← Chapters

ဝယ်လိုအား များသော ဆေးလုံးများ။

Vol. 16 Ch. 220

ဝယ်လိုအား များသော ဆေးလုံးများ။

Vol. 16 Ch. 220

ရတနာခန်းမတွင် ခန်းမသခင် သုံးဦး ရှိသည်။ မှော်ဆေးလုံးများ အပြင်၊ နည်းစနစ်များ၊ ရှေးဟောင်း ပစ္စည်းများနှင့် ရတနာများစွာ အတွက်လည်း တာဝန်ယူ ရောင်းချ ရပေသည်။

ပထမအရောင်း ခန်းမ နှစ်ခုတွင် တွေ့ရှိရသော အရာများမှာ ပို၍ အသုံးများသော ရောင်းကုန်များ ဖြစ်သည်။

သိုင်းသမား တစ်ဦးသည် နည်းစနစ်များကို မြောက်များစွာ လိုအပ်မည် မဟုတ်ပေ၊ ရှေးဟောင်း လက်နက်များကို ပျမ်းမျှအားဖြင့် ဆယ်စုနှစ် များစွာ အသုံးပြု နိုင်ကြသည် ဖြစ်ရာ ထိုသို့သော အရောင်းထိုင်း ပစ္စည်းများကို တတိယခန်းမ၌ ကန့်သတ် ထားရှိ လေသည်။

တစ်ဖက်တွင် ဆေးလုံးများကို ကျင့်ကြံသူများ အတွက် နေ့စဉ် အသုံးပြုသော လူသုံးကုန် ပစ္စည်းမျာ အဖြစ် သတ်မှတ် ခံရသည်။

နေ့စဥ် ကျင့်ကြံမှု အတွက် အသုံးမချ လျှင်ပင် အတိုင်းအတာ တစ်ခုအထိ လာရောက် ဝယ်ယူကြ ပေသည်။

ထို့ကြောင့် ဆေးလုံးများ အတွက် ခန်းမကို ခမ်းနား ထည်ဝါစွာ အလှဆင်ထားပြီး၊ ခန်းမတစ်ခုလုံးကို တောက်ပသော မီးအိမ် များဖြင့် အလင်းရောင် ပေးထားသည်။ ကောင်တာတွင် အမျိုးမျိုးသော မှော်ဆေးလုံး များစွာကိုလည်း ပြသ ထားလေသည်။

နေ့စဉ် လူပေါင်း သောင်းဂဏန်း၊ သိန်းဂဏန်းအထိ၊ စည်ကား နေတက်သည်။ ထိုလူအုပ်ကို ကိုင်တွယ်ရန် အရောင်း ခန်းမကြီးကို လေးထပ် ဖွဲ့ဆည်းထားသည်။

ဤအခိုက်အတန့်တွင်၊ နက်နဲနယ်ပယ်ရှိ သိုင်းသမား အုပ်စု တစ်စုသည် ခန်းမထဲသို့ လျင်မြန်စွာ ဝင်ရောက် လာခဲ့သည်။

ခေါင်းဆောင်မှာ အရပ်ရှည်၊ ထွားကြိုင်းလှပြီး၊ ကြီးမားသော ဓားရှည်ကြီးကို ကျောပေါ်၌ သိုင်းလွယ်ထားသည်။

“ ဒါ သွေးဝံပုလွေ ကြေးစားအဖွဲ့ မဟုတ်လား ”

“ သူတို့က သဲကန္တာရထဲမှာ၊ နောက်ထပ် ကြီးကြီးမားမား ရိတ်သိမ်း နိုင်ခဲ့ပုံပဲ ”

" ဝံပုလွေဘုရင် ဖန်ဂျူးက အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်မှတော့ သူတို့ ဘယ်လိုလုပ် ကျရှုံးနိုင်မှာလဲ"

သူတို့ ဝင်ရောက် လာသည်နှင့် တပြိုင်နက် သူတို့ အဖွဲ့ကို ချက်ခြင်း အသိအမှတ်ပြု လိုက်ကြသည်။ သွေးဝံပုလွေ ကြေးစား အဖွဲ့၏ ခေါင်းဆောင် ဖန်ဂျူးမှာ မြို့တော်တွင် နာမည်ကြီး လှပေ၏။

