← Chapters

ကြောက်ရွံ့ခြင်း မရှိ။

Vol. 17 Ch. 238

ကြောက်ရွံ့ခြင်း မရှိ။

Vol. 17 Ch. 238

အကြီးအကဲက သူ့အသံကို ဖုံးကွယ် ထားရန် စိတ်မ၀င် စားသည်ကြောင့် သိုင်းခန်းမရှိ လူတိုင်း ရှင်းရှင်း လင်းလင်း ကြားလိုက် ရသည်။

သူတို့ အားလုံးက ဝန်တိုသော မျက်နှာများဖြင့် ကျောက်စိမ်း တံဆိပ်ကို သိမ်းဆည်းလိုက်သော လင်းယွန်အား ကြည့်လိုက် ကြသည်။

မျက်လုံးအိမ်များ ပေါက်ထွက် လုနီးပါး လောဘရောင်များ ထွက်နေသော လူအချို့ပင် ရှိနေပေ သေးသည်။

“လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း၊ အဲဒါက ပဉ္စမ အထပ်က နည်းစနစ် မဟုတ်လား၊ နက်နဲ တတိယ အဆင့်ထက် နိမ့်ကျတဲ့ တပည့်များ အတွက် သင့်လျော်မှာ မဟုတ်ဘူး ”

"နက်နဲ သိုင်းနယ်ပယ်ရဲ့ တတိယ အဆင့်ကို ကျော်ဖြတ် နိုင်တာတောင် လေ့ကျင့် နိုင်မှာ မဟုတ် ပါဘူး။ "

" ဒီ နည်းစနစ်က 'မြင့်မြတ်သော နေနတ်ဘုရား ကို ဖမ်းဆီးခြင်း' ကနေ ဆင်းသက် လာတယ်လို့ ငါ ကြားမိတယ်။ "

" နေနတ်ဘုရားကို ဖမ်းဆီးခြင်း ဆိုတာ ရွှေကျီးကန်း ကဲ့သို့ ပျံသန်း နိုင်ခြင်းလို့ အဓိပ္ပါယ် ရတယ်၊ အမြင့်ဆုံး အဆင့်ကို ရောက်တဲ့ အခါ ရွှေကျီးကန်းရဲ့ အရှိန်အဝါ ကိုတောင် ထုတ်ဖော် နိုင်လိမ့်မယ်၊ ဒါအမှန် ဖြစ်နိုင် မလား …”

“ ဒီလှုပ်ရှားမှု နည်းစနစ်က နားလည် နိုင်စွမ်းနဲ့ မူလ စွမ်းအင် သိပ်သည်းဖို့ လိုအပ်ချက် တစ်ခု ရှိတယ်၊ သာမာန် လူတွေက သင်ယူလို့ မရဘူး။”

တပည့်ပေါင်း များစွာ၏ ဝေဖန်သံ များကိုလျစ်လျူရှု လိုက်ကာ၊ လင်းယွန်က ကျေနပ်စွာဖြင့် သိုင်းခန်းမ ထဲမှ ထွက်ခွာ သွားလေသည်။ အကြီးအကဲ စကားမှာ မှန်ပေ၏။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' သည် 'တိမ်မီးလျှံ ခြေလှမ်းများ' နှင့် ဆင်တူ သော်လည်း၊ နှိုင်းယှဉ် ရပါက 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' မှာ သာ၍ ကောင်းပေသည်။

၎င်းကို အသုံးပြု ခြင်းဖြင့်၊ နဂါး-ကျား လက်သီးနှင့် ကောင်းစွာ လိုက်ဖက်သော ရွေ့လျားမှု နည်းစနစ်ကို ရရှိ နိုင်ပေမည်။

တစ်ချိန်တည်း မှာပင်၊ အိုင်းရစ်ဓား သုတ္တန်နှင့် 'ရှေးဦးကျမ်း' ကို ကျင့်ကြံခဲ့ သဖြင့် သူ၏ မူလ စွမ်းအင်မှာ အဆင့်တူ အတွင်း များစွာ အားကောင်း လာနိုင် လေသည်။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ဖြင့် သူ၏ ခွန်အား (၃၀%) ပို၍ တိုးလာ ပေမည်။

