တိမ်မိစ္ဆာ တောင်တန်း။
Vol. 18 Ch. 241
ဓားသေတ္တာနှင့် ကြမ်းပြင် ရိုက်ခတ် သံကြောင့် လူအုပ်ကြီးမှာ ထိတ်လန့် သွား၏။
လင်းယွန်က ကျန်းလဲ့အား လှည့်ကြည့် လိုက်သည်။
သူတို့ နှစ်ယောက်ထံမှ အကြည့် များတွင် လေထဲ၌ ဓားနှစ်ချောင်း ထိပ်တိုက် ရိုက်ခတ် မိသွား သလိုမျိုး၊ ခံစားချက်များ ပေးစွမ်း လာခဲ့သည်။
" ငါပဲ သူ့ကိုဖြေရှင်းမယ်.... '
လင်းယွန်ကို တိုက်ခိုက်ရန် ပြင်လိုက်သော သူ့အဖော် နှစ်ယောက်ကို ကျန်းလဲ့က ဟန့်တားလိုက်ကာ၊ ပြုံးရယ် ပြပြီး၊
“ ငါတို့ ကြားက ခြားနား ချက်ကို မင်း သိပုံ မရဘူး၊ ကောင်းပြီ၊ ငါ မင်းကို ကိုယ်တိုင် ခံစားခွင့် ပေးမယ်။ "
နက်နဲ စတုတ္ထ အဆင့်တွင် အရှိန်အဝါကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး၊ မျက်စိ တစ်မှိတ် အတွင်းမှာပင် လင်းယွန် ရှေ့သို့ တိုးဝင်လျက် လက်သီးဖြင့် ထိုးချ လိုက်၏။ သူ့လက်သီး များတွင် မီးလျှံများ စူးရှစွာ တောက်လောင် နေခဲ့သည်။
" ဘယ်လောက်တောင် မြန်လိုက်လဲ "
ဟွမ်ဖူဂျင်းရှန်က အံ့သြသွားကာ ရေရွတ်လိုက်မိသည်။ ကျင့်ကြံမှု အဆင့်ကို အားကိုးကာ၊ ရွေ့လျားမှု နည်းစနစ်၏ အမြန်နှုန်းဖြင့်၊ လှုပ်ရှား လာသည်ကြောင့်၊ ကျန်းလဲ့၏ လက်သီးကို အမှီ လိုက်ကြည့် နိုင်သော လူများမှာ အနည်းငယ်သာ ရှိလေသည်။
ဟွမ်ဖူဂျင်းရှန် သည်ပင် ထိုလက်သီး ချက်ကိုရှောင်တိမ်း နိုင်ခြင်း မရှိချေ။ သူပင် မက မစ်ရှင်ခန်းမ ထဲရှိ လူအများ သည်လည်း လင်းယွန်အစား သက်ပြင်းချ လိုက်ကြ လေသည်။
တစ်ဖက်တွင်၊ ကျန်းလဲ့၏ အဖော် နှစ်ယောက်သည် လင်းယွန်မှာ ကျန်းလဲ့ကို ရန်စခြင်းဖြင့်၊ အလွန် မိုက်မဲ လွန်းသည် ဟူသော အပြုံးကို ထုတ်ဖော်လိုက် ကြသည်။
လက်သီး ချက်ကြောင့် ကြီးမားသော ပေါက်ကွဲမှုများ အောက်တွင် လင်းယွန်၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ကွဲသွား နိုင်လေသည်။
" ညီအစ်ကိုလင်း "
ဟွမ်ဖူဂျင်းရှန်က ထိတ်လန့်စွာ အော်ဟစ် သတိပေးသံ နှင့်အတူ၊ ကူညီရန် ပြင်လိုက် သော်လည်း၊ တစ်စုံတစ်ခု မူမမှန်ဟု ထင်ရ သောကြောင့် ရုတ်တရက် ရပ်တန့် သွားသည်။