မဟာချင်နိုင်ငံတွင် အထက်တန်းလွှာ များစွာ စုရုံးလာခဲ့ ကြပြီးနောက်၊ မျိုးနွယ်စု အသီးသီး အတွက် ကိုယ်စား ဆောင်ရွက် ပေးသော ကြေးစားအဖွဲ့ အများ အပြားလည်း တည်ရှိလာ ခဲ့သည်။

၎င်းတို့အထဲမှ အချို့သော အင်အားကြီး သူများသည် သန်မာသော သိုင်းသမားများကို သိမ်းသွင်း နိုင်ကြကာ၊ အစွမ်းထက်သော အဖွဲ့ကို ထူထောင် နိုင်လာကြသည်။

ကြေးစား လုပ်ငန်းများမှာ အသေ အပျောက် များလှသော်လည်း အမြတ်အစွန်း ရသော အလုပ်အကိုင် တစ်ခု ဖြစ်သည်။

မစ်ရှင် တစ်ခု ပြီးပြတ် သွားသည်နှင့် ဝိညာဉ်ကျောက်စိမ်း အမြောက်အမြားကို ချီးမြှင့် ခံရမည်ဖြစ်သည်။ ဖန်ကျူး၏ သွေးဝံပုလွေ အဖွဲ့သည် ပိုမို အားကောင်းသော အဖွဲ့များထဲမှ တစ်ဖွဲ့ ဖြစ်သည် ။

၎င်းကြေးစား အဖွဲ့များမှာ ကုန်သည်ကြီးများ အတွက် ပုံမှန် ဖောက်သည်များ ဖြစ်ကြ၏။

အမြောက်အမြား ရိတ်သိမ်း နိုင်ချိန်တိုင်းတွင် ကျင့်ကြံမှု အရင်းအမြစ်များ ဝယ်ယူရန် လာရောက် တက်ကြသည်။

ကုန်သည် ကြီးများ အတွက် ၀င်ငွေ များစွာကို ယူဆောင် လာကြ သူများလည်း ဖြစ်သည်။

“ အဆင့်မြင့် နက်နဲ ဆေးလုံးတွေက၊ ဘယ်မှာလဲ”

ဖန်ကျူးက လှည့်ပတ် ကြည့်ကာ၊ မျက်မှောင်ကြုတ် လိုက်သည်။ အကြောင်း အရင်း တစ်စုံ တစ်ရာကြောင့် အရောင်း ခန်းမ များတွင် အဆင့်မြင့် နက်နဲ့ ဆေးလုံးများ ပြတ်လပ်မှု ကြုံတွေ့ နေခဲ့သည်။

အရောင်းခန်းမ များစွာသို့ သွားရောက် ပြီးနောက်တွင်ပင် တစ်ရာခန့်သာ စုဆောင်းနိုင် ခဲ့သည်။ ထိုပမာဏသည် သိုင်းသမား ဆယ်ယောက် အတွက်သာ လုံလောက် ပေသည်။

သွေးဝံပုလွေအဖွဲ့တွင် အဖွဲ့ဝင် တစ်ရာ နီးပါး ရှိသည် ဖြစ်ရာ၊ အရေအတွက် တစ်ရာသည် သူတို့အတွက် မလုံလောက် နိုင်ပေ။

သူ့ကို တာဝန် ယူရသော အရောင်း ဝန်ထမ်းက ပြုံးပြီး၊

'' အဆင့်မြင့်နက်နဲ ဆေးလုံးလေးတွေက မကြာသေးမီက စျေးကွက်ထဲမှာ အဝယ် အလိုက်ဆုံး ဖြစ်ခဲ့တာကြောင့်၊ သူတို့ကို ရောင်းကုန် သွားခဲ့ ပါပြီ ခေါင်းဆောင်ဖန်ဂျူး၊ မင်း မနက်ဖြန် စောစော လာခဲ့လို့ ရမလား။"

