မင်းကို သတ်ဖို့ ဓားမလိုဘူး။
Vol. 17 Ch. 232
လင်းယွန်၏ စကားကြောင့် လူအုပ်ကြီးမှာ ရုတ်ရုတ် သဲသဲဖြင့် ခေါင်းယမ်း လိုက်ကြ သော်လည်း၊ ရှင်းယန်က ပြုံးရယ် လိုက်၏။
မျက်နှာပေါ်ရှိ စိုးရိမ် ပူပန်မှုများ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး၊ ခဏတာ မျှသာ တောက်ပ လာခဲ့သည်။ လင်းယွန်၏ စိတ်နေ စိတ်ထားကို သူမ ကောင်းကောင်း သိသည်။
အေးဆေး တည်ငြိမ် နေချိန်တွင် သူ့ ခံစားချက်အား ခန့်မှန်း မရ နိုင်သော်လည်း၊ သူ့အစွယ်ကို ထုတ်ပြ လာချိန်တွင် မည်မျှ ရက်စက် မည်ကို မခန့်မှန်း နိုင်ပေ။
" မင်းက ကိုယ့်သေမင်းကို ဖိတ်ခေါ် ခဲ့တာပဲ ''
ယီလျူယွင်က သူ့လက်ကို ဝှေ့ယမ်းကာ၊ ဓားကို ဖြုတ်ယူ လိုက်၏။ သူ့ဓားကို ဆုပ်ကိုင် လိုက်သည့် အခိုက်တွင် အားကောင်းသော မုန်တိုင်းငယ် တစ်ခု ထွက်ပေါ်လာပြီး၊ လင်းယွန်ထံ တိုးဝင် လာတော့၏။
" ချိုး ဖြတ် စမ်း ....."
လင်းယွန်က ဓားနှင့် လက်သီးတို့ကို ပေါင်းစပ်လိုက်ကာ ပြန်လည် ထိုးချ လိုက်သည်။ နဂါးနှင့် ကျားဟောက် သံများ ထွက်ပေါ် လာပြီး၊ သူ့ထံ တိုးဝင်သော မုန်တိုင်းကို ဖြိုခွဲပစ် လိုက်လေသည်။
" ကျားနဂါး လက်သီးလား... "
ယီလျူယွင်က ရယ်မော လိုက်၏။
"မင်းရဲ့ တောင်မကျ မြောက်မကျ 'ကျားနဂါး လက်သီး' နဲ့ ငါ့ကို တိုက်ခိုက် ချင်တာလား၊ နုံအ လိုက်တာ ငါ ယီလျူယွင်က မင်းရဲ့ ခေါင်းကို ဒီနေ့ပဲ ဖြတ်ရလိမ့်မယ်၊ ကြယ်အလင်း ...."
ယီလျူယွင်၏ ဓားမှ အေးစက်သော အလင်းမြူများ ထွက်ပေါ်လာသည့် အလား၊ စူးရှသော အရှိန်အဝါများ ကောင်းကင်သို့ ပျံတက် သွားလေသည်။
လျှက်ပြက်ခြင်း နှင့်အတူ၊ ကောင်းကင်၌ ကြယ်တစ်ပွင့် ထွက်ပေါ် လာချိန်တွင် အသက်- သေခြင်း စင်မြင့်၌ အမှောင်များ ဖုံးလွှမ်း သွားတော့၏။
ထိုမြင်ကွင်းကြောင့် စင်မြင့် အောက်ရှိ လူအုပ်ကြီးမှာ မှင်တက် သွားကြသည်။
'' တကယ်ပဲ အထွတ်အထိပ် နက်နဲ သိုင်းနည်းစနစ်ရဲ့ စွမ်းအားက မယုံနိုင်စရာ ပါလား။ ''
ယီလျူယွင်က ဓားကို ကောင်းကင်သို့ ထိုးမြောက် လိုက်ရုံဖြင့် ပြိုင်ပွဲ စင်မြင့်ကို အမှောင်ထုများ ဝါးမြိုသွားကာ၊ အမှောင်ထဲ၌ လင်းယွန်မှာ တစ်ကိုယ်တည်း ရပ်နေခဲ့ပြီး၊ သူ့ခန္ဓာ ကိုယ်အား ကြယ်အလင်း များဖြင့် မီးမောင်း ထိုးပြ ထားလေသည်။