လင်းယွန်က ကျန်းလဲ့ မရောင်လာခင်၊ ရှေ့သို့ တိုးဝင်သွားကာ၊ ကျန်းလဲ့ ရှေ့၌ ရုတ်တရက် ထွက်ပေါ် လာသည်ကြောင့်၊ လူတိုင်းက ထိတ်လန့်သွား ကြသော်လည်း၊ ၎င်းသည် နောက်ကွယ်မှ ပုံရိပ်ယောင် တစ်ခုသာ ဖြစ်ကြောင်း နားလည်လိုက် ကြသည်။
" အပေါစား လှည့်ကွက်တွေ "
ကျန်းလဲ့က လင်းယွန်၏ တိုးဝင်လာသော ပုံရိပ်ကို ကြည့်ကာ ဟစ်အော် လှောင်ပြောင် လိုက်သည်။ မူလ စွမ်းအင် များသည် သူ၏ ခန္ဓာကိုယ် အတွင်းတွင် လှည့်ပတ်လာပြီး၊ သေမျိုး အဆင့် ထိပ်တန်း (၁၀)ဦး စာရင်း ဝင်သော၊ သူ့ ခွန်အားကို ပြသ လာခဲ့သည်။
ရုတ်တရက် ရှေ့သို့ လက်သီးကို အတွဲလိုက် တွန်းထုတ် လိုက်ပြီး၊ လင်းယွန်၏ နောက်ဆက်တွဲ ပုံးရိပ် သုံးရိပ်ကို ဖြိုခွဲ လိုက်သည်။
သို့သော် စတုတ္ထ ပုံရိပ်ကို ဖျက်ဆီး ခါနီးတွင်၊ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွား၏။
" မင်းရဲ့ ဓားကိုဆွဲ ......မဟုတ်ရင် မင်းရဲ့ လက်သီးက ငါ့ကို ခြိမ်းခြောက်လို့ မရဘူး။"
-ဟူသော အသံ နှင့်အတူ ပဉ္စမမြောက် လင်းယွန်က ထွက်ပေါ်လာပြီး၊ ကျားနဂါး လက်သီးဖြင့် ထိုးချပစ် လိုက်သည်။
ကြီးမားသော ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက် မိသော အခါတွင် ကျန်းလဲ့မှာ နောက်သို့ ခြေသုံးလှမ်း ဆုတ်သွား ခဲ့ရသည်။
မူလစွမ်းအင် များကို တဟုန်ထိုး ထုတ်ဖော်လိုက်ပြီး လင်းယွန်၏ လက်သီးချက်မှ ဝင်ရောက် လာသော ခန္ဓာကိုယ် ထဲရှိ စွမ်းအင်များကို ချေမှုန်းပစ် လိုက်ရသည်။ အတွင်း ဒဏ်ရာ ရခြင်း မရှိခဲ့ သော်လည်း၊ ရလာဒ်ကြောင့် အလွန် အရှက်ရ သွားခဲ့သည်။
" မဆိုးပါဘူး၊ မင်းမှာ အရည်အချင်းတော့ ရှိသားပဲ၊ သုံးလအတွင်း ဒီအထိ ရောက်လာမှတော့ မာနကြီးတာ အံ့သြ စရာတော့ မဟုတ်ပါဘူး။ ”
ကျန်းလဲ့၏ မျက်နှာမှာ မည်းမှောင်သွားပြီး၊ သိုလှောင်အိတ် အတွင်းပိုင်းမှ ရှေးဟောင်း လက်နက် တစ်ခုကို ထုတ်ယူခဲ့သည်။
ဤအခိုက်တွင် လင်းယွန်၏ မျက်နှာမှာ တည်ငြိမ် သွား၏။ ကျန်းလဲ့ကို မထီမဲ့မြင် မပြုဝံ့တော့ပေ။
ထိပ်တန်း ဆယ်ယောက်မှာအမှန်တကယ်ပင် သန်မာလှ၏၊ သူတို့၏ အစောပိုင်း တိုက်ပွဲအရ ကျန်းလဲ့မှာ ယီလျူယွင်ထက် များစွာ သန်မာလှကြောင်း သိသာနေ ခဲ့သည်။
အသက်စွမ်းအင် များကို သူ့မူလ စွမ်းအင်၌ ပေါင်းစပ် နိုင်ခဲ့ သော်လည်း ကျန်းလဲ့နှင့် ယှဉ်ပြိုင်ရာ၌ အသာစီး မရ နိုင်ခဲ့ပေ။
