ပြီးပြည့်စုံသော ဆေးလုံးများ။
Vol. 17 Ch. 226
လွင်မျောနေသော ရေခွက်လေးက လင်းယွန်၏ ဒေါသကြောင့် အံ့သြသွား၏။ လင်းယွန်သည် ဆေးလုံးများနှင့် ပတ်သက် နေမှန်း သူ မသိခဲ့ပေ။
တစ်ဖက်တွင် လီဝူယုက လင်းယွန်တွင် ကောင်းမွန်သော စိတ်ထားရှိပုံ ရသော်လည်း ဖိနှိပ်ခြင်းကို ခံနိုင်ရည် ရှိမည် မဟုတ်ကြောင်း သူ သိသည်။ ဖူဂျောင်း၏ လုပ်ရပ်မှာ လင်းယွန်၏ အောက်စည်းကို ထိမိသွား ခဲ့သည်။
" ဒီဆေးလုံးတွေက အတုတွေလို့ ပြောနေတာလား။"
လင်းယွန်က ဖူဂျောင်းကို ကြည့်ကာ မေးလိုက်သည်။
လင်းယွန်၏ အကြည့်များက အေးစက်နေ သည်ကို ဖူဂျောင်းက သတိပြု မိသည့် အပြင်၊ ရတနာ ခန်းမ၏ အစောင့်များ ကပါ၊ သူ့ကို အေးစက်စွာ စိုက်ကြည့်နေ ကြသည်ကြောင့်၊ သည်တစ်ကြိမ် ဒုက္ခ အကြီးအကျယ် ရောက်နေပြီဟု သူ သိလိုက်သည်။ သို့သော် အဆုံးထိ သွားရန် ဆုံးဖြတ် လိုက်ပြီး၊
“ မှန်တယ်၊ ဒါက ငါ့ရဲ့ သံသယတွေကို ထုတ်ဖော် ပြောလိုက်တာပဲ၊ ငါ့ရဲ့အဆင့်အတန်းအရ သံသယ ဖြစ်စရာ ရှိတာကို ငါပြောလို့ မရဘူးလား၊ ငါ့ရှေ့မှာ ရပ်ဖို့ မင်းက ဘယ်လို အရည်အချင်းရှိလဲ"
“ မင်းက ဆေးပုလင်းကို ဖွင့်တောင် မကြည့်ဘဲ အတုလို့ ပြောနေခဲ့တာပဲ၊ ဒါကို သံသယ ဝင်ရုံလေး ပါလို့ ယူဆလို့ ရလား၊ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ၊ မင်းရဲ့ ကျော်ကြားမှုကို တစ်စုံတစ်ယောက်က လုယူ သွားမှာကို မင်း ကြောက်နေတာလား၊ မင်းရဲ့ သံသယဆိုတာ တွေက မှော်ဆေး ပညာရှင် တစ်ယောက်ရဲ့ အမြင်နဲ့လား၊ ဒါမှမဟုတ် ယုတ်ညံ့တဲ့ အတွေးနဲ့လား ဆိုတာ၊ မင်းကိုယ်တိုင် အသိဆုံးပါ "
သူ့ရည်ရွယ်ချက်များ ဖော်ထုတ်ခံ လိုက်ရ သည့်အတွက် ဖူဂျောင်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်သွား ခဲ့သည်။ သူက၊
“ ဒီဆေးလုံးတွေက လမ်းလွဲ သန့်စင်နည်းတွေနဲ့ ဓာတ်သတ္တု တစ်မျိုးမျိုး ပေါင်းထည့် သန့်စင်ထားဖို့ ဖြစ်နိုင်ခြေ မြင့်မားတယ်၊ သုံးဆွဲခြင်း အတွက် ဘေးထွက် ဆိုးကျိုးတွေ သေချာပေါက် ရှိရမယ်၊ ငါ သူတို့ကို အကဲဖြတ် ပြီးတဲ့နောက်၊ ဒါကို အတည်ပြု ပေးမယ်။ ”
" မရှိခဲ့ရင် ရော "
လင်းယွန်က မေးခွန်း ထုတ်လိုက်သည်။
