← Chapters

ခိုးယူခြင်း။

Vol. 17 Ch. 225

ခိုးယူခြင်း။

Vol. 17 Ch. 225

လူတိုင်းက လျူယွီ နှင့် ယှဉ်ပြိုင်ခြင်းကို စွန့်လွှတ်လိုက် ကြပြီ။ နောက်ဆုံးတွင်၊ သူမသည် နတ်ဘုရားအစောင့် တပ်မှူး၏ ချစ်လှစွာသော သမီးဖြစ်ခဲ့သည်။

ထို့အပြင်၊ ဝိညာဉ်ကျောက်စိမ်း (၂၈,၀၀၀)မှာ အနည်းငယ် များပြားသော ပမာဏ ဖြစ်သည်။

သို့သော် လီဝူယုက ရုတ်တရက် ဝင်ရောက်လာပြီး ဝိညာဉ် ကျောက်စိမ်းတုံး သုံးသောင်း အထိ ဈေးနှုန်း တိုးပေးလာ မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ကြပေ။

လျူယွီ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး၊ လီဝူယုကို လှည့်ကြည့် လိုက်ကာ၊

"လီဝူယု၊ မင်းဒီမှာ ဘာလုပ်ဖို့ ကြိုးစားနေ တာလဲ "

" ဘာလို့လဲ.... မင်းက ရတနာခန်းမမှာ မင်းတစ်ယောက်ထဲ လေလံဆွဲခွင့် ရှိတယ်လို့ ပြောနေတာလား ''

လီဝူယုက မျက်ခုံးပင့်လိုက်ကာ၊ လျူယွီ မည်မျှ ဒေါသထွက် နေသည်ကို မြင်လိုက်ရ သဖြင့် စိတ်အတွင်း ရွှင်မြူး သွားဟန်ဖြင့် ပြန်မေးလိုက်သည်။

"ဝိညာဉ်ကျောက်စိမ်း (၃၀၀၀၀)တစ်ကြိမ် ....."

ဝေယွီက ချက်ခြင်းပင် လေလံစျေးကို ရေရွတ်လိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းယူလိုက်၏။

“ ဟီး။ ငါ့ကို မကြည့်နဲ့။ နောက်ထပ် ကမ်းလှမ်းမှု မလုပ်ရင် ဆေးလုံး ငါးဆယ်က ငါ့ဆီ ရောက်သွား လိမ့်မယ်။ ဒီပမာဏက ငါ့ရဲ့ အစ်ကိုကြီးကို ပေးလိုက်ရင် နက်နဲ နယ်ပယ် ဒုတိယ အဆင့်ကို တက်လှမ်းဖို့ လုံလောက် နေပြီ ....”

လီဝူယုက ပေါ့ပေါ့ ပါးပါး ရယ်မော လိုက်သည်။

" မင်းတို့မှာ ဒီပမာဏလောက် ဝိညာဉ်ကျောက်စိမ်းတွေ ရှိမယ်ဆိုတာ ငါမယုံဘူး "

လျူယွီ၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူမ သံသယ များကို ရှင်းရှင်း လင်းလင်း အတည်ပြုရန် ချင်းမိန်ကို လှည့်ကြည့်လိုက်၏။ ချင်းမိန်က ပြုံးပြီး ခေါင်းညိတ် လိုက်ကာ၊

" ဒါကို စိတ်ပူစရာ မလိုပါဘူး မိန်းကလေးလျူ။ သခင်လေးလင်း တတ်နိုင်တယ် ဆိုတာ ငါအာမခံ နိုင်ပါတယ် ”

ရတနာခန်းမသည် လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း ဆေးလုံးများ ရောင်းချ ရမှု၏ (၅၀%)ကို ကူယွန်ထံ ပေးဆောင်ခဲ့ပြီး၊ ၎င်းပမာဏမှာ မရေတွက် နိုင်သော ကိန်းဂဏန်း တစ်ခု ဖြစ်လေသည်။

ထို့အပြင် လင်းယွန်နှင့် လီဝူယုမှာ မတတ်နိုင် လျှင်ပင် ချင်းမိန်က သူတို့ကို ကူညီပေးမည် ဖြစ်သည်။

လျူယွီ၏ မောက်မာ ရိုင်းစိုင်းမှုကို အချိန် အတော် ကြာအောင် မကျေမနပ် ဖြစ်ခဲ့ရသည် ဖြစ်ရာ၊ ယခု အချိန်၌ အနည်းငယ် လက်စားချေ ခွင့်ရမည့် အခွင့်အရေးကို မိမိ ရရ ဆုပ်ကိုင် ရပေမည်။

“၃၁၀၀၀ ....”

