← Chapters

ကြောင်နှင့်မြွေ ကိုက်ခြင်း။

Vol. 17 Ch. 228

ကြောင်နှင့်မြွေ ကိုက်ခြင်း။

Vol. 17 Ch. 228

မြို့အပြင်ဘက် လမ်းအဆုံးတွင် မြူခိုးများ ပိန်းပိတ် ထူထပ်နေသော ရေကန်တစ်ကန် တည်ရှိ လေသည်။

" အေး လိုက် တာ "

လင်းယွန်က အအေးဒဏ်ကြောင့် တုန်ယင်သွားပြီး နဂါးသွေး မြင်းပေါ်မှ ခုန်ချ လိုက်သည်။ သူ့နောက်ကျော၌ ဓားသေတ္တာကို ထမ်းပိုး ထားပြီး ရေကန် ဆီသို့ လျှောက်လှမ်း လာကာ၊

" သခင်ဆယ့်သုံး၊ ငါ မင်းဆီ ပြန်လာ တာပါ "

သူ့အသံက မြူခိုးများ ကြားထဲ တိုးဝင် သွားပြီး၊ ပဲ့တင်ထပ် လာ၏။ ရုတ်တရက် ပိန်းပိတ် နေသော မြူခိုး အတွင်းမှ လှော်ခတ် သူမဲ့ လှေ တစ်စင်း ထွက်ပေါ် လာသည်။

နဂါးသွေးမြင်း နှင့်အတူ လှေပေါ် ခုန်တက် လိုက်၏၊ ထို့နောက်တွင် လှေငယ်လေးမှာ ပြန်လှည့် သွားပြီး၊ ဓားတစ်လက် ကဲ့သို့၊ ရေကန်ကို ဖြတ်ကာ၊ မြူခိုးများ အတွင်း၊ တိုးဝင် ပျောက်ကွယ် သွားသည်။

လှေပေါ်တွင် လင်းယွန်က မျက်လုံး မှိတ်ထားကာ ထိုင်နေ၏။

သူ့ခန္ဓာကိုယ် အတွင်း၌ အိုင်းရစ်ဓား သုတ္တန်ကို ဖြန့်ကျက် နေခဲ့သည်။ မူလ စွမ်းအင်သည် သူ၏ သွေးကြောများကို ဖြတ်ကာ၊ အားပြင်းသော ဓားသွားများ ကဲ့သို့ တိုးဝင် လာသည်။

အသက်ရှူလိုက်တိုင်း ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ တောက်ပလာ တက်လေ သည်။ သူ့ခန္ဓာကိုယ်ရှိ မူလ စွမ်းအင်များ၏ ခရမ်းရောင် လှိုင်းများ အောက်တွင် ဒုတိယ နက်နဲ သွေးပြန်ကြောမှာ တဖြည်းဖြည်း ဖြစ်ပေါ် လာတော့သည်။

အောင်မြင်ခါနီးသည့် အချိန်တွင် လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ် လာသည်။

ခန္ဓာကိုယ်ထဲ၌ မူလ စွမ်းအင်ကို တစ်ပတ် လှည့်ပတ် ပြီးသည်နှင့်၊ ရှေးဦးကျမ်းက၊ ၎င်းစွမ်းအင် များကို အသက်စွမ်းအင်များ အဖြစ် ပြောင်းလဲပေး နေသည်ကြောင့်၊ မူလ စွမ်းအင်မှာ သုံးပုံ တစ်ပုံသာ ကျန်ရှိ ခဲ့တော့၏။

အိုင်းရစ် ဓားသုတ္တန်နှင့် ရှေးဦးကျမ်း တို့သည် တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် ဖြစ်သည်။ မူလ စွမ်းအင်ကို အသက် စွမ်းအင်များ အဖြစ် မွေးမြူ နိုင်သည့် နောက်ပိုင်းတွင် ကျင့်ကြံမှု နှေးကွေး လာနိုင် သော်လည်း၊ ခွန်အားမှာ ပို၍ သန်မာလာမည် ဖြစ်သည်။

