← Chapters

တိုက်ပွဲစပြီ။

Vol. 17 Ch. 231

တိုက်ပွဲစပြီ။

Vol. 17 Ch. 231

သုံးရက် အကြာတွင်၊ သွေးတံခွန် တောင်ကုန်း၊ အသက်- သေခြင်း စင်မြင့် ထက်၌။

ဓားနန်းတော်တွင် တပည့်များကြား သတ်ဖြတ်ခြင်း မှန်သမျှကို တင်းကြပ်စွာ တားမြစ် ထားသည်။ ဤစည်းမျဉ်းကို ဖောက်ဖျက် ကျူးလွန်သူ မည်သူမဆို ချွင်းချက်မရှိ အသတ်ခံရမည် ဖြစ်၏။

သို့သော် တပည့်များ ကြားတွင် မဖြေရှင်း နိုင်သော အမုန်း တရားများ ရှိခဲ့ပါက၊ ၎င်းတို့သည် အသက်-သေခြင်း စင်မြင့်၌ ဖြေရှင်း နိုင်ပေမည်၊ ထိုသို့ လုပ်ဆောင်ရန် နှစ်ဦး နှစ်ဖက် သဘော တူညီချက် ရှိရမည် ဖြစ်သည်။

စင်မြင့်ပေါ်သို့ ရောက်ရှိသည်နှင့် သေခြင်း တရားသည် တစ်ဦး တစ်ယောက်၏ ထိန်းချုပ်မှုမှ ကင်းလွတ် သွားမည် ဖြစ်သည်။

ရန်ငြိုးများ အားလုံးကို စင်မြင့်ပေါ်တွင် ပြေလည် စေမည်၊ ဆိုလိုသည်မှာ အောင်နိုင် သူသည် အသက်ရှင် နေမည် ဖြစ်ကာ၊ ရှုံးနှိမ့်သူမှာ သေချာပေါက် သေဆုံး ရမည် ဖြစ်သည်။ လူသေ တစ်ဦးနှင့် မည်သူ မဆို ရန်ငြိုး ဖွဲ့ နိုင် တော့မည် မဟုတ်ပေ။

တပည့်အများစုမှာ သွေးတံခွန် တောင်ကုန်းသို့ ရောက်ခဲ လှသော်လည်း လင်းယွန်နှင့် ယီလျူယွင်တို့ အကြား အသက်- သေခြင်း စိန်ခေါ်မှုကြောင့် ယနေ့တွင် စည်ကား နေသည်။

လွန်ခဲ့သော နှစ်လက ဝမ်နင်ကို သတ်ပစ်ခဲ့ ပြီးနောက် လင်းယွန်၏ နာမည်မှာ ဓားနန်းတော်အတွင်း ပျံ့နှံ့ခဲ့သည်။ သို့သော် သူသည် ဆေးတောင်တန်းမှ ထွက်လာပြီး၊ ယီလျူယွင်နှင့် အသက်-သေခြင်း စင်မြင့်သို့ တက်ရောက် လိမ့်မည်ဟု မည်သူမျှ မျှော်လင့် မထားခဲ့ပေ။

အများစုသည် ကြယ်ကိုးပွင့် ပြိုင်ပွဲ၌ လင်းယွန်၏ သတ်ဖြတ်မှုကို မျက်မြင် ကိုယ်တွေ့ မကြုံဖူး ခဲ့ကြသည် ဖြစ်ရာ၊ ယနေ့ပွဲသို့ မဖြစ်မနေ တက်ရောက် လာ ကြသည်။

လူစု လူဝေးကြီး၏ အာရုံကို ရတနာတောင်ကုန်း ပြည်နယ်၏ အဖွဲ့ဝင် များက ဖမ်းစား ထားနိုင် ခဲ့သည်။အထူးသဖြင့်ရှင်းယန်၏ ပြည့်တင်း နေသော ခန္ဓာကိုယ်ပင် ဖြစ်သည်။

