ခြေတစ်လှမ်း လက်သီး ခွန်နှစ်ချက်။
Vol. 18 Ch. 242
မှောင်မဲ နေသော ကောင်းကင် ကြီးကို နေရောင် ခြည်များ ပက်ဖျန်း လာချိန်တွင်၊ လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့် လာသည်။
အရုဏ် တက်ချိန် ရောက်သော်ငြား တိမ်မိစ္ဆာတောင်တန်းသည် မှောင်ပိတ်နေ သေး၏။ သို့သော် နက်နဲ သိုင်းသမား များ၏ အမြင်ကိုမူ အဟန့်အတား ဖြစ်စေမည် မဟုတ်ပေ။
တစ်ညတာလုံး အနားယူ ပြီးနောက် နတ်ဆိုးသားရဲ၏ အသားကို အပြည့်အဝ ချေဖြတ် နိုင်ခဲ့သည်။
ပတ်၀န်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ၊ နဂါးသွေးမြင်းကို မည်သည့် နေရာတွင်မှ မတွေ့ ရတော့ သည်ကြောင့်၊ ၎င်းမှာ အခြားသော နတ်ဆိုး သားရဲများကို ရှာရန် ထွက်ခွာ သွားကြောင်း သိလိုက်သည်။
မြန်ဆန် လွန်းလှသော ဤတော ထဲရှိ နတ်ဆိုး သားရဲ များကို အမဲလိုက် ခြင်းသည်၊ နဂါးသွေး မြင်းအတွက် အကောင်းဆုံး လေ့ကျင့်မှု ဖြစ်သည်။
"သွေးဝံပု လွေကို ရှာဖွေဖို့ အချိန် ကျပြီ၊ ဒီနေရာက ငါတို့ အတွက် စိန်ခေါ်မှု မရှိတော့ဘူး။ ”
လင်းယွန်က သူ့ခြေကို မြေပြင် ပေါ်တွင်၊ ပုတ်လိုက်ပြီး အတောင်ပံ ဖြန့် ထားသော ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ လေထဲ လွင့်တက် သွားသည်။
'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို၊ ချောမွေ့စွာ အကောင် အထည် ဖော်နိုင် ခဲ့၏။
ပုံရိပ်မှာ မြင့်မားသော သစ်ပင် များကို ဖြတ်ကျော်ကာ တောထဲသို့၊ တိုးဝင်လာ သည်နှင့် အမျှ၊ လေထု ထဲရှိ အုံ့မှိုင်း မှုများက၊ ပို၍ သိပ်သည်း လာသည်။
အန္တရာယ် များကို အချိန်တိုင်း ကြုံတွေ့ ရနိုင်သည် ဖြစ်ရာ၊ သူ့ သတိကို လွှတ်ထားရန် နည်းလမ်း မရှိပေ။
တစ်ချိန်တည်း မှာပင်၊ သူ၏ အတွေ့ အကြုံများ အရ၊ ပို၍ နိုးနိုး ကြားကြား ရှိလာ ခဲ့သည်။
ရုတ်တရက် ပြေးလွှား ပျံသန်း နေစဉ်တွင်၊ နတ်ဆိုး သားရဲ များ၏ ဟောက်သံများ နှင့်အတူ၊ တိုက်ပွဲ ဖြစ်ပွား နေသော အသံကို ကြားလိုက် ရသည်။
“နတ်ဆိုး သားရဲတွေ ကြားက တိုက်ပွဲလား၊ ဒါမျိုးက ရှားတယ်၊ ကြည့်ရအောင် "
လင်းယွန်က ရုတ်တရက် တိုက်ပွဲ ရှိရာသို့ဦးတည် သွားခဲ့သည်။ ခဏ အကြာတွင် မြင့်မားသော သစ်ပင်ကြီး ပေါ်၌ ရပ်လျက် အောက်က တိုက်ပွဲကို ငုံ့ကြည့် လိုက်၏။
“အိုး၊ အဲဒါ ရက်စက်တယ်။”
