ငါ မင်းကို ယုံတယ်။
Vol. 16 Ch. 215
" ယီလျူယွင် မင်း ကြားလား...၊ မင်းရဲ့ စိန်ခေါ်မှုကို တစ်စုံ တစ်ယောက်က လက်ခံ ခဲ့တယ်"
ဝမ်ယန်က သူ့ အပျော်ကို ထိန်းမရ ဟန်ဖြင့် ဝမ်းသာအားရ ရေရွတ် လိုက်လေသည်။
" ဒီလူကို တစ်လ နေလို့မှ မသတ် နိုင်ရင် ငါ မင်းကို ပြစရာ မျက်နှာ မရှိတော့ဘူး"
ယီလျူယွင်က ရယ်ချင်ဟန်ဖြင့် ပြန်ပြော လိုက်သည်။
"ဟားဟားဟား ကောင်းတယ်၊ တစ်လ ဆိုတာက သိပ်မကြာဖူး ဆိုတော့ သူ့ကို အသက်ရှင်ခွင့် နည်းနည်း ပေးလိုက်မယ်၊ လင်းယွန် ... ဝမ်နင် သေဆုံးမှု အတွက် ငါ ရအောင် ပြန်ယူမယ် "
ဝမ်ယန်၏ မျက်နှာမှာ အေးစက်လာပြီး မျက်လုံး များတွင် လူသတ် လိုသော အငွေ့ အသက် များဖြင့် ပြည့်လျှံ လာသည်။
လင်းယွန်ကို ယခု ချက်ချင်း သတ်ပစ် ချင်သော်လည်း ဂိုဏ်း အတွင်း၌ ဤသို့ မပြုမူ ဝံ့ပေ။
ဝမ်နင် သေဆုံးကြောင်းကို မျိုးနွယ်စု၏ အကြီး အကဲ အရာရှိများက သိရှိသော အခါ အားလုံး နီးပါး ဒေါသတကြီး အမျက်ထွက် ကုန်ခဲ့ ကြသည်။
၎င်းတို့သည် မဟာချင် အင်ပါယာ၏ ဂုဏ်သိက္ခာ ကြီးမားသော မျိုးနွယ်စု လေးစုထဲမှ တစ်စု ဖြစ်ကြပြီး၊ ဝမ်သခင်လေး တစ်ယောက်ကို လူမြင်ကွင်းတွင် မည်သူမှ မသတ်ဝံ့ ခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
သူတို့၏ သခင်လေး တစ်ဦးသည် ကြီးလေးသော အမှားကို ကျူးလွန် ခဲ့လျှင်ပင်၊ လူအများစုက ဝမ်မျိုးနွယ် စု၏ မျက်နှာကြောင့် ရှောင်ဖယ် သွားကြ ပေလိမ့်မည်။
သို့သော် လင်းယွန်ဆိုသော ဓားကျွန် တစ်ယောက်သည် ဝမ်နင်ကို ပြောင်ပြောင် တင်းတင်း သတ်ပစ် လိုက်ပြီး၊ ဝမ်မိသားစု မျက်နှာကို ဖြတ်ရိုက် ခဲ့လေသည်။
မျိုးနွယ်စုတွင် နည်းလမ်းများ မည်သို့ပင် ရှိစေကာမူ ဓားနန်းတော် အတွင်း၌ လင်းယွန်အား သတ်ရန် မဖြစ်နိုင်ပေ။
လင်းယွန်ကို သေမိန့် ထုတ်ပြန် ထားပြီး ဖြစ်ကာ၊ ထိုအရှက်တရား ထံမှ ရုန်းထွက်နိုင်ရန် နည်းလမ်း ပေါင်းစုံကို အသုံးပြု ရပေမည်။
" ရှင်းယန်၊ လင်းယွန်က စိန်ခေါ်မှုကို သူကိုယ်တိုင် လက်ခံ လိုက်ပြီ၊ သူ့ကို အတင်း အကြပ် ငါ မလုပ် ခဲ့ဖူး ဆိုတာ မင်း အမြင်ပဲ၊ ဟန့်တားဖို့ ကြိုးစား လာရင် ရတနာ တောင်ကုန်း ပြည်နယ်နဲ့ စစ်ဖြစ်ရ ရင်တောင်၊ ငါ လက်လျော့မှာ မဟုတ်ဖူး ”
ဝမ်ယန်က အေးစက်စွာ သတိပေး လိုက်ပြီး၊ သူ့ ဝတ်ရုံ စကို ရုတ်သိမ်း လိုက်ကာ၊
" သွားရအောင် "
" ထွက်သွား ...."
