← Chapters

မြို့တော်ကို ထိတ်လန့်စေခြင်း။

Vol. 16 Ch. 221

မြို့တော်ကို ထိတ်လန့်စေခြင်း။

Vol. 16 Ch. 221

ပုလင်းထဲရှိ အဆင့်မြင့် နက်နဲ ဆေးလုံးတိုင်းတွင် ဆေးအာနိသင် (၉၀%) ရှိသည်ကို မယုံကြည် နိုင်ခဲ့ပေ။

သို့သော် ဖန်ကျူး၏ နက်နဲနယ်ပယ် သတ္တမအဆင့် အရှိန်အဝါကို ထုတ်ဖော် ပြသလာသော အခါတွင်၊ ၎င်းကိုယုံကြည်ရန်မှ လွဲ၍ ရွေးချယ်စရာ မရှိ။

လွန်ခဲ့သော သုံးရက်တွင် ဖန်ကျူး၏ ကျင့်ကြံမှုမှာ နက်နဲနယ်မြေ၏ ဆဋ္ဌမအဆင့် တွင်သာ ရှိပေသေးသည်။

သို့သော် ယနေ့တွင်၊ သူသည် နက်နဲနယ်ပယ် သတ္တမ အဆင့်သို့ ရောက်ရှိ နေခဲ့လေပြီ။ တစ်စုံတစ်ယောက်သည် ကျင့်ကြံမှု မြင့်မား လာသည် နှင့်အမျှ အဆင့်ချိုးဖြတ် နိုင်ရန် ပို၍ ခက်ခဲလာ တက်ပေသည်။

ဖန်ကျူးသည် နက်နဲ သိုင်းနယ်ပယ်၏ ဆဋ္ဌမအဆင့်တွင် အချိန် အတော်ကြာ ခဲ့ပြီ ဖြစ်ရာ၊ သုံးရက်အတွင်း အောင်မြင်မှု တစ်ခုကို သူ ရရှိခဲ့သည်မှာ အံ့ဩစရာပင်။

တစ်ခုတည်းသော အကြောင်း ပြချက်မှာ ဆေးလုံးများတွင်ဆေးဖက်ဝင် အာနိသင် (၉၀%) ပါ၀င် နေသောကြောင့်ပင် ဖြစ်နိုင် လေသည်။

ပထမနေ့တွင် ဆေးလုံးကို ဝယ်ယူ သွားသောဖန်ကျူး၏ ထူးခြားမှု မရှိသော အပြုအမူကို လူတိုင်း မှတ်မိကြသည်။

ထိုအချိန်တွင်၊ ဆေးလုံး တစ်လုံးအတွက် ဤမျှ ကြီးမားသော စျေးနှုန်းကို ပေးဆောင် သောကြောင့် ဖန်ကျူးကိုပင် လှောင်ပြောင် လိုက်မိလေသည်။

သို့သော် ဖန်ကျူးမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ ကံကို အပြည့်အဝ ဆုပ်ကိုင်နိုင်

မြို့တော်တွင် အကောင်း ဆုံးသော ဆေးလုံး ဖြစ်သည့်၊ မိုးတိမ် မှော်ဆေးလုံး ပင်လျှင် ဆေးဖက်ဝင် အာနိသင် (၇၀%) ဖြင့်သာ ထုတ်လုပ် နိုင်သည်။

ထို့အပြင် ယင်းဆေးလုံးများသည် စျေးကွက်ထဲ ရောက်သည်နှင့် ချက်ချင်းပင် ရောင်းထွက်ကုန်၏။

အကြိမ်ပေါင်း များစွာ ဤသို့ကြုံတွေ့ရ ပြီးနောက်၊ တစ်စုံတစ်ယောက်သည် မြင့်မားသော နောက်ခံကို ပိုင်ဆိုင်ထားခြင်း မရှိပါက ဝိညာဉ် ကျောက်စိမ်းများ ပုံပေးလျှင်ပင် ဝယ်ယူဖို့ရန် ခက်ခဲလာ တော့သည်။

သို့သော် ယနေ့တွင်၊ ဆေးဖက်ဝင် အာနိသင် (၉၀%) ပါသော ဆေးလုံးများ ထွက်ပေါ် လာ သည်ကြောင့် လူတိုင်းကို အံ့အားသင့် စေခဲ့သည်။ အားလုံးက ခန်းမသခင်ဝေ ဆီသို့ အပြေးအလွှား ရောက်ရှိလာပြီး။

