← Chapters

လေနှင့် နှင်းများထက် နှလုံးသား များမှာ ပို၍ အေးစက် လေသည်။

Vol. 16 Ch. 217

လေနှင့် နှင်းများထက် နှလုံးသား များမှာ ပို၍ အေးစက် လေသည်။

Vol. 16 Ch. 217

အချိန်ကြာ လာသည် နှင့်အမျှ လင်းယွန်က အဖိုးအို ရှေ့တွင် ဒူးထောက် အံကြိတ် နေလျက်ဖြင့်၊ ကြီးမားသော ဖိအားအောက်တွင် သူ၏ အရိုးများ ကွဲအက်သံကို ကြားနေ ရလေ သည်။

ထိုမြင်ကွင်းကြောင့် ရပ်ကြည့် နေမိသော တပည့်များမှာ လင်းယွန်အား စာနာသနား လာကြပြီး၊ ရဲဝံ့သော တစ်စုံ တစ်ယောက်က လင်းယွန်အား ကြည့်ကာ၊

" အကြီးအကဲ၊ မင်း ဘာလို့ ခြွင်းချက် မရှိ ရတာလဲ "

" သူက တစ်လနေရင် သေရှင် စင်မြင့်ကိုလျှောက်လှမ်း ရမဲ့ သူပါ၊ စတုတ္ထ အထပ်ကို မဝင်ရောက် နိုင်ရင် ...၊ သူမှာ အခွင့်ရေး လုံးဝ ရှိမှာ မဟုတ်ဘူး...''

" အကြီးအကဲ မင်း မရပ်ရင် သူ သေလိမ့်မယ်"

ဘေးပတ်ဝန်းကျင်မှ ဝင်ရောက် တောင်းဆို နေသော်လည်း အကြီးအကဲက အလျှော့ မပေးခဲ့ပဲ၊ ဆက်လက် ဖိနှိပ် ထားလေသည်။

လင်းယွန်၏ မျက်လုံးများတွင် သွေးများဖြင့် ဖုံးလွှမ်းလာသည့် အချိန်ထိ မပြောင်းလဲသော ဆုံးဖြတ်ချက်ကို မြင်သော အခါတွင်မူ ဖိအား ပေးခြင်းကို ရပ်တန့် လိုက်သည်။

" မင့် နာမည် ဘယ်လိုခေါ်လဲ "

အကြီးအကဲက အေးစက်စွာ မေးမြန်း လိုက်၏။

သူ့နာမည်က လင်းယွန် ပါ၊တစ်ချိန်က ဓားကျွန် ဖြစ်ခဲ့ဖူးတယ်၊ စတုတ္ထ အထပ်ကို သွားခွင့် ပြုဖို့ သူ့ကို ခြွင်းချက် ထားလို့ မရပါဘူး၊ အကြီးအကဲ ခင်ဗျာ..''

လင်းယွန်က စကားပင် မပြောနိုင်မီတွင် လူတစ်ဦးမှာ သိုင်းခန်းမ ထဲသို့ တိုးဝင်လာကာ၊ ဝင်ရောက် ပြောဆို လာခဲ့သည်။

လန်းမို။

ထိုအသံကို ကြားသောအခါ မည်သူ မည်ဝါ ဖြစ်သည်ကို လင်းယွန်က ချက်ချင်း သိလိုက် သည်။

ဝမ်ယန်၏ လက်ပါးစေ ဖြစ်ပြီး ကြယ်ကိုးပွင့် ပြိုင်ပွဲ အပြီးတွင် အမှိုက် တစ်စလို စွန့်ပစ်ခြင်း ခံခဲ့ရသည်။

" ငါ့ကို တာဝန်ကျေအောင် သင်ပေးဖို့ မင်းမှာ တာဝန် ရှိလား။ "

အကြီးအကဲက လန်းမိုကို ဒေါသ တဖျပ်ဖျပ် ခတ်ကာ စိုက်ကြည့် လိုက်၏။ နောက်တ စက္ကန့်တွင် ခရမ်းရောင် နန်းတော် နယ်မြေရှိ သူ၏ အရှိန်အဝါကို လန်းမို အပေါ် သို့ ပြိုကျ သွားစေ ခဲ့သည်။

