လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း။
Vol. 17 Ch. 237
လူလတ်ပိုင်း အရွယ် အမျိုးသားမှာ သိုင်းခန်းမတွင် သခင့်ဓားကို ပြသခဲ့သော သင်းထောက် ဖြစ်လေသည်။
လျိုဖန်းပင် လေးစားရသော လူတစ်ယောက်သည် ဓားနန်းတော်၏ အစစ်အမှန် သင်းထောက်တစ်ဦး ဖြစ်မည် မဟုတ်နိုင်ပေ။
"မင်း ငါ့ကို မှတ်မိနေပုံပဲ"
လူလတ်ပိုင်း အရွယ် အမျိုးသားက ပြုံးကာ မေးလိုက်၏။
" ခဏလေး အတွင်းမှာ ဘယ်လုပ်လုပ် မေ့နိုင်မှာလဲ "
လင်းယွန်က ပြန်ဖြေ လိုက်ပြီး၊ အချို့သော အရာများကို ဆက်စပ် ကြည့်မိ သွားသည်။ သိုင်းခန်းမ အကြီးအကဲက သူ့ကို မြင်လိုက် သည်နှင့် ပထမဆုံး မေးခွန်းမှာ ' သခင့်ဓားကို ဘယ်သူ ပေးတာလဲ' ဟူ၍ ဖြစ်သည်။
ထိုမေးခွန်းကို ယင်း အချိန်၌ ဂရုမစိုက် နိုင်ခဲ့ပဲ ယခု ပြန်တွေး ကြည့်မိရာ၊ သခင့်ဓားမှာ တတိယ အဆင့် လျှို့ဝှက် နေရာ၌သာ ရှိနေ သင့်ပေမည်။
" ငါ မင်းရဲ့ နာမည်ကို မေးခွင့် ရှိမလား "
လင်းယွန်က သတိကြီး ကြီးဖြင့် မေးလိုက် သည်။
“ ငါ့နာမည်ကို မသုံးဖြစ် တာတောင် အတော် ကြာပါပြီ၊ မင်းငါ့ကို မက်မွန်သီးလေးလို့ ခေါ်နိုင် ပါတယ် "
လူလတ်ပိုင်း အရွယ် အမျိုးသားက မပြုံးခင် ခဏရပ်ပြီး၊
“မင်း ငါ့အကြောင်းတော့ ကြားဖူး ထားမယ် ထင်တယ် …”
လင်းယွန်က ချက်ချင်း ဆိုသလိုပင် လျှပ်စီးဖြင့် အရိုက်ခံ လိုက်ရ သကဲ့သို့ ခံစားလိုက် ရသည်။
နန်းတော် သခင် အောက်တွင် ကာကွယ်သူ လေးယောက် ရှိကာ၊ ၎င်းတို့မှာ မက်မွန်၊ သစ်ခွ၊ ဝါးနှင့် ဂန္ဓမာတို့ ဖြစ်ပြီး၊ ထိုလေးဦးသည် ဓားနန်းတော်တွင် ဒုတိယ အာဏာကို ပိုင်စိုး ထားသော သူများဖြစ်သည်။
သို့သော် နန်းတော် သခင်မှာ သူ့ကိုယ်သူ ထုတ်ဖော် ပြသခဲ သည်မို့၊ ကာကွယ်သူ လေးယောက် သည်သာ ဂိုဏ်းကို လက်တွေ့ ကျကျ စီမံခန့်ခွဲ ခဲ့ကြသည်။ လျိုဖန်း၏ လေးစား ပုံအရ ဤလူသည် ကာကွယ်သူ မက်မွန် ဖြစ်ရပေမည်။
၎င်းသည် လင်းယွန်ကို ပို၍ပင် သိချင်လာစေ၏။ အဆင့်အတန်း အရ ကြီးမားသော ကွာခြားချက် တစ်ခု ဖြစ်သဖြင့် သူ့ကို ခေါ်တွေ့ရသည့် အကြောင်း အရင်းအား စိတ်ဝင်စား လာစေခဲ့သည်။
ဂိုဏ်းတွင် သူ့ထက် ပါရမီ ကြီးရင့်သော စီနီယာ တပည့်ပေါင်း များစွာ ရှိပေသည်။ ကောင်းကင် အဆင့် တပည့် ဆယ်ယောက် အပြင် ဘိုင်လိရွှမ် ကဲ့သို့သော ဘီလူးများကိုပင် ပိုင်ဆိုင် ထားလေသည်။
" မင်းကို သခင့်ဓား ဘာလို့ ပေးခဲ့တာလဲ သိချင်နေတယ် မဟုတ်လား။ "
လင်းယွန်က ပြန်မဖြေ နိုင်ခင်မှာပင် ကာကွယ်သူ မက်မွန်သီးလေးက ဆက်ပြော လာခဲ့သည်။
" ဓားသင်္ချိုင်း တောအုပ်ထဲမှာ၊ မင်းရဲ့ ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် နိုင်လိုက် ကတည်းက၊ အဲဒါကို သင်ယူ နိုင်မယ် ဆိုတာ ငါ သိထားတယ်၊ ဂိုဏ်းမှာ ပါရမီရှင်တွေ ကင်းမဲ့ နေတာကြောင့် လူအနည်းငယ် လောက်ကသာ သခင့်ဓားကို သင်ယူ နိုင်တယ် ....''