ယင်းသည် ဒုတိယ နက်နဲ သွေးပြန်ကြောကို မဖွဲ့စည်း နိုင်ခဲ့သော အကြောင်းရင်းလည်း ဖြစ်ပေသည်။

သို့သော်၊ အသက် စွမ်းအင်များ ဖြစ်တည် လာသော၊ သူ၏ မူလ စွမ်းအင်များမှာ ယခင်ကထက် ပိုမို အားကောင်း လာခဲ့သည်။

အချိန် အနည်းငယ် အကြာတွင် ခန္ဓာကိုယ် အတွင်း ဖြတ်သန်း စီးဆင်းနေသော မူလ စွမ်းအင်များမှာ သံမဏိ ကြိုးမျဉ် များကဲ့သို့ အလင်း ဖျော့ဖျော့များ ထွက်ပေါ် လာတော့သည်။

ခရမ်းရောင် မူလ စွမ်းအင်၏ (၈၀%)ကို အသက် စွမ်းအင်များ အဖြစ် သန့်စင်ပေး ခဲ့ပြီးနောက်၊ (၁၀၀%)အထိ သန့်စင် နိုင်ရန် စောင့်ဆိုင်း နေခဲ့သည်။

အကယ်၍ ယင်းသာ အောင်မြင်ခဲ့ပါက ယီလျူယွင်သည် နက်နဲနယ်ပယ် စတုတ္ထ အဆင့်သို့ ရောက်ရှိ သွားလျှင်ပင် ကြောက်နေစရာ မလိုပေ။

ရှန်ရှင်းဘုံသို့ ရောက်ရှိသည်နှင့် ယန်စွမ်းအင်မှာ ခရမ်းရောင် အဖြစ် ပြောင်းလဲ သွားပြီးနောက်၊ ဝိညာဉ် စွမ်းအင်များ ဖြစ်သွား ခဲ့သည်။

ယခုအချိန်၌ ရှေးဦးကျမ်း အလိုအရ ထိုမူလ ဝိညာဉ် စွမ်းအင်များကို အသက် စွမ်းအင်များ ပေါင်းထည့် သန့်စင် ပေးခြင်းဖြင့် ပို၍ သိပ်သည်း လာစေသည်ဟု ဆိုလို ပေသည်။

၎င်းတွင် အိုင်းရစ်ဓား သုတ္တန်၏ စွမ်းအားများ ပေါင်းထည့် လိုက်ပါက ခွန်အားမှာ မထင်မှတ် လောက်အောင် မြင့်တက်သွား နိုင်ပေမည်။

တစ်ခုတည်းသော အခက်အခဲမှာ အရင်းအမြစ်များ မလုံလောက်ခြင်း ဖြစ်သည်။ ကံကောင်းစွာပင်၊ ယခု သူ့၌ ဝိညာဉ် ကျောက်စိမ်း အမြောက်အမြား ရှိနေခဲ့သည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်သော အခါတွင် ရင်းနှီးနေသော ဝါးအဆောက် အဦးမှာ မြူခိုးများ ကြားမှ ထွက်ပေါ်လာသည်။

ကမ်းပေါ်သို့ တက်လိုက်ပြီး အဆောက်အဦး ထဲသို့ ဝင်လိုက်သည်နှင့် ကျောက်ပြားကြီး တစ်ခုပေါ်တွင် သခင်ဆယ့်သုံး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

မျက်လုံးများကို မှိတ်ထားကာ မည်သူမျှ မချဉ်းကပ် နိုင်သော ကြောက်မက်ဖွယ် အရှိန် အဝါများ ယိုစိမ့် ထွက်နေ ခဲ့လေသည်။

သခင်ဆယ့်သုံးက ရုတ်တရက် မျက်လုံး ပွင့်လာသည်နှင့် သန်မာသော ဓားဆန္ဒသည် လင်းယွန်၏ ရင်ဘတ်သို့ လာရောက် ထိမှန်သွား သလို ခံစားလိုက် ရသည်။