လန်းမိုက အံ့သြစွာဖြင့်၊ မတောင်းပန် နိုင်ခင်မှာပင် မြေပြင်ပေါ်သို့ လဲကျ သွားခဲ့သည်။

လန်းမို၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့ သွားကာ နာကျင် မှုကြောင့် မတ်တပ်ပင် မရပ်နိုင် တော့ပေ။

ပတ်ဝန်း ကျင်ရှိ လူအုပ်ကြီးက သည်မြင် ကွင်းကြောင့် အသက် ပြင်းပြင်း ရှူရှိုက် လိုက်ရ သည်။

ဤအခိုက် အတန့်တွင် လင်းယွန် ပေါ်သို့ ဖိနှိပ် ထားသော အကြီး အကဲ၏ သဘော ထားကို သူတို့ နားလည် လိုက်မိသည်။

“ ဂိုဏ်းရဲ့ စည်းမျဉ်း အရ စတုတ္ထ အထပ်ကို တက်ရောက်ခွင့်၊ ငါ ခွင့်မပြု နိုင်ဘူး၊ ဒီကျောက်စိမ်း ပြားကို ယူပြီး ငါ့မျက်စိ ရှေ့ကနေ ထွက်သွားပါ။ ”

အကြီး အကဲက သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး ကျောက်စိမ်းပြား တစ်ပြားကို လင်းယွန် ဆီသို့ ပစ်ချ လိုက်သည်။

ကျောက်စိမ်းပြားကို ကောက်ယူ ဖတ်ကြည့် လိုက်ရာ၊ သခင့်ဓား၏ မူပွား အပြည့်အစုံ ဖြစ်ကြောင်းကို မြင်လိုက်ရ သဖြင့် လင်းယွန်က ချက်ချင်းပင် လက်ဝှေ့ယမ်း ပြပြီး၊

“ ကျေးဇူးတင်ပါတယ် အကြီးအကဲ ။ ”

'' မင်းရဲ့ သေမင်းကို မင်းကိုယ်တိုင် ဖိတ်ခေါ် နေတာကို ငါက ဘာလို့ တားရမှာလဲ"

အကြီးအကဲက လင်းယွန်ကို ကြည့်ပြီး စိတ်မ၀င် စားတော့ ဟန်ဖြင့် လုပ်လက်စ အလုပ် များကို ဆက်လက် လုပ်ဆောင် နေတော့သည်။

“ ဒါဆို ခွင့်ပြုပါဦး။ ”

ရုတ်တရက် လှည့်ထွက် တော့မည့် သူ့နောက် ကျောကို အကြီး အကဲက မော့ကြည့် လိုက်ကာ၊

“ မသွားခင် မျက်နှာ ပေါ်က သွေးတွေကို သုတ် လိုက်ဦး။ ”

ဟု သတိပေး လိုက်လေသည်။

လင်းယွန်က အကြီးအကဲ ကမ်းပေးသော အဝတ် စကို လက်ခံယူ လိုက်ပြီး အကြီးအကဲကို ကျေးဇူး တင်ကြောင်း ထပ်ပြော လိုက်သည်။

“ လင်းယွန်၊ မင်း စတုတ္ထ အထပ်ကို သွားနိုင် ရင်တောင် ယီလျူယွင်ကို အနိုင်မယူ နိုင်ပါဘူး။ အခု မင်း စတုတ္ထ အထပ်ကို မတက်နိုင် မှတော့ မင်းသေမှာ သေချာတယ်။ မင်းလို ဓားကျွန် တစ်ယောက်က သေမျိုး အဆင့် (၃၆)မှာ ရှိတဲ့ လူတစ်ယောက် ဘယ်လောက် အစွမ်း ထက်တယ် ဆိုတာ မသိနိုင်ပါဘူး။ ”

လန်းမိုက မြေပြင် ပေါ်တွင် လဲလျောင်း နေလျက်မှ မုန်းတီးစွာ ပြောလာ ခဲ့သည်။

လင်းယွန်က မျက်နှာပေါ်ရှိ သွေးစများကို သုတ်နေ လျက်မှ၊ လန်းမို၏ ရင်ဘတ်ကို ဆုပ်ကိုင် လိုက်ပြီး အေးစက်စွာ အော်ဟစ် လိုက်သည်။

" မင်း စကားအရမ်း များတယ် "

