← Chapters

သွေးဝံပုလွေ သားရဲ ဘုရင်။

Vol. 18 Ch. 243

သွေးဝံပုလွေ သားရဲ ဘုရင်။

Vol. 18 Ch. 243

ဝံပုလွေများ၏ ကြက်သွေးရောင် သဏ္ဍာန်များ တောင်ကုန်း ပေါ်၌ လွင့်ပျံ နေသည်ကို မြင်တွေ့ရ နိုင်သည်။

လင်းယွန်က မြင့်မားသော သစ်ပင်ကြီး ပေါ်တွင် ပုန်းအောင်းကာ ချောင်းမြောင်း နေခဲ့သည်။ ပေါ့ပေါ့ ဆဆ မလှုပ်ရှား ဝံ့ပေ။

“ တစ်ခုခု မူမမှန်ဘူး…”

ဝံပုလွေ တစ်ကောင်သည် ပုံမှန် မဟုတ်စွာ ပြုမူနေ၏။ ထိုအပြု အမူကို ရှင်းရှင်း လင်းလင်း မမြင်နိုင် ခင်မှာပင် ထိုဝံပုလွေ ကောင်က ကျယ်လောင်စွာ အော်ဟစ် လိုက်တော့သည်။

'' ............ ''

ဒေါသအမျက် အပြည့်ဖြင့် ထွက်ပေါ်လာသော ကြုံးဝါးသံမှာ တောင်ပေါ်ရှိ မရေ မတွက် နိုင်သော နတ်ဆိုး သားရဲများပင် ထိတ်လန့် သွား ကြစေသည်။

ယင်းအသံကြောင့် လင်းယွန်၏ နားများပင် နာကျင် သွား၏။

" ဒါက သွေးဝံပုလွေ ဘုရင်လား "

လင်းယွန်က အံ့သြ သွား၏။ ဝံပုလွေ ဘုရင်သည် နက်နဲ နယ်မြေ၏ စတုတ္ထ အဆင့် အထွတ် အထိပ်ရှိ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်လေသည်။

ဤတောင်တန်း၏ အမှောင် စွမ်းအင် များကို၊ အချိန် အတော် ကြာကြာ စုပ်ယူ ထားသော ကြောင့် တောင်တန်း ပြင်ပရှိ နတ်ဆိုးသားရဲ များထက် ပို၍ ကြောက်စရာ ကောင်းလှ၏။

ယခင်က သွေးဝံပုလွေ ဘုရင်သည် မည်မျှပင် သန်မာလှ သည်ဖြစ်စေ၊ ၎င်းမှာ နတ်ဆိုးသားရဲ တစ်ကောင်သာ ဖြစ်သည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ ၎င်းသားရဲသည် မည်သည့် သိုင်း နည်းစနစ် ကိုမျှ မလုပ်ဆောင် နိုင်ပေ။

သို့သော် သွေးဝံပုလွေ ဘုရင်မှာ ထိုအယူ အဆ များကို ချိုးဖြတ် သွားကာ၊ သူ ထင်ထား သည်ထက် ပို၍ သန်မာ နေခဲ့သည်။

လင်းယွန်က သူ၏ မူလ စွမ်းအင်ကို မျက်လုံး ထဲသို့ လောင်းချ လိုက်သည်နှင့် အမြင် အာရုံမှာ ချက်ချင်း ကျယ်ပြန့် လာသည်။

ကြက်သွေးရောင် ဝံပုလွေ တစ်ကောင်သည် ဆယ်မီတာ နီးပါး အရွယ်အစား ရှိလှပြီး၊ မျက်ခုံး နှစ်ဖက် ကြားတွင် 'လမင်း' တစ်စင်း ကဲ့သို့ ကြီးမားသော အဖြူရောင် အမွေး အကွက် ကြီးကို မြင်တွေ့ လိုက်ရသည်။

