← Chapters

အကြင်နာ ချောက်ကမ်းပါး။

Vol. 18 Ch. 245

အကြင်နာ ချောက်ကမ်းပါး။

Vol. 18 Ch. 245

နဂါးသွေးမြင်းက သားရဲ အမြုတေကို ပျော်ရွှင်စွာ ဝါးယူ လိုက်သည်။

ဤအခိုက် အတန့်တွင်၊ နဂါးသွေးမြင်း၏ ခေါနေသော သွားမှာ၊ အမဲလိုက် ခွေး တစ်ကောင်၏ ထက်ရှ မာကြောသော သွားစွယ် များ အဖြစ်၊ ပြောင်းလဲ နေသည်ကို သတိ ထားမိ လိုက်၏။

ကျန်းပင်း၏ နှုတ်ခမ်းများက မခံ မရပ် နိုင်သည့် အမူ အရာဖြင့် တုန်ယင် သွား၏။ နဂါးသွေးမြင်း ထံမှ ထွက်ပေါ် လာသော ကြိတ်ဝါးသံ များက လူတိုင်း၏ နှလုံးသားကို နာကျင်သွားစေသည်။

ယင်းသည် ဖြုန်းတီးမှု တစ်ခု ဖြစ်ခဲ့ လေသည်။ ဤမျှလောက် တန်ဖိုး ရှိလှသော သားရဲ အမြုတေကို နတ်ဆိုး သားရဲ တစ်ကောင် ထံသို့၊ ပေးအပ် လိုက်ခြင်းအား မယုံကြည် နိုင်ခဲ့ ကြပေ။

နဂါးသွေးမြင်းက သားရဲ အမြုတေကို သန့်စင်လိုက်သည် နှင့်အမျှ ၎င်း၏ အရှိန်အဝါမှာ လူတိုင်းရှေ့တွင် တဟုန်ထိုး တိုးတက် လာသည်။

၎င်းသည် သာမန် မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် တိုးတက်လာပြီး၊ နက်နဲ နယ်ပယ်၏ တတိယ အဆင့်၊ အထွတ် အထိပ်သို့ တိုးမြှင့် လာသည်ကြောင့်၊ ရပ်ကြည့် နေကြသော သူများမှာ အံသြသွား ကြသည်။

သည့်တင်မက နဂါးသွေးမြင်းထံမှ တော်ဝင် အရှိန်အဝါ အချို့ပင် ထွက်ပေါ် လာသည်။ ၎င်း အရှိန်အဝါမှာ အားနည်း လှသော်လည်း၊ ယင်းကို ရှင်းရှင်း လင်းလင်း ခံစား နိုင်၏။

'' သေစမ်း အဲဒါ ငါ့အပိုင် ဖြစ်သင့်တယ်။ ''

ကျန်းပင်းက အတွင်း ကျကျ ကျိန်ဆဲလိုက်၏။ ဇိုယန်၏ စိတ်နေ စိတ်ထား အရ၊ သားရဲ အမြုတေ အတွက် သူနှင့် လုယူရန် နည်းလမ်း မရှိ သောကြောင့် ၎င်း အမြုတေမှာ သူ့အား ပေးအပ် လာနိုင်ခြေ မြင့်မားသည်။

သို့သော် နဂါးသွေးမြင်းက သူ၏ သွားစွယ် များကို ထုတ်ဖော် ပြသကာ၊ ပြုံးရယ် နေသည်ကို မြင်သော အခါတွင် ကျန်းပင်းက စိတ်မထိန်း နိုင်တော့ဘဲ၊ ထပ်မံ ကျိန်ဆဲ လိုက်မိ ပြန်သည်။

'' နိမ့်ကျတဲ့ သားရဲကောင်.... ''

သူ့ ကျိန်ဆဲသံ ဆုံးသည်နှင့် နဂါးသွေးမြင်းက သားရဲ အမြုတေ၏ အပိုင်းအစ အချို့ ပါဝင်သော တံတွေး တစ်လုပ်ကို သူ့ထံ ဦးတည် ထွေးထုတ်လာ ခဲ့လေသည်။ ကျန်းပင်းအား ပြင်းစွာ နာကျင် သွားစေ၏။

“ အကိုကြီး၊ ဒီသားရဲက ငါ့ကို တံတွေးနဲ့ ထွေး တယ် ”