'' ဘာလို့လဲ ဆိုတော့ ဘဝနဲ့ သေခြင်းဆိုင်ရာ အခြေအနေ တွေမှာ၊ သူတို့ရဲ့ ဓားကို မဆုပ်ကိုင် ထားနိုင် လို့ပဲ၊ ဒါကြောင့် အများစုက ဓားရဲ့ 'အစွယ်' အစစ်ကို နားမလည် နိုင်ကြသေးဘူး၊ ဒါကို မသိရင် ဓားရဲ့ စိုးမိုးနိုင်မှုကို ဘယ်လို ထိန်းချုပ်နိုင် မှာလဲ။ "
သူက လင်းယွန်ကို လှည့်ကြည့် လိုက်ပြီး၊
" ငါမင်းကို မလိမ်ခဲ့ဖူး ဟုတ်တယ် မလား၊ ဒါက ဓားတစ်လက်ပဲ ဆိုတာ...''
" ဟုတ်ပါတယ်၊ တကယ် ဓားတစ်လက် ထဲပါပဲ ....''
လင်းယွန်က ခေါင်းညိတ် ဝန်ခံ လိုက်သည်။
" ပြန်တော့ ....."
ရုတ်တရက် ကာကွယ်သူ မက်မွန်သီးလေးက သူ့ကို ကျေနပ် သွားဟန်ဖြင့် စိုက်ကြည့် လိုက်ပြီးနောက်၊ နှင်ထုတ် လာသည်ကြောင့်၊ လင်းယွန်မှာ အံသြသွားသည်။
“ မင်းကို ခေါ်တွေ့ ရတာက ငါရဲ့ သဘော ထားကို ပြသ တာပါ၊ နောက်ကွယ်က အဓိပ္ပါယ်ကို မင်း အလေးထား နိုင်တယ်၊ ဂိုဏ်းက တရား မျှတ ပါတယ်၊ ဝမ်ယန်က မင်းကို အဆုံး စွန်ထိ တွန်းပို့ ခဲ့တဲ့ အတွက်၊ ဝမ်နင် ဒါမှမဟုတ် ဘယ်သူ့ကို မဆို သတ်ပစ် နိုင်ပါတယ် ...''