သံမဏိ ဝက်ဝံနှင့် သွေးမိစ္ဆာ မျောက်ဝံ တို့၏ တိုက်ပွဲ ဖြစ်သည်။ သံမဏိ ဝက်ဝံမှာ၊ အရပ် (၃)မီတာ မြင့်ပြီး၊ သဘာဝ အကာ အကွယ်များ အဖြစ်၊ သန်မာသော အမွေးများ ရှိသည်။
၎င်းသည် တိမ်မိစ္ဆာ တောင်တန်း၏ ဆင်ခြေဖုံး နေရာ များတွင်၊ အသန်မာ ဆုံးသော နတ်ဆိုး သားရဲ များထဲမှ တစ်ကောင် ဖြစ်သည်။
သူ၏ ခုခံ ကာကွယ် နိုင်စွမ်းမှာ အလွန် အားကောင်း လှသောကြောင့်၊ နက်နဲ စတုတ္ထ အဆင့်ရှိ၊ တစ်ဦး တစ်ယောက်မျှ သူ့ပြိုင်ဘက် ဖြစ်မလာ နိုင်ပေ။
သွေးမိစ္ဆာ မျောက်ဝံ မှာမူ၊ ခြောက် မီတာခန့် အရပ် ရှည်လှပြီး၊ အနက်ရောင် အမွေးများ ဖုံးအုပ် ထားသော ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားလေသည်။
သံမဏိ ဝက်ဝံသည် ၎င်းနှင့် နှိုင်းယှဥ် ပါက၊ သားပေါက်ငယ် တစ်ကောင် ကဲ့သို့၊ သေးငယ်လှ၏။
ခုခံ ကာကွယ် နိုင်မှုတွင် ကျော်ကြား လှသော သံမဏိ ဝက်ဝံမှာ သွေးမိစ္ဆာ မျောက်ဝံ၏ လက်သီး များဖြင့် ထိုးနှက် ခြင်းကို ခံနေ ရသည်။
သံမဏိ ဝက်ဝံတွင် ဒဏ်ရာ များဖြင့် ဖုံးလွှမ်း လာသည် အထိ၊ သွေးမိစ္ဆာ မျောက်ဝံက ဆော့ကစား နေခဲ့သည်။
ထို့နောက်တွင် သွေးမိစ္ဆာ မျောက်ဝံက သံမဏိ ဝက်ဝံကို ဖမ်းချုပ် မိသွားကာ၊ အသား ထဲသို့ သူ့လက်သည်း များအား ထိုးစိုက်လျက် ရုတ်တရက် နှစ်ပိုင်း ခွဲပစ် လိုက်၏။
သံမဏိ ဝက်ဝံမှာ အော်ဟစ် နိုင်ခြင်း မရှိတော့ဘဲ၊ ရင်နှစ်ခြမ်း ကွဲထွက် သွားပြီး၊ သွေးများ ပန်းထွက် လာသည် ကြောင့်၊ သွေးမိစ္ဆာ မျောက်ဝံက ပါးစပ်ကို ဖွင့်ကာ၊ သွေးကို အားရပါးရ သောက်ယူ တော့သည်။
ထိုလုပ်ရပ်မှာ သွေးမိစ္ဆာ မျောက်ဝံ၏ အသွင် သဏ္ဍာန်အား ပို၍ပင် ကြောက်စရာ ကောင်းစေ ခဲ့၏။
“ဒီ သွေးမိစ္ဆာ မျောက်ဝံက တိမ်မိစ္ဆာ တောင်တန်းရဲ့အတွင်းပိုင်း နေရာက နတ်ဆိုး သားရဲ ဖြစ်မယ် ထင်တယ်၊ ဒါကြောင့် တောင်ခြေက ဘယ်နတ်ဆိုး သားရဲ ကမှ သူ့ပြိုင်ဘက် မဖြစ် နိုင်ဘူး၊ တကယ့်ကို ရက်စက် လွန်း တဲ့ သားရဲပဲ။ "
ထို့နောက်တွင် သွေးမိစ္ဆာ သားရဲက သံမဏိဝက်ဝံ၏ သားရဲ အမြုတေကို ထုတ်ယူပြီး၊ စတင် ဝါးစား လိုက်သည်။
သားရဲ အမြုတေကို ကိုက်စားပြီး သည့်တိုင်၊ ကျေနပ်ပုံ မရ ခဲ့ပဲ၊ သံမဏိ ဝက်ဝံ၏ အလောင်းကို နင်းချေ နေလေသည်။
အလောင်းကို အသားတစ် ပုံကြီး အဖြစ်သို့၊ စိတ်ရှိ လက်ရှိ ပြောင်းလဲရန် အချိန် အတော် ယူခဲ့ရသည်။
