← Chapters

ဓားဖြင့် နတ်ဆိုးကို အနိုင်ယူခြင်း။

Vol. 17 Ch. 233

ဓားဖြင့် နတ်ဆိုးကို အနိုင်ယူခြင်း။

Vol. 17 Ch. 233

ဤနေရာတွင် စုရုံးနေ ကြသော တပည့် များစွာသည် ယီလျူယွင်ကို ဆိုးရွားသော အခြေ အနေတွင် ထားရစ် နိုင်သော လင်းယွန်၏ လက်သီးအား တုန်လှုပ် နေဟန်ဖြင့် စိုက်ကြည့်နေ မိကြသည်။

လင်းယွန် အနိုင်ရ နိုင်မည်ဟု ယုံကြည်ထား ကြသော တပည့်များ ပင်လျှင် ထိုသို့ လွယ်လင့်တကူ အနိုင်ယူ နိုင်မည်ဟု မမျှော်လင့် ထားပေ။

“ ဒါက တကယ့် ကျားနဂါး လက်သီးလား၊ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းရ တာလဲ၊ ငါ မြင်ဖူးထားပုံနဲ့ အရမ်းကွာခြား နေသလိုပဲ ..."

ရှင်းယန်က လေးလေးနက်နက် တွေးလိုက်မိသည်။ 'လွင့်မျော နေသော ရေခွက်လေး' ၏ ကျားနဂါး လက်သီးကို ကိုယ်တိုင်ပင် မျက်မြင် တွေ့ခဲ့ ဖူးသည် ဖြစ်ရာ၊ လင်းယွန်၏ ကျားနဂါး လက်သီးမှာ လုံးဝ ကွဲပြား နေသည်ဟု သတိပြု မိလိုက်သည်။

" နက်နဲ ဒုတိယ အဆင့်က သိုင်းသမား တစ်ယောက်က၊ တတိယ အဆင့် အထွတ် အထိပ်ကို ဖိနှိပ် နိုင်တယ်လား၊ ဒါ ဘယ်လို လုပ်နိုင် ရတာလဲ ... ''

လင်းယွန်၏ အဝတ်အစား များတွင် အပေါက်များ ဗလပွရှိ နေသော်လည်း၊ စင်မြင့် ပေါ်၌ မောက်မာစွာ ရပ်ကြည့် နေခဲ့သည်။

ရှင်းယန်က သည်မြင်ကွင်းကို ကြေနပ် အားရစွာ ပြုံးကြည့် လိုက်၏။

“ ကြောက်စရာ ကောင်းတဲ့ လက်သီး။ ပို သန်မာမာ လာတာက လွဲရင် ကျားနဲ့ နဂါး လိုပါပဲ၊ လက်သီးချက်လို့ ထင်ရပေမယ့် တကယ်တော့ ဒါက ဓားတစ်လက်။ သူ့လက်သီး ထဲမှာ ဓားအလင်းကို ပေါင်းစပ် နိုင်ခဲ့တာ ...''

“ ဒါက တကယ်ကို ကြောက်စရာ ကောင်းတယ်။ ယီလျူယွင်က တောင်မကျ မြောက်မကျလို့ ယူဆပြီး၊ ပြိုင်ဘက်ကို လျှော့တွက် မိပုံပဲ၊ ဒီနည်းစနစ်ကို ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက အထက် တန်းစား တပည့်တွေ အသုံးပြုတာ မြင်ဖူးပေမယ့်၊ သူတို့ ခွန်အားက လင်းယွန်ရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိခဲ့ဘူး ”

" ယီလျူယွင်က အရှုံးကို ဝန်ခံရမှာ မဟုတ်ဖူးလား၊ ဘာလို့လဲ... သူထရပ် ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန် နေရတာ၊ ဘာလုပ်ဖို့ ကြိုးစားချင် နေတာလဲ ”

တပည့်များစွာက လင်းယွန်၏ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' စွမ်းအားကြောင့် အံ့သြ ထိတ်လန့် သွားကြကာ၊ ယီလျူယွင် ရှုံးနိမ့် သွားပြီဟု ယူဆလိုက် ကြ၏။