ဒေါသ တကြီးဖြင့် မျက်နှာ ပေါ်ရှိ တံတွေး များကို သုတ်ယူ လိုက်သည်။

နဂါးသွေးမြင်းက တဟစ်ဟစ် ရယ်မော လိုက်ကာ၊ ၎င်း၏ သွားများကို လှစ်ဟ ပြုံးပြ လာခဲ့ သည်ကြောင့်၊ သူ့ နှလုံးသား ပေါက်ကွဲ လုနီးပါး နာကျင် ခံစား လိုက်ရသည်။

( ဒီ မြင်းက ရယ်မော တက်တယ်လား၊ တကယ်ကြီး ငါ့ကို လှောင်နေတာပဲ၊ )

“ ဒီမြင်းက ဉာဏ်ရည် ထက်မြက် ပုံပဲ၊ သူ့ကို ကျိန်ဆဲ တာမို့ သဘာဝ အတိုင်း တံတွေးနဲ့ တုန့်ပြန် ခဲ့တာ၊ မင်းမှ လွဲပြီး တခြား ဘယ်သူ့ကိုမှ တံတွေးနဲ့ မထွေးပါဘူး "

ဇိုယန်က ပြုံးကာ၊ ပြန်ဖြေ လိုက်သည်။

" ဒါတော့အမှန်ပဲ... ငါတို့ တွေလည်း ရှိနေတာပဲ၊ ဒါပေမယ့် သူက ဂျူနီယာကျန်း ကိုမှ ရွေးပြီး တုန့်ပြန် လိုက်တာ ....."

" အင်း ဟုတ်တယ်၊ ဂျူနီယာကျန်းက သူ့ကိုကျိန်ဆဲ လိုက်တာကိုး "

“ဒီနဂါးသွေးမြင်းက တကယ်ပဲ ထူးခြားတယ် "

ရှေးဟောင်းတာအို ဂိုဏ်းမှ လူတိုင်းက ဉာဏ်ရည် ထက်မြက်သော နဂါးသွေးမြင်း၏ မျက်လုံး များကို ကြည့်ကာ၊ သဘောကျ ကုန်ကြသည်။

တစ်စုံတစ်ယောက်၏ ချီးကျူး သံကို ကြားရသော အခါတွင် နဂါးသွေးမြင်းမှာ ကြေနပ်သွား ဟန်ဖြင့် ရယ်မော လာပြန်သည်။

ကျန်းပင်က သူ့အား မည်သူမျှ ကူညီခြင်း မရှိသည်ကြောင့် စိတ်ဓာတ်ကျ သွားကာ၊ သတ်သေချင် စိတ်များပင် ဝင်ရောက် လာခဲ့သည်။

" မရယ်နဲ့ မြင်းမိုက်လေး "

လင်းယွန်က နဂါးသွေးမြင်း၏ လည်ဆံမွှေး များကို ပွတ်သပ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ဤသို့ အထိန်း အကွပ် မဲ့သော အပြုအမူ များမှာ လီဝူယု ထံမှ သင်ယူ တက်မြောက်ခဲ့ ပုံရလေသည်။

ဇိုယန်က ထွက်ခွာ တော့မည့် လင်းယွန်ကို စေ့စေ့ ကြည့်ကာ၊

" ညီအစ်ကိုလင်း၊ မင်းက နက်နဲ နယ်မြေ ဒုတိယ အဆင့်နဲ့ တိမ်မိစ္ဆာ တောင်တန်းမှာ စွန့်စားရဲတာ အံ့သြစရာ မရှိ တော့ပါဘူး၊ မင်း ရင်မဆိုင် နိုင်တဲ့ ရန်သူနဲ့ တွေ့ရင်တောင် နဂါးသွေးမြင်းနဲ့ ထွက်ပြေး နိုင်ပါ သေးတယ်၊ ဒီမြင်းရဲ့ အရှိန်နဲ့ဆို မင်းကို ဘယ်သူက ဖမ်းနိုင် မှာလဲ။ ”

လင်းယွန်က ပြုံးပြီး၊ ခေါင်းညိတ်ပြ လိုက်သည်။ ဇိုယန့် စကားမှာ အတိအကျ မမှန် သော်လည်း အချို့ တစ်ဝက် မှန်ပေသည်။