“ မရှိရင် မရှိလို့ ပဲပေါ့၊ မှော်ဆေး ပညာရှင် တစ်ဦး အနေနဲ့၊ ငါက သံသယ ဝင်ခွင့် ရှိတယ်၊ ဘာလဲ .... ငါ့ကိုယ်ငါ သတ်သေ စေချင် နေတာလား၊ အမှားအယွင်း မရှိရင် ရတနာ ခန်းမရဲ့ ဂုဏ်သတင်းက မြင့်တက် လာမှာ ပဲလေ၊ အဲဒါကို ပြောရရင် ခန်းမ သခင်ဝေ ကတောင် ငါ့ကို ကျေးဇူးတင် သင့်တယ် ”
ဖူဂျောင်းက သူ့စကားသူ သဘောကျစွာ ရယ်မောလိုက်သည်။
'' ကောင်းပြီ၊ ငါ ကျေးဇူးတင်ပါတယ်၊ ''
ဝေယွီက စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲမိသော်လည်း၊ အပြုံးမပျက်စေပဲ၊ အံကြိတ်လျက်၊ ကျေးဇူးတင် စကား ပြောလိုက်ရသည်။
ဖူဂျောင်းက ရတနာခန်းမကို ဆေးအတုများ ရောင်းသည်ဟု ဆိုကာ ပြင်းထန်စွာ တိုက်ခိုက် ခဲ့သည်။ ဤစကားများက ရတနာ ခန်းမကို သံသယ ဝင်လာစေမည် ဖြစ်သည်။
လင်းယွန်သာ ဝင်ရောက် ပြောဆိုလာခြင်း မရှိပါက၊ ဖူဂျောင်းမှာ သူ့ပါးစပ်ကို စည်းမရှိ ကမ်းမရှိ ဆိတ်မဖင်လို နေရာအနှံ့ လိုက်ပါ ဆူပွက် နေမည် ဖြစ်ကာ၊ နောက်ဆက်တွဲ ရလဒ်များကို တွေးကြည့်၍ပင် မရနိုင်ချေ။
လွင့်မျောနေသော ရေခွက်လေးသည်ပင် သူ့ပါးစပ်ထဲရှိ ဝိုင်ကို ထွေးလုနီးပါးပင်။ ဖူဂျောင်း၏ အရှက်ကင်းမဲ့မှုကို သူ သြချ မိပေ၏။
ဖူဂျောင်း၏ ငြင်းခုံမှုတွင် ကျိုးကြောင်း ဆီလျော်မှု များပါဝင်နေကာ၊ အမှားအယွင်း မရှိခဲ့ပေ။ အကယ်၍ ၎င်းသည် ဆေးလုံးများနှင့် ပတ်သက်၍ ပြဿနာ မရှိကြောင်း၊ သေချာ သွားပါက၊ သူ့လုပ်ရပ်မှာ ရတနာ ခန်းမ၏ ဂုဏ် သတင်းကို မြှင့်တင်ပေးရာ ရောက် ပေမည်။
စင်ပေါ်ရှိ ဝေယွီကို ကြည့်လိုက်ပြီး၊ ဖူဂျောင်းက ပြုံးကာ၊
"အစ်ကိုဝေ၊ အဲဒါတွေကို အကဲဖြတ်ဖို့ စိတ်မဆိုးဖူး မဟုတ်လား၊ မြို့တော်ရဲ့ အထက်တန်း လွှာတွေ အားလုံး ဒီနေ့ ဒီနေရာမှာ စုဝေးနေကြတယ်၊ ငါ့အကြံပြု ချက်ကို မင်းငြင်းမှာ မဟုတ်ဘူးလို့ ငါယုံတယ် "
ဝေယွီ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏၊ သူ့ အတွေ့အကြုံ များအရ ဆေးလုံးများတွင် အပြစ်အနာအဆာ မရှိလျှင်ပင်၊ ဖူဂျောင်းက သေချာပေါက် ရှာတွေ့လိမ့်မည်ကို သူ သိသည်။
ဆေးလုံးများပေါ် ဖူဂျောင်း၏ အကဲဖြတ်မှုမှာ သူ့အတွက် အဆင်မပြေသော်လည်း၊ ငြင်းဆို လိုက်ပါက အပြစ်ရှိကြောင်းသာ ဝန်ခံရာ ရောက်ပေမည် ဖြစ်သည်။
"ကျေးဇူးပြုပြီး သွားပါ "
ဝေယွီက သူ့ပါးစပ်မှ စကားလုံးများကို ဖျစ်ညှစ် ထုတ်ယူ လိုက်ရသည်။
