← Chapters

စိန်ခေါ်မှု။

Vol. 16 Ch. 214

စိန်ခေါ်မှု။

Vol. 16 Ch. 214

ဓားနန်းတော်တွင် ရန်ပွဲများကို တားမြစ် ထားသည်။ တပည့်တစ်ဦးကို သတ်ဖြတ်ခြင်းမှာ ကြီးစွာသော တားမြစ်ချက် ဖြစ်ပြီး ယင်းအား ကျူးလွန်သူ မည်သူ မဆို ပြင်းထန်စွာ အပြစ်ပေး ခံရမည် ဖြစ်သည်။

လင်းယွန်က ယီလျူယွင်၏ ဓားဖြင့် ထိုးခြင်း ခံထားရကာ၊ ဒဏ်ရာ ရနေပြီ ဖြစ်သည်။

လူတိုင်း၏ မျက်လုံးများ ကျိန်စပ် လာစေသော လျှပ်စီးကြောင်း တစ်စင်း နှင့်အတူ ဓားငှက်တစ်ကောင်မှာ ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာ လေသည်။

လင်းယွန်ထံ ဦးတည်နေသော ဓားကို ဖမ်းဆုပ် ကိုင် လိုက်ပြီး၊ မြေပြင်သို့ ဆင်းလာ သူ၏ မျက်နှာမှာ၊ ရေခဲပြင် တစ်ခုကဲ့သို့ အေးစက် နေလေပြီ။

ယီလျူယွင်က ထိုလူရိပ်အား ခေါင်းမော့ ကြည့်လိုက်ရာ၊ ပြင်းစွာ သတ်ဖြတ် လိုသော ဆန္ဒများဖြင့်၊ စိုက်ကြည့် နေသည့် ရှင်းယန်ကို တွေ့လိုက် ရသည်။

ချက်ချင်းပင် ငြိမ်သက် သွားပြီး သူ့မျက်လုံး များတွင် ထိတ်လန့်ဖွယ် အရိပ် အယောင်များ ထွက်ပေါ် လာ၏၊ တုံ့ဆိုင်းခြင်း မရှိပဲ၊ သူ့ဓားကို ရုတ်သိမ်း လိုက်ကာ၊ ထွက်ခွာရန် ကြိုးစား လိုက် တော့သည်။

သို့သော် ရှင်းယန်က ယီလျူယွင်၏ ဓားကို ချိုးယူ လိုက်ပြီး၊ အရှိန်အဝါကို ဖြိုခွဲ လာသည် ကြောင့်၊ သူ့ကိုယ်သူ တည်ငြိမ်စေရန် ခြေလှမ်း ဆယ်လှမ်းခန့် နောက်ပြန် ဆုတ်လိုက်ရသည်။

၎င်းသည် အဆုံးသတ် မဟုတ်ခဲ့ပဲ၊ ရုတ်တရက် ရှင်းယန်က သူ့လက်ကို ဝှေ့ယမ်းကာ၊ ရှေ့သို့ ဖမ်းယူ ဆုပ်ကိုင်ဟန် ပြုလိုက်၏။

သူမ၏ လက်ကို ရိုးရှင်းစွာ ဆန့်တန်း လိုက်ရုံဖြင့် ယီလျူယွင်၏ လည်ပင်းကို ညှစ်ယူ လိုက်ကာ၊ လေထဲ မြှောက်တင်ထား လိုက်လေ သည်။

ထိုဆုပ်ကိုင် မှုကြောင့် အသက်ရှူ ကျပ်သွားကာ၊ မည်မျှပင် ရုန်းကန် ခဲ့ရ သော်လည်း၊ မလွတ်မြောက် နိုင်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ရှင်းယန်၏ သွယ်လျသော ရုပ်သွင်မှာ အလွန် လွှမ်းမိုး နိုင်စွမ်း များဖြင့် ထုံမွှန်း လာခဲ့ လေပြီ။