နဂါးသွေးမြင်းမှာ သူ့ ပိုင်ဆိုင်မှု များထဲမှ တစ်ခု ဖြစ်သော်လည်း၊ သွေးမိစ္ဆာ တောင်တန်း၌ သူ့ကိုယ်သူသာ အားကိုးနေ ခဲ့ခြင်း ဖြစ်သည်။ လေ့ကျင့်ရန် အတွက် နဂါးသွေးမြင်းကို အဝေးသို့ တမင်တကာ စေလွှတ် ထားသည်။

" ငါ သွားတော့မယ်၊ အစ်ကိုဇိုယန်... မင်းရဲ့ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' နဲ့ ဓားနည်းစနစ်က ငါ့အတွက် မျက်စိ ပွင့်စရာ ပါပဲ၊ အနာဂတ်မှာ အခွင့်အရေး ရရင် မင်းရဲ့ အကြံဉာဏ်ကို တောင်းဆို ရမယ်။ "

" ခဏ နေ ပါ ဦး "

နဂါးသွေးမြင်းပေါ် ခုန်တက် လိုက်သော၊ လင်းယွန်ကို ဇိုယန်က လှမ်းခေါ်လိုက်သည်။

" ငါ သာ မမှားရင် မင်းက ငါတို့လို၊ မစ်ရှင်အတွက် လာခဲ့တာပဲ၊ သွေးဝံပုလွေ တွေကို အမဲ လိုက်ပြီး၊ သွေး အဆီ အနှစ် စုဆောင်းဖို့ မဟုတ်လား။ ”

" အဲဒါကို မင်းဘယ်လို သိလဲ"

“ သွေးအဆီ အနှစ်က သွေးဝံပုလွေရဲ့ မျက်ခုံးကြားမှာ တည်ရှိတယ်၊ အသက် စွမ်းအင်တွေသိပ်သည်း ရုံသာ မကဖူး၊ နေနဲ့ လရဲ့ အဆီ အနှစ်တွေ ပါ ပါရှိတယ်၊ ဒါကြောင့် လက်နက်တွေ ထုလုပ်ရာမှာ အရမ်း အသုံး ဝင်တယ်၊ ”

ဟု ဇိုယန်က ပြုံးကာ၊ ရွတ်ဆို ပြလိုက်သည်။

“ဒီမစ်ရှင်ကို 'မှော်ဆရာ သခင်များ အသင်း' က ဓားနန်းတော်နဲ့ ရှေးဟောင်းတာအို ဂိုဏ်းက ပေးခဲ့ တာပဲ၊ ဒါကြောင့် မင်းက ငါတို့လိုပဲ မစ်ရှင် အတွက် လာရမယ်လို့ ငါထင်ခဲ့တာ။ "

" အဲ့ဒီတော့ ... "

လင်းယွင် ခေါင်းညိတ်ကာ မေးဆက်ပြ လိုက်သည်။

“ အဲဒါကြောင့် မို့လို့ ငါတို့က ဘာလို့ ပူးပေါင်းပြီး မလုပ်ဆောင် ရတာလဲ၊ အနားမှာ သွေးဝံပုလွေ တစ်ရာကျော် ရှိတယ်၊ ဒီ အရေ အတွက်က ငါတို့တွေ ခွဲဝေဖို့ အတွက် လုံလောက် ပါတယ် ”

ဇိုယန်က သူ့အကြောင်း ပြချက်ကို ပြောပြပြီး လင်းယွန်၏ အဖြေကို စောင့်နေခဲ့ လေသည်။

ကျန်းပင်နှင့် ကျန်သော သူများက အံသြသွား ကြသည်။ လင်းယွန်ကို အဖွဲ့ အတွင်းသို့ အဘယ့်ကြောင့် ခေါ်ယူ လိုခဲ့ သည်ကို နားမလည် နိုင်မိချေ။

ဇိုယန် အတွက်မူ သွေးဝံပုလွေ ဘုရင်၏ ခွန်အား အပေါ် သူ လျှော့တွက် မိခဲ့ပြီး၊ လင်းယွန်၏ ဝင်ရောက် လာမှုသာ မဟုတ် ပါလျှင်၊ သားရဲ ဘုရင်မှာ သူ့ကို သတ်ပစ် နိုင်ခြေများ ပေသည်။

လင်းယွန်မှာ မည်သို့သော လူဖြစ်သည်ကို မသိ နိုင်သော်လည်း၊ နဂါးသွေးမြင်းနှင့် ဆက်ဆံ ရေးကို မြင်သော အခါ စိတ်ထဲတွင် စွဲထင်သွား ခဲ့၏။