၎င်းသားရဲမှာ ဘုရင် တပါး၏ မြင့်မြတ်သော အရှိန်အဝါကို လေထုထဲသို့ ထုတ်လွှတ် ထားခဲ့သည်။

သားရဲဘုရင်သည် သာမန် ဝံပုလွေ များထက် များစွာ ကြီးမားလှပြီး၊ နဖူးပေါ်ရှိ လမင်းပုံ သဏ္ဍာန် အမှတ် အသားကြောင့် အခြားသော ဝံပုများထက် ပို၍ပင် ကြီးမြတ် နေပုံ ပေါ်စေသည်။

ဟစ်အော် လိုက်သော အခါတွင် မိုင်နှစ်ဆယ် အချင်းဝက် အတွင်း တောအုပ်ကို ချက်ချင်း လွှမ်းခြုံ သွားသည့် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ် လာသည်။

သွေးဝံပုလွေ ဘုရင်၏ အရှိန်အဝါ ဖိအားအောက်တွင် မရေ မတွက် နိုင်သော နတ်ဆိုး သားရဲများ တုန်လှုပ် သွား၏။

"မင်းအသက် ရှင်လျက် ပြန်လာမယ် ဆိုတာ ငါ မယုံဘူး"

ကျန်းလဲ့၏ စကားများက လင်းယွန် စိတ်ထဲတွင် ပဲ့တင် ထပ်သွား၏။ ဤသည်မှာ လွယ်ကူသော မစ်ရှင် မဟုတ်ပေ၊ သွေးဝံပုလွေ ဘုရင်ကို ဆယ်ကြိမ် အတွင်း သတ်ပစ်မည်ဟု တွေးမိသော သူ့အတွေးမှာ ရယ်စရာ ကောင်းလွန်း ခဲ့လေပြီ။

အကယ်၍ သူသာ ထိုသို့ မောက်မာသော စိတ်ထားဖြင့် သွေးဝံပုလွေ ဘုရင်ကို ပြေးဝင် တိုက်ခဲ့ မည် ဆိုပါလျှင်၊ ယခု အချိန်၌ သေဆုံး နေပေလိမ့်မည်။

သွေးဝံပုလွေ ဘုရင် တစ်ကောင် တည်း၏ အရှိန်အဝါ ကပင် သွေးမိစ္ဆာ မျောက်ဝံထက် အဆပေါင်း များစွာ ပို၍ ပြင်းထန် လှ၏။

" သေစမ်း.... ပြေး ပြေး ဒီသားရဲ ဘုရင်က တော်ဝင် အရှိန်အဝါ ကိုတောင် ပိုင်ဆိုင် ထားတယ်၊ သူက နက်နဲ နယ်မြေရဲ့ ပဉ္စမ အဆင့် နတ်ဆိုးသားရဲ ခွန်အားနဲ့ ညီမျှတယ် ”

နက်နဲ နယ်ပယ်၏ တတိယ အဆင့်နှင့် စတုတ္ထအဆင့်ကို ပိုင်ဆိုင် ထားသော လူငယ် ရှစ်ဦးမှာ ထိတ်လန့်စွာ ထွက်ပြေးလွှား နေကြသည်။

" .... လူစုမကွဲစေနဲ့ "

သူ့နောက်ကျောတွင် ဆေဘာ ဓားရှည် တစ်လက်ကို သိုင်းလွယ် ထားသော လူငယ် တစ်ယောက်က အော်ဟစ် သတိပေး နေခဲ့သည်။

သွေးဝံပုလွေ ဘုရင်က သူ့ရှေ့သို့ ခုန်ဆင်း လာကာ၊ ပြေးလမ်းကို ဟန့်တား လိုက်သော အခါတွင်၊ လူငယ်ထံမှ ကြုံးဝါးသံ များနှင့်အတူ၊ အဝတ် အစားများ အပိုင်းပိုင်း ကွဲအက်လျက်၊ ကြွက်သားများဖြင့် ဖုထစ် နေသော ခန္ဓာကိုယ်ကို ပေါ်လွင် လာစေ ခဲ့သည်။

