ပြင်းပြသော အာသီသ။
Vol. 17 Ch. 234
သွေးတံခွန် တောင်ကုန်းတွင် တမဟုတ် ချင်းပင် တိုက်ပွဲများ ပျံနှံ့လာ တော့၏၊ နာကျင်စွာ အော်သံ များနှင့် ကြုံးမာန်သွင်း သံများသည် အသက်-သေခြင်း စင်မြင့် ထက်၌၊ ပဲ့တင်ထပ် နေခဲ့ လေပြီ။
သွေးတံခွန် တောင်ကုန်း၏ အကြီးအကဲ သည်ပင်၊ ဤမြင်ကွင်းကြောင့် အံသြ သွား ရသည်။
ပထမဦးစွာ လင်းယွန်က လူတိုင်း၏ မျှော်လင့်ချက် များကို ကျော်လွန်ကာ ကျားနဂါး လက်သီးကို အသုံးပြုခြင်းဖြင့်၊ ယီလျူယွင်ကို အနိုင်ယူ လိုက်သည်။
ထို့နောက် ဝမ်ယန်သည် စိန်ခေါ်မှု စည်းမျဉ်းများကို လျစ်လျူရှုကာ ယီလျူယွင်ကို အတင်းအကြပ် ကယ်တင် လာသည်။
ရှင်းယန်က ရတနာ တောင်ကုန်း အဖွဲ့ဝင် များအား အထက် တန်းစား ပြည်နယ်ဖြင့် ရင်ဆိုင် တိုက်ခိုက်ရန် အမိန့်ပေး ခဲ့သည်။
ပြိုင်ပွဲ ကွင်းပြင် တစ်လျှောက် တိုက်ပွဲများ ဖရိုဖရဲ ဖြစ်ပေါ်လာပြီး၊ အကြီးအကဲ တစ်ဦး တည်း အနေဖြင့်၊ လူတိုင်းကို ခြိမ်းခြောက်ရန် မလုံလောက် တော့ပေ။
" မင်းငါ့ကို တိုက်ခိုက် ရဲတယ်လား၊ မင်း သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ ...''
သိုင်းဝိညာဉ်ကို ဆင့်ခေါ်ပြီးနောက် ကန်ထုတ်ခြင်းကို ခံလိုက်ရသော ဝန်ယန်က ရှက်ရွံ့စွာဖြင့် ဟိန်းဟောက်လိုက်၏။
နဝမအဆင့် ပယင်းရောင် သိုင်းဝိညဉ် ဖြစ်သော 'နတ်ဆိုး မှော်ကျား' ကို ဆင့်ခေါ် လိုက်လေသည်။
" ဝမ်ယန်၊ ငါက မင်းရဲ့ ပြိုင်ဘက်ပဲ "
သို့သော် ဝမ်ယန် လှုပ်ရှားရန် ပြင်နေစဉ် မှာပင်၊ အထက်တန်းစား ပြည်နယ်၏ အဖွဲ့ဝင် နှစ်ယောက်ကို ကန်ထုတ် လိုက်ပြီးနောက်၊ ရှင်းယန်က ရဲရဲနီ နေသော သွေးစက် တစ်စက် ကဲ့သို့ လင်းယွန်ရှေ့ ဝင်ရောက် ဟန့်တား လာလေသည်။
သူမ၏ သိုင်းဝိညာဉ် ဖြစ်သော 'စိမ်းပြာရောင် လမင်း' သည် သူ့ပတ်ဝန်း ကျင်၌ ပျံဝဲနေ ခဲ့ပြီး၊ တည်ငြိမ် အေးမြသော အရှိန်အဝါမှာ ပတ်ပတ် လည်သို့ ပျံ့နှံ့သွား တော့၏၊ ဖြူရွနေသော လမင်း တစ်စင်းက သူမ နောက်ကျောတွင် တည်ငြိမ်စွာ ထွက်ပေါ် လာလေသည်။
" စိမ်းပြာလမင်း "
သိုင်းဝိညာဉ်ကို မြင်သည်နှင့် ဝမ်ယန်က၊
" ရှင်းယန်၊ ဂိုဏ်းထဲ ဝင်လာတဲ့ လူသစ် တစ်ယောက် အတွက်၊ မင်းက ငါ့နဲ့ ရန်သူ ဖြစ်ချင် နေတာလား၊ "
“ ဘယ်လောက် အရှက်ကင်းမဲ့ လိုက်လဲ၊ ဒီနေ့ ဖြစ်ပျက် ခဲ့တာတွေ အတွက် ကိုယ့်ကိုယ် ကိုသာ အပြစ်တင်ပါ၊ ဒီရလဒ်ကို လက်ခံဖို့ အသင့်ပြင် ထားသင့်တယ်”