ယီလျူယွင် ကမူ အမှောင် ထဲ၌ ပျောက်ကွယ် နေခဲ့၏။ တိုက်ပွဲမှာ သည်းထိတ်ရင်ဖို စရာ မရှိပေ။
နက်နဲ သိုင်းနည်းစနစ်များ ကြားတွင် အဆင့် ကွာခြားချက်မှာ အလွန်ကြီးမား လှပေသည်။
လူအုပ်ကြီး ထံမှ ဝိုးခနဲ အာမေဋိတ် သံများနှင့် အတူ ဓားတစ်လက်သည် လင်းယွန် ဆီသို့ ဥက္ကာပျံ တစ်စင်းကဲ့သို့ ကောင်ကင်မှ ပြုတ်ကျလာ တော့၏။
" ဒါကို ကြယ်အလင်းလို့ ခေါ်တာလား"
လင်းယွန်၏ မျက်လုံး များက အမှောင်ထု ထဲတွင် တလက်လက် တောက်ပ နေခဲ့၏။
ဓားတစ်လက် ထွက်ပေါ် လာသည်နှင့် သူ့အား မီးမောင်း ထိုးပြ ထားသော ကြယ် အလင်းမှာ ဖျက်ခနဲ ပျောက်ကွယ် သွားခဲ့ကာ၊ ဓားရောင်ဝါ သည်သာ ကောင်းကင်မှ ပြိုကျ လာတော့သည်။
ထိုအချိန်တွင် အမှောင်ထုထဲ ရပ်နေခဲ့သော လင်းယွန်၏ ခန္ဓာကိုယ်၌ ကျောက်စိမ်း တုံးကြီး တစ်တုံး ကဲ့သို့ အလင်း ဖန့်ဖန့်များ ထွက်ပေါ် လာသည်။
မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်ကို အသက် စွမ်းအင်ဖြင့် ပေါင်းစပ် ထားသော မူလစွမ်းအင် များနှင့် ပံ့ပိုးပေး ပြီးနောက်၊ ကျား- နဂါး လက်သီးသည် မည်မျှ ပြင်းထန် မည်ကို တွေးတော မရနိုင်ပေ။
ကျား-နဂါး အရှိန်အဝါ။
ဟုန်းခနဲ့ အရှိန်အဝါများ ပေါက်ကွဲ ထွက်လာ၏။
သူ၏ ဒါန်တမ်ရှိ ခရမ်းရောင် ပန်းမှာ ပွင့်လာတော့သည်။ ထို့နောက်တွင် မူလ စွမ်းအင်များ တဟုန်ထိုး တက်လာပြီး နဂါးနှင့် ကျား၏ ဟောက်သံ များကို ကြားလိုက် ရသည်။
ကျားနဂါး အရှိန်အဝါမှာ မြင့်တက်လာပြီး၊ သူ့ထံတိုးဝင် လာသော ယီလျူယွင်၏ ဓားရောင်ဝါကို နောက်သို့ တွန်းဖယ် ထုတ်ကာ၊ ရှေ့သို့ တိုးဝင် သွားတော့၏။
တစ်ဆက်တည်းမှာပင် သူ့နဖူး၌ ချွေးများ ဖုံးလွှမ်း လာပြီ၊ တုန်ယင်နေသော လက်များတွင် တံဆိပ်များ ဖြစ်တည်လာ လေသည်။
ပေါက်ကွဲ တော့မည့် မီးတောင် ကဲ့သို့ ရုန်းကြွလာသော ခန္ဓာကိုယ် အတွင်းရှိ မူလစွမ်းအင်များကို အရူးအမူး ဖိသိပ် လိုက်ရ၏။
သို့သော် ဤမျှဖြင့် မလုံလောက်ကြောင်း သူ သိသည်။ သားရဲနှစ်ကောင် ဟောက်သံ နှင့်အတူ၊ ပြီးပြည့်စုံသော မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်၏ အရေပြား များထံမှ သွေးများ ယိုကျ လာသည်။
