ဒွါရခွန်နှစ်ပါးမှ သွေးများ ယိုစီးလာခြင်း။
Vol. 16 Ch. 216
ကောင်းကင်ဘုံ ဓားနန်းတော်တွင် အကြီးအကဲခန်းမ၊ ဆေးခန်းမ၊ စီမံ ရေးရာ ဌာနနှင့် သိုင်းခန်းမ ဟူသော ခန်းမကြီး လေးခန်း ရှိလေသည်။
အာဏာကို ကိုယ်စား ပြုသော အကြီးအကဲ ခန်းမမှ လွဲ၍ အခြားသော ခန်းမ သုံးခုတွင် တပည့်များက လွတ်လပ်စွာ သွားလာ နိုင်ပေသည်။
လင်းယွန်က သူ့လက်ထဲတွင် ဓားနန်းတော်၏ ဂိုဏ်းသား သင်္ကေတကို ကိုင်ဆောင်ထားကာ သိုင်းခန်းမ ရှေ့၌ ရပ်နေခဲ့သည်။
ယခုအချိန်တွင် သူ၏ ဂိုဏ်းသား တံဆိပ်မှာ တတိယ အဆင့်ကို ကိုယ်စားပြုသော ကြယ်သုံးပွင့် ရှိနေခဲ့ လေပြီ။ လီဝူယုက သူ့ဘေးတွင် ရပ်နေပြီး အလွန် မနာလို ဖြစ်နေ၏။
ဂိုဏ်းသား တံဆိပ်ကို တတိယ အဆင့်သို့ မြှင့်တင်ရန် အတွက် ပထမတန်း ဝိညာဉ်ကျောက်စိမ်း ရှစ်ထောင် လိုအပ်ကြောင်း သိရှိထား ခဲ့ဖူးသည်။
၎င်းသည် ပြင်ပတပည့်တိုင်း အတွက် အလွန်မြင့်မားသော အရေအတွက် ဖြစ်၏။
ပထမတန်း ဝိညာဉ်ကျောက်စိမ်း ရှစ်ထောင်သည် သူ့ထံမှ ထွက်ခွာ သွားသောကြောင့် တံဆိပ်ကို ကြည့်မိသည်နှင့် ကူယွန်မှာ အသည်းခိုက်အောင် နာကျင် ရလေသည်။
သူ့လို လူအတွက် ရှစ်ထောင် ဆိုသော ကိန်းဂဏန်း သည်ပင် နှလုံးရပ် မတပ် ပမာဏဖြစ်သည်။
သည့်အတွက် နည်းလမ်း မရှိချေ။ လင်းယွန်က သူ၏ ဂိုဏ်းသား တံဆိပ်ပြားကို မြှင့်တင်ရန် အရင်းအမြစ်များ လိုအပ်ပေသည်၊ သို့မဟုတ်ပါက သိုင်းခန်းမထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။
အကယ်၍ သိုင်းခန်းမ ထဲသို့ မ၀င် နိုင်ခဲ့ ပါလျှင် အစွမ်းထက်သော သိုင်းနည်းစနစ် များကို ရရှိနိုင်မည် မဟုတ်နိုင်။
သူ့တွင် အစွမ်းထက်သော သိုင်း နည်းစနစ်များ မရှိ သောကြောင့် ယီလျူယွင်ကို အနိုင်ယူရန် အခွင့် အလမ်း မရှိတော့ပေ။
လင်းယွန် သေဆုံးသွားပါက၊ ကြယ်နှစ်ပွင့်မှော်ဆေး ပညာရှင် အဖြစ် အိမ်မက်မှာ ပျောက်ကွယ် သွားနိုင် ပေမည်။
ထို့ကြောင့် သူ့တွင် လင်းယွန်ကို အပြည့်အဝ ထောက်ခံရန် မှတပါး ရွေးချယ်စရာ မရှိနိုင်။