ရုတ်တရက် လူအုပ်ထဲမှ ဝမ်ယန်က ပြုံးရွှင်စွာ ထွက်ပေါ်လာပြီး၊

" အံ့ဩဖို့ ကောင်းလိုက်တာ ဂျူနီယာ ညီမ ရှင်းယန်၊ မင်းက တပည့်အသစ် တစ်ယောက် အတွက် မဟာမိတ် ပြည်နယ် များရဲ့ စည်းမျဉ်း သဘော တူညီချက်ကို ချိုးဖောက်ခဲ့တာပဲ "

သူ့စကားကြောင့် ရှင်းယန်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲ သွားကာ၊ လက်ကို လွှဲယမ်း လိုက်ပြီး၊ လေထဲ၌ ခြေကားယား လက်ကား ယားဖြင့် ရုန်းကန် နေသော ယီလျူယွင်ကို ပစ်ပေါက် လိုက်သည်။

ယီလျူယွင်က ရှင်းယန်လက်မှ လွတ်မြောက် သည်နှင့် အမော တကော အသက်ရှူကာ သက်သာ ရာရ သွားသော်လည်း ဝမ်ယန်ကို ကြည့်မိသည့် သူ့မျက်ဝန်း များတွင် အပြစ်သား တစ်ယောက် ကဲ့သို့ မလုံခြုံ မှုများ ပြည့်နှက်လာ လေသည်။

ဝမ်ယန် ပေးသော တာဝန်ကို ပြီးမြောက်ရန် ပျက်ကွက် ခဲ့သည် သာမက၊ သူခေါ်ဆောင် လာသော အထက် တန်းစား တစ်ဆယ့် နှစ်ယောက် သည်ပင်၊ ဓားရည်ရွယ် ချက်များ ဖျက်ဆီးခံ လိုက်ရ လေသည်။

ရှင်းယန် ၏ နောက် တွင် လူတစ်စု ချက် ချင်း စုရုံးလာ တော့သည် ။ ၎င်းတို့မှာ ရတနာ တောင်ကုန်း ပြည်နယ်၏ အဖွဲ့ဝင်များ ဖြစ်သည်။

စက္ကန့်ပိုင်း အတွင်းမှာပင်၊ ရတနာ တောင်ကုန်း ပြည်နယ်နှင့် အထက်တန်းစား ပြည်နယ် တို့သည် တင်းမာသော လေထု အောက်၌ ထိပ်တိုက် ရန်လို နေခဲ့ ကြလေသည်။

" အစ်ကိုကြီး မင်း အဆင်ပြေရဲ့လား "

လီဝူယုက နဂါးသွေးမြင်း ပေါ်မှ ခုန်ဆင်းကာ လင်းယွန်ကို တွဲထူ လိုက်သည်။

လင်းယွန်၏ မျက်နှာမှာ ဖြူဖျော့နေပြီး သူ့ ဒဏ်ရာမှ ကြောက်စရာ ကောင်းလောက်အောင် သွေးများ စီးကျနေ လေပြီ။ ဓားသွားသည် သူ့ နှလုံး သားနှင့် နှစ်လက်မ ခန့်သာ ကွာဝေး တော့၏။

" ဒီခွေးကောင် .... ၊ မင်းကို သတ်ဖို့ ကြိုးစားခဲ့ တာပဲ အစ်ကိုလင်း "

လီဝူယုက ရူးသွပ်စွာ ကျိန်းဆဲ ပစ် တော့သည်။ ဝမ်ယန် အဖွဲ့မှာ လင်းယွန်ကို လိုက်ရှာနေကြောင်း ကြားသိရ သည်နှင့် ချက်ခြင်းပင် ပြေးလာခဲ့ ခြင်း ဖြစ်သည်။

ဆေးလုံးကို ထုတ်ယူ မျိုချလိုက်ပြီး လင်းယွန်က၊

“ ငါ မသေတော့ဘူး ”

ဟု ဆိုကာ မျက်မှောင်ကြုတ် လိုက်၏။ ဝမ်ယန်၏ မျက်နှာ ပေါ်ရှိ အပြုံးကြောင့် ဆိုးရွားသော ခံစား ချက်များ ရရှိလာ ခဲ့မိသည်။