နှစ်ယောက်သား တင်းမာသော လေထုအောက်တွင် ရင်ဆိုင်ခဲ့ ကြကာ၊ သူတို့ကြား တိုက်ပွဲကို ရှောင်လွှဲ လိုခြင်း မရှိ။
ဓားကို လက်မ ဝက်ခန့် ဆွဲထုတ် လိုက်သည်နှင့် ခန်းမ တစ်ခုလုံးကို အလင်းရောင်များ ဖုံးလွှမ်းသွား စေခဲ့သည်။
သို့သော် ကျန်းလဲ့က ဓားကို အပြည့် အဝ ထုတ်ဖော် တော့မည့် အချိန်မှာပင်၊ ရန်ပွဲကို လျစ်လျူရှု ထားသော သင်းထောက်က မျက်မှောင်ကြုတ် လျက်၊
“ဒါဆို လုံလောက်ပြီ၊ မင်းတို့ နှစ်ဦးက မစ်ရှင်ခန်းမကို အသက် သေခြင်း စင်မြင့် အဖြစ်ပြောင်းလဲဖို့ ရည်ရွယ် နေတာလား၊ မင်းတို့ရဲ့ ရန်စ တွေကို ဖြေရှင်းချင်ရင်၊ ဒီကနေ ထွက်သွားလိုက်ပါ၊ မစ်ရှင်တွေကို လက်ခံချင်တဲ့ အခြား သူတွေလည်း ရှိသေးတယ် ”
ဟု ဆိုကာ၊ အေးစက်သော လေသံဖြင့် မောင်း ထုတ်လိုက်သည်။
ကျန်လဲ့က သွားများကို ကြိတ်ကာ နောက်ဆုတ် ပေးလိုက်သည်။ သင်းထောက်ကို သူ မလွန်ဆန် ဝံ့ချေ။ ဓားကို သိုလှောင်လက်စွပ် ထဲသို့ ပြန်သိမ်း လိုက်ကာ ခန်းမထဲမှ ထွက်သွားတော့၏။ လင်းယွန် အနား ဖြတ်လျှောက် သွားသော အခါတွင် သူက၊
"မင်းဒီလို ကံကောင်း နေပါစေလို့ ငါအမြဲတမ်း မျှော်လင့်မိပါတယ်၊ ကြယ်ငါးပွင့် မစ်ရှင်ကို ရယူပြီးရင် ဒီလောက် လွယ်ကူမယ်လို့ မထင်လိုက်ပါနဲ့၊ မင်း အသက်ရှင်လျက်၊ ပြန်လာ နိုင်မယ် ဆိုတာ ငါမယုံဘူး…”
လင်းယွန်က ပြန်လည် တုန့်ပြန်ခြင်း မပြုတော့ပဲ၊ ဓားသေတ္တာကို ထမ်းပိုးလိုက်ကာ ထွက်ခွာသွားတော့သည်။
ခဏအကြာတွင် ရှင်းယန်ကို နှုတ်ဆက်ပြီး ထွက်ခွာရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မိုချန် နှင့် ရှင်းယန်က ရှုပ်ထွေးသော အကြည့်များဖြင့် နဂါးသွေး မြင်းကို စီးလျက်၊ ထွက်ခွာသွားသော လင်းယွန်ကို ကြည့်လိုက် ကြသည်။
အချိန် အတော်ကြာ ပြီးနောက် မိုချန်က သက်ပြင်းချကာ၊
" စီနီယာအစ်မ၊ သူက နည်းနည်းတော့ စိတ်မြန်လွန်းတယ် မဟုတ်လား"
" စိတ်မြန်တယ်လား၊ သူ့ရဲ့ အသွင်အပြင်ကြောင့် မင်း အလှည့်စား မခံရစေနဲ့။ "
ရှင်းယန်က ပြုံးလိုက်ပြီး။
" ယီလျူယွင်ကို အနိုင်ယူတုန်းက ဓားတောင် သူ မသုံးခဲ့ဘူး၊ ဆိုလို တာက သခင့်ဓားကို မသုံးဘဲ ယီလျူယွင်ကို အနိုင်ယူ နိုင်တယ်၊ အဲဒါ ဘာကို ဆိုလိုတာလဲ မင်း သိလား"
"ဘာများလဲ "