လျူယွီက ချင်းမိန်ကို စိုက်ကြည့် ပြီးနောက် အသံထွက်လာသည်။

" ၃၂၀၀၀ "

လီဝူယုက ထပ်ခေါ် လိုက်သည်။

" ၃၃၀၀၀''

၎င်းတို့နှစ်ဦးသည် ဆက်လက် ယှဉ်ပြိုင် ခဲ့ရာ၊ ဆေးလုံး ငါးဆယ်၏ စျေးနှုန်းမှာ လျင်မြန်စွာ မြင့်တက် သွားခဲ့သည်။

လင်းယွန်က ကျေနပ်စွာ ပြုံးလိုက်ပြီး၊ အံ့အားသင့် နေသော ရေခွက်လေး ဘက်လှည့်ကြည့်ကာ၊

" လာ၊ သောက်ရအောင် ...."

ဟု ဆိုလိုက်၏။ လွင့်မျောနေသော ရေခွက်ကလေးက ပြန်လည် ပြုံးပြပြီး၊

" မင်း လှည့်ကွက်တွေ ကစား နေတာလား။ လျူယွီကို နှောင့်ယှက်ဖို့ မရူးမိုက် ပါနဲ့။ မင်းက ဓားနန်းတော်ထဲမှာ ဆိုရင်တော့ ပြဿနာ မရှိဖူး၊ ဒါမှ ဟုတ်ရင် ဒုက္ခ ဖြစ်လိမ့်မယ်။ "

လင်းယွန်က ပြုံးပြ သော်လည်း ပြန်မဖြေပေ။ လျူယွီနှင့် သူ၏ အာဃာတ များမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်တည် လာပြီး အခွင့်အရေး ရလျှင် လျူယွီက သူ့ကို သတ်ပစ် နိုင်မည် ဆိုတာ သေချာ လေသည်၊ ဆေးတောင်တန်းတွင် ပျိုးကျွန် အဖြစ်သို့ ကျဆင်း လုနီးပါး ဖြစ်ခဲ့ရသည်။

ခိုင်လုံသော အကြောင်း ပြချက် မရှိပါက၊ သူမကို သတ်လို့ ရမည် မဟုတ်ပေ။ သို့သော် သင်ခန်းစာ တစ်ခု သင်ပေးဖို့ ကိုမူ စိတ်၀င်စား မိသည်။ ထိုအကြောင်းကို လွင်မျောနေသောရေခွက်လေးအား ပြောပြရန် မလိုအပ်ပေ။

"၄၀၀၀၀ ..."

လျူယွီ၏ မျက်လုံးများတွင် မီးလျှံများဖြင့် တောက်ပနေသည်။

လီဝူယုနှင့် လျူယွီတို့ အကြား ရူးသွပ်သောလေလံ စစ်ပွဲတွင်၊ ဆေးလုံး ငါးဆယ်၏ စျေးနှုန်းမှာ ပမာဏ (၄၀၀၀၀) သို့ မြင့်တက် သွားတော့သည်။

လီဝူယုက ဆက်သွား ခါနီးတွင် လင်းယွန်က ဝိုင်သီး သွား၏၊ လီဝူယုက ချက်ချင်း ပြုံးလိုက်ပြီး၊

"မင်းက နဂါးဗိုလ်ချုပ်ရဲ့ အချစ်ဆုံးသမီး ပီသပါ ပေတယ်၊ ဒီသခင်လေးက မင်းနဲ့ မယှဉ်နိုင်လို့၊ ငါ့ အရှုံးကို ငါဝန်ခံ ပါတယ်"

“ ဒီက သခင်လေး ဆိုရင် မင်းနဲ့တောင် မနှိုင်းရဲ ပါဘူးကွာ ”

မျက်နှာဖုံးစွပ် ထားသည့် လူငယ်က အေးစက်စွာ လှောင်ပြောင် လိုက်သည်။ သူ့အသံက ခန်းမ တစ်ခုလုံးကို တိတ်ဆိတ်သွား စေ၏။

လူတိုင်းက မျက်နှာဖုံး စွပ်ထားသည့် လူငယ်၏ အကြည့်ကြောင့် ကျောရိုးတစ်လျှောက် အအေးဓာတ်များ ပြေးဆင်းသွား ကြလေသည်။