နတ်ဆိုးသားရဲ တစ်ကောင်ကိုပင် မိတ်ဆွေ တစ်ယောက် ကဲ့သို့ တန်ဖိုး ထားကာ၊ သွေးဝံပုလွေ ဘုရင်၏ သားရဲ အမြုတေကို လွယ်လင့်တကူ ပေးခြင်းဖြင့် ကောက်ကျစ်သူ တစ်ယောက် မဖြစ်နိုင်ပေ။

လူသားတို့၏ နှလုံးသားများမှာ နတ်ဆိုး သားရဲများ ထက်ပင် ပို၍ ကြောက်စရာ ကောင်းလှသည် ဖြစ်ရာ၊ ၎င်းသားရဲ တို့သည် လူသား များနှင့် ထိတွေ့ ဆက်ဆံ လိုခြင်း မရှိ။

လင်းယွန် သည်လည်း ဇိုယန်၏ အကြံကို နဂါးသွေးမြင်းအား စီးလျက်ဖြင့် တွေးတော နေခဲ့သည်။ မဟာမိတ် ဖွဲ့ခြင်းမှာ သူ့အတွက် သိပ်မဆိုး လှပေ၊ သူ တစ်ယောက်တည်း အမဲလိုက် ခြင်းထက် ပိုထိရောက် မည်မှာ သေချာ ပေသည်။

တစ်ချိန် တည်းမှာပင် ဇိုယန်၏ ခွန်အားကို နားလည်ရန် ဤအခွင့် အရေးကို အသုံးချ နိုင်မည်။ ထို့ပြင် ဇိုယန်၏ 'ဒရာကိုဖီသားရဲ ခန္ဓာကိုယ် အသွင် ပြောင်းခြင်း' နည်းစနစ်နှင့် ဆေဘာဓား နည်းစနစ်ကို စိတ်ဝင်စား မိပေသည်။

“ကောင်းပြီ ဒါဆို အတူတူ လုပ်ကြ ရအောင်။”

ဇိုယန်က ပြုံးလိုက်သည်။

“ဒါက အကောင်းဆုံး ဖြစ်မှာပါ၊ ညီအစ်ကိုလင်းရဲ့ အကူအညီနဲ့ သွေးဝံပုလွေ အားလုံးကို သူတို့ မျိုးနွယ်ဆီ ပြန်မရောက် ခင်မှာ ကြားဖြတ် တားဆီး နိုင်မယ်လို့ ယုံကြည် ပါတယ်။ ”

နောက်ရက် အနည်းငယ် အတွင်း လင်းယွန်က အဖွဲ့နှင့် ရောနှောကာ သွေးဝံပုလွေ များကို လိုက်လံ ရှာဖွေ နေခဲ့သည်။

သွေးဝံပုလွေ ဘုရင် သေဆုံး ပြီးနောက်၊ သွေးဝံပုလွေ များက သူတို့ အဖွဲ့အား မည်သည့် ခြိမ်းခြောက်မှု မျိုးမှ မပြုလုပ် နိုင်တော့ပေ။ ဇိုယန်က သန်မာသော သူ့ခွန်အားကို အမဲလိုက် ရာ၌ အပြည့် အဝ ထုတ်ဖော် ထားခဲ့သည်။

ဇိုယန်၏ ဆေဘာဓား နည်းစနစ် အောက်တွင် လင်းယွန်မှာ အစွမ်းကို ထုတ်ဖော် ပြသရန်အခွင့်အရေး မရှိခဲ့ပေ၊ ထိုအခြေ အနေ အရ လင်းယွန်မှာ အခွင့် အရေးကို ရယူ နေပုံ ဖြစ်သည်ကြောင့် ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များအား မပျော်မရွှင် ဖြစ်စေခဲ့သည်။

သို့သော် လင်းယွန်က သူတို့၏ အတွေးများကို သိပ် စိတ်မ၀င် စားခဲ့ပေ။ ကျန်းပင်းကို လျစ်လျူရှု ထားခြင်းဖြင့် ဇိုယန်ကို မျက်နှာပေး လိုက်သည်။

ခုနစ်ရက်တာ ကာလအတွင်း အလွန် ရိတ်သိမ်း နိုင်ခဲ့ပြီး၊ ၎င်းတို့၏ မစ်ရှင်မှာ အရှိန် အဟုန်ဖြင့် တိုးတက် အောင်မြင် ခဲ့သည်။

