← Chapters

အတွေးများ။

Vol. 18 Ch. 239

အတွေးများ။

Vol. 18 Ch. 239

ဓားနန်းတော်သည် တောင်တန်းများ ကြားတွင်တည်ရှိပြီး ထိုတောင်တန်း များတွင် လူသူ အရောက် အပေါက် နည်းသော သက်ရှိ အရိပ် မျှပင် မရှိသော လွင်ပြင်ကြီး တစ်ခု ရှိလေသည်။

ဤမျှ ကျင့်ကြံသူ များဖြင့် စည်းကား လှသောဓားနန်းတော် ပိုင်နက်ထဲတွင် ယခုကဲ့သို့ကျပ်တည်း မြေကြီး တစ်ခု ရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ် ထားကြပေ။

မြုံနေသော လွင်ပြင်တွင် ညစ်ညမ်းသောလေထု များဖြင့် ပြည့်နှက် နေပြီး၊ ယင်းကျပ်တည်း မြေ၌ သင်္ချိုင်းတစ်ခု တည်ရှိနေပေသည်။

အမျိုးသမီး တစ်ဦးက သင်္ချိုင်းဂူ ရှေ့တွင် ရပ်နေခဲ့ပြီး ကျောက်ဖြစ် ရုပ်ကျွင်းများ ကဲ့သို့ ရက်ပေါင်း များစွာ ငြိမ်သက် နေခဲ့သည်။

ထိုမိန်းကလေးသည် အခြား သူများ ရှေ့တွင် သူ၏ အေးစက်သော ခံစားချက် များကို ရှေ့တန်းတင် ထားခဲ့ သော်လည်း၊ ယနေ့တွင် မျက်လုံးများ၌ မျက်ရည်များ စီးကျ နေခဲ့ သည်။

သို့သော် သူမ၏ လက်သီး များကို တင်းတင်း ကြပ်ကြပ် ဆုပ်ထားပြီး မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်း မလာစေရန် ကြိုးစား နေခဲ့ပေ၏။

" ရှင်းယန်၊ မင်းဘယ်သူလဲ ဆိုတာ မမေ့နဲ့ "

လွန်ခဲ့သည့် သုံးရက်က ဝမ်ယန် ပြောခဲ့သောစကားလုံး များမှာ သူမ နားထဲတွင် ပဲ့တင်ထပ် နေသေးသည်။ သင်္ချိုင်း ဂူရှေ့တွင် ရပ်နေသော ရှင်းယန်၏ သွယ်လျသော ရုပ်သွင်မှာ အလွန် ဖျော့တော့ နေခဲ့၏။

"သခင်မလေး၊ မင်းဘာတွေ တွေးနေတာလဲ..."

ရှင်းယန်က လှည့်ကြည့် လိုက်ရာ၊ နူးညံ့စွာ ပြုံးလျက် လျှောက်လှမ်း လာသော ရှင်းဂျူကို တွေ့လိုက်ရသည်။ အနား ရောက်သည်နှင့်၊ နှာခေါင်းကို ပွတ်သတ် လိုက်ကာ၊

" ဘာလို့ ငိုနေ ရတာလဲ၊ မင်း ငါ့နဲ့ အတူ မနေချင် တော့ဖူးလား"

“ ငါ မငိုပါဘူး”

ဟု သူမက ငြင်းဆို လိုက်သည်။

"တကယ်လား "

ရှင်းဂျူက ပြုံးလိုက်ကာ၊ သင်္ချိုင်းဂူ ထံသို့ ဝေ့ကြည့်ပြီး၊

"မင်းဘာလို့ လင်းယွန်ကို ကာကွယ်ဖို့ ကြိုးစားနေ ရတာလဲ ငါသိပါတယ်... သူ့ကို ကြည့်ပြီး မင်းကိုယ်မင်း သတိရ နေတာ မဟုတ်လား၊ ''