သူ ထွက်ခွာ သွားပြီးနောက် လန်းမိုက မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်လျက် ကျန်ရစ် ခဲ့တော့သည်။ ပတ်ဝန်းကျင်ရှိ မည်သူမျှ သူ့ကို မသနား ကြပေ။ လန်းမိုနှင့် ထိုက်တန် လှသည်ဟု ယူဆမိ ကြသည်။

လင်းယွန်၏ နောက်ကျောကို ကြည့်ကာ၊ သူတို့၏ ခံစား ချက်များ ရှုပ်ထွေးလာ ခဲ့သည်။ လင်းယွန်သည် ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် ဝမ်နင်ကို သတ်ခဲ့ပြီး၊ အလား အလာ ကောင်း များကို ပိုင်ဆိုင် ထားသော တက်သစ်စ ကြယ်တစ်ပွင့် အဖြစ် သံသယ ဖြစ်စရာ မလိုပေ။

ဖြစ်နိုင်လျှင် သူ့ကို မသေ စေလို။ မျက်စိ အောက်တွင် နတ်ဆိုး တစ်ကောင် ကြီးပြင်း လာမည့် အချိန်ကို စောင့်ကြည့် လိုသည်မှာ သဘာဝပင် ဖြစ်လေသည်။

ထိုနတ်ဆိုးသည် ဂိုဏ်းထဲသို့ ဝင်ရောက် လာသည်မှာ တစ်လမျှသာ ရှိနေခဲ့ သော်လည်း၊ ယီလျူယွင် ထံမှ စိန်ခေါ်ချက်ကို လက်ခံ ခဲ့ရပြီ ဖြစ်သည်။

သိုင်းခန်းမ အပြင် ဘက်တွင်၊ လင်းယွန် ထွက်လာ သည်ကို တွေ့လိုက်သော အခါ လီဝူယုနှင့်၊ ကူယွန် တို့၏ မျက်ခုံးများ ပင့်တက် သွား၏။

“ အကိုကြီး၊ မင်းလို့ ဒီလောက် ကြာနေ တာလဲ။ ဘယ်သိုင်း နည်းစနစ်ကို ရွေးချယ် ခဲ့တာလဲ။ တစ်ချက် ကြည့်ရအောင်။ ”

လီဝူယုက ပြုံးရွှင်လျက် စပ်စု လိုက်သည်။

“ ငါလည်း သိချင်တယ်။ ”

ကူယွန်နှင့် လီဝူယု တို့သည် သိုင်းခန်းမ ရှေ့တွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်း နေရ သောကြောင့်၊ စူးစမ်း လိုစိတ်များ ဖြစ်လာ ကြသည်။

သခင့်ဓားမှာ ရိုးရှင်းမည် မဟုတ်ကြောင်း လင်းယွန် သိသည်။ နောက်ဆုံးတွင် အကြီး အကဲက မကျေမနပ် ဖြင့်သာ ပေးလိုက်ခြင်း ဖြစ်လေသည်။

ထို့ကြောင့် လင်းယွန်က သခင့်ဓား အကြောင်းကို နှစ်ယောက်ထက် ပို၍ မသိ စေချင် တော့ပေ။

“ ဒါက သာမန် ဓားနည်းစနစ် တစ်ခုပါပဲ၊ လာ ... မြို့တော်ကို သွားရအောင်။ ”

လီဝူယုနှင့် ကူယွန်တို့က မြို့တော်သို့ သွားကြမည့် အကြောင်း ကြားလိုက် သည်နှင့် ချက်ခြင်း မျက်လုံးများ တောက်ပ လာသည်။

လီဝူယု အတွက် တင်းကျပ် လွန်းသော အခြေ အနေ များကြောင့် မြို့တော်သို့၊ ကောင်းကောင်း ထွက်လည် ချင်နေ ခဲ့သည်။

တစ်ဖက်တွင်၊ ကူယွန်က လင်းယွန်မှာ နောက်ဆုံး လုပ်ငန်း စတင်တော့ မည်ကို သူ သိသောကြောင့် မျှော်လင့်ချက် များနှင့် ပြည့်လာ ခဲ့သည်။