" ငါ့ လမ်းက ဖယ်စမ်း "
အထက်တန်းစား ပြည်နယ်မှ ရာနှင့် ချီသော အထက် တန်းလွှာ သိုင်းသမား များက မောက်မာစွာ ထွက်ခွာ သွားကြ တော့သည်။ အနီး နားရှိ မည်သူမျှ သူတို့လမ်းကို မဟန့် တားရဲ ကြသကဲ့သို့၊ သူတို့၏ စကားကိုလည်း မလွန်ဆန် ဝံ့ကြပေ။
ဤအရာသည် ဓားနန်းတော် အတွင်း ဝမ်ယန်၏ အာဏာကို ပြသရာ ရောက်ခဲ့ခြင်း ဖြစ်သည်။
" စီနီယာ အစ်မ "
ရှင်းယန်၏ လက်တွင် ဒဏ်ရာ ရရှိ သွားသည်ကို တွေ့လိုက်ရ သည်နှင့် သူ့ အဖွဲ့သား များမှာ ချက်ချင်း ရှေ့သို့ တိုးသွား ကြသည်။
သူမ၏ ဒဏ်ရာကို ပတ်တီး စည်းပေး လိုက်ကြ ပြီးနောက်၊ ရှင်းယန်က စကား တစ်ခွန်းမှ မပြော တော့ပဲ၊ လင်းယွန် ဆီသို့ လျှောက်သွားကာ၊ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကို ကိုင်ကြည့်လိုက်၏၊
“ ဒါက အရမ်း နာနေသေးလား”
ဟု တိုးညှင်းစွာ မေးမြန်း လိုက်လေသည်။
" ငါ အဆင်ပြေ ပါတယ် ..."
လင်းယွန်က ခေါင်းညိတ်လိုက်သည်။ ဓားပန်းချီတွင် သူ၏ ဓားရည်ရွယ်ချက်မှာ ဖျက်ဆီး ခံရ လုနီးပါး ဖြစ်ခဲ့ရပြီး၊ ထိုသို့ မမျှတသော စိန်ခေါ်မှုကို လက်ခံရန် တွန်းအားပေး လာခဲ့သည်။
“ ဒါဆို ငါ စိတ်ချပြီ၊ ဒီကမ္ဘာကြီးက အမြဲ ဖရိုဖရဲ ဖြစ်ပျက် နေကြပဲ၊ ဂိုဏ်းက အကြောင်း ပြချက်ကို စိတ်မဝင် စားဖူး၊ ရလာဒ် ကိုပဲ ကြည့်တယ်၊ အဲဒီတုန်းက မင်း ဝမ်နင်ကို သတ်ပြီး ဘိုင်တင်းကို ပြုတ်ကျ သွားစေ သလို မျိုးပေါ့ "
ရှင်းယန်က လင်းယွန်ကို စိုက်ကြည့် လိုက်ပြီး၊
“ ဒါပေမယ့် မင်းကို ငါ မသေစေချင်ဘူး၊ မင်း စိန်ခေါ်မှုကို လက်ခံပြီး ကတည်းက၊ ယီလျူယွင်ကို ယောက်ျား တစ်ယောက်လို သတ်ပစ် လိုက်ပါ "
သူမ ပြောသော အခါတွင် ထိုစကားသံ များသည် လင်းယွန်၏ စိတ်ထဲ သို့တိုင် ပဲ့တင်ထပ် လာလေသည်။
တုန်လှုပ် ချောက်ချားမှုမှ ပြန်လည် ကောင်းမွန် လာရန် အချိန် အတော်ကြာ ငြိမ်သက် နေခဲ့ရသည်။ လင်းယွန်၏ သွေးများက သူ့ခန္ဓာကိုယ် ထဲတွင် ပွက်ပွက်ဆူ လာပြီး၊
" ယီလျူယွင်ကို ငါ့ဓားနဲ့ ခေါင်းဖြတ် သတ်ပစ်မယ် "
'' ငါ ယုံတယ် ''
ရှင်းယန်၏ မျက်ခုံးများ ပြေလျော့ သွားကာ၊ လက်ဖဝါးကို ဆန့်ထုတ် လိုက်သော အခါတွင်၊ နူးညံ့ သိမ်မွေ့ပြီး၊ ရှေးကျသော အသွင် အပြင်နှင့်၊ အရှိန်အဝါ အချို့၊ ရောက်ရှိ လာတော့ သည်။