'' ငါတို့ ဂိုဏ်းကို ပထမဆုံး ရောက်တုန်းက မင်း အနိုင်ကျင့် ခံခဲ့ရတယ်၊ ဒီအတွက် လင်းယွန် အနိုင်ကျင့်ခံ နေရတိုင်း မင်းနာကျင် နေမယ်ဆိုတာ ငါ နားလည်တယ်၊ လူတိုင်းက မင်းဘယ်လောက် ရက်စက်တယ် ဆိုတာကိုပဲ မြင်နိုင်ကြတယ်၊ ဒါပေမယ့် 'ယန်အာ' မင်းမှာ အနူးညံ့ဆုံး နှလုံးသား ရှိတယ် ဆိုတာ ငါ အသိဆုံးပါ၊ ''

'' နှစ်တွေကြာ လာတာနဲ့ အမျှ မင်းပြောင်းလဲသွားပေမယ့်၊ ငယ်ငယ်က ငါတို့ အစေခံတွေရဲ့ သားသမီးတွေ ဒုက္ခရောက် နေတာကို မြင်ရင် မနေနိုင်ခဲ့ သလိုမျိုး၊ တချို့အရာ တွေက အရင်အတိုင်း ပါပဲ ”

ရှင်းယန်က သူ့အစ်ကို၏ ဘေးတိုက် အနေအထားကို ကြည့်ကာ၊ “အကိုကြီး…” ဟု အော်လိုက်၏။

" ဟား ဟား ဟား ဘယ်လိုလဲ အခု မင်းပိုလှသွားပြီ၊ အတွေးလွန် မနေပါနဲ့ ... ။ "

ရှင်းဂျူက လှည့်ကြည့်ပြီး ပြုံးလိုက်ကာ၊

" မင်း ပိုပြီး ရက်စက်လာတယ်၊ အနာဂတ်မှာ မင်းကို လက်ထပ်ရဲ မယ့်သူ မရှိတော့မှာ ငါစိုးရိမ် မိတယ်"

"အကိုကြီး.... ''

ရှင်းယန်က ရှက်ရွံစွာ ထပ်မံ အော်ဟစ် မိသွားပြန်သည်။

" ဟား ဟား ဟား.... ကဲ ပြန်ကြရအောင်”

ဟု ရှင်းဂျူက ဆိုလိုက်၏။

“ ကောင်းပြီ.... ”

သူတို့ နှစ်ယောက် မထွက်ခွာခင်၊ ရှင်းဂျူက မည်းမှောင်နေသော သင်္ချိုင်းဂူကို လှည့်ကြည့် လိုက်၏။

ဗိုလ်ချုပ်ကြီး ရီယုဟန်။

“ အဖေ၊ သူ့ အပြုံးကို ကျွန်တော်ဓားနဲ့ ကာကွယ်မယ်လို့ ကတိပေး ပါတယ်။”

သင်္ချိုင်းဂူကို လှမ်းကြည့် လိုက်သော အခါတွင်၊ ရှင်းဂျူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ် သွားပြီး၊ သူ့ မျက်လုံး များ၌ ပြတ်သားသော ဆုံးဖြတ်ချက်များ ဖြစ်ပေါ်လာ လေသည်။

တစ်ချိန်တည်းမှာပင်၊ လင်းယွန်သည် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို လေ့ကျင့် နေခဲ့၏။

' မြင့်မြတ်သော နေနတ်သားအား ဖမ်းဆီးခြင်း ' ပညာရပ်သည်၊ ရွေ့လျားမှု နည်းစနစ် တစ်ခုမျှသာ မက၊ တိုက်ခိုက်ရေး နည်းစနစ် များလည်း၊ ပါရှိ လေသည်။

၎င်းပညာရပ်တွင် ပါရှိသော၊ ရွေ့လျားမှု နည်းစနစ်မှာ၊ သေးငယ်သော အပိုင်း မျှသာ ဖြစ်ပြီး၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' သည်လည်း ၎င်းတို့ ထဲမှ တစ်ခုသာ ဖြစ်ပေသည်။

