← Chapters

အသိ မိတ်ဆွေလား။

Vol. 17 Ch. 236

အသိ မိတ်ဆွေလား။

Vol. 17 Ch. 236

လျိုဖန်းက ဝမ်ယန်ကို ခေါ်ဆောင် သွားချိန်တွင်၊ ဤမျှ ကြီးမားသော ဆုံးရှုံးမှု ကြီးကို မည်သူ မဆို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ရုတ်တရက် အားလုံးကလင်းယွန်ကို အမြင်သစ်ဖြင့် ရှုမြင်လာ ကြသည်။

ရက်စက်လွန်းသော ဤလူငယ်သည် အနာဂတ်တွင် ဘီလူး တစ်ကောင် ဖြစ်လာ နိုင်ဖွယ် ရှိပြီး၊ အထက်တန်း လွှာတို့၏ အာရုံစိုက်မှုကို ဆွဲဆောင် နိုင်ပေ တော့မည်။

( ဘီလူး= မွန်းစတား = ဒဏ္ဍာရီလာ ထူးဆန်းသော သတ္တဝါ)

လင်းယွန်က ကောင်းကင်သို့ ခုန်တက်ပြီး သခင့်ဓားဖြင့် ကွပ်မျက် လိုက်သော မြင်ကွင်းမှာ၊ လူတိုင်း၏ အမြင် အာရုံ ထဲ၌ ဆန်းသစ် လွန်းပြီး၊ နှစ်ပေါင်းများစွာ မေ့ဖျောက်၍ ရတော့မည် မဟုတ်ပေ။

၎င်းသည် အလွန် အထင်ကြီး စရာ ကောင်းလှပြီး၊ ပြင်ပ တပည့်တိုင်း အတွက် စံထားရာ အရည်အချင်း တစ်ခု ဖြစ်လာ ပေမည်။

သို့သော် လင်းယွန်က ယီလျူယွင်နှင့် ဓားငှက်ကို သတ်ခဲ့သည်အား၊ သူတို့ မယုံကြည် နိုင်ကြ သေးပေ။ ပြသခဲ့သော ဓားနည်းစနစ်၏ စွမ်းအားမှာ၊ လာမည့် ဆယ်စုနှစ်များ အတွင်း မေ့မရ နိုင်သော၊ အရာတစ်ခု ဖြစ်လာ နိုင်သည်။

ရှင်းယန်က ခေါ်ဆောင် သွားခံရသော ဝမ်ယန်ကို ကြည့်သော အခါတွင် မျက်နှာပေါ်၌ စိုးရိမ်မှု အရိပ်အမြွက်များ ထွက်ပေါ် လာသည်။ ဝမ်ယန် ပြောခဲ့သော စကားမှာ သူမနှလုံးသား ထဲသို့တိုင် စူးဝင် လာသော ဆူးတစ်ချောင်း ကဲ့သို့ပင်။

'' အစ်မရှင်းယန် နင်ဘာတွေ တွေးနေတာလဲ"

လင်းယွန်က နဂါးသွေး မြင်းပေါ်မှ ခုန်ဆင်းကာ မေးလိုက်သည်။

" မင်းက သခင့်ဓားကို ရဖို့ ခက်ခဲ ခဲ့ဖူးတယ် ဆိုတာ ငါကြား မိပါတယ်"

ရှင်းယန်က ပြုံးကာ စကားလွဲ ပြန်ဖြေ လိုက်သည်။

ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ပြန်သတိ ရသော အခါတွင် လင်းယွန်၏ ရင်ထဲ၌ တုန်လှုပ် ချောက်ချား သွား၏။

မြေပြင်ပေါ်၌ ဒူးတစ်ဖက် ထောက်လျက်နှင့် ဒွါရ ခွန်နှစ်ပါးမှ သွေးများ စီးကျ လာသော် လည်း၊ သူကို မည်သို့မျှ နားမလည် နိုင်ခဲ့ကြပေ။ ကတိ တစ်ခု ကြောင့်သာ သူပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