'' ငါ့ရန်သူတွေကို ထိအောင် မထိုး နိုင်ရင် ကျား-နဂါး လက်သီးက အသုံး မဝင်ဘူး၊ ဒါပေမယ့် ရွေ့လျားမှု နည်းစနစ်နဲ့ ပေါင်းစပ် ပြီးရင်၊ နက်နဲ စတုတ္ထ အဆင့်က သူတွေတောင် ငါ့ကို သတိထား ရလိမ့်မယ်။ ''

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' အတွက် ပျော်ရွှင်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။

သူ့အား ပို၍ စိတ်ကျေနပ် စေခဲ့သည်မှာ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' တွင်၊ ခရမ်းရောင် နန်းတော် နယ်ပယ် အတွက် အသုံးဝင်သော ပုံစံများ ပါရှိ လေသည်။

ဆိုလိုသည်မှာ ခရမ်းရောင် နန်းတော် နယ်ပယ်သို့ ရောက်ရှိ ပြီးနောက်၊ ဤရွေ့လျားမှု နည်းစနစ်ကို ဆက်လက် အသုံးပြု နိုင်မည်ဟု ဆိုလို၏။

သို့သော် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ကျင့်ကြံရန် လွယ်ကူမည် မဟုတ်ပေ။ ခက်ခဲမှုသည် 'သခင့်ဓား'ထက် ပို၍ လွယ်ကူမည် မဟုတ်ကြောင်း အကြီးအကဲက ပြောပြ ထားခဲ့သည်။

၎င်းသည် စိတ်ဝင်စား စရာ ဖြစ်လာ ခဲ့ပြီး၊ လင်းယွန်၏ တိုက်ပွဲဝင် စိတ်ကို မြှင့်တင်ပေး နိုင်ခဲ့၏။

ရတနာ တောင်ကုန်းကို ပြန်လာ နေစဉ်၊ လမ်းခရီး တစ်နေရာ၌ အထက်တန်းစား မဟာမိတ် အဖွဲ့မှ၊ လူတစ်စုက သူ့လမ်းကို ပိတ်ဆို့ လာသည်။ သူတို့ကို မြင်လိုက်သော အခါတွင် လင်းယွန်၏ မျက်နှာမှာ ချက်ချင်းပင် လေးနက် သွား၏။

အထက်တန်းစား မဟာမိတ် အဖွဲ့ နှင့် သူ့ကြား ညှိနှိုင်း မရသော ရန်စ ရှိခဲ့ပြီး၊ ဤလူများသည် ဝမ်ယန်၏ လက်ပါးစေ များသာ ဖြစ်နိုင် လေသည်။

တစ်ချိန်က အသင်္ချေဓား ရင်ပြင်တွင် ဟွမ်ဖူဂျင်းရှန်၏ ဓား ရည်ရွယ်ချက်ကို ဖျက်ဆီး လုနီးပါး ကြိုးစားခဲ့ ဖူးပေ၏။ ထို့နောက်တွင် ယီလျူယွင်က သူ့ကို ခက်ခဲသော အခြေ အနေသို့ တွန်းပို့ လာခဲ့သည်။ အထက်တန်းစား မဟာမိတ် အဖွဲ့၌ တကယ် ကောင်းသော လူများ မရှိနိုင်ပေ။

လမ်းပိတ်ထားသော သူများက လင်းယွန်ကို အေးစက်စွာ ကြည့်နေကာ၊ ဤနေရာ၌ပင် သတ်ပစ်ရန် ဆန္ဒရှိ နေကြ ပုံရသည်။

လွန်ခဲ့သည့် သုံးရက်က ဖြစ်ပွားခဲ့သော အခြေ အနေများ အရ၊ သူတို့၏ နှလုံးသား ထဲတွင် နာကြည်းမှုကို ဖြစ်ပေါ် လာစေသည်။

ပို၍ ဒေါသ ဖြစ်စေ ခဲ့သည်မှာ ဝမ်ယန်မှာ လင်းယွန်ကြောင့် ခြေလက်များ အချိုးခံ လိုက်ရခြင်း ဖြစ်သည်။