ယင်းသည် မည်သူမျှ မမျှော်လင့် ထားခဲ့သော ရလဒ်ပင် ဖြစ်သည်။ အထက်တန်းစားပြည်နယ် အဖွဲ့ဝင်များ အပြင်၊ မိုးကြိုးရှစ်ဖော်၏ မျက်နှာ များပါ မည်းမှောင် နေခဲ့ လေပြီ။

" အရှုံး ပေးရမှာလား "

ဝမ်ယန်က ရယ်မော လိုက်၏။

" ယီလျူယွင်မှာ အရှုံးပေး ရမဲ့၊ နည်းလမ်း မရှိဘူး "

ဝမ်ယန်၏ စကားကြောင့် ယွီလျူယွင်တွင် ဝှက်ဖဲများ ကျန်ရှိ နေဦး မည်ကို၊ လူအုပ်ကြီးက သိရှိ လိုက်ရသည်။

စုတ်ပြတ်သတ် နေသော ဇာတ်ခုံပေါ်တွင် ယီလျူယွင်က လှောင်ပြောင် ရယ်မော လိုက်ပြီး၊

“ ကျား-နဂါး လက်သီးကို မင်းရဲ့ ဓားနဲ့ ပေါင်းစပ် နိုင်လိုက်တဲ့ အတွက်၊ နည်းနည်းတော့ အံ့သြမိတယ်၊ ဒါပေမယ့် ဒါကို အားကိုးပြီး ငါ့ကို သတ်နိုင်မယ် ထင်ရင်တော့၊ မင်းက လူမိုက်ပဲ ”

“ သိချင်လိုက်တာ၊ ဒီယုံကြည်မှုကို မင်း ဘယ်က ရလာတာလဲ "

လင်းယွန်က ပြန်လည် တုန့်ပြန် လိုက်သည်။

“ ဟားဟားဟား .... မျိုးနွယ်စု လေးစုကို လျှော့မတွက် ဖို့ပဲ ငါ ပြောချင် ပါတယ်၊ ဝမ်နင်ကို သတ်ပြီး မှတော့ မင်းရဲ့ အဆုံး သတ်က သေခြင်း တရားပဲ "

ယီလျူယွင်က သူ့ရင်ဘတ် ထဲသို့၊ လက်ငါးချောင်းကို ရုတ်တရက် ထိုးသွင်း လိုက်သည်။

လက်ခေါင်းများ အတွင်းမှ သွေးများ ယိုစီးကျ လာကာ၊ ရုတ်ချည်းပင် သွေး တံဆိပ်များ ဖြစ်တည် လာတော့သည်။

ရုတ်တရက်ပင် သူ့ခန္ဓာကိုယ် အတွင်းမှ နတ်ဆိုး တစ်ပါး လွတ်မြောက်လာ သကဲ့သို့ ရုန့်ကြမ်းသော အရှိန်အဝါများ ပွင့်ထွက် လာသည်။

ခဏတွင်းမှာပင် မူလစွမ်းအင် များက၊ အထွတ် အထိပ်သို့ ပြန်လည် မြင့်တက် လာပြီး၊ ရပ်တန့် မသွားခဲ့ပေ။

ယင်းအရှိန်အဝါသည် သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက် များကိုပင် ကျော်လွန် သွားကာ၊ နက်နဲ သိုင်းနယ်ပယ်၏ စတုတ္ထ အဆင့်သို့ ရောက်ရှိသွား ခဲ့တော့သည်။

" သွေးဆာနေသော လက်များ"

" ဒါ ဝမ်မိသားစုရဲ့ 'သွေးဆာနေသော လက်များ' မဟုတ်လား၊ ဒါကို ထုတ်ဖော် လိုက်တာနဲ့ အထွတ်အထိပ် ခွန်အားကို အချိန်တို အတွင်း ပြန်ရ စေတဲ့ အပြင်၊ သာလွန်တဲ့ ခွန်အား ကိုပါ၊ အပြည့်အဝ ထုတ်လွှတ် နိုင်လိမ့်မယ်....''