လီဝူယုက ထိုလူငယ် စကားကြောင့် အော်ဟစ် ရယ်မော လိုက်သည်။ သည်အရာက လျူယွီကို စော်ကား မိပြီးနောက် အပို ဒုက္ခများ ဖြစ်ပုံရသည်။

" လင်းယွန်၊ ဒါကို မင်းနဲ့ ငါ အမြန် ဖြေရှင်းမယ် "

လျူယွီက လင်းယွန်ကို အေးတိအေးစက် အကြည့်ဖြင့် စိုက်ကြည့် ကြိမ်းဝါး လိုက်သည်။ လင်းယွန်သည် လီဝူယု၏ လုပ်ရပ်နောက်ကွယ်မှ ချုပ်ကိုင်သူ ဖြစ်ကြောင်း သူမ သိရှိထားပြီး ဖြစ်သည်။

" ငါတို့နှစ်ယောက် ကြားမှာ ရန်ငြိုးလေး ထပ်ပို လာရုံလေးပါ၊ ဒါက အရေးမကြီးဘူး။ ”

လင်းယွန်က လျူယွီကို ကျောပေးပြီး သူ့ဝိုင်ကို ဆက်သောက် လိုက်သည်။ ခန်းမတစ်ခုလုံး အသံတိတ် သွား၏။ လီဝူယု၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွား သော်လည်း လင်းယွန်၏ လျစ်လျူရှု ထားသော အမူအရာက သူတို့ကို ပို၍ပင် တုန်လှုပ်သွား စေခဲ့သည်။ သူ့လေသံ အရ၊ ယနေ့ ပွဲမတိုင်မီ ကတည်းက လျူယွီအပေါ် အဆိုး မြင်မှုများ ရှိနေပုံ ရသည်။

" မိန်းကလေးလျူ၊ ဒီမှာ မင်းရဲ့ ဆေးလုံးတွေပါ ''

အစေခံ တစ်ယောက်က ဗန်းလေး တစ်ဗန်းဖြင့် ထွက်ပေါ်လာသည်။ လျူယွီက အိတ်ကပ်အတွင်းမှ ခရမ်းရောင် ကဒ်တစ်ကဒ်ကို ထုတ်ယူ လိုက်ပြီး၊

" မင်းရဲ့ ခန်းမသခင်က ကောင်းကင်နဂါးကဒ် ထဲက ဝိညာဉ် ကျောက်စိမ်းတွေကို ဘယ်လို ထုတ်ယူရမလဲ ဆိုတာတော့ သိမယ် မဟုတ်လား "

" ကောင်းကင်နဂါးကဒ်ရဲ့ အသုံးပြုပုံကို ငါသခင်က သိပါတယ်”

ဟု အစေခံက ပြန်ပြောလာသည်။

အစေခံ ထွက်သွား ပြီးနောက် နောက်လှည့်ကာ၊ ဆေးပုလင်းကို ဖူဂျောင်းလက်ထဲပေးအပ်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ လျူယွီသည် သူမ၏ ဆရာသခင် အတွက် ဆေးလုံးကို ဝယ်ယူခဲ့ကြောင်း လူတိုင်း သဘောပေါက် သွားခဲ့သည်။ နောက်ဆုံးတွင်၊ ဖူဂျောင်း သည်သာ ဤသို့သော ဆေးလုံးမျိုးကို စမ်းသပ် ဖော်စပ်ရန် အရည်အချင်း ရှိပေမည်။

ဖူဂျောင်းက ဆေးပုလင်းကို လက်ခံရယူပြီး အေးစက်သော လေသံဖြင့် ရေရွတ်လိုက်သည်၊

"သူတို့က ဆေးအတုတွေ ရောင်းနေတယ် ဆိုလို့ ရှိရင် ကျော်ကြားတဲ့ ရတနာခန်းမရဲ့ ရလဒ်က ဘာဖြစ်မလဲ ဆိုတာ ငါသိချင်မိတယ်"

" သူ ဘာတွေ ပြောနေတာလဲ"

" သူ ရူး နေ တာ လား"

ဖူဂျောင်၏ စကားများကြောင့် များပြားလှသော လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ စင်မြင့်ထက်ရှိ ဝေယွီ၏ မျက်လုံးများ၌ လူသတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

" ဖူဂျောင်း၊ မင်းက ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် တစ်ယောက် ဖြစ်တာနဲ့ပဲ၊ ငါတို့ကို အနိုင်ကျင့် နိုင်မယ်လို့ မင်းထင်နေ တာလား၊ ရတနာခန်းမက မင်း အလွယ်တကူ အနိုင်ယူလို့ ရတဲ့ နေရာ မဟုတ်ဘူး....''