သိုင်းခန်းမတွင် အဆင့် ကိုးဆင့် ရှိပြီး အလွှာတိုင်းတွင် ရွေးချယ်ရန် သိုင်းနည်းစနစ် များနှင့် ကျင့်ကြံမှု နည်းစနစ် များစွာ ပါရှိ လေသည်။ အလွှာ အဆင့်မြင့်လေ၊ နည်းစနစ်မှာ အားကောင်း လေလေပင်။
( သိုင်းနည်းစနစ် ဆိုသည်မှာ တိုက်ခိုက်ရေး နည်းစနစ်များ ဖြစ်ပြီး၊ ကျင့်ကြံမှု နည်းစနစ်များ ဆိုသည်မှာ၊ စွမ်းအင်ကျင့်ကြံသော အိုင်းရစ်ဓား သုတ္တန် ကဲ့သို့ သိုင်းကျမ်းများကိုဆိုလိုသည်။)
" ငါ့ကို ဒီမှာစောင့်။"
လင်းယွန်က သူ၏ သင်္ကေတကို တင်းတင်း ဆုပ်ကိုင်ကာ၊ သိုင်းခန်းမ ဆီသို့ လျှောက်သွား လိုက်သည်။
သိုင်းခန်းမဆီသို့ လျောက်လှမ်း သွားသော လင်းယွန် နောက်ကျောကို ကြည့်နေမိလျက်မှ လီဝူယုက ပြုံးပြလိုက်ပြီး၊ ကူယွန်ကို လှည့်ကြည့်ကာ၊
" ဆရာကြီး၊ မင်းက ငါ့အရည်အချင်းကို ဘယ်လို မြင်လဲ၊ ဝိညာဉ်ကျောက်စိမ်း နည်းနည်း လောက် မချေးငှား ချင်ဖူးလား၊ ငါက မဟာချင် အင်ပါယာရဲ့ အသန်မာဆုံး ဓားသမား ဖြစ်လာတဲ့ အခါ မင်းကို ဆယ်ဆ ပြန်ဆပ် ပါ့မယ်။"
ကူယွန်က လီဝူယုကို နှာခေါင်းရှုံ့ လိုက်ပြီး၊ "မရဘူး" ဟု ပြန်ဖြေကာ သူ့လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်သည်။
“ ဘယ်လိုတောင် သနားစရာ ကောင်းလိုက်လဲ…”
လီဝူယုက စိတ်ပျက်လက်ပျက် ရေရွတ် လိုက်မိ လေသည်။
လင်းယွန်က သိုင်းခန်းမ ထဲသို့ ၀င်လိုက် သည်နှင့် တတိယ အထပ်ဆီသို့ တန်းတန်း မတ်မတ် လျှောက် သွားခဲ့သည်။
နက်နဲနယ်မြေ ထဲသို့ ရောက်ရှိ ပြီးနောက် သူ၏ သိုင်းနည်းစနစ် များမှာ အားနည်းနေ ခဲ့ပြီ ဖြစ်သည်။
နက်နဲနယ်ပယ်ရှိ သိုင်းနည်းစနစ်များ၏ အဆင့် သတ်မှတ်ချက် များမှာ ရှန်ရှင်းဘုံနှင့် ကွဲပြားပေသည်။
နက်နဲနယ်ပယ်၏ သိုင်းနည်းစနစ် များကို ကောင်းကင်၊ မြေကြီး၊ ဝိညာဉ်နှင့် နက်နဲအဆင့် အဖြစ် အဆင့် သတ်မှတ် ထားသည်။
ထို့နောက် အဆင့်ကြီး တစ်ခုစီကို 'အခြေခံ၊' 'အလယ် အလတ်၊' 'အဆင့်မြင့်' နှင့် 'အထွတ် အထိပ်' အဆင့် များအဖြစ် ထပ်မံ ခွဲခြား ပြန်သည်။
သိုင်းခန်းမ၏ တတိယ အဆင့်တွင်၊ ရယူနိုင်သော အကောင်းဆုံး သိုင်းနည်းစနစ် များမှာ အထွတ်အထိပ် အဆင့် နက်နဲ နည်းစနစ်များသာ ဖြစ်ပေသည်။