လင်းယွန်တွင် သွေးအဆီ အနှစ် လေးဆယ့်ငါး စက်ကို စုဆောင်း ထားပြီး ဖြစ်သောကြောင့်၊ သွေးဝံပုလွေ ဘုရင်၏ သွေးအဆီ အနှစ်ကိုသာ ထည့်သွင်းပါက သူ့ မစ်ရှင်ကို အပြီးသတ်နိုင်မည် ဖြစ်သည်။

သို့သော် သွေးဝံပုလွေ ဘုရင်၏ သွေးအဆီ အနှစ်ကို သူ့အတွက် သိမ်းထားချင် သည်ဖြစ်ရာ၊ ဇိုယန် အဖွဲ့ဖြင့် အလျင်စလို ခွဲခွာ လိုခြင်း မရှိခဲ့ပေ။

သတ္တမနေ့တွင် ဒဏ်ရာ ရရှိ သွားသော သွေးဝံပုလွေ ငါးကောင်ကို ခြေရာခံ လိုက်ရှာ နေမိသည်။ ဖမ်းမိခါနီးတွင် ဇိုယန်၏ မျက်နှာမှာရုတ်တရက် ပြောင်းလဲ သွားပြီး၊

“ရပ်လိုက် .... ထပ် မလိုက် နဲ့တော့၊ ငါတို့ ဒီထက်ပိုပြီး သွားမိရင်၊ သွေးဝံပုလွေ မျိုးနွယ်စု ဆီကို ရောက်သွား လိမ့်မယ် "

-ဟု ထိတ်လန့်စွာ အော်ဟစ် ဟန့်တား လိုက်လေသည်။

" သွေးဝံပုလွေ မျိုးနွယ်စု ဟုတ်လား "

" ဟုတ်တယ် ..... "

တိမ်မိစ္ဆာ တောင်တန်းကြီးတွင် များပြားလှသော သွေးဝံပုလွေများ ကျက်စားရာ နယ်မြေ တစ်ခု ရှိကြောင်း၊ လူတိုင်းအား ရှင်းပြ လိုက်သည်။

ထိုနယ်မြေတွင် အကောင်ရေ ထောင်ပေါင်းများစွာ ရှိပြီး၊ ၎င်းမျိုးနွယ်စု အတွင်းတွင် ခရမ်းရောင် နန်းတော် နယ်မြေနှင့် နှိုင်းယှဉ် နိုင်သော သွေးဝံပုလွေအို ကြီးများပင် ရှိပေသည်။

ဆောင့်ကြွားကြွားဖြင့် ဝင်ရောက် မိပါက သူတို့၏ သေဆုံးမှုကို ထိုဝံပုလွေ အိုကြီး များက အာမခံ ပေလိမ့်မည်။

သွေးဝံပုလွေ မျိုးနွယ်စုတွင် ဘုရင်တစ်ပါးမွေးဖွား လာပြီးနောက် တိမ်မိစ္ဆာ တောင်တန်း ၌ စွန့်စားခန်း ခရီးစဉ်ကို စတင်ရန်၊ သွေးဝံပုလွေ အဖွဲ့ နှင့်အတူ ထွက်ခွာ သွားရမည် ဖြစ်သည်။

ဝံပုလွေဘုရင် အသတ်ခံရသော အခါတွင် မျိုးနွယ်စု အတွင်းသို့ ပြန်လာ ရမည် ဖြစ်သော်လည်း၊ နောက်တစ်ကြိမ် ဘုရင် အသစ် မွေးဖွားလာ ပြီးသည်နှင့် ပြန်လည် ထွက်ခွာ သွားကြ ရသည်။

"သွေးဝံပုလွေ တွေရဲ့ မျိုးနွယ်စု နယ်မြေက ရှေ့ဆို ရောက်ပြီလား"

လင်းယွန်က အဝေးကို လှမ်းကြည့်သည်။ ရှေ့တွင် ကျယ်ဝန်းသော ချိုင့်ဝှမ်း တစ်ခုက ပုံမှန် မဟုတ်သော ရောင်ဝါများ စိမ့်ထွက်လျက်၊ အေးစိမ့်သော ခံစားချက်များ ရရှိ လာ စေသည်။

ဇိုယန်က ခေါင်းညိတ် လိုက်ပြီး၊

" ငါတို့ ခပ်ခွာခွာ နေသရွေ့တော့ အဆင်ပြေ မှာပါ "

" ဒါပေမယ့်၊ မစ်ရှင် ပြီးဖို့က သွေးအဆီ အနှစ် သုံးစက်ပဲ လိုတော့တယ် .. အခုပဲ ဆက်ရှာရအောင် ..."