'' ဝမ်ယန် ကိုယ်တိုင်လည်း ခြေလက်တွေ ကျိုးသွားတဲ့ အထိ အပြစ်ပေး ခံရတယ်၊ လူတော်တော် များများက မတရား ဖူးလို့ ထင်ကောင်း ထင်နိုင် ပေမယ့်၊ ... ”
“ ... ဘယ်နှစ်ယောက် ကများ အဲဒါကို သူတို့ရဲ့ ခွန်အား အဖြစ် ပြောင်းလဲ နိုင်ခဲ့လဲ၊ ဂိုဏ်းက ဝမ်ယန်နဲ့ အတူ သူရဲဘော ကြောင်တဲ့ သူတွေကို မလိုချင် သလို၊ အားနည်းတဲ့ သူတွေ ကိုလည်း သနားနေမှာ မဟုတ်ပါဘူး”
ဟု ကာကွယ်သူ မက်မွန်သီးလေးမှ ပြောကြား လာခဲ့သည်။
“ နားလည်ပါပြီ”
ဟု ပြန်ဖြေလိုက်ကာ အလေး အနက်ထား တွေးတော မိသွား၏။
ကာကွယ်သူ မက်မွန်က တွေ့ချင်သည့် အကြောင်း အရင်းမှာ၊ ဓားနန်းတော် အနေဖြင့်၊ လင်းယွန်ကို အလွန် တန်ဖိုး ထားကြောင်း ထုတ်ဖော် ပြသ ခြင်းသာ ဖြစ်သည်။ သူ့ကို အပြစ်ပြု လိုလျှင် နောက်တစ်ကြိမ် ပြန်စဉ်းစားဖို့ လိုပေမည်။
“ ပြတ်သားပြီး သစ္စာရှိတဲ့ သူတွေကို ဓားနန်းတော်က သဘောကျတယ်၊ ငါ မင်းကို ပုဂ္ဂိုလ်ရေး အရ ချီးကျူးပြီး ပြီဆိုတော့၊ မင်းသာ သခင့်ဓားကို ပိုကျွမ်းကျင်အောင် လုပ်နိုင်လာရင် မင်းအတွက် အံ့အားသင့် စရာတွေ ရှိလာ မှာပါ ”
“ အခု လောလောဆယ်တော့ မင်းကို ငါပေး နိုင်တာ ဘာမှ မရှိဘူး၊ ကောင်းမွန်စွာ ကျင့်ကြံပါ၊ ကျင့်ကြံမှု လမ်းမမှာ ကိုယ့်ကိုယ် ကိုသာ အားကိုး ရမယ်။ ”
" စီနီယာရဲ့ သင်ကြားမှု အတွက် ကျေးဇူး တင်ပါတယ် "
ကာကွယ်သူ မက်မွန်သီးလေးကို ကျေးဇူးတင် စကားဆို လိုက်သည်။ သိုင်းခန်းမတွင် သခင့်ဓားကို ပေးအပ်ခြင်းဖြင့် သူ့ကို များစွာ ကူညီခဲ့ပြီး ဖြစ်သည်။
" မင်း အခု ထွက်သွားလို့ ရပြီ "
" ဟုတ်ကဲ့ .... "
လင်းယွန်က အပြုံး တစ်ပွင့်ဖြင့် ပြန်လည် ထွက်ခွာ သွားသည်။ ယနေ့မှ စပြီး မဟာချင် အင်ပါယာတွင် ကောင်းမွန်စွာ ခြေချ နိုင်တော့မည် ဖြစ်ကြောင်း သူ သိသည်။
လင်းယွန် ထွက်သွားပြီး သိပ်မကြာခင် မှာပင်၊ ကာကွယ်သူ မက်မွန်သီးလေး ဘေးတွင် အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ထွက်ပေါ်လာ လေသည်။
" အစ်ကိုကြီး မက်မွန်၊ သူက မင်းငယ်ငယ် တုန်းကနဲ့ တကယ်တူတယ်။ "
အမျိုးသမီးက သက်ပြင်းချ လိုက်ပြီး လင်းယွန်ကို ကြည့်လိုက်သည်။
" သူ့အသက်အရွယ်နဲ့ မလိုက်အောင်ဘဲ၊ သစ္စာ တရားကို တန်ဖိုးထား နိုင်တယ်၊ ... ဒါပေမယ့် သူ့ သဘော ထားက နည်းနည်းတော့ ပျော့ပြောင်း နေ သလိုပဲ "
“ အစ်ကိုကြီး၊ မင်းရဲ့ ဆန္ဒ တွေကို ပြီးအောင် လုပ်ဖို့ ကြိုးစား နေတာလား၊ ဒါက များလွန်း တယ်လို့ မထင်ဖူးလား ..."
