သေမျိုးအဆင့်- (၃၆)။
Vol. 16 Ch. 213
" တတိယ ကောင်းကင် အဆင့်က ဓားရည်ရွယ်ချက် ရှိနေတာလား။"
လင်းယွန်၏ ဓားမှ ခုန်ထွက် လာသော ဓားရည်ရွယ်ချက်က သူတို့အား ထိတ်လန့် တုန်လှုပ် သွားစေပြီး ၎င်းတို့၏ ဓားရည်ရွယ် ချက်များကို များစွာ ထိခိုက်စေ ခဲ့သည်။
" မြန်မြန် ....ချက်ချင်း ထွက်သွားရအောင် အသင်္ချေ ဓားပန်းချီထဲမှာ ငါတို့က သူ့ကို အနိုင် မယူနိုင်ဖူး။
အံ့ဩခြင်း များဖြင့် ပြည့်နှက် နေသောသူတို့ (၁၂)ယောက်မှာ၊ အသင်္ချေဓား ပန်းချီ၏ ကန့်သတ်ချက် များကြောင့်၊ တတိယ ကောင်းကင် အဆင့်ရှိ ဓားရည်ရွယ်ချက်မှာ မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို သူတို့ သိထား ကြသည်။
" မင်းတို့ လွယ်လွယ်နဲ့ ထွက်သွား နိုင်မယ် ထင်လား"
လင်းယွန်က အော်ဟစ် လိုက်ပြီး၊ ဓားရည်ရွယ်ချက်ကို သူတို့.ပေါ် ပစ်တင် လိုက်ရာ၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ ကြီးမားသော ဖိအား အောက်တွင် မည်သူမျှ မလှုပ်ရှား နိုင်တော့ပေ။
" ဆင်း စမ်း "
လင်းယွန်၏ အသွင် အပြင်မှာ အလောင်း များကို ဖျက်ဆီး တော့မည့် အကန့် အသတ်မဲ့ နတ်ဆိုး တစ်ပါးနှင့် တူ၏။
မလုပ်နဲ့ .....
" မင်း လူယုတ်မာ၊အခု ချက်ချင်း ရပ်လိုက် "
" ငါ့ .....ငါ့ဓား ရည်ရွယ်ချက်လေး "
သို့သော် သူတို့ အဖွဲ့၏ အော်ဟစ် ဟန့်တားသံများ နှင့်အတူ၊ ၎င်းတို့၏ ပြိုကျ ပျက်စီး နေသော ဓားရည်ရွယ်ချက် များကိုသာ၊ ကြည့်နေ နိုင်ခဲ့သည်၊ ယင်းနှင့် ပတ်သက်ပြီး သူတို့ ဘာမျှ မတတ်နိုင်ပေ။
ဘဝနှင့် သေခြင်း အခိုက် အတန့်တွင် ဓား၏ ထက်ရှမှုကို နားလည် သဘောပေါက် ထားခဲ့သော လင်းယွန်မှာ အလွန် ကြောက်စရာ ကောင်းသော ဓားသမား တစ်ယောက် ဖြစ်လာခဲ့ လေသည်။
ရုတ်တရက် သူတို့အဖွဲ့မှာ တစ်စုံ တစ်ခုကို ရိပ်မိ သွား၏။ အသင်္ချေဓား ပန်းချီတွင် ဓား ရည်ရွယ်ချက်၏ နားလည်နိုင် စွမ်းကို အရှိန် မြှင့်တင် ပေးနိုင်သော်လည်း၊ ၎င်းသည် နက်နဲ ချိုးဖြတ် ဆေးဖြင့် အဆင့် ချိုးဖြတ် လာသော ကျင့်ကြံသူ များကဲ့သို့၊ ထက်ရှသော နားလည် မှုကို ရရှိမည် မဟုတ်ပေ။
တူညီသောနယ်ပယ်တွင် ရှိသော်လည်း မတူညီသော အားသာ ချက်များ ရှိလာ ပေမည်။