ရတနာ တောင်ကုန်း တစ်နေရာရှိ၊ ရှင်းယန်၏ နေအိမ်တွင် ထွားကျိုင်းပြီး ကြမ်းတမ်းသော တပည့် တစ်ဦးက၊

“ စီနီယာအစ်မ ရှင်းယန်၊ ဂျူနီယာ လင်းက ဂိုဏ်းကနေ ထွက်ခွာဖို့ ပြင်နေ ပါတယ်၊ ”

-ဟု ရိုသေစွာ သတင်းပို့ လာခဲ့သည်။

နာမည်မှာ မိုချန် ဖြစ်ပြီး၊ သူ့နာမည် ကဲ့သို့ပင်၊ ထွားကျိုင်းသော ကိုယ်ဟန်ကို ပိုင်ဆိုင် ထားလေသည်။

သူသည် ရတနာ တောင်ကုန်း နယ်မြေရှိ အသန်မာဆုံး တပည့်များ ထဲမှ တစ်ဦး ဖြစ်ပြီး ရှင်းယန် နောက်သို့ နှစ်အတော် ကြာအောင် လိုက်ပါ ခဲ့သူ ဖြစ်သည်။

" သူနဲ့ အတူ ဘယ်သူတွေ လိုက်သွားလဲ"

“ ညီငယ် လီဝူယုနဲ့ ဆေးခန်းမက ကြယ် နှစ်ပွင့် မှော်ဆေး သခင် ကူယွန် ...။ ”

-ဟု မိုချန်က ပြန်ဖြေ လိုက်၏။

“ ကောင်းတယ် ကူယွန်ရဲ့ ရာထူး အရ၊ ဂျူနီယာ မောင်လေး လင်းကို နှောက်ယှက် ဝံ့မယ် မထင်ဘူး။ ”

ရှင်းယန်က ခေါင်းညိတ် လိုက်သည်။

***

တစ်ချိန်တည်း မှာပင် အထက် တန်းစား ပြည်နယ်၏ အခြေစိုက် စခန်းရှိ ဝမ်ယန် သည်လည်း လင်းယွန် ဂိုဏ်းမှ ထွက်ခွာ တော့မည့် သတင်းကို ရရှိ ခဲ့သည်။

သူ့ မျက်လုံးများ ထဲတွင် ရွှင်မြူး သွားသော်လည်း ဆရာကြီး ကူယွန်ပါ လိုက်သွားကြောင်း ကြားလိုက် ရသော အခါ ချက်ခြင်း စိတ်ပျက် သွားသည်။

ဆေးခန်းမ၏ အဆင့် အတန်းမှာ ဓားနန်းတော်တွင် မြင့်မားသော အနေ အထား တစ်ခု၌ ရှိပြီး မှော်ဆေး ပညာရှင် များကို ဝမ်ယန်မှ မစော်ကား ဝံ့ပေ။

သို့သော် သိုင်းခန်းမတွင် ဖြစ်ပျက်ခဲ့သော လန်းမိုထံမှ ထပ်ကြားသိ လိုက်ရသည့် အချက် အလက် များကြောင့် သူက ပြုံးကာ၊

" ဒီဓားကျွန်က စိတ်ကူးယဉ် ဆန်ပြီး အတွေးတွေ အပြည့်နဲ့၊ သူတကယ် စတုတ္ထ အထပ်ကို သွားချင် နေတာလား၊ အရမ်း နောက်ကျ သွားပြီ၊ ဒါက အစပဲ ရှိသေးတယ်၊ တစ်နေ့တော့ ခွေးတစ်ကောင်လို ငါ့ရှေ့မှာ ဒူးထောက် ခိုင်းရမယ် "

လင်းယွန်နှင့် အဖွဲ့မှာ အတွင်း မြို့တော်သို့ ညဉ့်နက် နက်တွင် မြင်းစီးကာ ခရီးထွက် ခဲ့ကြသည်။ အချိန်က တစ်စက္ကန့်ပင် တန်ဖိုးရှိ လှပေသည်။

သူတို့ ဦးတည် ရာသို့ ရောက်ရှိ ချိန်တွင်၊ နှင်းများ ထူထပ်စွာ ကျဆင်း နေကာ၊ လေထုမှာ အေးစက်နေ ခဲ့လေပြီ။

