စည်းကမ်းများ။
Vol. 18 Ch. 240
တပည့်များသည် စီမံရေားရာ ဌာန၌ အမှတ်များကို အသုံးပြု ခြင်းဖြင့် ၎င်းတို့၏ ဂိုဏ်းသား တံဆိပ်ပြား များ၏ အဆင့်များကို တိုးမြှင့် နိုင်ပေမည်။
ဝိညာဉ် ကျောက်စိမ်းများ ပေးအပ် ခြင်းဖြင့် ရမှတ်များကို ရယူနိုင်သော်လည်း ၎င်းအတွက် ကန့်သတ်ချက် ရှိသည်။
ဥပမာအားဖြင့်၊ သေမျိုးအဆင့်ရှိ တပည့်တစ်ဦးတွင် ဝိညာဉ်ကျောက်စိမ်း မည်မျှပင် ရှိပါစေ၊ သူ သို့မဟုတ် သူမသည် သူ၏ ဂိုဏ်းသား တံဆိပ်ပြား အဆင့်ကို၊ တတိယ အဆင့် ထိသာ တိုးမြှင့် နိုင်သည်။
စီမံရေးရာဌာနမှ ထုတ်ပေးသော မစ်ရှင်များကို ဆောင်ရွက်ခြင်းဖြင့်၊ အကန့်အသတ် မရှိသော ရမှတ်များကို ရရှိ နိုင်ပေမည်။
ဤသည်မှာ တပည့်များ အတွက် အမှတ်များ ရရှိရန် အတွက် စီမံရေးရာ ဌာနမှာ အဓိက ရင်းမြစ်ကြီး ဖြစ်လေသည်။
နောက်ဆုံးတွင်၊ ၎င်းတို့၏ ဂိုဏ်းသား တံဆိပ်များကို ဝိညာဉ် ကျောက်စိမ်း များဖြင့် တိုးမြှင့် ခြင်းထက် ကုန်ကျစရိတ် သက်သာ နိုင်ပေမည် ဖြစ်သည်။
ထို့အပြင် မစ်ရှင်များသည် မစ်ရှင်များကို သတ်မှတ် ပေးသော သူများ မှတဆင့် ဂိုဏ်ထံသို့ ဝင်ငွေများ ရရှိအောင် ဆောင်ရွက် ပေးခြင်း ဖြစ်သည်။
ထို့ကြောင့် အမှတ်များ ရရှိ နိုင်သည် သာမက မှော်ဆေးလုံးများ၊ ဝိညာဉ် ကျောက်စိမ်း များနှင့် ရှေးဟောင်း လက်နက်များ ကိုလည်း ဂိုဏ်းမှ ပြန်လည် ပေးအပ် လာနိုင်သည်။
ဤသည်မှာ တပည့်များ အတွက် အဓိက အရင်းအမြစ် ဖြစ်ပေ၏။
ထို့ကြောင့် မစ်ရှင်များ ဖြန့်ဝေသည့် နေ့တွင် စီမံရေးရာ ခန်းမ၌ အမြဲ စည်ကားနေ တက်သည်။ စီမံရေးရာ ခန်းမ လက်အောက်ရှိ မစ်ရှင် ခန်းမသည် ရတနာ တောင်ကုန်းနှင့် မဝေးလှချေ။
လင်းယွန်နှင့် ဟွမ်ဟူဂျင်းရှန် တို့မှာ မစ်ရှင် ခန်းမသို့ ရောက်ရှိရန် ခဏသာ ကြာခဲ့သည်။
ခန်းမကြီးထဲတွင် ပြင်ပတပည့် ပေါင်းများစွာ စုဝေး နေခဲ့ကြပြီး အချိန် ကြာလာသည် နှင့်အမျှ အရေအတွက်မှာ ပို၍ တိုးလာခဲ့သည်။
ခန်းမကြီးမှာ လူများစွာ အတွက် လုံလောက်အောင် ကျယ်ဝန်း ခဲ့ပေသည်။ သစ်သား ဖောင်းကြွ များဖြင့် တန်ဆာ ဆင်ထားသော ခန်းမ အတွင်းတွင်၊ ရှေးဟောင်း ကျောက်နံရံကြီး လေးချပ် ရှိသည်။