ရတနာခန်းမတွင် ဆေးလုံး အတုများ ရောင်းချနေကြောင်း၊ ဖူဂျောင်း၏ ကြေငြာချက်ကို စိတ်ပူခြင်း မရှိသော်လည်း၊ ဓားနန်းတော်၏ ဆေးခန်းမမှ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် တစ်ဦး ဖြစ်သည်ဟူသောဂုဏ်ပုဒ်အရ အနည်းငယ် သက်ရောက်လာ နိုင်ပေမည်။

လင်းယွန်နှင့် လီဝူယုတို့၏ ရယ်မောခြင်းကို ခံခဲ့ရ သော်လည်း၊ ဖူဂျောင်းမှာ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် အဖြစ် ရှိနေပေ သေးသည်။ ထို့ကြောင့် လူအများစုက သူ့စကားများကို သဘာဝအတိုင်း ယုံကြည်ကြ ပေလိမ့်မည်။

ဖူဂျောင်းက အတွင်းကျကျ လှောင်ပြောင်လိုက်ပြီး ဝေယွီ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်နိုင်ပေ။ ယနေ့တွင် သူသည် အလွန် အရှက်ရ ခဲ့ပြီး ရယ်စရာ အဖြစ်သို့ လျော့ကျသွား ခဲ့သည်။ ဆေးအာနိသင် (၉၀%) ပါရှိသော ဆေးလုံးများသာ စစ်မှန်ပါက၊ မြို့တော်တွင် သူ့အတွက် ခြေချစရာ နေရာ မရှိနိုင် တော့ပေ။

မြို့တော်အနှံ့ သူ့နာမည် ပျံ့နှံ့စေရန် မိုတိမ် မှော်ဆေးလုံး များကို အားကိုးခဲ့ရသည်။ ယခုမူ၊ သူ့ထက် သန်မာသော မှော်ဆေး ပညာရှင်တစ်ယောက် ထွက်ပေါ်လာသည်။ အနာဂတ်တွင် ဂုဏ်သတင်းကြီးသော မျိုးနွယ်စု များသည်လည်း သူ့ကို ကွဲပြားစွာ ဆက်ဆံ လာကြတော့မည် ဖြစ်သည်။

ထို့ကြောင့် ဖူဂျောင်းမှာ ယခုအချိန်တွင် ပေါ်လွင်အောင် ပြုလုပ်ရန် မှတပါး ရွေးချယ်စရာ မရှိပေ။ ဆေးလုံးများတွင် ပြဿနာ မရှိသော်လည်း၊ ၎င်းနှင့် ပတ်သက်သော ချို့ယွင်းချက် အချို့ကို သူသာ ရှာဖွေ နိုင်မိပါက ...... ။

“ ခန်းမသခင်ဝေ၊ မင်းဘာလို့ အရမ်းစိတ်လှုပ်ရှား နေရတာလဲ၊ ဒီဆေးလုံးတွေဟာ အတုတွေလို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ ဖူးပါဘူး၊ မြို့တော်မှာ ဆေးဖက်ဝင် အာနိသင် (၉၀%) ပါရှိတဲ့ ဆေးလုံးမျိုး တစ်ခါမှ မရှိခဲ့ဖူး လို့ပဲ ဆိုခဲ့တာပါ၊ ဒါမျိုးကို တော်ဝင်မျိုးနွယ်နဲ့ ဂိုဏ်းကြီး လေးဂိုဏ်းက ကြယ်သုံးပွင့် မှော်ဆေး ပညာရှင် တွေတောင် မအောင်မြင်ခဲ့ဘူး မဟုတ်လား ..''