" ထာဝရ နတ်ဘုရား တံဆိပ် "
နောက်ဆုံးတွင် တံဆိပ်ကို ဖွဲ့စည်း လိုက်သောအခါ၊ စင်မြင့် တစ်ခုလုံး ဖုံးလွှမ်း နေသော အမှောင်ထုကို ဖယ်ရှားပေး နိုင်မည့် တောက်ပသော ရောင်ခြည်များ ပေါက်ကွဲ လာတော့သည်။
တစ်ချိန်တည်း မှာပင်၊ တံဆိပ်မှ ပြင်းထန်သော စွမ်းအင်သည် ကောင်ကင်မှ ကျဆင်းလာသော ဓားဖြင့် တိုက်မိသွား၏။
တိုက်ခိုက်မှုကြောင့် စွမ်အင် ပေါက်ကွဲ မှုများ ဖြစ်ပေါ် သွားကာ၊ လင်းယွန် ပတ်ပတ်လည်ရှိ ကျောက်ပြားများ စတင် ကွဲအက် သွားခဲ့သည်။
ပြင်းထန်သော ဖိအားကြောင့် စင်မြင့်ပေါ်၌ ဖုန်မှုန့်များ တလှိမ့်လှိမ့် တက်လာတော့ လေသည်။
"ဘယ်လောက်တောင် ပြင်းထန် လိုက်တဲ့ စွမ်းအား ကြီးလဲ "
“ ဘာမှ မမြင်ရဘူး၊ ဘာဖြစ် သွားတာလဲ "
“ အဲဒါက အဓိပ္ပာယ် မရှိပါဘူး၊ လင်းယွန် သေပြီလား …”
လှုပ်ရှားမှု တစ်ခုမှာ ဤမျှ လောက်ထိ ကြောက်စရာ ကောင်းသော နောက်ဆက်တွဲ ရလာဒ်ကို ဖန်တီး ပေးနိုင် လိမ့်မည်ဟု မမျှော်လင့် ထားမိ ကြပေ။
ဖုန်မှုန့်များကြောင့် မမြင်ရသော ပြိုင်ပွဲ စင်မြင့်အား ပြူးပြဲစွာ အာရုံစိုက် နေမိကြ လေသည်။
နောက်ဆုံးတွင် ဖုန်မှုန့် တိမ်တိုက်များ ငြိမ်သက် သွားသော အခါ၊ မယုံနိုင်စရာ မြင်ကွင်းတစ်ခုက ကြည့်ရှု သူများကို စောင့်ကြို နေခဲ့၏။
လင်းယွန်၏ အဝတ်အစားများ စုတ်ပြဲနေကာ သူ့တစ်ကိုယ် လုံးတွင် ဓားဒဏ်ရာများ ပြည့်နှက် သွားသည်။ သို့သော် တောက်ပသော မျက်လုံး များဖြင့် မြဲမြံစွာ ရပ်တည် နေပေ သေးသည်။
အခြားတစ်ဖက်တွင်၊ ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ လက်ထဲရှိ ဓားဖျားကို ကြမ်းပြင်၌ ထောက်ကာ အားပြု ထားပြီး၊ ယီလျူယွင်၏ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့နေခဲ့သည်။
လက်ရည်တူ။ ဓားနန်းတော်၏ အထွတ် အထိပ် နက်နဲ သိုင်းနည်းစနစ်သည် လင်းယွန်၏ တောင်မကျ မြောက်မကျ ကျား-နဂါး လက်သီးနှင့်၊ တူညီသော အဆင့်၌ ရှိနေခဲ့ လေပြီ။ ၎င်းရလဒ်မှာ အဓိပ္ပါယ် မရှိလှပေ။
" မဖြစ်နိုင်တာ ... "
