← Chapters

အချိန်ကို ဆန့်ကျင်၍။

Vol. 17 Ch. 227

အချိန်ကို ဆန့်ကျင်၍။

Vol. 17 Ch. 227

လင်းယွန်နှင့် လွင့်မျော နေသော ရေခွက်လေးမှာ အံ့သြသွား ကြသည်။ လျူယွီက ဒေါသကြောင့်၊ ဝိညာဉ် ကျောက်စိမ်းပေါင်း (၄၀,၀၀၀ )ကို ပေါ့ပေါ့ဆဆ သုံးစွဲကာ အမှိုက် တစ်စလို လွင့်ပစ်လာ လိမ့်မည်ဟု မထင်ထားမိပေ။

တစ်ဖက်တွင် ခန်းမထဲရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်သွား ကြတော့၏။ ယနေ့ တွင် လျူယွီသည် လင်းယွန်နှင့် လီဝူယုတို့၏ လှည့်စားခြင်းကို ခံခဲ့ရကြောင်း သိရှိသွား ကြသည်။

သူတို့ နှစ်ဦးမှာ ဆေးလုံးများ၏ ဈေးနှုန်းကို မြှင့်တင်ရန် ကြံစည်ခဲ့ ကြခြင်း ဖြစ်လေသည်။

“ အဟီး၊ သူက တကယ် မလိုချင်ဘူး ထင်တယ် ..”

လီဝူယုက တခစ်ခစ် ရယ်မော လိုက်ပြီး ဆေးပုလင်းကို လင်းယွန်အား ကမ်းပေး လိုက်သည်။ သူ၏ ကျင့်ကြံမှု နည်းစနစ်ကြောင့် နက်နဲ သိုင်းနယ်ပယ်သို့ မရောက်မချင်း၊ မည်သည့် ဆေးလုံးကိုမျှ စားသုံးနိုင်မည် မဟုတ်ပေ။

လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊

“ ငါ မလိုပါဘူး၊ အဲဒါကို လွင့်မျော နေသော ရေခွက်လေးကို ပေးလိုက်ပါ၊ သူပေး ခဲ့တဲ့ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်က ကြီးမားတဲ့ အကူအညီ ပါပဲ။”

"မင်း မလိုအပ်ဘူးလား ..."

လွင့်မျောနေသော ရေခွက်လေးက အံ့အားသင့် သွားသည်။

“ အင်း မလိုပါဘူး၊ ငါ့မှာ ဝိညာဉ် ကျောက်စိမ်းတွေ အများကြီး ရှိပြီးသားမို့ ဆေးလုံးတွေ စားသုံးဖို့ မလိုဘူး”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။

“ မင်းမဆိုးဘူး၊ ဒါဆို ငါ လက်ခံ လိုက်မယ်"

လွင့်မျောနေသော ရေခွက်လေးက ဆေးပုလင်းကို ရိုးရိုး သားသား လက်ခံ ယူ လိုက်သည်။ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ တပည့် များအား ထောက်ပံ့ နိုင်မည် ဖြစ်သည်။

သို့သော်လည်း လီဝူယုက ပုလင်းကို ကိုင်ထားဆဲ ဖြစ်ပြီး ပြုံးလျက်ဖြင့်၊

" ဒါပေမယ့် အစ်ကို ကတုံး၊ လျူယွီက ခွေးတွေကို ကျွေးဖို့ ပြောခဲ့တယ် မဟုတ်လား "

" ကလေးတွေရဲ့ စကားကို ငါ့စိတ်ထဲ မထားပါဘူး "

လွင်မျောနေသော ရေခွက်က ပြုံးပြီး၊ လီဝူယုထံ လက်ကမ်း လိုက်သည်။

လီဝူယုက လွင့်မျောနေသော ရေခွက်လေး၏ မျက်နှာပေါ်ရှိ အပြုံးကို ကြည့်ကာ၊ ၎င်းကို ပေးအပ် လိုက်သည်။

လီဝူယု၏ မျက်နှာပေါ်ရှိ နာကျင် တွန့်တို မှုကို လျစ်လျူရှုကာ လွင့်မျောနေသော ရေခွက်လေးက ကျောက်စိမ်း ပုလင်းကို လျင်မြန်စွာ သိမ်းယူ လိုက်၏။

