မင်းဘာလို့ မသေ သေးတာလဲ။
Vol. 16 Ch. 218
လီဝူယုက အတွင်း မြို့တော်သည် မြောက်ပိုင်း ကန္တာရထက် ပိုအေးလာ သည်ဟု ပြောသော အခါတွင် လင်းယွန်မှာ ဆိုလို သည်ကို နားမလည် ခဲ့ပေ။
ယခုအချိန်တွင် ထိုစကား များ၏ အဓိပ္ပါယ်ကိုနားလည် မိသွား လေသည်။ နှင်းများက အေးစက်နေခြင်း မဟုတ် ခဲ့ဘဲ၊ လူတွေ၏ နှလုံးသား များမှာ အေးစက်လာ ခဲ့ခြင်း ဖြစ်သည်။
သူတို့သုံးယောက်သား အေးခဲနေသော နှင်းတောထဲတွင် ဒေါသစိတ်ဖြင့် အချိန် ကြာမြင့်စွာ ရပ်နေခဲ့ ကြ၏။
မကြာသေးမီက၊ ခန်းမသခင်မိုသည် ဆေးလုံးများ များလွန်းသဖြင့် အခြေချရန် မည်သည့် မှော်ဆေး ပညာရှင်မှ မလို အပ်ကြောင်း ပြောကြားခဲ့သည်။
ယခုမူ လျူယွီနှင့် ဖူဂျောင်းကို တလေးတစား ဖိတ်ခေါ်နေ၏။ ပိုဆိုး စေသည်မှာ ဖူဂျောင်း၏ အမည် ဆိုင်းဘုတ်ကိုပင် တစ်မြို့လုံး အသိပေး ဖို့ရန် အမိန့်ပေး နေခဲ့ လေပြီ။
ကူယွန်၏ ရင်ဘတ်ထဲတွင် ကြေကွဲ ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး အသက်ရှူ ရပ်လု မတပ်ပင်။ ရှုံ့မဲ့နေသော မျက်နှာမှာ ဖြူဖျော့ လာပြီး နှုတ်ခမ်းများ တုန်ယင်သွား၏။
"မဟုတ်သေးဘူး၊ ငါ သူ့ကို ရှင်းအောင် လုပ်ရမယ် "
နောက်ဆုံးတွင် ကူယွန်က သည်းမခံ နိုင်တော့ပဲ ပြန်လှည့် ပြေးသွားခဲ့သည်။
"ဆရာ ကြီး ....."
လင်းယွန်နှင့် လီဝူယုတို့က ဟန့်တား လိုက်သော်လည်း ကူယွန်မှာ ရပ်တန့် သွားမည့် အရိပ်အယောင် မပြသ ခဲ့ပေ။
နှစ်ယောက်သား ရွေ့လျားမှု နည်းစနစ် များကို ထုတ်ဖော် လိုက်ကာ၊
"မြန်မြန်၊ သူ့ကိုတား ... "
ထည်ဝါခန်းမ ရှေ့တွင်၊ ခန်းမသခင်မိုက ဖူဂျောင်းနှင့် လျူယွီကို ကြိုဆိုရာ၌ ခေါင်းငုံ့ ထား၏။
" ခန်းမ သခင်မို "
ရုတ်တရက် ဒေါသတကြီး အော်ဟစ် လိုက်သော အသံ တစ်သံ ထွက်ပေါ် လာသည်ကြောင့်၊ ခန်းမသခင် မိုက လှည့်ကြည့် လိုက်ရာ၊ ကူယွန်က နှင်းတောထဲတွင် ဖျော့တော့သော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့လိုက် ရသည်။
ကူယွန်ကို မြင်လိုက် ရသော အခါတွင် ခန်းမသခင်မို၏ မျက်နှာပေါ်၌ ရှက်ရွံ့မှု အရိပ် အယောင်များ ထွက်ပေါ် လာသည်။