“ ဂျူနီယာမောင်လေးက သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက် မဟုတ် ပေမယ့် သူတို့နဲ့ ညီမျှတဲ့ ခွန်အား ရှိနေတယ်၊ ထိပ်တန်း ဆယ်ယောက် ထဲက ကျန်းလဲ့က ဒါကို သက်သေပြ ခဲ့တယ် မဟုတ်လား.... ''
ရှင်းယန်က လေးလေးနက်နက် တွေးတော နေခဲ့ ပြီးနောက်၊
“ ဂျူနီယာလင်းက ဘယ်တုန်းကမှ စိတ်မြန် ခဲ့တာ မဟုတ်ပါဘူး၊ သူ့မှာ ပြီးအောင် လုပ်ဖို့ ခွန်အား မရှိဘူး ဆိုတာ သိရင်၊ ဘာမစ်ရှင် ကိုမှ လက်ခံမှာ မဟုတ်ဘူး၊ ဒါပေမယ့် သူ့မှာ ခွန်အားရှိ နေရင်တော့ မတူတော့ဘူး၊ ဝမ်နင် ကိုတောင် သတ်ရဲတဲ့ သူ တစ်ယောက်မို့ ဒီလို စည်းမျဉ်း တွေကို ဘာလို့ ဂရုစိုက်နေ ရမှာလဲ"
ရှင်းယန်၏ ရှင်းပြ လာမှုကြောင့် မိုချန်က နားလည် သွားသော အခါတွင် တိတ်ဆိတ် သွားမိသည်။ ဖူလင်တန်၏ လက်ဖဝါးကြောင့် ဒဏ်ရာ အနည်းငယ် မျှပင် ရရှိသွားခြင်း မရှိခဲ့သည်ကို ပြန်လည် သတိရ လိုက်မိသည်။
လင်းယွန်သည် ထိပ်ဆုံး ဆယ်ယောက်နှင့် ယှဉ်နိုင်သော ခွန်အား ရှိနေပြီ ဖြစ်ကောင်း ဖြစ်နိုင်ကာ၊ အဆင့် သတ်မှတ်ချက် များကို စိန်ခေါ်ဖို့ရန် ပျင်းရိ နေခဲ့ ပုံရသည်။
“ဒါပေမယ့် (A)အဆင့် ရှိတဲ့ ကြယ်ငါးပွင့် မစ်ရှင် လေးခုကို ရယူတာက အန္တရာယ်ရှိ နေတုန်းပဲ…”
မိုချန်က စိုးရိမ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် သူ့ကိုယ်သူ အားကိုးရမယ်၊ မဟုတ်ရင် အသက်နဲ့ သေခြင်း ကို မဖြတ်ကျော်နိုင်ပဲ ဘယ်လိုလုပ် သန်မာ လာနိုင်ပါ့ မလဲ။ မဟာချင် အင်ပါယာမှာ ဓားနန်းတော်တစ်ခုထဲ ရှိတာမှ မဟုတ်တာ၊ ခရီးက အရှည်ကြီး ကျန်ရှိ နေသေးတယ်၊ စောစောစီးစီး သိမြင် ထားနိုင်တာက ကောင်းပါတယ်။”
ရှင်းယန်က ရှင်းပြ လိုက်သည် ။
တိမ်မိစ္ဆာ တောင်တန်းသည် မဟာချင် အင်ပါယာတွင် အန္တရာယ် များဖြင့် ပြည့်နှက် နေသော နယ်မြေကြီး အဖြစ် လူသိများ လှပေသည်။
အဆုံးမရှိသော တောင်တန်းကြီးတွင် အမှောင် စွမ်းအင် များဖြင့် ဖုံးအုပ်ထား သောကြောင့်၊ ၎င်း၏ အမည်ဖြစ်သော တိမ်မိစ္ဆာ တောင်တန်း ဟူသော အမည်ကို ရရှိထား ပုံရသည်။
တောင်တန်းကြီးတွင် မရေမတွက် နိုင်သော သက်တမ်းရင့် သစ်ပင်များ၊ နတ်ဆိုး သားရဲများနှင့် ထာဝရ အမှောင်များ ဖုံးလွှမ်း ထားလေသည်။