'' အို... ဝိုင် မရှိတော့ဘူး…”

ဝိုင်အိုး အလွတ်ကို လှုပ်ခါ ကြည့်ပြီး လွင့်မျောနေသော ရေခွက်လေးက၊ မျက်မှောင်ကြုတ် လိုက်သည်။

"စိတ်မပူပါနဲ့ မင်းက အရမ်း ကြိုက်တက်လို့ ငါ လက်ဆောင်ပေး လိုက်မယ် "

လင်းယွန်က သိုလှောင်အိတ် ထဲမှ ဝိုင်ဆယ်အိုးကို ထုတ်ယူပေး လိုက်သည်။

ဝိုင်အိုးများကို မြင်သောအခါ လွင့်မျော နေသော ရေခွက်လေး၏ မျက်လုံးများ တောက်ပ လာသည်။ မိုးတိမ် ဆေးလုံးများကို ရရှိသည့် အချိန်ကထက် သူ့အပြုံးက ပို၍ တောက်ပ သွားလေသည်။

“အစ်ကိုလင်း၊ မင်းက တကယ်ပဲ ရက်ရော တာကိုး ”

ဟု ပြန်ပြော လိုက်သည်။

အားလုံးနီးပါး ခန်းမထဲက ထွက်ခွာသွား ကြသော်လည်း သူတို့ သုံးယောက်မှာ ဝိုင်သောက်လျက် စကားစမြည် ပြောနေ ခဲ့ကြသည်။

" ငါ အခု သွားတော့မယ်။ "

လွင့်မျောနေသော ရေခွက်လေးက ပြုံးလျက် မတ်တပ် ထရပ် လိုက်ကာ၊

“ ဒီနေ့ ခမ်းနားတဲ့ ပွဲတစ်ခုကို ကြည့်လိုက် ရတဲ့ အတွက် ငါလည်း သောက်လို့ အရမ်း ကောင်းတယ်၊ ဒါပေမယ့် အစ်ကိုလင်း၊ မင်းရဲ့ ဆေးလုံးတွေနဲ့ ဝိုင်အိုးတွေ အတွက်၊ ငါ့မှာ ဘာမှ ပြန်ပေး စရာ မရှိပါဘူး။ ဒီကျောက်စိမ်းတုံး ကိုပဲ ထားခဲ့ရ တော့မယ် ထင်တယ် ”

ဟု ဆိုလျှက် လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။

“ အစ်ကိုကတုံးက သူ့ စံချိန်ကို ချိုးမိပြီနဲ့ တူတယ် ကောင်းကောင်း မထိန်းနိုင် တော့ဘူး၊ တကယ်ပဲ ရယ်စရာ ကောင်းတဲ့ ဘုန်းကြီးလေး၊ ဟီးဟီး..... ဒီကျောက်စိမ်း တုံးက ဘာလဲဆိုတာ ကြည့်လိုက် ရအောင်…”

လီဝူယုက တောက်ပသော မျက်လုံးများဖြင့် လွင့်မျောနေသော ရေခွက်လေး ချန်ထားခဲ့သော ကျောက်စိမ်းတုံးကို လှမ်းကိုင် လိုက်သည်။

တစ်ဖက်တွင် လင်းယွန်က လေးနက်သော အတွေးဖြင့် လွင့်မျောနေသော ရေခွက်လေး၏ နောက်ကျောကို ကြည့်နေမိသည်။

အကြောင်း တစ်ခုခုကြောင့် ရေခွက်လေး၏ စိတ်တွင် နှောင့်နှေးမှုများ ရှိနေသည့် အပြင်၊ ယင်းက ပင်လျှင် သူအား အထိန်းအကွပ် မဲ့သော အသွင်အပြင်ကို ခံစားမိ စေနိုင်သည်။

“ ဒီကျောက်စိမ်းတုံး..... ”

လီဝူယု၏ မျက်နှာမှာ ပြောင်းလဲ သွားကာ၊ ကျောက်စိမ်းတုံးကို လင်းယွန် ထံသို့ ချက်ချင်း လွှဲပေးလိုက် ပြီးနောက်၊