ယင်းသည် အထက်တန်းစား မဟာမိတ် အဖွဲ့ ၏ ဂုဏ်သိက္ခာကို ပို၍ ပြင်းထန်စွာ ထိုးနှက် သွားခဲ့သည်။

ယင်းကြောင့် ပြင်ပ တပည့်များ၏ ရိုသေ လေးစား မှုကို ဆုံးရှုံးစေ ခဲ့သည်။ ဝမ်ယန်၏ အဖွဲ့မှာ အမြဲတစေ အခြားသော သူများ အပေါ်၊ အနိုင်ကျင့် နေခဲ့ သူများ ဖြစ်ပြီး၊ ၎င်းတို့သည် တစ်ခါမျှ သည်လောက် ဆိုးရွားစွာ မခံစား ခဲ့ရပေ။

“သေမျိုး အဆင့်မှာ ပါတဲ့ တပည့်လေး တစ်ယောက်က ကာကွယ်သူ မက်မွန်ရဲ့ အာရုံစိုက်မှုကို တကယ် ရရှိခဲ့တာပဲ၊ လင်းယွန် မင်းက တော်တော် အံ့သြစရာ ကောင်းတယ်။ "

အပြာရောင် ဝတ်ဆင်ထားသော အဖွဲခေါင်းဆောင်က လင်းယွန်ကို ဤသို့ ပြောဆို လှောင်ပြောင် လိုက်သည်။

ကာကွယ်သူ မက်မွန်၏ ကိုယ်ပိုင် တံဆပ်ပြားကြောင့်သာ မဟုတ်ပါက၊ ဝမ်ယန်မှာ အရှုံးပေး လိမ့်မည် မဟုတ်ပေ။

“ ဝမ်ယန်ရဲ့ လက်ပါးစေတွေက တကယ့်ကို စိတ်အနှောင့် အယှက် ဖြစ်စေတာပဲ၊ အဲ့ဒီမှာပဲ တံခါးပိတ် ကျင့်ကြံ နေကြ လိမ့်မယ်လို့ ထင်ခဲ့တာ၊ အခု ဝမ်ယန်ရဲ့ ခြေလက်တွေ ကျိုးသွားတာ ဘယ်လို နေသေးလဲ ''

လင်းယွန်က အေးစက်စက် မျက်လုံးများဖြင့်စိုက်ကြည့်ကာ၊ ပြန်ပြော လိုက်သည်။ ရတနာတောင်ကုန်း ပြည်နယ်သည် ဤနေရာနှင့် မဝေးသောကြောင့် သူရောက်ရှိရန် အနည်းငယ်သာ လိုအပ်တော့သည်။

'' မင်း ....သေ စမ်း ''

အပြာဝတ် လူငယ်လေးက ဒေါသတကြီး ကျိန်ဆဲလိုက်၏။ တစ်စုံတစ်ယောက်သည် ရှေးယခင် အချိန်များ၌ သူ့ကို လက်ပါးစေဟု ခေါ်ဝံ့လျှင် ထိုသူမှာ လူသေအဖြစ်သို့ ပြောင်းလဲသွား ပေမည် ဖြစ်သည်။ သို့သော် လင်းယွန်ကိုမူ မထိနိုင်မှန်း သူ သိသည်။

ဓားကျွန် ဖြစ်ခဲ့ ဖူးသူ တစ်ဦးသည် ကာကွယ်သူ မက်မွန်၏ အာရုံကို မည်သို့ ဆွဲဆောင်နိုင် ခဲ့သည်ကို သူ တွေးမရ ခဲ့ချေ။

ထို့အတူ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာ အတွင်း မည်သူမျှ မသင်ယူ နိုင်ခဲ့သော ဓားနည်းစနစ် ဖြစ်သည့် 'သခင့်ဓား' ကို သင်ယူ နိုင်ခဲ့သည် ကိုလည်း သူ မသိ ခဲ့ပေ။ သူသိ သည်မှာ..... ။

