မျက်နှာကို ဖြတ်ရိုက်ခြင်း။
Vol. 16 Ch. 223
ရတနာခန်းမ အပြင်ဘက်တွင် လူအုပ်ကြီးမှာ တန်းစီနေပြီး မည်မျှကြာအောင် စောင့်ရမည်ကို မည်သူမျှ မသိနိုင်ပေ။
လျူယွီ၏ မြို့တော်တွင်း ဂုဏ်သတင်းအရသူမက တန်းစီရန် မလိုအပ်တော့ သည်မှာ သဘာဝပင်။ စင်စစ်သော်ကား၊ နတ်ဘုရားအစောင့် တပ်မှူး၏ သမီးအတွက် အခက်တွေ့အောင် မည်သူမျှ ကြိုးစားမည် မဟုတ်ပေ။
နတ်ဘုရားအစောင့်များမှာ တော်ဝင်မျိုးနွယ်၏ အချွန်ထက်ဆုံးဓား ဖြစ်သည်။ သူတို့သည် ဧကရာဇ်မင်းမြတ်၏ အခွင့်အာဏာကို ကိုယ်စားပြု၏။
မြို့တော်တွင် မှူးမတ်များမှ လွဲ၍ နတ်ဘုရား အစောင့်များကို မည်သူမျှ စိန်ခေါ်ဝံ့သူ မရှိနိုင်။ မြင့်မြတ်သော မျိုးနွယ်စုကြီး လေးစုပင်လျှင် ၎င်းတို့ကို အပြစ် မပြုဝံ့ ပေ။
ဖူဂျောင်းက လျူယွီနှင့် အတူ ရတနာခန်းမသို့မဝင်မီ ရှက်ရွံ့စွာဖြင့် အဝတ်စကို မြွေပါးပျဉ်းသဏ္ဍာန် ပြင်ယူလိုက်ပြီး၊ မျက်နှာကို ဖုံးအုပ်လိုက်သည်။
ပင်မ ခန်းမကြီး ထဲတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ လင်းယွန်နှင့် လီဝူယုတို့မှာ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေကြသည်။
ဤနေ့ လေလံပွဲ ပြီးပါက၊ အရင်းအမြစ်များ လုံလောက်စွာ ရရှိသွားမည် ဖြစ်ကာ၊ ထွက်ခွာ ကြတော့မည် ဖြစ်သည်။
ယီလျူယွင်နှင့် သေရှင် တိုက်ပွဲသည် ထိပ်တန်းဦးစားပေး ဖြစ်ပြီး ရတနာ ခန်းမမှာ သူ့ပန်းတိုင်သို့ သွားရာလမ်းခရီး တစ်လမ်းမျှသာ ဖြစ်သည်။
“ အစ်ကိုကြီး၊ ဒီနေ့ တကယ်ကို အသက်ဝင်တယ်၊ ငါတို့ ဆေးသန့်စင်ခန်း ထဲမှာပဲ တစ်ချိန်လုံး ပုန်းနေခဲ့ရတယ်၊ ဒါက တကယ်ကို အချိန်ဖြုန်း မိခဲ့တာပဲ ”
လီဝူယုက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
ယနေ့သည် နောက်ဆုံး လေလံပွဲ ဖြစ်ပြီး ဤနေရာရှိ လူတိုင်းသည် နက်နဲနယ်မြေရှိ အထက်တန်းစားများ ဖြစ်သည်။
အချို့သော သူများသည် ၎င်းတို့၏ အထောက်အထားများကို ထုတ်ဖော်ရန် ဆန္ဒမရှိ ကြသည် ဖြစ်ရာ၊ မျက်နှာများကို ဖုံးကွယ်ထား ကြသည်။
အမှန်ဆိုရလျှင် ယနေ့ ရောက်ရှိလာ သူများမှာ ကျင့်ကြံမှု လမ်းခရီး၌ ပိတ်ဆို့မှုများ ကြုံတွေ့လာသူ အများစုသာ ဖြစ်ပြီး၊ ယင်းကို တွေ့ရှိသွားပါက ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်မည် ဖြစ်သည်။
သို့သော် အချို့သော လူများက ယင်းကို ဂရုမစိုက် ကြပေ၊ ဥပမာ 'မျောလွင့်နေသောရေခွက်'ပင် ဖြစ်သည်။
