← Chapters

သားရဲအမြုတေ၊ သွေးအဆီအနှစ်။

Vol. 18 Ch. 244

သားရဲအမြုတေ၊ သွေးအဆီအနှစ်။

Vol. 18 Ch. 244

'' စီနီယာ အစ်ကို ဇို "

ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များက ဇိုယန်ကို မြင်လိုက်သော အခါမှ သာလျှင် ကြေနပ်မှုများ တစ်ဖျပ်ဖျပ် ထွက်ပေါ် လာသည်။

လင်းယွန်က လှည့်ကြည့် လိုက်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဒဏ်ရာတွေ ဖုံးလွှမ်း နေသောဇိုယန်ကို တွေ့လိုက်ရသည်။ သူ့ ရရှိခဲ့သော ဒဏ်ရာများမှာ နက်ရှိုင်း လွန်းသည်ကြောင့် အရိုး ဖြူဖြူ များပင် ထွက်ပေါ် နေခဲ့သည်။

သူ့မျက်နှာမှာ စိုစွတ်နေပြီး နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ နေ၏။ သွေးဝံပုလွေ ဘုရင်နှင့် ရင်ဆိုင်ခြင်းဖြင့် မည်မျှအန္တရာယ် ရှိသည်ကို ရရှိခဲ့သော ဒဏ်ရာများအား ကြည့်ကာ၊ မည်သူ မဆို ခံစား နိုင်သည်။

အကယ်၍ 'ဒရာကိုဖီ ခန္ဓာကိုယ်' နည်းစနစ်ကို ကျင့်ကြံ ထားခြင်း မရှိသော၊ အခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ ယခု အချိန်တွင် သေဆုံးသွားမည် ဖြစ်သည်။ ဇိုယန်က လင်းယွန်ကို တစ်ချက် ကြည့်လိုက် ပြီးနောက်၊ ကျန်းပင်းကို ပြန်ကြည့် လိုက်ကာ၊

" ကျန်းပင်း မင်းက ဘာဖြစ်တာလဲ "

" ဂျူနီယာကျန်းက သူ့ကြောင့် ဒဏ်ရာ ရသွားတာပါ "

တခြားသော တပည့်များက အဖြစ် အပျက်ကို ရှင်းပြ လိုက်သည်။

မြေပြင်၌ လဲလျောင်း နေသော ကျန်းပင်းက လင်းယွန်ကို တုံ့ဆိုင်းစွာ ကြည့်ပြီး၊

" သွေးဝံပုလွေ တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာ ရခဲ့လို့သာ၊ မဟုတ်ရင် သူလို လူက ငါ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး "

ဟု ဆိုလိုက် သော်လည်း၊ သူ့ စကားကြောင့် ဇိုယန်မှာ ဒေါသ ထွက်ချင်း မရှိခဲ့ဘဲ၊ အံ့သြ နေပုံရသည်။

ကျန်းပင်ကို တစ်ချက် ကန်လိုက် ရုံဖြင့်၊ နံရိုးများ ကျိုးသွား စေခဲ့သည်ကို မယုံနိုင် ခဲ့ပေ။

ကျင်းပင်းမှာ 'ဒရာကိုဖီ ခန္ဓာကိုယ်' နည်းစနစ်ကို ကျင့်ကြံထားပြီး ဖြစ်ပြီး၊ သူ၏ အောင်မြင်မှု များမှာ ဇိုယန်အား မှီရန် မဝေး လှကြောင်း၊ အကြီးအကဲ များကပင် အသိအမှတ် ပြုထားရသည်။

သို့သော် ယခု ကျန်းပင်း၏ နံရိုးကို တစ်ချက် ကန်လိုက် ရုံဖြင့် ကျိုးသွားပြီ ဖြစ်သည်။ ဓားနန်းတော်သည် ၎င်းတို့၏ ဓားနည်းစနစ် များကြောင့် နာမည်ကြီးခြင်း မဟုတ်ပါလော။

ထို့ပြင် ဓားနန်းတော် တပည့်မှာ နက်နဲ နယ်မြေ၏ ဒုတိယ အဆင့် တွင်သာ ရှိနေ သေးပေသည်။ ဇိုယန်၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ပြည့်နှက် လာပြီး၊ လင်းယွန်ကို စစ်ဆေးကြည့် လိုက်မိ၏။