ကျောက်နံရံကြီးပေါ်တွင် သစ်သား ကမ္ပည်းပြားများ ချိတ်ဆွဲထားပြီး၊ ၎င်းတို့မှာ မစ်ရှင်များ ဖြစ်ကာ၊ ဖြုတ်ယူ ခြင်းဖြင့် မစ်ရှင်ကို လက်ခံခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆုလာဘ်မှာ ကြီးကျယ် နိုင်သော်လည်း၊ ပျက်ကွက်ခြင်းဖြင့် အပြစ်ပေး ခံရနိုင် ပေမည်၊ အထူးသဖြင့် အကြီးအကဲ များက ထုတ်ပြန်သော မစ်ရှင်များ အတွက်မူ ဤမျှသာ ဖြစ်သည်။
ဓားနန်းတော်သည် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ပြီး၊ ဂိုဏ်းထဲတွင် ရှေးကျသော တည်ရှိမှုများ များစွာ ရှိခဲ့သည်။
ထို့ကြောင့် အချို့သော မစ်ရှင်များကို လက်ခံပြီးနောက်၊ ပြီးမြောက်ရန် ပျက်ကွက် ပါက၊ ရရှိနိုင်မည့် အပြစ်ဒဏ်မှာ ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
နံရံများကို (A)၊ (B)၊ (C) နှင့် (D) ဟူ၍ အဆင့်သတ်မှတ်ထားပြီး အဆင့်လေးဆင့် ခွဲခြား ထားသည်။
(A) အဆင့်ရှိ မစ်ရှင်များသည် အမြင့်ဆုံး ဆုများ ရရှိမည် ဖြစ်ပြီး၊ ၎င်းတို့ကို ပြီးမြောက် သည်နှင့်၊ အနည်းဆုံး စွမ်ဆောင်ရည် ရအမှတ် တစ်ထောင် ရရှိ နိုင်မည်။
ထို့အပြင်၊ ဝိညာဉ် ကျောက်စိမ်းများ၊ ဆေးလုံးများနှင့် ရှေးဟောင်း ပစ္စည်းများ ကိုပင် ဆုချီးမြှင့် ခံရမည် ဖြစ်သည်။
(A) အဆင့် ရှိသော မစ်ရှင်များမှာ မစ်ရှင် အားလုံးတွင် သဘာဝ အတိုင်း အခက်ခဲဆုံး ဖြစ်ပေသည်။
(A) အဆင့် ရှိသော မစ်ရှင် နံရံတွင် လူအနည်းငယ်သာ ရှိခဲ့သည်။ အများစုမှာ (B) အဆင့်ရှိ နံရံ၌သာ ရှိနေ ကြ၏။
" အေအဆင့် မစ်ရှင်တွေက တကယ်ကို ခက်ခဲတာပဲ။"
(A ) အဆင့် မစ်ရှင် နံရံတွင် လူမရှိ သဖြင့်၊ လင်းယွန်က အံ့သြသွားသည်။
“ မစ်ရှင်ကျရှုံးရင် ပြင်းပြင်း ထန်ထန် အပြစ်ပေး ခံရမယ် ဆိုတာ သူတို့ သိထားတယ်၊ ပြီးတော့ အေအဆင့် မစ်ရှင်တွေက အရမ်း နည်းပါး လွန်းတာကြောင့်၊ အဲ့ဒီ မစ်ရှင်တွေ အတွက်၊ ဂိုဏ်းထဲမှာ မသတ်မှတ် ထားတဲ့ စည်းမျဉ်း တစ်ခု ရှိတယ် ”
" မသတ်မှတ် ထားတဲ့ စည်းမျဉ်း ..... "
လင်းယွန်က နားမလည် နိုင်ဟန်ဖြင့်၊ ဟွမ်ဖူဂျင်းရှန်ကို ပြန်မေး လိုက်သည်။
" အေအဆင့် မစ်ရှင်တွေကို သေမျိုး အဆင့်မှာ ရှိတဲ့ ထိပ်တန်း (၁၀) ယောက်ကသာ လက်ခံနိုင်တယ်၊ မင်းက ထိပ်တန်း (၁၀) ယောက်မှာ မပါဝင်ပဲ အေအဆင့် မစ်ရှင် တွေကို လက်ခံရင် ဒါက သူတို့ ဆယ်ယောက်ကို စိန်ခေါ် လိုက်တာလို့ သတ်မှတ်ထား ကြတယ် "
ဟု ဟွမ်ဖူဂျင်းရှန်က လေးနက်သော အမူအရာဖြင့် ပြန်လည် ဖြေကြား လာခဲ့သည်။
" ဒီစည်းကမ်း တွေကို ဘယ်သူက သတ်မှတ် ထားတာလဲ။ "