ဝမ်ယန် ဘေးတွင် ရပ်နေသော လန်းမိုက ထိတ်လန့် သွားသည်။ မိုးကြိုးရှစ်ဖော် ပင်လျှင် ၎င်းတို့၏ မျက်ခုံး များကို တင်းတင်း ကြပ်ကြပ် စုကျုံ့ လိုက်မိ တော့၏။
" ယွီလျူယွင်၊ ဘယ်လို ခံစားရလဲ။"
လင်းယွန်က ရယ်မောကာ မေးလိုက်၏။
" ထပ်ပြီး လာပါဦး "
လင်းယွင်က လက်သီးများကို တင်းတင်းဆုပ် ထားပြီးနောက် ထာဝရနတ် ဘုရား တံဆိပ်မှာ သူ့လက်၌ ဖြစ်တည် ရှိနေဆဲ ဖြစ်သည်။
" ရိုင်း ပျ လိုက် တာ "
ယွီလျူယွင်က သူ့နှုတ်ခမ်း များရှိ သွေးစကို သုတ်လိုက်ပြီး လင်းယွန်ကို ဓားဖြင့် ခုတ်ရန် အားသွင်း ယူလျက်မှ အော်ငေါက် လိုက်၏။
အားသွင်း လိုက်သည်နှင့် သူ့ခန္ဓာကိုယ် တစ်ဝိုက်ရှိ မူလ စွမ်းအင်များက အတက် အကျ ဖြစ်ပေါ် လာတော့သည်။
တစ်ချိန်တည်းမှာပင် လင်းယွန်က ခရမ်းရောင် လှိုင်းများလို တိုးဝင်လာသော ဓားအရှိန်အဝါကို သူ့လက်သီး ထဲသို့ ပေါင်းထည့် လိုက်သည်။
ယင်းမှာ လက်သီး တစ်လုံးပင် ဖြစ်သော်လည်း ဓားတစ်လက်ထက် ပို၍ ထက်ရှ နေပေသည်။ သူ့လက်သီးကို ဓားအဖြစ် အသုံးပြုခဲ့ကာ၊ ယီလျူယွင်၏ ဓားအား ရင်ဆိုင် တိုက်ခိုက် လိုက်တော့သည်။
နက်နဲ သိုင်းနယ်ပယ် စတုတ္ထ အဆင့် ခွန်အားဖြင့်၊ နှိုင်းယှဉ် နိုင်သော ယီလျူယွင် ပင်လျှင် တိုက်ပွဲ အတွင်း၌ မည်သည့် အသာစီးမှ မရနိုင်ခဲ့ပေ။ မည်မျှ ကြိုးစား ခဲ့သော်လည်း လင်းယွန်ကို ဖိနှိပ် ထားနိုင်ခြင်း မရှိ။
လင်းယွန်ကို ယီလျူယွင်မှ ဖိနှိပ်နိုင် မည်ဟု မျှော်လင့် ထားသော်လည်း လက်ရည်တူ အပြန်ပြန် အလှန်လှန် တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ လင်းယွန်မှာ အနည်းငယ် အသာစီး ရယူ ထားနိုင်ကြောင်း သတိပြုမိ သွားကြသည်။
ဤသည်မှာ လင်းယွန်၏ မူလ စွမ်းအင်သည် မည်မျှ သန့်စင် လှသည်ကို ပြသရာ ရောက်ခဲ့ ပေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သိုင်းကွက် နှစ်ဆယ်ခန့် ဖလှယ်လိုက် ကြပြီး၊ လျင်မြန်သော အဟုန်ကြောင့်၊ ဖုန်မှုန့်များ ကောင်းကင်သို့ တက်လာ ခဲ့သည်။
ယီလျူယွင်၏ လက်များ တုန်ခါသွားပြီး သက်ရောက်မှု ဗဟိုမှ မီတာ ရာဂဏန်း အကွာ အထိ ဆုတ်ခွာသွား ခဲ့ရ၏။
တစ်ဖက်တွင် လင်းယွန်က နောက်သို့ ခြေလှမ်း ဆယ်လှမ်း မျှသာ ဆုတ်ခွာပေး ခဲ့သည်။