သင်္ကန်း ဝတ်ဆင် ထားသော ဘုန်ကြီး တစ်ပါး၏ အသွင် အပြင်မှာ လူအများ၏ အာရုံကို ဖမ်းစားနိုင် ခဲ့သည်။ သူက ထိုနေရာတွင် ထိုင်သောက် နေခဲ့ပြီး သူ့ကို မြင်မိ သူတိုင်းက ဖော်ရွေစွာ နှုတ်ဆက် လာကြ၏။
" ဆရာငယ် လွင့်မြောနေတဲ့ ရေခွက်လေး၊ မင်း ဒီမှာ နက်နဲ ဆေးလုံးတွေ အတွက်လား။"
“ အင်း.... ဟာသ တစ်ပုဒ် အတွက် ငါဒီမှာ ရှိနေတာပါ ”
လွင်မျော နေသော ရေခွက်လေးက၊ တိကျ သေချာသော အဖြေ မပေး ခဲ့ဘဲ၊ ထွေထွေ ထူးထူး မရှိ ဟန်ဖြင့် ပြုံးနေ လိုက်သည်။ သူ့အဖြေ အတွက် မည်သူမျှ သူ့ကို ဖိအား မပေးရဲ ကြပေ။
နောက်ဆုံးတွင်၊ သူသည် မြို့တော်ရှိ ထင်ရှားသော ပုဂ္ဂိုလ် ရှစ်ဦး ထဲမှ တစ်ဦး ဖြစ်သည်။ သူနှင့် စကား ပြောရ သည်ပင် ဂုဏ်ယူစရာ ဖြစ်ပေသည်။
“ လူတိုင်းရဲ့ မျက်စိရှေ့မှာ မရှက်မကြောက် အရက်ကို အရသာခံ သောက်ပြီး၊ အသားစားနေတဲ့၊ ဒီဆိုးသွမ်းတဲ့ မြည်းကတုံး လေးက... တကယ်ကို ပွင့်လင်း ပါပေတယ်”
လီဝူယုက သဘောကျ ဟန်ဖြင့် ရယ်မောကာ ဝေဖန် လိုက်သည်။ သူစကား ဆုံးသည်နှင့် 'လွင့်မျောနေသော ရေခွက်လေး' က ပြုံးပြီး၊ သူ့ခွက်ကို မြှောက်ပြကာ ကမ်းပေ့ လုပ်လာ ခဲ့သည်။
" မင်းရဲ့အသံကို မထိန်း နိုင်ဖူးလား"
လင်းယွန်က အနည်းငယ် အားနာ ရှက်ရွံ့သွားပြီး သူ့ခွက်ကို ပြန်မြှောက်ပြ လိုက်မိသည်။
“ အဟီး။ ငါ့ မကောင်းတာပါ၊ ငါ့အပြစ်ပါ "
လီဝူယုက ပေါ့ပေါ့ ပါးပါး ပြန်ဖြေ လာသည်။
" ဓားကျွန်ကောင်၊ မင်း ဒီမှာ တကယ်ရှိ နေတာပဲ "
လျူယွီက ရတနာ ခန်းမတွင် လင်းယွန်နှင့် လီဝူယုကို တွေ့ရန် မမျှော်လင့် ထားမိပေ။ သူ့အမြင် မှားနေပြီဟု ထင်ပြီး ခဏကြာ အံ့သြသွား မိသေးသည်။ လင်းယွန်၏ ပတ်ပတ်လည်ကို လှမ်းကြည့်ကာ၊
“ နင်တို့ နှစ်ယောက် ဒီမှာ ရှိနေဖို့ အရည် အချင်း ပြည့်မီ ရဲ့လား ဟမ်။ ”
ယင်းထိုင်ခုံများမှာ မွန်မြတ်သော အဆင့် အတန်း ရှိသူများ အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပြီး၊ ဖန်ကျူးနှင့် မျောလွင့်နေသောရေခွက်လေး ကဲ့သို့ ကြွယ်ဝချမ်းသာ သူများ၊ သို့မဟုတ် သြဇာ လွှမ်းမိုးမှု ရှိသူများ အတွက်သာ ဖြစ်သည်။
လျူယွီ၏ အမြင်အရ လင်းယွန်သည် ဤနေရာတွင် ရှိနေရန် အရည်အချင်း မရှိပေ။
လီဝူယုက လျူယွီကို လုံးဝ အထင်ကြီးခြင်း မရှိခဲ့ပဲ ပြုံးကာ၊
"ငါတို့ ဒီကို လာဖို့ အရည်အချင်း မပြည့်မှီ ဖူးထင်ရင် ဘာလို့ မေးနေရတာလဲ၊ လာ ငါတို့ကို မောင်းထုတ်လိုက် ... ”
