← Chapters

ဝူယု၊ ထွက်ခွာရမယ့် အချိန်ရောက်ပြီ။

Vol. 17 Ch. 230

ဝူယု၊ ထွက်ခွာရမယ့် အချိန်ရောက်ပြီ။

Vol. 17 Ch. 230

“ ကြယ်ချိုးဓား နည်းစနစ်က၊ နားလည်မှု မြင့်မားဖို့ လိုအပ်တဲ့၊ အထွတ်အထိပ် နက်နဲ သိုင်းနည်းစနစ် တွေထဲက အကောင်းဆုံး တစ်ခုလို့ ယူဆနိုင်တယ်၊ ဒါကို ယီလျူယွင်က အဆင့်မြင့် ကျွမ်းကျင်မှု အထိ ရရှိနိုင် ခဲ့တာက အထင်ကြီး စရာပါပဲ။”

လန်းမိုအပြင် ဝမ်ယန်၏ ဘေးတွင် အခြားသော ဓားနန်းတော်၏ တပည့်ရှစ်ယောက် ရှိနေလေသည်။

၎င်းတို့ ရှစ်ဦးသည် အထက်တန်းစား ပြည်နယ်တွင် အသန်မာ ဆုံးသော သိုင်းသမားများ ဖြစ်ပြီး၊ မြေကြီး အဆင့်၏ မြင့်မားသော နေရာ၌ ရပ်တည် ထားနိုင် ကြသည်။

သူတို့ကို အထက်တန်းစား ပြည်နယ်၏ 'မိုးကြိုး မဟာမိတ် ရှစ်ဖော်' ဟု ခေါ်ဆို ကြသည်။ ၎င်းတို့သည် အထက်တန်းလွှာ သိုင်းသမားများ ဖြစ်သည့် အပြင် အထက်တန်းစား မဟာမိတ် ပြည်နယ်၏ အဓိက အင်အားစုပင် ဖြစ်၏။

သူတို့ ရောက်ရှိ လာခြင်းသည် အထက်တန်းစား ပြည်နယ်မှ ယီလျူယွင်နှင့် လင်းယွန်တို့၏ တိုက်ပွဲအတွက် အလွန် အလေးထား နေကြောင်း သက်သေပင် ဖြစ်သည်။

“အချိန်တန်ရင် ယီလျူယွင်က မြေကြီး အဆင့်မှာ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာမှာပဲ၊ သူ့ရဲ့ အောင်မြင်မှုက ငါတို့ထက် နိမ့်ကျမှာမဟုတ်ပါဘူး၊ 'ကောင်းကင်အဆင့်'ကို ရောက်ဖို့ အခွင့် အရေးတောင် ရှိကောင်း ရှိနိုင်တယ်။ ”

" ဒါတော့ အမှန်ပဲ။ သူက အသက် ဆယ့်ခွန်နစ် နှစ်ပဲ ရှိသေးတော့ သူ့မှာ အလားအလာတွေ အများကြီး ရှိတယ်။ စီနီယာ အစ်ကိုဝမ်၊ မင်းမှာ အမြင်ကောင်းတွေ ရှိခဲ့တာပဲ။ "

" ဒီဓားကျွန်က ယီလျူယွင်ကို သတ်ဖို့ ဆိုတာ နည်းနည်းတော့ ပိုလွန်း သွားပါပြီ။"

" လင်းယွန်က သေချာပေါက် သေရ လိမ့်မယ် "

မိုးကြိုးရှစ်ဖော်က ယီလျူယွင်၏ စွမ်းရည်ပြသမှုကို ချီးကျူး လိုက်ကြသည်။ လန်းမိုအတွက်မူ သူ့တွင် စကားပြော ပိုင်ခွင့် မရှိသောကြောင့် ယီလျူယွင်ကို မနာလို စိတ်ဖြင့်သာ ကြည့်နေ လိုက်မိသည်။

လန်းမိုက ဝမ်ယန်၏ နောက်သို့ လိုက်ခဲ့ ပြီးနောက်၊ မြို့တော်တွင် ဝမ်မျိုးနယ်စု၏ နက်နဲသော အခြေခံ အုတ်မြစ်ကို သူ နားလည် လာခဲ့သည်။