ထို့ နောက် အဝါရောင် အလင်းကိုးစင်း ပွင့်လာပြီး၊ ရေစက် တစ်စက် အဖြစ် စိမ့်ဝင် ပေါင်းစပ် သွား၏။ ၎င်းသည် နဝမ အဆင့် ပယင်းရောင် သိုင်းဝိညာဉ်၏ 'စိမ်ပြာရောင် လမင်း' ဖြစ်လေသည်။
ရှင်းယန်က 'စိမ်းပြာရောင် လမင်း' ငယ်လေးကို လင်းယွန်၏ ဒဏ်ရာထဲသို့ သိပ်ပေး လိုက်သည်။
နူးညံ့ သိမ်မွေ့သော စွမ်းအင်သည် ခန္ဓာကိုယ် အနှံ့ စီးဆင်း သွားပြီး၊ သူ၏ ဒဏ်ရာမှာ သိသာသော အဟုန်ဖြင့် ပျောက်ကင်း သွားလေသည်။
တစ်ချိန်တည်း မှာပင် သူ့ ခန္ဓာကိုယ် ထဲတွင် ထားရစ် ခဲ့သော ယီလျူယွင်၏ ဓား ရည်ရွယ်ချက် သည်လည်း ပျောက်ကွယ် သွားခဲ့သည်။
" ငါ မင်းကို ယုံတယ်။"
'စိမ်းပြာရောင်လမင်း' ရေစက်ငယ်လေး ပျောက်ကွယ် သွားသည်နှင့် ရှင်းယန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး၊ မေ့မျောသွား သူ တစ်ယောက် ကဲ့သို့၊ တိုးညှင်းစွာ ရေရွတ် လိုက် လေသည်။
လင်းယွန်က ယီလျူယွင်ကို သတ်နိုင် မည်ဟု ရူးမိုက်စွာ သူ ယုံကြည် လိုက်သည်။
ထိုမြင်ကွင်းကြောင့် လင်းယွန်၏ မျက်ဝန်း များတွင် မျက်ရည်များ စိုစွတ် လာကာ၊ ခဏမျှ အံ့အားသင့် သွားလေသည်။
သူ့၌ ခက်ထန်သော နှလုံးသား နှင့်အတူ ကြမ်းတမ်းသော ဖြစ်တည်မှုကြောင့်၊ ကြုံတွေ့ခဲ့ ရသမျှ အခက်အခဲ များကြားတွင် မျက်ရည် မကျခဲ့ဖူးပေ။
သို့သော် ယနေ့တွင် ရှင်းယန်၏ စကား များနှင့် အမူအရာ များက သူ့နှလုံးသား အတွင်း နူးညံ့သော နေရာကို ထိမိ သွားခဲ့သည်။
သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် လိုက်ပြီး တုန်ယင် စွာဖြင့် နှုတ်ခမ်းကို ကိုက် လိုက်၏။
" အကိုကြီး၊ မင်း ဘာဖြစ်နေတာလဲ"
လီဝူယုက နဂါးသွေးမြင်းကို ဆွဲယူလာပြီး၊ မေးလိုက်၏။ လင်းယွန်၏ နှလုံးသားတွင် ထူးခြားမှု တစ်ခု ရှိနေသည်ကို သတိပြုမိ ပြီးနောက်၊ သူ စိတ်ပူသွား ခဲ့သည်။
“ ပြန်ကြရအောင်။ ”
လင်းယွန်က နဂါးသွေးမြင်းပေါ် ခုန်တက်ကာ၊ ရတနာတောင်ကုန်း ပြည်နယ် အတွင်းသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။