ကာကွယ်သူ မက်မွန်သီး လေးက သက်ပြင်းချ လိုက်ပြီး၊
“ တကယ်ပဲ နည်းနည်းတော့ ဝေးပါ သေးတယ်၊ ဒါပေမယ့် မျှော်လင့်ချက်တော့ ရှိတယ် မဟုတ်လား၊ ဘာပဲ ဖြစ်ဖြစ်၊ သူ့ကို ထိန်းကျောင်း ပေးဖို့ ဓားနန်းတော် အနေနဲ့ ထိုက်တန်ပါတယ်။ ”
လင်းယွန်က ထွက်ခွာလာ ပြီးနောက် ရတနာတောင်ကုန်းသို့ မပြန်တော့ပဲ၊ သိုင်းခန်းမ ဆီသို့ ဦးတည် သွားခဲ့သည်။
ယခင် အချိန်၌ အလျင်လို နေခဲ့သည် ဖြစ်ရာ ဓားပညာရပ် တစ်ခုကိုသာ ရွေးချယ် ခဲ့ရသည်။
ယခုတွင်မူ ယီလျူယွင်ကို သတ်ပြစ် နိုင်ပြီး နောက်၊ စနစ် ကျစွာ ကျင့်ကြံ ရမည့် အချိန် ဖြစ်ပေသည်။
သူ့၌ ဓားနှင့် လက်နက်မဲ့ နည်းစနစ် ရှိပြီးသား ဖြစ်ကာ၊ ရွေ့လျားမှုနှင့် ခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်မှာမူ အားနည်းနေ ခဲ့ပေသည်။
သင့်တင့် လျောက်ပတ်သော ခန္ဓာကိုယ် သန့်စင်မှု နည်းစနစ်ကို ရှာတွေ့ရန်၊ မလွယ်ကူ လှသော်လည်း ရွေ့လျားမှု နည်းစနစ်မှာမူ အရေးတကြီး လိုအပ်နေခဲ့သည်။
ငန်းရိုင်းပျံသန်းခြင်း နည်းစနစ်သည် သူ့အတွက် အသုံးမဝင် တော့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
မိုးကြိုးလျှပ်စီး ခန္ဓာကိုယ် မှာမူ နက်နဲ ဘုံ၌ အားကောင်းသော နည်းစနစ် တစ်ခု မဟုတ်တော့ သော်လည်း အနည်းငယ် အသုံးဝင် နေပေ သေးသည်။
" လင်းယွန် ..... "
သိုင်းခန်းမ ထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူ့ကို လူအများက အသိအမှတ် ပြုလာ ကြသည်။
" သုံးရက်အတွင်း ပြန်ကောင်း လာတာလား၊ ဝမ်ယန်က ဒီတစ်ကြိမ်တော့ အပြင်းအထန် ခံစား လိုက်ရ တာပဲ၊ သူ့ခြေ လက်တွေ ကျိုးသွား တာကြောင့်၊ လ အနည်း ငယ်လောက် အိပ်ရာထဲ မှာပဲ နေရ မယ်လို့ ကြားမိတယ်။ ”
"ဓားနန်းတော်က လင်းယွန်ကို အရမ်း တန်ဖိုးထားတယ်၊ ဒါကြောင့် ဝမ်ယန်က ခံစား ခဲ့ရတာ သဘာဝပါပဲ။"
" သူက ဟိတ်ဟန် မရှိတဲ့ ဘီလူး တစ်ကောင် ပါပဲ "
“ မင်းမှာ အရည်အချင်းနဲ့ ခွန်အားတွေ ရှိရင် ဂိုဏ်းက တန်ဖိုးထား လိမ့်မယ်၊ ဝမ်ယန်လို လူမျိုး တစ်ယောက်တောင် ဒုက္ခရောက် နိုင်တယ် မဟုတ်လား ”
လင်းယွန်ကို လေးစားစွာဖြင့် လူအများက အချင်းချင်း တီးတိုး ပြောဆိုနေ ကြသည်။ အောက်ခြေရှိ တပည့် များစွာတို့သည် လင်းယွန်အား မျှော်လင့်ချက် မီးရှူးတန်ဆောင် အဖြစ် ရှုမြင် လာ၏။
ဓားကို ဆွဲကာ ဓားနန်းတော်၌ သူ့ နာမည်ကို တည်ဆောက် ယူနိုင် ခဲ့သည်။