သွေးနှင်းဆီ တစ်ပွင့် ကဲ့သို့ လေထဲတွင် ဝေ့ဝဲနေခဲ့သော မျက်ဝန်း တစ်စုံမှာ လူအများ၏ နှလုံးသားကို ညို့ယူ သွားလေသည်။

ရုတ်တရက် စူးရှသော ဓားရောင်ဝါများ ထွက်ပေါ်လာပြီး၊ ကောင်းကင်မှ ဓားငှက်များ ဆင်းသက် လာသည်။ ဝမ်ယန်က သိုင်းသမား တစ်ဒါဇင် ခန့်အား ခြံရံကာ၊ ဓားငှက်ပေါ်မှ ခုန်ချလာ၏။

" စီနီယာ အစ်ကို ဝမ် "

အထက်တန်းစား ပြည်နယ်၏ အဖွဲ့ဝင် အများအပြားက ချက်ချင်း ရှေ့တိုး သွားကာ နှုတ်ဆက်လိုက် ကြသည်။

'' ဘယ်လောက်တောင် ရှင်းသန့် လိုက်လဲ၊ မိုးကြိုးရှစ်ဖော်ပါ ဒီကို ရောက်လာ ကြပြီ။ ''

'' လွန်ခဲ့တဲ့ သုံးရက်လောက်က သူတို့ ယီလျူယွင်ကို လေ့ကျင့် ပေးနေတာ ငါကြားတယ်။အခု ယီလျူယွင်က ဘယ်လောက်တောင် သန်မာနေ မလဲလို့ ငါ တွေးမိတယ်။ ''

"ကြည့်စမ်း၊ ဟိုမှာ ယီလျူယွင်"

ယီလျူယွင်က ဓားငှက်ပေါ်မှ နောက်ဆုံး၌ ဆင်းသက်လာ ခဲ့ပြီးနောက်၊ အသက်- သေခြင်း စင်မြင့် တစ်ဖက်ခြမ်းရှိ ရှင်းယန်ကို လှမ်းကြည့်ပြီး၊

'' သူဒီမှာ မရှိသေးဘူးလား၊သူ ထွက်ပြေးပြီ ထင်တယ် ''

'' တိုက်ပွဲက မစသေးဖူး ဆိုတော့ မင်းဘာတွေ စိတ်ပူ နေတာလဲ၊ လင်းယွန်က ဒီကို အချိန်မီရောက်လာမှာပါ "

ရှင်းယန်က အေးစက်စွာ ပြန်ဖြေ လိုက်သည်။

" ဟား ဟား ဟား .... ပြောဖို့ ခက်တယ်၊ ရတနာခန်းမ ကနေ အရင်း အမြစ်တွေ သူရရှိခဲ့တယ် မဟုတ်လား၊ ခွေးတွေကို ကျွေးဖို့ ရည်ရွယ်ထားတဲ့ မှော်ဆေးလုံး ကိုတောင် ယူသွားခဲ့ တယ်လို့ ကြားမိပါတယ်၊ အခုချိန်မှာ မဟာချင် အင်ပါယာ ကနေ ထွက်ပြေး သွားပြီလား ဆိုတာ ဘယ်သူ သိနိုင်မလဲ၊ ရှင်းယန်... ယုံကြည်မှု လွန်ကဲ နေတာက မကောင်းဖူးနော်၊ မဟုတ်ရင် ရှက်စရာ ဖြစ်လိမ့်မယ်။ ''

လျူယွီက ရယ်မော သံများ နှင့်အတူ လူအုပ်အတွင်းမှ အော်ဟစ် သတိပေး လိုက်သည်။

" အိုး ... ဟုတ်တာပေါ့၊ မင်းက ငါ့ရဲ့ ဂျူနီယာလေးကို အရင်း အမြစ် တွေကို အများကြီး ပံ့ပိုးပေး ခဲ့တယ်ဆိုတာ ငါ ကြားမိ ပါတယ်၊ ဒီအတွက် ငါ ရှင်းယန်က ကျေးဇူးတင် ပါတယ်၊ ဒါနဲ့ ရတနာ ခန်းမမှာ မင်းတို့ နှစ်ယောက် အရှက်ရ တာနဲ့ မလုံလောက် သေးဖူးလား ''