“ အကိုကြီး၊ မင်းကိုယ်တိုင် ကြည့်စမ်း၊ သူတကယ် မူးသွားပြီ မဟုတ်လား …”

လင်းယွန်က ချက်ချင်းပင် ကျောက်စိမ်း တုံးကို ယူကာ နဖူးပေါ် တင်လိုက်သည်။ နောက်တစက္ကန့်တွင် သူ၏ စိတ်ထဲသို့ ကြီးမားသော သတင်း အချက် အလတ်များ ဝင်လာသည်။

" ကျား-နဂါး လက်သီး နည်းစနစ် ''

လင်းယွန်က ကျောက်စိမ်းတုံးကို ပြန်ချ လိုက်ပြီး၊ လွင့်မျောနေသော ရေခွက်လေး ထွက်ခွာ သွားရာ အရပ်သို့ မျှော်ကြည့် လိုက်မိ တော့သည်။

ကျားနဂါးလက်သီး နည်းစနစ်၏ အဆင့်မှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းတွင် မြင့်မားသော အဆင့်၌ ရှိနေခဲ့ပြီး၊ ပြင်ပတပည့် ဂိုဏ်းသားများ ကိုပင် လေ့လာခွင့် မပြုခဲ့ပေ။

ကျား-နဂါး လက်သီးကို မဆိုနှင့် ဂိုဏ်း၏ မည်သို့သော နည်းစနစ်များကို မဆို၊ ထုတ်ဖော် ပေးကမ်းခြင်းသည် ကြီးလေးသော ပြစ်မှုပင် ဖြစ်ပေသည်။

" လွင့်မျောနေသော ရေခွက်လေးက မင်းကိုပေးလိုက် ကတည်းက မင်း သိပ်စိတ်ပူ နေစရာ မလိုပါဘူး၊ ရိုးရိုးသားသား ပြောရရင် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက သူ့ကို အနှောင့် အယှက် မပေးရဲဘူး၊ ပြီးတော့ မင်းရဲ့ အကျင့်စရိုက် အရ၊ ဒါကို ပေါက်ကြားစေမှာ မဟုတ်ဖူးလို့ သူယုံကြည် နေလို့ပဲ ”

ဟု ကူယွန်က ဝင်ရောက် သုံးသပ် ပြလာ ခဲ့သည်။

" သူတို့က သူ့ကို မနှောင့်ယှက် ရဲဖူးလာ "

လင်းယွန်က သံသယစိတ်ဖြင့် မေးလိုက် သည်။

" အမှန်ပဲ.. သူ့မှာ လျှို့ဝှက် ဆန်းကြယ်တဲ့ နောက်ခံ ရှိတယ်၊ တိကျတဲ့ အသေးစိတ် အချက်အလက် တွေကို ငါမသိပေမဲ့၊ လျူယွီကတော့ ဒီအကြောင်းကို ငါ့ထက် ပိုသိ လိမ့်မယ် ”

အကြောင်းကို ပိုတွေးမိ လေလေ၊ ကူယွန်၏ စကားများမှာ ပို၍ အဓိပ္ပါယ် ရှိလေလေ ဖြစ်သည်။ လျူယွီ သို့မဟုတ် ဖူဂျောင်းသည် လွင့်မျောနေသော ရေခွက်လေးကို အပြစ်ပြု ဝံ့ခြင်း မရှိပေ။

၎င်းကို တွေးမိသည်နှင့် လင်းယွန်က ကျောက်စိမ်းတုံးအား သိမ်းဆည်း လိုက်ပြီး လီဝူယု ဘက်သို့ လှည့်ကြည့်ကာ၊

" ဝူယု၊ မင်း ဒီမှာ နေခဲ့မှာလား ဒါမှမဟုတ် ဓားသင်္ချိုင်း တောအုပ်ကို ငါနဲ့ လိုက်မှာလား။"

“ သခင်ဆယ့်သုံးက ငါပြန်သွားလို့ သူ့ငါးကြင်းကို ခိုးယူ သွားမှန် သိရင် ....၊ ငါ့ကို အသက်ရှင်ခွင့် ပေးလိမ့်မယ်လို့ မင်းထင်လား၊ ဆရာကြီး ကူယွန်ကို ကူညီဖို့ ဒီမှာပဲ... ငါနေခဲ့ တော့မယ်၊ မင်း ပြန်လာတာကို စောင့်နေမယ်။”