အရောင်းဝန်ထမ်း၏ အဖြေကြောင့် သွေးဝံပုလွေ အဖွဲ့ဝင်များ အားလုံးက စိတ်ပျက် သွားကြသည်။ ဖန်ဂျူးက ကောင်တာကို ဝေ့ကြည့်လိုက်ပြီး၊ ရုတ်တရက် ပြုံးရွှင်လာကာ၊

" မင်းမှာ မရှိဘူးလား၊ အလုံးသုံးဆယ် … ဒါလည်း သင့်တော်တဲ့ ပမာဏပါပဲ ”

အရောင်း ဝန်ထမ်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ဖန်ဂျူးကို တားချင် သော်လည်း နောက်ကျနေပြီ ဖြစ်သည်။

ဖန်ဂျူးက အဆင့်မြင့် နက်နဲဆေးလုံး အလုံး သုံးဆယ်ကို ကြည့်ပြီး မျက်မှောင်ကြုတ် သွားသည်။

" ဝိညာဉ် ကျောက်စိမ်း (၁၀၀) ....၊ ဒါ ရတနာခန်းမက တကယ့်ကုန်သည် ပီသပါ ပေတယ်၊ အချိန်အခါ အလိုက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်တာပဲ၊ သာမာန် ဆေးလုံးတွေက ပျမ်းမျှတန်ဖိုး ဝိညာဉ်ကျောက်စိမ်း (၁၀)လုံးသာ ရှိတယ်၊ အဆင့်မြင့် မှော်ဆေးလုံး ဆိုရင် ဝိညာဉ် ကျောက်စိမ်း အလုံး (၃၀)ပဲ ကျသင့်တယ် မဟုတ်လား။ ”

“ ဟဲဟဲ ခေါင်းဆောင်ဖန် ပြောတာ မှန်ပါတယ်၊ ဒီအဆင့်မြင့် နက်နဲ ဆေးလုံးတွေက ဒီမှာ တစ်နေကုန် ရှိနေတာ၊ သူ့ရဲ့ တန်ဖိုး ကြောင့် ဝယ်ဖို့ ဘယ်သူမှ စိတ်မဝင်စားကြဘူး”

“ လေလွင့် မှော်ဆေး ပညာရှင် အချို့က အခွင့်ကောင်းယူပြီး၊ လောဘကြီးခဲ့ ပုံပဲ ”

" ဒါအမှန်ပါပဲ ခေါင်းဆောင်၊ အဲဒါကို ဝယ်တဲ့ လူမိုက် မဖြစ်ပါစေနဲ့ ”

တခြားသော သူ့အဖွဲ့ဝင်များက ပြုံးကာ၊ ရယ်စရာ ကောင်းသော စျေးနှုန်းကို လှောင်ပြောင်ခဲ့ ကြသည်။

“ဆရာကြီး ဖူဂျောင်က လွဲရင်၊ ဒီဈေးနှုန်းနဲ့ ရောင်းရဲတဲ့ လူကို ငါ တစ်ခါမှ မကြားဖူးဘူး၊ ဒီဆေး ပုလင်းလေးကတင် ငါတို့ ၀င်ငွေရဲ့ နှစ်လ တန်ကြေး ရှိတယ်၊ ''

ဝိညာဉ်ကျောက်စိမ်းများသည် ဝိညာဉ်ကျောက်တုံး များနှင့် ကွဲပြားလှ၏။ သာမန် လူများမှာ ဝိညာဉ်ကျောက်တုံး များကို ငွေကြေး အဖြစ် အဓိက အသုံးပြု ကြသည်။

သို့သော် မဟာချင်နိုင်ငံရှိ လူတိုင်းတွင် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင် ထားကြ သည်ကြောင့်၊ ဝိညာဉ်ကျောက်စိမ်း များကိုသာ ငွေကြေး အဖြစ် အသုံးပြုလာ ကြ၏။

နောက်ဆုံးတွင်၊ ဝိညာဉ်ကျောက်စိမ်း ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး များကို သန့်စင်ထားခြင်းပင် ဖြစ်သည်။

၎င်းတို့ကို ကျင့်ကြံခြင်း၊ မှော်အစီ အရင်များ ခင်းကျင်း တပ်ဆင်ခြင်း၊ ဆေးလုံးများ သန့်စင်ခြင်းနှင့် ရှေးဟောင်း ပစ္စည်းများကို အတု ပြုလုပ်ရာ၌ အသုံးပြုနိုင်သည်။