သခင်ဆယ့်သုံး၏ ဓား ရည်ရွယ်ချက်ကြောင့် အလွန် ထိတ်လန့် သွားသည်။ နောက်ဆုံးတွင် သူ့ကို သတ်ရန် အတွက် အကြည့် တစ်ချက်သာ ကြည့်ရန် လိုပေသည်။

အကြည့်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း၊ ယင်းသည် မည်သို့သော ဓား ရည်ရွယ်ချက် နည်း။

" မင်္ဂလာပါ သခင် ဆယ့်သုံး "

" အင်း ... မဆိုးပါဘူး။ "

သခင်ဆယ့်သုံးက လင်းယွန်ကို စစ်ဆေးကြည့်ပြီး ခေါင်းညိတ် ပြလာသည်။

" ဒီက ယင်စွမ်းအင် (၅၀%)ကို စုပ်ယူပြီး၊ နက်နဲ သိုင်းနယ်ပယ်ရဲ့ ဒုတိယ အဆင့်ကို ရောက်နေပြီလို့ ငါ ထင်နေတာ၊ မင်းက တည်ငြိမ်မှုကို ထိန်းထား နိုင်လိမ့် မယ်လို့ မမျှော်လင့် ထားမိဘူး။ "

“ လွန်ခဲ့တဲ့ တစ်လလုံးလုံး ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ဖို့ အချိန်အားလုံးကို ကုန်ဆုံးစေ ခဲ့တယ်၊ မိုးကြိုးလက်ခုပ်သံ ငါးပါး ကိုတောင် ငါ အသုံး မပြု ဖြစ်ဘူး။"

“ ကျင့်ကြံခြင်းက သိုင်းသမားတွေ အတွက် အမြဲတမ်း အခြေခံ အုတ်မြစ်ပဲ၊ မင်းရဲ့အခြေခံ အုတ်မြစ်က မတည်မငြိမ် ဖြစ်နေရင် ဓား တစ်လက်ရဲ့ စွမ်းအားကို ဘယ်လိုလုပ် ထုတ်ပေး နိုင်မှာလဲ၊ ... ”

“ ... မင်းရဲ့ ထိုးထွင်း နားလည်မှု အရ၊ နက်နဲ သိုင်းနည်းစနစ် တွေကို နားလည်ဖို့ နှစ်လတောင် ကြာမှာ မဟုတ်ပါဘူး၊ ဒါနဲ့တောင် မင်းဘာလို့ ဒီလောက် အလျင်လို နေရတာလဲ "

သခင်ဆယ့်သုံးက လင်းယွန်၏ ခွန်အား အပေါ် သုံးသပ်ကာ ပြန်မေး လိုက်သည်။

“ဒီ ဂျူနီယာက ဒုက္ခ ရောက်နေတာပါ ”

ထို့နောက် ယီလျူယွင်နှင့် ရန်ငြိုးဖွဲ့ ပုံကို ရှင်းပြ လိုက်သည်။

သခင်ဆယ့်သုံးက လင်းယွန်ကို လေးလေး နက်နက် စိုက်ကြည့်ကာ၊

“ ရက်နှစ်ဆယ်ပဲ ကျန်တော့တယ်…။ ငါ မင်းကို မကူညီနိုင်မှာကို ကြောက်မိတယ်။ "

“အဆင်ပြေပါတယ်၊ စီနီယာရဲ့ အကူအညီကို ငါ မတောင်းဝံ့ပါဘူး၊ ဓားသင်္ချိုင်း တောအုပ်ကို အသုံးပြုခွင့် ရဖို့ပဲ မျှော်လင့် ထားပါတယ် ...”