ဖူဂျောင်းက စိတ်ထဲမှ အော်ဟစ် ရယ်မော လိုက်သည်။ အဆင့်မြင့် နက်နဲ ဆေးလုံးများကို ဆယ်စုနှစ်များစွာ ကိုင်တွယ် ခဲ့ဖူးသဖြင့် အခြားသူများ သတိမပြုမိ နိုင်သော ချို့ယွင်း ချက်များ ကိုပင် ရှာဖွေနိုင် ခဲ့သည်။
ရတနာခန်းမသည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်း မရှိပေ။ အရေးအကြီး ဆုံးမှာ၊ ဆေးလုံး များတွင် လမ်းလွဲ သန့်စင်နည်းများကို အသုံးမပြုပဲ၊ ဆေးဖက်ဝင် အာနိသင် (၇၀%)ထက် ကျော်လွန်ရန် မဖြစ်နိုင်ကြောင်း သူ ယုံကြည်ထားသည်။
မျက်ခုံးပင့် လိုက်ကာ၊ ဒေါသတကြီး ရပ်နေသော လင်းယွန်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ရွံရှာဖွယ် အရိပ်အမြွက်များ နှင့်အတူ ဖူဂျောင်းက အေးစက်စွာ ကြိမ်းဝါး လိုက်၏။
" မင်းဘာလို့ ငါ့လမ်းမှာ ရပ်နေတာလဲ၊ ခန်းမသခင်ဝေက လက်ခံလိုက်တာ မကြားဖူးလား၊ မင်းကို လက်ဖဝါး တစ်ချက် ရိုက်ပြီး မသတ်ရဲဖူးလို့ ထင်နေလား၊ မင်းအတွက် တစ်စုံတစ်ယောက်က ရပ်တည် ပေးလာ လိမ့်မယ်လို့ အိမ်မက် မက်မနေနဲ့ "
" ဘာလို့ မကြိုးစား ကြည့်တာလဲ"
ဖူဂျောင်း၏ ခြိမ်းခြောက်မှုကို ကြားသော အခါ လီဝူယုက ဒေါသတကြီး ရှေ့တက်ကာ စိန်ခေါ် လိုက်သည်။
တစ်ချိန်တည်းမှာပင် လွင့်မျောနေသော ရေခွက်လေးက၊
“ဒါကို မလုပ်ပါနဲ့လို့ အကြံပေး ချင်တယ်၊ အစ်ကိုလင်း မင်းရဲ့ ဝိုင်က ကုန်တော့မယ် ”
ခွက်ကို စားပွဲပေါ် ချလိုက်သည်နှင့် လွင့်မျောနေသော ရေခွက်လေးထံမှ သားရဲကောင် နှစ်ကောင်၏ ဒေါသတကြီး ဟောက်သံ နှစ်သံ ထွက်ပေါ် လာသည်။
၎င်းအသံမှာ နဂါးနှင့် ကျား၏ ဟိန်းဟောက်သံ များနှင့် ဆင်တူလှပြီး၊ ခန်းမအတွင်းရှိ မီးအိမ်များကိုပင် လှုပ်ခါသွား စေသည်ကြောင့် လူတိုင်း အံ့အားသင့် သွားကြ၏။
ခွက်ထဲမှ လွင့်တက်လာသော ဝိုင်များက၊ လေထဲ၌ လွင့်မျော နေပြီးနောက်၊ ခွက်ထဲ ပြန်လည် ဝင်ရောက် သွားသည်နှင့် တပြိုင်နက်၊ လွင့်မျောနေသော ရေခွက်လေး၏ ရန်လိုသော ရောင်ဝါမှာ၊ မထွက်ပေါ်ခဲ့ သကဲ့သို့ လုံးဝ ပျောက်ကွယ် သွားတော့သည်။
တစ်နေကုန် ပြုံးနေသော ရေခွက်လေးမှာ မြို့တော်၏ ပါရမီရှင် ရှစ်ပါးထဲမှ တစ်ပါး ဖြစ်ပြီး၊ ကျား-နဂါးလက်သီးဖြင့် မဟာချင် အင်ပါယာတွင် ပြိုင်ဘက်ကင်း ခဲ့သည်။