“ နှင်းတွေက အရမ်းကျလာပြီ၊ အခုချိန် နွေးနွေး ထွေးထွေး အနားယူ ရရင် အရမ်း ဇိမ် ရှိမှာ။ ”

ကောင်းကင်မှ ကျဆင်း လာသည့် ဆီးနှင်း များကို ငေးကြည့်ကာ လီဝူယု တုန်ယင် သွားသည်။

လွန်ခဲ့သည့် တစ်လက ကျဆင်းသော နှင်းများနှင့် နှိုင်းယှဉ် ကြည့်ရ ပါက ဤညသည် သာ၍ များပြား လှပေ၏။

ကူယွန်က ပြုံးလိုက်ပြီး၊

“ စိတ်မပူပါနဲ့၊ ငါက ထည်ဝါခန်းမရဲ့ ဧည့်အကြီး အကဲပဲ၊ အခု ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် တစ်ယောက် ဖြစ်လာ မှတော့ ငါရဲ့ တန်ဖိုးက ပိုမြင့် လာမှာပါ၊ မင်းရဲ့ တောင်းဆိုမှု မှန်သမျှကို ဖြည့်ဆည်း ပေးဖို့ ထည်ဝါ ခန်းမက အစွမ်းကုန် လုပ်ဆောင်ပါ လိမ့်မယ် "

'ထည်ဝါ ခန်းမ' သည် အတွင်း မြို့တော်ရှိ အကြီးဆုံး ကုန်သွယ်မှု အရောင်းဆိုင် များထဲမှ တစ်ဆိုင် ဖြစ်သည်။

နာမည် ပေးထားသည့် အတိုင်း၊ 'ထည်ဝါ ခန်းမ' မှာ ခန်းနား တောက်ပသော အသွင် အပြင်ကို ပိုင်ဆိုင် ထားလေသည်။

မှော်ဆေးလုံးများသည် အရောင်းခန်းမ များအတွက် အဓိက အရေး ကြီးသော ကုန်ပစ္စည်း များဖြစ်ပြီး၊ မှော်ဆေး ပညာရှင် များမှာ ဤသို့သော ဆိုင်များတွင် မြင့်မားသော အဆင့် အတန်းကို ခံစားနိုင် ကြလေသည်။

ဆေးခန်းမသည် ၎င်းတို့၏ မှော်ဆေး ပညာရှင် များကို ကုန်သည် များနှင့် ပတ်သက်ခြင်း မပြုရန် တားမြစ် ထားသည်။

သန့်စင်သော ဆေးလုံးများမှာ စျေးကြီး လှသည်ကြောင့် ဆေးခန်းမ တစ်ခုတည်း ပေါ်သာ အားကိုး ခြင်းဖြင့် ဂိုဏ်းကြီး ရေရှည် တည်တံ့ရန် ရည်ရွယ်၏။

သို့သော် အခြားသော ၀င်ငွေ ရင်းမြစ်များ ရှိရန် လိုအပ်သည် ဖြစ်ရာ၊ တစ်ချိန်တည်း မှာပင် မှော်ဆေး ပညာရှင်များက ၎င်းတို့၏ ကြွယ်ဝ မှုကို စုဆောင်းရန် ကြိုးစား နေကြဆဲ ဖြစ်သည်။

ဒုတိယ အချက်မှာ ဆေးခန်းမသည် ဆေးကုန်သည် ကြီးများ အသင်းများနှင့် ပူးပေါင်း ဆောင်ရွက်သော ဆက်ဆံရေး ရှိသည်။

အတိအကျ ပြောရလျှင် တပည့်များ အားလုံးသည် ဆေးလုံးများ အတွက် သူတို့၏ စွမ်းဆောင်ရည် ရမှတ် များဖြင့် တစ်ချိန်လုံး ဖလှယ်နေ ကြပါလျှင် ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်လာပေ လိမ့်မည်။

ထို့ကြောင့် အမြတ်အစွန်း ရဖို့ရန် ကုန်သည်ကြီး များကို အားကိုးကာ ဆေးလုံး များ၊ ထုတ်ရောင်း ရခြင်း ဖြစ်သည်။

ထို့ကြောင့် လင်းယွန်မှ အရင်းအမြစ် များကို တောင်းခံသော အခါတွင် ဤအကြံ အစည်ကို ကူယွန်က ချက်ခြင်း တွေးမိခဲ့သည်။