လင်းယွန်က မေးလိုက်၏။
" ဘယ်သူမှ မသတ်မှတ် မထားဘူး၊ ဒါက တပည့်တိုင်း အသိအမှတ် ပြုထားတဲ့ စည်းမျဉ်းပါ၊ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာ ကတည်းက ကျင့်သုံး လာကြတဲ့ အစဉ်အလာ တစ်ခုပဲ၊ (A) အဆင့် မစ်ရှင်တွေက ခက်ခဲ ပေမယ့်၊ ဆုလာဘ်ကတော့ ကြီးမား လွန်းတယ်၊ ဒါကြောင့်လည်း အေအဆင့် မစ်ရှင် တွေကို အစားထိုး အရင်းအမြစ် တစ်ခု အဖြစ် သတ်မှတ် ကြတယ် ”
ဟွမ်ဖူဂျင်းရှန်က ခဏမျှ စဉ်းစား ပြီးနောက်၊
" သေမျိုးအဆင့် ထိပ်တန်း (၁၀)ဦး အတွက် အေ အဆင့် မစ်ရှင်တွေကို သီးသန့် ရည်ရွယ် ထားတယ်လို့ လူတိုင်းက အသိအမှတ် ပြုထား ကြတယ်၊ ဆယ်ယောက်ထဲက တစ်ယောက် ယောက်က၊ (A) အဆင့် ရှိတဲ့ မစ်ရှင်တွေကို လက်ခံရင် သူတို့ကို လေးစားမှု ခံရလိမ့်မယ်။"
ဟွမ်ဖူဂျင်းရှန်က လင်းယွန်၏ အမူအရာကို ပြန်လည် အကဲခတ် လိုက်ပြီးနောက်၊
'' ဒါကို မင်း စိတ်မ၀င် စားဖူး မဟုတ်လား၊ ထိပ်တန်း ဆယ်ယောက်က အရမ်း သန်မာ တယ်၊ သူတို့ အားလုံးက နက်နဲ နယ်ပယ်ရဲ့ စတုတ္ထ အဆင့်မှာ ရှိကြပြီး၊ အထွတ် အထိပ် နက်နဲ နည်းစနစ် တွေကို ဆုပ်ကိုင်ထား ကြတယ်၊ သူတို့ထဲက ဘယ်သူကမှ အားမနည်းကြဘူး၊ ''
'' ဒါကြောင့် မင်းသာ ဒီမစ်ရှင်တွေ ရယူခဲ့ရင်၊ သူတို့ အားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင် လိုက်သလို ဖြစ်သွား လိမ့်မယ်၊ အဲဒါဆို ဂိုဏ်းက မင်းကို ကူညီနိုင်မှာ မဟုတ်တော့ဘူး၊ ဒါက ဂိုဏ်းချုပ်တောင်မှ တိတ်တိတ်လေး အသိအမှတ် ပြုထားရတဲ့ စည်းမျဉ်းတွေပဲ ”
“ စိတ်မပူပါနဲ့၊ ငါသူတို့ကို ကြည့်ရုံပါပဲ၊ ''
လင်းယွန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
ဟွမ်ဖူဂျင်းရှန်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ လင်းယွန်၏ စကားမှာ ယုံနိုင်စရာ မရှိချေ။ မစ်ရှင်များကို လက်ခံချင် သောကြောင့်သာ သူ့အတွက် သင့်လျော်မည့် တာဝန်များကို ရှာဖွေရန် ကြည့်ရှု လာခြင်း ဖြစ်သည်။
မစ်ရှင်များကို အောင်မြင်အောင် ဆောင်ရွက် နိုင်သော ခွန်အား ရှိနေပါက မည်သူမဆို လက်ခံ ဆောင်ရွက်မည် ဖြစ်ပေသည်။
စည်းမျဥ်းများနှင့် ပတ်သက်ပါက .....၊ ဝမ်ယန် ကဲ့သို့ တစ်စုံ တစ်ယောက်သည် ပင်လျှင် စည်းမျဉ်းများကို ဖောက်ဖျက် နိုင်သည် ဖြစ်ရာ၊ မည်သည့် အတွက်ကြောင့်၊ ၎င်းတို့ကို လင်းယွန်က ဂရုစိုက် နေရ မည်နည်း။