နဂါးနှင့် ဆင်ကို ပေါင်းစပ် ထားသော ရှေးဦး သားရဲ တစ်ကောင် ဖြစ်သည့် ဒရာကိုဖီ၏ ပုံကြမ်းကို နောက်ကျော၌ ထွက်ပေါ်ပြီးနောက် သားရဲ ဘုရင်ကို လက်သီးဖြင့် ထိုးချ ပစ်လိုက် သည်။

လက်သီးချက်ကြောင့် ကြက်သွေးရောင် ဝံပုလွေမှာ အမှန်တကယ် နောက်သို့ လွင့်စင် သွားခဲ့၏။

( ဒရာကိုဖီ = ဆင်နဂါး သို့၊ နဂါး ခန္ဓာနှင့် ဆင်ဦးခေါင်း။ )

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ … အဲဒါ ရှေးဟောင်းတာအို ဂိုဏ်းရဲ့ ဒရာကိုဖီခန္ဓာကိုယ် ကျင့်ကြံခြင်း နည်းစနစ်ပဲ၊ ”

ဤလူများသည် ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ ဖြစ်ကြောင်း သိလိုက်ရသော အခါတွင် အံ့ဩ သွားမိသည်။

၎င်းသည် ဓားနန်းတော် ကဲ့သို့ သန်မာသော ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ပြီး၊ ဓားနန်းတော် ဖြင့်ပင် ပဋိပက္ခ အချို့ ရှိခဲ့သည်။

ထို့ကြောင့်ပင်၊ ဂိုဏ်းနှစ်ဂိုဏ်း ကြားရှိ တပည့်များ အချင်းချင်း ဖော်ရွေခြင်း မရှိ တော့ပေ။

ရှေးဟောင်း တာအို ဂိုဏ်းသည် မဟာချင် အင်ပါယာသို့ မဝင် ရောက်မီတွင် သူ၏ ရွေးချယ်မှု တစ်ခု ဖြစ်ခဲ့ သော်လည်း၊ ၎င်းနှင့် ပတ်သက်သည့် အချက် အလက် များစွာကို မသိရှိ ထားခဲ့ပေ။

တိုက်ပွဲ ဝင်နေသော လူငယ်မှာ သန်မာ လှသော်လည်း သူနှင့် သားရဲ ဘုရင် အကြား ကွာဟချက်မှာ ကြီးမား လှလေသည်။ ထို့အပြင် ၎င်း၏ အပေါင်းအဖော်များသည်လည်း ဒဏ်ရာများစာ ရရှိနေ ခဲ့သည်။

ယင်းကြောင့် သူ့မှာ ရွေးစရာ လမ်းမရှိ တော့ဘဲ ဆေဘာ ဓားကို ဖြုတ်ယူ လိုက်သည်။

"ထွက်သွား.... "

လူငယ်က ဒေါသတကြီး သူ့ဓားကို ဆွဲထုတ်ကာ ဝံပုလွေ ဘုရင်ပေါ်သို့ ထုတ်လွှတ် လိုက်သည်။ ဓားအလင်းက သွေးဝံပုလွေ ဘုရင်၏ ဝမ်းဗိုက်နှင့် ထိတွေ့ သွားသော အခါ၊ လူငယ်၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ် အယောင်များ ထွက်ပေါ် လာခဲ့သည်။

" စီနီယာ အစ်ကို ဇိုယန်၊ သတိထားပါ "

သူ့အဖော်တွေက အော်ဟစ် သတိပေး လိုက်၏။

ဓားချက်မှာ သွေးဝံပုလွေ သားရဲ ဘုရင်၏ ဝမ်းဗိုက်တွင် ရှည်လျားသော ပြတ်ရှရာ တစ်ခုသာ ထားခဲ့ နိုင်သည်ကို သိလိုက်ရ သည်နှင့် လူငယ်က ခေတ္တမျှ မှင်တက် သွားသည်။