" ယီလျူယွင်ကို သတ်ပစ် မယ်လို့ ကတိ ပေး ထားတဲ့ အတွက် ငါ့ကတိကို လိုက်နာ ရုံပါပဲ"

ဟု လင်းယွန်က ရှင်းပြလိုက်၏။

" အကောင်းဆုံး အဆုံးသတ်ပဲ၊ အထက် တန်းစား မဟာမိတ် အဖွဲ့က ငါတို့ကို အချိန် အတော် ကြာအောင် ဖိနှိမ်ထားခဲ့တာ၊ ဒီနေ့တော့ ကြီးမားတဲ့ အရှုံးကို ခံစား စေခဲ့ ရတာပဲ "

ရတနာတောင်ကုန်း မဟာမိတ် အဖွဲ့ဝင် မိုချန်က ဝင်ရောက် ပြောဆို လိုက်သည်။

" ဒါ အမှန်ပဲ... မင်းက ငါတို့ရဲ့ နာကြည်းမှုတွေကို ဖြေရှင်းပေး လိုက်တာပဲ ”

အခြားသော တပည့်များ ကလည်း ဝင်ရောက် ပြောဆိုလာ ကြသည်။ သူတို့ အားလုံးက လင်းယွန်ကို အထင်ကြီး သွားခဲ့ ကြ၏။

လင်းယွန်က ပြုံးရုံသာ တုံ့ပြန် လိုက်ပြီး၊ စကား အများကြီး မပြောခဲ့ပေ။ အသင်္ချေဓား ရင်ပြင်တွင် ရှင်းယန်မှ သူ့အား ကယ်တင်ရန် ရောက်ရှိ လာကတည်းက၊ သူ့အတွက် ကတိတစ်ခုကို ထိန်းရန်သာ ရှိတော့သည်။

ထို့ကြောင့် ကိုယ်ရေး ကိုယ်တာ အကြောင်း ပြချက်ကြောင့် ဖြစ်စေ၊ ရန်ငြိုး တစ်ခုကြောင့် ဖြစ်စေ ယီလျူယွင်ကို သတ်ပစ် ရပေမည်။

“ ရတနာတောင်ကုန်းကို ပြန်သွားပြီး ကောင်းကောင်း အနားယူပါ၊ မင်းရဲ့ ဒဏ်ရာ တွေကို ငါကြည့်ပေးမယ်"

လင်းယွန်မှာ အတွင်း အင်္ဂါ အချို့ အနည်းငယ်စုတ်ပြဲသွားကြောင်း၊ ရှင်းယန်က ပြောနိုင်သည်၊ ယခု အရေးကြီးဆုံးမှာ ထိုဒဏ်ရာ များကို ကုသရန် ဖြစ်၏။

ရတနာ တောင်ကုန်းသို့ ပြန်ရောက် သည်နှင့် လင်းယွန်၏ နှလုံးသား အတွင်းရှိ တင်းမာမှုများ လွင့်စင်သွားကာ၊ ဒဏ်ရာများကို ကုသ ပြီးနောက် အိပ်ပျော် သွားခဲ့သည်။

အထက်တန်းစား မဟာမိတ် အဖွဲ့ဝင် များ၏ ဟန့်တား လာမှုကြောင့်၊ အလိုမကျ မှုများဖြင့် တင်းကျပ် လာမှုများက၊ သခင့်ဓားကို ထုတ်ဖော် လိုက်ချိန်တွင်၊ ရရှိသွားသော ဒဏ်ရာ များနှင့် ပေါင်းစပ် သွားပြီးနောက်၊ ပင်ပန်း နွမ်းနယ် မှုများ ဖုံးလွှမ်းလျက် သုံးရက် တိတိ အိပ်ပျော် သွားခဲ့သည်။