“ ဒါပေမယ့် 'သွေးဆာနေသော လက်များ' က ဝမ်မိသားစုရဲ့ လျှို့ဝှက် နည်းစနစ်ပဲ၊ တိုက်ရိုက် မျိုးဆက် တွေတောင် လူတိုင်း မသင်ယူ နိုင်ဘူး ... ၊ အကြီးအကဲ တွေသာ သင်ယူဖို့ အရည်အချင်း ပြည့်မီတယ်လို့ ငါကြားမိတယ် ”

၎င်းကို ယီလျူယွင်က လေ့ကျင့် နိုင်ခဲ့သည် ဖြစ်ရာ၊ လူအုပ်ကြီးမှာ စိတ်လှုပ်ရှား သွားကြသည်။

"ဝမ်ယန် ... "

ရှင်းယန်က ဝမ်ယန်ကို အေးစက်စွာ လှည့်ကြည့် လိုက်သည်။

“ ဒါက အစပဲ ရှိသေးတယ်၊ ယီလျူယွင်ရဲ့ ခွန်အား အစစ်အမှန် တစ်ခုလို့ မင်းတကယ် ထင်နေ တာလား၊ ဒီနေ့ လင်းယွန် သေကို သေရမယ်၊ ရလဒ်ကို ဘယ်သူမှ မပြောင်းလဲ နိုင်ဘူး "

ဝမ်ယန်က မသိချင်ယောင် ဆောင်ကာ ပြန်ဖြေ လာသည်။

" ဓား ....."

ယီလျူယွင်က အော်ဟစ် လိုက်သည်။ သူ့ ဓားရည်ရွယ်ချက်မှာ စုရုံးလာပြီး သိပ်သည်း လာချိန်တွင် အရှိန်အဝါမှာ ထပ်မံ မြင့်တက် လာပြန်သည်။

“တစ်ခုခုတော့ မှားနေပြီ…”

လင်းယွန်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင် များဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။

ရုတ်တရက် ယီလျူယွင်က သူ၏ ဓားဖြင့် ရှေ့သို့ ထိုးသွင်းလိုက်ရာ၊ ကြယ်များ ရာနှင့်ချီ ပေါက်ကွဲသွား သကဲ့သို့၊ သဘာဝ ဖြစ်စဉ် တစ်ခု ဖြစ်ပေါ် လာလေသည်။

လင်းယွန်ကို ဗဟိုပြုကာ ပြိုင်ပွဲ စင်မြင့် ကြမ်းပြင်သည်၊ ယီလျူယွင်၏ ဓား ရည်ရွယ် ချက်ကြောင့် ကသောင်း ကနင်း နိုင်သော ပေါက်ကွဲ မှုများ ဆက်တိုက် ဖြစ်ပေါ် လာပြီး၊ ဖုန်မှုန့်များ အဖြစ်သို့ ပျက်စီး သွားခဲ့သည်။

လင်းယွန်က ကြိုသိနှင့် ခဲ့သော်လည်း၊ လုံးဝ မရှောင်ရှား နိုင်ခဲ့ပေ။ ပေါက်ကွဲမှုများ ငြိမ်သက် သွားပြီးနောက်၊ ချောင်း 'တဟွတ်ဟွတ်' ဆိုးသံနှင့် အတူ၊ သူ့လည်ချောင်း အတွင်းမှ ဖုန်မှုန့်များ တဟုန်ထိုး ထွက်ကျလာကာ၊ သွေးများပါ စီးကျ လာခဲ့သည်။

“ နေကဲ့သို့ တောက်ပသော ကြယ်ရောင်များ… ၊ ဒါက ကြယ်ချိုးဓားရဲ့ အဆင့်မြင့် ကျွမ်းကျင်မှု မဟုတ်လား.... ”

" ယီလျူယွင်က ကြယ်ချိုးဓားကို ပို ကျွမ်းကျင် လာပြီ၊ ”

“ အခုချိန်မှာ သူသာ နက်နဲ တတိယ အဆင့် အတားအဆီးကို ဖြတ်ကျော် နိုင်ခဲ့ရင်၊ ထိပ်တန်း ဆယ်ယောက် အတွင်းဝင်မှာ သေချာပြီ ”