ဖူဂျောင်က မျက်မှောင်ကြုတ် လိုက်ပြီး၊ ကူယွန်ကို လှည့်ကြည့် လိုက်၏။
" ထည်ဝါခန်းမမှာ၊ ဆေးလုံးတွေ အရမ်းများနေလို့၊ ဆေးဆရာ ငှားဖို့ မလိုဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား "
ကူယွန်က ရှင်းရှင်းလင်းလင်း သိချင် လာသည်ကြောင့် အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။
သူက ထည်ဝါခန်းမ၏ ဧည့်အကြီးအကဲ ဖြစ်သည်။ ကြယ်နှစ်ပွင့် ပညာရှင် ဖြစ်သော သူ့ အဆင့်အတန်းမှာ အတု အယောင် ဖြစ်သော် လည်း၊ သူနှင့် ထည်ဝါခန်းမသည် နှစ်အတော် ကြာပင် ပူးပေါင်း ဆောင်ရွက်ခဲ့ ဖူးပေသည်။
ထို့ကြောင့် ခန်းမသခင် မိုသည် ဤသို့သော သူ့အား အရှက်ရစေမည့် လုပ်ရပ်ကို အဘယ်ကြောင့် လုပ်ဆောင်ခဲ့ သည်ကို သိလို ခဲ့သည်။
သူ၏ လိမ်ညာမှုများ အတွက် ထုတ်ဖော် မေးမြန်း ခံရသော အခါတွင် ခန်းမသခင်မိုက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊
" ဆရာကြီး ကူယွန်၊ ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့၊ ဒီက ဆရာကြီး ဖူဂျောင်ရဲ့ ဂုဏ်သတင်းအရ ငါကိုယ်တိုင် ဖိတ်ခေါ် ခဲ့တာပါ၊ မင်းအတွေး မလွန်ပါနဲ့ ...”
" မင်းငါ့ကို လိမ်ဖို့ ကြိုးစား နေတာပဲ၊ မင်း ပြောနေတာ ငါကြားတယ် "
" မင်း ဘာကြားခဲ့လဲ"
ဖူဂျောင်းက အလိုမကျ ဟန်ဖြင့် ဝင်ရောက် မေးမြန်း လိုက်သည်။
" ကူယွန်၊ မင်းက ကျွမ်းကျင်မှု မရသေးဖူး ဆိုတော့ ပြန်သွား လေ့ကျင့်ပါ၊ ဆေးခန်းမကို အရှက် မရ ပါစေနဲ့၊ မင်းက ဘာကြားချင် တာလဲ၊ ခန်းမ သခင်မိုက ကြယ်နှစ်ပွင့် ဝိညာဉ် ရူရ် တစ်ခုတောင် ရေးမထိုး နိုင်သေးတဲ့ အမှိုက် တစ်စလို့၊ မင်းကို ပြောစေ့ ချင်တာလား"
“မင်း…မင်း… ”
ကူယွန် စိတ်ထဲတွင် တုန်လှုပ်သွား၏။ ဖူဂျောင်း၏ နှိမ်ချလာသော စကားများကြောင့် ချောက်ထဲ ပြုတ်ကျသွား သကဲ့သို့ အေးခနဲ ခံစားလိုက်ရ လေသည်။ သူ ရှက်လွန်း သဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။
" မင်းကိုယ်မင်း ဂရုစိုက်ပါ၊ ငါက မင်းရဲ့ စီနီယာပဲ၊ မင်းက ငါနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး၊ တိမ်လျှပ်စီး မှော်ဆေးလုံးကို ကံကောင်းပြီး သန့်စင်နိုင်ခဲ့တာ မဟုတ်လား၊ ငါမင်းကို အခုချက်ချင်း ဆေးခန်းမကို ပြန်ဖို့ ယဉ်ကျေးစွာ ပြောနေတာပါ၊ ဒါမှ မဟုတ်ရင် မင်းကို 'ထွက်သွားစမ်း'လို့ မောင်းထုတ် စေချင် တာလား၊ ''