ဟု ရှင်းယန်က အေးစက်စွာ ပြန်ပြော လိုက်သည်။
" ကောင်းတယ်... ရက်စက်မှု အတွက် ငါ့ကို အပြစ် မတင် ပါနဲ့ "
ဝမ်ယန်၏ မျက်နှာ မည်းမှောင်သွားပြီး သူ့လက်ထဲ၌ ဓားရှည်တစ်လက် ထွက်ပေါ် လာသည် ။
" မင်းကို ကြောက်လိမ့်မယ်လို့ ထင်နေလား "
ရှင်းယန်က တုန့်ဆိုင်းခြင်း မရှိ ဓားကို ဆွဲထုတ် လိုက်သည်။
၎င်းတို့ နှစ်ဦး စလုံးသည် မြေကြီး အဆင့်ရှိ ကျွမ်းကျင် သူများ ဖြစ်ကြ သည်ကြောင့်၊ သူတို့ နှစ်ယောက်၏ တိုက်ပွဲမှာ အဆင့် သစ်သို့ ရောက်ရှိ သွားခဲ့သည်။
"ထွက်သွား... "
လင်းယွန်၏ ခန္ဓာကိုယ်တွင် ပွင့်လန်း နေသော ခရမ်းရောင် ပန်းပွင့်ထံမှ၊ အသက် စွမ်းအင်များ ပေါင်းစပ် ထားသော မူလ စွမ်းအင်ဖြင့်၊ အားဖြည့် ထားသည့် 'နတ်ဆိုး သုတ်သင်ခြင်း ဓား'ကို၊ ကျားနဂါး လက်သီးထဲ ထည့် လိုက်ရာ၊ သေမျိုး အဆင့်ရှိ မည်သည့် တပည့်မျှ သူ့အား အနိုင်ယူ နိုင်စွမ်း မရှိ တော့ချေ။
သုံးကြိမ်ထက် မပိုသော ရွေ့လှည့် အပြီးတွင် သေမျိုးအဆင့် တပည့် များမှာ၊ အလှည့်ကျ လွင့်စင်နေခဲ့သည်။
မြေကြီး အဆင့်မှ ကျွမ်းကျင် သူများကို ရှောင်ရှားပြီး၊ သေမျိုးအဆင့် တပည့်များကို တိုက်ခိုက် နေဆဲမှာပင်၊ လင်းယွန်၏ အာရုံ သည် အဝေးသို့ ပြေးနေသော ယီလျူယွင်ပေါ်သို့ လုံးလုံး လျားလျား ရောက်ရှိနေ ခဲ့လေပြီ။
ယီလျူယွင်၏ မျက်နှာမှာ ဆိုးရွားစွာ ပျက်ယွင်း သွား၏။ လင်းယွန်က သူ့အား သတ်ရန် အတွက် အထက်တန်းစား ပြည်နယ် တစ်ခုလုံးကို တိုက်ခိုက်ရန် အထိ ရူးသွပ် လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပေ။
" သေစမ်း... မိုက် မဲ လိုက် တာ ”
သည်နေ့ပြီးနောက် သူ၏ ဂုဏ်သတင်းမှာ အမှိုက်တစ်စ ကဲ့သို့ ယုတ်လျော့ သွားပေ တော့မည်။
'' ဘယ်လို မိစ္ဆာမျိုးကို ရန်စ မိရတာလဲ ''
အံကြိတ်လျက် သူ့ကိုယ်သူ ကျိန်ဆဲ လိုက်ပြီး၊ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲ နေမှုကို အန်တုကာ၊ ရှင်သန်ရန် အတွက် ပြေးနေ ခဲ့ရသည်။
သို့သော် ဝမ်ယန်က သူ့ကို ကာကွယ်ဖို့ရန် ဆုံးဖြတ်လာ ကတည်းက၊ ဤနေရာမှ အသက် ရှင်လျက် လွတ်မြောက် နိုင်သရွေ့ ဘေးကင်း မည်ကို သူ သိပေ၏။
ရုတ်တရက် သူ့ နောက်နား ထံမှ အော်ဟစ် သံများကြောင့်၊ ယီလျူယွင်က လှည့်ကြည့် လိုက်ရာ၊ လင်းယွန် ပြေးလိုက် လာသည်ကို မြင်လိုက်ရပြီး၊ ကြောက်လန့် သွားခဲ့သည်။ လင်းယွန်က သူ့ကို သည်လောက် မြန်မြန် လိုက်မှီလာ လိမ့်မည်လို့ မမျှော်လင့် ထားမိပေ။