မိုးကုပ်စက်ဝိုင်း တစ်နေရာရှိ ကြီးမားသော တိမ်လွှာများ ပေါ်တွင် လူနှစ်ယောက် ရပ်လျက် ရှိနေကြသည်။ ထိုလူနှစ်ယောက်မှာ အဘိုးကြီး တစ်ဦးနှင့် လူလတ်ပိုင်း အရွယ် လူတစ်ဦး ဖြစ်လေသည်။
အဘိုးအိုမှာ သဘာဝအတိုင်း လျိုဖန်းဖြစ်ပြီး၊ ဘိုင်တင်း ကဲ့သို့ပင် ဓားထမ်း အကြီးအကဲ ရာထူးကို တိုးမြှင့် ခံရရန် အတွက် အခွင့်အရေး ရှိနေပေသည်။
သို့သော် လျိုဖန်းသည် ယခု အချိန်၌ သူ့ဘေးတွင် ရပ်နေသော သက်လတ်ပိုင်း အရွယ် အမျိုးသားကို လေးလေး စားစား ဆက်ဆံ နေလေသည်။
ထိုသက်လတ်ပိုင်း အရွယ် အမျိုးသားက၊ အပြာရောင် ဝတ်ရုံကို ၀တ်ဆင်ထားပြီး၊ သူ့ရင်ဘတ် ပေါ်တွင် နူးညံ့သော မက်မွန်သီးပင် တစ်ပင်ကို အံဝင်ခွင်ကျ ရေးထိုး ထားသည်။
ယင်းသည် နန်းတော် သခင်၏ လက်အောက်ရှိ ကာကွယ်သူ လေးဦးထဲမှ တစ်ဦး ဖြစ်ပေသည်။
ဓားနန်းတော်တွင် မက်မွန်၊ သစ်ခွ၊ ဝါးနှင့် ဂန္ဓမာ ဟူသော ကာကွယ်သူ စုစုပေါင်း လေးဦး ရှိသည်။ သူက ကာကွယ်သူ မက်မွန်သီး ကလေးပင် ဖြစ်၏။
" ဒါက 'ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်' ကို နိုးထ စေပြီး၊ ဝမ်နင်ကို သတ်ခဲ့တဲ့ လူငယ် လေးလား။"
ကာကွယ်သူ မက်မွန်သီးက တိုးညှင်းသော လေသံဖြင့် မေးလိုက်သည်။ သူ့မျက်လုံး များ ထဲတွင် နက်နဲသော သဘော တရားများဖြင့် ပြည့်နှက် လာလေသည်။
“ ဟုတ်ပါတယ် ဒါ သူပဲ၊ 'ကာကွယ်သူ မက်မွန်' .... မင်းဘယ်လို ထင်လဲ"
လျိုဖန်းက ခေါင်းညိတ်ကာ သတိ ထားပြီး ပြန်မေး လိုက်သည်။
ဖျော့တော့သော အပြုံးဖြင့် ကာကွယ်သူ မက်မွန်သီး လေးက၊
" ဓားသင်္ချိုင်း တောအုပ် ကနေ အသက် ရှင်လျက်၊ လွတ်မြောက် လာတဲ့ အပြင် သူရဲ့ ဓားရည်ရွယ် ချက်ပါ ပြည့်စုံ ခဲ့တာလား "
ဟု ထပ်မေး လိုက်ပြန်၏။
" ဒါ အမှန်ပါပဲ... "
လျိုဖန်းက စိတ်မသက် မသာ ခံစား လိုက်ရသည်။ ကာကွယ်သူ မက်မွန်သီး လေးသည် မည်သည့် အတွက်ကြောင့်၊ ဤသို့သော မေးခွန်း မျိုးကို မေးမြန်း လာသည်ကို၊ သူ နားမလည် နိုင်ခဲ့ပေ။
“ ဒါဆို သူက 'အဲဒီလူ' နဲ့ တွေ့ခဲ့ ရမယ်၊ ဒါတောင် သူက အသက်ရှင် နေတယ် ဆိုတော့ စိတ်ဝင် စားစရာ ပါပဲ …”
ကာကွယ်သူ မက်မွန်သီး လေးက သူ့နောက်ကျောကို လက်နှစ်ဖက် ပစ်လိုက်ပြီး လေးနက်စွာ ပြုံးလိုက်သည်။
“ ဒါက ….....”