ဟု လင်းယွန်က သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်၏။ သခင်ဆယ့်သုံး၏ အကူ အညီကို ရယူရန် အတွက် ဤနေရာသို့ လာခဲ့ခြင်း မဟုတ်ချေ။ ယီလျူယွင်ကို သတ်ရန် မိမိ ခွန်အား ပေါ်တွင်သာ အားကိုးချင် ခဲ့သည်။

သခင်ဆယ့်သုံး အနေဖြင့် သူ့အား တစ်ကြိမ် ကူညီပေးခဲ့ပြီး ပြီဖြစ်ရာ၊ နောက်ထပ် အကူ အညီများ တောင်းခံရန် မဖြစ်နိုင် တော့ပေ။

ထို့အပြင် သူကိုယ်တိုင် ပို၍ သန်မာ လာရုံ မှတပါး၊ တခြားသော သူများ အပေါ် မှီခိုလို ခြင်းသည် အစစ်အမှန် ခွန်အား မဟုတ်နိုင်။

"ဆက်လုပ်ပါ "

သခင်ဆယ့်သုံးက ဓားသင်္ချိုင်း တောအုပ်ထံ ညွှန်ပြပြီး မျက်လုံးများကို ပြန်မှိတ် ထား လိုက်ကာ၊ လင်းယွန် တင်မက ပတ်ဝန်းကျင် တစ်ခု လုံးအား လျစ်လျူရှု လိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ။"

လင်းယွန်က လက်ဝေ့ယမ်း လိုက်ပြီး၊ နဂါးသွေးမြင်း နှင့်အတူ ဓားသင်္ချိုင်း တောအုပ်သို့ ထွက်ခွာ လာခဲ့သည်။

ဝါးပင်များက လေထဲတွင် ယိမ်းနွဲ့ကာ လူအုပ်ကြီး စကားပြော နေသံ ကဲ့သို့ ဝိုးတဝါး အသံများ ဆူညံနေ ပေသည်။

ဝါးတော ပတ်ဝန်းကျင်တွင် ဓားရည်ရွယ်ချက် များဖြင့် ပြည့်နှက်နေ၏။ သို့သော် ထိုနေရာ အတွင်း၌ လင်းယွန်မှာ သက်တောင့် သက်သာ ရှိလှပြီး၊ ဓားသမုဒ္ဒရာကြီး ထဲတွင် နစ်မြုပ်နေ သကဲ့သို့ ခံစား လိုက်ရသည်။

အသက်ပြင်းပြင်း ရှူရှိုက် လိုက်သည်နှင့်၊ သူ့နှလုံးသား ထံမှ တက်ကြွမှုကို ခံစားလိုက် မိသည်ကြောင့် ဝမ်းသာ သွားတော့သည်။

" ဟုတ်တယ်၊ ငါထင်တာ မမှားခဲ့ဖူးပဲ၊ ဒီနေရာက အသင့်တော်ဆုံးပဲ "

လင်းယွန်၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာသည်။ ဓားသင်္ချိုင်း တောအုပ် အတွင်း၌ ရပ်နေလျက်၊ သူ၏ အိမ်သို့ ပြန်ရောက်လာ သကဲ့သို့ ခံစားနေရသည်။

ထို့နောက် ကျား-နဂါးလက်သီး၊ မဟာလေဟုန်ကျမ်းနှင့် သခင့်ဓားတို့ ပါရှိသော ကျောက်စိမ်းတုံး သုံးတုံးကို ထုတ်ယူ လိုက်သည်။

မိုးကောင်းကင် ယဇ်ပလ္လင်မှ ရရှိခဲ့သော မဟာလေဟုန်ကျမ်းသည် ရှေးဟောင်း နည်းစနစ် တစ်ခု ဖြစ်သည် ဖြစ်ရာ၊ ယနေ့ ခေတ်၌ ၎င်းနည်းစနစ်ကို လက်ရှိ အဆင့် များဖြင့် အမျိုးအစားခွဲ၍ မရခဲ့ပေ။

ယင်းနည်းစနစ်သည် ဝိညာဉ် ရူရ်များ ရေးထိုး ရသော ရှေးဦးကျမ်းနှင့် နှိုင်းယှဉ် ပါက ပို၍ အားနည်းမည် မဟုတ်ဟု သူ ခန့်မှန်းနိုင်၏။