သုံးရက်တာ အတွင်း ဓားနန်းတော်တွင် ကြီးမားသော လှိုင်းလုံးတစ်ခု ရိုက်ခတ် နေခဲ့၏။ ပြင်ပတပည့်အားလုံးနီးပါးက ယီလျူယွင်နှင့် လင်းယွန်၏ တိုက်ပွဲအကြောင်း ပြောဆိုနေ ကြတော့သည်။

၎င်းသည် အလှည့်အပြောင်း များစွာဖြင့် ပြည့်နှက်နေသော တိုက်ပွဲတစ်ခု ဖြစ်၏။ သို့သော် ဤမျှ ကြီးမားသော ရုန်းရင်းဆန်ခတ် မှုများမှာ လင်းယွန်၏ နောက်ဆုံး ဓားချက် ဖြစ်သော 'သခင့်ဓား' နည်းစနစ် ကြောင့်ပင် ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း လူအနည်းငယ် မျှသာ သင်ယူ နိုင်ခဲ့သော တားမြစ် နည်းစနစ် တစ်ခု ဖြစ်ကာ၊ ဤနည်းစနစ်ကို သင်ယူရန် ကြိုးစား သူများသည် ၎င်းကို သင်ယူ မိခြင်းမှ ဆိုးကျိုး များသာ ရရှိ ခဲ့ပေသည်။

သို့သော် ယခု အကြိမ်တွင် တစ်စုံတစ်ဦးသည် ယင်းအား အမှန်တကယ် အသုံးချ နိုင်ခဲ့၏။

သုံးရက် အကြာတွင် လင်းယွန်က ပြန်လည် နိုးထလာကာ လန်းဆန်း သွားသည်။ သူ၏ သွေး ပြန်ကြောများ မှတဆင့် ကြီးထွား လာသော မူလ စွမ်းအင်ကို ဆန်းစစ် ကြည့်မိသော အခါတွင်၊ တိုက်ပွဲမှ အကျိုး ကျေးဇူးများ ခံစား ခဲ့ရခြင်း ဖြစ်မည်ကို နားလည် လိုက်မိသည်။

" ငါ့ အဝတ်အစား... "

သူ့အဝတ်အစားများ ပြောင်းလဲ ထားသည်ကို တွေ့လိုက် ရသဖြင့်၊ အခန်းအား လှည့်ပတ်ကြည့် လိုက်ရာ၊ လီဝူယုကို အိပ်လျက်အနေအထားနှင့်၊ တွေ့လိုက်ရသည်။ သူက “ဝူယု” ဟု လှမ်းခေါ် နှိုးယူ လိုက်သည်။

လီဝူယုက ချက်ချင်း နိုးလာပြီး၊

" အကိုကြီး၊ မင်းနိုးလာပြီလား... "

" ငါ့အဝတ်တွေ မင်း လဲပေးတာလား ... "

" မစိုးရိမ်ပါနဲ့ ငါ ရိုးသား ခဲ့ပါတယ် "

လီဝူယုက ပြုံးကာ ပြန်ဖြေ လိုက်သည်။

" မင်းဘာတွေ လျှောက်ပြော နေတာလဲ "

လင်းယွန်က မျက်မှောင်ကြုတ် လိုက်၏။

" ဟီးဟီး၊ စိတ်မဆိုးနဲ့၊ တကယ်ဆို မင်းရဲ့အဝတ် အစား တွေကို ပြောင်းပေး ခဲ့တာက၊ စီနီယာ အစ်မ ရှင်းယန်ပါ၊ ငါကိုတောင် ထွက်သွားဖို့ သူ တောင်းဆို ခဲ့တယ် …၊ ဘယ်လောက်တောင် မနာလို စရာ ကောင်းလိုက်လဲ …၊ တစ်နေ့မှာ ငါဒဏ်ရာ ရလာရင်၊ ဒီလို ကုသမှုမျိုး၊ ခံယူရ နိုင်လားလို့ တွေးမိတယ်။ ”

ရှင်းယန်၏ စိတ်နေ စိတ်ထားကို အခြေခံ၍ လီဝူယု ပြောသည်မှာ ဖြစ်နိုင်ကြောင်း ခံစား မိသည်။

'' ဝူယု မင်းက နှင်းမုန်တိုင်းကို မေ့သွားပြီ ထင်တယ်...''