ယီလျူယွင်ကို လင်းယွန်အား သတ်ပစ် နိုင်မည့် အခွင့်အရေး တစ်ခု ပေးထား လေသည်။ ယခုနှစ်တွင် လူသစ်များ အကြား နာမည်ကြီး နေသော လင်းယွန် အကြောင်းကို တပည့်တိုင်းက သိထား ကြသည်။

ကြယ်ကိုးပွင့် ပြိုင်ပွဲတွင် သူ ဖန်တီးခဲ့သော ရုန်းရင်း ဆန်ခတ်မှု များမှာ လူတိုင်း စွမ်းဆောင် နိုင်သော အရာ မဟုတ်ပေ။

ယီလျူယွင်က လင်းယွန်ကို သတ်နိုင်လျှင် ဝမ်နင် သေဆုံးခြင်း၏ အရှက်ကို ကင်းစင် သွားစေမည် ဖြစ်ကာ၊ ဝမ်ယန်အတွက် ဂုဏ်ကျက် သရေ တိုးလာစေ နိုင်မည်။

လက်ရှိတွင် ဝမ်ယန်မှာ ဝမ်မိသားစုနှင့် အဆင်မပြေသော အနေအထား၌ ရှိနေခဲ့ လေပြီ။ မျိုးနွယ်စု၏ အဆင့်မြင့် အကြီးအကဲများက သူ့ကို ပြစ်တင် ရှုံ့ချ နေကြ၏။

လင်းယွန်က ဝမ်နင်ကို သတ်ဖြတ်ရန် လွယ်ကူခဲ့သည့် အတွက်၊ ဝမ်မိသားစု၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေ ခဲ့သည်။

လင်းယွန်သာ ဓားနန်းတော်၏ အကာအကွယ်အောက်တွင် မရှိပါက၊ ဝမ်မျိုးနွယ်စုက သတ်ပစ် ပြီးသား ဖြစ်နေ ပေလိမ့်မည်။

" ............. "

အထက်တန်းစား ပြည်နယ်၏ မိုးကြိုးရှစ်ဖော်ကို မြင်သော အခါတွင်၊ ယီလျူယွင်က မျက်နှာ ပြောင်းလဲ သွားသည်။ သူတို့ ရောက်ရှိ လာသည့် အတွက် အံ့သြသွားခြင်း ဖြစ်သည်။

ဝမ်ယန်က ဘဝနှင့် သေခြင်း တိုက်ပွဲကို ဤမျှ အလေးအနက် ထားလိမ့် မည်ဟု မထင်ထားခဲ့ပေ။

" ဒီနေ့ ဘာနေ့လဲ သိလား"

ဝမ်ယန်က ကျေနပ်သော လေသံဖြင့် မေးလိုက်သည်။

" ငါသိတယ်၊ တိုက်ပွဲစဖို့ သုံးရက်ပဲ လိုတော့တယ်"

ယီလျူယွင်က ဆက်မပြောမီ ခေတ္တရပ်လိုက်ပြီး၊

" အခုကစပြီး သုံးရက်နေရင် လင်းယွန်ကို ငါသတ်ပစ်မယ်"

ဝမ်ယန်က ပြုံးပြီး၊

" မင်းရဲ့ ကြယ်ချိုးဓားကို မြင်ပြီး တာကြောင့်၊ မင်း သူ့ကို သတ်နိုင်မယ် ဆိုတာ သေချာ ပါတယ်။ ဒါပေမယ့် လွယ်လွယ်နဲ့ သေခွင့်ရရင် ပေါ့ပေါ့ တန်တန် ဖြစ်သွား လိမ့်မယ်။ ငါပြောတာကို မင်းနားလည်လား။ "

" ငါ နားလည်တယ်၊ ငါ သူ့ကို သေခြင်း တရား အတွက် အသနားခံ လာတဲ့ အထိ နှိပ်စက် ပေးမယ်၊ ပြီးရင် မင်းလက်ထဲကို အပ်လိုက်မယ်၊ ”

ယီလျူယွင်က ပြုံးပြီး ပြန်ပြော လိုက်သည်။

"ဟားဟား ဟား "

ယီလျူယွင်၏ ယုံကြည်ချက် ရှိရှိ အမူအရာ များကြောင့်၊ လင်းယွန်မှ အသနား ခံနေသော မြင်ကွင်းကို ဝမ်ယန်က လက်တွေ့ကျကျ ပုံဖော် ကြည့်နိုင်ခဲ့သည်။