ရှင်းယန်က ပြုံးလျက် တုန့်ပြန် လိုက်သည်။

" ဘယ်လိုများ စော်ကား လိုက်တာလဲ၊ မင်းက ငါ့ကိစ္စ တွေထဲကို ဝင်ပါဖို့ သတ္တိရှိ တယ်လား..... "

ဖူဂျောင်းက ထဟောက် လိုက်၏။

" ဒါအမှန်ပဲ၊ ရတနာ ခန်းမမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ် အပျက် တွေကို ဘာကြောင့် မဝေမျှ ရတာလဲ၊ ငါ ကိုယ်တိုင် ကိုယ်ကျ သက်သေ ခံနိုင်ပါတယ် အဟီး။ ''

လီဝူယုက နဂါးသွေး မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး၊ စကား စစ်ထိုးပွဲ အတွင်း ဝင်ရောက် လာခဲ့သည်။

" စီနီယာအစ်မ ရှင်းယန် ငါနောက်ကျ နေပြီလား"

လင်းယွန်က ရှင်းယန် ဆီသို့ လျှောက်သွားသည်။

"နက်နဲ သိုင်းနယ်ပယ်၏ ဒုတိယအဆင့် "

လင်းယွန်၏ ကျင့်ကြံမှုကို ကြည့်ကာ၊ လူအများက မှင်တက်သွား ကြသည်။ ဒုတိယ နက်နဲ သွေးပြန်ကြောကို ဖွဲ့စည်းရန် အချိန် တစ်လသာ အသုံးပြု ခဲ့လေသည်။ သူ၏ ကြီးထွားမှု အဟုန်ကြောင့် အားလုံး အံသြစေဖို့ လုံလောက် သွားကြ၏။

" မင်း အဆင့် ချိုးဖြတ် နိုင်ခဲ့တာလား "

ရှင်းယန်၏ မျက်လုံးများမှာ ရွှင်မြူးစွာဖြင့် တောက်ပလာ၏။

'' မိန်းကလေးလျူရဲ့ အရင်း အမြစ် တွေအတွက် ကျေးဇူးတင် ပါတယ်၊ ဒီလိုမှ မဟုတ်ရင် ငါ အောင်မြင်မှု ရယူနိုင်မှာ မဟုတ်ပါဘူး ''

လင်းယွန်က လျူယွီဘက် လှည့်ကာ ပြုံးပြလိုက်သည်။

'' မင်း ဘယ်လောက် ကြာကြာ ခုခံနိုင်မလဲ ဆိုတာ ငါကြည့်မယ်၊ နက်နဲ ဒုတိယ အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ..၊ ယီလျူယွင်က နက်နဲ တတိယ အဆင့် အထွတ် အထိပ်မှာ ရှိနေတယ်...''

လျူယွီက ပြန်လည် အော်ဟစ်လိုက်ပြီး၊ ဖူဂျောင်း ဘက်သို့ တိုးဆုတ် သွားခဲ့သည်။ လင်းယွန်ကို ကြည့်နေမိသော သူတို့ နှစ်ယောက်၏ မျက်လုံးများတွင် အမုန်းတရား များဖြင့် ပြည့်နှက် နေလေသည်။

ယနေ့ လင်းယွန်၏ သေဆုံးခြင်းကို ကြည့်ရှု ခံစားချင် ကြသောကြောင့် လာရောက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ မစတင် မီကပင် လေထုမှာ အလွန် တင်းကြပ် နေပြီ ဖြစ်သည်။ ထိုအချိန်တွင် လူတိုင်းက တိုက်ပွဲ အကြောင်းကို စတင်ဆွေးနွေး လာကြ တော့၏။ လင်းယွန်က တစ်လ အတွင်း အောင်မြင်မှုကို ရယူနိုင် ခဲ့သည်ကြောင့် တစ်ဖက်သတ် တိုက်ပွဲ မဖြစ်နိုင် တော့ပေ။