စကားပြောခွင့် မပေးခဲ့ဘဲ၊ တိုက်ခိုက် လာသော လင်းယွန်၏ လက်သီးမှာ ယီလျူယွင့် မျက်နှာအား ထိမှန်လာ ပြီးနောက်၊ နှာခေါင်းရိုးကို ချိုးပစ် လိုက်တော့သည်။
" ယီလျူယွင် ... မင်းငါ့ကို သတ်ဖို့ ကြံရွယ်ကတည်းက၊ ဒီလို အခြေအနေ ဖြစ်လာ လိမ့်မယ်လို့ တွေးခဲ့ ဖူးလား ဟမ် "
လင်းယွန်က ဒေါသ ထွက်သွားသည်။ အသက်သေခြင်း စိန်ခေါ်မှုကို လက်ခံပြီးနောက်၊ ဤသို့ ထွက်ပြေးခြင်း ရှိလာ လိမ့်မည်ဟု ထင်မ ထားမိပေ။
အသက်သေခြင်း စင်မြင့် ထက်သို့ တက်သွား ကတည်းကပင် စည်းကမ်းများကို လိုက်နာ ရပေမည်။ ရှုံးမည့် သူအတွက် တိုင်တန်းစရာ မရှိချေ။
ယီလျူယွင်မှ မတုန့်ပြန် နိုင်ခင်မှာပင်၊ လင်းယွန်က သူ့ခြေထောက်ကို မြှောက်လိုက်ကာ၊ ရင်ဘတ်ကို အားကုန် ထပ်ကန် ထုတ်လိုက် ပြန်သည်။
ယီလျူယွင်က လွင့်စင်လျက်မှ သွေးတစ်လုတ်ကို အန်ထုတ် လိုက်ရ၏။ မြေပြင်ပေါ်သို့ ပြန်ကျလာသည်နှင့် သေခြင်း ကမ်းပါး အစွန်းသို့ ရောက်ရှိ သွားပြီဟု သူကိုယ်သူ ခံစား မိလေသည်။
ဤမြင်ကွင်းသည် အထက်တန်းစား ပြည်နယ်မှ အဖွဲ့ဝင် တိုင်းကို ကြောက်လန့် သွားစေ၏။ လင်းယွန်သည် ဤမျှ အငြိုးကြီး လိမ့်မည်ဟု မမျှော်လင့် ထားမိရာ၊ သူတို့ တင်မက တိုက်ပွဲနှင့် လွတ်ရာတွင် ရပ်ကြည့်နေ ခဲ့ကြသော တပည့်များပင် အံသြသွား ကြသည်။
ဝမ်ယန်က ရှင်းယန်နှင့် တိုက်ခိုက် နေရာမှ နောက်ပြန် လှည့်ကြည့်မိ လိုက်ပြီး၊ သူ့မျက်နှာ ပျက်ယွင်း သွားကာ၊
'' မိုးကြိုး ရှစ်ဖော် ဘယ်မှာလဲ၊ သူ့ကို တားလိုက်စမ်း .. "
အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲ ထွက်လာ ခဲ့ပြီး၊ သိုင်းဝိညာဉ်များကို ချက်ချင်း ဆင့်ခေါ်ကာ တိုက်ပွဲ အတွင်းမှ လူရိပ် ရှစ်ရိပ် ပြေးထွက် လာခဲ့သည်။
ကောင်းကင်သို့ ခုန်တက် သွားပြီးနောက် လူသား နံရံ တစ်ခု ကဲ့သို့၊ ယီလျူယွင် ရှေ့ ဆင်းသက် လာကြ၏။
မိုးကြိုး ရှစ်ဖော် ဝင်ရောက် လာမှုကြောင့်၊ ထွက်ပေါ် လာသော ဖိအားများ အရ၊ လင်းယွန်က သူ့ကိုယ်သူ တည်ငြိမ်စေရန် ထိုဖိအား၏ လွတ်ကင်း ရာသို့ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွား ခဲ့ရသည်။ သည်တွေ့ဆုံမှုတွင် သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ လာခဲ့၏။
“ ဟိုမှာ ဓားငှက် တစ်ကောင် ရှိတယ်၊ မြန်မြန်သွား ... အထက်တန်းစား ပြည်နယ် ကနေ စောင့် ..."