ကျန်းပင်း၏ မျက်နှာတွင် အလိုမကျ ဟန်များ ဖြစ်ပေါ် လာပြီး လက်ဖဝါးကို သစ်ပင်အား ပုတ်လိုက်ကာ၊ ချိုင့်ဝှမ်း အတွင်းသို့ ထိုးဆင်း လိုက်သည်။

ကျန်းပင်းက ချိုင့်ဝှမ်းထံ တိုးဝင်နေစဉ်၊ လင်းယွန်၏ ခန္ဓာကိုယ် အတွင်းရှိ 'အသူရာ နဂါး' မှာ၊ ဘဝင် မကျသော ခံစားချက်များ ရရှိ လာ သည်ကြောင့်၊ ချက်ချင်းပင် ခုန်ပေါက် လှမ်းဆွဲ လိုက်သည်။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ထုတ်ဖော် လိုက်ပြီး၊ ရှေ့သို့ ပြေးသွားကာ ကျန်းပင်းကို ပြန်ဆွဲခေါ် လိုက်မိသည်။

"လင်းယွန် မင်း ဘာလုပ် နေတာလဲ၊ ငါ့ကို လွှတ်စမ်း …”

ကျန်းပင်းက အော်ဟစ် ရုန်းကန် လိုက်၏။

လင်းယွန်က သူ့လက်ကို လွှတ်ချ ပေးလိုက်သည်နှင့် ကျန်းပင်းမှာ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသည်။

ဒေါသတကြီးဖြင့် တုန့်ပြန်ရန် အပြင်တွင်၊ မြှားတစ်စင်းက လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ်ကို ထိုးဖောက် သွား၏။

မြှားတံ ထံမှ ကြီးမားသော ရိုက်ခတ်မှုမှာ ပတ်ဝန်းကျင် လေထုအား တုန်လှုပ် သွား စေသည် သာမက၊ မြေပြင် ကိုပင် ယမ်းခါ သွားစေ ခဲ့သည်။

ကျန်းပင်၏ မျက်နှာမှာ ဤမြင်ကွင်းကြောင့် ပျက်ယွင်းကာ ထိတ်လန့် သွား၏။ လင်းယွန်သာ ဟန့်တား စွက်ဖက် လာခြင်း မရှိပါက၊ သူ သေသွား ပေလိမ့်မည်၊ မြှားသည် မြေပြင်သို့ ထိုးကျ သွားပြီး၊ အနက်ရောင် မီးခိုးငွေ့များ လွင့်ထွက် လာ၏။

၎င်းမီးခိုးငွေ့ များမှာ အဆိပ်များ ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ချက်ချင်း ညှိုးနွမ်း သွားစေ ခဲ့သည်။

သူတို့ အားလုံး၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊ မသိစိတ် အတွင်းမှ ထိတ်လန့် သွားကာ၊ ခြေလှမ်း အနည်းငယ်ခန့် နောက်ပြန် ဆုတ်လိုက် မိ၏။

" ဂိုဏ်းရဲ့ တပည့်တွေလား ...၊ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်လဲ၊ နက်နဲနယ်မြေ တတိယ အဆင့်မှာ ရှိတဲ့၊ တပည့်လေး၊ ငါးယောက်က သွေးဝံပုလွေ မျိုးနွယ် အနီးကို လာဝံ့တယ်လား ”

အဆိပ်မြှား ထွက်ပေါ်လာရာ တောအုပ် အတွင်းမှ အေးစက်သော အပြုံးဖြင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး၊ ထွက်ပေါ် လာသည်။

“ သူတို့ကို ဘယ်သူ ပိုင်လဲ ဆိုတာကို မင်းဘာလို့ မကြည့် ခဲ့ရတာလဲ…”

ကြောက်စရာ ကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး၊ အနက်ဝတ် လူလတ်ပိုင်း အရွယ် ဒုတိယ အမျိုးသား တစ်ဦး ထပ်မံ ထွက်ပေါ်လာ ပြန်သည်။