ထို့ကြောင့် ဝိညာဉ် ကျောက်စိမ်း အလုံး (၁၀၀)သည် အနည်းငယ် မျှသော ပမာဏ မဟုတ်ပေ။

သွေးဝံပုလွေ အဖွဲ့ကို တာဝန်ယူ ရောင်းရသော အရောင်း ဝန်ထမ်း အမျိုးသမီး၏ အဆင်မပြေသော အမူအရာကို၊ ကြည့်ကာ ရုတ်တရက် ဖန်ဂျူးက၊

" မင်းတို့တွေ ဆေးဆရာ အသစ်ရ ပြီလား"

“ ဟုတ်ပါတယ်၊ သူ့အဆင့် အတန်းကို ခန်းမ သခင် ကပဲ သိပါတယ် ''

ဟု အရောင်းဝန်ထမ်းက ပြန်ဖြေ လိုက်သည်။ ယင်းအခိုက်အတန့်တွင် ဤမျှ ရယ်စရာ ကောင်းသော စျေးနှုန်းမှာ သူတို့၏ ဂုဏ်သိက္ခာကို မည်ကဲ့သို့ ဖျက်ဆီး နေသည်ကို ခန်းမသခင်အား ပြောပြရန် သူ့ စိတ်ထဲတွင် မှတ်ထား လိုက်သည်။

" ငါ့ကို ဆေးတစ်လုံး ပေးပါ "

ဖန်းဂျူက ကျသင့် တန်ဖိုးကို ထုတ်ပေး လိုက်သည်။

" ဟမ်..... ''

အရောင်းဝန်ထမ်းက သူ့စကားကြောင့်၊ အံ့သြသွား၏။ သို့သော် သူက ချက်ချင်းပင် ပြုံးရွှင်သွားပြီး “ကောင်းပြီ” ဟု ပြန်ပြုံး ပြလိုက်သည်။

ဖန်ဂျူးမှာ အရောင်း ခန်းမများတွင် ထင်ရှားသော ဧည့်သည်တော် အဖြစ် သတ်မှတ်ခံ ရသူ ဖြစ်သည်။ ထို့ကြောင့် သူ၏ အပြုအမူတိုင်းမှာ အရောင်း ခန်းမများ၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက် ပတ်သတ် ပေသည်။

အရောင်းဝန်ထမ်းက ဆေးလုံး တစ်လုံးကို ယူပြီး ဖန်ကျုးကို ပေးလိုက်၏။

" ... ဖန်ကျူးက လူမိုက်ပဲ "

ပတ်ဝန်းကျင်ရှိ လူတိုင်းက အံ့သြသွား ကြသည်။ ဖန်းကျူးသည် ဤမျှ ရယ်စရာ ကောင်းလောက်သော ဈေးနှုန်းမျိုးဖြင့် ဆေးလုံး မျိုးကို အမှန်တကယ် ဝယ်ယူလိမ့်မည်ဟု သူတို့ မမျှော်လင့်ထား မိခဲ့ ကြပေ။

လူတိုင်း၏ အံ့အားသင့်နေသော အကြည့် အောက်တွင် ဖန်ကျူးက ဆေးလုံးကို သူ့ပါးစပ် ထဲသို့ ပစ်ထည့်လိုက်ပြီး စတင် သန့်စင် လိုက်သည်။

နက်နဲ သိုင်းနယ်ပယ်၏ ဆဋ္ဌမအဆင့် အရှိန်အဝါသည် တဖြည်းဖြည်း ပွင့်ထွက် လာကာ၊ ၎င်း၏ ခွန်အားမှာ ဝမ်ယန်ထက်ပင် အားနည်းမည် မဟုတ်ချေ။

သူ၏ ခန္ဓာကိုယ် အတွင်း၌ ဆေးအာနိ သင်များ တဟုန်ထိုး ပြန့်ကျဲ သွားသော အခါတွင်၊ ဖန်ကျူးက တိတ်တဆိတ် အံ့သြသွား ခဲ့သည်။ သို့သော် ၎င်းသည် ဝိညာဉ်ကျောက်စိမ်း အလုံး (၁၀၀)မတန် သေးပေ။