ရုတ်တရက် သွေးသံ ရဲရဲ ပေကျံ နေသော၊ သွေးမိစ္ဆာ မျောက်ဝံက လင်းယွန်၏ ဦးတည် ရာကို မော့ကြည့် လိုက်ကာ၊ သတ်ဖြတ် လိုသော ရောင်ဝါများ ထုတ်လွှတ် လိုက်လေသည်။
(ငါ့ကို ရှာတွေ့ ခဲ့တာလား။)
လင်းယွန်က တွေးနေချိန် မှာပင်၊ သွေးမိစ္ဆာ မျောက်ဝံက ရင်ဘက်ကို ထုကာ အော်ဟစ် လိုက်၏။
၎င်း၏ ဟစ်အော် သံကြောင့် ပြင်းထန်သော လေပြင်းများ တိုက်ခိုက် လာပြီး၊ လင်းယွန် တစ်ဝိုက်ရှိ သစ်ရွက် များကို မှုတ်ထုတ် လိုက် သကဲ့သို့၊ လွင့်စင် သွား စေသည်။
သစ်ကိုင်း ပေါ်တွင် တည်ငြိမ်စွာ ရပ်လျက်၊ အနေ အထားဖြင့် လင်းယွန်၏ ရုပ်သွင်မှာ၊ ဘွားခနဲ ထွက်ပေါ်လာ စေတော့သည်။
“ ငါကို တွေ့သွားပြီ၊ တကယ် စိတ်ဝင်စား စရာပဲ …”
သစ်ကိုင်း ပေါ်တွင် ရပ်လျက်၊ ထိတ်လန့်ခြင်း မရှိ ခဲ့ပဲ၊ သွေးမိစ္ဆာ မျောက်ဝံကို ကြည့်ကာ၊ ပြုံးလိုက်သည်။
"မင်းက ငါ့ကို သားကောင်လို ဆက်ဆံ နေတာလား"
သွေးမိစ္ဆာ မျောက်ဝံက သံမဏိ ဝက်ဝံ သားရဲ၏ ဦးခေါင်းပြတ် ကြီးကို ကောက်ကိုင် လိုက်ကာ၊ လင်းယွန်၏ ဦးတည်ရာသို့ ပစ်ထုတ် လိုက်သည်။
လင်းယွန်က လှပ သေသပ် စွာဖြင့် မြေပြင် ပေါ်သို့ ခုန်ချ လိုက်၏။ သူ မြေပြင်ပေါ် ရောက်သည်နှင့် ကြီးမားသော ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ် လာသည်။
ယခင် အချိန်၌ သူ ရပ်နေ ခဲ့သော သစ်ကိုင်းမှာ ဖုန်မှုန့်များ အဖြစ် ပျောက်ကွယ် သွားတော့သည်။
သိပ် မကြာခင် မှာပင် လင်းယွန်က သူ့ကိုယ်သူ အရိပ်များ အဖြစ်၊ ပြောင်းလဲ ပုန်းကွယ် လိုက်သော်လည်း၊ သူ ခေါင်းထက် ပိုကြီးသော လက်သီး တစ်လုံးသည်၊ လေကို ခွဲလျက် တုန်ယင်စွာ ဝင်ရောက် လာလေသည်။
လက်သီး ထံမှ ဖိအားသည် ပတ်ဝန်းကျင်ရှိ သစ်ရွက်များကို အမှုန့်များ အဖြစ် လွင့်စင် သွားစေ ခဲ့သည်။
လင်းယွန်က သူ့ ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှား လိုက်ရုံဖြင့်၊ အဆိုပါ လက်သီး ရောက် မလာခင်၊ သွေးမိစ္ဆာ မျောက်ဝံ၏ အနီးသို့ ရောက်ရှိ သွားခဲ့သည်။
'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' မှာ၊ သွေးမိစ္ဆာ မျောက်ဝံမှ ကိုင်တွယ် နိုင်သော အရာ မဟုတ်ပေ။
သူ့မြင်ကွင်းမှ ပိုးဟပ် တစ်ကောင်လို ပျောက်ကွယ် သွားသော လင်းယွန်ကြောင့်၊ သွေးမိစ္ဆာ သားရဲက ဒေါသ တကြီး အော်ဟစ် လိုက်ပြီး၊ လင်းယွန်၏ ပုံရိပ် များကို အရူး အမူး ချေဖျက် နေခဲ့ လေသည်။