တောင်ခြေ တောအုပ် အတွင်းရှိ နတ်ဆိုး သားရဲများ ပင်လျှင် နက်နဲ နယ်ပယ်တွင် ရှိနေ ကြ၏။ ခရမ်းရောင် နန်းတော် နယ်မြေ နတ်ဆိုး သားရဲ များမှာ တောင်တန်း၏ နက်ရှိုင်းသော နေရာများတွင် ရှိနေခဲ့သည်။
ထို့ပြင် 'ကောင်းကင်ဘုံ ဝိညာဉ်နယ်ပယ်' ရှိ နတ်ဆိုး သားရဲများပင် ရှိနေပြီဟု ကောလဟာလများ ထွက်ပေါ်လာ ဖူးလေသည်။
တောင်တန်း တစ်ခုလုံးတွင် အမှောင်စွမ်းအင်များ သိပ်သည်းစွာ ဖုံးလွှမ်း နေ၏။
နတ်ဆိုး သားရဲများ တွင်လည်း မိစ္ဆာဆန်သော စရိုက် လက္ခဏာများ ပါရှိသောကြောင့် ၎င်းတို့သည်၊ ပြင်ပ ကမ္ဘာရှိ နတ်ဆိုး သားရဲများထက် ပိုမို အားကောင်း ကြသည်။
ဥပမာအားဖြင့်၊ ဤနေရာရှိ နက်နဲ တတိယ အဆင့်၊ နတ်ဆိုး သားရဲ များသည်၊ ပြင်ပ ကမ္ဘာမှ နက်နဲ စတုတ္ထ အဆင့်ရှိ၊ နတ်ဆိုး သားရဲများနှင့် ခွန်အားချင်း ညီမျှလေသည်။
နောက်တဖန် အန္တရာယ်များတွင် အခွင့်အရေးများ တွဲလျက် ပါရှိ နေတက်သည် ဖြစ်ရာ၊ ဂိုဏ်းကြီးလေးဂိုဏ်း၊ 'ကောင်းကင်ဘုံ ချင်အင်စတီကျူ' နှင့် မျိုးနွယ်စု အသီးသီးမှ လက်ရွေးစင် ကျင့်ကြံ သူများသည် တိမ်မိစ္ဆာ တောင်တန်းသို့ စွန့်စားခန်း ခရီးစဉ်များ မကြာခဏ ဆိုသလို ထွက်လာတက် ကြသည်။
တိမ်မိစ္ဆာ တောင်တန်း နယ်နိမိတ်တွင်၊ အနက်ရောင် မြူများ ပျံ့လွင့် ဖြစ်ပေါ် နေ၏။ ထိုမြူများ၏ သိပ်သည်းမှုများ အရ၊ နက်နဲ နယ်ပယ်ရှိ အဆင့်မြင့် သိုင်းသမား များပင်လျှင် မီတာ တစ်ထောင် အကွာရှိ မည်သည့် အရာကိုမျှ မမြင်နိုင်ပေ။
လူငယ်တစ်ဦးနှင့် ကြက်သွေးရောင် မြင်းတစ်ကောင်သည် မြင့်မားသော သစ်ပင်ကြီး တစ်ပင် အောက်တွင် နတ်ဆိုးသားရဲ အသားကို ကင်စား နေပေသည်။ လူငယ်၏ မျက်နှာ သွင်ပြင်တွင်၊ ရင့်ကျက် တည်ငြိမ် လာသောအမူအရာ များကို ပြသနေ၏။
နဂါးသွေးမြင်းဖြင့်ပင် ဤနေရာသို့ ရောက်ရန် ဆယ်ရက်ခန့် ကြာညောင်း ခဲ့သည်။
တိမ်မိစ္ဆာ တောင်တန်းကြီးသည် ကောလဟာလ များကဲ့သို့ပင် အန္တရာယ်များ ပြည့်နှက် နေည်ကို သိလိုက်ရသည်။
တောင်ခြေ အစပ်နေရာ တိုင်းတွင်၊ နက်နဲအဆင့် သားရဲများ ရှိနေကြပြီး၊ ရှန်ရှင်း သိုင်းသမားများ အတွက် ခြေချ နိုင်စရာ နေရာ မရှိပေ။ နက်နဲ နယ်မြေရှိ သိုင်းသမားများပင် သည်နေရာ၌ သတိထားရ ပေမည်။
“မင်း တကယ် စားလို့ ရတယ် ဟုတ်လား …”
