လျှို့ဝှက် ဆန်းကြယ်သော ဓား သင်္ကေတ။
Vol. 17 Ch. 235
လင်းယွန်က ဓားတစ်ချက် တည်းဖြင့် ယွီလျူယွင်နှင့် ဓားငှက်ကို သတ်ပစ် လိုက် လေသည်။
ဝမ်ယန်၏ အကာအကွယ် အောက်၌ပင် ဒုတိယမြောက် လူသတ်ခဲ့ခြင်း ဖြစ်၏။
သူ့နောက်တွင် နေမင်း ရောင်ခြည်ကို နောက်ခံပြုလျက် ခုတ်ပိုင်း လိုက်ဟန်သည် ကောင်းကင်မှ ဆင်းသက် လာသော နတ်ဘုရား တစ်ပါးကဲ့သို့ လွှမ်းမိုးနိုင်စွမ်း ကြီးလွန်း လှပေသည်။
"သခင့်ဓား "
" လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာ ကတည်းက ဘယ်သူမှ လေ့ကျင့်လို့ မအောင်မြင် ခဲ့တဲ့ ဓားနည်းစနစ်ပဲ "
“လူတော်တော် များများက ဒီဓား နည်းစနစ်ကို လေ့ကျင့်ခြင်း ကနေ သူတို့ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက် သွားစေ တယ်လို့ ကြားဖူးတယ်။ ''
" မယုံနိုင်စရာပဲ... ၊ ဒီဓားက ဓားငှက် ကိုတောင် သေစေ ခဲ့တယ်လား "
“ ဒီဓားနည်းစနစ်က ဓားတစ်ကွက်ပဲ ရှိတယ်၊ နားလည်ရ ခက်ပါတယ်။”
မြင်လိုက်ရ သူတိုင်းက အံ့သြတုန်လှုပ် သွားကြသည်။ အဆုံးတွင် ယီလျူယွင်မှာ သေခြင်းမှ မလွတ်မြောက် နိုင်ခဲ့ပေ။
မြင်လိုက်ရသည့် မြင်ကွင်းကို မယုံနိုင် ဟန်ဖြင့်၊ ဖူဂျောင်း၏ မေးရိုးများ ပြုတ်ကျ သွားသည်။
လျူယွီမှာမူ ဆိုဖွယ် မရှိပေ။ လင်းယွန်၏ ဓားသည် သူမကို အသက်ရှူ ရပ်စေခဲ့၏။ မကြာသေးမီ ကပင်၊ ဓားငှက်နောက်ကို အရူးအမူးလိုက်နေခဲ့သော လုပ်ရပ်အတွက် အလွန် မိုက်မဲ လွန်းသည်ဟု လှောင်ပြောင် နေမိသည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် လင်းယွန်က သူတို့ မျက်နှာကို ဖြတ်ရိုက် လာတော့၏။
ထိုအချိန်တွင် ဝမ်ယန်၏ မျက်နှာမှာ မည်းမှောင် သွားခဲ့ပြီး၊ သူ့ဓားကို ကိုင်ထား လျှက်မှ လက်များ တုန်ယင် လာလေသည်။ သွေးမြူများ ရွာကျနေသော ကောင်းကင်ကို ကြည့်ကာ၊ နာကျင်စွာဖြင့်၊
"ငါ့ ဓား ငှက်ကလေး...."