'' ခန်းမသခင် ဝေ၊ ငါ့ကို ရောင်းလိုက်ပါ၊ (၄) ...မဟုတ်ဘူး၊ သူတို့အတွက် ဝိညာဉ် ကျောက်စိမ်း (၅,၀၀၀) ပေးပါ့မယ် "

" သူတို့ကို ဝိညာဉ်ကျောက်စိမ်း (၅၀၀၀)ထဲနဲ့လိုချင်တာလား၊ ထွက်သွားစမ်း ငမွဲကောင်၊ သူတို့ အားလုံးအတွက် (၇၀၀၀) ပေးမယ်။ ”

“ မင်းက ဘာလို့ စျေးကို မျက်စိမှိတ် အော်နေရတာလဲ၊ သူတို့အတွက် ပေးချေဖို့ ဝိညာဉ် ကျောက်စိမ်း တွေတောင် ရှိရဲ့လား။ ”

" ထွက်သွား.... ခန်းမသခင်ဝေ၊ အဲဒီ ဆေးလုံး တွေကို ငါ့ရောင်းပါ "

ဖောက်သည် လူအုပ်ကြီးက သူတို့၏ သိုလှောင်အိတ် များကို ကိုင်ဆောင်ကာ ခန်းမထဲသို့ ဝင်ရောက်လာ ကြသည်။

ခန်းမကြီး အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေသော ဤမြင်ကွင်းကြောင့် ခန်းမသခင်ဝေမှာ ထိတ်လန့်မိ သော်လည်း၊ သိပ်မကြာ ခင်မှာပင် သူ့မျက်နှာ၌ တောက်ပသော အပြုံး တစ်ပွင့် ထွက်ပေါ် လာကာ၊

'' အားလုံးပဲ စိတ်အေးအေး ထားပါ၊ အဆင့်မြင့် နက်နဲ ဆေးလုံး တွေကို အခုအချိန် ရောင်းချ တော့မှာ မဟုတ်ပါဘူး၊ ဒီနေ့ အရောင်း ပိတ်မှာ ဖြစ်လို့ မနက်ဖြန်မှ ပြန်လာကြပါ "

" ခန်းမသခင်၊ ဒီလမ်း ....."

အစောင့်များက လူအုပ်ထဲမှ ရုန်းထွက်ရန် လမ်းကြောင်း ဖွင့်ပေးသည့် အနေဖြင့် သတ်ဖြတ်ခြင်း အငွေ့ အသက် များကို ထုတ်ဖော် လိုက်ကြသည်။

ခန်းမထဲမှ ထွက်လာနိုင်မှသာ ခန်းမသခင် ဝေက စိတ်သက် သာရာ ရသွား၏။ သူ့လက် ထဲရှိ ကျောက်စိမ်း ပုလင်းကို ပြန်ငုံ့ ကြည့်လိုက်ပြီး၊ စိတ်လှုပ်ရှား လာခဲ့သည်။

သူက ချက်ချင်းပင် ကူယွန်၏ တည်းခို ဆောင်သို့ ဦးတည် လိုက်တော့၏။

'' ခန်းမသခင် ''

ချင်းမိန်က ရောက်ရှိလာပြီး ခန်းမသခင်ဝေ ကို သနားခံနေသော မျက်ဝန်းများဖြင့် ကြည့်လာခဲ့သည်။

ချင်းမိန်ကို မြင်လိုက်သည်နှင့် ခန်းမသခင်ဝေ၏ မျက်နှာမှာ တင်းမာသွား ခဲ့သည်။

" ငါနဲ့အတူ လိုက်ခဲ့ပါ "

သူတို့က ကူယွန်ထံသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။ လမ်းတွင် ခန်းမသခင် ဝေက အေးစက်စက် လေသံဖြင့်၊

'' မင်းက လူမိုက်ပဲ၊ ဖန်ကျူး ဘယ်လောက် အကျိုး ရှိသွားလဲ မင်း သိလား၊ ငါသာ မဟုတ်ရင် မင်းဒီနေ့ သူ့ကို ရောင်းဦးမှာ မဟုတ်လား"