ကြယ်ချိုးဓားကို ရုတ်တရက် တိုး၍ ဆုပ်ကိုင် လာနိုင်ခြင်းကြောင့် လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။

ယေဘူယျအားဖြင့် အဆင့်မြင့် ကျွမ်းကျင်မှု များအတွက်၊ နားလည် နိုင်စွမ်း မြင့်မားဖို့ရန်၊ လိုအပ်သည် ဖြစ်ရာ၊ အထွတ်အထိပ် နက်နဲ နည်းစနစ် များကို ကျင့်ကြံရာ၌ လူတိုင်း အရည်အချင်း ပြည့်မှီမည် မဟုတ်ချေ။

လက်လှမ်းမီရန် ခက်ခဲနေပြီ ဖြစ်သော၊ အဆင့်မြင့် ကျွမ်းကျင်မှုကို ဆုပ်ကိုင်နိုင် သူများအား၊ ပါရမီရှင် တစ်ဦး အဖြစ် သတ်မှတ် ကြပေမည်။

"ဘယ်လို နေလဲ... "

လင်းယွန်၏ ပါးစပ်တွင် သွေးများ စီးကျ လာသည်ကို မြင်သော အခါတွင် ယီလျူယွင်က ရယ်မောကာ မေးလိုက်သည်။

“ ငါ သတိ လက်လွတ် မဖြစ်ခဲ့ ဖူးဆိုရင်၊ ဒီတားမြစ် နည်းစနစ်ကို သုံးဖို့ မလိုပါဘူး၊ မင်း ငါ့ကို ဒီလောက်ထိ အတင်းအကြပ် တွန်းပို့ နိုင်ခဲ့ တာကိုတော့ ဂုဏ်ယူရမယ်၊ မင်းကို သတ်ပြီးရင်၊ မြေကြီး အဆင့်ကို ဝင်နိုင်ဖို့ စမ်းကြည့် ရမယ် ထင်တယ်၊ ဒီနေ့ မင်းက ငါ့ရဲ့ ခြေနင်းတုံး တစ်တုံး ဖြစ်လာလိမ့်မယ် "

ယီလျူယွင်၏ အရှိန်အဝါသည် 'သွေးဆာ နေသော လက်များ' ၏ ပံပိုးမှုကြောင့်၊ ဆက်လက် မြင့်တက် နေပြီး ပေါက်ကွဲ စွမ်းအား များဖြင့် ပြည့်နှက် လာကာ၊ ဓားမှ ထွက်လာ သော ဖိအား များသည် လူအုပ် ကြီးအား အသက်ရှူ ကြပ်လာ စေခဲ့သည်။

လင်းယွန်က လေးနက်သော အမူအရာဖြင့်၊ ယီလျူယွင်၏ တိုက်ခိုက်မှု များကို ပြန်လည် ပုံဖော် လိုက်ပြီး၊ သူ့အာရုံကို 'သွေးဆာနေသော လက်များ' ထံသို့ ပို့လွှတ် ထားကာ၊ သုံးသပ် နေမိသည်။

နက်နဲ နယ်ပယ် စတုတ္ထ အဆင့်သို့ ခွန်အားများ တိုးမြင့် လာခဲ့ သည်မှာ၊ 'သွေးဆာ နေသော လက်များ' ကြောင့်ပင် ဖြစ်သည်။

ပြိုင်ဘက်ကို လျှော့တွက် မိခြင်းဖြင့် သူ အမှား လုပ်မိ လိုက်လေသည်။ ပေါ့လျော့ မှုကြောင့် သူ့ခန္ဓာကိုယ် ပေါ်တွင် ဒဏ်ရာ များစွာ ရရှိ ခဲ့သည် အထိ ခွင့်ပြု ခဲ့ရသည်။