ဖူဂျောင်းက ယခုအချိန်တွင် အမှန်တကယ် ဒေါသ ထွက်နေ ပေသည်။ သူ၏ အမြင်အရ ကူယွန်သည် ခန်းမသခင်မို အတွက် ယုတ္တိမရှ ိလောက်အောင် ခက်ခဲသော အရာ များကို ရိုးရှင်းစွာ ပြုလုပ် နေခြင်း ဖြစ်သည်။
“ ဆရာ၊ မင်း စိတ်ဆိုး နေဖို့ မလိုပါဘူး၊ တစ်ချို့ လူတွေက ခေါင်းမာပြီး တပည့် တစ်ယောက်လို ဆူပူ ကြိမ်းမောင်းတာ ခံချင် ကြတယ်၊ သူတို့က အရှက်ရတာကို သဘောကျ ကြတယ်လေ ”
ဟု လျူယွီက ဝင်ရောက် လှောင်ပြောင် လိုက်သည်။
" ခွေးမလေး၊ မင်းဘယ်သူ့ အကြောင်း ပြောနေတာလဲ"
လင်းယွန်က အလျင်အမြန် ရောက်ရှိ လာပြီး၊ ပြန်၍ ကြိမ်းမောင်း လိုက်သည်။ လျူယွီက သူ့မျက်ခုံးကို ပင့်တင်လိုက်ကာ၊
" ငါ မင်းအကြောင်း ပြောနေတာ၊ မင်းနဲ့ မင်းရဲ့ ဆရာက ဒီလိုပဲ ဆက်ဆံတာကို လိုချင်တာ မဟုတ်ဘူးလား၊ မင်းရဲ့ ဆရာက အရှက်ခွဲ ခံရတာကို နှစ်သက်ပြီး၊ မင်းကတော့ ယီလျူယွင်ရဲ့ စိန်ခေါ်မှုကို လက်ခံခဲ့တယ်၊ အခုကစ တစ်လ အကြာမှာ မင်းဘယ်လို သေမလဲဆိုတာ ငါကြည့်မယ်။ ”
"ငါ့ အစ်ကိုကြီး ပြောတာ မှန်ပါတယ်၊ မင်းက တကယ် ခွေးမ တစ်ကောင်ပဲ အချိန်မရွေး၊ နေရာ မရွေး ကိုက်ချင် နေတယ် "
လီဝူယုက ပြုံးပြီး ဝင်ရောက် ပြောဆို လိုက်သည်။
“ မင်းမှာ သတ္တိရှိရင် ထပ်ပြော ကြည့်စမ်း၊ ဒါက မြို့တော်ပဲ မင်းကို ကြောက်စရာ ကောင်းတဲ့ သေခြင်း တရားကို ပြသနိုင်တဲ့ နည်းလမ်းပေါင်း ရာနဲ့ချီပြီး ရှိတယ် ”
လျူယွီ၏ မျက်နှာမှာ မည်းမှောင်သွား၏။
လီဝူယုကို ဆက်မ ပြောဖို့ရန် လင်းယွန်က အမူ အယာဖြင့် ဟန့်တား လိုက်ပြီး၊
" မင်း ငါ့အတွက် စိတ်ပူစရာ မလိုဘူး၊ ရလဒ်ကို မင်း သိရမှာပါ၊ မင်းကို သတိပေး စရာ တစ်ခု ရှိတယ်၊ ငါ့ရဲ့ ဓားကလည်း နေရာ မရွေးဘူး၊ ဆရာကြီး ငါတို့ သွားရအောင်။ "
“ ခန်းမသခင်မို၊ ငါက အမှိုက် တစ်စလို့ မင်းတကယ် ထင်နေတာလား”
ဟု ကူယွန်က စိတ်ဓာတ်ကျစွာ မေးလိုက်သည်။ ယခုအချိန်၌ ခန်းမသခင်မိုမှာ ဟန်ဆောင် ခြင်းဖြင့် ဆက်လက် လုပ်ဆောင်ရန် စိတ်မ၀င် စားနိုင် တော့ပေ။ လစ်လျူရှု လိုက်သော အမူ အရာဖြင့်၊