'' ခန်း ခန်းမသခင် ... ငါတို့က ထုတ်ရောင်း ပေမယ့် ဒီပုလင်းကို ဘယ်သူမှ မဝယ်ကြဘူး၊ ဖောက်သည် တော်တော် များများက ဈေးအရမ်း များတယ် လို့တောင် ကြိမ်းမောင်း လာဖူးတယ်၊ ဖန်ကျူး တစ်ယောက်ပဲ သူတို့ကို ဝယ်ယူ ခဲ့တာပါ "

ချင်းမိန်၏ မျက်လုံးများမှာ နီရဲ စိုစွတ် လာကာ၊ ခေါင်းငုံ့သွားသည်။

" ပထမနေ့မှာ အခွင့်အရေးရ သွားတာကို ငါ အပြစ်မတင်ပါဘူး၊ ဒါပေမယ့် ဒုတိယနေ့နဲ့ တတိယနေ့မှာ ပြန်လာ ဝယ်တုန်းက ဘာလို့ သတင်းမပို့ ခဲ့တာလဲ "

ဆေးလုံး (၉၀)ကို ဝိညာဉ်ကျောက်စိမ်း (၉,၀၀၀) ဖြင့် ရောင်းထုတ် ခဲ့မိသည်ကို တွေးတော လိုက်မိသည်နှင့် တဆက်ဆက် နာကျင် သွားရသည်။

သူ့ဘေးတွင် ရပ်နေသော ချင်မိန်က စကား မပြော ဝံ့တော့ပေ။

'' ဒီကိစ္စကို နောက်မှ ဖြေရှင်းမယ်၊ ဆရာကြီး ကူယွန်ကို တွေ့ဖို့ အခု ချက်ချင်း လိုက်လာပါ ''

ယခုအချိန်တွင် ချင်းမိန်အား ပြစ်တင် ဝေဖန်ရန် အချိန်မရှိပေ။ ဆရာကြီး ကူယွန်ထံ အမြန်ဆုံး ရောက်ရှိ လိုခဲ့သည်။

လင်းယွန်၊ လီဝူယုနှင့် ကူယွန်တို့သည် တည်ခိုဆောင် အတွင်း၌ ကောင်းမွန်သော စိတ်ခံစားချက်များ ရရှိနေခဲ့သည်။

လွန်ခဲ့သည့် ရက် အနည်းငယ်က ၎င်းတို့ သန့်စင်ထားသော ဆေးလုံးများ အားလုံးကို ရောင်းချ နိုင်ခဲ့ပြီး ဖြစ်သဖြင့် သူတို့ သုံးဦးကို အလွန် စိတ်လှုပ်ရှား မိစေသည်။

ရတနာခန်းမသို့ အမြတ်၏ (၇၀%)ကို ပေးအပ် ပြီးနောက်တွင် ဝိညာဉ်ကျောက်စိမ်း (၂၇၀၀) ရရှိခဲ့သည်။

နောက်ထပ် ဆယ်ရက်အတွင်း ဝိညာဉ် ကျောက်စိမ်း (၁၀,၀၀၀)ခန့် စုဆောင်းနိုင် မည်ဟု ခန့်မှန်း ခဲ့သည်။

ထိုအချိန်တွင် ဓားသုတ္တန်ကို သတ္တမ အဆင့်သို့ ရောက်ရှိအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

သူ့အတွက် နောက်ထပ် လေးနက်သော သွေးကြောများကို ဖွဲ့စည်းရန်ပင် စိတ်ကူး ယဥ်လာ နိုင်ပေမည်။

လိုအပ်သော အရင်းအမြစ်များနှင့် ကျင့်ကြံရာတွင် အောင်မြင်မှု မရရှိခဲ့ပါက လင်းယွန်သည် ယီလျူယွင်ကို အနိုင်ယူ နိုင်မည် မဟုတ်ပေ။ နက်နဲနယ်ပယ် တတိယ အဆင့်ရှိ ယီလျူယွင်က အလွယ်တကူ ဖိနှိပ်လာ နိုင်ပေမည်။

"ဆရာ....."