" အဲ့ဒါကို ငါ မလုပ်ဝံ့ဖူးလို့၊ မင်း ထင်လား"
လျူယွီက လီဝူယု၏ မထီမဲ့မြင် ပြုသော သဘောထားကို မြင်ပြီးနောက် မျက်ခုံးပင့်လိုက်သည်။ သူမ အကြည့်ကို ချင်းမိန်ဘက် လှည့်လိုက်ပြီး၊
" မင်းရဲ့ ခန်းမသခင်ကို ခေါ်လိုက်ပါ၊ ဒီလို ဓားကျွန် တစ်ယောက်က ငါတို့နဲ့ အတူ ထိုင်နိုင်တာလား၊ ရတနာ ခန်းမက ငါတို့ အားလုံးကို ဓားကျွန်နဲ့ အတူတူ ပဲလို့ ပြောဖို့ ကြိုးစားနေ တာပဲ ဟမ် ''
လျူယွီသည် မြို့တော်ရှိ နာမည်ကြီးသူ တစ်ယောက် အဖြစ် သတ်မှတ် ခံထားရသောကြောင့် လူတိုင်းက သူမကို သဘာဝ ကျကျ သိကြသည်။
သူမ၏ ဖခင် လျူဖေးလောင်မှာ တန်ခိုးထွားသော မြင့်မြတ်သည့် အဆင့် အတန်း ရှိသူ ဖြစ်သည်။ နဂါးဗိုလ်ချုပ် ဖြစ်သည် နှင့်အညီ ဧကရာဇ် မင်း၏ ဓားတစ်လက် ကဲ့သို့ အာဏာကို ပိုင်စိုး ထားပေ၏။
ခွန်အား အပေါ် တန်ဖိုး ထားသော ဓားနန်းတော်တွင် မည်သည့် အခွင့် အာဏာမှ သူမ မရရှိ ခဲ့ပေ။ သို့သော် မြို့တော် တွင်မူ လူတိုင်း နီးပါးမှာ သူမ၏ အကောင်းမြင်မှုကို လိုလား တောင်းတ ကြလေသည်။
လူတိုင်းက တစ်ခုခု မှားနေသည်ဟု ခံစားနေ မိစဉ်မှာပင်၊ လွင့်မျောနေသော ရေခွက်လေးက ရုတ်တရက် စကားပြော လာခဲ့သည်။
" လျူယွီ၊ မင်းနဲ့ လင်းယွန်က ဂိုဏ်းတူ မောင်နှစ်မတွေ မဟုတ်လား၊ အရည်အချင်း အကြောင်း ပြောရရင်၊ ဓားနန်းတော် ထဲမှာ သူနဲ့ နှိုင်းယှဉ်လို့ ရတဲ့ သူ မရှိ ပါဘူး ”
စကားတစ်ခွန်း တည်းဖြင့် လင်းယွန်နှင့် လီဝူယု၏ အဆင် မပြေသော အရာများကို ဖြေရှင်း ပေးခဲ့သည်။ သည့်တင်မက လျူယွီကိုပင် နှိမ့်ချ လှောင်ပြောင် လိုက်၏။
လျူယွီက လင်းယွန်ကို ဓားကျွန်ဟု ခေါ်ဆို ပြီးနောက်၊ လွင့်မျော နေသော ရေခွက်လေးက သူမအား ဓားကျွန် ကဲ့သို့ပင် အရည်အချင်း မရှိနိုင်ကြောင်း ပြောကြား လာခဲ့သည်။
လင်းယွန်ကို ကြည့်နေသည့် လူများ၏ မျက်လုံး ထဲတွင် အံသြသွား ကြသည်။
"ဒါဆို သူပဲ "
“ဒီလူငယ်မှာ ရက်စက် ကြမ်းကြုတ်တဲ့ နှလုံးသားရှိတယ်၊ ကြယ်ကိုးပွင့် ပြိုင်ပွဲမှာ ဝမ်နင်ကိုတောင် သူက သတ်ပစ်ခဲ့တာ။”
" ဝမ်မျိုးနွယ်စုရဲ့ အကြီးအကဲတွေက ရူးသွပ် လု နီးပါးပဲ "
“ နေဦး သူ ဒုက္ခ ရောက်နေတယ်လို့ ကြားတယ်၊ သေမျိုး အဆင့် (၃၆)က ယီလျူယွင်နဲ့ သေရှင် စိန်ခေါ်ပွဲကို ရင်ဆိုင်ရမယ် မဟုတ်လား။ ''
“ သူ အသက်ရှင်ဖို့ လွယ်မှာ မဟုတ်ဖူး ”
" မျောလွင့်နေသော ရေခွက်လေးက သူ့အတွက် ကူညီနေတာလား ထူးဆန်းတယ်..."