ခဏအကြာတွင် ဆေး အာနိသင်များ ကုန်စင်သွားပြီဟု တွေးနေ မိစဉ်၊ နက်နဲ သွေးကြော များအတွင်း နောက်ထပ် ဆေးစွမ်းအား တစ်ခု ထပ်မံ တိုးပွား လာတော့သည်။

ထိုစွမ်းအားသည် ပို၍ ပို၍ တိုးမြင့် လာသဖြင့် ဖန်ကျူးမှာ အံ့သြခြင်းကို မရပ်တန့် နိုင်ခဲ့ပေ။

ဆေးအာနိသင် (၆၀%)။

သာမာန်နက်နဲ ဆေးလုံးများတွင် ဆေးဖက်ဝင် အာနိသင် (၃၀%)သာ ရှိသော်လည်း အဆင့်မြင့် နက်နဲ ဆေးများ၌ (၅၀%)ခန့် ရှိလေသည်။ သို့သော် ဖန်ကျူး၏ ခန္ဓာကိုယ်အတွင်း ဆေးအာနိသင်သည် (၇၀%)အထိ တိုးတက်လာ ခဲ့သည်။

သက်ရောက်မှုများမှာ ထိုမျှဖြင့် မရပ်တန့်ခဲ့ပဲ ဆက်လက် မြင့်တက် နေပြန်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ကျင့်ကြံမှုမှာ အနည်းငယ် တိုးလာသည်ဟု ခံစားလိုက် ရသောကြောင့် ပျော်ရွှင်သွား၏။

ထို့အပြင် ဆေးအာနိသင် များသည် အကန့်အသတ်ထိ ရောက်ရှိ သွားပုံ မရသေးပေ။ သူ အခုချက်ချင်း ထွက်ခွာ သွားရပေမည်။

သို့မဟုတ်ပါက ထိုအပြောင်းအလဲ များကို လူတိုင်း သတိထား မိသွား ပေလိမ့်မည်။ သူ၏ အစွမ်း ထက်သော ခွန်အားကို အားကိုး၍ ခန္ဓာကိုယ် အတွင်းရှိ ဆေးဖက်ဝင် အာနိသင်ကို အတင်းအကျပ် ဖိနှိမ်လိုက်ရကာ၊အမူအရာ ပြောင်းလဲခြင်း မရှိပဲ၊

'' ထင်သလောက် မဆိုးပါဘူး၊ ဘာပဲ ဖြစ်ဖြစ် ဝယ်ဖို့ မလွယ်ဘူးဆိုတော့ ကျန်တဲ့ ဆေးလုံးတွေ အကုန် ယူလိုက်မယ်"

"အကိုကြီး "

သွေးဝံပုလွေ အဖွဲ့သားများက ချက်ချင်း အော်ဟစ် ဟန့်တား လိုက်သည်။ တစ်ချိန် တည်း မှာပင် ခန်းမတွင်းရှိ လူတိုင်း အံသြ သွားကြ၏။

" အိုး၊ အဲဒီ မှော်ဆေး ပညာရှင်က သူ့ကို အထောက်အပံ့ ပေးမဲ့ လူမိုက်ကို ရှာတွေ ခဲ့တာပဲ...''

“ အဆင့်မြင့် နက်နဲဆေးလုံးတွေရဲ့ ဝယ်လိုအားက မကြာသေးခင်ကမှ တကယ်ကို မြင့်မားခဲ့ပါတယ်၊ ခေါင်းဆောင် ဖန်ကျူးမှာ အရေးတကြီး ကိုင်တွယ် ဖြေရှင်းရမယ့် အရာတစ်ခု ရှိကောင်း ရှိနိုင်တယ်၊ ဒါကြောင့် သူက အဆင့်မြင့် နက်နဲ ဆေးလုံးတွေကို ရှာဝယ်ဖို့ အချိန်ဖြုန်း ချင်ပုံ မရဘူး။ ”