အထွတ် အထိပ် အဆင့် နက်နဲ နည်းစနစ်များကို သိုင်းခန်းမ၏ စတုတ္ထ ထပ်တွင် ရရှိနိုင်ပြီး၊ 'ဝိညာဉ် အဆင့်' နည်းစနစ် များမှာ ပဉ္စမအထပ်တွင် ရှိပေသည်။
အဆင့်တစ်ခုစီတွင် စွမ်းအား ကွာခြားချက်ကြီးမားလှ၏။ နဝမအဆင့်တွင် မြေကြီးအဆင့် နည်းစနစ်များ ကိုပင် ထားရှိ နိုင်သည်ဟု ကောလဟာလများ ထွက်ပေါ် နေခဲ့သည်။
သို့သော်၊ ကောင်းကင်အဆင့်ရှိ တပည့်များသည်သာ နဝမအထပ်သို့ ဝင်ရောက် နိုင်ပေမည်။ ထို့ကြောင့် နဝမအထပ်တွင် မြေကြီးအဆင့် နည်းစနစ်များ ရှိမရှိကို သူတို့သာ သိနိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် လင်းယွန်သည် ထိုအရာများမှာ လက်လှမ်း မမှီသော နေရာ၌ ရှိနေခဲ့ရာ၊သူက တတိယ အထပ်ကိုသာ သွားရန် စိတ်ထက်သန် နေမိသည်။
သိုင်းခန်းမ အတွင်းရှိ စင်မြင့်များ ပေါ်တွင် ကျောက်စိမ်းပြား များဖြင့် ပြည့်နှက် နေကာ၊ မှိန်ဖျော့ဖျော့ အလင်းများပင် လင်းလက်နေ ပေ၏။
များပြားလှသော ကျောက်စိမ်းပြား များကြောင့် ထိတ်လန့်သွား၏။ ၎င်းသည် နက်နဲ သိုင်းနည်းစနစ် များနှင့် ကျင့်ကြံမှု နည်းစနစ်များပင် ဖြစ်သည်။
တစ်ချိန်က ဘိုင်လိရွှမ်မှာ မိုးကောင်းကင် ယဇ်ပလ္လင်၌၊ သူ့လက်ထဲရှိ သိုင်းကျမ်းကို ရယူ လိုသည်ထက်၊ သူ့ကို ဦးညွှတ်စေ လိုကြောင်း၊ ပို၍ သိသာ လှပေသည်။
အပြာရောင် နေမင်း နိုင်ငံ တွင်မူ၊ ရှန်ရှင်း နည်းစနစ် တစ်ခု အတွက်ပင်၊ လူသတ်ပွဲများ ဆင်နွှဲနေတက် ကြပေ လိမ့်မည်။
ပထမထပ်တွင် ရှန်ရှင်း နည်းစနစ်များဖြင့် ပြည့်နှက် နေသော်လည်း ၎င်းတို့ကို ကြည့်ရှုရန်ပင် မည်သူမျှ စိတ်မ၀င်စားပေ။ ဤသည်မှာ မဟာချင်အင်ပါယာကို ကျော်လွန် နိုင်ခဲ့သော ဂိုဏ်းကြီး လေးဂိုဏ်း၏ အခြေခံ အုတ်မြစ် ဖြစ်လေသည်။
လင်းယွန်က ကျင့်ကြံမှု နည်းစနစ် များကို စိတ်မဝင်စားပေ။ သူတွင်၊ အိုင်းရစ်ဓားသုတ္တန် ရှိကာ၊ ယင်းသည် ခရမ်းရောင်နန်းတော် နယ်မြေထဲသို့ ဖြတ်သန်း ဝင်ရောက်ရန် အထိ လုံလောက်လေသည်။
" မိုးတိမ် လက်ဝါး၊ တောင်ခွဲဓား၊ ပန်းခြေ လှမ်းများ၊ ခြေလှမ်း တစ်ရာ၊ နက်နဲ ဓား ခုနစ်လက်၊ ဖျက်ဆီး ခြင်းဓား ..."