ပတ်ဝန်းကျင်တွင် ဆွေးနွေးမှုများအရ လျူယွီ ၏ ပူလောင်နေသော ဒေါသမှာ ငြိမ်သက် သွားခဲ့သည်။ သူမ လုပ်နိုင်သော အရာမရှိချေ။
ခွန်အား၊ နောက်ခံ သို့မဟုတ် သြဇာ လွှမ်းမိုးမှု များအရ သူမသည် လွင့်မျောနေသော ရေခွက်ကို နှိုင်းယှဉ် နိုင်ရန် နည်းလမ်း မရှိပေ။ ထို့ကြောင့် ချင်းမိန်ကို စိုက်ကြည့် လိုက်ပြီး၊ ဒေါသတကြီး အော်ဟစ် လိုက်သည်။
"နင် ဘာလို့ အဲ့ဒီမှာ ရပ်နေတာလဲ၊ မင်းရဲ့ ခန်းမသခင်ကို ခေါ်ဖို့ ငါပြော ခဲ့တယ် မဟုတ်လား ”
ချင်းမိန်က အဆင်မပြေ ဟန်ဖြင့် ပြုံးလိုက်မိသည်။ ဝေယွီကို သတင်းပို့ မိပါက အရိုက်ခံရမည်ဆိုတာ သူမ သိသည်။
လျူယွီသည် နဂါးဗိုလ်ချုပ်၏ သမီး သို့မဟုတ် မင်းသမီး တစ်ပါး ဖြစ်ခဲ့ လျှင်ပင်၊ ရတနာခန်းမသည် သူမ အလိုကို မလိုက်လျော နိုင်ပေ။
ဤလောက၌ ငွေကို မျက်ကွယ်ပြု ထားနိုင်သော သူများမှာ အရူး များသာ ဖြစ်ပေမည်။
“ မိန်းကလေးလျူ၊ သူတို့ နှစ်ယောက်က ရတနာခန်းမရဲ့ အထူး ဧည့်သည် တွေပါ၊ ခန်းမသခင်က သူတို့ကို ငြိုငြင်အောင် မလုပ်ဖို့ ညွှန်ကြား ထားပါတယ်၊ မင်း အဆင်မပြေရင် အပေါ်ဆုံး ထပ်မှာ၊ မင်းကို ငါဘာလို့ မစီစဉ် ပေးနိုင် ရမှာလဲ။ ''
ချင်းမိန်က သူ့ကံကို ယုံပြီး ကြိုးစား ဖြေကြား လိုက်မိသည်။
"မင်း ငါ့ကို ထွက်သွားခိုင်း နေတာလား"
လျူယွီက ဒေါသ ထွက်သွား၏။ ချင်းမိန်ကလင်းယွန်ကို နှင်ထုတ်ရန် ငြင်းဆိုခဲ့သည် သာမက သူမကို ထွက်သွားရန်ပင် လိုလား နေခဲ့သည်။
“ ငါ မလုပ်ဝံ့ပါဘူး..... ”
ချင်းမိန်၏ စိတ်ထဲတွင် လျူယွီမှာ ရယ်စရာ ကောင်းနေ ခဲ့သည်။ လင်းယွန်ကို မတွေ့ချင် သောကြောင့် အပေါ်ဆုံး ထပ်သို့ ပို့ဆောင်ရန် ကြိုးစားမိခြင်းသာ ဖြစ်လေသည်။
သို့သော် သူမ၏ စကားများက လျူယွင်အမြင်၌ လုံးဝ ကွဲပြားသော အဓိပ္ပါယ် ဖြစ်လာသည်။ ရတနာခန်းမသည် အမှန်တကယ်ပင် ဓားကျွန် တစ်ယောက် အတွက်၊ လိုက်လျောမှု ပြုလုပ်ရန် သူ့အား ငြင်းဆန် လာခဲ့၏။
“ ထိုင်.... ငါ့တပည့် ”
လျူယွီ၏ ဆက်သွားတော့မည့် အမူအရာကို မြင်သည်နှင့် ဖူဂျောင်းက ဟန့်တား လိုက်သည်။ သူ့၏ အထောက်အထားများ ဖော်ထုတ် ခံရမည်ကို ကြောက်ရွံ့ သွားခြင်း ဖြစ်သည်။