“ အထက်တန်းစား ပြည်နယ်က မင်း ထင်သလောက် မရိုးရှင်း ပါဘူး၊ ကာကွယ်သူ မက်မွန်သာ မဟုတ်ရင်၊ အခု မြေပြင်မှာ လဲလျောင်းနေတဲ့ သူက မင်းဖြစ် လိမ့်မယ်။"

အပြာဝတ် လူငယ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့အရှိန်အဝါကို ထုတ်ဖော် လိုက်သည်။

နက်နဲ နယ်မြေ၏ ဆဋ္ဌမအဆင့်။ လင်းယွန်က အံ့သြသွားပြီး နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ နဂါးနှင့် ကျား၏ ဟောက်သံများ သူ့ခန္ဓာကိုယ်၌ ပဲ့တင်ထပ် လာ၏။

ထိုဖိအားကို အံတုရန် သူ့အရှိန်အဝါအား မြှင့်တင်သည့် အနေဖြင့်၊ ကျားနဂါး အရှိန် အဝါကို ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ထိုဖိအား အောက်၌ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့ လေသည်။

" ဒါက မဟာချင် အင်ပါယာရဲ့ မြို့တော်ပဲ၊ မင်း ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ၊ မင်းစော်ကားလို့ မရတဲ့ လူတချို့ ရှိနေတယ် ဆိုတာ၊ နောက်ဆုံးတော့ သိလာ လိမ့်မယ်၊ ကာကွယ်သူ မက်မွန်က မင်းကို ကာကွယ် ပေးတာနဲ့ပဲ မောက်မာ နိုင်ပြီလို့ မထင်ပါနဲ့။ "

အပြာဝတ် လူငယ်က ဟစ်အော် ခြိမ်းခြောက်ကာ၊ ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက် လိုက်သည်နှင့်၊ မြေပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာတော့သည်။

သူ၏ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါသည် လင်းယွန် အပေါ်သို့ ဓားတစ်လက် ကဲ့သို့ ပြိုကျ သွားလေသည်။

" မဟာချင် အင်ပါယာမှာ၊ ဓားနန်းတော်ရဲ့ အာဏာက သက်ရောက်မှု မရှိဘူး။ "

ရုတ်တရက် ရှေ့သို့ လျင်မြန်စွာ ပြေးဝင် လာကာ၊ သူ့ လက်ဖဝါးဖြင့် လင်းယွန်အား ဦးတည် ရိုက်ချ လိုက်သည်။ သူ့အရှိန်အဝါတွင် ဓားအလင်းများ ပေါင်းထည့် ထားလေ၏။

သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပင် လင်းယွန်က ဓားဖြင့် ပေါင်းစပ် ထားသော နဂါးနှင့် ကျားကို ဖန်တီး လိုက်ကာ၊ ပြန်လည် ထိုးချလိုက်သည်။

ထိပ်တိုက် တိုက်ခိုက်မှုကြောင့် လင်းယွန်က ခြေသုံးလှမ်းခန့် နောက်ပြန် ဆုတ်သွား ခဲ့ရသည်။

အပြာဝတ် လူငယ်မှာမူ သွေးများ ပွက်ပွက် ဆူလာပြီး၊ ရင်ဘတ်တွင် စူးရှသော အောင့်မြက် နာကျင်မှုကို ခံစားလိုက် ရသည်ကြောင့်၊ အနည်းငယ် တုန်လှုပ် သွားခဲ့သည်။

နောက်ထပ် ထပ်မံ တိုက်ခိုက်ရန် ခြေလှမ်း လှမ်းခါ နီးတွင်၊ အနောက် နားဆီမှ ဟောက်သံ တစ်သံ ထွက်ပေါ် လာလေသည်။

" ဖူလင်တန် ... မင်းက သေချင် နေတာ လား။ "

တင်းမာသော ရုပ်သွင်ဖြင့်၊ တိုက်ပွဲဆီသို့ ဦးတည် ခုန်ဝင်လာသော မိုချန်ကို တွေ့လိုက် ရသည်ကြောင့်၊ အပြာဝတ် လူငယ်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး၊ “သွားရအောင်” ဟု ဆိုကာ၊ ထွက်ခွာ သွားတော့သည်။