မိုးကြိုးရှစ်ဖော်၏ ခေါင်းဆောင်က တောင်ကုန်း တစ်နေရာရှိ ဓားငှက်ကို လက်ညိုး ညွှန်ပြကာ၊ ယီလျူယွင်ကို ထွက်ခွာ စေလိုက်သည်။
ယီလျူယွင်၏ မျက်လုံးများက ချက်ချင်းတောက်ပလာပြီး ဓားငှက်ဆီသို့ ပြေးသွား ခဲ့သည်။
လင်းယွန်က မိုးကြိုးရှစ်ဖော်၏ လူသား တံတိုင်းကို ဖြတ်ကျော်ချင် ခဲ့သော်လည်း၊ မြေကြီး အဆင့်ရှိ ကျွမ်းကျင်သူ ရှစ်ယောက်ကို ရင်ဆိုင်ရန် သူ၌ နည်းလမ်း မရှိချေ။
“ မိုက်မဲလိုက်တာ ”
" ထွက်သွား ... မင်းဒီမှာ ငါတို့ ရှစ်ယောက်နဲ့ နောက်တစ်လှမ်းတောင် လှမ်းနိုင်မှာ မဟုတ်ဘူး။"
မိုးကြိုး ရှစ်ဖော်က လင်းယွန်ကို အထင်အမြင် သေးစွာဖြင့် ခြိမ်းခြောက် လိုက်၏။ သူတို့၏ ပိတ်ဆို့မှုများကို ကျော်ကာ၊ ဓားငှက်ဆီသို့ တဟုန်ထိုး ပြေးနေသော ယီလျူယွင်ကို၊ အံကြိတ်လျက် မျှော်ကြည့် နေမိသည်။
"လင်းယွန်က မိုးကြိုးရှစ်ဖော်ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး။"
“ ဒီယီလျူယွင်က လွတ်သွားတာလား ...”
လူတိုင်းက ၎င်းကို အလိုမကျ ဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်ကြသည်။ အသက်နှင့် သေခြင်းကို စိန်ခေါ်ပြီးနောက်၊ ရှုံးနိမ့်ချိန်၌ အသက်အတွက် ထွက်ပြေး လွတ်မြောက် လိုခြင်းသည် အရှက်မဲ့သော လုပ်ရပ်ပင် ဖြစ်လေသည်။
လင်းယွန်က သူ့ရှေ့တွင် ရပ်နေသော မိုးကြိုးရှစ်ဖော်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ့ဓားကို ဆွဲထုတ်ရန် ပြင်နေ ချိန်မှာပင်၊ ကြက်သွေးရောင် အလင်းတန်း တစ်စမှာ ရုတ်တရက် ကောင်းကင်မှ ပြုတ်ကျ လာလေသည်။
" ဘာ လဲ ဒီလောက်မြန်တာ "
" အဲဒါ ဘာကောင်လဲ "
မိုးကြိုးရှစ်ဖော်က လျင်မြန်လွန်းသော အရှိန်ကြောင့် သဲသဲကွဲကွဲ မမြင်လိုက် ရသည့် တစ်စုံတစ်ရာကို အံသြစွာ ကြည့်နေမိ ကြသည်။
တုံ့ပြန်မှု မပြုနိုင်မီ မိုးကြိုးရှစ်ဖော် ထဲမှ လေးယောက်မှာ ပါးစပ်မှ သွေးများ အန်လျက် လွင့်စင် သွားကြ ကုန်လေသည်။ ကျန်လေးယောက် မှာမူ နောက်သို့ မီတာ တစ်ရာခန့် တွန်းထုတ်ခံ လိုက်ရ၏။
'' အဲဒါ နဂါးသွေး မြင်းပဲ ''