များသောအားဖြင့် မကြောက်တတ်သူ လီဝူယုသည်ပင် သခင်ဆယ့်သုံး နာမည်ကို ကြားသည်နှင့် မငိုရုံ တမယ် ညည်းတွား လာလေသည်။

လင်းယွန်က လီဝူယုကို အတင်းအကြပ် ပြောမယူတော့ပဲ၊ ကူယွန်ကို လှည့်ကြည့် လိုက်၏။

'' မင်း ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိ ဘူးလား"

ကူယွန်က၊

" မိုးတိမ်ရူရ် ရေးထိုးနည်းကို၊ ဆေးဖက်ဝင် အာနိသင် (၇၀%) ရအောင်၊ မင်းက ဒီအထိ လမ်းညွှန် ပေးလာ ခဲ့တယ်၊ ဒါပေမယ့် အခု ငါ တစ်ယောက်တည်းနဲ့ …”

" မင်း လုပ်နိုင်ပါတယ်၊ မင်း ကိုယ့်ကိုကိုယ် ယုံကြည် ထားပါ၊ ဆေးခန်းမကို ပြန်ရောက်ရင် ကြယ်နှစ်ပွင့် ဝိညာဉ်ရေး ရူရ်တွေ အမှန်တကယ် ရေးထိုးနိုင် လိမ့်မယ်၊ အဲဒီ အချိန်မှာ မင်းကို ငါက အကြံအချို့ ပေးရုံနဲ့ အဆင်ပြေသွားမှာပါ "

လင်းယွန်က ကူယွန်အပေါ် ယုံကြည်မှု အပြည့်ရှိသည်။ မိုးတိမ် ရူရ်များကို ရေးထိုး နိုင်ပါက ကြယ်နှစ်ပွင့် အဆင့် ဝိညာဉ်ရူရ်များ ရေးထိုးရာတွင် ပို၍ လွယ်ကူ သွားမည် ဖြစ်သည်။

“ ဒီနေ့ လေလံပွဲကနေ ရရှိတဲ့ ငွေတွေပါ၊ ရတနာခန်းမနဲ့ ခွဲဝေ ပြီးတဲ့နောက်၊ ဝိညာဉ်ကျောက်စိမ်း (၃၀၀၀၀) ရရှိ ခဲ့သေးတယ် "

ကူယွန်က သိုလှောင်အိတ် တစ်လုံးကို ကမ်းပေး လိုက်သည်။

“ ကောင်းပြီ ငါ အခုပဲ သွားတော့မယ်။ ”

" ငါတို့ မင်းကို စိတ်ချပါရစေ ... "

လင်းယွန်က နဂါးသွေးမြင်းကို စီးနင်းလျက် မြင်ကွင်းမှ ပျောက်ကွယ် သွားချိန် အထိ လီဝူယုနှင့် ကူယွန်မှာ ငေးကြည့် နေမိ ခဲ့ကြသည်။

သတ်မှတ်ချိန် ရောက်ရန် ရက်နှစ်ဆယ်သာ ကျန်ရှိ ပေတော့သည်။ ပြိုင်ဘက်ထံမှ သူ့အတွက် ကြီးမားသော ဖိအားကို ခံစားခဲ့ ရသည်။ ယီလျူယွင်ကို သတ်ပြစ်မည်ဟု စီနီယာ အစ်မ ရှင်းယန်ကို ကတိပေး ခဲ့သောကြောင့် ထိုကတိကို စောင့်ထိန်း ရပေမည်။

ကောင်းကင်လွင်ပြင်သည် သီးခြား နယ်မြေတစ်ခု ဖြစ်သော်လည်း ဓားသင်္ချိုင်း တောအုပ်နှင့် လက်တွေ့တွင် ထိဆက် တည်ရှိ နေသည်။ ဓားနန်းတော်၏ ဌာနခွဲမှ ဝင်ရောက်ခြင်း အပြင်၊ အခြားသော လျှို့ဝှက် ဝင်ပေါက် တစ်ခု ရှိလေသည်။