သို့သော် ပြိုင်ဘက်မှာ ကြံ့ခိုင်မှု မရှိပါက အနိုင်ယူ ဖို့ရန် အရသာ ရှိမည် မဟုတ်ပေ။

ခန္ဓာကိုယ် အတွင်းမှ ခရမ်းရောင် ပန်းသည် ဖြည်းညှင်းစွာ ပွင့်လာသဖြင့်၊ သူ၏ မူလ စွမ်းအင် များမှာ၊ ပွက်ပွက်ဆူ နေသော မြစ် တစ်စင်း ကဲ့သို့၊ ပြင်းထန်စွာ စီးဆင်း လာခဲ့သည်။

" ဆက် သွား ရ အောင် "

ယီလျူယွင်က ပြုံးလိုက်ကာ ဆိုလိုက်၏။ သူက အချိန်ဖြုန်း လိုခြင်း မရှိတော့ပဲ၊ 'သွေးဆာ နေသော လက်များ'ကို အကန့်အသတ် အထိ တွန်းပို့ လိုက်ရာ၊ ကြက်သွေးရောင် အလင်းတန်း များက သူ့ခန္ဓာကိုယ်အား ဖုံးလွှမ်း သွားတော့သည်။

ဤမြင်ကွင်းသည် လီဝူယု အပါအဝင် ရတနာတောင်ကုန်း၏ အဖွဲ့ဝင် တိုင်းကို ထိတ်လန့် သွားစေခဲ့သည်။ သူတို့ နှလုံးသားများ တင်းကျပ်လာ သလို ခံစား လာရ၏။

သို့သော် ယီလျူယွင်၏ ဓားသည် သူ့ထံသို့ မရောက်လာမီ အချိန်လေး အတွင်းမှာပင် လင်းယွန်၏ မျက်လုံးများက တောက်ပ လာကာ၊ ကောင်းကင်သို့ ခုန်တက်သွားပြီး၊ ယီလျူယွင်၏ ဓားကို ရင်ဆိုင် လိုက်လေသည်။

တစ်ချိန်တည်းမှာပင်၊ သူ၏ ဓား ရည်ရွယ်ချက်ဖြင့် တံဆိပ် တစ်ခုကို ထွင်းထု နေခဲ့သည်။

သူ့နောက်ကျောမှ ရွှေရောင် အဆင်း သဏ္ဍာန်ကြီး ပေါက်ကွဲ ထွက်လာပြီး ဧရာမ ဓားရှည်တစ်လက် ဖြည်းညှင်းစွာ ထွက်ပေါ် လာတော့သည်။

လင်းယွန်မှာ ဗုဒ္ဓ ဘာသာဝင် မဟုတ် သော်လည်း၊ သူ့တွင် သေခြင်း တရားနှင့် နတ်ဆိုး များကို မကြောက် ရွံ့သော ဓား တစ်လက် ရှိပေသည်။

၎င်းဓားဖြင့် 'နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' ကို ဖွဲ့စည်း လိုက်ခြင်း ဖြစ်လေ သည်။

“သူ့ဓားနဲ့ နတ်ဆိုး တွေကို နှိမ်နင်း ချင်နေတာလား၊ သန့်ရှင်းတယ် ဒါက ဘယ်လို သိုင်းနည်းစနစ် မျိုးလဲ…”

" နတ်ဆိုး သုတ်သင်ခြင်း ဓားလား "

" ဒီလင်းယွန်က ဘယ်လို ဘီလူး မျိုးလဲ "

လင်းယွန်၏ နောက်ကျောရှိ 'နတ်ဆိုး သုတ်သင်ခြင်း ဓား' ကို ကြည့်ကာ၊ လူအုပ်ကြီးက ထိတ်လန့် သွားခဲ့ပြီး၊ ဒိုင်အကြီးအကဲပင် အံ့သြလာ၏။

လင်းယွန်က သူ့လက်သီးကို တွန်းထုတ် လိုက်သည်။ 'နတ်ဆိုး သုတ်သင်ခြင်း ဓား' သည် သူ၏ ကိုယ်ခန္ဓာရှိ မူလ စွမ်းအင် များကို ပုံဖော် ထားသော၊ စွမ်းအင်ဓား တစ်လက် ဖြစ်ပြီး၊ နတ်ဆိုးများနှင့် မကောင်းမှု အားလုံးကို အနိုင် ယူမည့် ဓားတစ်လက် ဖြစ်လေသည်။