အစောပိုင်း အချိန်တွင် ထွက်ပြေး ရန်သာ အာရုံ စိုက်ထား ရသည်ကြောင့်၊ နောက်ကျောရှိ လျင်မြန် လွန်းသော တိုက်ပွဲထံမှ ဓားဆန္ဒကို ယောင်ဝါးဝါးသာ ခံစား နိုင်ခဲ့သည်။

သည့်အပြင် ပြင်းထန်လွန်းသော ဒဏ်ရာ များကြောင့် သူ့ အသိ စိတ်၌ အနည်းငယ် မှုန်ဝါး နေခဲ့သည်။

ထို့ကြောင့် ဓား ရည်ရွယ်ချက်မှာ လင်းယွန် ထံမှ ဟုတ် မဟုတ်၊ သူ မသိခြင်း ဖြစ်သည်။

သို့သော် လင်းယွန်အား ထွင်းဖောက် မြင်နိုင်ခြင်း မရှိသည်ကြောင့်၊ ဇိုယန်က မျက်မှောင်ကြုပ် လိုက်၏။

" သူက ဓားနန်းတော်ရဲ့ တပည့်ပဲ၊ အထင်လွဲ မနေပါနဲ့၊ သူ ငါ့ကို မတိုက်ခိုက် ပါဘူး၊ အဲဒါကို အခု ချက်ချင်း နောက်ဆုတ် လိုက်ပြီး၊ ဂျူနီယာ ညီလေး ကျန်းပင်းကို ကူညီ ကြရအောင်၊ ဒဏ်ရာတွေကို ငါတို့ ခံနိုင်ရည် ရှိမှာပါ”

ဇိုယန် ပြောသော အခါတွင် လူတိုင်းက ညွှန်ကြားချက်ကို လိုက်နာ သောကြောင့်၊ အဖွဲ့အတွင်း သူ၏ အဆင့်အတန်းမှာ မြင့်မား ရမည်ကို မြင်သာ စေသည်။ ထို့နောက် လင်းယွန် ထံသို့ လျှောက်သွားကာ၊

" သွေးဝံပုလွေ ဘုရင်နဲ့ တိုက်တုန်းက မင်းငါ့ကို စောင့်ကြည့် နေခဲ့တာ မဟုတ်လား "

" ငါ မင်းကို ဖြေဖို့ မလိုဖူး ထင်တယ် "

ဇိုယန်၏ မေးခွန်းကြောင့် လင်းယွန်က တိတ်တဆိတ် အံသြသွားသည်။ ဇိုယန်၏ အပြုအမူမှာ လင်းယွန်ကို စိတ်ရှုပ်သွား စေသည်။

ဤမျှ ဒဏ်ရာဖြင့် တိုက်ခိုက်ရန် ဆန္ဒများ ရှိနေ ခဲ့သည်လား ဟုပင်၊ တွေးတော လိုက်မိ၏။

'' မင်း မှန်တယ်။"

ဇိုယန်က ပြုံးကာ ဆေးလုံး တစ်လုံးကို မျိုချ လိုက်သည်နှင့် ဒဏ်ရာများ လျင်မြန်စွာ ပြန်လည် သက်သာ လာခဲ့သည်။

" နက်နဲ ဒုတိယ အဆင့် အမှိုက် တစ်စက ငါတို့ရှေးဟောင်းတာအို ဂိုဏ်းကို ဆန့်ကျင်ချင် နေတာလား၊ ဘယ်လို ငရဲမျိုး လဲဆိုတာ မင်းသိစေရမယ် .....''

ကျန်းပင်းက ဒဏ်ရာများ သက်သာ လာသည်နှင့် လင်းယွန်ကို စပြီး လှောင်ပြောင် တိုက်ခိုက် လိုက်သည်။

သို့သော် သူ့ စကားဆုံးသည်နှင့် ရင်ဘတ်ကို လျင်မြန်စွာ ဆောင့်ကန်ထုတ် ခံလိုက်ရသည်။

'' ဖျောင်း...... ''

'' အွတ်......''