ဤအခိုက်အတန့်တွင် လင်းယွန်၏ ခန္ဓာ ကိုယ်ကြောင့် အားသာ ချက်များ ရရှိခဲ့သည်ကို လူတိုင်း သတိပြု မိ လိုက်၏။
" ကြယ် ဓား ခုတ် သမား "
ယီလျူယွင်၏ မျက်လုံးများတွင် ရက်စက် ကြမ်းကြုတ်မှု အရိပ်အယောင် ထွက်ပေါ် လာသည်။
သူက လွင့်ထွက် သွားရာမှ တဖန် အားယူကာ၊ ကောင်းကင်ကို ပျံတက်ပြီး၊ လင်းယွန်ကို ခုတ်ပိုင်း လိုက်ပြန်သည်။
"ကျား-နဂါး ခြေလှမ်းများ "
လင်းယွန်က ယီလျူယွင် ရောက်ရှိ လာချိန် အထိ စောင့်မနေ ခဲ့ပဲ၊ ရှေ့သို့ ခြေလှမ်း ကိုးလှမ်း ပြေးတက် သွားသည်။
ခြေလှမ်း တစ်လှမ်း ချင်းစီတွင် နဂါးနှင့် ကျားမှာ တစ်လှည့်စီ လျင်မြန်စွာ ထွက်ပေါ် လာပြီးနောက်၊ အဆုံးတွင် အဆုံးစွန် ဆုံးသော ပုံရိပ်ကြီးကို နောက်ကျော၌ ထင်ဟပ် လာစေ တော့သည်။
အတိတ် ကာလများ၌ ကျား-နဂါး ခြေလှမ်း များကို အဆုံးထိ လှမ်းယူရာတွင်၊ ရုန်းကန် ခဲ့ရသည်၊ ယခု အချိန်၌မူ အတွေး တစ်ချက် ဖြင့်ပင် လွယ်ကူစွာ ထုတ်ဖော် နိုင်ခဲ့ လေပြီ။
စုစုပေါင်း ခြေလှမ်း ကိုးလှမ်း လှမ်းယူ လိုက် သော်လည်း၊ ကြည့်ရှု နေသော လူအုပ်ကြီးမှာ ခြေလှမ်း တစ်လှမ်းတည်းဖြင့် ယီလျူယွင် ရှေ့သို့၊ ရောက်ရှိ သွားသည်ဟု ထင်လိုက်မိ၏။
ရှေ့သို့ လက်သီးကို တွန်းထုတ် လိုက်သည်နှင့် ကျားနဂါး ပုံရိပ်ကြီးမှာ မှိန်ဖျော့ လာပြီး လက်သီး ထံသို့ ဝင်ရောက် ပျောက်ကွယ် သွားတော့သည်။
ထာဝရနတ် ဘုရား တံဆိပ်၏ အကြွင်း အကျန် စွမ်းအားများ နှင့်အတူ သူပိုင်ဆိုင်သမျှ အရာ အားလုံးကို ပေါင်းစပ် လိုက်သည်ကြောင့်၊ လင်းယွန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါများ ထွက်ပေါ် လာသည်။
ယီလျူယွင်က ကောင်းကင်သို့ ခုန်တက် နိုင်ခြင်း မရှိတော့ပဲ၊ အသက် တရှိုက်စာ အတွင်း၊ ရောက်ရှိ လာသော လင်းယွန်၏ တိုက်ခိုက်မှုကို၊ ဓားဖြင့် တုန့်ပြန်ရန် ကြိုးစား လိုက်သော်လည်း၊ ချိုးဖျက် နိုင်ခြင်း မရှိတော့ပေ။ ယင်းအစား လက်သီးချက်ကြောင့် လွင့်စင် သွားခဲ့ရသည်။
( ဘာ -ဘာလဲ .... သူ့မူလ စွမ်းအင်က ငါ့ထက် ပို အားကောင်း နေတာလား )
ယီလျူယွင်၏ မျက်လုံးများတွင် ထိတ်လန့် တုန်လှုပ်ဖွယ် အရိပ် အယောင်များ လွင့်ပျံ လာသည်။