" မင်းက အမှိုက်တစ်စ မဟုတ်ပါဘူး ငါ ရိုးသား ပါ့မယ်၊ ထည်ဝါခန်းမမှာ ဆေးလုံးတွေ အမြောက် အမြား စုဆောင်း ထားမိတယ် ဆိုတာ ငါ မလိမ်ပါဘူး၊ ဒါပေမယ့် အဲဒါတွေကို ရောင်းထုတ်ဖို့ အတွက်ကတော့ ဆရာကြီး ဖူဂျောင်းရဲ့ ဂုဏ်သတင်းကို လိုအပ်ပါတယ်၊ ဒီတော့ ရိုးရိုးသားသား မေးပါရစေ၊ မင်းရဲ့ ဂုဏ်သတင်းက ပိုက်ဆံနဲ့ ယှဉ်ရင် အရေးပါ မယ်လို့ ထင်လား"
ထိုစကားများကြောင့် ကူယွန်က အံကြိတ် လိုက်ကာ၊ ကျောက်စိမ်း တံဆိပ် တစ်ခုကို ထုတ်ယူ လွှင့်ပစ် လိုက်သည်။
" ဒါဆို ထည်ဝါခန်းမရဲ့ ဧည့်အကြီးအကဲ ရာထူး ကနေ နှုတ်ထွက်တယ် "
ခန်းမသခင်မိုက ခေတ္တမျှ အံ့အားသင့် သွားကာ၊
“ ဒါဆိုလည်း အဆင်ပြေ ပါစေ၊ ငါတို့ရဲ့ ဘဏ္ဍာရေး အရင်းအမြစ်များက ကြယ်နှစ်ပွင့် ပညာရှင် နှစ်ဦး အတွက် မလုံလောက် ပါဘူး၊ "
သူက အေးစက်သော မျက်နှာဖြင့် ကူယွန် လွှင့်ပြစ်လိုက်သော ကျောက်စိမ်း တံဆိပ်ကို ကောက်ယူ လိုက်သည်။ ထို့နောက် ဖူဂျောင်း ဘက် လှည့်ကြည့်ကာ၊
“ ဆရာကြီး ဖူဂျောင်းနဲ့ မိန်းကလေး လျူယွီ အမှိုက်တွေကြောင့် အနှောက်အယှက် ဖြစ်မိပြီ၊ ကျေးဇူးပြုပြီး အထဲကို ကြွပါ "
ဖူဂျောင်နှင့် လျူယွီက မောက်မာစွာဖြင့် ကူယွန်တို့ကို လျစ်လျူရှုကာ၊ ထည်ဝါခန်းမ ထဲသို့ ဝင်ရောက် သွားကြသည်။
သူတို့ ဝင်သွား သည်နှင့် ၊ တံခါးစောင့် နှစ်ယောက်က ရှေ့သို့ လှမ်းလာ လိုက်ပြီး၊
“ ထွက်သွားစမ်း ငါတို့ လုပ်ငန်းကို ထိခိုက်စေမဲ့ အပြုအမူမျိုး ထည်ဝါခန်းမ အနီးမှာ မပြုမူပါနဲ့ ”
“ဘယ်လောက်တောင် ခွေးတွေက နာခံ တတ်လိုက်လဲ”
လီဝူယုက အေးစက်စွာ ကျိန်ဆဲလိုက်သည်။
" မင်း သေချင်နေတာပဲ "
အစောင့်တစ်ယောက်က သူ့လက်ကို ဆန့်ထုတ် လာသည်ကြောင့် လင်းယွန်က အေးစက်စွာ စိုက်ကြည့်လိုက်ပြီး၊
“ စိတ်ဝင်စား စရာပဲ၊ ထည်ဝါခန်းမက ဓားနန်းတော်ရဲ့ တပည့်နှစ်ယောက်ကို ထိဖို့ ကြိုးစား နေတာလား။ ''
အစောင့် နှစ်ယောက်၏ မျက်လုံးများ ထဲတွင် ကြောက်ရွံ့မှု အရိပ် အယောင် များဖြင့် ပြည့်နှက် သွားသည်။