“ ကောင်းတယ်။ လုံလောက်အောင် မသန်မာရင် ဂိုဏ်းက သူ့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ သိုင်းဝိညာဉ် ဖြစ်တဲ့ အသူရာနဂါး ကတော့၊ ဒီအခြေ အနေကို ပြောင်းလဲ နိုင်တယ်။ 'အသူရာနဂါး' က 'အဋ္ဌမအဆင့် ပယင်းရောင် သိုင်းဝိညာဉ်' ဖြစ်တဲ့ အပြင်၊ 'ကမ္ဘာဦးဖျက်ဆီးခြင်း ဝိညာဉ်' လည်း ဖြစ်တာကြောင့် မင်းဂရုစိုက်ရ လိမ့်မယ် ... ''

ယီလျူယွင် က ခေါင်းညိတ်လိုက်ပြီး၊

“ ဒါကို စိတ်မပူပါနဲ့။ မင်း ငါ့ကို ပေးခဲ့တဲ့ ဝှက်ဖဲနဲ့ ဒီက အကြီးအကဲ တွေရဲ့ အကူအညီကြောင့် သူ့သာ သိုင်းဝိဥာဉ်ကို ထုတ်ဝံ့ရင် ငါဖျက်ဆီး ပစ်မယ်။ ဒီတော့ 'ကမ္ဘာဦးဖျက်ဆီးခြင်း ဝိညာဉ်' ဆိုရင်ကော.... ဘာဖြစ်လဲ၊ ဘယ်လောက်ထိ ဖျက်ဆီး နိုင်မလဲ ဆိုတာ ငါကြည့်မယ်။ ”

" သွား ကြရအောင်။ သုံးရက်ပဲ ကျန်တော့ တာကြောင့်၊ အထက်တန်းစား ပြည်နယ်မှာ အချိန်ဖြုန်း ရမယ်၊ ဒီအတော အတွင်း မိုးကြိုးရှစ်ဖော် နဲ့ ရင်းနှီးဖို့ အခွင့်အရေး ရပါ လိမ့်မယ်....''

ဝမ်ယန်၏ စကားကို ကြားသော အခါတွင် ယီလျူယွင်၏ မျက်လုံးများမှာ၊ ချက်ချင်းတောက်ပ လာသည်။

မိုးကြိုးမဟာမိတ် ရှစ်ဖော်သည် မြေကြီး အဆင့်တွင် အဆင့်မြင့် သိုင်းသမားများ ဖြစ်ကြ သည်ကြောင့်၊ ၎င်းတို့၏ အချိန်မှာ အဖိုးတန် လှပေသည်။

ထိုမျှ အဖိုးတန်သော အချိန်များကို ယီလျူယွင်နှင့် လာရောက် ဖြုန်းတီးခြင်းမှာ၊ ဝမ်ယန်ကို မျက်နှာသာ ပေးရန် အတွက်သာ ဖြစ်လေသည်။

“ စီနီယာ၊ ကျေးဇူးပါပဲ။ မင်း ငါ့အပေါ် ပြသခဲ့တဲ့ ဂရုစိုက်မှု တွေကို ငါမမေ့ ပါဘူး။"

ယီလျူယွင်က ဒူးတစ်ဖက် ထောက်ချလိုက်ပြီး လက်ဝေ့ယမ်းကာ၊ အရိုအသေ ပေးလိုက်မိသည်။

“ မင်းကို ငါ့ရဲ့ ဆက်ခံသူ ဖြစ်အောင် ပြင်ဆင်ပေးဖို့ ဆုံးဖြတ် ထားတယ်၊ ဒါကြောင့် မိုးကြိုးရှစ်ဖော်က မင်းအပေါ် သဘောထား ကြီးကြီး ထားတာမို့၊ ဒီတိုက်ပွဲက မင်းအတွက် ပထမဦးဆုံး ခြေလှမ်းပဲ၊ လင်းယွန်က ငါ့မျက်စိထဲ ဘာမှ မဟုတ်ပါဘူး။ အနာဂတ်မှာ မင်းကို အများကြီး လိုအပ်တယ်”