လင်းယွန်က တတိယ အထပ်သို့ လျင်မြန်စွာ တက်ရောက် လာသည်။ ဤတစ်ကြိမ်တွင် သူ၌ ပြတ်သားသော ရည်ရွယ်ချက် တစ်ခုဖြင့် ကျောက်စိမ်း တုံးများကို ကြည့်ရှု ခဲ့သည်။ ၎င်းမှာ သူ၏ ခွန်အားကို၊ များစွာ မြှင့်တင်ရန် ဖြစ်သည်။
“ နဂါး-နဂါးလက်သီးနဲ့ လိုက်ဖက်တဲ့ နည်းစနစ်ကို ငါရှာရမယ်၊ အပြောင်း အလဲ များတဲ့ နည်းစနစ်မျိုကို မလိုအပ်ဘူး၊ မြန်မြန် ဆန်ဆန်နဲ့ တိုက်ခိုက်ရေးမှာ အထောက်အပံ့ ရမဲ့ ရွေ့လျားမှု နည်းစနစ် မျိုးပဲ "
လိုအပ်ချက် တစ်ခုကို သတ်မှတ်ထား ပြီးနောက် လျင်မြန်စွာ ရှာဖွေနေခဲ့သည်။
[ အဆင့်မြင့် နက်နဲ နည်းစနစ်၊ တိမ်မီးလျှံ ခြေလှမ်းများ....၊ ကျင့်ကြံသူသည် မီးလျှံ တစ်စ ကဲ့သို့ တိမ်များကို ဖြတ်ကာ ပျံသန်း နိုင်ပေလိမ့်မည်။ ... ]
“ ဒါပဲ ... ။ ”
လင်းယွန်က မဆိုင်း မတွပင်၊ ပထမ အထပ်သို့ ပြန်ဆင်း လာခဲ့သည်။ ကျောက်စိမ်း အမှတ် အသားကို အကြီးအကဲထံ လေးလေး စားစား လွှဲအပ် လိုက်ပြီး၊
“ ဆရာကြီး၊ ငါ 'တိမ်မီးလျှံ ခြေလှမ်းများ' ကို လိုချင် ပါတယ်”
ဤအကြီး အကဲကို လင်းယွန်က လေးစား ပေသည်။ အကြီးအကဲက ကျောက်စိမ်းပြားကို တည်ငြိမ်စွာ စိုက်ကြည့် နေခဲ့ ပြီးနောက်၊ စိတ်မသက် မသာ ဟန်ဖြင့် ငြိမ်သက် သွားသည်။
တိတ်ဆိတ်မှုမှာ အချိန်အတော် ကြာသွားခဲ့ ပြီးမှသာ၊
"မင်း သခင့်ဓားကို တကယ် သင်ယူနိုင် ပြီလား" -ဟု မေးယူ လိုက်၏။
“ အဲဒါက ဖရိုဖရဲ ဆန်တဲ့ ဓား တစ်လက်ပါ လှုပ်ရှားမှု တစ်ခုလို လွှဲယူလို့ မရဘူး။ ”
လင်းယွန် ခေါင်းညိတ်ကာ သူနားလည် ထားသလို ရှင်းပြ လိုက်၏။
“ သူရဲကောင်း ဆိုတာ လူငယ်တွေ ထဲက လာတာပဲ၊ ငါ မင်းကို ဖျက်ဆီး လုနီးပါး ပါပဲ။ "
အကြီးအကဲက သက်ပြင်းချကာ တိုးဖွဖွ ရေရွတ် လိုက်သည်။
“ ဆရာကြီး၊ ကျေးဇူးပြုပြီး အပြစ်တင် မနေပါနဲ့ ”
'' တိမ်မီးလျှံ ခြေလှမ်းများ ဆိုတာက ကျား- နဂါး လက်သီးနဲ့ လိုက်ဖက် ပေမယ့်၊ ဒါက အဆင့်မြင့် နက်နဲ နည်းစနစ်လေး တစ်ခု သာပဲ မဟုတ်လား ''
'' နောက်ထပ် နည်းစနစ် တစ်ခုကို ပေးပါရစေ၊ မင်းအတွက် ငါ့ရဲ့ လျော်ကြေးလို့ သတ်မှတ် ရအောင် "
အကြီးအကဲက လင်းယွန်ကို နောက်ထပ် သင်္ကေတ တစ်ခု ကမ်းပေး လိုက်သည်။
လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း၊ အထွတ် အထိပ် နက်နဲ သိုင်းနည်းစနစ်။