ကောင်းကင်ဘုံ ဓားနန်းတော်၏ ဂုဏ် သတင်းမှာ မြို့တော်တွင် ထင်ရှား လှပေသည်။
ထည်ဝါခန်းမသည် ကုန်သွယ်ရေး ခန်းမ တစ်ခုသာ ဖြစ်ပြီး မဟာ ချင် အင်ပါယာ၏ ဂိုဏ်းကြီး လေးဂိုဏ်းနှင့် ယှဉ်ပြိုင် နိုင်စွမ်း မရှိပေ။
“ ဓားနန်းတော်က တကယ်ကို အစွမ်းထက် ပါတယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ လုပ်ငန်းကို မနှောက်ယှက် ပါနဲ့၊ "
လင်းယွန်၏ ခြိမ်းခြောက် ပြောဆို လာသည်ကို ကြားပြီးနောက် အစောင့် နှစ်ယောက်မှာ ပို၍ ယဉ်ကျေး လာတော့၏။
" ဘယ်သူက ဒီလို ပျက်စီးနေတဲ့ နေရာမှာ နေချင်မှာလဲ"
လီဝူယုက အစောင့်နှစ်ယောက် ပြုမူပုံကြောင့် စိတ်မသက်မသာ ဖြစ်နေသည်။ သူက လှည့်ထွက် လာခဲ့ပြီး၊ လင်းယွန်နှင့် ကူယွန် နောက်မှ လိုက်သွားခဲ့သည်။
ခရီးတစ်လျှောက်လုံး သုံးယောက်သား စကား မပြော နိုင်ကြပေ။ ကူယွန်က စိတ်ဓာတ်ကျ နေပုံရပြီး အလောင်းကောင် တစ်ကောင် ကဲ့သို့ ပြုမူနေ ခဲ့သည်။
မနေ့ညက အဖြစ်အပျက်များသည် သူ့ကို ပြင်းပြင်း ထန်ထန် ထိခိုက် သွားစေ ခဲ့၏။
“ အကိုကြီး၊ ငါ ဒါကို ခွင့်မလွှတ်နိုင်ဘူး၊ အဲဒါနဲ့ ပတ်သက်ပြီး ငါတို့ ဘာမှ မလုပ်နိုင်တော့ဖူးလား .... ဒီကောင်တွေ အရမ်းလွန်တယ် ”
လီဝူယုက ကျိန်ဆဲလိုက်သည်။
'' ငါမှာ နည်းလမ်းရှိပါတယ်၊ ဒါပေမယ့် စီနီယာ ကူယွန်ကို ကြည့်ပါဦး၊ သူ့ပုံစံနဲ့ ဆိုရင် ငါတို့မှာ အစီအစဉ် ရှိရင်တောင် ဘာမှ လုပ်လို့ မရဘူး”
လင်းယွန်က ကူယွန်ကို မေးဆတ်ပြကာ ပြန်ဖြေလိုက်၏။
“ ငါက အမှိုက်တစ်စပဲ မဟုတ်လား၊ မင်းရဲ့ အစီ အစဉ်မှာ အမှိုက် တစ်စက အသုံးဝင် ပါဦး မလား …”
ကူယွန်က သူ့ကိုယ်သူ ရယ်မော လှောင်ပြောင် လိုက်သည်။
" ဒါ အမှန်ပဲ၊ မင်းက ဘာလို့ မင်းကိုမင်း သတ် မသေ ရသေး တာလဲ "
အရွဲ့တိုက် ဟန်ဖြင့် လင်းယွန်က အကြံပေး လိုက်သည်။
ရုတ်တရက် လင်းယွန်ထံမှ သတ်သေ ခိုင်းလာသည့် စကားများကြောင့် ကူယွန်က အံ့ဩ သွားသည်။
ထိုစကားများကို သူ့အား ပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချက်ချင်းပင် ဒေါသကို မြိုချ လိုက်ပြီး၊
“ မင်းကတောင် ငါ့ကို ငုံ့ကြည့် နေတာလား၊ ဒါဆိုလည်း ငါထွက်သွား ပါ့မယ်..."