ဓားသမား တစ်ယောက်သည် အသက်နှင့် သေခြင်းကို မတွေ့ကြုံရပဲ၊ သူ၏ ဓားမှာ အစွမ်းထက် လာနိုင်မည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ ဓားတာအို၌ ဖြတ်လမ်း မရှိ နိုင်။
" သေ ကြ စမ်း "
လင်းယွန်၏ မျက်လုံးများတွင် ကရုဏာ အရိပ် အယောင်မျှ မတွေ့ရပဲ၊သူ့ဓားတွင် ပြင်းပြသော သတ်ဖြတ် လိုခြင်းများ၊ ကပ်ညိ ပါဝင် လာကာ တိုက်ခိုက်မှု၏ နောက်ဆုံး အရွေ့ကို စတင် လာခဲ့သည်။
သို့သော် ထိုအချိန်တွင် မိုးကုတ် စက်ဝိုင်း အတွင်း တစ်နေရာမှ ကြောက်မက်ဖွယ် ကောင်းသော မိုးခြိမ်းသံ တစ်သံ ထွက်ပေါ် လာ၏။
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ကြားတွင် အလင်းအလွှာ လေးလွှာဖြင့် ဖုံးအုပ် ထားသည့် ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ကျဆင်း လာတော့သည်။
“ စတုတ္ထ ကောင်းကင်က ဓားသမားပဲ ”
လူတိုင်း တုန်လှုပ် သွားကြ၏။ စတုတ္ထ ကောင်းကင်မှ တစ်စုံ တစ်ယောက်သည် ပထမ ကောင်းကင်သို့ ရောက်ရှိရန် မလွယ်ကူပေ။
အကယ်၍သာ ပထမ ကောင်းကင်သို့ ရောက်ရှိ လာနိုင် ပါက၊ ၎င်းသည် သေမျိုး ကမ္ဘာသို့ ဆင်းသက် လာသော နတ်ဘုရား တစ်ပါးလို တည်ရှိ မှုမျိုး ဖြစ်လာ ပေမည်။
ကြီးကျယ် ခမ်းနားသော ဓား ရည်ရွယ်ချက်က ပထမ ကောင်းကင်ရှိ လူတိုင်းကို ဦးညွှတ် စေခဲ့သည်။
ဟွမ်ဖူ ဂျင်းရှန်ပင် တုန်လှုပ် သွား၏။ သူမျှော်လင့်ထား သကဲ့သို့၊ ယီလျူယွင် ရောက်ရှိ လာပေသည်။
သေမျိုးအဆင့် (၃၆)၊ ယီလျူယွင်။
ထိပ်တန်းအဆင့် ငါးဆယ်အတွင်း ဝင်ရောက် နိုင်သူ များမှာ၊ ပြင်ပ ဂိုဏ်းသားတိုင်း သိရှိထား ကြသည့် နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်လေသည်။
ထို့ကြောင့် ယီလျူယွင်၏ အသွင်အပြင်မှာ အနီး ပတ်ဝန်းကျင်အား တုန်လှုပ် သွားစေ၏။
ယီလျူယွင်၏ နှုတ်ခမ်းပေါ်တွင် အပြုံးအချို့ ချိတ်ဆွဲ ထားသည်။
နိမ့်ကျသော သတ္တဝါတို့ကို ကြည့်ရှု နေသော နတ်ဘုရား တစ်ပါး ကဲ့သို့ သူ့ ပတ်ပတ် လည်အား ဝေ့ကြည့် နေ၏။သူ၏ အရှိန် အဝါများ အရ ဤနေရာတွင် လက်တစ်ချောင်း တည်းဖြင့် မည်သူကို မဆို၊ နှိပ်စက် နိုင်ပုံ ရလေသည်။
( ပထမ ကောင်းကင်ဘုံကို လာဖို့ ဆိုတာက၊ တကယ်တော့ မလွယ်လှဖူး၊ ဒါကို ချက်ချင်း ဖြေရှင်း သင့်တယ် )