နှစ်ယောက်သား ပူးပေါင်း ဆောင်ရွက် ကြရ ပေမည်။ လင်းယွန်မှ ဝိညာဉ် ရူရ်များကို ရေးထိုးရန် တာဝန်ယူ ရမည် ဖြစ်ပြီး၊ ကူယွန်က ဆေးလုံး များကို သန့်စင် ရာ၌ အာရုံစိုက် ထားရမည် ဖြစ်သည်။

ထို့နောက် ဝိညာဉ် ကျောက်စိမ်းများ ရရှိရန် ၎င်းတို့ကို ဆေးကုန် သည်များ မှတဆင့် လေလံတင် ရောင်းချ ကြပေမည်။

လင်းယွန်၏ ဝိညာဉ် ရူရ်များကို ရေးထိုး နိုင်သော စွမ်းရည်ဖြင့်၊ ကြီးကျယ်သော ကံကြမ္မာကို သေချာပေါက် ဖန်တီး နိုင်မည် ဖြစ်သည်။

လီဝူယုက ပြုံးပြီး၊

"ဒါဆို ငါတို့က ဆရာကြီး ကူယွန်ကို အားကိုးရလိမ့်မယ်၊ သုံးရက်လုံးလုံး မြင်းပေါ်မှာ အချိန်ကုန် ခဲ့ရပြီ၊ တင်ပါးတွေတောင် နာကျင် လာတယ်၊ ထည်ဝါခန်းမ ကတော့ မြို့တော်ရဲ့ ထိပ်တန်း ကုန်သွယ်ရေး ခန်းမပါပဲ။ ”

“ ဂိုဏ်းကြီး တွေနဲ့ မယှဉ်နိုင် ပေမယ့်၊ သူတို့က ထိပ်တန်း ကုန်သည်တွေ ဖြစ်နေတုန်း ပဲလေ။ ”

-ဟု ကူယွန်က မထူးခြား ဟန်ဖြင့် ပြောကြား ခဲ့သည်။

သာမာန် ကုန်သည် များက သူ့အာရုံကို ဖမ်းစား နိုင်ခြင်း မရှိသောကြောင့် အနည်းငယ် မောက်မာ နေမှန်း သိသာ ပေသည်။

နာရီဝက် အကြာတွင် 'ထည်ဝါခန်းမ' ဟု ရေးထိုး ထားသော ခမ်းနား ထည်ဝါသည့် အဆောက် အဦးကြီး တစ်ခုရှေ့ ရောက်ရှိ လာခဲ့သည်။

တံခါးဝ ရောက်သည်နှင့် ကူယွန်က ဓားနန်းတော် တံဆိပ်ပြားကို စိတ်ချ လက်ချ ထုတ်ယူ ကမ်းပေး လိုက်သည်။

“ ခန်းမသခင် မိုကို လာတွေ့ဖို့ ပြောလိုက်ပါ၊ မိတ်ဆွေဟောင်း တစ်ယောက် အလည် လာတယ် ဆိုတာ ကိုလည်း သိအောင် ပြောပြ လိုက်ပါ။"

ကူယွန်၏ အလွန်ဂုဏ်ယူ ဝံ့ကြွားသော အမူ အရာကြောင့် အစောင့်က လျစ်လျူ မရှု ဝံ့တော့ပဲ၊ တံဆိပ်ပြား နှင့်အတူ လျင်မြန်စွာ ဝင်ရောက် သွားတော့၏။

ခဏ အကြာတွင် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက ပြုံးလျက် ထွက်လာပြီး၊

“ ဒါဆို ဆရာကြီး ကူယွန်၊ ကြိုဆို ပါတယ် ကြိုဆို ပါတယ်။ ”

ဆရာကြီး ကူယွန်က ခေါင်းညိတ်ပြီး ဝင်ရန် ခြေလှမ်း ပြင်လိုက် ချိန်တွင်၊ နက်နဲ ဆဋ္ဌမ အဆင့် အစောင့် နှစ်ယောက်က သူတို့ သုံးယောက်ကို ဟန့်တားလာ ခဲ့လေသည်။

လင်းယွန်နှင့် လီဝူယုတို့ နှစ်ယောက်လုံး အံ့သြ သွားကြ သော်လည်း၊ ကူယွန်၏ မျက်နှာမှာ မည်းမှောင် သွားတော့၏။