ဓားငှက်များသည် နက်နဲ နယ်ပယ်ကို ကျော်လွန် မှသာလျှင် အစစ်အမှန် သားရဲများ ဖြစ်လာကြ သည်ကြောင့်၊ ဓားနန်းတော်တွင် ဓားငှက် တစ်ကောင် ရရှိရန်မှာ မလွယ် ကူကြောင်း၊ သိသာ လှပေသည်။
တနည်းအားဖြင့် ဆိုရသော် ဓားငှက် များသည် နက်နဲ နယ်ပယ်သို့ တက်ရောက် ရာ၌ မအောင်မြင် ပါက သေဆုံး သွားမည့် မာန ကြီးသော နတ်ဆိုး သားရဲများ ဖြစ်လေ သည်။
ထို့ပြင် ၎င်းသားရဲများမှာ သူတို့၏ သခင်များကို အလွန် သစ္စာ စောင့်သိ ကြ၏၊ ထို့ကြောင့် မဟာချင် အင်ပါယာတွင် ဤကဲ့သို့သော နတ်ဆိုး သားရဲများကို လုယူ သိမ်းပိုက်ရန် မလွယ်ကူပေ။ ဓားငှက်များကို ခရီး သွားလာရန်နှင့် တိုက်ခိုက် ရန်အတွက် အသုံးပြုနိုင်သည်။
ဒဏ္ဍာရီများ အရ 'ကောင်းကင်ဘုံ ဝိညာဉ်' နယ်ပယ်ရှိ ကျင့်ကြံသူ များသာ ပျံသန်း နိုင်သည်ဟု ဆို၏။
ဝမ်ယန်သည် ယီလျူယွင်ကို ခေါ်ဆောင် သွားရန်အတွက် ဓားငှက်ကို အသုံး ပြုခဲ့ သော်လည်း၊ ယင်း သားရဲကို ဆုံးရှုံးရ လိမ့်မည်ဟု သူ ဘယ်တုန်း ကမှ မမျှော်လင့် ထားမိပေ။
" သနားစရာပဲ၊ တစ်စုံတစ်ယောက်ရဲ့ အရှက်မဲ့မှုကြောင့် ဓားငှက်တစ်ကောင် အသတ်ခံ ခဲ့ရပြီ။ "
ရှင်းယန်က ပြုံးကာ ရယ်သွေးသော အသွင်ဖြင့် ရေရွတ်လိုက်သည် ။ လင်းယွန်၏ ဓားမှာ မည်မျှ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသွား သည်ကို သူမ သိသည်။ ထို့ကြောင့် သိုင်းခန်းမမှ ရယူသွားသော နည်းစနစ်မှာ 'သခင့်ဓား' ပင် ဖြစ်ရ ပေမည်။
လင်းယွန်ကို ဒူးတစ်ဖက် ထောက်လျက်ဖြင့် မြေပြင်ပေါ် ဖိနှိပ်ထားကာ၊ ဒွာရ ခွန်နှစ်ပါးမှ သွေးများ ယိုစီးကျ လာသည် အထိ အတင်း အကြပ် မောင်းထုတ် ခံခဲ့ရ သည်ကို သူမ ကြားထားသည်။
သို့သော် နောက်ဆုံးတွင် အဆိုပါ နည်းစနစ်အား ရယူနိုင်ကာ ထွက်ခွာလာ နိုင်ခဲ့သည်။
ထို့နောက်တွင် သူ့ကတိ အတိုင်း တကယ် လုပ်ယူ နိုင်ခဲ့၏။
" ရှင်းယန် "
ဝမ်ယန်က အေးစက်စွာ လှည့်ကြည့် လိုက်သည်။
" ဝမ်ယန်၊ ဒါက ဓားငှက်တစ်ကောင် သေဆုံး ခြင်းလို ရိုးရှင်းတဲ့ ကိစ္စ မဟုတ်တော့ဘူး၊ မင်းက သွေးတံခွန် တောင်ကုန်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက် ခဲ့တာပဲ၊ မင်း ကြုံတွေ့ရမယ့် ဒုက္ခကို မင်း စဉ်းစား သင့်တယ် ”