" ငါက မိုးတိမ်ရူရ်တွေကို အနှစ် နှစ်ဆယ်လောက် ရေးထိုးပြီးပြီမို့ အသေးစိတ် အချက်အလက် တစ်ခုချင်းစီကို သဘာဝကျကျ ကောင်းကောင်း နားလည် ထားပါတယ်၊ ဒါကြောင့် ငါ့ရဲ့ သံသယတွေကို ထုတ်ဖော်မိတာ ပုံမှန်ပဲ မဟုတ်ဘူးလား၊ ဒါမှမဟုတ် ဒီမိုးတိမ် ဆေးလုံး တွေပေါ်မှာ အသုံးပြု ထားတဲ့ လမ်းလွဲ နည်းတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလား။ ''

'' လမ်းလွဲနေသော ဆေးသန့်စင်နည်း.... ''

အထူးသဖြင့် ဖန်ကျူး ကဲ့သို့သော ဆေးလုံးများကို စားသုံးထား သူများအတွက် ထိတ်လန့် ကုန်ကြသည်။

ဖူဂျောင်း၏ စကားလုံးများတွင် ကျိုးကြောင်းဆီလျော်မှု အချို့ကို တွေ့ရှိလိုက်ရ သောကြောင့် သူတို့၏ မျက်နှာများမှာ ပြောင်းလဲ သွားကုန်၏။

လမ်းလွဲ ဆေးလုံးများသည် ခန္ဓာကိုယ်အတွင်း ဖုံးကွယ်ထားသော ဝေဒနာအချို့ကို ချန်ထား နိုင်သောကြောင့် အချို့သော လှည့်ကွက်များကို အသုံးပြု ထားပါက အကျိုးဆက်များ ဆိုးရွားသွားမည် ဖြစ်သည်။

"အမှိုက်ကောင် ''

ဝေယွီက ဟောက်လိုက်သည်။

အားလုံးက ဒေါသ စိတ်လှုပ်ရှား နေကြသည်ကို မြင်သည်နှင့် ဖူဂျောင်းက အေးစက်စက်ဖြင့် ဆက်ပြောလာသည်။

“ ငါက အမှန်အတိုင်း ပြောတာပါ၊ ရတနာခန်းမက သံသယ ဖြစ်စရာပဲ၊ လွန်ခဲ့တဲ့ ဆယ်ရက်လုံးလုံး ဒီဆေးပိုင်ရှင်ရဲ့ နာမည်ကို ဘာကြောင့် မထုတ်ဖော်ရဲ ရတာလဲ...''

" ကောင်းပြီ၊ မှော်ဆေး ပညာရှင်ကို ဖိတ်ဖို့ စိတ်ကူးထား ပြီးသားပါ။ မင်း မယုံကြည်ရင် ငါသူ့ကို ချက်ချင်း ခေါ်ထုတ် နိုင်ပါတယ် "

ဝေယွီက အေးစက်စွာ ပြန်ဖြေ လိုက်သည်။

“ အဲဒီလို အလျင်လို မနေပါနဲ့၊ ငါ အကဲဖြတ်ပြီးမှ မင်းလုပ်နိုင်တယ်"

ဖူဂျောင်းက သူ့မုတ်ဆိတ်မွေးကို ကိုင်လျက်ဖြင့် ပြုံးလိုက်သည်။

" ဖူဂျောင်း... မင်းမျက်နှာက အရမ်း အရည်ထူတာပဲ "

လင်းယွန်က အေးစက်စွာ ထရပ်လိုက်၏။ ဖူဂျောင်းမှာ ဤမျှ အရှက်ကင်းမဲ့ လိမ့်မည်ဟု မမျှော်လင့်ထား သောကြောင့် ဒေါသကို မထိန်းနိုင်တော့ပေ။

ဤဆေးလုံးများကို ကူယွန်မှ စစ်ဆေးပြီးပြီ ဖြစ်ကာ၊ ဆေးလုံးများနှင့် ပတ်သက်၍ ပြဿနာ မရှိကြောင်း သေချာ လှပေသည်။ အသက်စွမ်းအင် ပြန်လည် ဖြည့်တင်း ပြီးနောက် ချို့ယွင်းချက် များစွာ မရှိနိုင်။

ကူယွန်နှင့် ရတနာခန်းမ တို့သည် ဆေးလုံးများကို အကဲဖြတ်ရန် မှော်ဆေး ပညာရှင်အချို့ဖြင့် ဖိတ်ကြား အကဲဖြတ် ခဲ့သည်။

အခြားတစ်ဖက်တွင် ဖူဂျောင်းသည် ဖြောင့်မတ်ပြီး ယုတ္တိရှိပုံ ဖမ်းယူ ထား သော်လည်း ဆေးလုံးများကိုပင် မကြည့်ခဲ့ပေ။ ဤနေရာ၌ ဒုက္ခဖန်တီးရန် ကြိုးစားနေ ပုံမှာ ထင်ရှားပေ၏။