မြေပြင်ပေါ်သို့ မိုချန်က ဆင်းသက် လိုက်ချိန်တွင် အထက်တန်းစား ပြည်နယ်၏ အဖွဲ့ဝင်များမှာ ကွယ်ပျောက် သွားခဲ့ပြီး ဖြစ်ကာ၊ စိတ်ရှုပ်ထွေး နေသော လင်းယွန်သာ ကျန်ရစ် ခဲ့တော့သည်။

" မင်း အဆင်ပြေ ရဲ့လား"

မိုချန်က မေးလိုက်သည်။

သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ပြီး၊ လင်းယွန်က ပြုံးလိုက်ကာ၊ " ငါ အဆင်ပြေ ပါတယ် " - ဟု ဆို၏။

မိုချန်က လင်းယွန်ကို စစ်ဆေးကြည့် လိုက်ရာ၊ ဒဏ်ရာ အနည်းငယ်သာ ရရှိကြောင်း အတည်ပြု လိုက်မိသည်နှင့်၊ သက်သာရာ ရသွားခဲ့သည်။ သူက ပြုံးပြ လိုက်ပြီး၊

“ မင်း အဆင်ပြေ နေသားပဲ၊ အဲဒီလူက ဘယ်သူလဲ ဆိုတာ မင်း သိလား "

" ဘယ်သူလဲ "

“ ဖူလင်တန်.... ၊ မိုးကြိုးရှစ်ဖော်ရဲ့ ခေါင်းဆောင်ပဲ၊ မြေကြီးအဆင့် ထိပ်တန်း (၂၀၀) အတွင်းမှာ ရှိတယ်၊ သူရဲ့ ကျင့်ကြံမှု အဆင့်က နက်နဲ ဆဋ္ဌမ အဆင့် အထွတ်အထိပ်၊ ဝမ်ယန် ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရခဲ့တဲ့ အတွက် အထက်တန်းစား မဟာမိတ် အဖွဲ့ရဲ့ စီမံ ခန့်ခွဲမှုကို လွှဲပြောင်း ရယူခဲ့တဲ့ သူပဲ ”

မိုချန်၏ ရှင်းပြသံကြောင့်၊ ဖူလင်တန်အား အဘယ်ကြောင့် ဤမျှ ရင်းနှီး နေပုံ ရသည်ကို နောက်ဆုံးတွင် သိလိုက် ရသည်။

ယီလျူယွင်ကို သတ်ရန် လိုက်ရာတွင်၊ သူ့လမ်းအား ပိတ်ဆို့ လာခဲ့ သဖြင့်၊ နဂါးသွေး မြင်း၏ ကန်ထုတ်မှုကို ခံရသော ရှစ်ဦး အနက်မှ တစ်ဦး ဖြစ်လေသည်။

" သူ့က ပြန်လှည့်ချင် နေမှတော့ ဘာလို့ လာနေ သေးလဲ။"

လင်းယွန်က စိတ်ရှုပ် ထွေးစွာ ရေရွတ် လိုက်သည်။

“ ဝမ်ယန်က အပြစ်ပေး ခံခဲ့ရတာကြောင့်၊ အထက်တန်းစား ပြည်နယ်က သူတို့ရဲ့ နာမည် ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက် သွားစေခဲ့တယ်၊ သူတို့ကသာ လူတိုင်းကို ဖိနှိပ်ခဲ့ပြီး၊ အခုလို နစ်နာမှုမျိုး တစ်ခါမှ မခံစား ခဲ့ရဖူးဘူး၊ ဒါကြောင့် လူတိုင်းက သူတို့ကို ပြန်ဖိနှိပ်ဖို့ ပစ်မှတ်ထား လာကြပြီ ...”