ဝမ်ယန်က ပွင့်ပွင့် လင်းလင်း ထုတ်ပြော လာသည်ကြောင့် ယီလျူယွင်မှာ အံ့သြ သွားသည်။

“ ငါတို့က မင်းအပေါ် အများကြီး မျှော်လင့် ထားပါတယ်၊ ဒီတိုက်ပွဲ ပြီးရင် မြေကြီး အဆင့်ကို ဝင်ရောက် နိုင်ဖို့ မင်းကြိုးစားပါ၊ မင်းမှာ အခွင့်အရေး (၅၀%) ရှိတယ်။ ”

“ သူ့ရဲ့ အခွင့်အရေးက ငါးဆယ် ရာခိုင်နှုန်း ဆိုပေမယ့်၊ လင်းယွန်ကို သတ်ပြီးရင် လင်းယွန်ရဲ့ အလားအလာရှိတဲ့ ကံကြမ္မာကို ဖမ်းဆုပ်နိုင် လိမ့်မယ်၊ အချိန်တန်ရင် ယီလျူယွင်ကို မရပ်တန့် နိုင်တော့မှာကို ငါကြောက်မိတယ်။”

" အမှန်ပဲ ဒါက ရှားရှားပါးပါး အခွင့်အရေးဖြစ်တာကြောင့်၊ ငါတို့ အားလုံးက မင်းကို မနာလို ဖြစ်နေမိပြီ။ "

မိုးကြိုးရှစ်ဖော်က ပြုံးကာ ဝင်ရောက် ပြောဆို လိုက်သည်။

သူတို့ စကားများကြောင့် ယီလျူယွင်၏ သွေးများ ဆူပွက်လာကာ စိတ်လှုပ်ရှား သွားတော့သည်။

ဓားသမားများသည် ၎င်းတို့၏ အစွယ်များကို မွေးမြူ ထားသောကြောင့် လင်းယွန်၏ အစွယ်များကို ဖမ်းဆုပ်ကာ သတ်ပစ်ခြင်းဖြင့် ကံကောင်းခြင်း များကို ရယူနိုင်မည် ဖြစ်သည်။

( အစွယ်= ကောင်းကင်ဘုံ ကောင်းချီး )

" ငါ ယီလျူယွင်က မင်းကို စိတ်မပျက် စေရပါဘူး "

ယီလျူယွင်က လေးနက်သော အမူအရာဖြင့် ဂတိပြု လိုက်သည်။ ထို့နောက်တွင် သူတို့ အဖွဲ့မှာ ဝမ်မျိုးနွယ်စု စံအိမ်ကြီးမှ ထွက်ခွာလာ ခဲ့ကြတော့သည်။

သူတို့ ထွက်လာ ချိန်တွင် သန်မာလှသော ဓားငှက်ကြီးက အပြင်ဘက် ကောင်းကင်ယံ၌ စောင့်ကြို နေခဲ့လေသည်။

သို့သော် ဓားငှက်ပေါ်သို့ တက်ရောက် ခါနီးတွင် အနက်ရောင် ရထားလုံး တစ်စင်းကို မြင်လိုက်ရ သည်ကြောင့် ဝမ်ယန်၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားတော့သည်။

သူ့မျက်နှာတွင် အမြဲ ရှိနေခဲ့သော မောက်မာမှုများပင် တမဟုတ်ချင်း ပျောက်ကွယ် သွား၏။

“ မင်းတို့ ဒီမှာ စောင့်နေ ကြပါ၊ ငါ တစ်ယောက် ယောက်နဲ့ သွားတွေ့ဖို့ လိုနေတယ်"

ဝမ်ယန်က လေးစားသော အမူအရာဖြင့် ရထားလုံး ဆီသို့ ဦးတည် လိုက်၏။ လန်းမိုက အနက်ရောင် ရထားလုံးကို မြင်သော အခါတွင်၊ ချက်ခြင်းပင် စိတ်လှုပ်ရှား သွားပြီး၊ “ ဒါ က…” ဟု အော်ဟစ် လိုက်ရာ၊

“ တိတ် စမ်း ...”