"ဆရာကြီး ဖူဂျောင်း၊ မင်းက လင်းယွန်ကို ဒီမှာ ရိုက်နှက်ဖို့ သတ္တိရှိတယ် ဆိုရင်၊ မင်းက ရတနာခန်းမ ထဲကနေ ခြေတစ်လှမ်းတောင် မထွက်နိုင်ဘူးလို့ ငါအာမခံတယ်၊ ဓားနန်းတော်ရဲ့ တာဝန်ရှိသူတွေ ရောက်လာရင်တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး ”
လွင့်မျောနေသော ရေခွက်လေး၏ စကားသံ ဆုံးသွားသည်နှင့်၊ လေလံ စင်မြင့်ပေါ်ရှိ ဝေယွီ၏ ခြိမ်းခြောက် သံမှာလည်း ထွက်ပေါ် လာလေသည်။
လင်းယွန်က ရယ်ချင်သွားသည်။ ဓားနန်းတော်၏ မှော်ဆေး ပညာရှင် တစ်ဦးမှာ၊ သူ့ကို သတ်ပြစ်ရန် ကြိုးပမ်း နေချိန်တွင်၊ ဟန့်တား ကူညီလာ သူများမှာ အပြင်လူများ ဖြစ်လာခဲ့သည်။
ဖူဂျောင်း ကဲ့သို့ အရှက်မရှိသူ တစ်ယောက်နှင့် စကားပြောရန် ကြိုးပမ်း ခြင်းသည် အသုံးမဝင်ကြောင်း သူသိသည်။ အကောင်းဆုံး နည်းလမ်းမှာ သူ့ကို သတ်ပြီး နာကျင်မှုကို ခံစားစေခြင်း ဖြစ်သည်။
သို့သော် ထိုသို့ ပြုလုပ်ရန် ခွန်အား လိုအပ် ပေသည်။ ယခု အချိန်တွင် ဓားသင်္ချိုင်း တောအုပ်သို့ ဝင်ရောက်ရန် ဆန္ဒ စောနေ မိသည်။
ဝေယွီနှင့် လွင့်မျောနေသော ရေခွက်၏ စကားသံ များကြောင့်၊ ဖူဂျောင်းက ချက်ချင်း ပြုံးလိုက်ပြီး၊
" မင်းတို့ နှစ်ယောက်က ဘာလို့ ဒီလောက် ထိတ်လန့်နေ ရတာလဲ၊ ငါက စကားအဖြစ် ပြောနေတာပါ၊ ဒါပေမယ့် သူဒီမှာ ရပ်နေသေးတယ်၊ မဟုတ်လား "
“ ခန်းမသခင်ဝေလိုပဲ၊ ငါက မင်းကို ကျေးဇူးတင် ရမယ်လို့ ဆိုနေတာလား၊ ကောင်းပြီ ..... မင်းအမေ၊ မင်းအဖေနဲ့ မင်းရဲ့ဘိုးဘေးတွေ အားလုံးကို ငါ ကျေးဇူးတင် လိုက်မယ်။"
လင်းယွန်က ပြုံးကာ ရေရွတ်လိုက်သည်ကြောင့်၊ ပတ်ဝန်းကျင်မှ ရယ်မောသံများ ထွက်ပေါ်လာသည်။
ဝေယွီနှင့် လွင့်မျောနေသော ရေခွက်လေး၏ ကာကွယ်မှုကို ရယူ ထားနိုင်သော လင်းယွန်ကို သူ လုပ်နိုင်တာ မရှိပေ။ လင်းယွန်က သူ့ကို ပါးရိုက် ခဲ့လျှင်ပင် ခံနိုင်ရည် ရှိရပေမည်။
ဖူဂျောင်း၏ မျက်နှာပြင် တစ်ပြင်လုံး ဒေါသကြောင့်ပင် နီရဲလာသည်ကို ကြည့်ကာ လျူယွီက စိုးရိမ်စွာဖြင့်၊
“ဆရာကြီး၊ သူတို့ကို ထားခဲ့ပြီး ဆေးလုံးတွေကို အကဲဖြတ် ကြရအောင်၊ တကယ် ပြဿနာ ရှိတယ်ဆိုရင် ဒီကိစ္စကို ဘယ်လို ဖြေရှင်းကြ မလဲ ဆိုတာကို ငါတို့ မြင်တွေ့ရမှာပါ။ ”