စပ်မိစပ်ရာ စကားစမြည် ပြောပြီးနောက်၊ လီဝူယု၏ အမူအရာမှာ လေးနက်လာပြီး၊

"အကိုကြီး၊ ငါတံခါးပိတ် ကျင့်ကြံဖို့ ဆုံးဖြတ် ထားတယ် "

-ဟု ဆိုလိုက်၏။

" ဒီနေ့ နေက အနောက်ကနေ ထွက်လာ တာလား၊ အခု မင်းက ကျင့်ကြံ တော့မယ် ပေါ့လေ၊ အကြိမ်ပေါင်း မရေမတွက် နိုင်အောင် ငါတိုက်တွန်း ခဲ့တယ် မဟုတ်လား။”

လင်းယွန်က အံ့သြစွာ ပြုံးလိုက်သည်။

" ရှန်ရှင်းနယ်မြေမှာ များများ နေနိုင်လေ .. အဆင်ပြေ လေလို့ ငါ့အဘိုးကြီးက ပြောခဲ့ တာပါ၊ ငါ့ရဲ့ 'ကံကြမ္မာ ကြယ်တာရာ' နည်းစနစ်က အခြား နည်းစနစ် တွေနဲ မတူဘူး၊ နက်နဲ နယ်ပယ်ကို ရောက်ပြီးရင် ခုန်ပျံ ကျော်လွှား နိုင်လိမ့်မယ်၊ ဒါကြောင့် ကျင့်ကြံဖို့ အလျင်လို စရာ မလိုပါဘူး …”

လီဝူယုက သက်ပြင်းချ လိုက်ပြီးနောက်၊

“ဒါပေမယ့် စိန်ခေါ်မှု အတွင်းမှာ၊ ရှန်ရှင်း သိုင်းသမား တစ်ယောက် အနေနဲ့၊ ငါလုပ် နိုင်တာ ဘာမှ မရှိဖူး ဆိုတာ၊ သိလိုက် ရတော့ အရမ်းစိတ်ပျက် သွားမိတယ်။ ''

“ စိတ်ပျက် မနေနဲ့၊ မဟာမိတ် နှစ်ဖွဲ့ ကြား တိုက်ပွဲက အခြေခံအားဖြင့် အထက်တန်းလွှာတွေရဲ့ တိုက်ပွဲပဲ၊ နောက်ပြီး မင်းတကယ် တိုက်ခိုက်ရင်၊ စီနီယာအစ်မ ရှင်းယန်က စိတ်ပူလိမ့်မယ်”

" ဒါတော့ အမှန်ပဲ .. ကောင်းပြီ၊ ငါ ကျင့်ကြံဖို့ စိတ်ကူးထားပြီး ပြီမို့၊ နက်နဲ သိုင်းနယ်ပယ်ကို ရောက်ပြီးမှသာ ငါ ထွက်လာ တော့မယ်၊ ငါက လူတိုင်း အတွက် ဝန်ထုတ်ဝန်ပိုး တစ်ခု မဖြစ် ချင်ဘူး ''

လီဝူယုထံမှ ရှားရှားပါးပါး လေးနက်သော အမူအရာများ ရှိနေပေသည်။

" ကောင်းကင်လွင်ပြင်ထဲမှာ ပြသခဲ့တဲ့ 'ကံကြမ္မာ ကြယ်တာရာ' ရဲ့ အလားအလာ အရ၊ နက်နဲ နယ်ပယ်ကို ရောက်ရင်၊ မင်း ဘယ်လောက် အထိ သန်မာလာ မလဲ ဆိုတာ ငါ တကယ် သိချင်တယ် ....၊ မဟာချင် အင်ပါယာမှာ၊ မင်းက အသန်မာဆုံး ဓားသမား ဖြစ်လာမယ့် နေ့ကိုလည်း၊ ကြည့်ချင် မိပါတယ်”

လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။

" ငါကတိ ပေးတယ်၊ ကျင့်ကြံရာ ကနေ ထွက်လာတဲ့ အခါ မင်းကို အံ့အားသင့် စေရမယ် ”

လီဝူယုက စိတ်အား ထက်သန်စွာဖြင့် ကတိပေး လာခဲ့သည်။

" နင်တို့ ဘာတွေ ပြောနေ ကြတာလဲ"

ရုတ်တရက် မွှေးရနံ့များ သင်းပျံ့ နေသော လေနုအေး နှင့်အတူ ရှင်းယန်က ပြုံးလျက် တံခါးဝမှ တိုးဝင်လာ ခဲ့သည်။

သူမကို နေရောင်ခြည် များက အလွှာတစ်ခု သဖွယ်၊ ဖုံးအုပ်ထား သည်ကြောင့်၊ လီဝူယုနှင့် လင်းယွန်က လှည့်ကြည့်ကာ၊ အလှတရား၌ မှင်တက် သွားကြသည်။

“ ငါ အရင် သွားနှင့် လိုက်မယ်၊ မင်းတို့ ပြောနေ ခဲ့ကြပါ "

လီဝူယုက တံတွေး တစ်လုတ် မြိုချလိုက်ပြီး၊ ရှင်းယန်ကို တုံ့ဆိုင်းစွာ ကြည့်လျက် ထထွက် သွား တော့သည်။

“ ဒီကောင်က အရင်အတိုင်းပဲ၊ ဒါပေမယ့် သူက မင်းကို တန်ဖိုးထားတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ၊ လွန်ခဲ့တဲ့ သုံးရက် လုံးလုံး မင်းနဲ့ အတူ ရှိနေခဲ့တယ်”

ဟု ဆိုကာ ရှင်းယန်က ပြုံးလိုက်သည်။

" ငါသိတယ်၊ ဒီအချိန်မှာ သူက တကယ်ကို ကောင်းပါတယ်”

လင်းယွန်က ဆိုသည်။ သူတို့ နှစ်ယောက်မှာ ခရီးတစ်ခု မှအတူ ဓားနန်းတော်သို့ ရောက်ရှိ လာကြပြီး၊ ဘဝ၏ သေခြင်း ဆိုင်ရာ အတွေ့အကြုံ များစွာကို၊ မျှဝေခဲ့ ကြသည်။ သူတို့ နှစ်ယောက်၏ ပတ်သတ်မှုမှာ သူငယ်ချင်း ဆိုသည်ထက် ပို၍ နက်ရှိုင်း ပေသည်။

“ မင်း စိတ် အခြေအနေ ကောင်းနေပုံ ရတယ်၊ အိပ်ရာက ထနိုင်ပြီလား"

“ အင်း ငါ အဆင်ပြေပြီ။ ”

လင်းယွန်က ခေါင်းညိတ်လိုက်သည်။

“ ကောင်းတယ်၊ အကြီးအကဲလျို ....အခု ဝင်လို့ ရပါပြီ"

ရှင်းယန်က တံခါးဝဆီသို့ လှမ်းအော် လိုက်သည်နှင့် အကြီးအကဲ လျိုဖန်းက တောက်ပသော အပြုံးဖြင့် ဝင်ရောက် လာခဲ့သည်။

လင်းယွန်က ချက်ချင်းပင် ထရပ်ကာ၊ အကြီးအကဲ လျိုဖန်းကို ဦးညွှတ် နှုတ်ဆက် လိုက်၏။

လျိုဖန်းသည် ဂိုဏ်းထဲတွင် အဆင့်အတန်း မြင့်မားသော အကြီးအကဲ တစ်ဦး ဖြစ်သော ကြောင့် သဘာဝ အားဖြင့် ယဉ်ကျေးရ ပေမည်။