ကျင့်ကြံခြင်း လမ်းခရီးတွင် နှလုံးသား ဆန္ဒကို လိုက်နာခြင်းဖြင့် စည်းမျဉ်း များအား ဖောက်ဖျက် ရမည် ဆိုပါက နောက်တွန့် နေမည် မဟုတ်ပေ။
ခွန်အား ရှိသော်လည်း သံကြိုး များဖြင့် ချည်နှောင်ထား ရပါလျှင် ယင်း၏ အနှစ် သာရမှာ ပျောက်ဆုံး သွားမည် မဟုတ်ပါလော။
" သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
'' သေမျိုးအဆင့် သုံးဆယ့်ခြောက်က ယီလျူယွင်ကို သတ်ခဲ့တဲ့ လင်းယွန်ပဲ၊ သူက အဆင့် သတ်မှတ်ချက်ကို တရားဝင် စိန်မခေါ်ဖူး ဆိုတော့ ဒါက စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ ကြံရွယ် နေတာလား”
"လင်းယွန်က ထိပ်တန်း (၁၀) ယောက်နဲ့ ယှဉ်နိုင်မယ်လို့ ထင်လား"
လင်းယွန်က (A) အဆင့် ရှိသော မစ်ရှင်နံရံ ဆီသို့ ဦးတည် သွားနေသည်ကို တွေ့လိုက် ရသော အခါ အားလုံး တုန်လှုပ်သွား ကြ၏။
မစ်ရှင်ခန်းမတွင် မစ်ရှင် အမျိုးမျိုး ရှိကြပြီး၊ အချို့မှာ ၎င်းတို့ အတွက် ပြဿနာ များကို ဖြေရှင်းရန် မျိုးနွယ်စု များမှ အကူအညီ တောင်းလာသော ကိစ္စများ ဖြစ်ပြီး၊ ကျန်သော ပြဿနာ အနည်းငယ်သည် ဂိုဏ်းက ထုတ်ပြန် ထားခြင်း ဖြစ်သည်။
(A)၊ (B)၊ (C) နှင့် (D) အဖြစ် အဆင့် သတ်မှတ်ခြင်း အပြင် မစ်ရှင်များကို ကြယ်ပွင့်များ ဖြင့်လည်း ခွဲခြားထားသည်။
အဆင့် သတ်မှတ် ထားသော မစ်ရှင် များမှာ ရှားပါး လှပြီး၊ ၎င်းတို့ အနက်မှ မစ်ရှင် နှစ်ဆယ် ခန့်သာ လင်းယွန်ကို ဆွဲဆောင် နိုင်သည်။ သစ်သား ကမ္ပည်းပြား များမှာ တရွေ့ရွေ့ နည်းပါးလာ ကြသည်။
အချို့သော မစ်ရှင်များမှာ သူ့အတွက် အမှီအခို ကင်းစွာ ပြီးမြောက်ရန် မဖြစ်နိုင် သော်လည်း၊ အချို့မှာ အချိန် အလွန် ယူရမည် ဖြစ်သည်။
(A) အဆင့်ရှိသော မစ်ရှင်များမှာ ထင်သလောက် ဆွဲဆောင်မှု မရှိခဲ့ပေ။ သို့သော် မစ်ရှင်တစ်ခုကို မြင်သော အခါတွင် ရုတ်တရက် လင်းယွန်၏ မျက်လုံးများ တောက်ပ လာတော့သည်။
[ မစ်ရှင် - အေ
သွေးအဆီ အနှစ် (၅၀)ကို စုဆောင်းရန်။
ခက်ခဲမှု အဆင့် - ကြယ်ငါးပွင့်။ ]
[ ဖော်ပြချက်-
သွေးဝံပုလွေ များသည် နက်နဲ နယ်မြေ၏ တတိယ အဆင့်ရှိ နတ်ဆိုး သားရဲများ ဖြစ်ပြီး၊ ၎င်းတို့ကို တိမ်မိစ္ဆာ တောင်တန်းတွင် တွေ့ရှိနိုင်သည်။
ဦးကင်းထိပ်တွင် ရှိသော အရိုးများတွင် အလွန် အသုံးဝင်သော သွေးအဆီ အနှစ်များ ပါရှိသည်။