ရှင်းယန်က လှောင်ပြောင် ရယ်မောကာ၊ သတိပေး လိုက်သည်။
“ အဲဒီ အတွက် မင်း စိတ်ပူ နေစရာ မလိုပါဘူး၊ သေရှင် စင်မြင့် အပြင်ဘက်မှာ တပည့် တစ်ဦးကို သတ်ခဲ့တဲ့ လင်းယွန်ကို ဂိုဏ်းက ဘာလုပ်မယ် ဆိုတာကို ငါ ပို စိတ်ဝင် စားတယ်။”
ဝမ်ယန်က အံကြိတ်ကာ အပြစ်တင် လိုက်သည်။
"ဝမ်ယန်၊ မင်း ကိုယ့်ကိုကိုယ် လိမ်နေစရာ မလိုဘူး၊ ဂျူနီယာ လင်းယွန်က သခင့်ဓားနဲ့ လူသတ်ခဲ့တာ မင်းလည်း မြင်ခဲ့တာပဲ၊ သူ ဘယ်သူ့ကို သတ်လဲ ဆိုတာကို ဂိုဏ်းက စိတ်ဝင်စား နေမယ် ထင်လား၊ မင်းအတွက် ကတော့ ....၊ ဂိုဏ်းက မင်းကို ဘာမှ မလုပ်ဝံ့ ခဲ့ရင်တောင် …”
ရှင်းယန်က ဝမ်ယန်ကို စိုက်ကြည့်ကာ၊ လှောင်ပြောင် လိုက်ပြီး၊
“ ..... ဝမ်မျိုးနွယ်စုကို နောက်ထပ် ဂုဏ်သိက္ခါ ကျဆင်း စေတဲ့ အတွက် ...၊ မင်း ရှင်းပြ ရတော့မယ် ထင်တယ် ...”
ရှင်းယန်က သူ့ဒဏ်ရာကို ဆွလိုက် သည်ကြောင့်၊ ဝမ်ယန်၏ မျက်နှာမှာ မည်းမှောင် သွားသည်။
တစ်ချိန်ထဲမှာပင် လင်းယွန်သည် သခင့်ဓားကို ကွပ်မျက် ပြီးနောက်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ ချက်ချင်း မှိန်ဖျော့ သွားကာ၊ ပိတ်ကျ သွားသည်။
သူ့ခန္ဓာကိုယ် ထဲရှိ မူလ စွမ်းအင်များ အကုန်အစင် ထုတ်ယူခံလိုက်ရ သည်ဖြစ်ရာ၊ ကြွက်သား မျှဉ်များ ထံမှ ပင်ပန်း နွမ်းနယ်မှုကို ခံစားလိုက် ရ၏။
မူးဝေ လာပြီး၊ အချိန်မရွေး အလွယ်တကူ အိပ်ပျော် သွားနိုင် သကဲ့သို့ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ နေတော့သည်။
သို့သော်၊ သူ့သွားများကို ကြိတ်လိုက်ကာ နဂါးသွေးမြင်း ပေါ်သို့ ဆင်းသက်ရန် လေထဲ၌ အကြိမ် များစွာ နင်းလျက် ဦးတည်ရာ ပြောင်းလဲ ခဲ့ရ လေသည်။
နောက်တစက္ကန့်တွင် နဂါးသွေး မြင်းက လင်းယွန်ကို ဖမ်းယူကာ၊ ရှင်းယန် ထံသို့ ခေါ်ဆောင် သွားသည်။
'' စီနီယာအစ်မ... ငါ ကတိ အတိုင်း ယီလျူယွင်ကို သတ်ပစ် လိုက်ပြီ "
လင်းယွန်က တိုးဖွဖွ လှမ်းပြော လိုက်၏။
" ဂျူနီယာ မောင်လေးလင်း၊ ဒီလူကို မှတ်မိလား"
