် ချက်မှာ ပျက်စီး သွားပေလိမ့်မည်။

ပထမ ကောင်းကင်ရှိ အတား အဆီးမှာ လင်းယွန် ပေါ်သို့ ရုတ်တရက် ထိုးကျ သွား၏။

“ ဘယ်လောက် အစွမ်းထက်တဲ့ ဓားရည်ရွယ် ချက်လဲ... တစ်ယောက် ယောက် ကတော့ ဒုတိယ ကောင်းကင်ဘုံကို ဝင်ရောက်ဖို့ ကြိုးစား နေတယ် ”

" သူ ဘယ်သူလဲ ...ငါသူ့ကို ဘာလို့ မတွေ့ဖူး တာလဲ"

" အဲ့ဒါ လင်းယွန်ပဲ လွန်ခဲ့သော တစ်လက ကြယ်ကိုးပွင့် ပြိုင်ပွဲမှာ ဝမ်နင်ကို သတ်ခဲ့သူ၊ သူက တကယ်ကို အံ့သြစရာ ကောင်းတယ်၊ အထက် တန်းစား ပြည်နယ်ရဲ့ သိုင်းသမား (၁၂)ယောက် တောင်မှ သူ့ကို မရိုက် နိုင်ဖူးလား "

အတား အဆီး အလွှာကို ဖြတ်ကျော် ဝင်ရောက် လာသော လင်းယွန်ကို ကြည့်ကာ၊ လူအုပ်ကြီးက အံ့အားသင့် သွားခဲ့သည်။

အထက်တန်းစား (၁၂ )ယောက်၏ မျက်နှာ များမှာ ဆိုးရွားစွာ ပျက်ယွင်း သွားကြ ကုန်၏။

လင်းယွန် သည်သာ အတား အဆီးကို ဖြတ်ကျော် အောင်မြင် သွားပါက၊ ဒုတိယ ကောင်းကင် တစ်နေ ရာရာသို့၊ အလိုလို သတင်းပို့ ခံရ မည်ကို သူတို့ သိကြသည်။ ထိုအချိန်တွင် သူ့ကို ရှာတွေ့ရန် မဖြစ်နိုင် သလောက်ပင်။

အတားအဆီး အလွှာ များကို ဖြိုခွဲ လိုက်သော အခါတွင် ပတ်ဝန်းကျင်ရှိ ဓား ရည်ရွယ်ချက်များက လင်းယွန် ဆီသို့ အရူးအမူး ပြေးဝင်လာပြီး သူ့ဓား၏ ရည်ရွယ်ချက်ကို အားကောင်း လာစေခဲ့သည်။

သူ့မျက်လုံး များကို မှိတ်လိုက်ပြီး ထိုစွမ်းအားကို ခံယူ နေဆဲ မှာပင် လင်းယွင်က ဤလောက၏ သဘော သဘာဝ များကို ရုတ်တရက် ထိုးထွင်း သိမြင် လာတော့သည်။

အသင်္ချေဓာ ပန်းချီကား ကမ္ဘာကြီးတွင် ဆန်းကြယ်သော ထူးခြားမှုများ ရှိပေ၏၊ တကယ့် ကမ္ဘာဖြင့် သိပ်မကွာ ခြားဟု ထင်ရ သော်လည်း၊ သိုင်းနည်းစနစ် များနှင့် လှုပ်ရှားမှု နည်းစနစ်များ အားလုံးသည် ဓားရည်ရွယ် ချက်မှ၊ ဆင်းသက် လာခြင်း ဖြစ်သည်။

ဓား ရည်ရွယ်ချက်က အလုံ အလောက် အားကောင်း နေသမျှ၊ သူ၏ လုပ်နိုင် စွမ်းမှာ အကန့် အသတ် မရှိချေ။ နောက်ဆုံးတွင်၊ ဓားရည်ရွယ် ချက်သည် ဤလောက၏ အခြေခံ အုတ်မြစ် ဖြစ်သည်။

မျက်လုံး ပြန်ဖွင့် လိုက်သော အခါ ကမ္ဘာသစ်တစ်ခု ထွက်ပေါ် လာ၏။ ဤသည်မှာ အသင်္ချေဓား ပန်းချီ၏ ဒုတိယမြောက် ကောင်းကင် ဖြစ်ပြီး၊ လေထုထဲရှိ ဓားသွား များမှာ ပို၍ သိပ်သည်း လှပေသည်။

ဒုတိယ ကောင်းကင်ဘုံသို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ကွာဝေး တော့သည်။

ဒုတိယ ကောင်းကင်သို့ ဝင်ရန် လိုအပ်ချက်မှာ မြင့်မားမည် မဟုတ်ချေ၊ ဓားသင်္ချိုင်း တောအုပ်တွင် ဘဝနှင့် သေခြင်း အတွေ့ အကြုံများ အတွင်း၊ ပြီးပြည့်စုံသော ဓား ရည်ရွယ်ချက်ကို နားလည် နိုင်ခဲ့သည်။

ပထမ ကောင်းကင်၌ နားလည်မှု ရယူ ထားခဲ့သော တပည့် များနှင့် နှိုင်းယှဉ် ပါက၊ သူ၏ ဓားရည်ရွယ် ချက်မှာ ထင်ထား သည်ထက် ပိုမို ပြင်းထန် လှ၏။