နည်းစနစ် များ၏ နာမည် များကို ဖတ်ကာ၊ စိတ်လှုပ်ရှား လာမိသည်။
မဟာချင် အင်ပါယာရှိ လူပေါင်း များစွာသည် ဂိုဏ်းကြီး လေးဂိုဏ်းကို အဘယ်ကြောင့် ဤမျှ ဝင်ရောက်ချင် ကြသည်ကို ယခု သူ နားလည် သွားသည်။
ဤနေရာရှိ နည်းစနစ်များ ဖြင့်ပင်၊ သူတို့၏ အကြောင်းပြမှာ လုံလောက်ပေမည်။ နောက်ဆုံးတွင်၊ သိုင်းခန်းမ အနေဖြင့် အဆိုပါ အရင်းအမြစ် များကို စုဆောင်းရန် နှစ်ထောင်ပေါင်း များစွာ အချိန်ယူ ခဲ့ရပုံ ရလေသည်။
နက်နဲ နည်းစနစ် တစ်ခုကို ရရှိရန် ဂိုဏ်းပြင်ပ ကျင့်ကြံသူများ အတွက် မည်ကဲ့သို့ ပေးဆပ် ရမည်ကို မခန့်မှန်း နိုင်ချေ။
ဤသည်မှာ ဂိုဏ်းကြီးများ သြဇာ ကြီးမား လာသော အကြောင်းရင်းလည်း ဖြစ်လေသည်။
တပည့်များ အတွက် လေ့ကျင့် လိုသော နည်းစနစ်များကို သပ်သပ် ရပ်ရပ် ရွေးချယ် နိုင်ပြီး၊ သူတို့အတွက် အံဝင်ခွင်ကျ ဖြစ်မည့် နည်းစနစ်များ ကိုပင်၊ စုဆောင်းပေး ထားခဲ့သည်။
ဂိုဏ်းပြင်ပ ကျင့်ကြံသူ များ အတွက်မူ ၎င်းတို့နှင့် လိုက်ဖက်မှု ရှိရန်ထက်၊ နက်နဲ နည်းစနစ် အဆင့် ဖြစ်သည် နှင့်ပင်၊ ကျေနပ် ကြရမည် ဖြစ်သည်။
(ဂိုဏ်းပြင်ပ ကျင့်ကြံသူ= လေလွင့် သိုင်းသမားများ)
ကျင့်ကြံခြင်း လောက၌၊ ပျံ့လွင့် နေသော ကျင့်ကြံသူ အများ အပြားသည် နက်နဲ သိုင်းနယ်ပယ်သို့ ရောက်ရှိ ပြီးသည့်တိုင်၊ ရှန်ရှင်း နည်းစနစ် များကို အသုံးပြု နေကြဆဲ ဖြစ်သည်မှာ၊ နက်နဲ နည်းစနစ် များကို ဝယ်ယူရန် မတတ်နိုင် ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းသား တပည့်များ၏ မောက်မာမှု များမှာ လွန်အံ့ မထင်ပေ။
" ယီလျူယွင်ရဲ့ ဂိုဏ်းသား တံဆိပ်က စတုတ္ထ အဆင့်ပဲ ... "
ရုတ်တရက် တွေးလိုက်မိသောအခါ လင်းယွန် ၏ မျက်နှာမှာ အလို မကျဟန် နစ်မွန်း သွားသည်။
ဆိုလိုသည်မှာ ယီလျူယွင်သည် အထွတ်အထိပ် နက်နဲ နည်းစနစ်များကို ဝင်ရောက် ရွေးချယ်ခွင့် ရရှိနိုင် မည်ဟု ဆိုလိုသည်။
ကျင့်ကြံမှု နည်းစနစ်များ အတွက်မူ စိတ်မပူပေ။ အရင်း အမြစ်သာ လုံလုံ လောက်လောက် ရရှိပါက၊ အိုင်းရစ် ဓားသုတ္တန်ကို သတ္တမ အဆင့်အထိ ပံ့ပိုးနိုင် ပေမည်၊ ၎င်းသည် ယီလျူယွင်၏ ကျင့်ကြံမှု နည်းစနစ် များထက် ပိုမို အားကောင်းမည် ဖြစ်သည်။
သူ သတိထား ရမည့် တစ်ခု တည်းသော အရာမှာ ယီလျူယွင်၏ သိုင်းနည်းစနစ်များ ဖြစ်၏။
သူလေ့ကျင့် ထားသော 'မိုးကြိုး လက်ခုပ်သံ ငါးပါး' မှာ ရှန်ရှင်း နည်းစနစ် တစ်ခုသာ ဖြစ်ပေသည်။