ခန်းမသခင်ဝေ၏ ရုတ်တရက် ဝင်ရောက်လာမှု နှင့်အတူ ရိုကျိုးသော အမူအရာ များကြောင့် သုံးယောက်သား မော့ကြည့် လိုက်မိသည်။

'' ဆရာကြီး၊ ငါ မင်းကို အမှောင်ထဲမှာ ထားခဲ့မိတယ်၊ ငါက တတိယခန်းမရဲ့ တာဝန်ရှိသူ ဝေယွီပါ၊ မင်းကို အသိအမှတ် မပြုမိခဲ့တဲ့ အတွက်၊ ငါ့ကို ခွင့်လွှတ်ပါ။ "

" ချင်းမိန် .... ဆရာကြီးကို နှုတ်ဆက်လိုက် ပါဦး "

ကူယွန်ကို ကြည့်ကာ ချင်းမိန်က ပြုံးလျက် ဦးညွှတ်လိုက်သည်။

လင်းယွန်နှင့် လီဝူယုက အကြည့်ချင်း ဖလှယ်လိုက် ကြ၏။ သူတို့က အဖြစ်အပျက် များကို မခန့်မှန်း နိုင်ကြပေ၊ ကူယွန်ပင် စိတ်ရှုပ်သွား၏။

ခန်းမသခင် ဝေသည် အဘယ်ကြောင့် ရုတ်တရက် သဘောထား ပြောင်းလဲ သွားသည်ကို သူ မသိနိုင်ပေ။ ကူယွန်က လင်းယွန်ကို တစ်ချက် လှည့်ကြည့် လိုက်ပြီး၊ ဝေယွီထံသို့ ပြန်လှည့် သွားကာ၊

'' ခန်းမသခင်ဝေ မင်းလာလည် ရတဲ့ အကြောင်းရင်းကို ပြောပါ ''

'' ကျေးဇူးပြုပြီး ခန်းမသခင်လို့ မခေါ်ပါနဲ့၊ အဲဒါက ငါတို့ကြားက အကွာအဝေးကို ပိုဝေးစေပါတယ်။ ''

ဝေယွီက ပြုံးလိုက်ပြီး၊

" ဆရာကြီး ကျုပ်ကို ညီငယ်ဝေလို့ ခေါ်လို့ ရပါတယ်၊ ဒီဆေးပုလင်းကို မင်း အလေးအနက် ထားပြီး သန့်စင် ထားတာ မဟုတ်လား၊ အိုး..... နေဦး၊ ငါ တောင်းပန်ပါတယ်၊ ဒီလို ဆေးလုံး မျိုးကို ဆရာကြီးသာ မသန့်စင် နိုင်ရင်၊ ဘယ်သူ ကများ သန့်စင်ပေး နိုင်မှာတုန်း ''

စိတ်လှုပ်ရှား မှုများကြောင့် ဝေယွီ၏ အသံမှာ တုန်ယင်နေ ခဲ့သည်။

" တကယ်တော့ ရတနာခန်းမမှာ ဆရာကြီး ရှိနေတယ် ဆိုတာ မြို့တော်မှာ ရှိတဲ့ လူတိုင်း သိအောင် ငါတို့က ကြော်ငြာချင်လို့ပါ "

ယခုအချိန်မှပင် ကူယွန်က ဇာတ်ရည်လည် သွားသည်။ ထည်ဝါခန်းမမှ ဖူဂျောင်းကို ဖိတ်ခေါ် ခဲ့သည့် အတိုင်း၊ ရတနာခန်းမက သူ့နာမည်ကို မြို့တော်၌ အသုံးပြု လိုခဲ့ခြင်း ဖြစ်သည်။

သူ့အတွက်မူ ပြန်ဖြေစရာ စကားလုံးများ ပျောက်ဆုံး သွားသည်။ ဆေးလုံးများကို သူကိုယ်တိုင် သန့်စင်ထား သည်မှာ မှန်သော်လည်း၊ အရေးကြီးဆုံးသော ရူရ်များကို လင်းယွန်မှ ရေးထိုးထားခြင်း ဖြစ်သည်။

ကူယွန်၏ အမူအရာကြောင့် ဝေယွီက ပြုံးလိုက်ပြီး၊

'' နားလည်ပါပြီ၊ စိတ်ချပါ၊ ဆရာကြီးရဲ့ အထောက် အထားကို ရတနာ ခန်းမ ကလည်း အတင်းအကျပ် ထုတ်ဖော်မှာ မဟုတ်ပါဖူး၊ တောင်းဆို စရာ ရှိရင်သာ ကျုပ်တို့ကို အသိ ပေးပါ၊ ဒီနေ့က စပြီး ချင်းမိန်က ဆရာကြီးတို့ သုံးယောက် အတွက် လိုအပ်တာတွေ တာဝန်ယူပါ လိမ့်မယ် "