ပြန်လည် ပြုပြင်ထား ပြီးသား နံရိုးများမှာ ထပ်မံ ကျိုးသွား ပြန်သည်ကြောင့်၊ နာကျင်စွာ အော်ဟစ် လိုက်ပြီး၊ ပြင်းထန်သော ဝေဒနာက သူ့ကို ချက်ချင်း သတိလစ် သွားစေ ခဲ့သည်။

ရှေးဟောင်းတာအို ဂိုဏ်းမှ အခြားသော တပည့် များက လင်းယွန်အား ပါးစပ် အဟောင်းသားဖြင့် လှည့်ကြည့် လိုက်ကြသည်။ လင်းယွန်၏ တိုက်ခိုက် လာမှုကို သူတို့ မမြင် လိုက်ရကြောင့် တုန်လှုပ်သွား ကြခြင်း ဖြစ်သည်။

ဒဏ်ရာများကို ပြန်လည် ကုစားနေခဲ့သော ဇိုယန်က လင်းယွန်ကို လှည့်ကြည့် လိုက်သော အခါတွင်၊ ကြောက်ရွံ့မှု အရိပ် အယောင်များ ထွက်ပေါ် လာသည်။ ထိုကန်ချက်ကို သူလုံးဝ သတိမထား မိခဲ့ပေ။

" ဒါက ပိုကောင်း ပါတယ်။ "

လင်းယွန်က သူ့ မျက်လုံးများကို မှေးကျဉ်း လိုက်ကာ အပြုံးဖြင့်၊

"သွေးဝံပုလွေ ဘုရင်က ငါ့ လက်သီးကြောင့် သေသွားတယ်၊ ဒါပေမယ့် ငါက တခြားသူ တွေကို အခွင့်ရေး မယူပါဘူး၊ မင်းရဲ့ စီနီယာ အစ်ကိုက သားရဲ ဘုရင်ကို ငါသတ်ပစ်ဖို့ ကူညီ ပေးခဲ့တယ်၊ ဒါကြောင့် သူ ပြန်ကောင်းလာပြီးမှ ငါတို့ ဝေစု ခွဲကြတာပေါ့ "

ဇိုယန် မှလွဲ၍ ဤနေရာရှိ မည်သူမျှ လင်းယွန်၏ အာရုံကို ဖမ်းစား နိုင်ခြင်း မရှိပေ။ အဘယ့်ကြောင့် ဆိုသော်၊ ဇိုယန်မှာ နက်နဲ နယ်ပယ်၏ စတုတ္ထ အဆင့်တွင် ရှိသူ တစ်ဦးဖြစ်ပြီး၊ လင်းယွန်အား ခြိမ်းခြောက်မှု အချို့ ပြုလုပ် နိုင်သည့်၊ တစ်ဦး တည်းသော သူ ဖြစ်သည်။

ကျန်းပင်း ကဲ့သို့သော လူမိုက်များ အတွက်မူ သင်ခန်းစာ တစ်ခု သင်ပေး ရပေမည်၊ သို့မဟုတ်ပါက သူတို့ကိုယ် သူတို့ ပြည့်ဝ နေပြီဟု ထင်မှတ် နေကြမည် ဖြစ်သည်။

ရှေးဟောင်းတာအို ဂိုဏ်း၏ အခြားသော တပည့်များက ဤအခြေ အနေကို မည်သို့ တုံ့ပြန် ရမည် မသိကြ သည်ကြောင့်၊ သစ်ပင်ပေါ်သို့ ခုန်တက် အိပ်စက် သွားသော လင်းယွန်ကိုသာ မော့ကြည့် လိုက်မိလေသည်။

အမှန်တကယ် အိပ်မောကျ သွားသော လင်းယွန်ကို ကြည့်ကာ၊ စိတ်သက်သာရာ ရသွား ကြ၏။ မိနစ် အနည်းငယ် ကြာပြီးနောက် လင်းယွန်နှင့် ဇိုယန်မှာ မျက်လုံးများ ပြိုင်တူ ပွင့်လာခဲ့သည်။