လျူယွီက အံကြိတ်လိုက်ပြီး၊ အေးစက်သော အမူအရာဖြင့် ထိုင်ချလိုက်သည်။ သူမကို ပြုံးပြ နေသော လီဝူယုကြောင့် ဒေါသများ ပေါက်ကွဲ လုနီးပါး ဖြစ်ခဲ့ရ၏။
ရတနာ ခန်းမသို့ လိုက်ပါလာ မိခဲ့ခြင်း အတွက် နောင်တရ သွားသည်။ လွင့်မျောနေသော ရေခွက်လေး၏ လှောင်ပြောင်မှု၌ အဆင်ပြေ နိုင်သော်လည်း၊ လင်းယွန်တို့ နှစ်ဦး၏ အဆင့် အတန်းများ အရ၊ သူ့အပေါ် စော်ကားမှုကို လက်မခံ နိုင်ပေ။
“ ဆရာကြီး၊ လင်းယွန် လာနေပြီ…”
သူတို့၏ ဦးတည်ရာသို့ လျှောက်လာသည့် လင်းယွန်ကို မြင်လိုက်ရရာ၊ လျူယွီ့ မျက်နှာမှာ ပြောင်းလဲ သွား၏။
ဖူဂျောင်းက သူ့ကိုယ်သူ အဝတ် ပါးပျဉ်းဖြင့် တင်းတင်းကြပ်ကြပ် ပုံးကွယ် လိုက်သည်။ လင်းယွန်မှာ သူ့ကို သိရှိ သွားသည်လားဟု တွေးတော လိုက်မိကာ၊ အနည်းငယ် တုန်လှုပ်သွား ခဲ့သည်။
သူ ... မည်သူ မည်ဝါ ဖြစ်သည်ကို ထုတ်ဖော်နိုင်ခြေ ရှိမည်ဟု တွေးမိလာကာ၊ ဖူဂျောင်းက ထိတ်လန့် ခြင်းငှာ မထိန်းနိုင် တော့ပဲ ဖြစ်လာတော့သည်။
လင်းယွန် အနား ရောက်လာ သည်ကို မြင်သော အခါတွင် စိတ်လှုပ်ရှား စွာဖြင့်၊ ထိုင်ခုံ ပြောင်းရန် ပြင်လိုက် မိသော်လည်း၊ သူ မထနိုင်ခင်မှာပင် လင်းယွန်က ရယ်မော လိုက်ပြီး၊
"ဆရာကြီး ဖူဂျောင်း၊ ထည်ဝါခန်းမမှာ မင်းရဲ့ဆေးလုံး ဖွင့်ပွဲကို ကျင်းပနေတာ မဟုတ်ဖူးလား၊ ဒီရတနာ ခန်းမမှာ မင်း ဘာလာလုပ် နေတာလဲ"
လင်းယွန်၏ စကားများကြောင့် ပါးပျဉ်းအောက်တွင် ဝှက်ထားသော ဖူဂျောင်းကို လူအုပ်ကြီးက အာရုံစိုက် လာမိသည်။
သူ့စကားသံမှာ အကျယ်ကြီး မဟုတ်သော်လည်း၊ လူတိုင်းကို ပြတ်ပြတ်သားသားကြားလိုက်ရစေသည်။
ဖူဂျောင်း၏ နာမည်မှာ မြို့တော်တွင် ကျော်ကြားလှပြီး မျိုးနွယ်စုတိုင်းက ထင်ရှားသော ဧည့်သည်တော် အဖြစ် သတ်မှတ်ထားကြလေသည်။
ဤနေရာရှိ လူအများ အပြားသည် သူနှင့် နက်ရှိုင်းသော ပတ်သတ်မှုများ ရှိခဲ့ သည်ကြောင့်၊ ၎င်းတို့အား သူ၏ ဆေးလုံးဖွင့်ပွဲ အခမ်းအနားသို့ ဖိတ်ကြားခြင်း၊ ခံခဲ့ရသည်။ ထို့ကြောင့် ဖူဂျောင်းသာ ဤနေရာ၌ ရှိနေခဲ့ပါက၊ သူတို့ မျက်နှာပူ ရပေမည်။