မိုးကြိုးရှစ်ဖော်က အေးစက်စွာ ဟန့်တား လာလေသည်။

" မင်း သေချင်နေလား"

လန်းမိုက ကြောက်လန့်သွားပြီး၊ နောက်တစ်လှမ်း ဆုတ်ကာ၊ ငြိမ်သက် သွားတော့သည်။ ရထားလုံးပေါ်တွင် မည်သူ ပါရှိ နေမည်ကို သူ ခန့်မှန်း နိုင်သည်။

ဓားနန်းတော် အတွင်း ဝမ်ယန်၏ စစ်မှန်သော ကျောထောက် နောက်ခံပင် ဖြစ်လေသည်။

" သခင်ငယ်ကို နှုတ်ဆက် ပါတယ်"

ဝမ်ယန်က မဆိုင်းမတွ လေးနက်သော အမူအယာဖြင့် ရထားလုံးကို ဦးညွှတ် လိုက်၏။

" မင်း ပြဿနာ တစ်ခု ကြုံနေ ရတယ်လို့ ငါကြားမိတယ်၊ ငါ့အကူအညီ လိုအပ်လား "

ရထားလုံး ပေါ်မှ ရယ်မော လိုဟန် စွက်နေသော သြဇာ ကြီးမားသည့်၊ အသံတစ်သံ တိုးညှင်းစွာ ထွက်ပေါ်လာ လေသည်။

ဝမ်ယန်က ချက်ချင်း ဒူးထောက် လိုက်ပြီး၊ ဖြူဖျော့ လာသော မျက်နှာဖြင့်၊

“ သခင်ငယ်ရဲ့ အကူအညီကို ငါမယူရဲ ပါဘူး။ ဒါက အသေးအဖွဲ ကိစ္စသာ ဖြစ်လို့၊ မင်းကို မနှောက်ယှက် ပါရစေနဲ့၊ အမှိုက်တွေကြောင့် မင်းကို အနှောက်အယှက် ဖြစ်စေ မိပြီ၊ ငါ့ အမှား တွေပါ "

" ဟမ့် .... "

ရထားလုံး ပေါ်ရှိ အသံပိုင်ရှင်၏ အနည်းငယ် တင်းမာသော လေသံကြောင့်၊ ဝမ်ယန့် မျက်နှာကို ဖျော့တော့ သွားစေ ခဲ့သည်။

“ အဲဒီမှာ မျက်နှာသာ ပေးမှုကို မင်း မလိုချင် တော့ဖူးလို့ ငါ ထင်မိတယ်၊ မင်းရဲ့ မျိုးနွယ်စုအတွင်းမှာ ပြဿနာ အချို့ ရှိနေတယ် ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါမင်းကို ညွှန်ကြားထားတဲ့၊ ကိစ္စနဲ့ ယှဉ်ရင် ဒါက ဘာမှ မဟုတ်တဲ့အရာလေး တစ်ခုပါ၊ အရေးကြီး တာကို ကောင်းကောင်း လုပ်နိုင်ဖို့ လိုတယ်၊ မဟုတ်ရင် မင်းက ဝမ်မျိုးနွယ်စုရဲ့ သခင်ကြီး ဖြစ်လာ ရင်တောင်၊ မင်းကို အချိန်မရွေး သတ်ပစ် နိုင်တယ် ဆိုတာ မမေ့နဲ့၊ ''

'' မင်းသာ စွမ်းဆောင်နိုင်ရင် မင်းရဲ့ ဝမ်းကွဲညီအစ်ကိုတွေ ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ ဝမ်သခင်ကြီး ရာထူးက မင်းအတွက်ပဲ။”

ရထားလုံး ပေါ်ရှိ အသံပိုင်ရှင်က သူ့ဆုံးဖြတ်ချက်ကို ထုတ်ဖော် ပြောဆို ပြီးသည်နှင့် ဝမ်ယန်၏ တုန့်ပြန် လာမှုကို မစောင့်တော့ပဲ၊ “သွားရအောင်” ဟု ဆိုကာ၊ အစောင့်များကို အမိန့်ပေး လိုက်သည်။

အစောင့် လေးယောက်မှာ၊ အရပ် မျက်နှာ အသီးသီးမှ ရုတ်တရက် ထွက်ပေါ် လာခဲ့ပြီး၊ ရထားလုံးအား သယ်ဆောင်လျက်၊ လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။

ဝမ်ယန်က အချိန် အတော်ကြာအောင် ဦးညွှတ် နေရာမှ ခါးကို ပြန်ဆန့် လိုက်ကာ၊

“ ဓားကျွန်က တကယ်ပဲ သူ့အာရုံကို စွဲဆောင်သွားနိုင်တာလား…၊ ဒါက အဓိပ္ပာယ်ရှိ ပါတယ်လေ၊ ဓားကျွန် ကိုတောင် မကိုင်တွယ် နိုင်ရင် သခင်ငယ် အတွက် ငါက အမှိုက်တစ်စ ဖြစ်နေ တော့မှာပေါ့ ”