[ ရှေးဦး ခေတ်တွင် လူသားတို့သည် ကောင်းကင်ရှိ နေမင်းကြီးကို မော့ကြည့်ကာ၊ ရွှေကျီးကန်း များကဲ့သို့ ပျံသန်း နိုင်သော 'မြင့်မြတ်သော နေနတ် ဘုရားအား ဖမ်းဆီးခြင်း' ပညာရပ်ကို ဖန်တီးခဲ့ ကြသည်။ ]
[ သို့သော် ဤပညာရပ်သည် နောက်ဆုံးတွင် ပျောက်ဆုံး သွားပြီး၊ အားနည်း ချို့တဲ့ လာကာ၊ နောက်ပိုင်း မျိုးဆက် များက မပြည့်စုံ တော့သည့် 'မြင့်မြတ်သော နေနတ် ဘုရားအား ဖမ်းဆီးခြင်း' ပညာရပ်ကို အခြေခံ၍ ရွေ့လျားမှု နည်းစနစ် များစွာကို ဖန်တီးခဲ့ ကြသည်။
'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' သည် ၎င်းနည်း စနစ်များ အတွင်းမှ တစ်ခု ဖြစ်၏။ ]
'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ဖတ်ကြည့် ပြီးနောက်၊ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ ၎င်းသည် အထွတ်အထိပ် နက်နဲ သိုင်းနည်းစနစ် တစ်ခု ပေပင်။
စတုတ္ထ အထပ်၌သာ ရယူနိုင်သော နည်းစနစ် တစ်ခု ဖြစ်ပေသည်။ သူ့ဂိုဏ်းသား တံဆိပ်ပြားသည် တတိယ အဆင့်၌သာ ရှိနေသေး သည်မို့ ပုံမှန် အခြေအနေ များအရ သည်နည်း စနစ်ကို ရရှိဖို့ရန် မဖြစ်နိုင်ပေ။
'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း'သည် ကျင့်ကြံရန် အလွန် ခက်ခဲ လှပြီး အဆင့်မြင့် ကျွမ်းကျင်မှုကို ဆုပ်ကိုင် နိုင်ရန်ပင် မလွယ် ကူပေ။
၎င်းသည် အထွတ် အထိပ် နက်နဲနည်းစနစ် တစ်ခု ဖြစ်သော်လည်း၊ ပဉ္စမ အထပ်ရှိ အခြားသော ဝိညာဉ်အဆင့် သိုင်းနည်းစနစ် များကို နှိုင်းယှဉ် နိုင်ပေမည်။
အကြီးအကဲ၏ ရှင်းပြချက်ကြောင့်၊ လင်းယွန်၏ မျက်ခုံးများ လှုပ်ယမ်း သွားသည်။
သိုင်းခန်းမ၏ ပဉ္စမ အဆင့်သည် သူ၏ မျှော်လင့်ချက် များကို လုံးဝ ကျော်လွန်သွား ခဲ့သည်။
'' ဆရာကြီး၊ ဒါက …”
“ အဲဒါကို စိတ်မပူပါနဲ့၊ မင်းက သခင့်ဓားကို သင်ယူ နိုင်ခဲ့တဲ့ ဘီလူးလေး တစ်ကောင် ဖြစ်တာမို့၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' နဲ့ ထိုက်တန် ပါတယ်၊ ... ”
“ ... မင်းကို သွေးယို စိမ့်တဲ့ အထိ၊ ဖိအား ပေးမိတဲ့ အတွက် တောင်းပန် ပါတယ်၊ သန်မာတဲ့ ခန္ဓာကိုယ် ကြောင့်သာ မဟုတ်ရင်၊ အိပ်ယာပေါ်မှာ မင်းတစ်ယောက်တည်း တစ်လလောက် လှဲလျောင်း နေရ လိမ့်မယ်။ ”
-ဟု အကြီးအကဲက ဆို၏။
"ကျေးဇူးတင် ပါတယ် ဆရာကြီး "
လင်းယွန်က ကျေးဇူးတင် စကားအား၊ အလေး အနက် ဆိုလိုက် လေသည်။
***