" တကယ့် အမှိုက်ပဲ "
လင်းယွန်၏ မျက်လုံး များတွင် ဒေါသ အရိပ် အယောင်များ တောက်ပ လာကာ၊ အေးစက်သော လေသံဖြင့် ဆက်ပြော လိုက်သည်။
“ နည်းနည်းလောက် နာကျင် စရာ လေးကိုတောင် မင်း မခံ နိုင်ဘူး ဆိုတော့ မင်းသေ တာက ပိုကောင်းမယ် မဟုတ်လား၊ မင်းအဖေက မင်းကို အမှိုက် တစ်စ အဖြစ် သေစေချင် ခဲ့တာလား၊ ဆေးခန်းမ ထဲမှာ အရင်က ပြသ ခဲ့တဲ့ မင်းရဲ့ ရဲဝင့် မှုတွေ ဘယ်ရောက် သွားလဲ။ ''
ထိုစကားကြောင့် ကူယွန်၏ နီရဲ နေသော မျက်နှာမှာ ဖွေးဖြူသွား ခဲ့သော်လည်း၊ ပြန်လည် ချေပရန် သူ၌ စကား လုံးများ မရှိခဲ့ပေ။
ဤအခိုက်တွင် လီဝူယုက သက်ပြင်း ချကာ၊
“ ဆရာကြီး၊ အစ်ကို ကြီးနဲ့ ငြင်းခုံဖို့ မကြိုး စားနဲ့၊ မင်းရဲ့ နာကျင်မှုက အကိုကြီးနဲ့ ယှဉ်ရင် ဘာမှ မပြောပ လောက်ဘူး၊ တောထဲမှာ ငါတို့ ဘယ်လို ဖြတ်သန်း ခဲ့ ရလဲ မင်း မသိ ပါဘူး၊ ဝမ်နင်ကို သတ်ဖို့ ဓားသင်္ချိုင်း တောအုပ်ထဲ ကနေ အသက် ရှင်အောင် ရုန်းကန် ခဲ့ရတယ် ”
ကူယွန်က လီဝူယု စကားကြောင့် လင်းယွန်ကို ကြည့်ကာ ငြိမ်သက် သွားသည်။ ခဏ အကြာ၌၊
"မင်းမှာ ဖူဂျောင်းကို တုန့်ပြန်ဖို့ နည်းလမ်း တကယ် ရှိလား၊ သူက စီနီယာ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်ပဲ၊ သူ့ဂုဏ် သတင်းက ဆေးခန်းမ ကနေ မြို့တော် အထိတောင် လွှမ်းမိုး နိုင်တယ်…”
" ငါဘာလို့ လိမ်ရမှာလဲ၊ မင်းသာ ခေါင်းမထောင်ဘဲ ကြက်နာကြီး တစ်ကောင်လို လည်လိမ် နေတာ ''
ရုတ်တရက် ကူယွန်က ခေါင်းမော့ လာပြီး၊ “ ရတနာ ခန်းမ ” ဟု အော်ဟစ် လိုက်သည်။
ထည်ဝါခန်းမနှင့် ရတနာခန်းမ တို့သည် အဆုံး နှစ်ဘက်တွင် တည်ရှိနေသော ကုန်သည် ကြီးများ ဖြစ်ပေသည်။
'' ထည်ဝါ ခန်းမကို ကိုင်တွယ်ဖို့ မင်းက ငါ့ကို ရတနာ ခန်းမမှာ ဧည့် အကြီးအကဲ လုပ်ခိုင်း နေတာ မဟုတ်ဘူး၊ ဟုတ်တယ် မလား "