ရှန်ရှင်း နယ်မြေ၌ ရှိနေစဉ် ၎င်းကို စူးစမ်း လေ့လာ ခဲ့ပြီး ဖြစ်သော်လည်း၊ ထိုအချိန်က မကျင့်ကြံ နိုင်ခဲ့ပေ။ နက်နဲ နယ်ပယ်သို့ ရောက်ရှိ ပြီးနောက် တွင်လည်း၊ ကျင့်ကြံမှု အပေါ်၌သာ အာရုံ စိုက်ထားမိ ခဲ့လေသည်။

ယခုအချိန်၌ ၎င်းနည်းစနစ်ကို ရက်ပေါင်း နှစ်ဆယ် အတွင်း ဆုပ်ကိုင် နိုင်မည်ဟု မယုံကြည်ခဲ့ပေ။

“ လေဟုန်ကျမ်းက အနာဂတ်မှာ ငါ့ဝှက်ဖဲ ဖြစ်လာ လိမ့်မယ်၊ ဒါကြောင့် ငါ အခု ဖယ်ထား လိုက်တော့... "

လင်းယွန်က ပြတ်သားသော ဆုံးဖြတ်ချက် နှင့်အတူ ကျောက်စိမ်းတုံးကို ပြန်လည် သိမ်းဆည်းကာ၊ ကျားနဂါး လက်သီး နည်းစနစ် ပါရှိသော ကျောက်စိမ်းတုံးကို၊ ခါးသီးသော အပြုံးဖြင့် စိုက်ကြည့် လိုက်မိသည်။

လွန်ခဲ့သည့် ဆယ်ရက်က သည်သာ ဤနည်းစနစ်ကို ရခဲ့မည် ဆိုပါက သခင့်ဓားကို တောင်းခံမိမည် မဟုတ်ပေ။

နောက်ဆုံးတွင် ကျားနဂါး လက်သီးကို ထုတ်ဖော် ပြသခဲ့သော၊ လွင့်မျောနေသော ရေခွက်လေး၏ စွမ်းအားကို ကိုယ်တိုင် တွေ့မြင် ခဲ့ရဖူး လေသည်။

ဆယ်ရက်ဖြင့် ကျား-နဂါး လက်သီးကို ပိုမိုကျွမ်းကျင်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ကျန်ဆယ်ရက်တွင် သခင့်ဓားကို နားလည်မှု ယူဖို့ရန် ကြိုးစားမည် ဖြစ်သည်။

ကျားနဂါး လက်သီးဖြင့် ယီလျူယွင်ကို ယှဉ်ပြိုင် နိုင်မည် ဖြစ်သည်။ အကယ်၍သာ သခင့်ဓားတွင် တိုးတက်မှု တစ်စုံတစ်ရာ ပြုလုပ်နိုင် ခဲ့ပါက၊ ၎င်းသည် သူ့အတွက် ဝှက်ဖဲ ဖြစ်လာမည်မှာ သေချာပေသည်။

ကျောက်စိမ်း တုံးကို နဖူး ပေါ်တင် လိုက်ပြီး မှတ်တမ်းတင် ထားသော အချက် အလက် များကို သူ့စိတ်ထဲသို့ စီးဆင်း စေခဲ့သည်။

ဤနည်းစနစ်တွင် တံဆိပ်လေးခု ပါရှိပြီး အဆိုပါ တံဆိပ်လေးခု ကသည်သာ ကျား-နဂါး လက်သီး၏ စစ်မှန်သော စွမ်းအားကို ထုတ်ပေး နိုင်ပေမည်။

၎င်းတို့မှာ ထာဝရနတ်ဘုရား တံဆိပ်တော်၊ ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်၊ နတ်ဆိုး အမြစ်ဖြတ် သုတ်သင်ခြင်း တံဆိပ်၊ မိုးကောင်းကင် တံဆိပ်တို့ ဖြစ်သည်။