တစ်ချိန်တည်း မှာပင်၊ သူ၏ နတ်ဆိုး အရှိန် အဝါကို အဆုံး စွန်ထိ၊ ဖောက်ခွဲ ပြစ်လိုက် တော့၏။
" ရူးနေ တာလား... အခုမှ အစပဲ ရှိသေး တယ်လေ၊ မင်းက အဆုံးထိ သွားချင် နေပုံပဲ …”
လင်းယွန် မျက်လုံး များတွင်၊ တိုက်ပွဲ ဝင်လို စိတ်များ လောင်ကျွမ်း လာကာ၊ အသာ အယာ ပြုံးလိုက်သည်။
သူ့ ထင်မြင်ချက် အရ၊ နက်နဲ တတိယ အဆင့်ရှိ၊ နတ်ဆိုး သားရဲ များသည်သာ၊ သူ၏ ပြိုင်ဘက် ဖြစ်ထိုက် ပေလိမ့်မည်။
သူ့လက် များမှာ မူလ စွမ်းအင် များကြောင့်၊ ရုတ်တရက် တုန်ခါ သွား၏။ မူလ စွမ်းအင် အတက် အကျမှာ စတင် ပြောင်းလဲလာ ပြီးနောက်၊ အဆက် မပြတ် ဖိသိပ် ထားလိုက်သည်။
ရုတ်တရက် သူ့လက် များကို ရှေ့သို့ တွန်းလိုက်ပြီး၊ 'ထာဝရ နတ်ဘုရား တံဆိပ်'အား၊ ထုတ်ဖော် လိုက်၏။
ကြီးမား လှသော သွေးမိစ္ဆာ မျောက်ဝံက လင်းယွန်၏ တိုက်ခိုက်မှုကို သူ့ လက်သည်း များဖြင့်၊ ကုပ်ယူ ဟန့်တား လိုက် သော်လည်း၊ သိပ်သည်းသော မူလ စွမ်းအင် များကြောင့်၊ နောက်သို့ လွင့်ပျံ သွားခဲ့သည်။
လင်းယွန်က ချက်ချင်းပင် ရှေ့သို့ လိုက်ပါ သွားပြီး၊ ကျားနဂါး လက်သီးကို ထုတ်ဖော် လိုက်၏။
သူ၏ အရှိန် အဝါမှာ နက်နဲ သိုင်း နယ်ပယ် ဒုတိယ အဆင့်အား၊ ဖြတ်ကျော် သွားကာ၊ စတုတ္ထ အဆင့်နှင့်၊ ညီမျှသော ဖိအားကို ထုတ်လွှတ် လာလေသည်။
ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်။
လက်သီး တစ်လုံးကို ထပ်မံ ပစ်လွှတ် လိုက်ပြီး၊ သွေးမိစ္ဆာ မျောက်ဝံကို ပျံသန်း သွားစေ ခဲ့၏။
သွေးမိစ္ဆာ မျောက်ဝံက မြေပြင်ပေါ် မဆင်းသက် နိုင်ခင် မှာပင် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' အား ထုတ်ဖော်ကာ၊ ဓား အလင်းများ ပါဝင်သော လက်သီး ခွန်နှစ် လုံးကို၊ အတွဲလိုက် လှမ်းပစ် လိုက်သည်။
လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း ကြောင့်၊ အထက်ပါ တိုက်ခိုက် မှုများ အားလုံးကို တခဏ အတွင်း ထုတ်ဖော် နိုင်ခဲ့သည်။
လက်သီး ခွန်နှစ်လုံး ထိမှန် ခံလိုက်ရ သည်ကြောင့်၊ သွေးမိစ္ဆာ မျောက်ဝံမှာ လေထဲ ၌ပင် ပြင်းထန်စွာ တုန်ယင် လာ၏။
ထို့နောက်တွင် ဓား အလင်းဖြင့် ပေါင်းစပ် ထားသော မူလ စွမ်းအင် များက၊ သားရဲ ကောင်အား အပိုင်းပိုင်း ပွင့်ထွက် ပေါက်ကွဲ သွားစေ တော့သည်။