( ငါ့ကို ကူညီဖို့ စီနီယာ အစ်မက သဘော တူညီချက်ကို ချိုးဖောက် ခဲ့တာလား။ )

“ မဟာမိတ် ပြည်နယ် သဘော တူညီ ချက်က၊ သွေးသစ္စာ ကျိန်ဆိုမှု ဆိုတာ၊ နင် ဘာလို့ မေ့နေရ တာလဲ ရှင်းယန်၊ ဒါကို မ မေ့သင့်ဖူး မဟုတ်လား ..."

ဝမ်ယန်က ရှင်းယန်ကို ကြည့်ကာ ရယ်မော လိုက်လေသည်။

မဟာမိတ်- ပြည်ထောင်စု၏ သဘော တူညီချက် တစ်ရာ။

အနီးနားရှိ တပည့်များ၏ အမူအရာများ ပြောင်းလဲ သွားသည်။ အစောပိုင်း အခြေ အနေ၏ အခင်း အကျင်းကို ပြန် သတိရ သွားကြသော အခါတွင် ပျက်ယွင်းစွာ ခေါင်းယမ်း လိုက် ကြ၏။

" ဝူယု၊ မြန်မြန်သွား .... 'မဟာမိတ်-ပြည်ထောင်စု သဘော တူညီချက် တစ်ရာ' ဆိုတာ ဘာတွေလဲ မေးလာခဲ့။ "

လင်းယွန်က လီဝူယုကို ချက်ချင်း ညွှန်ကြား လိုက်သည်။

သိပ်မကြာခင် မှာပင် ထိတ်လန့် တကြား အမူ အရာဖြင့် လီဝူယုက ပြန် ရောက် လာကာ၊

“အစ်ကိုကြီး၊ 'မဟာမိတ်-ပြည်ထောင်စုရဲ့ သဘော တူညီချက် တစ်ရာ' ဆိုတာ ဂိုဏ်းက ချမှတ် ထားတဲ့ သွေးသစ္စာ ကျိန်ဆိုမှု စည်းမျဉ်း တွေပဲ၊ ယှဉ်ပြိုင်မှုကို ခွင့်ပြု ထား မေယ့်၊ မြေကြီး အဆင့်မှာ ရှိတဲ့ တစ်စုံ တစ်ယောက်က သေမျိုး အဆင့်က တပည့် တစ်ယောက်ကို တိုက်ခိုက်ခြင်း မပြုရဖူး၊ မဟုတ်ရင် သွေးသစ္စာကို ဖောက်ဖျက် တာပဲ ”

လင်းယွန်၏ နှလုံးသား ထဲတွင် ကြီးမားသော ထိတ်လန့် မှုကို ခံစား လိုက်ရ သည်။ စိတ်တည် ငြိမ်အောင် အစွမ်းကုန် ကြိုးစား လိုက်ပြီး၊

“သွေးသစ္စာကို ဖောက် ဖျက်ရင် ဘာဖြစ် မလဲ”

“ သွေးသစ္စာ ဖောက်ဖျက် သူတွေက သူတို့ရဲ့ ကျင့်ကြံမှုကို ဖျက်သိမ်း ခံရ လိမ့်မယ်၊ ဒါမှ မဟုတ် ပထမတန်း ဝိညာဉ် ကျောက်စိမ်း တစ်သိန်းကို လျော်ကြေးပေး ရမယ်၊ ဒီလိုမှ မဟုတ်ရင် မဟာမိတ်- ပြည် နယ် တွေ အားလုံးက သွေးသစ္စာ ဖောက်ဖျက်တဲ့ မဟာမိတ် ပြည်နယ်ကို ဝိုင်းရံ တိုက်ခိုက် ကြလိမ့်မယ်”