၎င်းသည် အကောင်းဆုံးများ ထဲမှ တစ်ခု ဖြစ်ပြီး အချို့သော နက်နဲ နည်းစနစ်များ ထက်ပင် အားကောင်း ခဲ့ပေသည်။
သို့သော် အထွတ် အထိပ် နက်နဲ သိုင်းနည်းစနစ် များကိုမူ၊ ယှဉ်နိုင်စရာ မရှိချေ။
" သင်းထောက်၊ ဒီမှာ အပြင်းထန်ဆုံး ဓားနည်း စနစ်က ဘာလဲ"
လင်းယွန်က တတိယထပ်ရှိ လူလတ်ပိုင်း အရွယ် သင်းထောက်ထံ တိုက်ရိုက်သွားပြီး အကြံဉာဏ် တောင်းလိုက်သည်။
“ သေခြင်း တရား အကြောင်း တစ်ယောက် ယောက်က ပြောလာရင်၊ ဒါဟာ ခရမ်းရောင် မိုးကြိုးဓား၊ သူရိယ ကိုးသွယ်နဲ့ အထီးကျန် ဓားသိုင်း တို့ပဲ ”
ဟု သင်းထောက်က ပြန်ဖြေသည်။
" သူတို့က အထွတ်အထိပ် နက်နဲ နည်းစနစ်တွေနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။"
လင်းယွန်က ထပ်မေး လိုက်သည်။
“ အထွတ်အထိပ် နည်းစနစ်တွေက ပိုပြင်းထန် တာပေါ့၊ တန်းမတူတဲ့ အတွက် ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ တတိယထပ်မှာ အထွတ်အထိပ် နက်နဲ နည်းစနစ်တွေနဲ့ ယှဉ်နိုင်တဲ့ နည်းစနစ်တွေ မရှိပါဘူး။”
သက်လတ်ပိုင်း အရွယ် သင်းထောက်က လင်းယွန်ကို ကြည့်ကာ ရယ်လိုက်သည်။
လင်းယွန်က ပြန်လည် ပြုံးပြ လိုက်ပြီး၊
“ မှန်ပါတာပေါ့ အထွတ်အထိပ် အဆင့်ကို သာမာန် နည်းစနစ် တွေက ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ငါအတွက် သင့်တော်မယ့် နည်းစနစ် တစ်ခုခု ရှိမလား၊ မင်းကို ဒုက္ခပေး မိပြီ ထင်တယ် "
“ အထွတ်အထိပ် နည်းစနစ်နဲ့ ယှဉ်နိုင်တဲ့ အရာ တစ်ခုတော့ ရှိတယ်၊ ဒါပေမယ့် မင်း အဲဒါကို ရွေးချယ်ဖို့ ရဲရင့်မှု ရှိမရှိ ငါမသိဘူး။ ”
သင်းထောက်က နောက်ထပ် ကျောက်စိမ်း တစ်ချပ်ကို ထုတ်ယူ လိုက်သည်။
" သ ခင့် ဓား "
လင်းယွန်က နာမည်ကို ဖတ်ကြည့်ကာ၊ မျက်မှောင်ကြုတ် သွားသည်။
“ ဒီနည်းစနစ်မှာ ဓားကွက် တစ်ကွက်ပဲ ရှိတယ်”
ဟု သင်းထောက်က ရှင်းပြသည်။
" အရွှေ့ တစ်ခု ထဲလား "
အဆင့်မြင့် နက်နဲ နည်းစနစ် တစ်ခုတွင် လှုပ်ရှားမှု တစ်ခုသာ ရှိသည်ကို ထူးဆန်းစွာ သိရှိ လိုက်သည်။
“ ထက်ရှတဲ့ ဓားတစ်လက်ပဲ၊ အရာ အားလုံးကို ဓားတစ်ချက်နဲ့ အုပ်စိုး နိုင်တယ် ”
ဟု လူလတ်ပိုင်း အရွယ် သင်းထောက်က ဆိုသည်။
သင်းထောက်က ရှင်းပြလာသည့် အခါတွင် လင်းယွန်၏ စိတ်ထဲ၌ မြင်ကွင်း တစ်ခု ဖြစ်ပေါ် လာသည်။
မြစ်များနှင့် တောင်များကို ဓားတစ်ချက် တည်းဖြင့် ပိုင်းဖြတ် လိုက်သည့် ရိုးရှင်းသော မြင်ကွင်း တစ်ခု ဖြစ်သည်။
လက်ရှိ အခြေ အနေကို ပြန်ရောက်ဖို့ အချိန် အတော်ကြာ ယူခဲ့ရ ပြီးနောက် သူ့မျက်နှာတွင် အံ့ဩ ခြင်းများ ပြည့်နှက် လာခဲ့သည်။