လျိုဖန်းက တစ်စုံတစ်ရာကို တွေးမိသွား ဟန်ဖြင့်၊ စကားထစ်ငေါ့ နေစဉ် ကာကွယ်သူ မက်မွန်သီး ကလေးမှ ကြားဖြတ်ပြီး၊
" တစ်လ ကြာလို့ သူ မသေရင် ငါ့ဆီ ခေါ်လာ ခဲ့ပါ။ ''
ဟု ဆိုလာ လေသည်။
လျိုဖန်း၏ လျှာဖျားတွင် ခါးသက် လာခဲ့၏။ ဘဝနှင့် သေခြင်း တိုက်ပွဲကို ဖျက်သိမ်း လိုသောကြောင့်၊ ကာကွယ်သူ မက်မွန်သီး ကလေးကို လာရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက်စလုံးက စိန်ခေါ်မှုကို လက်ခံလိုက် ကြပြီးနောက်၊ ဓါးထမ်း အကြီး အကဲများ ပင်လျှင် ဝင်ရောက် စွက်ဖက် ပိုင်ခွင့် မရှိပေ။ ကာကွယ်သူ များကသာ စိန်ခေါ်မှုကို ဟန့်တား ပေးနိုင် ပေမည်။
လျိုဖန်း၏ ခံစားချက်ကို ကာကွယ်သူ မက်မွန်သီး လေးက သဘာဝ ကျကျ သိထား သော်လည်း၊ ၎င်းဆန္ဒကို မဖြည့်ဆည်း ပေးခဲ့ချေ။
လင်းယွန်၏ ဓားရည်ရွယ်ချက်၊ ကျင့်ကြံမှု အဆင့်နှင့် သိုင်းနည်းစနစ် များသည် ယီလျူယွင်ထက် နိမ့်ကျ လေသည်။ ထို့ကြောင့် အနိုင်ရရန် ဖြစ်နိုင်ချေကို လျိုဖန်း အနေဖြင့် မမြင်နိုင်ခဲ့ပေ။
ကာကွယ်သူ တစ်ယောက် အနေဖြင့် လင်းယွန်ကို ဖြည်းညှင်းစွာ စိတ်ဝင်စား လာမိ သော်လည်း မရဏ လမ်းကို ဆက်လျှောက် စေလို ခဲ့သည်။ ထိုဆုံးဖြတ် ချက်မှာ လျိုဖန်းအား ထိတ်လန့်သွားစေ၏။
" အထက်တန်းစား မဟာမိတ် ပြည်နယ်က နှစ်အနည်းငယ် အတွင်း၊ ကြီးထွား လာပုံပဲ ''
ဟု ဆိုကာ၊ ကာကွယ်သူ မက်မွန်သီး ကလေးက သက်ပြင်းချ လိုက်သည်။ သူက ဝမ်ယန်ကို အလို မကျ ဖြစ်နေပုံ ရသည်။
လျိုဖန်း သည်လည်း အလားတူ ခံစားခဲ့ ရပြီး၊
" နောက်ဆုံးတော့၊ .... အဲဒီ လူက သူ့ နောက်မှာ ရှိနေတယ်..."