လင်းယွန်က မြေပြင်ကို ခြေဖဝါးဖြင့် ပုတ်လိုက်ပြီး နဂါးသွေး မြင်းပေါ်သို့ ခုန်တက် လိုက်ကာ၊
"သူ့ နောက် လိုက် ... "
ဟု လောဆော် လိုက်လေသည်။
ရုတ်တရက် မြေပြင်မှာ တုန်ခါမှု လှိုင်းများ ဖြစ်ပေါ် လာပြီး၊ နဂါးသွေးမြင်းမှာ ကြက်သွေးရောင် အလင်းတန်း အဖြစ် ပြောင်းလဲလျက်၊ မြှားတစ်စင်း ကဲ့သို့ ပြေးထွက် သွားတော့သည်။
မိုးကြိုးရှစ်ဖော်က ရိုက်ခတ်မှုမှ ပြန်လည်ကောင်းမွန် လာသော်လည်း လင်းယွန် နောက်ကို လိုက်ရန်မှာမူ များစွာ နောက်ကျ သွားပြီ ဖြစ်လေသည်။
မိုးကြိုးရှစ်ဖော်ကို ဖြတ်ကျော်ကာ မြင်းစီးလျက် ပြေးလိုက် လာသော လင်းယွန်ကို မြင်သော အခါတွင်၊ ယီလျူယွင်က ထိတ်လန့် စွာဖြင့် ဓားငှက်ပေါ်သို့ အားကုန်ထုတ် ခုန်တက် လိုက်၏။
ဓားငှက်ပေါ် ခြေချမိသည်နှင့် ပျက်ယွင်း နေခဲ့သော သူ့ မျက်နှာ အမူအရာမှာ၊ ပြန်လည် တည်ငြိမ် သွားခဲ့သည်။
" လင်းယွန်၊ ဒီနေ့ မင်းလုပ်ခဲ့တဲ့ အရာကို ငါပြန်ဆပ်မယ်၊ မင်းငါ့ကို သတ်ချင် နေတာလား၊ အိပ်မက် မက်လိုက် .... သွား ပျံစမ်း ”
ကြီးမားလှသော ဓားငှက်က ယီလျူယွင့် အမိန့်သံ ဆုံးသည်နှင့် ၎င်း၏ အတောင်ပံ များကို ခတ်ကာ ကောင်းကင်သို့ ပျံတက် လိုက်သည်။
ဓားငှက်ပေါ် ရောက်ရှိ သွားသည်နှင့်၊ ယီလျူယွင်မှာ စိတ်ချ လက်ချဖြင့်၊ ကျောပေါ်သို့ ချက်ချင်း ပြိုလဲ ကျသွား ခဲ့တော့သည်။
" စီနီယာအစ်မ၊ ယီလျူယွင်က ဓားငှက်နဲ့ ထွက်ပြေး သွားပြီ "
လီဝူယုက ကောင်းကင်သို့ ထိုးတက် ပျံသန်း သွားသော ဓားငှက်ကို ကြည့်ကာ၊ အော်ဟစ် လိုက်သည်။
ရှင်းယန်က ဓားငှက် နှင့်အတူ ထွက်ပြေးသွားသော ယီလျူယွင်ကို မြင်လိုက် ရသဖြင့် သူမ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲ သွားသည်။ ဝမ်ယန်နှင့် တိုက်ပွဲကို ချက်ချင်း ရပ်ပစ် လိုက်ပြီး၊ သူမ ဓားငှက်ကို ဆင့်ခေါ် လိုက်၏။
" ရှင်းယန်၊ ဒီမှာ နေပါ၊ ငါပြောခဲ့ သလိုပဲ ဒီနေ့ ယီလျူယွင်ကို ဘယ်သူမှ မထိစေရဘူး "
ဝမ်ယန်က ရှင်းယန်ကို ဟန့်တား တိုက်ခိုက်ပြီး၊ ရယ်မော လိုက်လေသည်။
" သေ စမ်း......"