ရှင်းယန်က ပြုံးပြီး ဝမ်ယန်ကို လက်ညှိုး ထိုးပြ လိုက်သည်။
လင်းယွန်က ဝမ်ယန်ကို မော့ကြည့်လိုက်၏။ ဤလူသည် သူ့ကို များစွာသော ဒုက္ခများ ဖြစ်စေရန် ယီလျူယွင်အား ညွှန်ကြား ခဲ့ပြီး၊ ထောင့် တစ်နေရာသို့ အတင်းအကြပ် တွန်းပို့ ခိုင်းစေခဲ့ သူ ဖြစ်သည်။
အစောပိုင်းတွင် 'ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်' ကို အားကိုးကာ အဝေးသို့ ကန်ထုတ် ခဲ့မိ၏။
သူတို့ နှစ်ယောက်၏ ကျင့်ကြံမှုတွင် ကြီးမားသော ကွာဟ ချက်များကြောင့် ထိုကန်ချက်မှာ သူတတ်နိုင် သမျှ အကုန်သာ ဖြစ်လေသည်။
" ဒါပေါ့.... ၊ သူက ဝမ်ယန်ပဲ၊ ဝမ်နင်ရဲ့အစ်ကို ဝမ်မျိုးနွယ် စုရဲ့ သခင်လေးပါ၊ ”
ဟု လင်းယွန်က ပြန်ဖြေလိုက်သည်။
" ကောင်းပြီ၊ လွန်ခဲ့တဲ့ သုံးရက်က သူပြော ခဲ့တာကို မင်းသိလား"
ရှင်းယန်က ထပ်မေး လာသည်။
"သူ ဘာပြောခဲ့လဲ "
“ ဒီနေ့ ငါတို့ရဲ့ စီနီယာအစ်ကို ဝမ်က မင်းရဲ့ခေါင်းကို သူ့ညီလေးရဲ့ အုတ်ဂူဆီ ယူသွား မယ်လို့ ပြောခဲ့တယ်”
ရှင်းယန်၏ ရယ်ရွှင်ရိပ် စွန်းနေသော မျက်နှာ အမူ အရာနှင့် စကားလုံး များကြောင့် ဝမ်ယန်၏ မျက်နှာမှာ နီရဲသွား သော်လည်း၊ အရှက် တရား ကြောင့် တုန့်ပြန် ပြောနိုင်ခြင်း မရှိတော့ပဲ၊
" အထက်တန်းစား ပြည်နယ်က မဟာမိတ် အဖွဲ့ဝင်တွေ..... ပြန်သွားကြပါ ''
သူ၏ တစ်ခုတည်းသော ဆန္ဒမှာ ဤနေရာမှ အလျင်အမြန် ထွက်ခွာ လိုခဲ့ပေသည်။
" မင်းကို ဘယ်သူက သွားခွင့် ပြုလို့လဲ"
အေးစက်သော ဟန့်တား သံကြောင့် ဝမ်ယန်က လှည့်ကြည့် လိုက်ရာ တည်ငြိမ်သော အမူအရာဖြင့် အကြီးအကဲ လျိုဖန်းက ဖြည်းညှင်းစွာ လျှောက်လှမ်း လာသည်ကို တွေ့လိုက် ရတော့သည်။
ဝမ်ယန်၏ အမူအရာမှာ အေးခဲသွားပြီး “မင်္ဂလာပါ အကြီး အကဲလျို ” ဟု လှည့်ကြည့် နှုတ်ဆက် လိုက်၏။
" သွေးတံခွန် တောင်ကုန်းရဲ့ စည်းမျဉ်း တွေကို၊ မင်းက စွက်ဖက် ရဲတယ်လား၊ ဘယ်လောက် သတ္တိရှိ လိုက်လဲ၊ ဓားနန်းတော်ကို မင်းမျက်လုံးထဲ မထည့် တော့ဖူး ထင်တယ် ''
အကြီးအကဲ လျိုဖန်းက ပြစ်တင် ရှုတ်ချ လိုက်သည်။