လျိုဖန်းက 'အဲဒီလူ'ဟု ရည်ညွှန်း လိုက်သည့် အခါတွင် ကာကွယ်သူ မက်မွန်သီး ကလေးက၊
" ရှင်းယန်က အမျိုးသမီး ကောင်းလေး တစ်ယောက်ပဲ၊ သူ့ကို ကောင်းကောင်း ပျိုးထောင် ပေး သင့်တယ်၊ လင်းယွန် အတွက် ကတော့ တစ်ယောက်တည်း ထားလိုက်ပါ၊ ဂိုဏ်းက သူ့ကို တစ်ကြိမ် ကူညီပေး ခဲ့ပြီးပြီ၊ ငါတို့ကို ထပ်ပြီး ကူညီ စေချင်ရင် သူ့တန်ဖိုးကို သူ ပြသဖို့ လိုတယ်။ ”
စကားဆုံးသည်နှင့် ကာကွယ်သူ မက်မွန်သီး ကလေး၏ သဘော ထားကို လျိုဖန်းက နားလည် သွားသည်။
ဂိုဏ်း၏ အာရုံစိုက်မှုကိုလိုချင်ပါက လင်းယွန်သည် ဤဒုက္ခမှ လွတ်မြောက်အောင် စွမ်းဆောင်ရ ပေလိမ့်မည်။ သို့မဟုတ် ပါက သေးဆုံး ခဲ့ လျှင်ပင် အရေး မကြီး နိုင်တော့ပေ။
ကောင်းကင်တွင် အမှောင်ရိပ်များ သန်းလာသည် နှင့်အမျှ လေထုမှာ ပို၍ အေးစက်လာ ခဲ့ပေသည်။
အထက်တန်းစား ပြည်နယ်၏ အခြေ စိုက်စခန်းတွင် သိုင်းသမားများ ပြည့်နှက်နေ၏။
ယနေ့တွင် အထက်တန်းစား (၁၂)ဦးသည် လင်းယွန်၏ ဓားရည်ရွယ်ချက်ကို ဖျက်ဆီးရန် ပျက်ကွက် ခဲ့ပြီး၊ ၎င်းတို့အစား သူတို့သည်ပင် ဖျက်ဆီးခံ ခဲ့ရလေသည်။
သူတို့ ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုမှာ သိသာ ထင်ရှားလှပြီး ဝမ်ယန်ကို စိတ်ဆင်းရဲ သွားစေ၏။
ယီလျူယွင်ကို ကြည့်လိုက်ပြီး ဝမ်ယန်က၊
" ဒါက အလုပ် သေးသေးလေးပါ၊ ဒါပေမယ့် မင်း မအောင်မြင်ဘူး၊ ယီလျူယွင် မင်းမှာ ပြောစရာ ရှိလား "
“ ငါ သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သေရှင် စင်မြင့်မှာ သူ့ကို ငါ သတ်ပစ်မယ်လို့ ကတိပေးပါတယ်။"
ယီလျူယွင်က လေးနက်သော အသံဖြင့် ပြန်ဖြေသည်။
" မင်းရဲ့ ခွန်အားကိုသာ ငါမယုံ ကြည်ရင်၊ မင်းအခု ဒီမှာ ရပ်နေ နိုင်လိမ့်မယ်လို့ မင်းထင်လား"
ဝမ်ယန်က အော်ဟစ် ကြိမ်းမောင်း လာမှုကိုလက်မခံ လိုသော်လည်း၊ ထိုစကားကို တုန့်ပြန့်ရန် မဝံ့ရဲ ခဲ့ပေ။ ရန်သူကို လျှော့တွက် မိလို့သာ မဟုတ်ပါလျှင် လင်းယွန်၏ ဓားဆန္ဒမှာ ယခုအချိန်၌ ပျက်စီး နေပေ လိမ့်မည်။
ဝမ်ယန်က လွန်ဆွဲနေသော အမူအရာဖြင့် အခန်း အတွင်း ခေါက်တုန့် ခေါက်ပြန် လမ်းလျှောက် နေလျက်မှ၊
“မဟုတ်သေးဘူး၊ အခုကစပြီး တစ်လ အတွင်း ဘာမှ အမှား ခံလို့ မရဖူး၊ ငါရဲ့ တံဆိပ် ပြားကို ယူပြီး ဝမ်မျိုးနွယ်ရဲ့ ဌာနချုပ်သို့ သွားပါ။ နောက်လ အထိ မင်း အဲဒီမှာနေ။"
နောက်ဆုံးတွင် လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကာ၊ ကျောက်စိမ်း သင်္ကေတ တစ်ခုကို ယီလျူယွင် ထံသို့ အပ်နှံလိုက်သည်။