ကျား-နဂါး လက်သီးမှာ မရိုးရှင်းလှပေ။ ယခင် အချိန်၌ သူရိတ်သိမ်း မိသမျှ အရာ အားလုံးမှာ ရေခဲတောင်၏ အဖျားပိုင်း မျှသာ ဖြစ်ပေသည်။

နောက်ဆုံးတွင်၊ တံဆိပ်လေးခု မပါပဲ၊ ကျား-နဂါး လက်သီး၏ အစွမ်းကို ပြသနိုင်မည် မဟုတ်ချေ။

ထာဝရနတ်ဘုရား တံဆိပ်ကို သင်ယူထားပြီး ပြီဖြစ်ရာ၊ ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျားဖြင့် တွဲဖက် ဖို့ရန် ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်ကို လေ့ကျင့်ရန် ပြင်ဆင် လိုက်သည်။

လင်းယွန်က လက်သီးကို လှုပ်ယမ်း လိုက်သည်နှင့် ဓားသင်္ချိုင်း တောအုပ် အတွင်းတွင် နဂါးနှင့် ကျား ဟောက်သံများ တဟုန်ထိုး မြည်ဟီး လာတော့သည်။

( ကောင်းကင်ဖျက်ဆီးခြင်း... ၊ ဒါက ဘာကို ဆိုလိုတာလဲ။ ကောင်းကင်ကြီးက ရုပ်သဏ္ဍာန် မရှိတဲ့ အခွံလွတ် ကြီးလေ၊ ဘယ်လိုလုပ် ချိုးဖျက် နိုင်မှာလဲ။ တစ်ခုခုတော့ လွဲနေပြီ … )

လင်းယွန်က လွင့်မျောနေသော ရေခွက်လေး အသုံးပြုစဉ်က နဂါးနှင့် ကျား မည်သို့ ရုန်းထွက် ခဲ့သည်ကို ပြန်ပြောင်း သတိရ သွားကာ၊ နည်းစနစ်၏ နက်နဲမှုအား နားလည်ဖို့ရန် ကြိုးစားလိုက်သည်။

အကြိမ်ပေါင်းများစွာ ကြိုးစား ပြီးနောက် နားလည်မှု အဆင့်သို့ တက်လှမ်း နိုင်ခဲ့ သော်လည်း၊ နောက်ကွယ်ရှိ စစ်မှန်သော ရည်ရွယ် ချက်ကို ဖမ်းဆုပ် မိခြင်း မရှိခဲ့ပေ။

အရှုံးမပေး ခဲ့ပဲ ဓားသင်္ချိုင်း တောအုပ်၏ ဖိအား အောက်၌ ထပ်မံ လေ့ကျင့် နေမိသည်။

အကြိမ်မည်မျှ ကြာသည်ကို နတ်ဘုရား များသာ သိပေမည်၊ လေဟာနယ်မှာ ရုတ်တရက် ပေါက်ကွဲ သွားသဖြင့်၊ အတွေးထဲ နစ်မြုပ် သွား ပြန်၏။

“ကြည့်ရတာ တကယ် ဖျက်ဆီးဖို့ မဆိုလိုဖူး ထင်တယ်။ နေဦး ငါ့နှလုံးသား ထဲမှာ ဗလာ ဖြစ်နေ တာလား....။ ဒါဆို နှလုံးသား ထဲက ကျားနဲ့ နဂါးကို ဖျက်ဆီး ခိုင်းတာ ဖြစ်ရမယ်။ ငါက မရှိတာကို အရှိ ထင်နေ ခဲ့တာပဲ၊ ဟားဟားဟား ... ”

လက်နှစ်ဘက်ဖြင့် တံဆိပ်ကို စတင်ဖန်တီး ကြည့်လိုက်သည်။ ယခုအကြိမ်၌ တံဆိပ်ကို ထုတ်ဖော် နေစဉ် သူ့စိတ်များ ကြည်လင် လာကာ၊ ငြိမ်သက်သော အနေအထားသို့ ရောက်ရှိ သွားလေသည်။

" ဒါပဲပေါ့၊ ကောင်းကင်ကို ဖြိုခွဲတယ် ဆိုတာ၊ ငါ့နှလုံးသား ထဲက နဂါးနဲ့ ကျားကို ဖြိုခွင်း ခိုင်းတာပဲ၊ ဒါမှ ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျားရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြသနိုင်မှာ ...."