" ငါ.... အမှား လုပ်မိကြောင်း နားပါပြီ၊ အကြီးအကဲ ဘိုင်တင်း ထံမှာ အပြစ် ရှိကြောင်း ကိုယ်တိုင် ဝန်ခံလိုက် ပါ့မယ် "
ဝမ်ယန်က ပြန်ဖြေ လိုက်သည်။
" ဓားထိန်းသိမ်းရေး ခန်းမကို ငါနဲ့အတူ လိုက်ခဲ့ပါ။"
လျိုဖန်းက ရှေ့သို့ တိုးလာပြီး ဝမ်ယန်ကို လက်လှမ်းဆွဲ လိုက်သည်။ သည်မြင်ကွင်းက ရှင်းယန် အပါအဝင် လူတော်တော် များများကို ထိတ်လန့် သွား စေခဲ့သည်။
ဝမ်ယန်၏ နောက်ခံသည် ဝမ်မျိုးနွယ် တွင်သာ အကန့်အသတ် မရှိခြင်း ဖြစ်၏။ ဓားနန်းတော်သည် ဤအကြိမ်၌ ဝမ်မျိုးနွယ် စု၏ အကန့် အသတ်ကို ပြသ လာခဲ့သည်။
ယခင် အချိန် တိုင်းတွင် ဂိုဏ်း၏ စည်းမျဉ်း များကို ဖောက်ဖျက် သော်လည်း၊ မည်သူ့ ကိုမျှ မသတ် သရွေ့ အပြစ်ပေး ခံရမည် မဟုတ်ပေ။ သို့သော် ယနေ့တွင် ထူးခြားမှု တစ်ခု ဖြစ်ပွား လာခဲ့သည်။
အထက်တန်းစား ပြည်နယ် မဟာမိတ် အဖွဲ့ဝင် များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ဝမ်ယန်ကို ကာကွယ်လို စိတ်ဖြင့် ချက်ချင်း ရှေ့သို့ တိုးလာခဲ့၏။
"စိတ်ပျက် စရာပဲ မင်းတို့တွေ ကများ "
လျိုဖန်း၏ မျက်လုံးများတွင် ဒေါသ အရိပ် အယောင်များ ဖျတ်ခနဲ တောက်ပ လာကာ၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ သူ၏ အရှိန် အဝါ ဖိအားကို ထုတ်လွှတ်လျက် လက်ကို မြှောက်ယမ်း လိုက်လေသည်။
တစ်ချိန်တည်းမှာပင် အထက်တန်းစား ပြည်နယ် မဟာမိတ် အဖွဲဝင်တိုင်း သွေးများ စီးကျလာကာ လွင့်စင်သွား ကြတော့၏။
" အကြီးအကဲ ဘိုင်ကို ငါ တွေ့ချင်တယ် "
ဝမ်ယန်က ထိုမြင်ကွင်းကို မျက်နှာ လွှဲလိုက်ပြီး၊ အာခံ လိုသော အမူအယာဖြင့် သွားများကို ကြိတ်လိုက်သည်။
" ဒီနေ့အတွက် မင်းကြိုတင် ပြင်ဆင်ထား ခဲ့တာကို ငါ သိပါတယ်၊ မင်က ဘိုင်တင်းကို စိန်ခေါ်ပွဲ အတွက် ဦးစီး စေချင်တယ် မဟုတ်လား၊ မင်းစိတ်ပျက် သွားစေလို့ တောင်းပန် ပါတယ်၊ ဒီနေ့ သူလာမှာ မဟုတ်ဘူး၊ မင်းငါ့ကို နာခံရုံ ကလွဲပြီး၊ ဘာမှ လုပ်နိုင်စရာ မရှိပါဖူး။ ''
အကြီးအကဲ လျိုဖန်းက ဓားတံဆိပ်ပြား တစ်ခုကို ထုတ်ယူကာ၊ ဝမ်ယန် မြင်သာအောင် ပြလိုက်သည်။