မိုချန်က ပြုံးလိုက်ပြီး၊

'' ဝမ်ယန် ပြန်လည် ကျန်းမာလာဖို့ အတွက် စောင့်ဆိုင်း နေရတဲ့ အချိန်တွင်း၊ အထက် တန်းစား မဟာမိတ် အဖွဲ့ဝင်တွေက ဂိုဏ်းကနေ ၊ ထွက်ခွာ ရှောင်တိမ်းနေကြ ဖို့တောင် ဆုံးဖြတ်ထား ကြတယ်"

"ဒါဆို သူတို့က မသွားခင်၊ ငါ့ကို သင်ခန်းစာ ပေးချင် ခဲ့တာလား"

“ ဒါပေါ့၊ ဒါပေမယ့် ဖူလင်တန် အတွက် စိတ်မကောင်း စရာ ပါပဲ၊ သေမျိုး အဆင့်က နက်နဲ ဒုတိယ အဆင့် သိုင်းသမားလေး တစ်ယောက်က၊ သူ့လက်ဖဝါးကို အသာအယာ ခုခံနိုင် ခဲ့တယ် ဆိုတာ ... ”

မိုချန်က ခေတ္တရပ်ပြီး၊

“ဒါပေမယ့် မင်း သတိထားပါ၊ မင့်ကို ကာကွယ်ပေးတဲ့ 'ကာကွယ်သူ မက်မွန်' ရှိတာကြောင့်၊ ဂိုဏ်းအတွင်း မလုပ်ဆောင် ဝံ့ပေမယ့်၊ အထက်တန်းစား ပြည်နယ်က မရိုးရှင်းဖူး၊ အနှေးနဲ့ အမြန် ဆိုသလို ပြန်လာ လိမ့်မယ်။ ”

“ငါသိတယ်”

လင်းယွန်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ သူ့ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ် အယောင်မျှ မရှိခဲ့ပေ။

ကာကွယ်သူ မက်မွန် ပြောခဲ့ သလိုပင်၊ ခွန်အားကြီး သူများ၏ အမြင်တွင် ကမ္ဘာကြီးသည် အမြဲတမ်း တရားမျှတ နေပေသည်။

မိုချန်က သူ့အတွက် စိုးရိမ် ပေးခဲ့ သော်လည်း၊ ၎င်းတို့ ပြန်လာမည့် နေ့ကို သူ စောင့်မျှော် နေမိသည်။ ထိုမှသာ ဖိအား များကို တွန်းအား အဖြစ်သို့ ပြောင်းလဲ နိုင်ပေမည်။

'' ဒါနဲ့ စီနာယာ အစ်မ ဘယ်မှာလဲ”

လင်းယွန်က အကြောင်းအရာ ပြောင်းရန် ဦးတည် လိုက်သည်။ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ရရှိခဲ့ပြီး၊ ၎င်းအကြောင်းကို ရှင်းယန်အား မေးချင် ခဲ့သည်။

" သူ သင်္ချိုင်းကို သန့်ရှင်းရေး လုပ်ဖို့ သွားတယ်၊ အဲ့ဒီ နေရာကို သူနဲ့ အတူ ဘယ်သူ့ကိုမှ မခေါ်သွား တက်ဘူး၊ အချိန် အတော် ကြာကြာ နေလေ့ ရှိတယ်... သူ့အတွက် အရေးကြီးတာ ရှိလို့လား "

မိုချန်၏ စကားကို ကြားသော အခါ၊ ရှင်းယန်တွင် သေဆုံးသွားသော ဆွေမျိုးတစ်ဦး ရှိရမည်ဟု ယူဆလိုက်ကာ၊ မနှောင့်ယှက် တော့ရန် ဆုံးဖြတ် လိုက်သည်။

“ မရှိပါဘူး၊ နောက်မှ ပြန်လာခဲ့မယ်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကျေးဇူးတင် ပါတယ်... အစ်ကိုကြီး မိုချန်။ "

လင်းယွန်က ပြုံးကာ နှုတ်ဆက် လိုက်သည်။

" မင်းက ဘာလို့ အရမ်း ယဉ်ကျေး နေရ တာလဲ၊ လာ ... ငါတို့ အတူတူ ပြန်ကြရအောင် "

မိုချန်က လင်းယွန် ပခုံးကို ဖက်ကာ ရေရွတ်လိုက်လေသည်။

***

All Chapters