ဇိုယန်၏ ခန္ဓာကိုယ်တွင် စွမ်းအားများဖြင့် ပြည့်လျှံလာပြီး ဒဏ်ရာများမှ ပြန်လည် ကောင်းမွန် နေပြီ ဖြစ်သည်။

ထို့အတူ ကျန်သော တပည့်များ မှာလည်း လျင်မြန်သော အဟုန်ဖြင့် ပြန်ကောင်း လာသည် ကြောင့် လင်းယွန်က အံ့သြသွား သည်။

ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်၏ ပြန်လည် ကုသနိုင်စွမ်းကို မြင်တွေ့ လိုက်ရသည့် အတွက်၊ မျက်စိ ပွင့်စေ ခဲ့သည်။

ဇိုယန်၏ အဟုန်မှာ သူ့ကို ပို၍ တုန်လှုပ် သွားစေ၏။ မကြာသေးမီ ကပင် ဇိုယန်မှာ သေလုမျောပါး အခြေ အနေ၌ ရှိနေ သော်လည်း၊ အထွတ် အထိပ်သို့ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာခဲ့သည်။

“ မင်းက စိတ်ဝင်စား စရာပဲ၊ လက်သီး တစ်ချက် ထဲနဲ့ သားရဲ ဘုရင်ကို သတ်ပစ် နိုင်ခဲ့တယ်၊ ဒါက အထင်ကြီး စရာပါ၊ ဖြစ်နိုင်ရင် ငါ့ကို နောက်တစ်ကြိမ် ပြသ နိုင်မလား ''

ဇိုယန်က လင်းယွန်ကို လှမ်းကြည့် လိုက်သည်။

" မင်း စိတ်ဝင်စားရင် ငါတို့ တိုက်ခိုက်လို့ ရပါတယ် "

လင်းယွန်က ပြုံးလိုက်သည်။ ဇိုယန်၏ ကျင့်ကြံမှုမှာ မြင့်မား သော်လည်း ကြောက်ရွံ့ ခြင်း မရှိချေ။ အလွန်ဆုံးရှိ ဇိုယန်၏ ခွန်အားမှာ သေမျိုးအဆင့် ထိပ်တန်း (၁၀) စာရင်း ဖြင့်သာ ညီမျှနိုင်မည်။

လင်းယွန်၏ မောက်မာသော စကားကြောင့်၊ အခြားသော တပည့်များက စိတ်အတွင်းမှ လှောင်ပြောင် လိုက်ကြသည်။

စီနီယာ အစ်ကို ဇိုယန်မှာ ရှေးဟောင်း တာအို ဂိုဏ်းတွင်ထူးချွန်သော အထက်တန်းစား တစ်ဦး ဖြစ်လေသည်။

" မင်း နာမည်ကို သိလို့ ရမလား "

ဇိုယန်က လင်းယွန်ကို စိတ်ဝင် တစားဖြင့် မေးလိုက်သည်။ ဇိုယန် အတွက်မူ အခြားသော သူများ ကဲ့သို့ အခွင့်ကောင်း ယူကာ၊ နက်နဲ သိုင်းနယ်ပယ်၏ ဒုတိယ အဆင့်ရှိ၊ တစ်စုံ တစ်ဦးအား၊ တိုက်ခိုက်ခြင်း ကဲ့သို့သော လုပ်ရပ်မျိုး ပြုလုပ် လိမ့်မည် မဟုတ်ပေ။

“ ဓားနန်းတော်၊ သေမျိုး အဆင့်က လင်းယွန် ”

" လင်း ယွန် ... "

ဇိုယန်က တိုးဖွဖွ ရေရွတ် လိုက်သည်။ သည်နာမည်မျိုး သူ မကြားဖူးပေ။ ဓားနန်းတော်၏ ပြင်ပ တပည့် များထဲတွင် ဤသို့သော သိုင်းသမားမျိုး မည်သည့် အချိန် ကတည်းက ရှိနေ ခဲ့သနည်း။