သက်လတ်ပိုင်း အရွယ် သင်းထောက်၏ နှုတ်ခမ်းများ နီရဲ လာကာ ကျောက်စိမ်းပြားကို ပြန်ယူ လိုက်၏။
လင်းယွန်က တုန်လှုပ် ချောက်ချား စွာဖြင့် နောက်ပြန် ဆုတ်သွား သည်ကို မြင်သော အခါ သူ ပြုံးလိုက်ပြီး၊
" ဒီဓားရေးနည်းက အရမ်းကို လွှမ်းမိုး နိုင်စွမ်း ကြီးလွန်း ပါတယ်၊ မူလက နဝမ အထပ်မှာ ထားရှိ ခဲ့တာပဲ၊ ဂိုဏ်းမှာ ရှိတဲ့ လူတိုင်းက သူ့ကို သင်ယူလို ကြပေမယ့် နှစ်ထောင်ပေါင်း များစွာ အတွင်၊ ဒါကို လူအချို့က လွဲပြီး၊ ဘယ်သူမှ မအောင်မြင် ခဲ့ဘူး .... ''
'' ဒါကြောင့် အဆက် မပြတ် တန်ဖိုး ကျဆင်း လာပြီး၊ အခု တတိယ အထပ်မှာ ရောက်နေ ခဲ့တာ၊ ဒီနည်းစနစ်က အလွန် အစွမ်းထက် တာကြောင့်၊ ထိန်းချုပ်ရ ခက်ခဲ နိုင်တယ်၊ ဒါက မင်းနဲ့ မသင့် တော်ဘူး ဆိုတာ ရှင်းပါတယ်။ ”
လင်းယွန်၏ နှလုံးသားမှာ တွန့်ဆုတ် နေမိ သော်လည်း၊ လူလတ်ပိုင်း အရွယ် သင်းထောက် ပြောသော စကားသည် အမှန် ဖြစ်ကြောင်း သူ သိသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာ အတွင်း ဤဓား နည်းစနစ်ကို လူအနည်းငယ် သည်သာ လေ့ကျင့် နိုင်ခဲ့သည့် အကြောင်းရင်း တစ်ရပ် ရှိရ ပေမည်။
ထိုနည်းစနစ်၏ စွမ်းအားကို စောစောက မြင်လိုက် ရသော အခါ စိတ်ထဲတွင် တင်းကြပ် သလို ခံစားလိုက် ရသည်။
တတိယအထပ်ရှိ ဓားနည်းစနစ် များကို ထပ်မံ လှည့်ပတ် ကြည့်ရှု နေခဲ့သော်လည်း၊ သူ့အာရုံကို ဖမ်းစားနိုင်သော တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။
“ ဒါတွေက ဘယ်လို အမှိုက်တွေလဲ…”
'ခရမ်းရောင် မိုးကြိုးဓား' နည်းစနစ်ကို လွှင့်ပစ်လိုက်ပြီး၊ လင်းယွန်က သက်လတ်ပိုင်း အရွယ် သင်းထောက် ရှေ့သို့ ပြန်ရောက် ရှိလာကာ၊ “ သခင့်ဓားကို လိုချင်ပါတယ်” ဟု ဆိုလိုက်သည်။
“ ဒီဓားကို လေ့ကျင့်ဖို့ ကြိုးစားရင်းနဲ့ လူတော်တော် များများ သေဆုံးသွား ကြတယ်။ တခြား တစ်ခုခုကို ရွေးဖို့ အကြံ ပြုချင် ပါတယ်”
ဟု လူလတ်ပိုင်းအရွယ် အမျိုးသားက ထပ်မံ အကြံပေး လာသည်။
“ မဟုတ်ဘူး ငါ ဒါကို ယူဖို့ ဆုံးဖြတ် လိုက်ပြီ။ ”
ဟု လင်းယွန်က ခိုင်မာစွာ ခေါင်းညိတ် ပြလိုက်သည်။
အဆုံးတွင်၊ သင်းထောက်က လင်းယွန်ကို စိတ်ပြောင်းရန် မစွမ်းဆောင် နိုင်သောကြောင့် သခင့်ဓားကို လွှဲပေးလိုက်သည်။
လင်းယွန်က သိုင်းခန်းမစောင့် အကြီးအကဲ ထံသို့ ဦးတည်သွားကာ၊ ကျောက်စိမ်းပြားကို ချပေး လိုက်သည်။