ယီလျူယွင်က ကြေနပ် သွားဟန်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ ခေါ်ဆောင် လာသော သိုင်းသမား များမှာ ဒုတိယ ကောင်းကင်မှ သိုင်းသမားများ ဖြစ်သော ကြောင့်၊ ၎င်းတို့သည် အသင်္ချေ ဓား ပန်းချီကား နယ်မြေ ထဲသို့၊ ဝင်ရောက်လာ ခဲ့သည့် လူသစ် တစ်ဦးကို ဆက်ဆံရန် လုံလောက်ပေသည်။
သူတို့ အတွက် စိတ်ပူ စရာ မရှိပေ၊ သို့သော် ပို၍ တိကျ သေချာ စေရန်စတုတ္ထ ကောင်းကင်မှ ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
“ စီနီယာ အစ်ကိုကြီး၊ ငါတို့ကို ကယ်ပါဦ။ ”
ရုတ်တရက် အကူအညီ တောင်းသံ အချို့က ယီလျူယွင်၏ အာရုံကို ဆွဲဆောင် သွားခဲ့သည်။ လှည့်ကြည့် လိုက်တော့ သူ့မျက်နှာပေါ်ရှိ အပြုံးများ အေးခဲ သွား၏။ မထင်မှတ် ထားသော မြင်ကွင်းက သူ့ကို စောင့်ကြိုနေ လေသည်။
မာနကြီးသော သိုင်းသမား ဆယ့်နှစ်ယောက် တို့သည် မြေပေါ်၌ လဲလျောင်းနေ ကြပြီး၊ လင်းယွန်က ၎င်းတို့ ဆယ့်နှစ်ယောက် အတွက် နောက်ဆုံး လှုပ်ရှားမှု ကိုပင် ထုတ်ဖေါ်ရန် ပြင်ဆင်နေ ခဲ့သည်။
" ရပ်........ ''
သူ့မျက်နှာ ပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် မည်းမှောင် သွား၏။
သို့သော် လင်းယွန်က သူ့၏ ဟန့်တားသံကို ဂရုမစိုက်ပဲ ဓားရည်ရွယ်ချက်ကို တောင်တန်း တစ်ခု ကဲ့သို့ ဆင်းသက်စေ လိုက်သည်။
တောင်ပြို ကျလာသော အဟုန်ကြောင့် မြေပြင်တွင် အက်ကြောင်းများ ဖြစ်ပေါ် လာပြီး၊ လင်းယွန်၏ ဓား ရည်ရွယ်ချက်သည် ၎င်းတို့၏ ဓားရည်ရွယ် ချက်ကို ဖြိုခွဲ ပစ်လိုက် လေသည်။
ပြင်ပကမ္ဘာတွင် လင်းယွန်ဘေး ထိုင်နေသော သိုင်းသမား ဆယ့်နှစ်ယောက်၏ မျက်နှာများမှာ ဖြူဖျော့ နေလျက်မှ၊ နာကျင်မှု များကြောင့် ရှုံ့တွ ကုန်၏။
"သွားကြရအောင် "
ယီလျူယွင် မှင်တက် နေချိန်တွင် လင်းယွန်က ဟွမ်ဖူ ဂျင်းရှန်ကို ဆွဲယူ လိုက်ကာ အနီးဆုံး လေဟာနယ် အက်ကြောင်း ဆီသို့ ဦးတည် သွားခဲ့သည်။
လင်းယွန်က အသင်္ချေ ဓားရင်ပြင်တွင် မျက်လုံးများ ပြန်ဖွင့် လိုက်သည်နှင့် ဘေးနားရှိ သိုင်းသမား ဆယ့်နှစ်ယောက်မှ သူ့ကို မကျေ မနပ် ကြည့်နေသည်ကို တွေ့လိုက် ရသည်။
"ငါ မင်းကို သတ်မယ် "
သူတို့ထဲရှိ တစ်ယောက်က ဆင်ခြင်တုံ တရား ပျောက်ဆုံး သွားကာ၊ ဒေါသ အလျောက် တိုက်ခိုက်ရန် ပြေးဝင်လာ၏။
"ထွက်သွား စမ်း"
တိုက်ခိုက်လာ သူ၏ နံရိုး ထံသို့ ထိုးချ လိုက်ရာ၊ ကွဲအက်သွားသော အသံဖြင့် အရုပ် ကြိုးပြတ် လွင့်စင် သွား၏။ ကျန်ဆယ့်တစ်ယောက် တို့သည် လက်နှင့် ခြေထောက် များကို အားကိုးကာ၊ အသင်္ချေဓား ရင်ပြင်မှ တွားသွား နေကြ လေသည်။