ထို့ကြောင့် လင်းယွန်မှာ လူသစ် တစ်ယောက် ဖြစ်ရမည်ဟု ကောက်ချက်ချ လိုက်သည်။

“ ကောင်းပြီ ငါမှတ်ထား လိုက်မယ်၊ သွေးဝံပုလွေ သားရဲ ဘုရင်ရဲ့ ဝေစုကို၊ ငါနဲ့ ခွဲယူ မယ်ဆို ...၊ အခု ငါ့ကို ဘယ် အပိုင်းတွေ ပေးမယ်လို့ တွေးထားလဲ ''

ဇိုယန့် စကားကြောင့် သူ့ အဖော်များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။ ဇိုယန် အနေဖြင့် လင်းယွန်နှင့် မျှဝေ လိုသော အတွေးမျိုး ရှိနေ လိမ့်မည်ဟု ထင်မထား မိခဲ့ပေ။

သွေးဝံပုလွေ သားရဲ ဘုရင်မှာ နက်နဲ စတုတ္ထ အဆင့်ရှိ နတ်ဆိုး သားရဲ တစ်ကောင် ပေပင်။ တော်ဝင် အရှိန်အဝါကို ထုတ်ဖော် နိုင်ပြီးနောက်၊ သူ၏ သားရဲ အမြုတေမှာ ရတနာအဖြစ် သတ်မှတ် နိုင်မည်။

၎င်းကို သန့်စင်မည် ဆိုပါက ကျင့်ကြံမှုကို အများကြီး တိုးတက် လာနိုင်သည်။

“သားရဲ အမြုတေနဲ့ သွေးအဆီ အနှစ်ကို ငါ ယူလိုက်မယ်၊ ကျန်တာတွေ အားလုံး မင်းအပိုင်ပဲ "

လင်းယွန်က သားရဲ အလောင်းကို ကြည့်ကာ မဆိုင်းမတွ အဆိုပြု လိုက်သည်။

" ဘယ် လို ... "

" သားရဲ အမြုတေက ဝံပုလွေ သားရဲ ဘုရင်ရဲ့ တန်းဖိုး အရှိဆုံး ရတနာပဲ၊ ခရမ်းရောင် နန်းတော် နယ်မြေက ကျင့်ကြံသူ တွေကတောင်၊ ကြီးမားတဲ့ တန်ဖိုးနဲ့ ကမ်းလှမ်း လာနိုင်မယ့် အရာပဲ "

“ သားရဲဘုရင်ရဲ့ သွေးအဆီ အနှစ်ကရော ဘာထူးလဲ၊ ဒါက သာမန် သွေးဝံပုလွေ တွေထက် ပို သန့်စင်တယ် ”

" မင်း ငါတို့ကို အမှိုက်တွေ လာပေး နေတာပဲ၊ "

ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များက လင်းယွန်၏ ဝေစု ခွဲပုံကြောင့်၊ ဒေါသဖြင့် နီရဲသွားသည်။

လင်းယွန်က သူတို့ စကားများကို လျစ်လျူရှု ထားကာ၊ ဇိုယန်ကို စိုက်ကြည့် လိုက်သည်။ ဤသူများသည် သွေးဝံပုလွေ ဘုရင်၏ ခွဲတမ်းတွင် ဝင်ရောက်ခွင့် မရှိပေ၊ ဇိုယန် တစ်ယောက် သည်သာ တောင်းဆိုခွင့် ရှိပေမည်။

ထို့အပြင် သွေးဝံပုလွေ ဘုရင်၏ အခြားသော အစိတ် အပိုင်းများမှာ အသုံးမဝင် တော့သည်ကြောင့်၊ ဇိုယန်က မလိုချင် ပါလျှင်၊ အားလုံးကို သယ်ဆောင် သွားရန် စိတ်ရှုပ် ခံနေမည် မဟုတ်ပေ။

“အဲဒါလည်း အဆင်ပြေ ပါတယ် ''

ဇိုယန်က ခေါင်းညိတ် လိုက်သည်။ လင်းယွန် ၏ ခွဲဝေမှုကို ဆန့်ကျင်လိုသည့် သဘောမ ရှိပေ။

သို့သော်ယခုမှ သတိ ပြန်ရ လာသော ကျန်းပင်းက မကျေမနပ် ဖြစ်လာပြီး၊

“ဒီကောင် ကံကောင်းတာ ကြောင့်သာ မဟုတ်ရင် သွေးဝံပုလွေ ဘုရင်ကို ဘယ်လိုလုပ် သတ်နိုင်မလဲ၊ အကိုကြီး မင်း မလှုပ်ရှား ချင်ရင် ငါ သတ်လိုက်မယ် "