မည်သို့ပင် ဆိုစေကာမူ သေမျိုး အဆင့် (၃၆)ရှိ၊ ယီလျူယွင်သာ အနိုင်ရ မည်ဟု ယူဆ ထားလေသည်။

ထိုအချိန်တွင် ကြက်သွေးရောင် ၀တ်စုံကို ဝတ်ဆင်ထားသော အဖိုးအို တစ်ဦးက စင်မြင့်ပေါ်သို့ တိတ်တဆိတ် ဆင်းလာခဲ့၏။ သူ၏ ကျင့်ကြံမှုမှာ နားမလည် နိုင်လောက် အောင်ပင် မြင့်မား လှပေသည်။ အသက်- သေခြင်း စင်မြင့်၏ ဒိုင်အကြီးအကဲ ဖြစ်ကာ၊

'' လင်းယွန်၊ ယီလျူယွင်၊ စင်မြင့်ပေါ် တက်ခဲ့ပါ၊ မင်းတို့ ရဲ့ စိန်ခေါ်မှု တံဆိပ်ပြားက ငါ့လက်ထဲ ရောက်လာ ပြီမို့၊ အခု နောက်ဆုတ်လို့ မရတော့ဘူး "

ဒိုင်အကြီးအကဲက သူ့အိတ်ထဲရှိ တံဆိပ်ပြား တစ်ပြားကို ထုတ်ယူကာ မြောက်ပြ လိုက်သည်။

"လင်းယွန်၊ မင်းငါ့ကို ကတိပေး ခဲ့ပြီး ပြီမို့၊ မင်းသေတာကို ငါမမြင်ချင်ဘူး "

ရှင်းယန်က ရှုပ်ထွေးသော အမူအရာဖြင့် လင်းယွန်ကို ကြည့်လိုက်လေသည်။

သူ့စကားကြောင့် လင်းယွန်၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက် များဖြင့်၊ စင်မြင့် ပေါ်သို့ တက်လှမ်း သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ စင်မြင့်ထက် ဥက္ကာပျံ တစ်စင်း ကဲ့သို့ အရှိန် ပြင်းပြင်းဖြင့် ပုံရိပ် တစ်ရိပ် ကျဆင်း လာသည်။

ထိုပုံရိပ်ထံမှ ထွက်ပေါ် လာသော အရှိန်အဝါ များကြောင့်၊ လင်းယွန်မှာ မျက်မှောင်ကြုတ် သွားမိလေသည်။

" ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ရောင်ဝါလဲ "

" ဒါ ယီလျူယွင်ပဲ "

" သူ့ရဲ့ အရှိန်အဝါ အရ၊ နက်နဲ သိုင်းနယ်ပယ်ရဲ့ စတုတ္ထအဆင့် သိုင်းသမား တစ်ယောက်အောက် မလျော့ဘူး... ''

စင်မြင့်ပေါ်၌ လေပြင်းများ ပျောက်ကွယ် သွားပြီး၊ ယီလျူယွင်၏ မျက်နှာကို ထင်ရှားစွာ တွေ့မြင်လိုက် ရလေသည်။

ယီလျူယွင်၏ ဆံပင်များမှာ လေထဲတွင် တဖျပ်ဖျပ် ခတ်နေ ခဲ့ပြီး၊

" မင်း ငါ့ရှေ့မှာ ရပ်ရဲလောက်အောင် ယုံကြည်မှု ဘယ်က ရလာတာလဲ၊ ငါသာ ဒီနေ့ မင်းကို မသတ်နိုင်ရင်၊ စီနီယာဝမ်၊ မိန်းကလေး လျူနဲ့၊ ဆရာကြီး ဖူဂျောင်းက ငါ့ကို အကြီးအကျယ် စိတ်ပျက် သွားလိမ့်မယ်။ ''

လင်းယွန်က မျက်ခုံးပင့်ကာ လျူယွီ၊ ဖူဂျောင်းနှင့် ဝမ်ယန်ကို လှမ်းကြည့် သည်။

လျူယွီက လင်းယွန်၏ အပြုံးကို သတိပြုမိသော အခါတွင် သူမ သွားများကို ကြိတ်ကာ၊

" ရွံရှာစရာ ကောင်းလိုက်တဲ့ ဓားကျွန် "