ရုတ်တရက် သူ့ခန္ဓာကိုယ်မှ လူသတ် ရောင်ဝါများ၊ ပေါက်ကွဲ ထွက်ပေါ် လာပြီး၊

" ဂိုဏ်းဆီ ပြန်ရအောင်၊ သုံးရက်နေရင် ငါ့ညီလေးရဲ့ အုတ်ဂူရှေ့မှာ လင်းယွန်ရဲ့ ဦးခေါင်းကို စိုက်ထူ ရမယ် ”

ဟု ပြတ်သားစွာ ရေရွတ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင်၊ ရှင်ဂျူးက 'ရတနာ တောင်ကုန်း ပြည်နယ်' သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

“အကိုကြီး၊ ဒီတိုက်ပွဲကို ရှောင်ရှားဖို့ နည်းလမ်း မရှိဘူးလား”

ရှင်းယန်က သူ့အစ်ကိုကို လှမ်းကြည့်ကာ၊ မျှော်လင့်တကြီး မေးမြန်း လိုက်၏။

“ဝမ်နင် သေဆုံးမှုက ဝမ်ယန် အတွက် ကြီးမားတဲ့ ဖိအား ဖြစ်လာ ခဲ့တယ်၊ မျိုးနွယ်စု အတွင်းမှာ သူ့အဆင့် အတန်းကို ဆုံးရှုံးရလု နီးပါးပါပဲ၊ ဒါကြောင့် ဝမ်ယန်က အမိအရ ဆုပ်ကိုင်ထားမှာ သေချာတယ်၊ လင်းယွန်ကသာ စိန်ခေါ်မှုကို လက်မခံ ခဲ့ရင်တော့ တမျိုးပေါ့၊ အခု ချိန်မှာတော့ အကြီးအကဲ လျူဖန်းနဲ့ ကာကွယ်သူ မက်မွန် တို့ကတောင် ဒီတိုက်ပွဲကို ဖျက်သိမ်းဖို့ နည်းလမ်း မရှိဘူး ”

ရှင်ဂျူးက သက်ပြင်းချကာ သူသိလာ သမျှကို ပြန်လည် ရှင်းပြ လိုက်သည်။

" စိန်ခေါ်တာကို သူ လက်မခံ ခဲ့ရင် တဲ့လား ...."

ရှင်းယန်က ပင့်သက် ရှည်ကြီး နှင့်အတူ ပြုံးလိုက်ပြီး၊

“ သူ့ရဲ့ ပင်ကိုယ် စရိုက်အရ ဒါကို လက်မခံ ရင်သာ ထူးဆန်း နေလိမ့်မယ်။ ရတနာ တောင်ကုန်းကို ဆွဲချ ဖို့ထက် သူကိုယ်တိုင်က အရာ အားလုံးကို ခံယူသွားမှာ သေချာတယ် ... ''

“ ဒီတစ်ခါတော့ တော်တော် ခက်ခဲသွားပြီ၊ ယီလျူယွင်က လွန်ခဲ့တဲ့ တစ်လလုံးလုံး ဝမ်မိသားစု စံအိမ်မှာ ကျင့်ကြံ နေခဲ့ တယ်လို့ကြားသိ ခဲ့ရတယ်၊ လင်းယွန်က သူ့ကံကြမ္မာကို မလွတ်မြောက် နိုင်တော့မှာ ငါကြောက် မိပါတယ်…”

ရှင်ဂျူးက ကူကယ်ရာမဲ့ ဟန်ဖြင့် ပင့်သက်ချ လိုက်သည်။

“ မဟုတ်ဘူး ငါ့ကို သူ ကတိ ပေးထားတယ်။"

ရှင်းယွန်၏ မျက်လုံးများတွင် ခေါင်းမာသော အရိပ်အမြွက် များဖြင့် သွားများကို ကြိတ်ယူလိုက်သည်။

"သူက ဓားသင်္ချိုင်း တောအုပ်ထဲ ကနေတောင် အသက်ရှင်လျှက် ထွက်လာ နိုင်ခဲ့ တာပဲ၊ သူ့ကတိကို သူတည် ရမယ် "