" ဘာလို့ မလုပ်ရတာလဲ... ကိုယ့်ကိုယ်ကို အမှိုက် တစ်စလို့ တကယ် ထင်နေသလား၊ ဘာပဲဖြစ်ဖြစ် မင်းက တကယ့် ကြယ်တစ်ပွင့် မှော်ဆေး ပညာရှင် တစ်ယောက် ဖြစ်နေတုန်းပဲ၊ ဧည့် အကြီးအကဲ အဖြစ် တောင်းဆိုတဲ့ မင်းကို နှင်ထုတ် မယ်လို့ ထင်နေ တာလား။ ''
လင်းယွန်က ပြန်ပြောပြီး ရတနာခန်းမ ဆီသို့ ဦးတည် သွားလိုက်သည်။ ခဏအကြာတွင်၊
" ငါ့ဆရာက ဓားနန်းတော်ရဲ့ မှော်ဆေး ပညာရှင် ကူယွန်ပါ၊ ရတနာ ခန်းမမှာ ဧည့် အကြီးအကဲ အဖြစ် ရာထူး တစ်ခု တောင်းဆို ချင်ပါတယ် "
" ဆရာကြီး ကူယွန်လား၊ ဘယ်မှာလဲ "
လင်းယွန်ကို အနည်းငယ် သံသယ ဖြစ်ဟန်ဖြင့် အစောင့်က ပြန်ကြည့် လာသည်။ ဓားနန်းတော်မှ မှော်ဆေး ပညာရှင် တစ်ယောက် အနေဖြင့်၊ ဧည့် အကြီးအကဲ ရာထူး အတွက် ယနေ့ ခေတ်တွင် တံခါးလာ ခေါက်မည် မဟုတ်ပေ။
“ မင်း သူ့ဂုဏ်သတင်း မကြားမိလည်း ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် ဓားနန်းတော်ရဲ့ တံဆိပ်ပြား ကိုတော့ မြင်ဖူးတယ် မဟုတ်လား"
လင်းယွန်က ပြုံးပြီး ကူယွန်ကို လှည့်ကြည့် လိုက်သည်။ ကူယွန်က ယခုအချိန်တွင် နောက်ဆုတ်၍ မရ နိုင်ကြောင်း သူ သိသည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးလာပြီ၊ သူ့ ဓားနန်းတော် တံဆိပ်ပြားကို ပေးအပ် လိုက်၏။
ဆေးခန်းမမှ ဖန်တီးထားသော တံဆိပ်ပြား တစ်ခုကို အတုလုပ်ရန် နည်းလမ်းမရှိ သကဲ့သို့၊ မည်သူ တစ်ဦး တစ်ယောက်မှ ရဲ့ဝံ့ခြင်း မရှိ နိုင်ပေ။
ဓားနန်းတော်၏ နာမည် ဂုဏ် သတင်းကြောင့် အစောင့် သိုင်းသမားက သင်္ကေတကို မြင်သည်နှင့် ချက်ချင်းပင် အပြုံးများ ဝေဆာလာ တော့သည်။
" ဒါဆို ဆရာကြီး ကူယွန်ပဲပေါ့၊ ကျေးဇူး ပြုပြီး ကြွပါ ”
အရာအားလုံးသည် လင်းယွန် မျှော်လင့် ထားသည့် အတိုင်း ဖြစ်လာ ခဲ့၏။ ကူယွန်က သူ့အဆင့် အတန်းကို နှိမ့်ချကာ မေးမြန်း လိုစိတ် ရှိသရွေ့၊ အရာအားလုံး ချောမွေ့သွား ပေလိမ့်မည်။
ရတနာခန်းမ အတွင်း ခဏစောင့်ဆိုင်း နေစဉ် စိတ်ရှုပ် နေဟန်ဖြင့် ကူယွန်က၊
" လင်းယွန်၊ မင်းဘာတွေ စီစဉ်နေတာလဲ"