'နတ်ဆိုး သုတ်သင်ခြင်း ဓား' ၏ ဖိနှိပ်မှု အောက်တွင် ယီလျူယွင်၏ ဓားရောင်ဝါမှာ ပြိုပျက် သွားတော့၏။

စင်မြင့် ပေါ်သို့ ပြန်ဆင်းသက် လိုက်ပြီးနောက်၊ ခြေတစ်လှမ်း ဆုတ်ခွာ ပေးလိုက် ရသည်။

'' ပုန်းကွယ် နေသော ကျား .....''

လင်းယွန်က ကြမ်းပြင်ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင်၊ 'နတ်ဆိုး သုတ်သင်ခြင်းဓား' ထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အထွတ် အထိပ်သို့ ရောက်ရှိ သွားခဲ့သည်။

ထို့နောက်တွင် လင်းယွန်၏ လက်သီးများက ယွီလျူယွင်၏ ကြက်သွေးရောင် အရှိန်အဝါကို တရစပ် ထိုးဖောက် ဝင်ရောက် ပြီးနောက်၊ ရင်ဘက်သို့ ထိမှန် သွားလေသည်။

တစ်ချိန်တည်းမှာပင် 'သွေးဆာနေသော လက်များ' ကို အသက် သွင်းထားသော ယီလျူယွင်၏ မူလ စွမ်းအင် အကာအရံမှာ ပြိုကျ သွားတော့၏။

"သေ စမ်း..... "

ယီလျူယွင်က စင်မြင့် တစ်နေရာသို့ လွင့်ထွက် လဲကျသွားပြီး၊ သူ့ခြေထောက်ပေါ် ပြန်မရပ် နိုင်ခင်မှာပင်၊ လင်းယွန်၏ မျက်လုံး များ၌ သတ်ဖြတ် လိုသော ဆန္ဒများ လင်းလက် လာသည်။

ယနေ့ ယီလျူယွင်ကို သတ်ပစ်ရန် ရှင်းယန်ကို ကတိပေးခဲ့ပြီး ဖြစ်ရာ၊ စင်မြင့်ကို ဖြတ်ကျော် ပြေးလွှား လာသည့် ခြေလှမ်း တိုင်းတွင် သိပ်သည်းသော အရှိန်အဝါများ ကပ်ညိ လာလေသည်။

သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပြေးလွှား လာနေသော လင်းယွန်ကို ကြည့်ကာ၊ ယီလျူယွင်က ဖျော့တော့သော အမူအရာဖြင့်၊ ကြောက်စိတ်များ ပျံ့နှံ့သွားသည်။

"ထွက်သွား .... "

သို့သော် လင်းယွန်၏ လက်သီးသည် ယီလျူယွင်ကို ထိလု နီးချိန်တွင်၊ ယီလျူယွင် ရှေ့၌ လူရိပ်တစ်ရိပ် ရုတ်တရက် ထွက်ပေါ် လာပြီး လင်းယွန်၏ လက်သီးကို လက်ဖဝါး တစ်ဖက်ဖြင့်၊ ဟန့်တား လာလေသည်။

လက်သီးနှင့် လက်ဖဝါးတို့ ရိုက်ခတ် မိပြီးနောက်၊ လင်းယွန်၏ မျက်နှာမှာ လေးနက် သွားကာ၊ ခြေလှမ်း သုံးလှမ်းခန့် ဆုတ်ခွာ ပေးခဲ့ ရသည်။

'' ဝမ် ယန် ''

" မင်း အနိုင်ရပြီး၊ အခု ထွက်သွား နိုင်တယ်”