" ဆက်လုပ်ပါ၊ မင်းအခု ဘယ်လို ကစားမလဲ ဆိုတာ ငါကြည့်မယ်၊ ဆေးလုံးတွေမှာ ပြဿနာရှိရင် မင်းကို ငါ ခေါင်းငုံ့ ပေးလိုက်မယ်”
“ ဘယ်လို မောက်မာမှုမျိုးလဲ ကူယွန်လို အမှိုက်တစ်စ အောက်က အလုပ်သင်လေးက၊ ဘာများ သိနိုင်မှာတုန်း၊ ပညာရှင် အစစ်က ဘယ်လို ပုံစံလဲဆိုတာ ငါပြပါရစေ။"
ဖူဂျောင်က ရယ်မောကာ၊ ကျောက်စိမ်း ပုလင်းထဲမှ ဆေးတစ်လုံးကို ထုတ်ယူ လိုက်သည်။
ခန်းမထဲရှိ လူအုပ်ကြီးက သူ့ကို ကြည့်ပြီး၊ အသက်ရှူရန် မေ့လျော့ နေခဲ့သည်။ ဖူဂျောင်းကို လူတိုင်းက မထီမဲ့မြင် ပြုခဲ့ကြ သော်လည်း၊ ဆေးလုံးများကို အကဲဖြတ်ခြင်း အတွက် စိတ်လှုပ်ရှား နေကြဆဲ ဖြစ်သည်။ ဤနေရာရှိ လူအများစုမှာ လေလံပွဲမှ ဆေးလုံးများ ဝယ်ယူ ထားခဲ့ကြ သောကြောင့် ဆေးလုံးများတွင် မလျော်ကန်သော သန့်စင် ပေါင်းစပ်မှုများ ပါရှိမည်ကို စိုးရိမ် နေကြသည်။
ခန်းမအတွင်း အလင်းရောင်များ အောက်တွင် ကျောက်စိမ်း ပုလင်းထဲမှ ထုတ်ယူလိုက်သော မိုးတိမ် ဆေးလုံးများမှာ လျှပ်စီးရောင်များ တောက်ပ လာတော့သည်။ ၎င်းတွင် ရေးထိုးထားသော မိုးတိမ်ရူရ်များမှာ ဆေးလုံးကို ဖုံးလွှမ်းထားပြီး၊ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်ထား လေသည်။
"ဘယ်လောက်တောင် မှော်ဆန်လိုက်လဲ "
“ အဲဒါက အရမ်း သန့်ရှင်းတာပဲ၊ နတ်ဘုရားတွေရဲ့ ဆေးလုံးတွေ လိုပါပဲ၊ ဒီလောက်ပြီးပြည့်စုံတဲ့ မိုးတိမ် ရူရ်တွေကို ဘယ်လိုလုပ် ရေးထိုးနိုင် ရတာလဲ "
" မိုးတိမ်ဆေးလုံးတွေ အများကြီး တွေ့ဖူး ပေမယ့်၊ ဒီလိုမျိုး အသက်ဓာတ်တွေ သိပ်သည်းနေတာ ပထမဦးဆုံး မြင်ဖူးတာပဲ "
အဆင့်မြင့် နက်နဲ ဆေးလုံးကို ကြည့်ပြီးနောက်၊ လူတိုင်းက သဘောကျစွာ အော်ဟစ် လိုက်ကြသည်။
ဖူဂျောင်းက ဆေးလုံးကို ကြည့်ကာ ထိတ်လန့် အံ့သြသွားသည်။ ကြယ်နှစ်ပွင့် မှော်ဆေး ပညာရှင် ဖြစ်သောကြောင့် မိုးတိမ် ရူရ်များ အကြောင်းကို သည်နေရာရှိ မည်သူထက် မဆို ပိုနားလည် ပေသည်။ ဤသို့သော ရူရ်များကို သူ့ဘ၀တွင် ပထမဆုံး အကြိမ် မြင်ဖူးခြင်းသာ ဖြစ်လေသည်။
( ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ )
ဆေးလုံးကို မြင်သော အခါတွင် သူ၏ ယုံကြည်မှုမှာ တဖြည်းဖြည်း ကျဆင်းသွားသည်။ ဤဆေးလုံးတွင် ဆေးဖက်ဝင် အာနိသင် (၉၀%)ကို အမှန်တကယ် ရရှိနိုင်မည်မှာ၊ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ယခုအချိန်တွင် နောက်ဆုတ် နိုင်မည့် နည်းလမ်း မရှိတော့ပေ။