“ တော်ဝင် အရှိန်အဝါက တကယ်ကို သန့်စင်လွန်းတယ်…”

သစ်ပင်ပေါ်မှ အရာ အားလုံးကို ကြည့်နေ ခဲ့သော လင်းယွန်ပင် ထိုဓားချက်ကြောင့် ဒဏ်ရာ အပြင်းအထန် ရလိမ့်မည် ဟုပင် ခန့်မှန်း ထားမိသည်။

သို့သော် ဓားသွားသည် သွေးဝံပုလွေ ဘုရင်နှင့် ထိတွေ့သော အခါတွင်၊ အနက်ရောင် အခိုးအငွေ့များ ဝမ်းဗိုက်သို့ စုရုံးလာပြီး ဓားအရှိန် အများစုကို စုပ်ယူသွား ခဲ့သည်။

သွေးဝံပုလွေက ဒေါသတကြီး အော်ဟစ်ပြီး လက်တုံ့ ပြန်လာ၏။ နီရဲနေသော နတ်ဆိုး စွမ်းအင်များ စုစည်းကာ၊ အာခေါင်ကို မြင်ရ စေသည် အထိ ပါးစပ်ကို ဖွင့် မှုတ်ထုတ် လိုက်သည်။

ဇိုယန်ဟု ခေါ်သော လူငယ်လေးက ရှောင်တိမ်းရန် ကြိုးစား လိုက်သော်လည်း၊ ကြက်သွေးရောင် စွမ်းအင်လုံးကြီး ထိမှန် ခံလိုက် ရလေသည်။

မြေပြင်ပေါ်သို့ လဲကျ သွားပြီး ပါးစပ်မှ သွေးများ စီးထွက် လာ၏။ သို့သော် ဇိုယန်က ရုတ်တရက် ပြန်ထ ရပ်လိုက်ပြီး၊ ဒရာကိုဖီ ခန္ဓာကိုယ်ကို ထုတ်ဖော်ကာ၊ လျင်မြန်စွာ ထွက်ပြေး လိုက်တော့သည်။

အကယ်၍ တစ်စုံ တစ်ယောက် သည်သာ ထိုကြက်သွေးရောင် မီးလုံးကြီး ထိမှန်ခြင်း ခံရပါက၊ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားမည် ဖြစ်သည်။ အဆင် မသင့်ပါက ချက်ချင်း သေဆုံး သွားပေမည်။

ဇိုယန် အတွက်မူ ဒဏ်ရာ အနည်းငယ်သာ ရရှိ ခဲ့သည်၊ သွေးဝံပုလွေ ဘုရင်အား သူ၏ အဖော် များ ထံသို့ လှည့်ပြေး ခေါ်ဆောင် သွားခြင်း မရှိခဲ့ပေ။ သူက လင်းယွန်၏ ဦးတည်ရာသို့ လျင်မြန်စွာ ပြေးလာ နေခဲ့သည်။

"သူ ငါ့ကို ရှာတွေ့ သွားတာလား"

ဇိုယန်က သူ့ကို ရှာတွေ့ နိုင်စရာ နည်းလမ်း မရှိ သည်ကြောင့် အနည်းငယ် အံ့သြသွားသည်။ သွေးဝံပုလွေ ဘုရင်နှင့် တိုက်ခိုက် နေခြင်းဖြင့်၊ ပတ်ဝန်းကျင်အား မည်သို့မျှ အာရုံစိုက် နိုင်မည် မဟုတ်ပေ။

အဆုံးတွင်၊ ၎င်းသည် တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်ကြောင်း ကောက်ချက်ချ လိုက်သည်။

လင်းယွန်က ချက်ချင်းပင် စိတ်အား တက်ကြွ လာကာ၊ မျက်လုံးများကို မှိတ်ထား လိုက်သည်။ သူ့ ခန္ဓာကိုယ် အတွင်း၊ မူလ စွမ်းအင်များ စီးဆင်းသွား သဖြင့်၊ ခရမ်းရောင် ပန်းမှာ ဒါန်တမ် အတွင်း၌၊ နက်ရှိုင်းစွာ ပွင့်လန်း လာသည်။