ဟု ကျိန်ဆဲ လိုက်သည်။

" သေခြင်းတရားနဲ့ ရင်ဆိုင်ရ တာတောင်၊ ပြုံးနိုင်တုန်းပဲ

လင်းယွန်၏ ဒေါသ အကြည့်က သူ့ထံသို့၊ ဦးတည် လာသည်ကို မြင်သောအခါ ဝမ်ယန်က ဟစ်အော် လိုက်သည်။

'' စကြရအောင်၊ အသက်- သေခြင်း စင်မြင့်မှာ စည်းကမ်း မရှိဘူး၊ အောင်နိုင်သူက အသက်ရှင်မယ်၊ ရှုံးနိမ့်သူက ဒီနေရာမှာ သေရမယ် ''

ကြက်သွေးရောင် ဝတ်စုံနှင့် ဒိုင်အကြီးအကဲက စိန်ခေါ်သူ နှစ်ဦးကို တစ်ချက်ကြည့် လိုက်ကာ၊ ရုတ်ချည်း စင်မြင့်ထက်မှ ပျောက်ကွယ် သွားတော့သည်။

အကြီးအကဲ ပျောက်ကွယ် သွားသည်နှင့် သတ်ဖြတ်လိုသော ဆန္ဒများမှာ စင်မြင့် တစ်ခုလုံးအား လွှမ်းခြုံ လာတော့၏။

ယီလျူယွင်က သူ့ဓားကို ကြမ်းပြင် ပေါ်သို့ ထိုးချ လိုက်သည်။

" မင်းရဲ့ ဓားကို ထုတ်လိုက်ပါ၊ မဟုတ်ရင် မင်းကို ဓားဆွဲထုတ်ခွင့် မပေးတဲ့ အတွက် ငါ့ကို အပြစ်မတင်နဲ့ "

သူ၏ အသံတွင် စင်မြင့်ပေါ်ရှိ ကျောက်ပြားများကို အက်ကွဲစေသော ထက်ရှသည့် ဓားလှိုင်းများ ကပ်ညိ ပါဝင်လာသည်။

သေမျိုးအဆင့် (၃၆)ရှိ ယီလျူယွင်၏ အဆင့်အရ ပတ်ဝန်းကျင်ရှိ လူတိုင်းက သူ၏ မောက်မာမှုနှင့် မာန တရားကို ခံစား နားလည် နိုင်မည် ဖြစ်သည်။

" ဘယ်လို ယုံကြည်မှုမျိုးလဲ "

'' မာနကြီးလိုက်တာ ...''

နောက်တဖန် သူ့အတွက် မာနကြီး ခြင်းသည်၊ အဓိပ္ပါယ် ရှိပေ၏။ ကြယ်ချိုးဓားသည် အဆင့် တူချင်း အနိုင်ယူရန် ဓားတစ်ကွက်သာ အသုံးပြုဖို့ လိုပေသည်။

" လင်းယွန်ကို သူက ပြိုင်ဘက် တစ်ယောက် လို့တောင် မယူဆ ထားဘူး။ ''

လူအုပ်ကြီးဆီမှ တီးတိုးသံများ ထွက်ပေါ် လာပြီးနောက်၊ လင်းယွန်၏ မျက်လုံးများမှာ မှေးကျဉ်းသွား၏။

" မင်းကို သတ်ဖို့ ငါ့ဓားကို ဆွဲစရာ မလိုပါဘူး "

လင်းယွန်က အေးစက်စွာ ပြန်ဖြေ လိုက်သည်။ ယီလျူယွင်က မာနကြီးသည် ဆိုပါလျှင်၊ စင်မြင့်ပေါ်၌ မတ်တပ်ရပ် ဝံ့သော သူ့အတွက်မူ၊ ပို၍ မာနကြီး နိုင်လေသည်။

***

All Chapters