ပါးစပ်ထဲကို ပစ်ထည့်လိုက်ပြီး ဆေးအာနိသင်များကို စုပ်ယူဖို့ရန် အတွက် သူ၏ မူလစွမ်းအင်ကို ဖြန့်ကျက် လိုက်သည်။ မည်သည့်အသေးစိတ် အချက်အလက်ကိုမျှ လက်လွတ်မခံဝံ့ပေ။ ချို့ယွင်းချက် သေးသေးလေးကို ရှာတွေ့ နိုင်သည်နှင့် ခက်ခဲသော အနေအထားမှ ရုန်းထွက် နိုင်တော့မည် ဖြစ်သည်။ သို့သော် စိတ်ပျက်စရာ ကောင်းစွာပင် မည်သည့် ချို့ယွင်းချက်မှ ရှာမတွေ့ ခဲ့ပေ။
သို့သော် ဤမျှလောက် လွယ်လွယ်ကူကူ စွန့်ပစ်ရန် ဆန္ဒမရှိခဲ့ပဲ၊ ဆေးအာနိသင် များကို စိတ်ရှည် လက်ရှည် ဆက်လက် စစ်ဆေး နေခဲ့သည်။
ခန်းမထဲရှိ လူအုပ်ကြီးက သူ့ကို စိုက်ကြည့် နေကြပြီး ရလဒ်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော် နေကြသည်။ အချိန်များ ကြာညောင်း လာသည်နှင့် အမျှ ဖူဂျောင်းမှာ အိုမင်း သွားဟန်ဖြင့် မျက်လုံးများ ပြန်ပွင့်လာ ခဲ့သည်။ သူ့မျက်လုံးများတွင် တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီး လက်များ တုန်ယင် လာခဲ့သည်။
"ဆရာကြီး ဖူဂျောင်း ငါတို့ရဲ့ဆေးတွေမှာ ဆိုးကျိုးရှိနေလား...''
ဖူဂျောင်း၏ အမူအရာကို မြင်လိုက် ရသည်နှင့် ဝေယွီက ရလဒ်ကို ချက်ချင်းသိ လိုက်သည်။
ဆယ်စုနှစ်များစွာ ကြာအောင် စမ်းသပ် ဖေါ်စပ် ခဲ့ဖူးသဖြင့်၊ ၎င်းကို စားသုံးခြင်းဖြင့် မည်သည့် ဆေးအမယ်များ ပါဝင်မည်ကို ချက်ချင်း သိနိုင်ခဲ့သည်။ သို့သော် ဤဆေးလုံးသည်၊ ရှိသင့်သော ချို့ယွင်းချက်များပင် ပျောက်ကွယ်သွားကာ၊ သူ့ နားလည် နိုင်မှုထက် ကျော်လွန်သွားပြီ ဖြစ်သည်။
" ဆရာကြီး၊ ဒီဆေးလုံးမှာ အပြစ် အနာအဆာ မရှိဖူးလား"
လျူယွီက မဝံ့မရဲ မေးလိုက်သည်။
ဖူဂျောင်းက ခါးသီးသော မျက်နှာကို ထုတ်ဖော်ထားပြီး စကားတစ်ခွန်းမှ မပြောဝံ့တော့ပေ။ နောက်ဆုံးတွင်၊ အထောက်အထား တစ်စုံတစ်ရာ မရှိပါပဲ၊ ဆက်လက် အပြစ်တင် နေခြင်းသည် လှောင်ရယ် စရာသာ ဖြစ်လာ ပေလိမ့်မည်။
“ခန်းမသခင်ဝေ၊ ဒီဆေးလုံးကို ဘယ်သူက သန့်စင် ခဲ့တာလဲ သိချင်ပါတယ် ”
ဖူဂျောင်းက ဝေယွီအား မကျေမနပ်ဖြင့် မေးကြည့်လိုက်သည်။ လျူယွီ၏ မေးခွန်းကို မဖြေအားချေ။ ယခုအချိန်တွင် မှော်ဆေးပညာရှင်၏ အမည်ကို တကယ် သိချင်နေပြီ ဖြစ်သည်။