လျိုဖန်းက အသိအမှတ် ပြုလိုက်ပြီး၊

" မင်း ဒီလောက် ယဉ်ကျေး နေဖို့ မလိုပါဘူး၊ ငါက တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားချက် အောက်မှာပဲ ရှိနေရတာပါ၊ မင်းကို တွေ့ချင် နေတဲ့ သူတစ်ယောက် ရှိတယ်၊ ဒါကြောင့် မင်းရဲ့ ဒဏ်ရာတွေက အဆင်ပြေရဲ့ လားလို့ ရှင်းယန်ကို အရင် လာကြည့် ခိုင်းရတာ "

"ဘယ်သူက ငါ့ကို တွေ့ချင် တာလဲ အကြီးအကဲလျို ''

လင်းယွန်က သံသယစိတ်ဖြင့် မေးလိုက် သည်။

“ မေး မနေနဲ့ .. အကြီးအကဲ လျိုက အဲဒီ အကြောင်းကို ငါ့တောင် မပြောဘူး၊ အရေး ကြီးတဲ့ လူ တစ်ယောက်ပဲ ဖြစ်ရမယ် ”

ဟု ဆိုကာ၊ ရှင်းယန်က ကြေနပ်စွာ ပြုံးရယ် လိုက်လေသည်။

“ ဒီလောက်လည်း အလျင်လို စရာ မလိုပါဘူး၊ ပထမဆုံး သတင်းကောင်းလေး တစ်ခု ပြောပြ ပါရစေ၊ ဝမ်ယန်က အပြစ် ဒဏ်ကြောင့် ခြေလက်တွေ ကျိုးသွားပြီ။ ”

လျိုဖန်းက သူ့လက်ကို ဝှေ့ယမ်းပြီး ထူးထူး ခြားခြား ပြုံးလိုက်၏။ လင်းယွန်၏ မျက်နှာမှာ တည်ငြိမ်မှုများ ပြန်လည် ရရှိလာ ခဲ့သည်။

“ ဒါက ပြင်းထန်တဲ့ ပြစ်ဒဏ် တစ်ခုပါ၊ ဒါပေမယ့် ဝမ်မျိုးနွယ်စုရဲ့ အခြေခံ အုတ်မြစ် အရ၊ ဒီအပြစ် ဒဏ်က မပြောပ လောက်ပါဘူး၊ ဘာပဲ ဖြစ်ဖြစ် လအနည်းငယ် လောက်တော့ အိပ်ရာထဲမှာ သူ လှဲလျောင်း နေရ လိမ့်မယ် ”

လျိုဖန်းက သက်ပြင်းချကာ၊

“တကယ်တော့၊ ငါတို့က သူ့ကို တကယ် အပြစ် မပေးနိုင် သေးပါဘူး၊ ဒါက သူ့အတွက် သင်ခန်းစာ လေးပါပဲ၊ အနည်းဆုံးတော့ ဂိုဏ်းထဲမှာ မင်းကို ဖိနှိပ်ဖို့ မဝံ့ရဲ တော့ ရုံပါ၊ သိပ်တော့လည်း အရေး မကြီးပါဘူး၊ ဒါက ငါတို့ရဲ့ ရပ်တည်ချက်ကို ပြသဖို့ သက်သက်ပါပဲ၊ မင်းနဲ့ ပတ်သတ်ရင် ပြန်စဉ်းစားဖို့ ဝမ်မျိုးနွယ်စုကို သတိပေး လိုက်တာပဲ ”

၎င်းနောက်ကွယ်ရှိ အဓိပ္ပါယ်ကို လင်းယွန်က နားမလည် နိုင်ခဲ့ပေ။ သူသိ သည်မှာ၊ ဝမ် မျိုးနွယ်က သူ့ကို သတ်ချင် ခဲ့သည်။