သွေးမိစ္ဆာ မျောက်ဝံ သားရဲကောင်၏ သွေးများက မိုးအဖြစ် ရွာကျ နေစဉ်၊ လွင့်စင် လာသော သားရဲ့ အမြုတေကို ဖမ်းယူ ထားလိုက်၏။
" ကျား-နဂါး လက်သီးက 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း'နဲ့ လုံးဝ လိုက်ဖက် လွန်းတယ်၊ ခြေတစ်လှမ်း တည်းနဲ့ နောက်ဆက်တွဲ ပုံရိပ် ခွန်နှစ် ရိပ်ကို ဖန်တီး နိုင်တယ်၊ အရေး ကြီးတာက လက်သီး ခုနစ် လုံးကို၊ ချက်ခြင်း ထုတ်ဖော် နိုင်တာပဲ၊ ''
'' ဒါက ငါ့ရဲ့ တိုက်ပွဲဝင် ခွန်အားကို မြှင့်တင် နိုင်တယ်လို့ ဆိုလိုတာ မဟုတ်လား၊ နက်နဲ စတုတ္ထ အဆင့်မှာ ရှိတဲ့၊ အထက်တန်းလွှာ တွေတောင် ငါ့ကို ယှဉ်နိုင်မယ် မထင်ဘူး "
ဤတိုက်ပွဲမှ တစ်ဆင့် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ဖြင့်၊ တွဲဘက် ထားသော ကျား-နဂါး လက်သီးမှာ၊ မည်မျှ အစွမ်း ထက် သည်ကို၊ သိရှိ လာခဲ့သည်။
၎င်းသည် အစ မျှသာ ဖြစ်ပြီး၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို၊ ပိုမို ကျွမ်းကျင် လာသော အခါတွင်၊ ရွှေကျီးကန်း တံဆိပ်အား ဖွဲ့စည်း လာနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် 'မြင့်မြတ်သော နေနတ်သားအား ဖမ်းဆီးခြင်း' မှ ဆင်းသက် လာသော၊ ဤရွေ့လျားမှု နည်းစနစ်သည်၊ ၎င်း၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော် နိုင်မည် ဖြစ်သည်။
“ သွေးဝံပုလွေ တွေကို ရှာဖွေဖို့ အချိန်တန်ပြီ ”
လင်းယွန်က သွေးမိစ္ဆာ မျောက်ဝံကို အနိုင်ယူပြီးနောက်၊ အလ ဟဿ မဖြစ် စေခဲ့ပေ။ သံမဏိ ဝက်ဝံဖြင့် နှိုင်းယှဉ်ပါက သွေးမိစ္ဆာမျောက်ဝံမှာ နှုတ်မြိန်ဖွယ် စားစရာ တစ်ခု ဖြစ်လေသည်။
သွေးဝံပုလွေ သားရဲ များမှာ၊ အနည်းဆုံး အကောင်ရေ ငါးဆယ်ခန့် အထိ၊ အုပ်စုဖွဲ့ နေထိုင် တက်၏။ သားရဲ တစ်ကောင်ချင်းစီ၏ ခွန်အားမှာ နက်နဲ တတိယ အဆင့်၌ ရှိသည်။
၎င်းတို့ အထဲမှ သုံးလေးကောင် ခန့်သည်၊ နက်နဲ နယ်မြေ၏ စတုတ္ထ အဆင့်တွင် ရှိနေ ကြသည်။
အဖွဲ့ ခေါင်းဆောင် အတွက်မူ၊ ကြောက်မက်ဖွယ် ခွန်အားများ ပိုင်ဆိုင် ထားသော၊ နက်နဲ စတုတ္ထ အဆင့် အထွတ် အထိပ်ရှိ၊ သားရဲ တစ်ကောင် ဖြစ်ပေသည်။
သားရဲ အဖွဲ့ တစ်ဖွဲ့လုံး၏ အင်အားကို စုစည်းမိပါလျှင်၊ ပဉ္စမ အဆင့် နက်နဲ သိုင်းသမားများပင် သားကောင် အဖြစ်သို့၊ ပြောင်းလဲ သွားမည် ဖြစ်သည်။