ဤတိုက်ပွဲတွင် ညံ့ဖျင်းသော အနေအထားဖြင့် ရှိနေ လိမ့်မည်ဟု သူ မမျှော်လင့် ထားမိချေ။
တောင်တစ်လုံးကို ဖြိုခွဲနိုင်သော လက်သီးက ကြယ်တစ်လုံးအား ခုတ်ပိုင်း နိုင်သည့် ဓားဖြင့် ရင်ဆိုင် ပြီးနောက်၊ ပေါက်ကွဲသံများ ထပ်ခါ ထပ်ခါ ထွက်ပေါ်လာကာ၊ စင်မြင့် ကြမ်းပြင် ပေါ်ရှိ၊ မရေတွက် နိုင်သော ကျောက်ပြား များကို၊ အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲ ပြစ်လိုက် လေသည်။
အသက်- သေခြင်း စင်မြင့်သည် အပျက်အစီး များဖြင့် ကြွင်းကျန် ရစ်ခဲ့တော့သည်။
လင်းယွန်က ရုတ်တရက် ကောင်းကင်သို့ ပျံတက်သွားကာ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' ကို ထုတ်ဖော်လျက်၊ 'ပျံသန်း နေသော နဂါး'ကို အသက်သွင်း လိုက်သည်။
လေဟာနယ်မှာ အစိတ်စိတ် အမွှာမွှာ ကွဲအက် သွားပြီး၊ ပြိုင်ပွဲစင်မြင့် တစ်ခုလုံး တုန်ယင် လာသည်။
" ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ် "
'' ပျံသန်း နေသော နဂါး ........''
ပြိုင်ပွဲစင်မြင့် ကြမ်းပြင် ပေါ်ရှိ ယီလျူယွင်၏ မျက်နှာမှာ ပြောင်းလဲသွား၏။ ၎င်းသည် 'ထာဝရ မြင့်မြတ်ခြင်း' ဂိုဏ်း၏ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' ပင် ဖြစ်သည်။
သူ၏ ဓားနည်းစနစ်ကို အလျင်အမြန် ထုတ်ဖော် လိုက်သော်လည်း နွံထဲ၌ ပြေးလွှားရ သကဲ့သို့ လေးကန် နေခဲ့ လေသည်။
အခြားတစ်တွင်မူ ကောင်းကင်မှ ထိုးကျ လာနေစဉ် မှာပင်၊ လင်းယွန်က နောက်ထပ် လက်သီး တစ်ချက်ကို ထုတ်ဖော်ရန် အော်ဟစ် လိုက်၏။
“ ပုန်းကွယ် နေသော ကျား ”
ခွန်အားကို စုစည်းထားသည့် ဘယ်လက်သီးတွင် တောင်များနှင့် မြစ်များကို ဖြတ်ကူးနေသော ကျားတစ်ကောင်၏ ပုံရိပ်များ ထွက်ပေါ် လာတော့သည်။
ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်၏ စွမ်းပ ကားဖြင့် လင်းယွန် နောက်ကျောတွင် ကျားနှင့် နဂါးတို့မှာ ပုံရိပ်ယောင်များ ဖြစ်တည် လာသည်။
ကောင်းကင် ကြီးတွင် သူတို့ ထွက်ပေါ် လာ သည်နှင့်၊ ပတ်ဝန်းကျင်၌ ပျံဝဲ နေသော ကျောက်ပြား အပိုင်းအစ များမှာ လုံးလုံး ကြေမွ သွားခဲ့သည်။