ထင်ပေါ်မှုကို မလိုလားသော မှော်ဆေး ပညာရှင် များစွာ ရှိပေသည်။ ဝေယွီမှာ လိမ္မာ ပါးနပ်လှ သည်ကြောင့် ကူယွန်၏ မျက်နှာကို မြင်လိုက်သည်နှင့် ၎င်းကို ချက်ခြင်း နားလည် သွားသည်။

'' ဒါဆို.... အနားယူ ကြပါဦး၊ ချင်းမိန် ဒီမှာ နေပြီး၊ မင်းလူတွေကို အမိန့် တစ်ခုခု ပေးထား လိုက်ပါ။ "

ဝေယွီက နှုတ်ဆက် လိုက်၏၊ သူ၏ သူဌေးနှင့် (၉၀%)အာနိသင် ရှိသော ဆေးလုံး များကို စျေးကွက် တင်ရန် အလျင်အမြန် ဆွေးနွေး လိုခဲ့သည်။

အစောပိုင်း အချိန်တွင် ခန်းမထဲ၌ တစ်စုံ တစ်ယောက်မှ စျေးကြီး ပေးဝယ် ခဲ့သော်လည်း၊ လွယ်လွယ်ဖြင့် သဘောတူ ဖို့ရန် မဝံ့ရဲခဲ့ပေ။ သူ မစော်ကား ဝံ့သော သြဇာ ကြီးမားသည့် ပုဂ္ဂိုလ်များ အများကြီး ရှိပေသည်။

ဥပမာ အားဖြင့် သူ၏ သူဌေးသည်သာ ဆေးလုံးများကို မည်သို့ ရောင်းချ မည်ကို ဆုံးဖြတ်မည် ဖြစ်သည်။

" ဆရာကြီး၊ အရင်က ဆေးအာနိသင် (၉၀%) ပါတဲ့၊ မင်းရဲ့ ဆေးပုလင်း တချို့ကို မတော်တဆ ရောင်းလိုက် မိပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။ "

ဝေယွီ ထွက်ခွာ သွားပြီးနောက်၊ ချင်းမိန်က ကူယွန်ထံ ချက်ချင်း တောင်းပန် လိုက်သည်။

လီဝူယုက ဆေးအာနိသင် (၉၀%)၏ အဓိပ္ပါယ်ကို နားမလည် သောကြောင့် သူ့နှာ ခေါင်းကို ပေါ့ပေါ့ ဆဆ ပွတ်သပ် လိုက် သော်လည်း ကူယွန် မှာမူ အလွန် တုန်လှုပ် သွားခဲ့သည်။

'' ဒါက ကိစ္စလေး ပဲလေ၊ အသေးအမွှားတွေ အတွက် ဆရာကြီးက စိတ်မဆိုး တက်ပါဘူး၊ ချင်းမိန် မင်းသွားလို့ ရပါပြီ၊ ဆရာကြီးမှာ လုပ်စရာ ရှိသေးတယ် ''

လင်းယွန်က ဝင်ရောက် ပြောဆို လာသည်ကြောင့်၊ သက်ပြင်း တစ်ချက်ချပြီး၊ ချင်းမိန်မှာ ပြုံးလျက်ဖြင့်၊

'' ဒါဆို ...ငါ အနားယူတော့ မယ်၊ ဒါပေမယ့် ငါအနားမှာ ရှိနေမှာမို့၊ မင်းတို့ တစ်ခုခု လိုအပ်ရင်၊ ငါ့ကို ခေါ်ဖို့ မတွန့်ဆုတ် ပါနဲ့။ "

" ဒီအမျိုးသမီးက ညို့အားပြင်းတဲ့ မိန်းမ တစ်ယောက်ပဲ၊ ဒါပေမယ့် သူက စီနီယာအစ်မ ရှင်းယန်ကိုတော့ လုံးဝ မယှဉ်နိုင်ဘူး "

ချင်းမေ ထွက်ခွာ သွားပြီးနောက်၊ လီဝူယုက ရယ်မောကာ ဝေဖန်လိုက် လေသည်။

" ဘုရားရေ(၉၀%)၊ ဆေးအာနိသင်လား "

တိုးဖွဖွရေရွတ် သံနှင့်အတူ ကူယွန်က ထိုင်ခုံပေါ်တွင် အေးခဲသွား လေသည်။ ခေါင်းကို လှည့်ကြည့် လိုက်ရာ၊ လင်းယွန်က တည်ငြိမ်စွာ လှမ်းကြည့် နေသည်ကို တွေ့လိုက်ရသည်။