အကြောင်း ရင်းမှာ ဝမ်နင် အတွက် လက်စားချေ လိုခြင်းပင် ဖြစ်၏။ ဝမ်ယန် မရှိခဲ့ လျှင်ပင် တခြားသော တစ်စုံ တစ်ယောက်ကို စေလွှတ်လာ နိုင်ပေမည်။

ဝမ်မျိုးနွယ် စုတွင် ကျွမ်းကျင် ပညာရှင် များစွာဖြင့် ပြည့်နှက် နေပြီး၊ အကယ်၍ သူသာ ဓားနန်းတော်မှ ထွက်သွား ပါက၊ သူ့ကို သတ်ရန် အခွင့် အလမ်းကို သေချာပေါက် ရှာတွေ့ နိုင်မည် ဖြစ်သည်။

သို့သော် ဓားနန်းတော်သည် ဝမ်မျိုးနွယ်စုကို သူ့ကိုယ်စား ခြိမ်းခြောက် ပေးခဲ့ သောကြောင့် ယခုအချိန်တွင်၊ သူ အနည်းငယ် လုံခြုံသွား နိုင်ပေမည်။

" ငါနဲ့ အတူ လိုက်ခဲ့ပါ။ "

လျိုဖန်းနှင့် လင်းယွန်သည် တောင်ကုန်းပေါင်း များစွာကို ဖြတ်ကျော်ကာ၊ တပည့် များအား ဝင်ရောက်ရန် တားမြစ် ထားသော ခန်းမ များစွာကို ကျော်ဖြတ် လာခဲ့ ကြသည်။

နောက်ဆုံးတွင် မက်မွန်ပင်များ ဖုံးလွှမ်းနေသော ဆန်းကြယ်လွန်းသည့် တောင်ကုန်း တစ်ခု ပေါ်သို့ ရောက်ရှိလာ ပြီးနောက်၊ နှစ်ယောက်သား ရပ်တန့်လိုက် ကြသည်။

တစ်စုံတစ်ယောက်က မက်မွန်တောင်၏ ချောက်ကမ်းပါး အစွန်းတွင် ရပ်နေခဲ့ပြီး၊ ဓားနန်းတော် တစ်ခုလုံးကို အပေါ်စီးမှ ငေးမော နေလေသည်။

" ခေါ်လာ ခဲ့ ပါပြီ "

လျိုဖန်းက ဦးညွှတ်ပြီး၊ လင်းယွန်ကို ထားရစ်ကာ၊ ချက်ချင်း ထွက်ခွာသွား တော့၏။

" ဒီကို လာပါ "

ထိုသူက ညင်သာစွာ လှမ်းခေါ် လိုက်သည်။

လင်းယွန်က ချက်ချင်း လျှောက်သွားပြီး၊ အနားသို့ ရောက်သည်နှင့် လှည့်ကြည့် လာသော မျက်နှာ တစ်ခုကြောင့် အနည်းငယ် အံအားသင့် သွားသည်။

လျိုဖန်းထက် ငယ်ရွယ်သော လူရွယ် တစ်ယောက် ဖြစ်ပြီး၊ ရိုးရှင်း ထည်ဝါသော အရှိန် အဝါကို ပိုင်ဆိုင်ထား ခဲ့လေသည်။

ထိုလူရွယ်က လင်းယွန်အား နွေးထွေးစွာ ပြုံးပြ လာ၏။

ထိုသူ၏ အပြုံးကြောင့် လင်းယွန်က တစ်စုံ တစ်ရာ သတိရ သွားဟန်ဖြင့် တုန်လှုပ်သွား ခဲ့တော့သည်။

'' မင်း.... မင်းက သိုင်းခန်းမက သင်းထောက်ပဲ၊ 'သခင့်ဓား'ကို ယူဖို့ အကြံပေး ခဲ့တဲ့ အဲဒီ တစ်ယောက် "

***

All Chapters