ပတ်ဝန်းကျင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ဤဆေးလုံးများတွင် မှော်ဆေး ပညာရှင်၏ အမည်ကို ရေးထိုးထားခြင်း မရှိပေ။ တစ်စုံ တစ်ယောက်သည် မြင့်မားသော ဂုဏ် သတင်းကို ပိုင်ဆိုင် ထားပါက၊ သူ၏ နာမည်ကို ရဲဝင့်စွာ အသုံးပြုမည် ဖြစ်သည်။

ဥပမာအားဖြင့် ဖူဂျောင်း ကဲ့သို့သော ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင်များမှာ၊ သူတို့၏ ဆေးလုံး များတွင် နာမည်တပ် ရောင်းချ ခြင်းဖြင့် ခိုင်မာသော ဂုဏ်သတင်းကို တည်ဆောက် ယူထားပေသည်။

ယခုဆေးလုံးများတွင် ဖော်စပ်သူ ဆေးဆရာ၏ နာမည်ပင် တပ်ထားခြင်း မရှိရာ၊ ထိုဆေးလုံးမျိုးကို ဝိညာဉ်ကျောက်စိမ်း တစ်ရာဖြင့် ရောင်းထွက်ခြင်းသည် ကြီးစွာသော ကံကောင်းမှုပင် ဖြစ်လေသည်။

အဆုံးတွင် သွေးဝံပုလွေ အဖွဲ့၏ အဖွဲ့ဝင် တစ်ဦးက ဝိညာဉ်ကျောက်စိမ်း အလုံး (၃၀၀၀)ကို တုံ့ဆိုင်းစွာ ထုတ်ယူပြီး အရောင်း ဝန်ထမ်းအား ပေးအပ်လိုက်သည်။

“ လူတိုင်းက ခေါင်းဆောင် ဖန်ကျူးက ရက်ရောတယ်လို့ ပြောကြတယ်၊ ဒီလို ရဲရင့်တဲ့ သူတွေအတွက် ခြွင်းချက်တစ်ခု အနေနဲ့ ဝိညာဉ် ကျောက်စိမ်းတုံး (၂၀၀)ကို လျှော့စျေးပေး လိုက်ပါမယ်။"

ရောင်းမကုန်သည့် ဆေးလုံးများ အတွက် ဝမ်းသာအားရ လျှော့ဈေးပေး လာခဲ့သည့်၊ အရောင်း ဝန်ထမ်း၏ အမူအရာကြောင့် ဖန်ကျူးက စိတ်ထဲမှ ကြိတ်ရယ် လိုက်သည်။

အရောင်းဝန်ထမ်း၏ မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို ကြည့်ပြီး၊ ရက်အနည်းငယ် အကြာတွင် မည်သို့ ပြောင်းလဲ လာမည်ကို သူ တွေးကြည့် နေမိသည်။

ဘဝတစ်လျှောက်တွင် များပြားလှသော အတွေ့အကြုံ များအရ သူ့ကိုယ်သူ တည်တည် ငြိမ်ငြိမ် ထိန်းနိုင်ခဲ့ပြီး၊ ကျေနပ်ဟန် ဆောင် လိုက်ကာ၊

“ ကောင်းတယ်၊ ရတနာခန်းမက ဂုဏ်သတင်းနဲ့ အမှန်တကယ် ထိုက်တန် ပါတယ်၊ မင်းက ငါ့ကို လျှော့ဈေးပေး ခဲ့တယ်ဆိုတော့ မနက်ဖြန် ငါပြန်လာခဲ့မယ်"

“ ကောင်းပါပြီ ..... မနက်ဖြန် ငါ့ကို ရှာဖို့ မမေ့ပါနဲ့ "

ချင်းမိန်က ရွှင်မြူးစွာ ပြုံးလိုက်သည်။

ရတနာခန်းမမှ ထွက်ခွာ လာပြီးနောက် ဖန်ကျူး၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားခဲ့သည်။ သူက၊

"မြန်မြန် သွားရအောင် "

ဟု ဆိုလိုက်ရာ၊ အခြားသော အဖွဲ့ဝင်များက အံ့သြသွားသည်။

သူတို့၏ ခေါင်းဆောင်မှာ တစ်ခုခု မှားနေပြီကို သဘောပေါက် လာ၏၊ သို့သော် မည်သည်မျှ မမေးဝံ့ကြတော့ပဲ ထွက်ခွာ သွားသော ဖန်ကျူးနောက်သို့ အမြန်လိုက်သွား ခဲ့သည်။