လီဝူယုက ပျက်ယွင်းသော မျက်နှာဖြင့် သူသိလာ သမျှကို ပြန်လည် ပြောပြ လိုက်သည်။

မဟာမိတ်- ပြည်ထောင်စု သဘော တူညီချက် တစ်ရာကို မဟာမိတ် ပြည်ထောင်စု နယ်မြေ၏ ဖွဲ့တည် ကာစတွင် သတ်မှတ်ထား ခဲ့ ခြင်း ဖြစ်သည်။

မြေကြီးအဆင့်ရှိ တပည့်များ ရန်မှ သေမျိုး အဆင့် တပည့် များကို ကာကွယ် ပေးထားသော စည်းမျဉ်များ ဖြစ်ပေသည်။ မဟာမိတ်- ပြည်နယ် များကြား ပဋိပက္ခများ ချဲ့ထွင် လာခြင်း ကိုလည်း ရှောင်ရှားရန် ဖြစ်သည်။

ဝမ်ယန်နှင့် ရှင်းယန်မှာ မျက်နှာချင်းဆိုင် အ နေအထား ဖြင့် ရှိနေပြီ ဖြစ်သည်။ သမိုင်း တစ်လျှောက် အထက်တန်းစား ပြည်နယ်နှင့် ရတနာ တောင်ကုန်း တို့သည် နှစ်ပေါင်း များစွာ တိုက်ပွဲဝင် လာခဲ့ကြသော မဟာ ရန်သူများ ဖြစ် လေသည်။

လက်ရှိ အခြေအနေ များအရ နှစ်ဖက် အဖွဲ့များ ကြားရှိ လေထုမှာ ပိုမို တင်းမာ လာ ပေတော့မည်။

" မင်းမှာ ရွေးချယ် စရာ နှစ်ခု ရှိတယ်၊ မင်းရွေး လိုက်ပါ"

ဟု ဝမ်ယန်က ခနဲ့တဲ့တဲ့ ရေရွတ်လိုက်၏။

" ဝမ်ယန် မင်းက စက်ဆုပ်စရာ ကောင်းတယ်၊ တပည့် တစ်ဦးကို သတ်ဖို့ ကြိုးစား နေတဲ့ ဖြစ်ရပ် နောက်ကွယ်က တရားခံက နင် ဆိုတာ ငါသိတယ်.. ”

" အိုး.. အဲ့တော့ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး လူသတ်မှု ကျူးလွန်ရင် ဂိုဏ်းက ငါ့ကို အပြစ်ပေး မှာပါ၊ ဒါ ပေမယ့် သူ မသေဖူး ဒီအတွက် ငါလျော်ကြေး ပေးရုံနဲ့ အဆင် ပြေတယ် မဟုတ်လား၊ ယီလျူယွင် မင်း စောစောက လင်းယွန်ကို သတ်ဖို့ ကြိုးစား နေတာလား။ "

" မဟုတ်တာ၊ ငါ ယီလျူယွင်က သေမျိုး အဆင့် (၃၆)မှာ ရှိတဲ့ သူတစ်ယောက် ဆိုတာကို ဘယ်သူ မဆို သိ နေတာပဲ၊ ငါသူ့ကို သတ်ချင်ရင် အခုလို လိုက်ဖမ်း နေမလား၊ သင်ခန်းစာ တစ်ခု သင်ပေးချင် ရုံပါပဲ "

ယီလျူယွင်က ပြုံးပြီး ပြန်ဖြေ လိုက်၏။ ဝမ်ယန်၏ စကား အသွား အလာ အရ နောက်ကွယ်ရှိ အဓိပ္ပါယ်ကို သူ ချက်ချင်း သိလိုက် လေသည်။

" မင်း ကြားလား .... ယီလျူယွင် စကားကို၊ အခု ရတနာတောင်ကုန်း မဟာမိတ် ပြည်နယ်ကို ငါ့အဖွဲ့ က သွားနေပြီး …”