ဟု ဝမ်ယန်က တင်းမာသော မျက်နှာဖြင့်၊ မောင်းထုတ် လိုက်သည်။

ဝမ်နင် အသက် ခံရပြီးနောက်၊ မျိုးနွယ်စု အတွင်း၌ ပြဿနာ များစွာ ကျန်ရစ် ခဲ့ပေသည်။

အကယ်၍ ယနေ့ ယီလျူယွင်ကို သတ်ပစ်ရန် ခွင့်ပြု ခဲ့ပါက၊ သူ့ ဂုဏ် သိက္ခာမှာ နောက်တစ်ကြိမ် ယုတ်လျော့ သွားမည်မှာ သေချာ ပေသည်။

ထို့ကြောင့် ယီလျုယွင်ကို မည်သည့် နည်းဖြင့်မဆို ကာကွယ် ရပေမည်။

အခြားတစ်ဖက်တွင် ရှင်းယန်က ခေတ္တမျှ မှင်တက် သွားရာမှ၊

“ ဝမ်ယန်၊ သေရှင် စင်မြင့်ရဲ့ စိန်ခေါ်မှုကို မင်းက ဘယ်လို သတ္တိမျိုးနဲ့ ဝင်စွက်ဖက် နေတာလဲ ”

“ဟမ် ...သူက ငါ့ရဲ့ အထက်တန်းစား ပြည်နယ်က အဖွဲ့ဝင် တစ်ယောက်ပဲ၊ သူ့ အသက်က ဒီလို ဓားကျွန် တစ်ယောက်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ် နိုင်မှာလဲ၊ လျူယွင်ကို အမြန် ခေါ်သွားစမ်း၊ ငါဒီမှာ ရှိနေမှတော့ သူ့ကို ဘယ်သူမှ မထိ စေရဘူး "

ဝမ်ယန်က ရယ်မောကာ အမိန့်ပေး လိုက်သည်။ အမိန့်ရသည်နှင့် အထက်တန်းစား ပြည်နယ်၏ အဖွဲ့ဝင် များစွာက အသက်- သေခြင်း စင်မြင့် ထက်သို့ အပြေးအလွှား သွားရောက်ကာ၊ ယီလျူယွင်ကို ကာကွယ်ရန် လူသား တံတိုင်း တစ်ခုကို ဖန်တီး လိုက်လေ၏။

" ဒါပေမယ့် ဒီနေ့တော့ ငါ သူ့ခေါင်းကို ဖြတ်ရ လိမ့်မယ် "

လင်းယွန်က ဒေါသတကြီး ကြိမ်းဝါး လိုက်ကာ၊ 'ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်' ဖြစ်သော 'အသူရာ နဂါး' ကို ဆင့်ခေါ် လိုက်၏။

အဝါရောင် အလင်း ရှစ်စင်း ထွက်ပေါ် လာပြီး၊ နဂါး ကိုယ်ထည်နှင့် လူသား မျက်နှာ ပါရှိသော ဆန်းပြားသော ပုံရိပ်တစ်ရိပ် ထွက်ပေါ် လာလေသည်။

" ထွက် သွား စမ်း "

လင်းယွန်က အသူရာနဂါးကို သူ့ အရှိန် အဝါဖြင့် ပေါင်းစပ် လိုက်ပြီး အနည်းငယ် မှင်တက် နေခဲ့သော ဝမ်ယန်ကို ကန်ထုတ် ပစ်လိုက်သည်။

" ရတနာ တောင်ကုန်းရဲ့ အဖွဲဝင် တပည့်များ၊ သတ် .... "

ရှင်းယန်က အော်ဟစ် လိုက်သည်နှင့် ရာပေါင်းများ စွာသော တပည့်များက သူမ နှင့် အတူ ပြိုင်ပွဲ စင်မြင့် ပေါ်သို့ ဆင်းသက် လိုက်ပြီး၊ အထက်တန်းစား ပြည်နယ် အဖွဲ့အား ထိပ်တိုက် ရင်ဆိုင် လိုက်ကြသည်။

မဟာမိတ် နှစ်ဖွဲ့ကြား သွေးသစ္စာ စည်းမျဉ်းကို ဖောက်ဖျက် လိုက်ကြ တော့လေသည်။

စိန်ခေါ်မှု မှသည် ရုတ်တရက် ရှုပ်ထွေးသော တိုက်ပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့၏။

***

All Chapters