စကားဆုံးသည်နှင့် ရှင်းယန်က တိတ်ဆိတ်သွားသည်။ မည်သို့ ဆက်ပြော ရမည်ကို သူ မသိတော့ပေ။ လင်းယွန်တွင် ယီလျူယွင်ကို ရင်ဆိုင်ရန် ပြင်ဆင်ချိန် တစ်နှစ်သာ ရှိခဲ့လျှင် သူ ယုံကြည် နိုင်သော်လည်း ယခု အခြေအနေမှာမူ ထိုသို့ မဟုတ်ပေ။

သေမျိုးအဆင့် (၃၆)ရှိ တပည့် တစ်ဦးကို ဂိုဏ်းထဲ ဝင်လျှင် ဝင်ချင်း၊ သေရှင် စင်မြင်၌ ရင်ဆိုင်ရ သည်မှာ၊ လင်းယွန် အတွက် ရက်စက် လွန်းရာ ကျခဲ့လေသည်။

ဓားသင်္ချိုင်း တောအုပ်တွင်၊ သခင်ဆယ့်သုံးက လင်းယွန်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။ လင်းယွန်က သူ၏ ဒုတိယမြောက် နက်နဲ သွေးပြန်ကြောကို ဖွဲ့စည်းရန် မျက်လှည့်ဆရာ တစ်ယောက် ကဲ့သို့၊ ထောင်ပေါင်းများစွာသော ဝိညာဉ် ကျောက်စိမ်းများကို ထုတ်ယူ နေသည်ကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာ တဆိတ် ပိုလွန်း သည်ဟုပင် ထင်လိုက်မိ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာပြီး နောက်တွင်၊ ဒုတိယ နက်နဲ သွေးပြန်ကြောကိုဖွဲ့စည်း လိုက်နိုင်သော လင်းယွန်၏ ခွန်အားကိုသိချင်စိတ် ပြင်းပျစွာဖြင့်၊

“ လာပါ၊ နက်နဲ နယ်ပယ်ရဲ့ ဒုတိယ အဆင့် အထိ ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ပြီး မင်းနဲ့ အတူ ကစားပေးမယ်၊ ဒီကာလအတွင်း မင်းဘာတွေရခဲ့လဲ ငါ ကြည့်ပါရစေ ”

ဟု အရှင်ဆယ့်သုံးက ပြုံးရွှင်စွာ ဆိုလိုက် မိလေသည်။

၎င်းသည် အကြံကောင်း တစ်ခုပင် ဖြစ်၏၊ သူ့ခွန်အားကို စမ်းသပ်ရန် အခွင့်အရေးအား ကောင်းကောင်း အသုံးချ ရပေမည်။

" ဒါဆို မင်း ငါ့ကို ခွင့်လွှတ်ပါ သခင်(၁၃) "

လင်းယွန်၏ မူလစွမ်းအင်မှာ သူ့ခန္ဓာကိုယ်အတွင်း ရွေ့လျားသွားပြီး သခင်ဆယ့်သုံးကို လက်သီးဖြင့် ထိုးပစ် လိုက်တော့သည်။

သခင်ဆယ့်သုံးက လင်းယွန်၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိ ခဲ့သော်လည်း၊ သူ့မျက်လုံးများတွင် အံ့သြမှု အရိပ် အယောင်များ ထွက်ပေါ်လာသည်။ လက်သီးနှင့် လက်ဖဝါးကြားတွင် ရိုက်ခတ်မှု များကြောင့် ကျယ်လောင်သော ပေါက်ကွဲမှုများ ဖြစ်ပေါ် လာသည်။ သခင်ဆယ့်သုံးက သူ၏ ကျင့်ကြံမှုကို နက်နဲ နယ်မြေ၏ ဒုတိယ အဆင့်သို့ ဖိနှိမ် ထားသည့် ခွန်အားဖြင့်ပင် နောက်ပြန်ဆုတ် ပေးလိုက် ရလေသည်။

" ကောင်လေး၊ မင်းရဲ့ တိုက်ခိုက်မှုက တော်တော် ရက်စက်တာပဲ၊ ငါ့ ခွန်အားကိုအပြည့်အ၀ မသုံးထားဖူး ဆိုပေမယ့်၊ ငါ့ကို ခြေနှစ်လှမ်း ပြန်ဆုတ် စေတာကြောင့်၊ မင်း ဂုဏ်ယူသင့်တယ်”