( ဖင်တရွတ်တိုက် ထွက်ပြေး နေကြ ခြင်းဟု ဆိုလိုသည်။)
“ ဘယ်လို အမှိုက်တွေလဲ။ ”
လင်းယွန်က အော်ဟစ် လိုက်သည်။ သည်လူပြက် တစ်အုပ်သည် သူတို့ကိုယ် သူတို့ အရမ်းပြည့် နေပြီဟု ယူဆထား ခဲ့ပုံ ရသည်။
ဒဏ်ရာ အပြင်း အထန် ရရှိ ခဲ့သော်လည်း သူ့ကို တိုက်ခိုက် ဖို့ရန် သတ္တိ ရှိနေ တုန်းပင်။
"သေ..... စမ်း "
ရုတ်တရက် ယီလျူယွင်က အသင်္ချေဓား ရင်ပြင်သို့ ပြန်ရောက် လာသည်နှင့် တိုက်ခိုက် ခြင်းကို စတင်လိုက်၏။
အေးစက်သော အလင်း တစ်စ သူ့မျက်လုံး များမှ တဆင့် လင်းလက် လာလေသည်။ သူ၏ ဓားကို ကိုင်ဆွဲ ထားခြင်း မရှိပဲ၊ လက်ကို မြှောက်လိုက်ကာ၊ ဓားတစ်လက် ကဲ့သို့ ထိုးခုတ် လာခြင်း ဖြစ်သည်။
လက်ဝါးစောင်း ရောက်မလာ ခင်မှာပင် လင်းယွန် တစ်ကိုယ်လုံး နာကျင် ကိုက်ခဲမှုကို ခံစား လိုက်ရ သည်ကြောင့်၊ ဂရု မစိုက်ပဲ မနေ ဝံ့ကာ၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းကို ပွင့်လန်း လာစေလျက်၊ 'ထာဝရ နတ်ဘုရား တံဆိပ်တော်' ကို ထုတ်ဖော် လိုက်သည်။
သူ့လက်များတွင် တံဆိပ်ကို စတင် ဖွဲ့စည်း လိုက်သည်နှင့် တောက်ပနေသော ရွှေရောင် အဆင်းဖြင့် မီးတောက် စွမ်းအင်များ ပေါက်ကွဲ ထွက်လာသည်။
“ သွား..... ။ ”
သူ့လက်များကို ရှေ့သို့ တွန်းထုတ် လိုက်ပြီး ထာဝရ နတ်ဘုရား တံဆိပ်ကို၊ ယီလျူယွင်၏ ခုတ်ပိုင်း လာသော လမ်းကြောင်း ဆီသို့ ဦးတည် ဟန့်တား လိုက်သည်။
သို့သော်၊ ယီလျူယွင်၏ လက်ချောင်း များက တံဆိပ်ကို ဖြတ်ကာ၊ တားဆီး နိုင်ခြင်း မရှိသော ဓားတစ်လက် ကဲ့သို့ ဆက်လက် တိုးဝင်လာ ခဲ့သည်။
ထိုလက်ဖဝါး၏ တုနှိုင်း မရသော ခွန်အားကြောင့်၊ လင်းယွန်၏ မျက်လုံးများ ထဲတွင် အံ့အားသင့် စရာ အရိပ် အယောင်များ ထွက်ပေါ်လာသည်။
လက်သီးနှင့် ဓားတို့ကို ပေါင်းစပ် လိုက်ခြင်းဖြင့် ယီလျူယွင်၏ တိုက်ခိုက် ခြင်းကို ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ၏ လက်သီးများက ယီလျူယွင်၏ လက်ဝါးစောင်းနှင့် ထိလိုက်သော အခါတွင် ထက်ရှသော ဓားရောင်ဝါမှာ တစ်ဟုန်းဟုန်း တောက်လောင် လာပြီး လင်းယွန်၏ မူလ စွမ်းအင်ကို ဖြိုခွဲ လာသည်ဟု ခံစား လိုက်ရသည်။