" ဒဏ်ရာကနေ အပြည့်အဝ ပြန်ကောင်း လာရင်တောင်၊ မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး၊ ဒီမှာ ကိုယ့်ကိုယ်ကို အရှက် မခွဲပါနဲ့၊ သားရဲ ဘုရင်ရဲ့ အလောင်းကိုပဲ ဖျက်ယူ လိုက်ပါ၊ အဲဒါက ဝိညာဉ် ကျောက်စိမ်း အများကြီး တန်ဖိုး ရှိနေတုန်းပဲ ''

- ဟု ဇိုယန်က နက်မှောင်သော မျက်နှာဖြင့် အမိန့်ပေး လိုက်သည်။

“ဒါပေမယ့် …”

ကျန်းပင်းက ကျေနပ်ပုံ မရကာ အတွန့်တက်ရန် ပြင်လိုက်၏။

“ လုံလောက်ပြီ၊ ဘာပဲ ဖြစ်ဖြစ် ငါ့အသက်ကို ကယ်ခဲ့တဲ့၊ ဒီက အစ်ကိုလင်းက အကုန် လိုချင် ခဲ့ရင်တောင် ငြင်းပယ်ခွင့် မရှိပါဘူး၊ ဆက်မပြော နဲ့တော့။ "

လင်းယွန်မှာ ခွန်အား မည်မျှ သန်မာမည်ကို သူ စိတ်မဝင်စားပေ။ အရေးကြီး သည်မှာ လင်းယွန်သည် သွေးဝံပုလွေ ဘုရင်ကို သတ်ပြီး သူ့အား ကယ်တင်ခဲ့ခြင်း ဖြစ်၏။ ဇိုယန် အနေဖြင့် အမှားနှင့် အမှန်ကို ခွဲခြားနိုင် ပေသည်။

ခဏအကြာတွင် သူ့ ဂျူနီယာ များက ခေါင်းယမ်း လိုက်ပြီး၊ တုံ့ဆိုင်း စွာဖြင့် သားရဲအမြုတေနှင့် သွေးအဆီ အနှစ်ကို လင်းယွန်ထံ ပေးအပ် လိုက်ကြသည်။

လက်သီးဆုပ် အရွယ် သားရဲ အမြုတေတွင် အကန့် အသတ် မရှိသော နတ်ဆိုး ရောင်ဝါများဖြင့် ပြည့်နှက် နေပြီး၊ ၎င်းတွင် အနက်ရောင် မြူများပင် အနည်းငယ် ရစ်သိုင်း နေခဲ့၏။

တစ်ဖက်တွင်မူ သွေးအဆီ အနှစ်မှာ ကောင်းကင်မှ ကြယ်နီများ လင်းလက်နေ သကဲ့သို့ ကြက်သွေးရောင်များ တောက်ပ နေသည်။

" ဒါဆို ငါ မင်းကို အနှောက် အယှက် မပေး တော့ပါဘူး အခု ငါ ထွက်သွား လိုက်မယ်။"

လင်းယွန် ပြုံးပြီး ထွက်သွားရန် ပြင်လိုက်သည် ။

ထိုအချိန်တွင် သစ်တော အတွင်းများဆီမှ ဆူညံသော သစ်ပင် ပြိုလဲ သံများ ဆက်တိုက် ကြားလိုက် ရသည်။

ဤမျှ ကြီးမားသည့် ရိုက်ခတ်မှု အောက်တွင် မြေပြင်မှာ တဆက်ဆက် တုန်ခါ လာတော့၏။

တစ်ချိန်တည်းမှာပင်၊ စူးရှသော နတ်ဆိုး အရှိန်အဝါများ ကောင်းကင်၌ သိပ်သည်းစွာ ထွက်ပေါ် လာလေသည်။

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ နတ်ဆိုး ရောင်ဝါလဲ၊ အားလုံး သတိထားကြ "