“ စီနီယာ၊ ထည်ဝါခန်းမမှာ စုဆောင်း ထားတယ် ဆိုတဲ့ ဆေးလုံး တွေကို မင်းသိလား”
လင်းယွန်က ပြန်ဖြေမည့် အစား မေးမြန်း လိုက်သည်။
“ ဒါက ခန့်မှန်းရ လွယ်ပါတယ်၊ သူတို့ စုဆောင်း ထားတဲ့ ဆေးလုံး တွေက အဖိုး တန်တဲ့ ဆေးလုံး တွေတော့ မဟုတ် နိုင်ဘူး၊ အသုံး များတဲ့ ဆေးလုံး လောက်သာ စုဆောင်း ထားလိမ့်မယ်”
ဟု ပြန်လည် ဖြေကြား ပေးခဲ့သည်။
" အဲဒါ တွေက ဘာတွေ ဖြစ်နိုင်လဲ "
လီဝူယုက ဆေးလုံး များကို တစ်ခါမှ မသုံးစွဲ ဖူးသော ကြောင့် မသိ နိုင်ခဲ့ပေ။
" ရှန်ရှင်းနယ်မြေအတွက် ရှန်ရှင်း ဆေးလုံး၊ နက်နဲ သိုင်းနယ်ပယ် အတွက် အဆင့်မြင့် နက်နဲ ဆေးလုံး တွေပဲ ... ထည်ဝါ ခန်းမရဲ့ အခြေအနေ အရ၊ အဆင့်မြင့် နက်နဲ ဆေးလုံးတွေ ဖြစ်ဖို့ များတယ် "
ဟု ခန့်မှန်း ရှင်းပြလိုက်သည်။
" သူတို့ ဘယ်လောက် အထိ စုဆောင်းထား နိုင်မလဲ ဆိုတာ မင်းသိလား"
လင်းယွန် ခေါင်းညိတ်ကာ ထပ်မံ စူးစမ်း လာပြန်သည်။ ကူယွန်က ပြန်မဖြေခဲ့ပဲ လက်ညိုး တစ်ချောင်း ထောင်ပြ လိုက်၏။
လီဝူယုက၊
"တစ်ထောင် "
ကူယွန်က ခေါင်းယမ်းလိုက်ပြီး၊ လီဝူယုကို အပြုံးဖြင့် ပြန်ကြည့် နေခဲ့ရာ၊
"တစ်သောင်း ..."
“ မှားတယ်၊ တစ်သိန်း.... မဟာချင် အင်ပါယာရဲ့ ဩဇာလွှမ်းမိုးမှုက မဟာချင် နိုင်ငံအနှံ ပျံ့နှံ့ နေတာကြောင့် အင်ပါယာ တစ်ခုလုံးရဲ့ အထက်တန်းလွှာ အများစုက ဒီနေရာမှာ လာစုနေ ကြတယ်၊ ... ”
“... ဒါကြောင့် ထည်ဝါခန်းမကသာ ကိစ္စကြီးကြီး စချင်ရင် အနည်းဆုံးတော့ တစ်သိန်းလောက် သိုလှောင် ထားရ လိမ့်မယ်။ ”
ကူယွန်၏ အဖြေကြောင့် လီဝူယု နှုတ်ဆိတ် သွားခဲ့ သည်။
“ ဒါဆို သူတို့ တစ်လုံးမှ ရောင်းမရအောင် ငါတို့ လုပ်ရမယ်၊ သူတို့က ငါတို့ကို သနားခံ တောင်းပန် လာတဲ့ အထိ .....”
ပြတ်သားသော စကားကြောင့် လီဝူယုနှင့် ကူယွန်က လင်းယွန်ကို မျက်လုံး ပြူးကာ ပြန်လှည့် ကြည့်လာ လေသည်။
( အစ်ကိုကြီး .... မင်း နည်းနည်းတော့ များ သွားပြီ ထင်တယ်။ )
***