ဝမ်ယန်က အေးစက်စွာ ရယ်မော လိုက်ပြီး၊

“ ဒါပေမယ့် ဒီကိစ္စတွေကို မင်းပေါ် ပုံအပ် လိုက်လို့ ငါ့ကို အပြစ် မတင်နဲ့၊ မင်းရဲ့ ကျင့် ကြံမှုကို ဖျက်ဆီး လို့ပဲ ဖြစ်ဖြစ်၊ လျော်ကြေး အနေနဲ့ ဝိညာဉ် ကျောက်စိမ်း တစ်သိန်းပဲ ဖြစ်ဖြစ်၊ ပေးအပ် လိုက်ပါ၊ ဒီလိုမှ မဟုတ်ရင် မဟာမိတ် အစည်းအဝေး တစ်ခု ချက်ချင်း လုပ်ရ လိမ့်မယ်။”

ရတနာ တောင်ကုန်း ပြည်နယ်မှ တပည့်များက ဝမ်ယန်၏ စကားကြောင့် ရင်နင့်ဖွယ် အမူ အရာများ ပြသလာ ကြသည်။

ရှင်းယန်၏ အဆင်မချင် လုပ်ရပ်သည် ရတနာ တောင်ကုန်း ပြည်နယ်အား ဆိုးရွားသော အနေ အထားသို့ ရောက်ရှိ သွားစေ ခဲ့သည်။

“ အကိုကြီး၊ ငါတို့ သူတို့နဲ့ တိုက်ရအောင်၊ ဒီလူတွေက အနိုင်ကျင့်ဖို့ ကြိုးစားနေတာ ရှင်းပါတယ်။ ”

" ဒီနေ့ ငါတို့ ခေါင်းငုံ့ ခဲ့ရင် အနာဂတ် မှာလည်း၊ ခက်ခဲစေမဲ့ နည်းလမ်း တွေကို ရှာဖွေ နေကြ ဦးမှာပဲ "

" အထက်တန်း စား ပြည်နယ်မှာ လူကောင်းတွေ တစ် ယောက်မှ မရှိဘူး "

ရတနာ တောင်ကုန်းမှ တပည့်များက ချက်ချင်းပင် ၎င်းတို့၏ ရပ်တည်ချက်ကို ထုတ်ဖော် လိုက် ကြသည်။

အခြေအနေက သူတို့ အတွက် အသာစီး မရ လျှင်ပင်၊ ရှင်းယန်ကို ခက်ခဲ သော အနေ အထား၌ မထားခဲ့ လိုကြပေ။

ရှင်းယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ ဝမ်းယန်ကို ကြည့်ကာ၊

" အဲဒီ စည်းမျဥ်းတွေကို ငါသဘော မတူ နိုင်ဖူး ဆိုတာ မင်းသိပါတယ်၊ ပြောပါ၊ မင်းတကယ် လိုချင်တာ ဘာလဲ "

" အဟက် မင်းမှန်တယ်၊... ငါက အရူး တစ်ယောက်တော့ မဟုတ်ပါဘူး "

မျက်လုံးများတွင် အေးစက်သော အလင်းရောင် တစ်စ လင်းလက်လာပြီး၊ ဝမ်ယန်က သူ၏ ရည်ရွယ်ချက် အမှန်ကို ထုတ်ဖော် လိုက်သည်။

“ သေမျိုးအဆင့် သတ်မှတ်ချက်က တပည့်တွေ အကြား စည်းမျဉ်း တွေ အရ၊ သူတို့ အချင်းချင်း ဖြေရှင်းရမယ်၊ လင်းယွန်နဲ့ ယီလျူယွင် တို့ပွဲက မပြီးသေး ပါဘူး၊ ယခုကစ တစ်လ ကြာရင်၊ သူတို့ နှစ်ဦးက ဘဝရဲ့ သေ-ရှင် စင်မြင့်မှာ တိုက်ပွဲ ဝင်ရမယ် ”

တပည့်တစ်ဦးကို သတ်ဖြတ်ခြင်းအား တားမြစ် ထားသော်လည်း အာဃာတ များကို ဖြေရှင်းရန် နေရာများ ထားရှိ ပေသည်။ သေရှင် တိုက်ပွဲကို လက်ခံပြီး သည်နှင့် အနိုင်ရ သူသာလျှင် အသက်ရှင်မည် ဖြစ်သည်။