" ခန်းမသခင်မို၊ ဒါက ဘာအဓိပ္ပာယ်လဲ"

ဟု မေးမြန်း လိုက်လေသည်။ သူ့ရင်ထဲရှိ ဒေါသ များကို မြိုသိပ် လိုက်ပြီး၊

“ ငါလို ဂုဏ်သိက္ခာ ရှိတဲ့ ကြယ်နှစ်ပွင့် ပညာရှင်က မင်းရဲ့ ထည်ဝါခန်းမ ထဲကို ဝင်လို့ မရ ဖူးလား။ ”

ခန်းမ သခင်မိုက ပြုံးပြ လိုက်ပြီး၊

“ ဆရာကြီး ကူယွန်၊ ငါ တကယ် စိတ်မကောင်း ပါဘူး၊ ဒါပေမယ့် ထည်ဝါ ခန်းမက ဒီကာလ အတွင်း ဆေးလုံးတွေ အများကြီး စုဆောင်း ထားပြီး ပါပြီ၊ ... ”

“ ... ဒါကြောင့် လောလော ဆယ်မှာ အခြေချ မှော်ဆေး ပညာရှင် မလိုအပ် သေးပါဘူး၊ ဟုတ်ပါတယ် ... ဧည့်အကြီး အကဲ တစ်ယောက် အနေနဲ့၊ မင်းရှာ ပေးခဲ့တဲ့ ဝင်ငွေကို ငါတို့ မေ့မှာ မဟုတ် ပါဘူး။ ”

ခန်းမ သခင်မို၏ ဆက်ဆံ ရေးကြောင့် လင်းယွန်၏ စိတ်ပျက် ခြင်းမှာ မထိန်း နိုင်ခဲ့ သော်လည်း ရှုပ်ထွေးအောင် မလုပ်ချင် တော့သည် ဖြစ်ရာ၊

“ ဆရာကြီး တခြား တစ်နေရာသွား ကြရအောင်၊ ငါတို့ အနား မယူ ရတာ သုံးရက် ရှိပြီ။ ”

“ ကောင်းလိုက်တာ ဒီက မိတ်ဆွေလေး ပြောတာက အဓိပ္ပယ် ရှိတယ်။"

ခန်းမသခင်မိုက နှိမ့်ချစွာ ပြုံးလိုက်သည်။

ကူယွန်၏ ရင်ဘတ် ထဲတွင် မီးတောင် တစ်လုံး ပေါက်ကွဲ လာသည်။ ခန်းမသခင် မိုသည် ယဉ်ကျေးစွာ ပြုံးပြ နေသော်လည်း မကောင်းသော ရည်ရွယ်ချက်များ ရှိနေမည်မှာ ထင်ရှား လေသည်။

ဆေးလုံးများ မလို အပ်ခဲ့ လျှင်ပင် တစ်ညတာ အနားယူရန် အဘယ့်ကြောင့် ငြင်းဆန် နေရ သနည်း။ ၎င်းသည် တမင် အရှက်ရ စေသော လုပ်ရပ် တစ်ခု ဖြစ်သည်။

သို့သော် ယဉ်ကျေး သိမ်မွေ့ ပြနေသော ခန်းမသခင်မိုကို ဒေါသ ထွက်အောင် မည်သို့ လုပ်ရမည်ကို မသိခဲ့ပေ။

"သွားကြရအောင် "

ကူယွန်က အံကြိတ်လျက် လှည့်ထွက် လာစဉ် နှင်းတော ထဲမှ နှင်းနဂါး မြင်းကို စီးနင်း လာသော လူရိပ် နှစ်ရိပ် လျင်မြန်စွာ ဝင်ရောက် လာသည်ကို တွေ့မြင် လိုက်ရသည်။

ထိုလူရိပ် နှစ်ရိပ် အတွင်းရှိ တစ်စုံ တစ်ယောက်ကို တွေ့မြင် လိုက်ရ သည်နှင့်၊ လင်းယွန်က အံ့အားသင့် သွားတော့၏။

'' လျူယွီ ''

လင်းယွန်က မိန်းမပျိုကို မှတ်မိလိုက် သကဲ့သို့၊ ကူယွန် သည်လည်း ကျန်သည့် တစ်ယောက်ကို မှတ်မိသွား၏။