၎င်းတို့ကို အသုံးအဆောင် ပစ္စည်းများ၊ မှော်ဆေးလုံးများ၊ သို့မဟုတ် ရှေးဟောင်း ပစ္စည်းများ အဖြစ် သန့်စင်နိုင်၏။ ]
[ ဆုလာဘ်-
- စွမ်းဆောင်ရည် အမှတ် (၃၀၀၀)၊
- အဆင့်မြင့် နက်နဲဆေးလုံး (၁၀၀)၊
- ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၂၀၀)။ ]
( ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း လား။)
လင်းယွန်က အတွေးနက် သွား၏။ ဝိညာဉ် ကျောက်စိမ်း များကို အဆင့် ကိုးဆင့် အထိ ခွဲခြား ထားသည်။ အတန်းမြင့် လေလေ၊ သန့်စင်ရ ခက်ခဲ လေလေ ဖြစ်သည်။
သာမန် နည်းလမ်း များဖြင့် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ ရရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။
အခြားသော ကြယ်ငါးပွင့် မစ်ရှင်များကို ဆက်လက် ကြည့်ရှုခဲ့ပြီး၊ (A) အဆင့် ရှိသော ကြယ်ငါးပွင့် မစ်ရှင် များသည်သာ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အနည်းငယ်ကို ဆုချီးမြှင့်မည် ဖြစ်သည်။
( အခု လောလောဆယ် ဆေးလုံးတွေကို မသုံး သေးဖူးလို့ ဆုံးဖြတ် ထားတယ် ဆိုတော့ ဝိညာဉ် ကျောက်စိမ်း တွေကပဲ ငါ့အတွက် အသုံးဝင် နိုင်မယ် )
အတွေး ဆုံးသည်နှင့် လင်းယွန်က (A) အဆင့်ရှိသော ကြယ်ငါးပွင့် မစ်ရှင် လေးခုကို လှမ်းယူ လိုက်သည်။
နံရံတွင် (A)အဆင့် မစ်ရှင်များစွာ မရှိသဖြင့် လင်းယွန်က ထိုလေးခုကို ယူလိုက်သော အခါတွင် မစ်ရှင် အရေအတွက်မှာ ချက်ချင်း ကျဆင်း သွားသည်။
လင်းယွန်ကို လှမ်းကြည့်မိသော သင်းထောက်က အံသြ သွား၏။
" ကြယ်ငါးပွင့် မစ်ရှင်တွေ ဘယ်မှာလဲ၊ ဘာလို့ တစ်ခုမှ မရှိ ရတာလဲ။"
လင်းယွန်နှင့် ဟွမ်ဖူဂျင်းရှန်တို့ ထွက်ခွာ ကာနီးတွင်၊ ရုတ်တရက် ဟောက်သံ တစ်သံ ထွက်ပေါ်လာ ခဲ့လေသည်။ ထိုအသံ နှင့်အတူ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက် များကိုလည်း ခံစားလိုက် ရ၏။
မီးခိုးရောင်ဝတ် လူငယ် တစ်ဦးက အလိုမကျသော အမူအရာဖြင့် အေနံရံ ရှေ့တွင် ရပ်နေ ခဲ့သည်။
" ဘယ်ကောင်က ကြယ်ငါးပွင့် မစ်ရှင်ကို ယူလိုက်တာလဲ။ "
ထိပ်တန်း (၁၀) ဦး သည်ပင် ကြယ်ငါးပွင့် မစ်ရှင် အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ဆောင်ခြင်း မပြုရန်၊ တိတ်တဆိတ် သဘော တူညီချက် တစ်ခု ရှိခဲ့သည်။
ထို့ကြောင့် ဖြစ်နိုင်ခြေ ရှိသည်မှာ၊ တစ်စုံ တစ်ယောက်သည် သတ်မှတ် ထားခြင်း မရှိသော စည်းမျဉ်းကို ဆန့်ကျင်ပြီး၊ ကြယ်ငါးပွင့် မစ်ရှင် အားလုံးကို ရယူသွား ခဲ့ခြင်းပင် ဖြစ်သည်။