ထိုသို့သော နှလုံးသား မျိုးဖြင့် ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် တစ်ယောက်၊ မည်သို့ မည်ပုံ ဖြစ်လာ ခဲ့သည်ကို တွေးတော၍ မရပေ။

" ဓားကျွန်၊ ငါ့ဆရာကို လေးလေး စားစား ဆက်ဆံစမ်း။ "

လျူယွီက ကြိမ်းမောင်း အပြစ်တင် လိုက်သည်။

“ ယုတ်ညံ့တဲ့ မြေခွေးအိုကြီး ”

လင်းယွန်က ကျိန်ဆဲလိုက်ပြီး၊ လျူယွီကို လှည့်ကြည့်ကာ၊

"ငါ့ကို ဓားကျွန်လို့ ခေါ်တာ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ မင်းနဲ့ အတူ ငါ့အချိန်တွေကို မဖြုန်းချင်ဘူး၊ မင်းအဖေရဲ့ အကာအကွယ် ကြောင့်သာ မဟုတ်ရင် မင်းကို သတ်ရတာ ဝက်သတ် ရတာထက် လွယ်လိမ့်မယ်၊ မင်းကို အမှိုက်လို့ ခေါ်ရ တာတောင် မထိုက်တန်ဘူး "

" မင်း ငါ့ကို ကျိန်ဆဲ နေတာလား ..... "

လျူယွီက ချက်ခြင်း အသိစိတ်များ ဆုံးရှုံးသွားပြီး တိုက်ခိုက်ချင် စိတ်များ ဝင်ရောက်လာသည်။

" ငါ မင်းကို ကျိန်ဆဲ တော့ရော ဘာဖြစ် မလဲ၊ အရင်တုန်းက မင်းကို ပေးခဲ့တဲ့ ကြိမ်ဒဏ် သုံးချက်ကို မေ့သွားပြီလား၊ အရှက်မကွဲ ချင်ရင် ငါ့ရှေ့ထက် ပေါ်မလာနဲ့၊ မင်းဒီမှာ စကားပြောဖို့ အဆင့် မရှိဘူး "

လင်းယွန်က လျူယွီကို အေးစက်စွာ စိုက်ကြည့်လိုက်သည် ။ သူ့ဆီမှ ထွက်ပေါ်လာသော လူသတ် လိုသည့် ဆန္ဒများမှာ လျူယွီအား သိပ်သည်းစွာ ဖုံးအုပ် သွားလေသည်။

တစ်ချိန်တည်းမှာပင် သူမ၏ ကျောပြင်၌ နာကျင် ကိုက်ခဲမှုကို ခံစားလာရ၏။ လင်းယွန်က ဝမ်နင်ကိုပင် သတ်ပစ် ရဲသည်ကို သတိရသွားကာ၊ ချက်ခြင်း ထိတ်လန့် သွားသည်။

သူ့မျက်လုံး များတွင် ကြောက်ရွံ့မှု အရိပ် အယောင် များနှင့် အတူ ဖြူဖျော့ သွားပြီးနောက်၊ အလိုလို နောက်ပြန် ဆုတ်လိုက် မိသည်။

ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးမှာ အံ့သြသွားကြ၏။ ဤသည်မှာ လွန်ခဲ့သည့် အခိုက်အတန့် ကပင် မောက်မာ နေခဲ့သော လျူယွီ ဖြစ်သည်ကို မယုံနိုင် ကြပေ။

လင်းယွန်၏ စကားများ အရ သူမကို သုံးကြိမ်တိတိ ရိုက်နှက်ဖူးသည် သာမက၊ သတ်ဖြတ်လိုခြင်း ဆန္ဒများ ကိုပင် ထုတ်ဖော် ပြသလာရာ၊ လူတိုင်းကို ထိတ်လန့်သွား စေခြင်းငှာ လုံလောက်ခဲ့ လေသည်။

လျူယွီမှာ နဂါးဗိုလ်ချုပ်၏ သမီး ဖြစ်သည်ကြောင့်၊ မြို့တော်၌ သူမကို သတ်ပစ် မည်ဟု ပြောင်ပြောင် တင်းတင်း ခြိမ်းခြောက် ရဲသည်မှာ အာဂပင် ဖြစ်လေ တော့သည်။

***

All Chapters