၎င်းတံဆိပ်ပြား ပေါ်တွင် မက်မွန်သီး တစ်လုံးကို ရေးထိုး ထားသည့်၊ ရိုးရှင်းသော သင်္ကေတလေး တစ်ခု မျှသာ ဖြစ်လေသည်။
ထိုတံဆိပ်ပြားကြောင့် ဝမ်ယန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး၊ ထိတ်လန့် စပြုလာကာ၊
" ငါ့အမှားကို သိပါပြီ၊ ကျေးဇူးပြုပြီး အကြီးအကဲရဲ့ အပြစ်ပေးမှုကို ခုပဲ ခံယူပါ့မယ် "
" အနည်းဆုံးတော့ မင်း လိမ္မာလာပြီ "
လျိုဖန်းက ရှေ့သို့ ထပ်တိုး တိုးလာပြီး ဝမ်ယန်၏ ပခုံးကို သူ့လက်ဖဝါးဖြင့် ပုတ်လိုက် သည်။ ဝမ်ယန်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့ သွားကာ ပါးစပ်ထဲမှ သွေးများ စီးကျလာတော့၏။
“ ဒါက မင်းအတွက် သင်ခန်းစာ တစ်ခုပဲ၊ ဓားနန်းတော်ရဲ့ စည်းမျဉ်း တွေက မင်းဆန္ဒ ရှိတိုင်း နင်းချေ လို့ရတဲ့ အရာ မဟုတ်ဘူး ဆိုတာ အမှတ် ရပါ။ ”
ဝမ်ယန်၏ မျက်နှာမှာ နာကျင်ရှုံ့တွ နေသော်လည်း၊ မညည်းညူ ဝံ့ပေ။
ရတနာ တောင်ကုန်းမှ အဖွဲ့ဝင် များက ထို မြင်ကွင်းကြောင့် ပျော်ရွှင်လာ ကြသည်။ နှစ်အတော်ကြာ မာန ထောင်လွှား နေခဲ့သော၊ ဝမ်ယန်မှာ ယနေ့ကဲ့သို့၊ သည်မျှ အထိ ဆိုးရွားစွာ ခံစားလိုက် ရသည်ကို၊ တစ်ကြိမ်မှ မတွေ့ခဲ့ ရဖူးပေ။
" သွားကြရအောင်၊ ဓားထိန်းသိမ်းရေး ခန်းမရဲ့ အကြီးအကဲ တွေက မင်းကို စောင့်နေတယ်။”
လျိုဖန်းက ဝမ်ယန်ကို ဆွဲကိုင်လိုက်ကာ၊ ကောင်းကင်သို့ ခုန်တက် ပျောက်ကွယ် သွားတော့သည်။
" ရှင်းယန်၊ မင်း ဘယ်သူလဲ ဆိုတာကို မင်း မမေ့ပါနဲ့၊ မင်း သူ့ကို ကာကွယ်လဲ သူ့က ရလဒ် ကောင်း ရှိလာမှာ မဟုတ်ဘူး။”
ရုတ်တရက် လေထဲမှ ဝမ်ယန်၏ ခြိမ်းခြောက်သော အေးစက်စက် အသံ ထွက်ပေါ် လာရာ၊ ရှင်းယန် ပြုံးလျက် ပြန်လည် တုန့်ပြန် လိုက်လေသည်။
“ မင်းကိုမင်း ဂရုစိုက်ပါ၊ ငါက သူ့ကို ဂိုဏ်းထဲ ခေါ်လာ ခဲ့တဲ့သူ ဖြစ်တာကြောင့်၊ သဘာဝအတိုင်း ကာကွယ် သွားမှာပါ ”
မောက်မာလွန်းသော ဝမ်ယန်မှာ ဤကဲ့သို့ အဆုံးသတ် ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားမိပေ။
လင်းယွန် ပင်လျှင် အကြီးအကဲ လျိုဖန်း ထုတ်ပြ လာသော သင်္ကေတ၏ အဓိပ္ပါယ်ကို သိချင်လာ မိတော့သည်။
***