" ဆရာကြီး၊ မင်းက ဒီလောက်ထိ သရုပ်ဆောင်ဖို့ လိုသေးလား၊ ဒါကဆေးဖက်ဝင် အာနိသင် (၉၀%)လေး ပဲကို ''

လီဝူယုက ပြုံးကာ၊ ကူယွန်၏ ဖြစ်ပျက် နေပုံကို အမြင်ကပ် ဟန်ဖြင့် အပစ်တင် လိုက်သည်။

'' မင်း ဘာသိလဲ၊ ချင်းမိန် ပြောတဲ့ စကားသာ မှန်တယ် ဆိုရင်တော့ အချိန် အနည်းငယ် အတွင်းမှာ မြို့တော် တစ်ခုလုံးကို ထိတ်လန့် စေဖို့ လုံလောက် နေပြီကွ... ''

'' စီနီယာ ဒီအတွက် စိတ်ပူစရာ မလိုပါဘူး၊ ဆေးလုံးတွေကို မင်းကိုယ်တိုင် သန့်စင်ပြီး၊ ငါက နည်းနည်းလေး ကူညီပေး ခဲ့တာပါ။ တစ်စုံတစ်ယောက်က မင်းကို မေးလာရင် မင်းကိုယ်တိုင် သန့်စင်ထား တာလို့ သူတို့ကို ပြောလိုက်ပါ ''

ကူယွန်၏ စိုးထိတ်မှုများကို နားလည် ဟန်ဖြင့်၊ လင်းယွန်က ပြုံးပြီး အားပေး လိုက်သည်။

'' အဲဒါက မသင့်တော် ပါဖူး၊ ဟုတ်တယ် မဟုတ်လား၊ ဒါတွေ အားလုံးက မြို့တော်ကို တုန်လှုပ်စေမယ့် ကိစ္စကြီးပဲ ''

ကူယွန်က ခေါင်းခါ လိုက်သည်။

'' စိတ်မပူပါနဲ့၊ လောလောဆယ်တော့ မလိုလား အပ်တဲ့ အရာတွေကို ငါဆွဲမခေါ် ချင်ဘူး၊ ငါရေးထိုး နေတဲ့ ရူရ်တွေကို ကြည့်ပြီး၊ မင်းသင်ယူ နိုင်တယ် မဟုတ်လား။

'' ဟုတ်တော့ ဟုတ်ပါတယ်၊ ရူရ်တွေကို ရေးထိုးတဲ့ အခါ၊ မင်းမှာ ထူးခြားတဲ့ ကျေးဇူးတော် တစ်ခု ရှိတယ်၊ တူညီတဲ့ မိုးတိမ် ရူရ် တွေကို ရေးထိုး တာချင်း အတူတူ၊ ဆေးဖက်ဝင် အာနိသင် (၉၀) ရာခိုင်နှုန်းကို ဘယ်လို ရနိုင်လဲ ဆိုတာ သိချင်နေ မိတယ်။ ''

(ကျေးဇူးတော်= ကောင်းကင်မှ ချီးမြှောက်သော အရည်အချင်း တစ်ခု)

ကူယွန်က သူ့ကိုယ်သူ သံသယများ ပြည့်နှက် နေခဲ့သည်။

သူသည် လင်းယွန် ရေးထိုးထားသော ဝိညာဉ် ရူရ်များကို မှတ်သား ထားပြီး ၎င်းတို့ကို ပြန်လည် ရေးထိုးကြည့်သော အခါတွင်၊ လင်းယွန်၌ ၎င်းနှင့် ပတ်သက်၍ ထူးခြားသော ကျေးဇူးတော် တစ်ခု ရှိနေရမည်ဟု ယူဆ လိုက်မိသည်။

စုတ်တံကို သူက ပေးထားရပြီး မှင်မှာ သာမန်နတ်ဆိုးသားရဲ၏ သွေးဖြင့် ပြုလုပ် ထားသည်။ ဤသို့ဆိုလျှင် လင်းယွန်သည် ဆေးဖက်ဝင် အာနိသင် (၉၀%)ကို မည်သည့် နေရာမှ ရယူနိုင် ခဲ့လေသနည်း။