နောက်ဆုံးတွင်၊ 'မြင့်မြတ်သော နေနတ်သားအား ဖမ်းဆီးခြင်း' ပညာရပ်သည် ရှေးဦခေတ်မှ ဆင်းသက် လာသော၊ ပညာရပ် တစ်ခု ဖြစ်၏။

ထိုပညာရပ်မှ ဆင်းသက် လာသော 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' မှာ သေးငယ်သော အစိတ် အပိုင်း မျှသာ ဖြစ်ပြီး အရေးမပါ လှပေ။

သို့သော် ငြားလည်း 'လေးနက်သော ခြေလှမ်းခွန်နှစ်လှမ်း' သည် ယင်းပညာရပ်၏ စွမ်းအားကို ပြသ နိုင်ဆဲ ဖြစ်သည်။

ထို့ကြောင့်ပင် ၎င်းကို နက်နဲ နည်းစနစ်များအား ကျော်လွန်၍ ပဉ္စမ အထပ်တွင် ထားရှိနိုင်ခြင်း ဖြစ်သည်။

၎င်းသည် သခင့်ဓားနှင့် တူညီသော အဆင့်၌ ရှိပေ၏။ 'ခရမ်းရောင် နန်းတော်' နယ်ပယ်တွင် အသုံးပြု ရမည့် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ၏ ပုံစံမှာ၊ ပို၍ပင် ကြောက်စရာ ကောင်းသည်ဟု ကြားသိရ သော်လည်း၊ ၎င်းကို သူ လက်လှမ်း မမီနိုင်သေးပေ။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' အပေါ် နားလည်မှုကို ကနဦး၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် ပြီးပြည့်စုံသော ကျွမ်းကျင်မှုများ အဖြစ်ပိုင်းခြား သတ်မှတ် ထားသည်။

ကနဦး ကျွမ်းကျင်မှုကို တံခါးသို့ ဝင်ရောက်ခြင်း ဟုလည်း လူသိများ၏။ အဆိုပါ နည်းစနစ်ကို ကျင့်ကြံရန် အတွက် မြင့်မားသော နားလည်မှု ရှိရန် လိုအပ်ပေသည်။

အရည်အချင်း ရှိသူ များသည်သာ တစ်ရက်အတွင်း ကနဦး ကျွမ်းကျင်မှုကို ရနိုင်သော်လည်း နိမ့်ကျသော သူများ အတွက်မူ လဝက် သို့မဟုတ် တစ်နှစ်ခွဲ ခန့်ပင် အချိန်ယူ ရမည် ဖြစ်သည်။

မည်မျှ ကြာကြာ ကြိုးစားခဲ့ပါစေ၊ ၎င်း၏ ကနဦး ကျွမ်းကျင်မှုကို မအောင်မြင် နိုင်ပါက၊ ထိုသူ၏ နားလည် နိုင်စွမ်းမှာ နိမ့်ကျနေသည်ဟု ဆိုလို ပေ၏။

ထို့ကြောင့် အလတ်အလတ် ကျွမ်းကျင်မှုသို့ ရောက်ရန် ခက်ခဲ လာမည် ဖြစ်ရာ၊ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိရန်မူ ပို၍ ခက်ခဲ လာတော့မည် ဖြစ်သည်။

ဤနည်းစနစ်၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည် သဘောပေါက်ရန် လိုအပ်သော်လည်း နားမလည်သော သူများမှာမူ၊ တိုးတက်မှု မရှိပဲ ငါးနှစ် သို့မဟုတ် ဆယ်နှစ်ခန့် ကြာညောင်း နိုင်သည်။