ကျောက်စိမ်းပြား များတွင် မှတ်တမ်းတင် ထားသည့် နည်းစနစ် များမှာ မပြည့်စုံ သောကြောင့် ၎င်းတို့ကို ခိုးယူရန် ကြိုးစား ခြင်းသည် အချည်း နှီးပင် ဖြစ်ပေမည်။
နည်းစနစ် အပြည့် အစုံကို လိုချင်ပါက၊ ဓားပုံစံ ဂိုဏ်းသား တံဆိပ် နှင့်အတူ နာမည်ရေးထိုးသော ကျောက်စိမ်းပြားကို ပေးအပ် ရမည် ဖြစ်သည်။
" သခင့်ဓား... "
ကျောက်စိမ်းပြားပေါ်တွင် မှတ်တမ်း တင်ထားသည့် နည်းစနစ်ကို ကြည့်ကာ၊ အကြီးအကဲက မျက်မှောင်ကြုပ်သွားပြီး၊
“ မင်းကို ဘယ်သူ ပေးတာလဲ”
ဟု မေးလာ၏။
" ငါကိုယ်တိုင် ယူလာတာပါ၊ ဘာဖြစ်လို့လဲ ငါယူလို့ မရ ဘူးလား "
လင်းယွန်က ပြန်လည် မေးခွန်းထုတ် လိုက်သည်။ အကြီး အကဲက ပြန်ခေါင်းမော့ မလာ တော့ပဲ၊
“ နောက်တစ်ခု ရွေးပါ ။ ဒီ သခင့်ဓားရဲ့ မူပွား အပြည့် အစုံကို ငါပေး နိုင်ဖို့ နည်းလမ်း မရှိပါဘူး။”
“ ဒါကိုပဲ ယူဖို့ ငါဆုံးဖြတ် ထားပါတယ်”
လင်းယွန်၏ ပြတ်သားသော အဖြေကြောင့်၊ အကြီး အကဲက ခေါင်းမော့လာ ခဲ့ပြီး၊
“မင်း လာရာ အရပ်ကို ပြန်သွား ”
ဟု မောင်းထုတ် လိုက်သည်။
လင်းယွန်က ထွက်သွားခြင်း မရှိ သည်ကြောင့် အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊
“ မင်း ငါ့စကားကို နားမလည် ဖူးလား၊ ထွက်သွား စမ်း "
" ငါ့ သခင့်ဓားကို မရရင် ထွက်သွားမှာ မဟုတ်ဘူး။"
လင်းယွန်က အကြီးအကဲကို မတုန်မလှုပ် စိုက်ကြည့်နေ လိုက်သည်။
" ဒါဆိုလည်း မင်းဒီမှာ ဆက်ရပ် နေလို့ ရတယ်။"
အကြီးအကဲက လှောင်ပြောင်လိုက်ပြီး လင်းယွန်ကို လျစ်လျူရှု လိုက်တော့၏။
ထို့ကြောင့် ဖြတ်သွား ဖြတ်လာ တိုင်းက အကြီးအကဲ ရှေ့တွင် ငြိမ်သက်စွာ ရပ်နေသည့် လင်းယွန်ကို အထူးအဆန်း သဖွယ် လှည့်ကြည့် သွား ကြသည်။
" ဒါ လင်းယွန် မဟုတ်ဘူးလား "
" အဲဒီကောင် ဘာဖြစ်နေတာလဲ၊ ဘာလို့ အကြီးအကဲ တစ်ယောက်ကို ရဲရဲ တင်းတင်း စိုက်ကြည့်နေ ရတာလဲ။"
“ သူ့ကို အပြစ်ပေး ခံရတာ ဖြစ်မယ်၊ မနက် စောစော စီးစီး ထွက်သွားဖို့ အကြီး အကဲက မောင်းထုတ် နေတာ ငါ ကိုယ်တိုင် ကြားတယ်။”
“ ဒီအကြီးအကဲက ကောင်းမွန်တဲ့ စိတ်ထား ရှိတယ်လို့ နာမည်ကြီး နေတဲ့ သူပဲ၊ ဒါတောင် သူက လင်းယွန်ကို တကယ် အော်ပြော ခဲ့တာလား ... ဧကန်န ခြွင်းချက် အနေနဲ့ စတုတ္ထ အထပ်ကို ဝင်ခွင့်ပြုဖို့ ကြိုးစား နေတာ ဖြစ်ရမယ် ”
“ ဒါက ဖြစ်နိုင်ချေ များပါတယ်၊ ယီလျူယွင်က အထွတ်အထိပ် ဓားနည်းစနစ်ကို အသုံးပြု နိုင်တာကြောင့် စတုတ္ထ အထပ်ကို မတက်နိုင်ရင် လင်းယွန် သေလိမ့်မယ်....''