ဖန်ကျူးက ဆေးဖက်ဝင် အာနိသင်များကို တားမရ နိုင်တော့ပေ။ သူ့အငွေ့အသက်များ တရှိန်ရှိန် ထိုးတက်လာပြီး ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်လာသည်။

သူ၏ အရှိန်အဝါများက သူ့ဘေးတွင် ရပ်နေသော လူနှစ်ယောက်ကို တွန်းထုတ်လိုက်သည်။

" ခေါင်းဆောင် ...."

တွန်းထုတ်ခံ လိုက်ရသော ငယ်သား နှစ်ယောက်က ထိတ်လန့် သွား၏။

ဖန်ကျူး က သူတို့ကို လျစ်လျူရှု လိုက်ပြီး ဆေးအာနိသင်များကို သန့်စင်ဖို့ရန် အာရုံစိုက် လိုက်သည်။

အချိန် အနည်းငယ် ကြာပြီးနောက်၊ ဖန်ကျူး၏ မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး၊ မျက်ဝန်းများ ထဲတွင် စူးရှသော တောက်ပမှု တစ်ခု ရှိနေခဲ့သည်။

အချိန်တိုလေး အတွင်း သူ၏ ကျင့်ကြံမှုမှာ အနည်းငယ် တိုးတက်လာသည်ကို ခံစားရ နိုင်သည်။

"ဟား ....... ဟား ဟား "

ဖန်ကျူးက ဝမ်းသာအားရဖြင့် ရယ်မောလိုက်၏။

'' အရမ်း ကောင်းတယ် ”

ခဏကြာမှ တစ်စုံတစ်ယောက်က သတိကြီးစွာဖြင့်၊

'' ခေါင်းဆောင်... မင်း ဝိညာဉ် ကျောက်စိမ်း (၃၀၀၀)ကို သုံးခဲ့တယ်၊ ဆရာဖူဂျောင်းရဲ့ ဖွင့်ပွဲကို ဆယ်ရက်နေရင် ကျင်းပလိမ့်မယ်၊ ငါတို့ ဘာလုပ်ကြမလဲ။ ''

“ သူ့ကို ထားလိုက်၊ မင်းတို့ထဲက ဆယ့်သုံးယောက် ရှေ့ထွက်လာခဲ့၊ ဒီဆေးလုံး တစ်လုံးကို ယူပြီး သန့်စင်လိုက်ပါ၊ ဆေးဖက်ဝင် အာနိသင်တွေကို ဖိနှပ်ထားဖို့ မမေ့ပါနဲ့ ၊ လျှို့ဝှက်ပါစေ ”

ဖန်ကျူးက လေးနက်သော အသံဖြင့် သတိပေးလိုက်သည်။

နောက်နေ့ မနက်စောစောတွင် ဖန်ကျူးကို တွေ့လိုက်ရသည်နှင့် ချင်းမိန်၏ မျက်လုံးများ တောက်ပလာသည်။ ဖန်ကျူးက သူ့ဆီ လျှောက်လာပြီး ပြုံးလိုက်ကာ၊

" မိန်းကလေးချင်းမိန် ငါ ကတိအတိုင်း ရောက်လာပြီ "

ချင်းမိန်က ခေတ္တမျှ အံ့အားသင့်သွားပြီး၊

" ခေါင်းဆောင်ဖန်ကျူး၊ ကျေးဇူးပြုပြီး အထဲကို ကြွပါ "

သုံးရက်တိုင်တိုင် ဖန်ကျူးက စျေးအလွန် ကြီးသော အဆင့်မြင့် နက်နဲဆေးလုံး အားလုံးကို လာရောက် ဝယ်ယူ နေသည် ကြောင့်၊ ကြားသိ လိုက်ရ သူတိုင်းကို အံသြ သွားစေ ခဲ့သည်။

လေးရက်မြောက် နေ့တွင် ဖန်ကျူးကိုမြင်သည်နှင့် တစ်ခုခု လွဲချော် နေသည်ဟု ယူဆမိ ကြသော်လည်း အကြောင်းအရင်းကိုရှာမတွေ့ ခဲ့ကြပေ။