ခန်းမထဲက တခြားသော တပည့်များက ကြောက်ရွံ့ တုန်လှုပ် သွားကြကာ၊ တစ်ချိန်တည်း မှာပင် လင်းယွန်က ကြယ်ငါးပွင့် မစ်ရှင်အားလုံးကို ယူဆောင် သွားသည့် အတွက် အံ့သြ သွားခဲ့သည်။
သူတို့ အားလုံး၏ မျက်ဝန်းများမှာ လင်းယွန် ထံသို့ မရည်ရွယ်ပဲ စုပြုံ ကျရောက် သွားတော့ လေသည်။
(B) အဆင့်မစ်ရှင် နံရံရှေ့တွင် ရပ်နေသော ဟွမ်ဖူ ဂျင်းရှန် ပင်လျှင် အမူအရာများ သိသိ သာသာ ပြောင်းလဲ သွား၏။
မီးခိုးရောင် ၀တ်စုံဖြင့် လူငယ်မှာ သေမျိုး အဆင့်တွင် နံပါတ် (၁၀)၌ ရပ်တည် နေနိုင်သော ကျန်းလဲ့ ဖြစ်လေသည်။
ဤသူသည် သူ့ဒေါသ များကို ဖော်ပြရာ၌ ရက်စက်သော နည်းလမ်းများကို အသုံးပြု သည်ဟု လူသိများ၏။
ထို့အပြင်၊ 'ကျောက်စိမ်း မီးလျှံဓား' နည်းစနစ်ကို အဆင့်မြင့် ကျွမ်းကျင်မှု ရရှိအောင် စွမ်းဆောင် ထားနိုင် ခဲ့သည်။ ကျန်းလဲ့က အနားရှိ လူတစ်ယောက်ကို ဖမ်းယူ လိုက်ပြီး၊
“ပြောစမ်း၊ ကြယ်ငါးပွင့် မစ်ရှင်ကို ဘယ်သူ ယူသွားလဲ ”
ဆုပ်ကိုင်ခံ ထားရသော လူငယ်မှာ ချွေးသီးများ ပါးပြင် ပေါ်သို့ လိမ့်ဆင်း လာပြီး၊ အသက်ရှု ကြပ်လာ၏။
“ပြော စမ်း.... ”
“ စီနီယာအစ်ကို ကျန်း၊ ငါတကယ် မသိပါဘူး… ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ …”
သူက လင်းယွန်၏ နာမည်ကို ထုတ်မပြော ရဲပေ။ လင်းယွန် သည်လည်း သူအပြစ် ပြုရန် မစွမ်း နိုင်သော တည်ရှိမှု မျိုးပင် ဖြစ်လေသည်။
" မင်းက သေချင်နေတာပဲ "
လူသတ်လိုသော အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး၊ ကျန်းလဲ့၏ မျက်နှာမှာ တင်းမာ နေခဲ့သည်။
ခန်းမထဲရှိ သင်းထောက်က သည်မြင်ကွင်းကို လျစ်လျူရှု ထား၏။ ၎င်းသည် သူ့အတွက် သာမာန် အရေး ကိစ္စ များသာ ဖြစ်ပြီး၊ တစ်စုံ တစ်ယောက်ကို မသတ် သရွေ့ တပည့်များ ကြားရှိ ပဋိပက္ခ များတွင် ဝင်ရောက် စွက်ဖက်မည် မဟုတ်ချေ။
ဂိုဏ်းတွင် တောတွင်း ဥပဒေများကို လိုက်နာကြပြီး၊ သန်မာသူ များက အားနည်းသူ များထံမှ လုယူ ကြ၏။
ဂိုဏ်းပြင်ပတွင် သည်ထက် ပိုရက် စက်သော ဖိနှိပ်မှု များပင် ရှိသည် ဖြစ်ရာ၊ သတ်ဖြတ် ခြင်းကို တားမြစ်ခြင်းဖြင့် လုံလောက် နေပြီ ဖြစ်သည်။
“ သူ့ကို လွှတ်လိုက်ပါ၊ ကြယ်ငါးပွင့် မစ်ရှင် တွေကို ငါယူ လိုက်တာ...''