လင်းယွန်က နဂါးသွေးမြင်းကို ကြည့်ကာ၊ ပြုံးလိုက်သည်။ ဤမြင်းမိုက်သည် သံမဏိ ဝက်ဝံကို သုံးပုံတစ်ပုံ နည်းပါး စားပစ်ခဲ့သည်။
စားသောက်ပြီးသည်နှင့် လင်းယွန်က ခြေထောက်များကို ချိတ်ကာ ထိုင်ချ လိုက်၏။
ခဏအကြာတွင် သူ မျက်လုံးများ ပြန့်ဖွင့် လိုက်ကာ၊
'' နဂါးလေး ကစား ကြစို့ "
ဟု ဆို လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်း သူတို့ တစ်ကောင်နှင့် တစ်ယောက်သည် ရံဖန်ရံခါ ဆိုသလို အချင်းချင်း တိုက်ခိုက် နေတတ် ကြသည်။
နဂါးသွေးမြင်း၏ စစ်မှန်သော နဂါးသွေး ဗီဇများကို ထုတ်ဖော်ရာ၌ တိုက်ခိုက်ခြင်းဖြင့် အကောင်းဆုံး အထောက်အကူ ဖြစ်ခဲ့သည်။
ရက်အနည်းငယ် အတွင်း လင်းယွန်၏ လမ်းညွှန်မှု အောက်တွင်၊ နဂါးသွေးမြင်းမှာ အကျိုး ကျေးဇူးများစွာ ရရှိခဲ့၏။
ထို့ကြောင့် နဂါးသွေးမြင်းသည် 'ကစား' ရအောင် ဆိုသည့် စကားကို ကြားရသည့် အခါ တိုင်းတွင် စိတ်လှုပ်ရှား လာပြီး၊ သူ၏ အထင်ကရ သွားခေါခေါ လေးကို ထုတ်ဖော်ကာ ပြုံးစ ပြုလာသည်။ လင်းယွန်က ထမရပ် နိုင်ခင်၊ နဂါးသွေးမြင်းမှာ အားအင် အပြည့်ဖြင့် ပြေးဝင် လာတော့၏။
“ မင်းက အပျော်အပါး မက်တဲ့ ငတိလေးပဲ …”
လင်းယွန်က ပြုံးလိုက်သည်။ နဂါးသွေးမြင်းသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို တစ်ကြိမ် အောင်မြင်ပြီး ကတည်းက ဤနည်းဗျူဟာကို နှစ်သက် သဘောကျ သွားခဲ့သည်။
အလစ်အငိုက် တိုက်ခိုက် ခံရမှုကြောင့်၊ လင်းယွန်က တစ်ကြိမ် ရှုံးနိမ့်ခဲ့ပြီး ဖြစ်ရာ၊ နောက်တစ်ကြိမ် ထပ်အရှုံး မခံနိုင် တော့ပေ။
လင်းယွန်က လက်သီးကို ထုတ်ကာ၊ နဂါးသွေးမြင်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်း သည့် အနေဖြင့်၊ အနားရှိ သစ်ပင်ပေါ်သို့ ခုန်တက် သွားပြီး၊ ပင်စည်အား ထိုးချ လိုက်သည်။
ထိုလက်သီးချက်သည် နက်နဲ သိုင်းနယ်ပယ်၏ စတုတ္ထ အဆင့်နှင့် နှိုင်းယှဉ် နိုင်၏။
" မဆိုးပါဘူး ထပ်ပြီး လာ ”
လင်းယွန်က မြေပြင်ပေါ်သို့ ပြန်ဆင်း သက်လိုက်ပြီး နဂါးသွေးမြင်းကို ပြုံးပြ လိုက်သည်။ နဂါးသွေးမြင်း၏ ပတ်ဝန်းကျင်တွင် ပြိုလဲ ကျနေသော သစ်ပင်ကြီး များနှင့် ပေါက်ကွဲသံများ ကြားလိုက် ရသည်။
နတ်ဆိုးသားရဲ များစွာတို့သည် ရုန်းရင်း ဆန်ခတ် မှုများကြောင့် အသံပင် မထွက် ရဲလောက်အောင် အလွန် ကြောက်ရွံ့ သွား ကြ၏။