အကယ်၍ တစ်စုံတစ်ယောက် သည်သာ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ဆုပ်ကိုင် နိုင်ခဲ့ပါက၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' မှာ အဆင့်သစ် တစ်ခုသို့ ပို့ဆောင် ပေးမည် ဖြစ်သည်။

ခြေတစ်လှမ်း လှမ်းယူ လိုက်ရုံဖြင့် အတောင်ပံဖြန့် ပျံသန်း နေသော ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ ကောင်းကင်ဘုံကို တက်ရောက် နိုင်ပေမည်။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကိုကျွမ်းကျင်မှု နည်းသည့်တိုင်၊ တူညီသောအဆင့်ရှိ၊ အခြားသော ရွေ့လျားမှု နည်းစနစ် များထက်၊ များစွာ ပိုမို အားကောင်း လှပေသည်။

ဥပမာအားဖြင့်၊ 'တိမ်မီးလျှံ ခြေလှမ်းများ' ကို အဆင့်မြင့် ကျွမ်းကျင်မှု အထိ ဆုပ်ကိုင်နိုင် ပြီးနောက် တွင်ပင်၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ၏ ကနဦး ကျွမ်းကျင်မှု ထက် နိမ့်ကျ နိုင်ပေမည်။ ယင်းမှာ နည်းစနစ် နှစ်ခု၏ မူလ အဆင့် ကွာဟချက် ကြောင့်ပင် ဖြစ်သည်။

လင်းယွန်၏ နားလည်မှု ဖြင့်ပင် ဆယ်ရက်ကြာအောင် ဆင်ခြင် ခဲ့ရသည်ကို သူ ဝန်ခံ ရပေမည်။ သို့သော် ၎င်းသည်ပင် သူ၏ တိုက်ပွဲဝင် စိတ်အား မြှင့်တင်ပေး လာခဲ့ လေသည်။

နက်နဲ ဒုတိယ အဆင့်ရှိ သူ၏ ကျင့်ကြံမှုကို တည်ငြိမ် တိုးတက် လာစေရန် အိုင်းရစ်ဓား သုတ္တန်နှင့် ရှေးဦးကျမ်းအား ကျင့်ကြံဖို့ မမေ့ခဲ့ပေ။

ထို့အပြင်၊ ရတနာ တောင်ကုန်း၏ အဖွဲ့ဝင် တပည့်များနှင့် လေ့ကျင့်ခြင်းဖြင့် ကျားနဂါး လက်သီးကို တိုးတက်အောင် လုပ်ဆောင် နိုင်ခဲ့သည်။

ရံဖန်ရံခါတွင် ရှင်းယန် နှင့်အတူ လှုပ်ရှားမှုများ ဖလှယ် နေတက်ကာ၊ အကြီးအကဲ များ၏ ပို့ချချက် များကိုလည်း သွားရောက် နားထောင် နေလေသည်။

အကြီးအကဲ များတွင် များပြားလှသော အတွေ့ အကြုံများ ရှိကြ ပေသည်။

သတိမထားမိ ခင်မှာပင်၊ တောင်တန်းများ ပေါ်ရှိ အေးစက်သော လေထုများမှာ တရွေ့ရွေ့ ဆုတ်ခွာ သွားကြကာ၊ နွေးထွေးသော နေရောင်ခြည်များ အစားထိုး ဝင်ရောက် လာခဲ့လေသည်။

လင်းယွန်က 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို တစ်လခွဲ ကြာသည်အထိ ကျင့်ကြံနေ ခဲ့လေသည်။

" ဓားနန်းတော်ကို ဝင်ခဲ့တာ သုံးလရှိ သွားပြီ၊ နှင်းတွေတောင် မရှိတော့ ပါလား ..."