ထိုစကားကို ကြားသော အခါတွင် လူအုပ် ကြီ၏ မျက်နှာများ ပြောင်းလဲသွား ကြသည်။ ပြီးနောက် ထိုအဆိုပြုချက်မှာ အရမ်းလွန် လွန်းသည်ဟု ယူဆ လိုက်ကြသည်။

လင်းယွန်သည် နက်နဲနယ်ပယ်သို့ ဖြတ်ကျော် ဝင်ရောက်ကာစ လူသစ် တစ်ဦး မျှသာ ဖြစ်၏။ နက်နဲနယ်ပယ် တတိယ အဆင့်ရှိ ယီလျူယွင်အား ရင်ဆိုင်ရန်မှာ မည်သည့် နည်းလမ်းမှ မရှိနိုင်ချေ။

လင်းယွန်အတွက် သေချာပေါက် သေခြင်း တရားသာ ဖြစ်ပေမည်။ ဓားနန်းတော် အတွင်း ပုံမှန် နည်းလမ်းဖြင့် လင်းယွန်ကို မသတ် နိုင်မှန်း သူ သိသောကြောင့်၊ ရသည့် နည်းလမ်းဖြင့် သတ်ရန် ကြံစည် လိုက် ခြင်း ဖြစ်သည်။

ရှင်းယန်မှ မတားဆီး ခဲ့လျှင်ပင်၊ ယီလျူယွင် အနေဖြင့် လင်းယွန်ကို သတ်ပစ် ဖို့ရန် မဝံ့ရဲပေ။ လူ တစ်ယောက်ကို သတ်ရန် အတွက် သူ့ အနာဂတ်ကို မည်သည့် နည်းနှင့်မျှ မစတေးနိုင်။

အကယ်၍ ဝမ်ယန်သည်သာ ထိုသို့ အတင်းအကြပ် အမိန့်ပေး ခိုင်းစေ ပါက၊ အထက် တန်းစား ပြည်နယ်သို့ မည်သူမျှ ဝင် ရောက်လာမည် မဟုတ်ပေ။

ထို့ကြောင့် အသင်္ချေဓား ပန်းချီတွင် လင်းယွန် ၏ ဓားရည်ရွယ်ချက်ကို ဖျက်စီး ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ကို ဝမ်ယန်က သိသည်။

သို့သော် ယီလျူယွင်က ကျရှုံး ခဲ့သည်ကြောင့် နောက်ထပ် တစ်ကြိမ် အခွင့်အရေးကို စောင့်ရ မည်ဟု တွေးနေ မိချိန်မှာပင်၊ ရှင်းယန်က အခွင့် အရေး တစ်ခုကို သူ့ဆီ ပေးအပ်လာ ခဲ့သည်။

ယခု၊ သူက ထိုအခွင့် အရေးကို ဆုပ်ကိုင်ကာ၊ လင်းယွန်အား အသက်နှင့် သေခြင်း စင်မြင့် ထက်သို့ တွန်းပို့ လိုက်ရုံပင်။

" ထွက်သွား စမ်း "

သို့သော် ရှင်းယန်က မျှော်လင့် မထားသော အခြေအနေဖြင့် တုန့်ပြန် လာခဲ့သည်။ သူမက ကျိန်ဆဲသံ နှင့်အတူ ဝမ်ယန်ကို မောင်းထုတ် လိုက်၏။

“ မင်း၊ သွားပြီးတော့ အစည်းအဝေး ခေါ်ယူလို့ ရတယ်၊ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ သွေးသစ္စာကို ဖောက်ဖျက်မိတဲ့ အတွက်၊ ငါရဲ့ ရတနာ တောင်ကုန်း ပြည်နယ်ကို ထိဖို့ လူ ဘယ်နှစ် ယောက်လောက် ကြိုးစားရဲ ကြ မလဲ ဆိုတာ ငါကြည့်မယ်။ ”