“ ဆယ်ကြိမ် အတွင်း အဖွဲ့ ခေါင်းဆောင်ကို အနိုင် မယူနိုင်ရင်၊ ငါအနိုင် ရဖို့ အလား အလာ မရှိ နိုင်ဘူး၊ ဒါပေမယ့် နတ်ဆိုး သားရဲတွေက လူသား ကျင့်ကြံသူတွေ မဟုတ်တဲ့ အတွက် ငါအနိုင် ရဖို့ အခွင့် အရေးက (၆၀%) လောက် ရှိသင့်တယ်။ ”
မစ်ရှစ် တံဆိပ်ပြားပါ အချက် အလက်များ အပေါ် အခြေခံ၍၊ သူ၏ တွက်ချက်မှုကို ပြုလုပ် ခဲ့သည်။
တိမ်မိစ္ဆာ တောင်တန်းသို့ နက်ရှိုင်းစွာ တိုးဝင်လျက်မှ လမ်း တစ်လျှောက်၊ နတ်ဆိုး သားရဲ များကို သတ်ပစ် ခဲ့သည်။
တောင်တန်း၏ နက်ရှိုင်းသော အတွင်း ပိုင်းရှိ နတ်ဆိုး သားရဲ များ၏ အနိမ့်ဆုံး ခွန်အားမှာ၊ သွေးမိစ္ဆာ မျောက်ဝံနှင့်၊ တူညီသော အဆင့်တွင် ရှိသောကြောင့်၊ ၎င်းတို့သည် လင်းယွန် အတွက် လေ့ကျင့်ရန် ကောင်းမွန်သော ပြိုင်ဘက်များ ဖြစ်လာ ခဲ့သည်။
ရက် အနည်းငယ် အတွင်း သူ၏ စိတ်နေစိတ်ထားတွင် ကြီးမားသော ပြောင်းလဲ မှုများကို ကြုံတွေ့ ခဲ့ရသည်။
သူ့ အကြည့် များမှာ ပို၍ ပြတ်သား လာပြီး၊ အရှိန် အဝါ များတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ ပိုပို သိပ်သည်း လာခဲ့သည်။
ယခုအချိန်တွင် အဆက် မပြတ် တိုက်ပွဲများကြောင့်၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' မှာ၊ ကျားနဂါး လက်သီးဖြင့် ပိုမို သဟ ဇာတ ဖြစ်လာ ခဲ့သည်။
ငါးရက် ကြာပြီးနောက် တောင်တန်း တစ်နေ ရာရှိ မြေလွတ် လွင်ပြင် တစ်ခု ဆီသို့၊ ရောက်ရှိ လာပြီး၊ သွေးဝံပုလွေ များ၏ လောလော လတ်လတ် ခြေရာ များကို တွေ့ရှိ လိုက်သည်။
သို့သော် ထိုခြေရာများ အရ သွေးဝံပုလွေ အုပ်စုတွင် အကောင်ရေ တစ်ရာခန့် ရှိပေမည်။
'' ကံဆိုးတာပဲ.....''
သွေးဝံပုလွေ များတွင် ထင်ရှား ပေါ်လွင် စေသော၊ ကြက်သွေးရောင် အမွေးများ ပါရှိ လေသည်။ ထို့ကြောင့် ၎င်းသားရဲ များကို အဝေး မှပင် လှမ်းမြင် လိုက်ရ၏။
အဝေး တစ်နေရာရှိ သွေးဝံပုလွေ သားရဲ ကောင်ရေကို အတည်ပြု လိုက် ပြီးနောက်၊ ခေါင်းခါလျက် ညည်းတွား လိုက်၏။
"အမဲလိုက် နေကြ တာပဲ "
လင်းယွန်၏ မျက်လုံးများ ရုတ်တရက် တောက်ပ သွားသည်။
သွေးဝံပုလွေများ အမဲလိုက် နေသည် ဆိုပါက၊ အဖွဲ့ ခေါင်းဆောင်မှာ သားရဲအုပ်ကို သေချာပေါက် ထိန်းချုပ် နေရ ပေမည်။
ထို့အတွက်ကြောင့် သူ့အနား တစ်ဝိုက်တွင် သားရဲ အရေ အတွက်မှာ နည်းပါး နေပေ လိမ့်မည်။
'' ဒါဆို နည်းနည်းတော့ ငါကံကောင်း လာပြီ ထင်တယ် ....''
***