“တကယ်တော့ မှော်ဆေး ပညာရှင်က မင်းနဲ့ ဆက်စပ်မှုရှိတယ်၊ မင်းတို့နှစ်ယောက်က ဂိုဏ်းတစ်ခုတည်းက လာတာပါ ”
ဝေယွီက ပြုံးကာ ပြန်ဖြေ လိုက်သည်။
" ဂိုဏ်းတူ ညီအစ်ကိုလား ဆေးခန်းမရဲ့ ခန်းမသခင် သုံးယောက်ထဲက တစ်ယောက်ယောက် ဖြစ်နေလား၊ မဟုတ်ဘူး နေဦး ... ခန်းမသခင်သုံးယောက်က ဝိညာဉ်ရူရ်တွေ အပေါ်ကို မြင့်မြင့်မားမား ဆုပ်ကိုင်ထား နိုင်တာပဲ၊ ဒီလို ကြယ်တစ်ပွင့် အဆင့် ဝိညာဉ်ရူရ်တွေ ရေးထိုးပြီး၊ အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး၊ တကယ်လို့ ခန်းမသခင် သုံးယောက် ဆိုရင်တောင်မှ မိုးတိမ် ရူရ်တွေကို ငါတတ် နိုင်တာထက် ပိုကောင်းအောင် ရေးထိုးနိုင်မှာ မဟုတ်ဘူး။”
ဖူဂျောင်းက ခေါင်းယမ်းကာ သုံးသပ် လိုက်မိသည်။ မိုးတိမ် ရူရ်များမှာ အထွတ်အထိပ် ကြယ်တစ်ပွင့် ရူရ်များ ဖြစ်ပေသည်။
“ဒါက ငါ့ဂိုဏ်းထဲက မှော်ဆေး ပညာရှင် မဖြစ်နိုင်ဘူး၊ ခန်းမသခင်ဝေ မင်း ငါ့ကို လိမ်ဖို့ကြိုးစားနေတာလား"
"မင်းကို လိမ်ရမယ် ဟုတ်လား "
ဝေယွီက ရယ်မောလိုက်၏။
“အဲလိုလုပ်ပြီး ငါက အချိန်ဖြုန်း နေမယ်လို့ ထင်လား၊ ငါ သူ့ကို အပြင်ထွက်ဖို့ ဖိတ်ခေါ် ပေးပါ့မယ်၊ ဆရာကြီး ကူယွန်၊ ကျေးဇူးပြုပြီး ထွက်လာပေးပါ၊ အားလုံးရဲ့ လေးစားမှုကို ခံယူ ကြရအောင် "
ကန့်လန့်ကာ ဖွင့်လိုက်သော အခါတွင် ရင်းနှီးသော မျက်နှာတစ်ခု ဖူဂျောင်း ရှေ့၌ ထွက်ပေါ်လာသည်။
ကူယွန်။
“ မဖြစ်နိုင်ဘူး .... မင်း လိမ်နေတာပဲ၊ မိုးတိမ် ဆေးလုံးကို သန့်စင်တဲ့ နေရာမှာ ဒီအမှိုက်က ငါ့ထက် သာမယ် ထင်နေတာလား၊ ငါမယုံဘူး "
ကူယွန်သည် သူ့ထက် သာလွန်သော မိုးတိမ် ဆေးလုံးများကို ထုတ်လုပ် နိုင်သည် ဟူသော အယူအဆကို လက်မခံနိုင်ချေ။ ကူယွန်ကို အမှိုက်တစ်စ အဖြစ် နှိမ့်ချ နေသည် ဖြစ်ရာ၊ ထိုအမှိုက်တစ်စ လောက်ပင် အဖြစ် မရှိသော၊ သူ့အား မည်သို့ သတ်မှတ် ရတော့မည်နည်း။
“ ရတနာခန်းမရဲ့ နာမည်ကို ရှင်းလင်း ပေးခဲ့တဲ့၊ ဆရာကြီး ဖူဂျောင်းကို ကျေးဇူးတင် ကြပါစို့၊ အခု သူ့ကို တစ်ယောက်ယောက်က ခေါ်ထုတ်သွား စေချင်တယ် ”
ဝေယွီက သူ့မျက်နှာတွင် မည့်သည့် ခံစားချက်ကိုမှ ထုတ်ဖော် ပြသခြင်း၊ မပြုပဲ အစောင့်များကို အမိန့်ပေး လိုက်သည်။