( ဘာလဲဟ ဒီမိန်းမက စည်းမျဉ်း တွေကို ပစ်ပယ် ရဲတယ်လား.... အရူးပဲ)

ဝမ်ယန်က ရှင်းယန်၏ မထင်မှတ် ထား သော တုန့်ပြန် မှုကြောင့် စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။

“ ကောင်းပြီ၊ နောင်မှာ ငါရဲ့ အထက် တန်းစား ပြည်နယ်ရဲ့ အဖွဲ့ဝင်တွေ ကလည်း သွေးသစ္စာကို လိုက်နာမှာ မဟုတ်ဘူး၊ ဒါကြောင့် မင်းရဲ့ ရတနာ တောင်ကုန်းက ပိုသတိ ထားပါ ''

အထက်တန်းစား ပြည်နယ်နှင့် ရတနာ တောင်ကုန်း နယ်မြေတို့သည် ဓားနန်းတော်တွင် ထိပ်တန်း မဟာမိတ် အဖွဲ့များ ဖြစ် ကြသည်။

သူတို့ ကြားရှိ ပရိပက္ခ များမှသည် စစ်ပွဲ အသွင်သို့ ကူးပြောင်း ခဲ့ပါက ဂိုဏ်းတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ မည်မှာ သေချာလှ ပေသည်။

ဓားထမ်း အကြီးအကဲ တစ်ဦးသာ ဝင်ရောက် တားမြစ် လာခြင်း မရှိပါက၊ ၎င်းကို ရပ်တန့်ရန် နည်းလမ်းမရှိပေ။

“ ဒီစကားတွေကို မင်းဆီ ပြန် သတိပေး လိုက်မယ်၊ ငါတို့ တွေ့မယ် ”

ရှင်းယန်က အေးစက်စွာ ပြန်ဖြေသည်။

“ စီနီယာအစ်မ၊ သူ့အဆို ပြုချက်ကို ငါလက်ခံ ပါတယ် ”

ရုတ်တရက် လင်းယွန်က ဝင်ရောက် ပြောဆို လိုက်သည်။ မဟာမိတ် ပြည်နယ် နှစ်ခုကြား စစ်ပွဲ ကြီးမှာ သူကြောင့် ဖြစ်ပေါ် လာမည်ကို မလို လားပေ။

လင်းယွန်၏ စကားကြောင့် ဝမ်ယန်၏ မျက်လုံးထဲတွင် အေးစက်သော အငွေ့ အသက်များ တောက်ပ လာသည်။ သူက ယီလျူယွင်ကို အချက်ပြ လိုက်၏။

လင်းယွန်၏ အသက် ကိုသာ လိုချင် သောကြောင့် ဖြစ်နိုင်လျှင် ရတနာတောင်ကုန်း ပြည်နယ်နှင့် စစ်မဖြစ်လိုပေ။

“ ဒီမှာ ရှိတဲ့ တပည့် အားလုံးက ငါ့အတွက် သက်သေ ခံနိုင်တယ်၊ ငါ ယီလျူယွင်က၊ ဓားနန်းတော်ရဲ့၊ ပြင်ပတပည့် တစ်ဦး ဖြစ်တဲ့ လင်းယွန်ကို၊ ယခုမှစ တစ်လပြည့်ရင် သေရှင် စင်မြင့် အတွက် စိန်ခေါ်တယ် "

ယီလျူယွင်က သူ့လက်ချောင်း များကို ကိုက်လိုက်ပြီး ဂိုဏ်းသား သင်္ကေတ ပေါ်သို့ သွေးတစ်စက်ချ လိုက်သည်။

သို့သော် ရှင်းယန်က ကြားဝင် စွက်ဖက်လို ဟန်ဖြင့် စိန်ခေါ်မှု သင်္ကေတကို ဆွဲယူ လိုက်သည်။

" မင်း ရူးနေပြီ၊ မင်းဒီမှာ သေဖို့ ကြိုးစား နေတာလား၊ ဒါမှမဟုတ် မင်းကိုယ်မင်း ပြည့်လျှံ နေပြီ ထင်နေလား ”