ဖန်ကျူးက ကောင်တာသို့ ရောက်လာသော အခါတွင် ခန်းမသခင်ဝေက ပုလင်းလွတ် များကို ကိုင်ဆောင်နေလျက်မှ၊

" ခေါင်းဆောင်ဖန်ကျူး မင်းက အဆင့်မြင့် နက်နဲ ဆေးလုံးတွေ အတွက် ထပ်ပြီး ရောက်လာပြန် ပြီလား။"

ဟုဆိုကာ၊ အပြုံးဖြင့် စီးကြို လိုက်သည်။

တစ်ဖက်တွင်၊ ဖန်ကျူး၏ မျက်လုံးများက ဆေးပုလင်း ပေါ်သို့ တပ်မက်စွာ စိုက်ကြည့်လိုက်ပြီး၊ တစ်စုံတစ်ရာကို တွေးတော လိုက်မိသည်။

ခန်းမသခင်ဝေသည် ဤခန်းမ အတွက် တာဝန်ရှိ လှပြီး၊ အရောင်း ကောင်တာများ အထိ လာရောက်တက်ခြင်း ရှိခဲပေသည်။

ထို့ကြောင့်ပင် ခန်းမသခင်ဝေကို တွေ့မြင် လိုက်သည်နှင့် သူ၏ ကံကောင်းခြင်းများ ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည် ။

" ခန်းမသခင်ဝေက ဒီလျှို့ဝှက်ချက်ကို ရှာတွေ့ သွားပုံရတယ်။"

ဖန်ကျူးက ပြုံးလျက် ပြောလာသည့် စကားကြောင့်၊ ခန်းမသခင်ဝေမှာ ရှုပ်ထွေးသော အမူအရာတစ်ခုကို ပြသလာသည်။ ဖန်ကျူး ပြောသော လျှို့ဝှက်ချက်ကို သူ မသိပေ။

သည်မျှ စျေးကြီးသော ဆေးလုံးများကို သုံးရက် ဆက်တိုက် ရောင်းကုန်သွား သဖြင့်၊ ထူးဆန်းနေသည်ဟု ထင်ခဲ့ရုံသာ ဖြစ်သည်။

သူ့ခံစားချက် အရ ဆေးလုံးများ၏ ဝယ်လက်အမည်ကို သိချင်နေခြင်းသာ ဖြစ်သည်။

"ဘာလျှို့ဝှက်ချက်လဲ"

ခန်းမ သခင်ဝေက ထုတ်မေး လိုက်သည်။

" ခန်းမသခင်ဝေ အနေနဲ့၊ ဒီဆေးလုံးတွေမှာ ဆေးဖက်ဝင် အာနိသင် (၉၀%) ရှိတယ် ဆိုတာ မင်း မသိဘူးလား။ ''

ဖန်ကျူး၏ စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ခန်းမသခင်ဝေက “မင်း ဘာပြောလိုက်တာလဲ” ဟု မေးမြန် လိုက်လေသည်။

ဖန်ကျူးက သူအမှား လုပ်လိုက်မိမှန်း သိလိုက်သောကြောင့် ရှိုက်ကြီး တငင်ငင် ပြုံးလိုက်မိသည်။ ယခုမူ ၎င်းကို မဖုံးကွယ် နိုင်တော့ပေ။

“ ဒီဆေးလုံး တစ်လုံးစီမှာ ဆေးဖက်ဝင် အာနိသင် (၉၀%)ရှိတယ် ”

ဟု ဝန်ခံ လိုက်တော့၏။

စကားဆုံး သည်နှင့် ခန်းမ ထဲ၌ ပြင်းထန် သော ဖိအား များကို သက်ရောက်လာ စေမည့် သူ၏ အရှိန်အဝါကို ထုတ်ဖော် လိုက်လေသည်။

"နက်နဲနယ်ပယ် သတ္တမအဆင့်"

တစ်စုံ တစ်ယောက်၏ အော်ဟစ် သံမှာ တုန်ယင်စွာ ထွက်ပေါ် လာလေသည်။

***

All Chapters