လင်းယွန်က သွေးတစ်လုတ်ကို ထွေးထုတ်ကာ ခြေလှမ်း တစ်ဒါဇင်ခန့် နောက်ပြန် ဆုတ်လိုက်ရသည်။
တစ်ဖက်တွင်၊ ယီလျူယွင်၏ ခန္ဓာကိုယ်သည် တိုက်မိ ခြင်းကြောင့် အနည်းငယ်သာ တုန်ခါ သွားခဲ့၏။
တစ်ဆက်တည်း မှာပင် ယီလျူယွင်က အရှိန်အဝါကို ထုတ်လွှတ် လိုက်ရာ၊ လင်းယွန် ထံသို့ ကြီးမားသော ဖိအားများ ဆင်းသက် လာတော့သည်။
"နက်နဲ သိုင်း နယ်ပယ်ရဲ့ တတိယ အဆင့် "
လင်းယွန်က မျက်ခုံး နှစ်ဖက်ကို စုကျုံ့ လိုက်၏။နီယူ ဘင်းရွမ်နှင့် ယီလျူယွင်သည် တူညီသော နယ်ပယ်တွင် ရှိနေ သော်လည်း၊ ခွန်အား အရာ၌ နီယူ ဘင်းရွမ်မှာ ယီလျူယွင်၏ လက်ပါးစေ ဖြစ်ရန်ပင်၊ အရည်အချင်း မပြည့်မီ ခဲ့ပေ။
“ လင်းယွန် သတိထား....၊ သူက ယီလျူယွင်၊ သေမျိုး အဆင့် (၃၆)။ ”
ဟွမ်ဖူဂျင်းရှန်က လင်းယွန်မှာ ယီလျူယွင် ထံမှ တိုက်ခိုက်မှုကို ခံလိုက်ရ သည်အား မြင်လိုက်ရ သည်ကြောင့်၊ ချက်ချင်း အော်ဟစ် သတိပေး လာသည်။
လင်းယွန်မှာ ယီလျူယွင်၏ တိုက်ခိုက် ခြင်းကို ခံရပြီးနောက် ဆယ်လှမ်း ခန့်သာ ဆုတ်ခွာ ခဲ့ရသည်။
အနီး နားရှိ ရပ်ကြည့် နေကြသော တပည့်များက ထိုမြင်ကွင်းကြောင့်၊ သူတို့၏ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွား၏။
" ဒီတိုက်ခိုက်မှုကို ငါ မှတ်မိ နေမှာပါ"
လင်းယွန်က သူ့လက်သီးရှိ ပြတ်ရှ ဒဏ်ရာကို ကြည့်ပြီး ပြန်လှည့် ပြေးလိုက်သည်။
" ငါရဲ့ အထက်တန်းစား ပြည်နယ်က လူဆယ့် နှစ်ယောက်ရဲ့ ဓားရည်ရွယ်ချက်ကို ဖျက်ဆီးပြီး မင်းက ထွက်သွားလို့ ရမယ် ထင်လား "
ယီလျူယွင်က ဒေါသအမျက် ထွက်လာကာ လင်းယွန် နောက်သို့ လိုက်သွားခဲ့သည်။သူက လင်းယွန်ကို လွတ်မြောက်ရန် အခွင့်အရေး မပေးချင်ခဲ့ပေ။
တမဟုတ်ချင်းမှာပင် အသင်္ချေဓား ရင်ပြင်မှ နှစ်ယောက်သား ထွက်ခွာ သွားသော်ကြလည်း၊ လင်းယွန်က ယီလျူယွင်ကို မျက်ခြေ ဖြတ်အောင် မလုပ် နိုင်ပေ။
သူတို့၏ ရွေ့လျားမှု နည်းစနစ်များမှာ တူညီသော အဆင့်တွင် မရှိသည့် အတွက် လင်းယွန်က သူ့ကိုယ်သူ လွန်စွာ စိတ်ပျက်သွား ခဲ့ရသည်။
ယီလျူယွင်သည် လင်းယွန်ထက် အဆင့် နှစ်ဆင့် မြင့်မားရုံ သာမက၊ သူ၏ ဓားရည်ရွယ် ချက်မှာ စတုတ္ထကောင်းကင် အဆင့် သို့ပင် ရောက်ရှိ နေခဲ့သည်။
လင်းယွန်က ယီလျူယွင်၏ လိုက်ဖမ်းမှုကို တစ်ချိန်လုံး ပတ်ပြေး နေခဲ့ပြီး၊ ယီလျူယွင်က မှုန်ကုပ်ကုပ် မျက်နှာဖြင့် လိုက်ပါ နေဆဲ ဖြစ်သည်။