ထို့အတူ ဖူဂျောင်း သည်လည်း အဆင်မပြေ လှပေ။ စူးစူး ရဲရဲ အကြည့် များကြောင့် သေချင်စော်နံ လာခဲ့သည်။ သူ့တစ်သက် တာလုံးတွင် ဤသို့ အရှက်ရစရာ အခြေအနေမျိုး တစ်ကြိမ်မှ မကြုံခဲ့ ဖူးပေ။
အကျပ်အတည်းဖြစ်နေသော ဖူဂျောင်းက ကူကယ်ရာမဲ့ ဟန်ဖြင့် လင်းယွန်ကို စိတ်ထဲမှ ကျိန်ဆဲလိုက် မိသည်။
ထို့နောက်တွင် သူ့ဦးထုပ်ကို ဖယ်လိုက်ပြီး၊ တည်ငြိမ်သော အမူအရာဖြင့် ပြုံးလိုက်ကာ၊
" ငါက နိမ့်ကျတဲ့ ပုံရိပ်ကို သိမ်းထားချင် ခဲ့တာပါ၊ ဒါပေမယ့် လူငယ်လေး တစ်ယောက်ရဲ့အသိအမှတ် ပြုတာကို ခံရလိမ့်မယ်လို့ မမျှော်လင့် ထားမိဖူး၊ ဒီလိုဆေးလုံး မျိုးတွေကို ဘယ်သူကများ သန့်စင်နိုင်ခဲ့ တာလဲ ဆိုတာ သိချင် ယုံလေးပါ။ ''
လူအုပ်ကြီးမှာ ဖူဂျောင်း၏ အဖြေစကားကြောင့် ခေါင်းညိတ် လိုက်ကြသည်။
“ဆရာကြီး မင်းက အရမ်းနှိမ့်ချ လွန်းတယ်”
“ဆရာကြီး ဖူဂျောင်းက တကယ်ကို နှိမ့်ချတာပဲ၊ နာမည်ကြီး လာခဲ့တာတောင် သင်ယူဖို့ ဘယ်တော့မှ မမေ့ဘူး။”
“ ဟုတ်တယ်၊ မှန်တယ် ဆရာကြီး ဖူဂျောင်း၊ မင်း အားလပ်ချိန်မှာ ငါ့အိမ်ကို လာလည်ပါ၊ ငါတို့ နှစ်ယောက် မဆုံရတာ ကြာပြီ ”
ဧည့်သည် များစွာက အဆင်မပြေသောအခြေအနေကို ဖြေရှင်းရန် ဖူဂျောင်းကို အားပေးလိုက် ကြသည်။
" ဆရာကြီ တဲ့ လား ဟမ် ... ခိုးကြောင် ခိုးဝှက် ထိုင်နေတဲ့ သူကို ဆရာကြီး လို့ ခေါ်နေတာလား၊ ဟာသပဲ၊ ငါအမြင် အရတော့ သူက ဆရာ ဂုဏ်ပုဒ်နဲ့ မညီတဲ့ မြေခွေး အိုကြီး ပါပဲ ”
ဟု လီဝူယုက အမြင်ကပ်ဟန်ဖြင့် လှောင်ပြောင် လိုက်သည်။ သူ့အသံက ချက်ချင်းပင် ခန်းမကြီးကို တိတ်ဆိတ် သွားစေ၏။
တစ်ချိန်တည်းမှာပင် လူတိုင်းက လီဝူယုမှာ မည်မျှ ယုတ်မာ ပက်စက် လှသည်ကို သတိပြုမိ သွားသည်။
ဖူဂျောင်း အတွက် ပျောက်ကွယ် သွားချင် လောက်အောင် အဆင် မပြေမှန်း လူတိုင်း သိကြ သော်လည်း သူတို့၏ မိတ်ဆွေ ဖြစ်သောကြောင့် ဒဏ်ရာကို ဆားမပွတ် ချင်ကြပေ။ သို့သော် လီဝူယုနှင့် လင်းယွန် အတွက်မူ ထိုသို့ မဟုတ်။