ထိုလူ၏ အကြည့်ထံမှ၊ ကောက်ကျစ်သော မြွေဆိုး တစ်ကောင်၊ စိုက်ကြည့်လာ သကဲ့သို့၊ အေးစိမ့်သည့် ခံစားချက် များရရှိ လာစေသည်။

အနက်ဝတ် လူလတ်ပိုင်း အရွယ် ပထမ အမျိုးသား၏ မျက်လုံးများ တောက်ပလာကာ၊

“ဒါက ရှေးတာအို ဂိုဏ်းပဲ၊ မထူးဆန်း ပါဘူး … ဘယ်လို အရသာ ရှိလိုက်တဲ့ အသားမျိုးလဲ၊ အကိုကြီး၊ မင်းငါ့ကို တားဖို့ စိတ်မကူးဖူး မဟုတ်လား"

“ သူတို့ကို မြန်မြန် ဖြေရှင်းလိုက်၊ ငါတို့ကို ရှာတွေ့ ကတည်းက သူတို့ကို အသက် မရှင် စေနဲ့။ "

အနက်ဝတ် လူလတ်ပိုင်း အရွယ် ဒုတိယ အမျိုးသားက အေးစက်စွာ ပြောသည်။

သူတို့ နှစ်ဦးသည် လင်းယွန်တို့ အဖွဲ့၏ အသက်နှင့် သေခြင်းကို စကားလုံး အနည်း ငယ်ဖြင့် ဆုံးဖြတ်ခဲ့ ကြ၏။

နက်နဲနယ်ပယ်၏ ပဉ္စမ အဆင့်ရှိ ၎င်းတို့၏ ခွန်အားကို အပြည့်အဝ ပြသ လာခဲ့သည်။

တစ်ချိန်တည်း မှာပင် အဝေး တစ်နေရာ၌ အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦးတို့က ရပ်လျက် ထိုမြင်ကွင်းကို စောင့်ကြည့် နေခဲ့ကြ လေသည်။ ရုတ်တရက် အမျိုးသမီးက၊

" အကြင်နာချောက်ကမ်းပါး ...မင်းရဲ့ ဂျူနီယာ တွေနဲ့ တူတယ်....''

'အကြင်နာ ချောက်ကမ်းပါး' ဟု အခေါ် ခံရ သူမှာ၊ ရှေးဟောင်းတာအို ဂိုဏ်း၏ ပါရမီရှင် တစ်ပါး ဖြစ်ပြီး၊ မြို့တော်ရှိ ပါရမီရှင် ရှစ်ပါးထဲမှ တစ်ပါးလည်း ဖြစ်သည်။

သူနှင့် အတူ ရှိနေကြသော လူ အနည်းငယ်သည် သူ့ထက် ပျော့ညံ့ သူများ မဟုတ်ကြဘဲ၊ ၎င်းတို့ အားလုံးမှာ မြို့တော်၏ ခေါင်းစဉ် တပ်ထားသော ပါရမီရှင် ရှစ်ပါးထဲမှ အချို့ ဖြစ်ကြ လေသည်။

သူတို့ထဲက တစ်ယောက်က ပြုံးပြီး၊

“ ခက်ပြီ၊ အခုချိန်သာ ဝင်ကယ်ရင် ငါတို့ရဲ့ အစီအစဉ်ကို ထိခိုက် စေလိမ့်မယ်။”

“သူတို့ထဲက တစ်ယောက်က ငါ့ဂိုဏ်းက တပည့် မဟုတ်ဘူး၊ ညီအစ်ကို ရှင်းဂျူက သူ့အကြောင်းကို သိသင့်တယ် မဟုတ်လား၊ ညီအစ်ကို ရှင်းဂျူပဲ ဆုံးဖြတ်ချက် ချပါစေ ... ၊ ”

'အကြင်နာ ချောက်ကမ်းပါး' က မကျေမနပ်ဖြင့် ပြန်ပြော လိုက်သည်။

" ဒါဆို စောင့် ကြည့် လိုက် ရ အောင်။"

ရှင်းဂျူထံမှ 'အကြင်နာ ချောက်ကမ်းပါး' လိုချင်သော၊ အဖြေမျိုးကို ပေးမလာ ခဲ့သည်ကြောင့်၊ အခြားသော သူများက အံ့သြ သွားသည်။

“နည်းနည်းတော့ စိတ်ဝင်ဖို့ ကောင်းလာပြီ …”

***

All Chapters