နက်နဲ သိုင်းနယ်ပယ်၏ အဆင့်ရှစ်ရှိ သိုင်းသမား နှစ်ဦးက လျင်မြန်စွာ ထွက်ပေါ်လာပြီး၊ ဖူဂျောင်အား အတင်းအကြပ် ခေါ်ထုတ်သွားတော့သည်။
သည်နေ့ပြီးနောက် ဖူဂျောင်းမှာ မြို့တော်၌ သူ့မျက်နှာကို ပြန်ပြ နိုင်တော့မည် မဟုတ်ပေ။ ရယ်မောစရာ အဖြစ်သို့ လျှော့ချ ခံလိုက်ရပြီ ဖြစ်သည်။
ဖူဂျောင်းကို ဆွဲထုတ်သွား ပြီးနောက် ဝေယွီက ပြန်လည် ပြုံးရယ် လိုက်ကာ၊
" (၉၀%) ဆေးအာနိသင် ရှိတဲ့ ဆေးလုံးတွေကို သန့်စင်ခြင်းက ကုန်ကျစရိတ် များလွန်တာကြောင့်၊ ဆရာကြီး ကူယွန်က လောလောဆယ် မသန့်စင် ဖြစ်သေးပါဘူး၊ ဒါပေမယ့် ဆေးဖက်ဝင် အာနိသင် (၇၀%) ပေးစွမ်းနိုင်တဲ့ ဆေးလုံးတွေ ကတော့ ရတနာခန်းမမှာ ဆက်ရှိ နေမှာပါ၊ ဒါကြောင့် အားလုံးကို အချိန်မရွေး လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။”
ရတနာခန်းမက ဖူဂျောင်းကို သတ္တိရှိရှိ ကန်ထုတ် ခဲ့သော်လည်း၊ လျူယွီကိုမူ မထိဝံ့ပေ။ ထို့ကြောင့် လျူယွီမှာ စင်မြင့်ပေါ်တွင် ရပ်နေသော ကူယွန်ကို ကြည့်ကာ၊ မယုံကြည် နိုင်ဖွယ် အလင်းရောင် များဖြင့် စိုက်ကြည့် လာလေသည်။ လင်းယွန်နှင့် ကူယွန်၏ ဆက်ဆံရေးကို တွေးမိသော အခါတွင် သူမ နှလုံးသားများ တုန်လှုပ်သွား ခဲ့သည်။ သူမ သုံးစွဲခဲ့သော ဝိညာဉ် ကျောက်စိမ်း (၄၀,၀၀၀)သည် လင်းယွန် ထံသို့ ရောက်ရှိ သွားသည်ဟု ဆိုလိုသည် မဟုတ်ပါလော။ ၎င်းကို တွေးမိ လိုက်သည်နှင့် လင်းယွန်အား လှည့်ကြည့် လိုက်မိ လေသည်။
လင်းယွန်က ပြုံးရွှင်စွာဖြင့် သူမထံ ဦးတည်ကာ၊ ခွက်ကို မြှောက်ပြလိုက်ပြီး၊
" မိန်းကလေးလျူ ၊ ဝိညာဉ်ကျောက်စိမ်းတွေအတွက် ကျေးဇူးတင်ပါတယ်၊ ဒီလကုန်လို့ ငါမသေခဲ့ရင် မင်းရဲ့ ကျေးဇူးကို ငါသတိရ နေမှာပါ ”
လျူယွီ၏ မျက်လုံးများမှာ ချက်ချင်း နီရဲလာပြီး ဆေးလုံးများ ပါရှိသော ကျောက်စိမ်းပုလင်းကို လင်းယွန် ထံသို့ ပစ်ပေါက် လိုက်တော့သည်။
" ခွေးတွေကို သွားကျွေးလိုက် "
လီဝူယု၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာပြီး၊ ပုလင်းကို လောဘတကြီး ဖမ်းယူလိုက်ကာ၊
"အကိုကြီး၊ ဥစ္စာရင်း မှန်လို့ ဆေးလုံးတွေ ငါတို့ဆီ ပြန်ရောက်လာပြီ "
-ဟု ပြုံးလျက် ရေရွတ် လိုက်လေသည်။
***