လင်းယွန်က ပြုံးပြ လိုက်ကာ၊ ရှင်းပြလာခြင်း မရှိချေ။ ရှေးဦးကျမ်းကို ကျင့်ကြံ ပြီးနောက်၊ သူရေးထိုး နိုင်သော ရူရ် များတွင် အသက် စွမ်းအင်များ ပါ၀င်လာ သည်ကြောင့်၊ ဖူဂျောင်းကို မယှဉ်နိုင် ခဲ့ပါက၊ ရှက်စရာပင် ဖြစ်ပေလိမ့်မည်။

၎င်းနောက်ကွယ်ရှိ ယုတ္တိဗေဒ သဘော တရားကို ကူယွန်အား မည်သို့ ရှင်းပြ ရမည်ကို သူ မသိပေ။

လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိသောကြောင့် ကူယွန်က ယင်းအကြောင်းကို ထပ်မံ မမေးတော့ပေ။

လင်းယွန် နောက်ကို လိုက်ခြင်းဖြင့်၊ မိုးတိမ်ရူရ်များ ရေးထိုးရာတွင် တိုးတက်လာ သည်ကြောင့် ကျေနပ်နေ မိသည်။

တစ်ချိန်တည်းမှာပင်၊ ရတနာခန်းမသည် ယနေ့ တစ်ရက်အား ပိတ်ထားမည်ဟု ဆိုင်းဘုတ် ကပ်ထားခဲ့ သော်လည်း၊ ခန်းမ အပြင် ဘက်တွင် လူများဖြင့် ပြည့်နှက်နေသည်။

" သေစမ်း...အဲဒီတုန်းက ဆေးလုံးကို ရနိုင်မဲ့ အခွင့်အရေး လက်လွတ် ဆုံးရှုံး ခဲ့ရတယ် ''

'' ငါ့လည်း ဒီလိုပါပဲ၊ အဲဒီဆေးလုံးက ဆေးဖက်ဝင် အာနိသင် (၉၀%) ရှိတယ်လို့ ဘယ်သူက ခန့်မှန်း မိမှာလဲ။ '

" ကောင်တာမှာ ရှိတုန်းက ဝယ်ဖို့ အခွင့် အရေးကို လွတ်သွားတယ်..."

'' မနက်ဖြန် ရတနာခန်းမမှာ လူဘယ်လောက် များလာ မလဲလို့ တွေးမိတယ် ''

လူတော်တော်များများက သက်ပြင်းချ လိုက်ကြသည်။ ဖန်ကျူးကို ကြည့်မိသည်နှင့် တစ်ဖန် ရှုပ်ထွေးလာ ကြပြန်သည်။ တစ်စုံ တစ်ယောက်က ပင့်သက် ရှည်ကြီးကို ချကာ၊ ပြုံးလိုက်ပြီး၊

" ခေါင်းဆောင်ဖန်၊ မင်း ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးကို ရိတ်သိမ်းမိ သွားတာပဲ ..."

" မင်းမှာ ရောင်းစရာ ဆေးလုံး ရှိလား ခေါင်းဆောင်ဖန် "

အခြားသော လူတစ်ယောက်က ဖန်ကျူးကို မှုန်ကုပ်ကုပ် ပြုံးကာ မေးကြည့် လိုက်သည်။

'' အဲဒါကို မစဉ်းစားနဲ့၊ ငါ့မှာ ဆေးလုံး ရှိခဲ့ ရင်တောင်၊ ငါ့အဖွဲ့ထဲက ညီအစ်ကို တွေကို ပေးရမယ်၊ ဘယ်လိုလုပ် ရောင်းနိုင် ရမှာလဲ"

ဖန်ကျူးက လွန်ခဲ့သော သုံးရက်တာ လုံးလုံး အကျိုးခံစားခွင့် ရရှိခဲ့သည့် အတွက် အလွန် ပျော်ရွှင် နေခဲ့သည်။

ရတနာခန်းမသည် မနက်ဖြန်တွင် ဝိညာဉ်ကျောက်စိမ်း (၃၀၀) အောက်ထစ်ဖြင့် လေလံပွဲ တစ်ခု ကျင်းပလာ နိုင် ပေမည်။

စျေးနှုန်းမှာ သုံးဆအထိ တိုးလာနိုင် သော်လည်း၊ ဆေးအာနိသင် (၉၀) ရာခိုင်နှုန်း ပါရှိသော အရည်အသွေး များကြောင့်၊ အထက်တန်း လွှာများ အားလုံးကို စွဲဆောင် သွားနိုင်မည် ဖြစ်သည်။

***

All Chapters