ရှင်းယန်က စိတ်ပူလာ၏။ ယခု လင်းယွန်ကို ကူညီနိုင်မည့် နည်းလမ်း များကို သူမ မတွေးနိုင် တော့ပေ။
သို့သော် ရုတ်တရက် ဆူညံ ပွက်လော ရိုက်နေသော အသံများ ရပ်တန့်သွားသည် ။
နဂါးသွေးမြင်းက လင်းယွန်၏ ဒေါသကို ခံစားမိပုံရ၏။ ထို့ကြောင့် သူ၏ ဒုန်းဆိုင်း ပြေးလွှား လိုက်သော ခွာသံများမှာ၊ မဟာမိတ် နှစ်ဖွဲ့ ကြားရှိ တိုက်ပွဲ အသံ များကိုပင် ဖုံးလွှမ်းသွား လေသည်။
စစ်ဗုံ တီးခတ် လိုက်သံများ ကဲ့သို့သော ခွာသံများက ဆူညံစွာ ထွက်ပေါ် လာခဲ့ တော့၏။
'' ခွပ် ခွပ် ခွပ် ခွပ် ခွပ် ''
"ဘာဖြစ် နေတာလဲ "
ရှင်းယန်နှင့် ဝမ်ယန်မှာ အံ့သြသွားပြီး၊ တိုက်ပွဲကို ရပ်ကာ၊ လှည့်ကြည့် လိုက်သည်။
မဟာမိတ် နှစ်ဖွဲ့မှ တပည့်များ သည်လည်း မြေပြင်ကို တုန်ခါ လာစေသော မြင်းခွာသံ များကြောင့် တိုက်ခိုက် နေမှုများအား တပြိုင် နက်တည်း ရပ်လိုက် ကြသည်။
ဒုန်းဆိုင်း ပြေးလွှား နေခဲ့သော နဂါးသွေးမြင်းကို ကြည့်ကာ၊ သူတို့အားလုံး ထိတ်လန့် သွားကြတော့၏။
နဂါးသွေးမြင်းသည် ကောင်းကင်သို့ အရှိန်ယူ ပျံတက်နေသော ဓားငှက် နောက်သို့ မြှားတစ်စင်း ကဲ့သို့၊ မြေပြင်မှ ဒုန်းဆိုင်း ပြေးလိုက် နေခဲ့လေပြီ။
" သူရူး နေတာလား"
" မဖြစ်နိုင်တာ .... ဓားငှက်ကို မြင်းတစ်ကောင်က လိုက်လို့ မှီမယ် ထင်နေလား ..."
“ ဘယ်လို လူမိုက်လဲ၊ ကောင်းကင်မှာ ဓားငှက် တွေလို ပျံသန်း နိုင်လိမ့်မယ်လို့ သူ ထင်နေ တာလား။”
လျူယွီက အံကြိတ်လျက် ရေရွတ် လိုက်သည်။
"ဒီကောင် သွေးတံခွန် တောင်ကုန်း ပေါ်ကနေ ပြုတ်ကျပြီး သေသွားရင် အကောင်း ဆုံးပဲ "
ဖူဂျောင်းက လှောင်ပြောင် ရယ်မောကာ၊ ကျိန်ဆဲ လိုက်သည်။
'' ဟီး..... ဟီး ဟစ် ဟစ် ဟစ် ''
ရုတ်တရက် ဒုန်းဆိုင်း ပြေးနေသော နဂါးသွေး မြင်းက ရပ်တန့် လိုက်ကာ ကျယ်လောင်သော ဟီသံ ပြုလျက်၊ လျင်မြန်သော အဟုန်ဖြင့်၊ ကောင်းကင်သို့ ခုန်တက် လိုက်လေသည်။
မြေပြင်မှ ပျံတက်သွားသော ဓားငှက် တစ်ကောင် ကဲ့သို့ လေထုအား ထိုးခွဲ သွားတော့၏။
နံနက်ခင်း နေမင်းကြီးက ၎င်းကို နောက်ခံ ပြုလျက်၊ တောက်ပစွာ ဖြာဆင်း လာပြီး၊ နဂါးသွေး မြင်း၏ ပတ်ပတ်လည်ရှိ ကြက်သွေးရောင် အလင်းအလွှာကို မီးမောင်း ထိုးပြ လိုက်လေသည်။
'' အဟီ ဟီ ဟီး..... ''
“ ဒီမြင်း .......”
" တစ်ခုခု လုပ်နိုင်ရင် အရာ အားလုံး တန်ဖိုး ရှိမယ်..."