" သောက်ပဲဟေ့ မြန်မြန် ကယ်ကြစမ်း၊ စီနီယာအစ်ကို ဇိုယန်ကို ... ”

ဇိုယန်က သွေးဝံပုလွေ ဘုရင်ကို သူတို့နှင့် ဝေးရာသို့ ခေါ်ထုတ် သွားသည်အား တွေ့လိုက် ရသော အခါ ရှေးဟောင်းတာအို ဂိုဏ်းမှ တပည့် များ၏ မျက်လုံးများ နီရဲသွားသည်။ သူတို့ ဒဏ်ရာများကို ချက်ချင်း လျစ်လျူရှုပြီး အတင်း ပြေးလိုက် သွား၏။

သွေးဝံပုလွေ ဘုရင်က နှင်းများ ကဲ့သို့ ဖုန်မှုန့်များနှင့် ကျောက်တုံး အပိုင်း အစများ တထောင်းထောင်း ထစေလျက်၊ ခွန်နှစ် မိုင်ခန့် အကွာရှိ ဇိုယန်ကို အငြိုးတကြီး အမဲလိုက် နေသည်။

လင်းယွန်၏ ဆံပင်များ တဖျပ်ဖျပ် မျောလွင့်လာချိန်တွင် မျက်လုံးများကို ရုတ်တရက် ပြန်ဖွင့် လိုက်၏။ သူ့မျက်ဝန်း အတွင်းမှ အနက်ရောင် မျက်ဆန် နှစ်စက ထက်ရှသော ဓားများ ကဲ့သို့ မှေးကျုံ့ သွားကြသည်။

" သေ စမ်း ......"

ခရမ်းရောင် ပန်းပွင့်ကို ပွင့်စေလိုက်ကာ၊ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ သစ်ကိုင်းပေါ်မှ တဆင့် ကောင်းကင်ထံ ထိုးတက်သွားသည်။

ဓားအလင်းဖြင့် ပေါင်းစပ် ထားသော လက်သီးဖြင့်၊ ဇိုယန် နောက်သို့ လိုက်ပါ လာသည့် သွေးဝံပုလွေ ဘုရင်ကို ထိုးချ လိုက်သည်။

အခြား တစ်ယောက်ရှိ နေဖို့ရန် မမျှော်လင့် ထားသော သွေးဝံပုလွေ ဘုရင်က ကောင်းကင်မှ ထိုးဆင်း လာသော လူရိပ်ကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။

သွေးဝံပုလွေ ဘုရင်က တော်ဝင် အရှိန်အဝါကို မစု ဆောင်းနိုင် မီတွင်၊ လင်းယွန်၏ လက်သီးက ဇိုယန်ကို ဖြတ်ကျော် သွားကာ၊ ထိမှန် သွားတော့သည်။

ရင်ဘတ် ဟောင်းလောင်း ပွင့်လျက်၊ မီတာပေါင်း များစွာ နောက်ပြန် လွင့်စင် သွားသည်။

နောက်မှ ပြေးလိုက် လာသော ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များရှေ့အရောက်တွင် ရပ်တန့် သွားကာ၊ ချက်ချင်း သေဆုံး သွားခဲ့သည်။

"သေပြီလား.... "

ရှေးဟောင်းတာအို ဂိုဏ်း၏ တပည်များက ထိတ်လန့် တုန်လှုပ် သွားပြီးနောက် လင်းယွန်ကို မော့ကြည့်လိုက် ကြသည်။

လင်းယွန် ၏ အဝတ်အစား ပေါ်ရှိ ဓားနန်းတော် သင်္ကေတကို မြင်လိုက်ရ ပြီးနောက် မျက်နှာများ ချက်ချင်း ပြောင်းလဲ သွား၏။