လျူယွီ၏ အကြည့်မှာ အေးစက်သွား၏၊
" လီဝူယု၊ မင်း သေချင်နေတာလား "
" ဘာဖြစ်လို့လဲ ငါပြောတာ မှားသွားလား၊ လွန်ခဲ့တဲ့ ဆယ်ရက် လောက်က သူရဲ့ ဂိုဏ်းတူ ညီအစ်ကို တစ်ယောက်ကို အရှက် ရအောင် လုပ်ခဲ့တာ သူ မဟုတ်ဖူးလား”
လွန်ခဲ့သော ဆယ်ရက်မှ ဖြစ်ပျက်များက သူ့စိတ်ထဲ၌ ကွက်ကွက် ကွင်းကွင်း ရှိနေ ဆဲပင်။ မောပန်း နွမ်းနယ် နေသည်ကြောင့် တစ်ညတာ အနားယူ လိုသော်လည်း၊ ထည်ဝါခန်းမမှ နှင်ထုတ် ခံခဲ့ရသည်။
ဤသည်မှာ ယုတ်ညံ့သော မှော်ဆေး ပညာရှင်၏ လုပ်ရပ် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးသည် ဂိုဏ်းတစ်ခု တည်းမှ ဖြစ်ကြ သော်လည်း၊ ကူယွန် အတွက် ဝင်ရောက်ရပ်တည် ပေးခြင်း မရှိရုံ သာမက၊ နင်းချေရန် ခန်းမသခင် မို နှင့်ပင်၊ ပူးပေါင်း ခဲ့သည်။
တွေးမိ လိုက်တိုင်း လီဝူယုက ဒေါသ ပိုပို ဖြစ်လာ ခဲ့ပြီး စားပွဲကို ပိတ်ရိုက် လိုက်ကာ၊
" ဆရာ ဖူဂျောင်း ဆိုတဲ့ မြေခွေး အိုကြီး၊ ဒီမှာ လူတိုင်း ရှေ့ ရိုးသား ကြရအောင်၊ ငါအမှန်အတိုင်း ပြောခဲ့တာ...၊ ဆရာကြီး ကူယွန်ကို မင်း ဘယ်လို ဆက်ဆံ ခဲ့လဲ၊ သူက မင်းကို လေးလေး စားစား ဆက်ဆံတယ်၊ ဒါပေမယ့် မင်းကကော... မင်းက သူ့ကို အမှိုက် တစ်စလို့ ခေါ်ပြီး သူ့ဂုဏ် သိက္ခာကို နင်းချေချင် နေတယ် "
ရတနာ ခန်းမမှာ လုံးဝ တိတ်ဆိတ် သွား၏။ အားလုံးက ထိတ်လန့် တကြားဖြင့် လီဝူယုကိုလှမ်းကြည့်လိုက် ကြသည်။ လီဝူယုသည် ဤမျှ ရက်စက်သော ပါးစပ် တစ်စုံ ပိုင်ဆိုင် လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ ကြပေ။
ထိုအချိန်တွင် ဖူဂျောင်းက သူ့မျက်နှာ ပေါ်ရှိ အပြုံးကို မထိန်းထား နိုင်တော့ပဲ၊ ဒေါသတကြီးဖြင့်၊
“ မင်းလို ကောင်ငယ်လေးနဲ့ ငါက ရန်ဖြစ် နေမှာ မဟုတ်ဘူး၊ တပည့် ....သွားရအောင်။ "
" သွား မယ် ... တဲ့ လား "
လင်းယွန်က ခွက်ထဲရှိ ဝိုင်ကို မော့သောက်လိုက်ပြီး၊
“ မင်း ဘယ်သွား မလို့လဲ၊ မင်းရဲ့ ဆေးလုံး ဖွင့်ပွဲမှာ သက်ရှိ ဝိညာဉ် တစ်ကောင်တောင် မရှိဖူးလို့ ငါ ကြားမိတယ်၊ မင်းမှာ သွားစရာ နေရာရော ရှိသေးရဲ့လား"