ဝင်ပေါက်မှာ မြူများ ထူထပ်စွာ ဖုံးလွှမ်း နေသော ရေကန်ဖြစ်ပြီး ဝင်ရောက်ရန် ကြိုးစားသူတိုင်း လမ်းပျောက်မည် ဖြစ်သည်။

လင်းယွန်မှ လွဲ၍ မည်သူမျှ ဓားသင်္ချိုင်း တောအုပ်ထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။ သခင်ဆယ့်သုံးနှင့် ခင်မင် ရင်းနှီး သောကြောင့် သူ နှစ်သက်သည့် အချိန် တိုင်းတွင် ဝင်ရောက် နိုင်မည် ဖြစ်သည်။

ယီလျူယွင်က ဝမ်မျိုးနွယ်စု၏ ကျယ်ပြော လှသော ပိုင်နက်ထဲတွင် ဓားနည်းစနစ်ကို လေ့ကျင့်နေသည်။

သူ၏ ဓားသည် ပြင်းထန်သော ဖိအားကို ပေးစွမ်းလာပြီး ၎င်းကို ထုတ်ဖော် လိုက်ချိန် တိုင်းတွင်၊ ပေါက်ကွဲစွမ်းအား များနှင့် ပြည့်နှက် လာလေသည်။

သူ့လက်ထဲရှိ ဓားမှာ တဖြည်းဖြည်း လျင်မြန်လာခဲ့ပြီး အဆုံးတွင်၊ ဓားမှ ထုတ်လွှတ်သော လှိုင်းများက အကန့်အသတ် မရှိသော စွမ်းအင် ဂယက်များ အဖြစ် အသွင်ပြောင်း ထွက်ပေါ် လာသည်။

အရှိန်အဝါ များအရ နက်နဲနယ်မြေ စတုတ္ထအဆင့် အရိပ်အယောင်များကိုပင် ယောင်ဝါးဝါး ပြသလာ ခဲ့သည်။

" လျူယွင် မင်းရဲ့ ကြယ်ချိုးဓား နည်းစနစ်က အခု ပို ကျွမ်းကျင် လာပါလား၊ အဆင့်မြင့်ကျွမ်းကျင်မှုကို ရဖို့ မဝေးတော့ဘူး။ "

ဝမ်ယန်က အထက်တန်းစား ပြည်နယ်မှ အဖွဲ့ဝင် အချို့ကို ဦးဆောင်လျက် အပြုံး တစ်ပွင့်ဖြင့် ရောက်ရှိ လာသည်။

သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး၊ ယီလျူယွင်က အောင်မြင်မှု အတွက် ဂုဏ်ယူ နေဟန်ဖြင့်၊

“ အထွတ်အထိပ် နက်နဲ သိုင်းနည်းစနစ်ကို ပိုကျွမ်းကျင်အောင် ကျင့်ကြံဖို့က ခက်ခဲ ပါတယ်၊ ဒါပေမယ့် နည်းလမ်း တစ်ချို့ကို ငါရှာတွေ့ ထားပြီးပြီ၊ မင်း ဒီကို ဘာလာ လုပ်တာလဲ "

ဝမ်ယန်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး၊

"မင်းအတွက် သတင်းနှစ်ပုဒ် ရှိတယ်"

ဟု လေးနက်စွာ ဆိုလာသည်။

" လန်းမိုက မင်းကို ပထမသတင်း အကြောင်း ပြောပြလိမ့်မယ် "

ဝမ်ယန်၏ စကားဆုံးသည်နှင့် လန်းမိုက ရှေ့တစ်လှမ်း တိုးလိုက်ပြီး၊ သိုင်းခန်းမတွင် မြင်သမျှ အရာ အားလုံးကို ယီလျူယွင်အား ပြောပြလိုက်သည်။ လင်းယွန်မှ သူ့အား အရှက်ခွဲသွားသည့် အပိုင်းကိုမူ သဘာဝ အတိုင်း ကျော်သွားခဲ့သည်။