"ဓားနန်းတော် တပည့်တစ်ယောက်လား။"

“ဓားနန်းတော်က အရှက်ကင်းမဲ့ လိုက်တာ၊ အခြား သူတွေကို အခွင့်ကောင်းယူ ဖို့ပဲ သိတယ်၊ ငါတို့ရဲ့ စီနီယာ အစ်ကို ဘယ်မှာလဲ"

လူငယ်တစ်ယောက်က လင်းယွန်ကို အော်ငေါက်ပြီး ရှေ့တိုးလာ ခဲ့သည်။

အခွင့်အရေး ယူတယ်လား...။

လင်းယွန်က နှာခေါင်းကို ပွတ်သပ် လိုက်၏။ ဤအကြောင်း အရာနှင့် ပတ်သတ်၍ သူ့၌ ပြောစရာ မရှိပေ။

သွေးဝံပုလွေ ဘုရင်သည် ဇိုယန်နှင့် တိုက်ခိုက်ထား ခြင်းကြောင့် ဒဏ်ရာ ရရှိခဲ့ သည်မှာ အမှန်ပင် ဖြစ်သည်။

သူ၏ လက်သီးသည် ရိုးရှင်း လှပြီး၊ သွေးဝံပုလွေ ဘုရင်မှ ၎င်း၏ တော်ဝင် အရှိန် အဝါကို ခန္ဓာကိုယ် အနှံ့ မကာကွယ် လိုက်နိုင်ခင် ထိုးဖောက် ဝင်ရောက်သွား ခြင်းပင်။

နောက်ဆုံးတွင်၊ ၎င်းသည် နက်နဲ သိုင်းနယ်ပယ်၏ စတုတ္ထ အဆင့်ရှိ နတ်ဆိုး သားရဲတစ်ကောင် မျှသာ ဖြစ်လေသည်။

သို့သော် ထိုလက်သီးကို ထုတ်ဖော်လိုက် သူမှာလင်းယွန်သာ ဖြစ်ပြီး၊ ယခု သူတို့ ခြောက်ယောက် အတွင်းရှိ မည်သူ မဆို ဤရလာဒ်မျိုး ရရှိလာမည် မဟုတ်ပေ။

လင်းယွန်က ၎င်းတို့နှင့် စကား အငြင်း မပွားချင်တော့ပေ။ နောက်တဖန် သူတို့၏ စီနီယာအစ်ကိုအား မေးမြန်းလာ ခြင်းသည် လင်းယွန်နှင့် မည်သို့မျှ မသက်ဆိုင်ပေ။

" သူ အသက်ရှင် နေမှာပါ "

တိုပြတ်ပြတ် ဖြန်ဖြေ လိုက်ကာ သူ့မျက်လုံးများကို မှိတ်လိုက် ပြီးနောက် ကုန်ဆုံး သွားသော၊ မူလ စွမ်းအင် များအား ပြန်လည် ဖြည့်စွမ်းနေ လိုက်သည်။

အစောပိုင်း အချိန်တွင် သူ့ အင်အားများ စုစည်း နေခဲ့ သည်ကြောင့် ဇိုယန်ကို သတိမထား မိခဲ့ပေ။

" မင်း ဘာပြော လိုက်တယ် "

လင်းယွန်၏ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ သံကို ကြားလိုက်ရသော အခါတွင် ထိုလူငယ်က ဒေါသ ဖြစ်သွား ခဲ့၏။

"မင်းလို နက်နဲ သိုင်းနယ်ပယ်ရဲ့ ဒုတိယ အဆင့် ပုရွက်ဆိတ် တစ်ကောင်ကများ .... ၊ ”

'' ဂျူနီယာ မောင်လေး ကျန်းပင်း၊ စိတ်အေးအေး ထားပါ၊ အလျင် မလိုပါနဲ့ ....”