သူ့စကားကြောင့် ဖူဂျောင်းက ယိမ်းယိုင် သွားပြီး သွေးအန် လုနီးပါး ဖြစ်သွား၏။ သို့သော်လီဝူယုက ထိုမျှဖြင့် အားမရ သေးပဲ၊
“ ဘယ်သူ သိမှာလဲ၊ ဆရာကြီး ဖူဂျောင်းက သူခိုး တစ်ယောက်လို ရတနာ ခန်းမကို ဝင်ရောက် လာပြီဆို ကတည်းက၊ သူ့ဖွင့်ပွဲကို လာမဲ့သူ မရှိတာ သိသာ နေတာပဲ ''
သူတို့ နှစ်ယောက် ပူးပေါင်းပြီး စကားလုံးများဖြင့် တိုက်ခိုက်လာ သည်ကြောင့်၊ ခန်းမထဲရှိလူအုပ်ကြီးမှာ အသံ မထွက်ရဲ အောင်ပင် ဆွံ့အ ကုန်လေပြီ။ ယနေ့တွင် ဝမ်နင်ကို သတ်ရဲသော လူငယ် နှစ်ဦး၏ သတ္တိကို မျက်ဝါး ထင်ထင် မြင်တွေ့ လိုက်ရ၏။
“ ကောင်းလိုက်တာ.... ”
ခန်းမထဲမှ တစ်စုံ တစ်ယောက်၏ အသံက ရုတ်တရက် ပဲ့တင်ထပ် သွားသည်။ လျူယွီကထိုအသံ ပိုင်ရှင် ထံသို့ ရန်လိုစွာဖြင့်၊ မော့ကြည့်လိုက်ရာ 'မျောလွင့်နေသော ရေခွက်လေး'က၊ သူ့ခွက်ကို မြှောက်ပြ လိုက်ပြီး၊
" မိန်းကလေးလျူ ၊ ငါပြော တာက ဝိုင်အရမ်းကောင်းတယ်လို့ ပြောတာပါ ငါ့ကို အထင်မလွဲနဲ့။"
သူ့စကားကြောင့် လျူယွီ၏ အမူအရာကပြန်လည် ငြိမ်သက် သွားသည်နှင့်၊ 'မျောလွင့်နေသော ရေခွက်လေး' ၏ လေသံက ပြောင်းသွားပြီး၊
"ဒါပေမယ့် ငါ့ညီအစ်ကို နှစ်ယောက် ပြောတဲ့ အယူအဆက ပိုတောင် ကောင်းသေးတယ်...၊ ဟားဟား ကဲ အားလုံးပဲ၊ သောက်ရအောင် ချီးယား"
"မှန်တယ်၊ မှန်တယ် ... သောက်ကြစို့ "
လေထုသည် အဆင်မပြေ သော်လည်း လွင့်မျောနေသော ရေခွက်လေးက သူ့ခွက်ကို မြှောက်လိုက် သည်နှင့် တင်းကြပ်မှုများ ပျောက်ကွယ် သွားအောင် ခွက်များ မြောက်လျက်၊ သောက်လိုက် ကြသည်။
အားလုံးက ရယ်မောနေ ကြသော်လည်း၊ ဖူဂျောင်းက အဆင်မပြေသော အမူအရာဖြင့် ပြန်ထိုင်ချ လိုက်ရသည်။ သူ့အတွက် ဘယ်သူကမျှ ဂရုမစိုက် သည်မှာ ထင်ရှားလှ ပေ၏။
ခန်းမတွင်းရှိ လူတိုင်းနှင့် အဆက်ပြတ် သွားသည့် ခံစားချက်များ ရရှိလာပြီး၊ မည်သူမျှ သူ့ကို ကြည့်မလာ ကြတော့ သည်ကို သတိပြု မိလိုက်၏။
ခိုကိုးရာမဲ့ စွန့်ပစ် ခံရသော ကလေးငယ် တစ်ယောက် ကဲ့သို့ ကုလားထိုင်ပေါ် ပြိုကျ သွားတော့သည်။
***