မဟာချင် အင်ပါယာ တစ်ခွင်တွင် ကျော်ကြားခဲ့သော ကျား-နဂါး လက်သီး၏ ခွန်အားကို လင်းယွန်မှ အပြည့်အဝ ပြသ လာသည်။
သိုင်းစင်မြင့်သည် တစ်စုံတစ်ယောက်၏ ရုတ်တရက် ရှင်းလင်း ပေးလိုက် သကဲ့သို့ သန့်ရှင်း သွားတော့၏။
ထို့နောက်တွင် စင်မြင့်ပေါ်ရှိ ယီလျူယွင်သည် ပါးစပ်မှ သွေးများ စီးကျလာ သည်ကြောင့်၊ လူအုပ် ကြီးအား တုန်လှုပ် သွားစေသည်။
ဝမ်နင်ကို သတ်ကာ၊ ကြယ်ကိုးပွင့် ပြိုင်ပွဲ အပြီးတွင်၊ လူတိုင်းကို လွှမ်းမိုး ထားနိုင်သော လင်းယွန်၌၊ ဤကဲ့သို့ အစွမ်းထက် လက်သီး နည်းစနစ်ကို ပိုင်ဆိုင်ထား လိမ့်မည်ဟု မည်သူမျှ မထင်ထား ခဲ့ပေ။
စင်မြင့်အောက်တွင် ရပ်နေသော လျူယွီ၏ မျက်နှာမှာ ပျက်ယွင်း သွား၏။ ၎င်းသည် သူ လိုချင်သော ရလာဒ်မျိုး မဟုတ်ပေ။ စင်ပေါ်၌ သွေးသွန် ရမည့် သူမှာ လင်းယွန် ဖြစ်သင့် လေသည်။
" သေစမ်း... သူဘာလို့ ဒီလောက်တောင် သန်မာ နေရတာလဲ၊ တကယ်ပဲ လျူယွီရဲ့ ဝိညာဉ်ကျောက်စိမ်း အားလုံးကို သန့်စင် ခဲ့ တာလား၊ ဝိညာဉ်ကျောက်စိမ်း သောင်းဂဏန်း ဆိုတဲ့ အရေ အတွက်ကို၊ သန့်စင်နိုင် ရလောက်အောင်၊ ဘယ်လို ကျင့်ကြံမှု နည်းစနစ်မျိုး မလို့လဲ ''
ဖူဂျောင်း၏ အသံက တုန်ယင်စွာ ထွက်ပေါ် လာသည်။ လျူယွီက ဖူဂျောင်း၏ စကားကို ကြားသော အခါ ပါးစပ်မှ သွေးအန် လုနီးပါး၊ နာကျင် သွားရ၏။
လင်းယွန် အလွန် အစွမ်းထက် လာစေရန် သူမ၏ ဝိညာဉ် ကျောက်စိမ်း များကို အမှန် တကယ် ရရှိခဲ့ သည်လော။
“ကောင်းကင်ဖျက်ဆီးခြင်း တံဆိပ်လား …၊ ဒါပေမယ့် အဲဒါက ကောင်းကင်ကို ဖျက်ဆီး နိုင်တယ် ဆိုရင်တောင် ငါ့ကိုတော့ မဖျက်ဆီး နိုင်သေး ပါဘူး... ''
ယီလျူယွင်က ထရပ်ရန် ရုန်းကန် နေလျက်မှ၊ တိုးဖွဖွ ရေရွတ် လိုက်၏။ ဆံပင် များဖြင့် ရှုပ်ပွ နေသော သူ့ အမူ အရာကြောင့်၊ အရူး တစ်ယောက်က တတွတ်တွတ် ရေရွတ်နေ သကဲ့သို့ ထင်လာရ စေသည်။
" ယီလျူယွင် ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်းကို အနိုင် ယူဖို့ ငါ့ဓားကို ဆွဲစရာ မလို ပါ ဖူးလို့။ "
လွန်ခဲ့သော ဆယ့်ငါး မိနစ်ခန့် ကသာ၊ ထိုစကားကို ပြောခဲ့ ပါမူ၊ လူတိုင်းက လင်းယွန် အပေါ် ရယ်မော မိကြ ပေမည်။ ယခုမူ မည်သူမျှ မရယ်ဝံ့ ကြတော့ပေ။
***