၎င်းတို့ထဲမှ အများစုမှာ လွန်ခဲ့သော ရက်အနည်းငယ် အတွင်း နဂါးသွေးမြင်း၏ အနိုင်ကျင့် ခြင်းကို ခံခဲ့ရသော သားရဲများ ဖြစ်ပေသည်။
" မင်း ငါ့ကို အလစ်ဝင် တိုက်လို့ ရဦးမယ် ထင်နေတုန်းလား "
လင်းယွန်က 'လေးနက်သော ခြေလှမ်း (၇)လှမ်း' ကို ထုတ်ဖော် လိုက်ချိန်တွင်၊ နဂါးသွေးမြင်း၏ ဦးချို၌ အပြာရောင် လျှပ်စီးများ ပြိုးပြက် လင်းလက် လာပြီး၊ ခေါင်းငုံ့လျက် လင်းယွန်ထံ ပြေးတက်လာသည်။
" နောက်ဆုံးတော့ မင်းလေးနက်လာပြီ "
လင်းယွန်၏ အမူအရာက တည်ငြိမ်သွား၏၊ ဤသည်မှာ နဂါးသွေးမြင်း၏ အဆုံးစွန်သော လှုပ်ရှားမှု၊ 'မိုးကြိုးသွား ဆင်းသက်ခြင်း' ဖြစ်သည်။ ၎င်းသည် နက်နဲ နယ်မြေ တတိယ အဆင့်ရှိ၊ နတ်ဆိုး သားရဲများကို သတ်ပစ် နိုင်ပေသည်။
တစ်ချိန်တည်းမှာပင်၊ နဂါးသွေးမြင်း၌ နဂါးရောင်ဝါမှာ အဆင့် အသစ်သို့ ရောက်ရှိ သွားကာ၊ လျှပ်စီးကြောင်း ကဲ့သို့၊ ပြေးဝင် လာတော့၏။
ဓားသေတ္တာဖြင့် ချက်ချင်း ခုခံ ကာကွယ် ခဲ့သော်လည်း၊ သစ်ပင်ကြီး သုံးပင်ကို ချိုးဖျက်ပြီးနောက်မှ သာလျှင် ရပ်တန့်သွား နိုင်ခဲ့သည်။
နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်ယူလိုက်ပြီးနောက်၊ ကူကယ်ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်ပြီး၊
"မင်းက တကယ်ကို ရက်စက်တဲ့ ကောင်ပဲ၊ ဒါပေမယ့် နောက်ဆုံးတော့ မင်းရဲ့ မျိုးဆက်သွေး အနည်းငယ်ကို ဆွဲထုတ် နိုင်ခဲ့ပြီ။ "
နဂါးသွေးမြင်းက အရှိန်အဝါကို ရုတ်သိမ်းကာ၊ လင်းယွန် ထံသို့ လျှောက်လာ ခဲ့ပြီး ပြုံးစ ပြုလာသည်။
"ငါသိတယ်။ ငါသိတယ်။ ဒီတစ်ခါ မင်းအနိုင် ရတယ်။"
လင်းယွန်က ခေါင်းညိတ် ပြုံးပြကာ၊ သို့လှောင်အိတ် အတွင်းရှိ ဝိညာဉ် ကျောက်စိမ်း တစ်တုံးကို ထုတ်ယူ ပစ်ပေး လိုက်သည်။
နဂါးသွေး မြင်းက ၎င်းကို ဖမ်းယူ ပြီးနောက် ဝါးကာ စားလိုက်သည်။ ဤသည်မှာ နဂါးသွေးမြင်း အတွက် ထူးခြားသော ကျင့်ကြံနည်း ဖြစ်လေသည်။
ခဏတာ အနားယူပြီးနောက် မစ်ရှင် ကမ္ပည်းပြားကို ထုတ်ယူလိုက်ပြီး၊
"ငါတို့ သွေးဝံပုလွေ တွေကို နှစ်ရက်အတွင်း ရှာတွေ့ မှ ရမယ်၊ ဒါပေမယ့် သွေးအဆီ အနှစ် ငါးဆယ်ကို စုဆောင်းဖို့က မလွယ်သေး ပါဘူး"
ဟု ဆိုကာ ရေရွတ် လိုက်လေသည်။
***