လင်းယွန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ကျား-နဂါး လက်သီး၏ အရေးကြီးဆုံး ခြေလှမ်းဖြစ်သော ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်၏ အခြေခံ များကို ဆုပ်ကိုင် မိလိုက် တော့သည်။

ယင်းသည် နှလုံးသားရှိ ဒေါသနှင့် မာနကို ဖယ်ရှား ခိုင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် ကျားနဂါး လက်သီး၏ စွမ်းအားကို ရယူနိုင်ရန် ကတုံး တုံးရမည် လားဟု လီဝူယုက မေးမြန်း ခဲ့ခြင်း ဖြစ်ပေမည်။

ခဏအကြာတွင် လင်းယွန်၏ လက်နှစ်ဖက်၌ တံဆိပ်များ ဖြစ်တည်လာကာ၊ ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်ဖြင့် အားဖြည့် ထားသော 'ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား' မှာ တည်ငြိမ်စွာ ပေါက်ကွဲ လာ တော့သည်။

သူ့လက်သီးတွင် ဓားရောင်ဝါများ သိုင်းခြုံထားကာ၊ မြေပြင်ကို ခွဲထုတ် ပြစ်လိုက်၏။

ထိုစွမ်းအား၏ သက်ရောက်မှု အောက်တွင် သစ်ရွက်များနှင့် တိမ်တိုက်များက လေထဲ၌ ခေတ္တမျှ ငြိမ်သက် သွားတော့သည်။

တစ်စုံတစ်ယောက်သာ ရပ်ကြည့် နေမိ ပါက၊ သူတို့ အတွက် အချိန်များ နှေးကွေး သွားပြီဟု ယူဆ မိပေ လိမ့်မည်။

ထို့နောက်တွင် ကျားတစ်ကောင်သည် တောင်ပေါ်မှ ခုန်ဆင်းလာ သကဲ့သို့ ကောင်းကင်တွင် ပျံဝဲနေသော သစ်ရွက်များကို ရုတ်ချည်း အပိုင်းပိုင်း ခွဲပစ် လိုက်တော့၏။

လက်သီးကို ပြန်လည် ဖြေလျှော့ လိုက်သည်နှင့်၊ ဓားသင်္ချိုင်း တောအုပ်မှာ အပျက်အစီး များဖြင့် ကျွင်းကျန်ရစ် ခဲ့တော့သည်။

တောအုပ် အပြင်ဘက်ရှိ သခင်ဆယ့်သုံးက ထိုဖြစ်ရပ်များ ဆီသို့ မျှော်ကြည့်ကာ ပြုံးနေ ခဲ့လေသည်။

“ ကြောင်နဲ့ မြွေ ကိုက်တာလား၊ မဆိုးပါဘူး၊ သူရဲ့ ဓားရောင်ဝါကို လက်သီး နည်းစနစ် ထဲမှာ ပေါင်းစပ် နိုင်ခဲ့ပုံပဲ၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက လူအိုကြီးသာ ဒါကို မြင်ရင်၊ ဘယ်လို ခံစားရ မလဲဆိုတာ ငါ သိချင်မိတယ်။ ''

မဟာချင် အင်ပါယာတွင် ကျားနဂါး လက်သီးကို 'ကြောင်နှင့် မြွေ ကိုက်ခြင်း' ဟု ခေါ်ဆို ဝံ့သူမှာ သခင် ဆယ့်သုံးသာ ရှိပေသည်။

***

All Chapters