လင်းယွန်က မျက်ခုံးပင့်ကာ ရှေ့သို့ တိုးသွား လိုက်သည်။
ကျန်းလဲ့က ဆုပ်ကိုင်ထားသော လူငယ်ကို တွန်းထုတ် လိုက်ပြီး၊ အသံရှင်ထံ လှည့်ကြည့် လာသည်။
"လင်းယွန် "
“ ဟုတ်တယ် ငါ လင်းယွန်ပါပဲ”
ဟု ပြန်ဖြေ လိုက်၏။
" ယီလျူယွင်ကို သတ်နိုင် တာနဲ့ပဲ၊ ထိပ်တန်း (၁၀) ယောက်ကို လျစ်လျူရှု နိုင်မယ်လို့ မင်း ထင်နေ တာလား။ "
ကျန်းလဲ့က လင်းယွန်ကို အေးစက်စွာ ကြည့်လိုက်သည် ။
“ ကြိုက်သလို တွေးနိုင်ပါတယ်၊ မစ်ရှင်တွေကို မယူ ရဖူးလို့ ဂိုဏ်းက စည်းမျဉ်း မသတ်မှတ် ထားဘူး၊ ဒါကြောင့် မင်း မကြေနပ်ရင် ငါနဲ့ ဖြေရှင်းပါ၊ အပြစ်မဲ့တဲ့ သူတွေကို ပြဿနာ မလုပ်ပါနဲ့ ”
" ဘယ်လောက်တောင် ရိုင်းပျ လိုက်လဲ "
ကျန်းလဲ့က ဟစ်အော်လိုက်ကာ၊
“ ဒီအတွက် သတ်မှတ် ထားတဲ့ စည်းမျဉ်းတွေ မရှိဘူး၊ ဒါပေမယ့် သေမျိုး အဆင့်နဲ့ မြေကြီး အဆင့် တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်၊ မင်းက သေမျိုး အဆင့်မှာ ရှိနေတာကြောင့် ဒါကို လိုက်နာ ရမယ်၊ ယီလျူယွင်လို အမှိုက်တစ်ကို အနိုင်ယူ နိုင်တာနဲ့ပဲ၊ မောက်မာခွင့် ရှိပြီ ထင်နေလား၊ မင်းရဲ့ ဓားကို ငါ့ရှေ့ ဆွဲဖို့တောင် အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး။ ”
“ မင်းတို့ရဲ့ စည်းမျဉ်းတွေကို ငါစိတ်မဝင် စားဘူး၊ (A) အဆင့်ရှိတဲ့ မစ်ရှင်တွေကို နံရံမှာ ချိတ်ဆွဲ ထားတယ်၊ ငါ ရယူ လိုက်တယ်၊ ဒါပါပဲ ... ဒီအတွက် မင်း ငါ့ကို စိတ်မပူ သင့်ဘူး"
လင်းယွန်က ပြောပြီးသည်နှင့် လှည့်ထွက် လိုက်သည်။
“ နောက်ဆုံး သတိ ပေးမယ်၊ မင်း ယူ ခဲ့တဲ့ မစ်ရှင် တွေကို လွှဲပြောင်း ပေးလိုက်ပါ၊ မဟုတ် ရင် ကျိုးဆက်ကို မင်း ပေးဆပ် ရလိမ့်မယ် ”
" မင်းက စဉ်းစား ဆင်ခြင် နိုင်တဲ့ ပုံ မရ ပါလား "
လင်းယွန်က ဟန့်တား ခြိမ်းခြောက် လာသည့် ကျန်းလဲ့၏ စကားများကြောင့် ပြုံးကာ၊ ထမ်းပိုး ထားသော ဓားသေတ္တာကို ကြမ်းပြင် ပေါ်သို့ ဖြုတ်ချ လိုက်၏။
ဓားသေတ္တာ၏ လေးလံသော ဝန်ကြောင့်၊ မစ်ရှင်ခန်းမ တစ်ခုလုံး၊ ရုတ်တရက် တုန်ခါ သွားခဲ့ တော့သည်။
***