နေရောင်ခြည်သည် သစ်ပင်များ မှတဆင့် ထိုးဖောက် ကျဆင်းလာကာ၊ လီဝူယု၏ နေအိမ်သို့ လွှမ်းခြုံ ထားလေသည်။

လီဝူယုသည် သူ့စကားများ အတိုင်း အောင်မြင်မှု မရမချင်း၊ ထွက်လာ တော့မည် မဟုတ်ပေ။

“ အချိန်တွေ ကုန်တာ မြန်လိုက်တာ၊ ကံကောင်းစွာ နဲ့ပဲ.... ငါ့ရဲ့ အချိန်တွေကို အပြည့်အဝ အသုံးချ နိုင်ခဲ့တယ်။ ”

လင်းယွန်က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ လက်သီးဖြင့် လေထုထဲ ပစ်ထုတ် လိုက်သည်။ လက်သီးချက် နှင့်အတူ ထူးဆန်းသော မြင်ကွင်း တစ်ခု ထွက်ပေါ် လာခဲ့သည်။

လင်းယွန်၏ လက်သီးသည် အမှန် တကယ်ပင် ရှေ့သို့ တိုးဝင် သွားသော်လည်း၊ မူလ ရပ်နေသော နေရာ၌ လင်းယွန် တစ်ယောက် ရပ်လျက် ကျန်ရစ် ခဲ့လေသည်။

သူသွားလေရာ နေရာ တိုင်းတွင် လင်းယွန် တစ်ယောက်ကို အမြဲ ချန်ထားရစ် နိုင်ခဲ့ ခြင်းသည်၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို၊ အနည်းငယ် ကျွမ်းကျင်ရာ ရောက်ခြင်း၏ လက္ခဏာပင် ဖြစ်သည်။

စုစုပေါင်း ခြေလှမ်းခုနစ်လှမ်း လှမ်းပြီး၊ နောက်ဆက်တွဲ လင်းယွန် ခွန်နှစ်ယောက်ကို ချန်ထား နိုင်ခဲ့သည်။

အနီးကပ် ကြည့်ပါလျှင် ပုံရိပ်များသည် ပျောက်ကွယ် မသွားမီ တစ်စက္ကန့် အကြာထိ ဖြစ်တည် ထားနိုင်ခဲ့သည်။

တစ်ဆက်တည်း မှာပင် သူ၏ လက်သီးချက် များက မယုံနိုင်လောက်အောင် လျင်မြန်လာပြီး၊ ပုံရိပ်ယောင်များ မပျောက်ကွယ်မီ လေထုကို ထိုးခွဲ သွားလေသည်။

လေးဆယ့် ငါးရက် ကြာပြီးနောက် လေးနက်သော 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ကနဦး အဆင့် အထိသာ ကျွမ်းကျင်မှု ရရှိခဲ့သည်။

လင်းယွင်က အသက်ပြင်းပြင်း ရှူထုတ် လိုက်၏။ အချိန် အတော်ကြာ ကုန်ဆုံး ပြီးနောက်၊ အနည်း အကျဉ်းသာ တတ်မြောက် နိုင်ခဲ့ခြင်း အပေါ် မကျေနပ် နိုင်ချေ။

သို့သော် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ကျား-နဂါး လက်သီးနှင့် ပေါင်းစပ် နိုင်ခဲ့သောကြောင့် ကျွမ်းကျင်မှု နည်းပါး နေသော်လည်း၊ စိတ်သက်သာရာ ရမိသည်။

'' အခု ငါလျှောက်တဲ့ ခြေလှမ်းတိုင်းမှာ နောက်ဆက်တွဲ ပုံရိပ် တစ်ရိပ်ကို ဖန်တီးထား နိုင်ခဲ့ပြီး၊ မျက်စိ တစ်မှိတ် အတွင်း ခြေလှမ်း ခွန်နှစ် လှမ်းကို လှမ်းနိုင်မယ်၊ ဖူလင်တန်သာ ငါ့ကို ရိုက်လိုရင်၊ ပုံရိပ် ခွန်နှစ်ရိပ်ကို အရင် ဖျက်ဆီးဖို့ လိုလိမ့်မယ်၊ ဒါပေမယ့် သူက ငါ့ရဲ့ နောက်ဆက်တွဲ ပုံရိပ်တွေကို ဖျက်ဆီးနေတဲ့ အချိန်မှာ၊ ငါဆန္ဒရှိတဲ့ အတိုင်း ပြေးရင်ပြေး ၊ ဒါမှ မဟုတ် တိုက်ခိုက်ဖို့ ဖြစ်ဖြစ် ရွေးချယ် နိုင်တယ်၊ ''