“ ဒါ ဘယ်လို နတ်ဆိုး သားရဲကောင် မျိုးလဲ၊ "

ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များ မျက်နှာမှာ ထိတ်လန့် မှုကြောင့်၊ ရှုပ်ထွေး သွားကြသည်။

တစ်ဖက်တွင် လင်းယွန်က ထိုအရှိန်အဝါများကို မြင်လိုက် မိသည်နှင့်် ပြုံးလိုက်၏။ လူတိုင်း၏ မျက်နှာပေါ်ရှိ တုန်လှုပ် ချောက်ချားမှုကို ကြည့်လိုက်ပြီးနောက်၊ ပြုံးလိုက်ကာ၊

“ မစိုးရိမ်ပါနဲ့၊ သူက ငါ့ မိတ်ဆွေပါ "

" မိတ်ဆွေ "

ဇိုယန်က လင်းယွန်ကို သံသယ စိတ်ဖြင့် ကြည့်လိုက်သည်။ ခဏအကြာတွင် ကြက်သွေးရောင် လျှပ်စီးကြောင်း တစ်စ မြင်ကွင်းထဲ ဝင်ရောက် လာပြီး၊ ၎င်းနောက်တွင် ဖုန်မှုန့်များမှာ တိမ်တိုက်ကြီး များသဖွယ် ဖြစ်တည် လိုက်ပါ လာလေသည်။

ထိုအလင်းတန်းမှာ သန်မာလွန်းသော နဂါးသွေး မြင်းတစ်ကောင် အဖြစ်၊ လူတိုင်း၏ မျက်စိ ရှေ့တွင် ရုပ်လုံး ပေါ်လာ တော့သည်။

" န ဂါး သွေး မြင်း ... "

“ ငါ့ကောင်းကင်၊ အဲဒါ တကယ်ပဲ နဂါးသွေး ပါတဲ့ မြင်းပဲ၊ နက်နဲ နယ်မြေရဲ့ တတိယ အဆင့် မှာသာ ရှိတဲ့၊ ဒီမြင်းရဲ့အရှိန် အဝါက၊ သွေးဝံပုလွေ သားရဲ ဘုရင်ထက်၊ ဘာလို့ ပို ကြောက်စရာ ကောင်းနေ ရတာလဲ။ ''

" သူ့ ဦးချိုကို ကြည့်စမ်း၊ ဒါ နဂါးသွေး နိုးထလာတဲ့ မြင်းတွေမှာပဲ ရှိတက်တယ် ... ၊ စိတ်ဝင်စား စရာပဲ၊ ငါ သိချင်တာက ... သူက ဘယ်လို နဂါး အမျိုးအစား ဖြစ်နိုင်မလဲ "

နဂါးသွေးမြင်း၏ အသွင်အပြင်မှာ လူတိုင်းကို ရုတ်တရက် ထိတ်လန့် သွားစေသည်။

“ ကောင်လေး မင်းက မြင်း တစ်ကောင်လား ...၊ အမဲလိုက် ခွေးလား။ ”

လင်းယွန်ဿူကယ်ရာမဲ့ဟန်ဖြင့်ရေရွတ်လိုက်ပြီး သားရဲ အမြုတေကို နဂါးသွေးမြင်းထံ ပစ်ပေးလိုက်သည်။

ထိုမြင်ကွင်းကြောင် ကျန်းပင်းနှင့်အဖွဲ့မှာ မေးရိုးများ ပြုတ်ကျလု နီးပါးဖြစ်သွား တုန်လှုပ်သွားကြသည်။

သူတို့ ပိုင်ဆိုင်ရန် အိပ်မက် မက်ခဲ့ရသော သားရဲ အမြူတေကို မြင်း တစ်ကောင်အား ပေါ့ပေါ့ တန်တန် ပေးအပ် ပစ်ခဲ့သည်။

၎င်းမှာ ခရမ်းရောင် နန်းတော် နယ်မြေရှိ တစ်စုံ တစ်ယောက် ကိုပင် သွေးဆောင် ခံရနိုင်မည့် သားရဲ အမြုတေမျိုး ဖြစ်လေသည်။

***

All Chapters