“ဒါပေမယ့် နဂါးမြင်း အစစ် မဟုတ်တဲ့ အတွက် ယီလျူယွင်ကို လွတ်မြောက်စေ တုန်းပါပဲ၊ ''
'' မြေပြင်က မြင်း တစ်ကောင်က ကောင်းကင်က ငှက် တစ်ကောင်ကို၊ လေထဲမှာ ဖမ်းယူဖို့ ဆိုတာ၊ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ၊ ဒါက အိမ်မက် ပါပဲ ''
နဂါးသွေးမြင်းသည် မိုးကြိုးရှစ်ဖော်ကို ဖြတ်ကျော် ပြီးနောက်၊ ကောင်းကင်၌ ပျံသန်း နေသော ဓားငှက်ကို မှီလုလု အမြင့် ထိတိုင်၊ ခုန်ကျော် ပျံသန်း ပြသ လိုက် သည်ကြောင့်၊ လူအုပ်ကြီးမှာ မှင်တက် သွားကြ လေပြီ။
သို့သော် ၎င်းသည် မြင်းတစ်ကောင်ပင် ဖြစ်နေ ပေသေးရာ၊ ဓားငှက်ကို အမှီ လိုက်ပါ ပျံသန်း ရန်မူ၊ အိမ်မက်မျှသာ ဖြစ်ပေ တော့မည်။
လူအုပ်ကြီးမှာ လွတ်မြောက် နေဆဲ ဖြစ်သည့် ယီလျူယွင်အား ကြည့်ကာ၊ သက်ပြင်းချ နေချိန်တွင်၊ နဂါးသွေးမြင်း ထံမှ ကြီးစိုးသော အရှိန်အဝါ တစ်ခု ရုတ်တရက် ပွင့်ထွက် လာတော့သည်။
အတိအကျ ပြောရပါလျှင် ထိုအရှိန် အဝါမှာ လင်းယွန်ထံမှ ထွက်ပေါ် လာခြင်းပင် ဖြစ်ပေသည်။
သူ့နောက်ကျောရှိ ဓားသေတ္တာမှာ ပွင့်ထွက် သွားပြီးနောက်၊ ပန်း ပွင့်ချပ်များ နှင့်အတူ ပန်းသင်္ချိုင်း ဓားက လွင့်မျော လာတော့၏။
'' ဓား....... ''
ပန်းသင်္ချိုင်းဓားကို ဆွဲကိုင်ကာ၊ နဂါးသွေးမြင်း၏ နောက်ကျောအား စောင့်နင်းလျက်၊ ကောင်းကင်သို့ တစ်ဟုန်ထိုး ပျံတက် လိုက်သည်။
ရေလှိုင်းမှာ တစ်ခုတည်းသာ ဖြစ်သော်လည်း၊ တောင်နှင့် မြစ်များကို ဖြတ်ကျော် နိုင်လေသည်။
ဓားငှက်ပေါ်တွင် အနားယူ နေသော ယီလျူယွင်သည် ရုတ်တရက် တစ်ခုခု လွဲချော် နေပြီဟု ခံစားလိုက် ရသည်ကြောင့်၊ သူ့မျက်လုံး များကို ဖွင့်ကြည့် လိုက်ရာ၊ စူးရှသော အလင်းတန်း ကြီးအား တွေ့လိုက် ရသည်။
၎င်းအလင်းတန်းသည် ထက်ရှသော ဓားတစ်လက် ဖြစ်ခဲ့ပြီး၊ ယီလျူယွင်ကို အရိုးထဲ ထိတိုင် ကြောက်လန့် သွားစေ တော့၏။
"လင်းယွန် .... "
ကြီးစိုးလွန်းသော ဓားရောင်ဝါ အောက်တွင် ယီလျူယွင်နှင့် ဓားငှက် တို့သည်၊ ချက်ချင်း ပေါက်ကွဲ သွားကြပြီး၊ သွေးနှင်းများ အဖြစ် မြေပြင်သို့ လျောကျ သွားသည်။
" သခင့်ဓား "
သွေးတံခွန် တောင်ကုန်း၏ အကြီးအကဲက ပါးစပ် အဟောင်း သားဖြင့် ကောင်းကင်က ဓားသမားကို မော့ကြည့် လိုက် မိလေသည်။
သူ့ မျက်လုံး များတွင် မယုံကြည် နိုင်လောက်အောင် တုန်လှုပ် နေသော အမူအရာ များဖြင့် နစ်မျော နေခဲ့ တော့သည်။
***