ယီလျူယွင်က အေးစက်နေသော ကျောက်စိမ်း သင်္ကေတကို ကိုင်လျက် အံ့သြနေမိသည်။
ဝမ်မျိုးနွယ်၏ များပြား လှသော အရင်းအမြစ် များကို ပေးအပ်ခြင်းဖြင့် သူ၏ ခွန်အားကို တိုးမြှင့်ရန် ကြိုးစားလိုကြောင်း သိသာ သော်လည်း၊ ၎င်းသည် ယီလျူယွင်ကို စိတ် မချမ်းသာ စေခဲ့ပေ။
“ အကိုကြီး၊ မင်း ငါ့ ခွန်အားကို မယုံဘူးလား။ ဒီနေ့ ခွေးတစ်ကောင်ကို ငါ လိုက်ဖမ်း နိုင်ခဲ့တယ်။ ဂိုဏ်းရဲ့ တားမြစ်ချက် ကြောင့်သာ မဟုတ်ရင် ငါ သူ့ကို သတ်ပြီးသား ဖြစ်နေပြီ ”
“ ဘာမှ အမှား အယွင်း မရှိအောင် ဆောင်ရွက် ပေးစေ ချင်တယ်လို့ ပြောခဲ့ပြီး သားပဲ။ ငါ့ညီလေး သေဆုံး သွားလို့ ငါ ဘယ်လောက် အရှက်ရ နေမှန်း မင်းမသိ ပါဘူး”
ဝမ်ယန်က ယီလျူယွန်၏ ခံစားချက်ကို လျစ်လျူရှုကာ ပြန်ဖြေ လိုက်၏။
“ ငါ နားလည်ပါပြီ မြို့တော်ကို အခုပဲ သွားလိုက် ပါမယ်”
ဝမ်ယန်၏ မျက်လုံး များတွင် ပြင်းစွာသော အမုန်း တရား များကို မြင်လိုက်ရ သဖြင့် စကားဆက် မပြော ဝံ့တော့ပဲ၊ ထွက်ခွာရန် ပြင်ဆင် လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ရတနာ တောင်ကုန်း မဟာမိတ် ပြည်နယ်၊ လင်းယွန်၏ နေအိမ်၌ လူများစွာ စည်ကား နေခဲ့သည်။
“ ဆရာ..... ညီလေးလင်း… မင်း အဆင်ပြေ ရဲ့လား၊ ယီလျူယွင်ရဲ့ စိန်ခေါ်မှုကို မင်းတကယ် လက်ခံ ခဲ့တာလား။ "
ထိုသို့ မေးမြန်းလာ သူမှာ သဘာဝအတိုင်း ဆေး ခန်းမမှ ကူယွန် ဖြစ်သည်။ စိုးရိမ်စွာဖြင့် မေးခွန်းများ ထပ်မေးမည် အပြုတွင် လင်းယွန်၏ မျက်လုံးများ ထဲရှိ အေးစက်မှုကို ခံစား လိုက်မိကာ၊ သူပြောမည့် စကားများကို မျိုချ လိုက်ရသည်။
" မင်းငါ့ကို တားမြစ်ဖို့ ဒီမှာ ရှိနေတာ ဆိုရင် အခု ချက်ချင်း ထွက်သွားပါ "
လင်းယွန်က ပြတ်သားစွာ သတိပေး လိုက်၏။ ကူယွန်က ချက်ချင်း ပြန်မဖြေမီ၊
“ ငါ မင်းကို ဆေးလုံးတွေ ပေးဖို့ ရောက်လာ တာပါ၊ ခဏလေး မင်းဒဏ်ရာ တွေက. ..”
ကူယွန်က ထစ်အ အံ့သြ သွားသည်။ လင်းယွန်၏ ရင်ဘက်ရှိ အသား အရေမှာ နီရဲ နေပြီး ဒဏ်ရာ လုံးဝ မရှိ တော့ပေ။ သူကြား ခဲ့သော သတင်း ကိုပင် နဝေ တိန်တောင် ဖြစ်သွား မိလေသည်။
လင်းယွန်က မရှင်းပြ တော့ပဲ၊ မတ်တပ် ထရပ် လိုက်ပြီး၊
" မင်း ငါ့ဆီကို လာလည်တဲ့ အတွက် ငါစိတ်သက် သာရာ ရပါတယ်။ မင်းရဲ့ အကူ အညီကို အခု ငါလိုအပ် နေပြီ စီနီယာ ''
'' ပြောပါ၊ ငါ တတ်နိုင် သလောက် ကူညီ ပါ့မယ်။"
" အရင်း အမြစ်တွေ ငါလိုတယ်. .. များများ ရနိုင်လေ၊ ပိုကောင်း လေလေပဲ "
လင်းယွန်က စိတ်အား ထက်သန်စွာဖြင့် ရေရွတ် လိုက်လေသည်။
***