ဂိုဏ်းသား တံဆိပ်ပြားကို ဆုပ်ကိုင် ထားသည့် ရှင်းယန်၏ လက်တွင် သွေးများ စီးကျလာ သည်ကို မြင်လိုက် ရသည်။

ယီလျူယွင်၏ ဓားကို လက်ဗလာဖြင့် ဖမ်းဆီး မိရာမှ ဒဏ်ရာ ရသွား ခဲ့ခြင်း ဖြစ်သည်။

'' စီနီယာအစ်မ ရှင်းယန် မင်းငါ့ကို တစ်သက်လုံး စောင့်ရှောက်ဖို့ နည်းလမ်း မရှိ ပါဘူး၊ ငါက ဒီကိစ္စကို ဖြစ်ရတဲ့ အကြောင်း အရင်းမို့ သဘာဝ အတိုင်း၊ ငါ တာဝန် ယူပါ့မယ်၊ ငါ့ကြောင့် ရတနာ တောင်ကုန်း ပြည်နယ် တစ်ခုလုံးကို အကျွေးတင် နေစရာ မလိုပါဘူး။"

ဝမ်နင်ကို သတ်ပြီးနောက် ဝမ်ယန်က သူ့ကို လွှတ်ထား နိုင်မည့် နည်းလမ်း မရှိ သည်ကို သိရှိ ထားပြီး ဖြစ်ရာ၊ ယနေ့ အရှက် တရားမှာ အစသာ ဖြစ်ပေမည်။

“ တစ်လလောက် နေရင် ဒီ နောက်လိုက် ခွေးတစ်ကောင်ကို ငါ မသတ်နိုင် ဖူးလို့ မင်းထင် နေတာလား....''

လင်းယွန်၏ သွေးများ ပွက်ပွက်ဆူ လာပြီးနောက်၊ သူက ပြုံးလိုက်ကာ၊

" ဒါမှမဟုတ် ငါက အမှိုက် တစ်စလို့ မင်း ယူဆလား "

ယီလျူယွင်မှ ယနေ့ စိန်ခေါ်မှုကို မပြုလုပ် ခဲ့လျှင်ပင် လင်းယွန်က အရှက် တရား အတွက် ပြန်လာ မည် ဖြစ်သည်။

သည်လူပြက် များက သူ့ကို အလွယ်အကူ ဖိနှိပ် နိုင်လိမ့်မည်ဟု ယူဆနေခဲ့ ကြသည်။ ယင်း အယူ အဆ များမှာ အိမ်မက် များသာ ဖြစ်ကြောင်း သက်သေ ပြရပေမည်။

လင်းယွန်၏ စကားကြောင့် ရှင်းယန်က ခေတ္တမျှ တိတ်ဆိတ် သွား၏။ သူမ မတုံ့ပြန် နိုင်မီ ဂိုဏ်းသား တံဆိပ်ကို လုယူ လိုက်ကာ၊

“အသက်-သေခြင်း ကို လက်ခံမည်၊ ယခုမှစ တစ်လ တိတိ ”

ဟု ဆိုလိုက်လေသည်။

လူအုပ်ကြီးမှာ တိတ်ဆိတ် သွားကြကုန်၏။ လင်းယွန်သည် ဓားနန်းတော်သို့ ဝင်ရောက် ပြီးနောက်၊ ဆေးတောင်တန်းတွင် တစ်လတိတိ အပြစ်ပေး ခံခဲ့ရသည်။

ထိုမှ လွတ်မြောက် လာသည်မှာ သုံးရက်သာ ရှိသေး သော်လည်း၊ သေမျိုး အဆင့် (၃၆)ရှိ ယီလျူယွင်နှင့် သေရှင် တိုက်ပွဲကို ရင်ဆိုင် ရတော့မည် ဖြစ်သည်။

လင်းယွန်က သူ၏ သေမင်းကို သူကိုယ်တိုင် ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပေ တော့၏။

***

All Chapters