ယီလျူယွင် အနေဖြင့် ရွေ့လျားမှု နည်းစနစ်ကို အကန့်အသတ် အထိ တိုးမြှင့်ကာ၊ ဖမ်းဆီး နိုင်သော်လည်း ထိုသို့ မရွေးချယ်ခဲ့ပေ။
ဂိုဏ်းတွင်း စည်းမျဉ်းများက တိုက်ခိုက် ခြင်းကို တားမြစ် ရုံသာမက တပည့်တစ်ဦး၏ ကျင့်ကြံ မှုကို ဖျက်ဆီးခြင်း သို့မဟုတ် နစ်နာ စေခြင်း ကိုလည်း တားမြစ် ထားခဲ့သည်။
လင်းယွန်ကို ဖမ်းနိုင် ခဲ့လျှင်ပင်၊ ယီလျူယွင် လုပ်နိုင်သည့် အရာမှာ ရိုက်နှက် ခြင်းသာ ဖြစ်ပေမည်။
အကောင်းဆုံး အခွင့်အရေးမှာ အသင်္ချေဓား ပန်းချီကား နယ်မြေ အတွင်းတွင် လင်းယွန် ၏ ဓားရည်ရွယ်ချက်ကို ဖျက်ဆီး ပစ်ရန် ဖြစ်သည်။
၎င်းသည် ဓားသမားများ အတွက် ကျင့်ကြံမှု အဆင့် ဖိနှိပ်ခံရ သည်ထက်ပင် ပို၍ ကြောက်စရာ ကောင်းပေမည်။
သို့သော် ထိုအစီစဉ်မှာ ပျက်သွား ရုံသာမက၊ အထက် တန်းစား ဆယ့်နှစ်ယောက်၏ ဓားရည်ရွယ်ချက် ကိုပင် ဆုံးရှုံးသွား စေခဲ့သည်။
ထိုရလဒ်သည် သူ့ကို အလွန် ကြောက်လန့် စေခဲ့၏။ ထို့ကြောင့် ဤအချိန်တွင် လင်းယွန်နှင့် ဆော့ကစားပြီး ဂိုဏ်း အတွင်းရှိ တပည့် များအား လင်းယွန်၏ နိမ့်ကျသော အသွင် အပြင်ကို မြင်စေလို ခဲ့သည်။
သို့မဟုတ် ပါလျှင် သူ့ရင်ဘတ် ထဲရှိ နာကျည်းမှု များကို ဖြေနိုင်စရာ နည်းလမ်း မရှိပေ။
ဆယ့်ငါးမိနစ် အကြာတွင်၊ ပြေးလွှား လျှက်မှ ယီလျူယွင်က မည်သို့ ပြုမူရန် ကြိုးစား နေသည်ကို လင်းယွန်က ရိတ်မိ လိုက်သည်။ ထို့ကြောင့် ထွက်ပြေး ခြင်းကို ချက်ချင်း ရပ်တန့် လိုက်၏။
" ဘာလဲ .... မပြေးတော့ ဖူးလား "
ရှေ့မှ ပြေးလွှား နေသော လင်းယွန်က ရပ်တန့်လိုက် သည်ကြောင့် ယီလျူယွင်မှာ လှောင်ပြောင် လိုက်မိသည်။
မျက်နှာတွင် မောပန်း နွမ်းနယ် နေသော ဟန်ဖြင့် လင်းယွန်က ပြုံးလိုက်ကာ၊
" ဒီပွဲက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မင်းထင်လား၊ သေမျိုး အဆင့် (၃၆)မှာ ရှိနေတဲ့ တစ်စုံ တစ်ယောက်က ငါ့နောက်ကို လှည့်ပတ် လိုက်နေ ပါလား။ ”
လင်းယွန်၏ စကားကြောင့် အနီး ပတ်ဝန်း ကျင်ရှိ ရပ်ကြည့် နေသော တပည့်များက ယီလျူယွင်ကို မလို မကျသည့် အမူအရာ များဖြင့် လှမ်းကြည့် လာကြသည်။
ယီလျူယွင်သည် ဂိုဏ်းထဲသို့ နှစ်နှစ်ကြာ ဝင်ရောက် ခဲ့ပြီးနောက်၊ သေမျိုး အဆင့်၌ အဆင့်(၃၆) အထိ၊ တက်လှမ်း နိုင်ခဲ့သည်။