" ဆရာ ဖူဂျောင်း "

ဖူဂျောင်းသည် အတွေ့ အကြုံ ရင့်ကျက်သော ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် တစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကပင်၊ ကူယွန်ထက် စောလျင်စွာ ကြယ်နှစ်ပွင့် အဆင့် ဝိညာဉ် ရူရ်များကို ရေးထိုး နိုင်ခဲ့ သူ ဖြစ်သည်။

တစ်ဖက် တွင်မူ ကူယွန်သည် ကြယ်နှစ်ပွင့်မှ ပညာရှင် အဖြစ်သို့ ရာထူးတိုး ခံရ သော်လည်း၊ မည်သည့် ဝိညာဉ် ရူရ် ကိုမျှ မရေးထိုး နိုင် သေးပေ။

ထို့ကြောင့် သူ၏ ဂုဏ်သတင်းမှာ၊ ဖူဂျောင်းနှင့် ယှဉ်နိုင်မည့် နည်းလမ်း မရှိနိုင်။ ဖူဂျောင်းက နှင်းနဂါးမြင်း ပေါ်မှ မဆင်း ခဲ့ပဲ၊

'' ကူယွန်၊ မင်းရာထူး တိုးသွားပြီ မဟုတ်လား၊ အခုချိန် ဝိညာဉ် ရူရ် တွေကို ပြီးပြည့် စုံအောင် ရေးထိုး နိုင်အောင် လေ့ကျင့် နေရမှာ၊ ဘာလို့ ဒီနား ရောက်နေ ရတာလဲ။

ကူယွန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ ပျက်ယွင်းသော မျက်နှာဖြင့် ခေါင်းကို ငုံ့ကာ၊

" ဟုတ်ပါတယ်၊ မင်းပြောတာ မှန်တယ် "

“ ဒါဆို သွားတော့၊ ငါ့လမ်းမှာ မတွေ့စေနဲ့။ ”

" ဆရာကြီး ဘေးကင်းစွာ ခရီးသွားပါ "

သူတို့ သုံးယောက် ထွက်ခွာ လိုက်သည်နှင့်၊ လျူယွီ၏ မျက်လုံး များတွင် လှောင်ပြောင် သရော် မှုကို မြင်လိုက် ရ သော်လည်း၊ သုံးယောက်သား ပင်ပန်းလာ ကြသည့် အရှိန်ကြောင့်၊ စကား မပြောချင် တော့ချေ။

" အကိုကြီး၊ ဟိုမှာ ကြည့်စမ်း "

လီဝူယုက ရုတ်တရက် ရပ်လိုက်ပြီး မဝေးသော အရပ် ဆီမှ ထည်ဝါ ခန်းမကို ပြန်လည် ညွှန်ပြ လိုက်သည်။

သူတို့ကို နှင်ထုတ်လိုက်သော ခန်းမ သခင်မိုက ဖူဂျောင်းနှင့် လျူယွီ တို့ကို လက်ခံ စကား ပြော နေစဉ် ဦးညွှတ် ရိုကျိုး နေခဲ့ လေပြီ။ သူတို့ စကား သံများ ကိုပင် ယောင်ဝါးဝါး ကြားနေ ရ၏။

“ မြန်မြန်၊ ဆရာကြီး ဖူဂျောင်းရဲ့ ဆိုင်းဘုတ်ကို ချက်ခြင်း ချိတ်ဆွဲ လိုက်ပါ၊ နောက်လ ကုန်တဲ့ အထိ ထည်ဝါခန်းမမှာ ရှိမဲ့ အကြောင်း၊ တစ်မြို့ လုံးကို အသိ ပေးပါ၊ ဒါက ကြယ်နှစ်ပွင့် ပညာရှင် အစစ် အမှန်ပဲ "

ကူယွန်၏ လက်များ တုန်ခါ သွားပြီး မြင်းဇက်ကြိုးကို လွှတ်ချ လိုက်၏။ နှင်းများ ဖုံးလွှမ်း နေသော လမ်းမ ပေါ်တွင် တုန့်ခနဲ့ ရပ်လိုက် မိကာ၊ သူ့မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားတော့သည်။

***

All Chapters