ဟု တုန်လှုပ်စွာ ဆိုလိုက်သည်။

“ တကယ်တော့ ငါ့ရဲ့ ခွန်အားကို အပြည့်အ၀ အသုံးမချခဲ့ဘူး၊ ငါက ဒီလောက်ပဲ အသုံးပြု ထားခဲ့တာ…”

လင်းယွန်က ပြုံးပြီး လက်ညိုးတစ်ချောင်းထောင်ပြလိုက်သည်။

" ရွံစရာကောင်းတဲ့ မြေခွေးကောင်၊ မင်းငါ့ကို အရှက်ခွဲဖို့ ကြိုးစား နေတာလား၊ ထွက်သွားစမ်း .... "

သခင်ဆယ့်သုံးက မည်းမှောင်သော မျက်နှာဖြင့် ဟောက်လိုက်သည်။ လင်းယွန်က စိတ်မဆိုးခဲ့ပဲ၊ ပြုံးရယ် လိုက်ကာ၊

"ကျေးဇူးပြုပြီး စိတ်ဆိုး မနေပါနဲ့၊ ငါ အခု သွားတော့မယ်... ငါ မသေရင် ပြန်လာခဲ့မယ် "

သခင်ဆယ့်သုံးက လင်းယွန်ကို အမြန် ထွက်ခွာ သွားစေရန် အချက်ပြသည့် အနေဖြင့် သူ့လက်ကို ဝှေ့ယမ်း ပြကာ၊ မျက်နှာလွှဲ ယူလိုက်သည်။ သူ့မျက်နှာတွင် ဒေါသများ ထွက်နေသေး သည်မှာ သိသာ လှပေ၏။

လင်းယွန်က ပျောက်ကွယ် သွားပြီး နောက်တွင် သခင်ဆယ့်သုံး၏ မျက်နှာပေါ်၌ မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပလာကာ၊ လင်းယွန် ထွက်သွားရာ မြူခိုး အတွင်းသို့ ပြန်လှည့် ကြည့်လိုက် တော့သည်။

ရတနာခန်းမတွင် လီဝူယုနှင့် ချင်းမိန်မှာ စကားစမြည် ပြောဆို နေကြ၏။ ချင်းမိန်က ရံဖန်ရံခါတွင် ရယ်မော နေခဲ့ သော်လည်း၊ လီဝူယုမှာမူ စကားဝိုင်းတွင် သိသိသာသာ အာရုံရှိ မနေခဲ့ပေ။ နောက်ဆုံးရက် နီးလာသဖြင့် လင်းယွန် အတွက် စိတ်ပူပင် နေမိသည်။

လင်းယွန်မှာ ထွက်ပြေးသွား လိမ့်မည်ဟု လူအများက ပြောဆို လာကြ၏။ လျူယွီပင်လျှင် လင်းယွန်သည် သူမ ခွေးကျွေးရန် ရည်ရွယ်ထားသော ဆေးလုံးများကို ယူဆောင်ကာ၊ ပုန်းအောင်း နေတော့ မည်ဟု လှောင်ပြောင် ပြောဆို လာခဲ့သည်။

ထို့ကြောင့် လီဝူယုတွင် ကောင်းမွန်သော စိတ်အခြေ အနေများ ပျောက်ဆုံးနေခြင်း ဖြစ်လေသည်။ ရုတ်တရက် ချင်းမိန်၏ ရယ်မောသံများ ရပ်တန့်သွားကာ တံခါးဝကို လှမ်းကြည့် လိုက်သည်။ လီဝူယုက ချင်းမိန် နှင့်အတူ လှည့်ကြည့် လိုက်ရာ၊ ကြက်သွေးရောင် မြင်းတစ်ကောင် ပေါ်၌ ဓားသေတ္တာကို ထမ်းပိုးထားသော လူငယ်လေး တစ်ဦးကို တွေ့လိုက် ရလေသည်။

“ ဝူယု သွားဖို့ အချိန်တန်ပြီ”

လင်းယွန်က ပြုံးလျက်ဖြင့် လီဝူယုကို လှမ်းခေါ် လိုက်တော့၏။

***

All Chapters