တစ်ချိန်တည်းမှာပင် အထက်တန်းစား ပြည်နယ်၏ သိုင်းသမား( ၁၂)ယောက်က လင်းယွန်ကို ဖမ်းမမိ လိုက်သော အခါတွင်၊ ဟွမ်ဖူ ဂျင်းရှန် ထံသို့ ပြန်လှည့် လာခဲ့ ကြသည်။

" ဟွမ်ဖူ ဂျင်းရှန်၊ မင်းက ငါတို့ရဲ့ ဓားအောက်ကို လက်ဝင် လျိုဖို့ ဘယ်ကများ သတ္တိရှိ နေတာပဲ ''

" ဒါဆိုလည်း မင်းလို အမှိုက် တစ်စ အတွက် .... "

“ မင်းရဲ့ မပြည့်စုံတဲ့ ဓား ရည်ရွယ်ချက်ကို ဖျက်ဆီး ခံဖို့ အသင့် ဖြစ်နေ ပြီလို့၊ ငါတို့ ယုံကြည် မိတယ်၊ ဒီအတွက် အပြစ် မတင်ပါနဲ့ "

သိုင်းသမား (၁၂)ယောက်က မှုန်ကုပ်ကုပ်ဖြင့် ဟွန်ဖူဂျင်းရှန် ထံသို့၊ လျှောက်လှမ်း လာလျက်မှ တစ်ယောက် တစ်ခွန်း ရေရွတ် လိုက် ကြသည်။

သို့သော် သူတို့ မလှုပ်မရှား နိုင်မီ၊ ကောင်းကင်မှ လျှပ်စီးကြောင်း တစ်စ၊ ရုတ်တရက် ကျဆင်း လာသည်။

လှည့်ကြည့် လိုက်သော အခါ လျှပ်စီးကြောင်း အတွင်း၊ လင်းယွန်က မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်လျက် ပြန်လည် ထွက်ပေါ် လာကာ၊ ဖြည်းညှင်းစွာ ထရပ် လာသည်ကို တွေ့လိုက် ရသည်။

" အို့ ပြန်လာ ပြီလား "

လင်းယွန်အား ဖျက်ဆီးရန် အခွင့်အရေးကို လက်လွှတ် လိုက်ရသည်ဟု၊ ထင်မြင်နေ ကြသော်လည်း၊ ယခုလို ပြန်လာသည့် အချိန်၌ အနည်းငယ် ထိတ်လန့် သွားသော်လည်း၊ အချင်းချင်း ကြည့်လိုက် ကြကာ၊ ရယ်မော လိုက်လေသည်။

“ မင်းတို့ရဲ့ ကျင့်ကြံမှု ခွန်အားကို ဓားပန်းချီထဲ ယူဆောင် လာလို့ မရဘူးဆိုတာ ငါ သတိရ မိတယ်၊ ဒီလို ဆိုတော့ မင်းတို့လည်း ငါ့ကို ကြောက်နေမယ် မဟုတ်လား၊ ငါ့ဓားရဲ့ ရည်ရွယ်ချက်က ဒီမှာ ရှိနေတဲ့ မင်းတို့ထက် ဘယ်လိုမှ အားမနည်း ပါဘူး”

လင်းယွန်က ပြုံးလျက် ပြန်ဖြေ လိုက်၏။

" ဘယ်လောက် မောက်မာ လိုက်လဲ "

လင်းယွန်၏ ယုံကြည်ချက် လွန်ကဲ နေသော စကားကြောင့်၊ လှောင်ပြောင် အော်ဟစ် လိုက် ကြသည်။

ဘဝနှင့် သေခြင်းဆိုင်ရာ အတွေ့အကြုံ များမှတစ်ဆင့် ရရှိထားသော ဓားရည်ရွယ်ချက် မျိုးကို လူတိုင်း နားမလည် နိုင်ကြ သောကြောင့် ဤလူတိုင်း၏ ဓား ရည်ရွယ်ချက်မှာ လင်းယွန်နှင့် မတူနိုင်ပေ။

သူ့လက်ကို မြှောက်လိုက်သည်နှင့် လက်ထဲရှိ ဓားမှာ အသံမြည် လာ၏။ လေ၊ ပန်း၊ နှင်းနှင့် လ တို့ တပြိုင်နက်ထဲ ဖြစ်တည် လာကာ၊ လျှပ်စီး လက်သွား သကဲ့သို့၊ လင်းယွန်၏ ဓားအရှိန် အဝါက မိုးကုတ် စက်ဝိုင်းကို ထိုးဖောက် သွားလေသည်။

နောက်တစ်စက္ကန့်တွင်၊ ပထမ ကောင်းကင် တစ်ခုလုံး ထိတ်လန့် သွားစေသော မိုးခြိမ်းသံ တစ်သံ ထွက်ပေါ်လာ လေသည်။

တစ်ချိန်တည်းမှာပင်၊ သိုင်းသမား (၁၂)ယောက် ထံမှ အော်ဟစ် သံများ နှင့်အတူ၊ သူတို့၏ ဓား ရည်ရွယ်ချက်များ ကွဲအက် သွားကာ၊ လွင့်စင်သွား ကြပြီး ပြတ်ရှ ရာ များဖြင့် ပြိုလဲစ ပြုလာ တော့၏။

“ ဓားနှလုံးသား.... ဓားနှလုံးသားပဲ၊ ...... ဒါ ဒါက တတိယ ကောင်းကင် အဆင့်က ဓား ရည်ရွယ်ချက် မဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ”

***

All Chapters