မိုးကြိုးရှစ်ဖော်၏ ခေါင်းဆောင် ဖူလင်တန်နှင့် တွေ့ဆုံမှုကို သတိရ လိုက်မိပြီး၊ သူ့ ခွန်အားကို တွေးတော သုံးသပ် မိသွား၏။

အခြားသော နက်နဲ တတိယ အဆင့်ရှိ ကျင့်ကြံသူများ အတွက်မူ၊ တစ်ခု တည်းသော ပုံရိပ်ကိုထင်ကျန်ရစ် ရန်ပင် မလုပ်ဆောင် နိုင်သည် ဖြစ်ရာ၊ သူ့၏ နောက်ဆက်တွဲ ပုံရိပ်များနှင့် ရင်ဆိုင် ရပါက၊ အစစ်အတု ခွဲခြားရန်ပင် ပြဿနာ ရှိလာမည် ဖြစ်သည်။

ဆိုလိုသည်မှာ လင်းယွန် (၇)ယောက်နှင့် ရင်ဆိုင်ရပါက၊ အစစ်အတု ခွဲခြားရန် ခက်ခဲ သွားမည် ဖြစ်၏။

" ဟေး ...လင်း ယွန် "

ရင်းနှီးသော အသံ တစ်သံကြောင့် အတွေးများမှ နိုးထ သွားသည်။ လှည့်ကြည့် လိုက်ရာ၊ ဟွမ်ဖူဂျင်းရှန်က သူ့ထံသို့ ပြုံးလျက် လျှောက်လှမ်း လာသည်ကို တွေ့လိုက် ရသည်။

“ အစ်ကို ဟွမ်ဖူ၊ မတွေ့တာ ကြာပြီနော် ... မင်းဒီကို ဘာလာ လုပ်တာလဲ "

အနားရောက်သည်နှင့် မေးခွန်းကို ပြန်မဖြေ နိုင်ပဲ၊ လင်းယွန်ကို စတင် စစ်ဆေး ကြည့်ရာ၊ သူ ထွင်းဖောက် မမြင်နိုင် တော့ကြောင်း သိလိုက် ရလေသည်။ သူက ပြုံးပြ လိုက်ပြီး၊

“ ဒီနေ့ သေမျိုး အဆင့်က တပည့်တွေအတွက် စီမံရေးရာ ခန်းမက မစ်ရှင်တွေ ထုတ်ပေး နေတယ် ကြားလို့၊ မင်းကို ငါနဲ့ လိုက်ခဲ့ချင်လား လာမေးတာပါ၊ ”

" စီမံရေးရာခန်းမ မစ်ရှင်များ "

လင်းယွန်က ရုတ်တရက် တစ်စုံတစ်ရာကို သတိရ သွားကာ ပြုံးလျက်ဖြင့်၊

'' ငါ စောင့်နေရတာ ကြာပါပြီ၊ လာ... သွားကြည့် ရအောင်။ ”

ရတနာ တောင်ကုန်းတွင် တစ်ချိန်လုံး သူ မနေနိုင်ပေ။ 'လေးနက်သော ခြေလှမ်း (၇) လှမ်း၊ ' ကျား-နဂါး လက်သီး နှင့် သခင့်ဓား တို့တွင် အမှန်တကယ် တိုးတက်မှုများ လိုအပ် နေပေသေးသည်။

***

All Chapters