ထိုသို့သော သိုင်းသမား တစ်ယောက်က၊ ဂိုဏ်းအတွင်း နှစ်လကြာ ဝင်ရောက်လာ ခဲ့သော သူတစ်ယောက် အပေါ်၊ ပစ်မှတ် ထား ခြင်းမှာ၊ လူအုပ် ကြီးအား စိတ်ပျက်သွား စေ၏။
" စိတ်ဝင် စားစရာ ကောင်းချင် တာလား၊ ကောင်းပြီ ခဏနေ သိလာ လိမ့်မယ်"
ယီလျူယွင်က သူ့ဓားကို ဆွဲထုတ်ပြီး လင်းယွန် ဆီသို့ ထိုးသွင်း လိုက်သည်။
ထိုဓားချက်သည် သူ့အသက် အတွက် သနားခံ လာစေရန် ခြိမ်းခြောက် နေမှန်း သိသော်လည်း၊ လင်းယွန် အတွက် လုပ်နိုင် စရာ နည်းလမ်း မရှိခဲ့ပေ။
ဤနေရာ၌ သေရမည် ဆိုလျှင်ပင် ယီလျူယွင်မှာ ထိုတန်ဖိုးကို ပေးချေရ ပေလိမ့်မည်။
အဆုံးတွင် ဓားဖျားက လင်းယွန်၏ ရင်ဘတ် ထဲသို့ တအိအိ တိုးဝင် လာ၏။ ထိုမြင် ကွင်းကြောင့် လူအုပ် ကြီးမှာ ထိတ်လန့်သွား သကဲ့သို့၊ ယီလျူယွင် ကိုယ်တိုင်ပင် အံ့သြသွား မိသည်။
လင်းယွန်၏ ခွန်အား အရ သူနှင့် သိုင်းကွက် ဆယ်ကွက်ခန့် ဖလှယ် နိုင်သည် ဖြစ်ရာ၊ သူ့ဓားကို အလွယ်တကူ ရှောင်တိမ်း နိုင်မည်ဟု သူက ယူဆ ထားခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက် အတန့် လေးတွင် အနည်းငယ် အာရုံ ပြောင်းသွားသော ယီလျူယွင်ကို လင်းယွန်က ပြန်လည် ပြုံးပြ လိုက်ပြီး လက်သီးဖြင့် ထိုးထုတ် လိုက်၏။
အံ့အားသင့် သွားလျက်ဖြင့် ယီလျူယွင်မှာ နှာနု ရိုးသို့ ထိုးကြိတ်ခံ လိုက်ရ၏။ ရိုက်ခတ် မှုကြောင့် နှာခေါင်း ကျိုးသွားကာ မျက်နှာ တစ်ပြင်လုံး နီမြန်းလာပြီး၊ လွင့်စဉ် နေလျက်မှ သွေးများ ဖုံးလွှမ်း သွားခဲ့ လေသည်။
တစ်ဖက်တွင် လင်းယွန် သည်လည်း မသက်သာ လှပေ။ သူ့ရင်ဘတ် ထဲသို့ ထိုးသွင်း ခံရသော ဓားကြောင့် သွေးများ စီးကျလာကာ၊ ပြင်းစွာ နာကျင်ခဲ့ရပြီး၊ တုန်ယင် နေခဲ့ လေသည်။
" ငါ မင်းကို သတ်မယ်... "
ယီလျူယွင်တွင် တည်ငြိမ်သော အမူ အရာများ ပျောက်ကွယ် သွားခဲ့၏။ သေမျိုး အဆင့် (၃၆) တွင် ရှိခဲ့ သော်လည်း၊ အမှိုက် တစ်စကြောင့် အမှန် တကယ်ပင် အရှက်ရ စရာမျိုး ကြုံတွေ့လာ ရလေသည်။
ထိုကြောင့် စဉ်းစား ဆင်ခြင် နိုင်စွမ်းများ ဆုံးရှုံး ခဲ့ရပြီး၊ လင်းယွန်ကို ဓားဖြင့် ထပ်မံ ထိုး သွင်းလိုက် ပြန်သည်။
'' သူ.... သူက လူသတ်ဖို့၊ တကယ် ကြိုးစား နေတာပဲ ''
ဤမြင်ကွင်းကို စောင့်ကြည့် နေမိသော လူအုပ် ကြီးမှာ ထိတ်လန့် တကြား အော်ဟစ် လိုက်တော့၏။
***