" သူမှာ ရွေးချယ်ခွင့် ရှိခဲ့ရင်တောင်၊ တစ်လထဲနဲ့ ဘယ်လောက် ဝေးဝေး သွားနိုင်မယ် ထင်လဲ ”
ဖြတ်သွား ဖြတ်လာများက လင်းယွန်ကို စာနာစိတ်ဖြင့် ကြည့်ကာ အချင်းချင်း ဆွေးနွေး လာကြသည်။ သူနှင့် ယီလျူယွင်၏ စိန်ခေါ်ပွဲမှာ ပြင်ပ ဂိုဏ်းသားများကြား ညတွင်းချင်း ပျံ့နှံ့သွားခဲ့သည်။
လင်းယွန်က အသင်္ချေဓား ပန်းချီတွင် အထက်တန်းစား ပြည်နယ်မှ သိုင်းသမား ဆယ်ဦး၏ ဓားရည်ရွယ်ချက်ကို ဖျက်ဆီးရန် ကြံရွယ်ခဲ့ သည်ကြောင့် ယီလျူယွင်၏ စိန်ခေါ်ချက်ကို လက်ခံ ခဲ့ရခြင်းပင် ဖြစ်သည်။
" မင်း မသွားသေးဖူးလား "
အနီးနားတွင် လူအများ စုဝေး လာသည်ကြောင့်၊ အကြီးအကဲက စိတ်မရှည် စွာဖြင့် မေးခွန်းထုတ် လိုက်သည်။
တစ်ဆက်တည်း မှာပင် ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ သူ၏ ကျင့်ကြံမှု ဖိအား များကို လင်းယွန် အပေါ်သို့ ကျဆင်းစေ လိုက်သည်။
မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ထုတ်ဖော် ထားသော်လည်း ဖိအားများကို ခံနိုင်ရည် ရှိရန် ခက်ခဲနေ ခဲ့သည်။
ဖိအားအောက်တွင် သူ့အရိုးများ အက်ကွဲ လာပြီး မျက်နှာတစ်ခုလုံး နီရဲလာခဲ့၏။
ကျင့်ကြံခြင်း အဆင့်၏ ကြီးမားသော ကွာဟချက်မှာ လင်းယွန် အတွက် စိတ်ကူး မရ နိုင်သော စွမ်းအား မျိုးပင် ဖြစ်သည်။ ဒွါရ ခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်ရန် အချိန် အနည်းငယ်သာ လိုအပ်ခဲ့ လေသည်။
သို့သော် မည်မျှပင် သွေးများစီးကျ နေသော်လည်း ထွက်ခွာရန် စိတ်ကူး မရှိပေ။ စီနီယာ အစ်မ ရှင်းယန်ကို ကတိ ပေးခဲ့ ပြီးနောက် ယီလျူယွင်ကို အနိုင်ယူရန်မှာ သခင့်ဓား သည်သာ တစ်ခု တည်းသော မျှော်လင့်ချက် ဖြစ်လေသည်။
ဓါးတောင်ကို ကျော်ကာ မီးပင်လယ်ကို ဖြတ်ရလျှင်ပင် သူ၏ ကတိများကို လိုက်နာရ ပေမည်။
***