တပည့် အမျိုးသမီး တစ်ဦးက ရှေ့တစ်လှမ်းတိုးကာ၊ နှစ်သိမ့် လိုက်သည်။

" ဘာကို စိတ်အေးအေး ထားရမှာလဲ၊ ဒီကောင်က စီနီယာ အစ်ကို ကိုသတ်ပြီး သွေးဝံပုလွေ ဘုရင်ကို ယူဖို့ ကြိုးစား နေတာပဲ၊ ဒါပေမယ့် ငါတို့ နောက်က လိုက်လာ လိမ့်မယ်လို့ သူ မမျှော်လင့် ထားဘူး၊ အခု ငါတို့ကို မျက်နှာချင်း ဆိုင်ဖို့၊ မဝံ့ရဲ တော့ဖူး မဟုတ်လား”

ကျန်းပင်းက အေးစက်စွာ ပြန်ဖြေ၏။ တိုက်ပွဲ မြင်ကွင်း တစ်ခုလုံးကို သူ့စိတ်ထဲ၌ ဖန်တီး ယူလိုက် ပုံရသည်။

သူ စကား ဆုံးသည်နှင့် အခြားသော တပည့် များက လင်းယွန်ကို အေးစက်စွာ ပြန်ကြည့် လာ ကြသည်။ သို့သော် အကြောင်း တစ်ခုကြောင့်၊ တစ်စုံတစ်ရာ မှားယွင်း နေကြောင်းကို၊ နားလည် နေခဲ့သော အမျိုးသမီးက၊

“ဒါပေမယ့်…”

" ဒါပေမယ့် လုပ်မနေနဲ့၊ ငါတို့ သူ့ကို သင်ခန်းစာ ပေးပြီးမှ အမှန်ကို စစ်မေးရမယ် "

ကျန်းပင်က ရုတ်တရက် ပြေးဝင် တိုက်ခိုက် လိုက်သော်လည်း၊ လင်းယွန် အနား မကပ် နိုင်ခင် မှာပင် လျင်မြန်သော ကန်ချက်မှာ သူ့ရင် ဘက်သို့ တိုးဝင် လာသည်။

နံရိုးပေါင်း များစွာကို ကျိုးပဲ့ သွားစေခဲ့ပြီး၊ နာကျင်စွာ ညည်းတွားကာ မြေပြင် ပေါ်သို့ လွင့်စင် လဲကျ သွား၏။

နက်နဲ သိုင်းနယ်မြေ၏ တတိယ အဆင့်တွင် ရှိသော ကျန်းပင်းကို လွယ်လင့်တကူ ကန်ထုတ် လိုက်သည်ကြောင့်၊ ကျန်ငါးယောက်မှာ ထိတ်လန့် သွားကြ တော့၏။

"အာ ... ငါ့နံရိုးတွေ ၊ ငါ့နှလုံးနဲ့ အဆုတ် "

ကျန်းပင်းက နံရိုးထံမှ နာကျင်မှုကြောင့် မြေပြင် ပေါ်တွင် လူးလိမ့် ညည်းတွား နေလျက်ဖြင့်၊ လင်းယွန်ကို မုန်းတီးစွာ ကြည့်နေ ခဲ့သည်။

'' ဂျူနီယာကျန်း ..... "

စိုးရိမ်တကြီး အော်ဟစ် လိုက်သံများ နှင့်အတူ ကျန်သော တပည့် ငါးယောက်မှာ ဖေးမရန် အပြေး သွားလိုက် ကြသည်။

လင်းယွန်သည် ဤမျှ ရက်စက် ကြမ်းကြုတ် လိမ့်မည်ဟု သူတို့ မမျှော်လင့် ထားမိပေ။ ဒေါသ တကြီး လက်တုန့် ပြန်ရန် ပြင်လိုက်စဉ် အေးစက်စက် ဟန့်သံ တစ်သံ ထွက်ပေါ် လာတော့သည်။

“ မင်းတို့ အားလုံး ရပ်လိုက်စမ်း ”

***

All Chapters