“ အကြီးအကဲက စတုတ္ထ အထပ်ကို တက်ခွင့်ပေးမယ် ထင်နေလား၊ သေမျိုး အဆင့်က တပည့်တစ်ဦး ကတောင် ဂိုဏ်းသား တံဆိပ်ကို စတုတ္ထ အဆင့် အထိ တိုးမြှင့်ဖို့ ဆိုတာ မလွယ်ကူပါဘူး၊ ဂိုဏ်းအတွက် မစ်ရှင်တွေကို အသက်ဆုံးရှုံးလု နီးပါး ဆောင်ရွက် ခဲ့ရတယ် ”

ဟု ယီလျူယွင်က အထင်အမြင် သေးစွာဖြင့် ရေရွတ်လိုက်သည်။

" သူ စတုတ္ထထပ်ကို မတက်နိုင်မှတော့၊ အဆင့်မြင့် နက်နဲ သိုင်းနည်းစနစ် တွေကိုပဲ ရွေးနိုင်မှာပါ၊ အဲဒီထဲက တစ်ခုမှ မင်းရဲ့ ကြယ်ချိုးဓားနည်းစနစ်ကို ယှဉ်လို့ မရနိုင်ဘူး။ "

လန်းမိုက ရယ်မောကာ သုံးသပ်ပြ လိုက်သည်။

“ဒါတော့ သေချာတယ်။”

ယွီလျူယွင်က ပြုံးကာ ခေါင်းညိတ် လိုက်မိသည်။

" ဒုတိယ သတင်းကရော ဘာလဲ။ "

“ ဒုတိယ သတင်းက နည်းနည်းတော့ အဆင် မပြေဖူး၊ လင်းယွန်က ကူယွန်ရဲ့ အထောက် အပံ့နဲ့ အရင်း အမြစ်တွေ ရထားတယ်၊ လကုန်မှာ ဒုတိယ နက်နဲ သွေးကြောကို ဖွဲ့စည်း နိုင်ခြေ ရှိတယ်...''

ဝမ်ယန်က လေးနက်စွာဖြင့် ဒုတိယ သတင်းကို ပြောပြ လိုက်သည်။

"ဘာဖြစ်လို့လဲ သူ ငါ့ကို အနိုင်ယူ နိုင်မယ်လို့ မင်းထင်လား၊ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က၊ မင်းရဲ့အရင်း အမြစ်တွေကို ငါလည်း ရရှိ ခဲ့တာပဲလေ ”

ဟု ယီလျူယွင်က အရေးမစိုက် ဟန်ဖြင့် ပြုံးကာ၊ ပြန်ပြော လိုက်သည်။

“ မတော်တဆ မှုတွေ မဖြစ် စေချင်ဘူး၊ ဒီလကုန်ရင် သူ သေကို သေရမယ်၊ ဘယ်လို လွဲချော်မှု မျိုးကိုမှ ငါ ခွင့်မပြု နိုင်ဘူး၊ မင်းအတွက် နောက်ထပ် ဝှက်ဖဲ တစ်ချပ်ကို ငါပြင်ထားရမယ်…”

ဝမ်ယန်၏ စကားကြောင့် ယီလျူယွင်မှာ မျက်လုံးများ မှေးကျဉ်းသွားသည်။

" မင်း ဘယ်လိုထင်လဲ "

ဝမ်ယန်၏ မျက်လုံးများတွင် လူသတ် လိုသော အရိပ်အယောင် များကို တွေ့မြင် လိုက်ရ သည်ကြောင့်၊ အနည်းငယ် တုံ့ဆိုင်း သွားပြီး၊ ယီလျူယွင်က ဝမ်ယန်၏ မေးခွန်းကို အလေးအနက် စဉ်းစား လိုက်မိသည်။

ဝမ်ယန်က သူ့အတွက် ပြင်ဆင်ထားသော ဝှက်ဖဲမှာ နည်းနည်းတော့ ရက်စက်လွန်း ပေမည်။

"ကောင်းပြီ.... ငါလက်ခံတယ် ''

" ကောင်းတယ် လင်းယွန်ကို သတ်လိုက်တာနဲ့၊ ဝမ်မျိုးနွယ်စုက မင်းကို အကြွေးတစ်ခု ပေးဆပ် လိမ့်မယ်၊ မင်းရဲ့ တောင်းဆိုမှုကို အဲဒီ အချိန်မှာ ဆန္ဒပြု နိုင်တယ် "

***

All Chapters