ဒါပဲလား။
Vol. 18 Ch. 246
တိမ်မိစ္ဆာ တောင်တန်း၊ သွေးဝံပုလွေ မျိုးနွယ် နေထိုင်ရာ၊ ချိုင့်ဝှမ်း အပြင်ဘက်။
ဇိုယန်နှင့် အဖွဲ့သည် နက်နဲ သိုင်းနယ်ပယ် ပဉ္စမအဆင့်ရှိ လမ်းလွဲ သိုင်းသမား နှစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့် ထားမိပေ။
ထို့အပြင်၊ ၎င်းတို့၏ မိစ္ဆာ ရောင်ဝါမှာ အလွန် သိပ်သည်း လှသဖြင့် လူထောင်ပေါင်း များစွာကို သတ်ပစ် ခဲ့သော သူများသာ ထိုကဲ့သို့ ဆိုးရွားလှသော ရောင်ဝါကို စုဆောင်းနိုင် မည်ဖြစ်သည်။
မိစ္ဆာရောင်ဝါသည် လူသတ် ရောင်ဝါနှင့် မတူပေ။ အသက် ပေါင်းများ စွာကို ယူခဲ့ပြီးနောက်၊ ပတ်ဝန်းကျင်၌ ထူးဆန်းသော ရောင်ဝါတစ်မျိုး တဖြည်းဖြည်း ဖြစ်ပေါ်လာ ပေလိမ့်မည်။
အထူးသဖြင့် နတ်ဆိုး သားရဲများတွင် တွေ့ရများသည်။ နတ်ဆိုးသားရဲ များမှာ ရက်စက် ကြမ်းကြုတ် ကြပြီး မွေးဖွား ကတည်းကပင် ၎င်းတို့၏ လူသတ် ရောင်ဝါကို မိစ္ဆာဆန်သော ရောင်ဝါ အဖြစ်သို့ မည်သို့ ပြောင်းလဲ ရမည်ကို သိရှိခဲ့ ကြသည်။
သို့သော်၊ မိစ္ဆာဆန်သော ရောင်ဝါကို မွေးမြူခြင်းသည် ပြန်လှည့် မရသော လမ်းကြောင်းဖြစ်သည်။ နောက်ဆုံးတွင်၊ ဂိုဏ်းသား တပည့်များ သို့မဟုတ် ဖြောင့်မတ်သော ကျင့်ကြံသူ များတွင် ၎င်းအရှိန်အဝါကို မတွေ့ ရနိုင်ပေ။
ကျောပေါ်တွင် ရှည်လျားသော လင်းလေးကို သိုင်းလွယ် ထားရှိသော လူလတ်ပိုင်း အရွယ် အမျိုးသားက လူအုပ်ကို စူးစူး စိုက်စိုက် ကြည့်ပြီး ပြုံးပြ လိုက်သည်။
အခြားသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးက မြွေဆိုး တစ်ကောင် ကဲ့သို့ မျက်လုံးများ မှေးကျဉ်းလျက် အနက်ရောင် မြူများ အတွင်း ရပ်နေခဲ့၏။
ဤအရေး၌ ပါဝင်ရန် အစီအစဉ် ရှိပုံ မရပေ။
ဇိုယန်၏ မျက်ခုံး နှစ်ဖက်မှာ စုကျုံ့ သွား၏။ သာမာန် လမ်းလွဲ သိုင်းသမား များမှာ ဂိုဏ်းတပည့် များကို မလှုံ့ဆော် ဝံ့ကြချေ၊ သို့သော် ၎င်းတို့ နှစ်ဦးသည် အကြောက်တရား ကင်းကင်းဖြင့် ဤသို့သော အမှုကို ပြုလုပ်ချင် ခဲ့ကြ ပုံရသည်။
သူတို့ နှစ်ယောက်မှာ နက်နဲ သိုင်းနယ်ပယ်၏ ပဉ္စမ အဆင့်တွင် ရှိနေ သောကြောင့်၊ တိုက်ပွဲတစ်ခု ဖြစ်ပွား ပါက၊ ဇိုယန်မှ လွဲ၍ ဤနေရာရှိ မည်သူမျှ လွတ်မြောက် နိုင်မည် မဟုတ်ကြောင်း သိသာလှသည်။ လင်းယွန် သည်လည်း ချွင်းချက် မရှိနိုင်။
“ ဒီရက်ပိုင်း အတွင်း ငါရဲ့ မိစ္ဆာ အငွေ့ အသက်က နောက်ပြန် ဆုတ်သွား ပုံရတယ်၊ မင်းတို့လို တပည့်တွေရဲ့ တက်ကြွတဲ့ စွမ်းအားတွေကို စုပ်ယူနိုင်ရင်၊ ငါ့ရဲ့ မိစ္ဆာ အငွေ့အသက်ကို တိုးတက်စေ လိမ့်မယ်"
လူလတ်ပိုင်း အရွယ် အမျိုးသားက ရှေ့တစ်လှမ်း တိုးကာ၊ ပြုံးလျက် ဆိုလာသည်။
" စီ စီနီယာ အစ်ကို၊ ငါတို့ ဘာလုပ်သင့်လဲ"
ကျန်းပင်းနှင့် အခြားလူများက ထိတ်လန့် တုန်လှုပ်သွား ကြ၏။ သက်လတ်ပိုင်း အရွယ် အမျိုးသား၏ ကျင့်ကြံမှု အဆင့်မှာ၊ သူတို့ထက် မြင့်မားလှပြီး ဖိနှိပ်လာမှု အရှိန်အဝါကြောင့် အသက်ရှူ ကြပ် သွားကြသည်။
ထို့အပြင် ယခင်က ထိုသို့သော အရေးအခင်း မျိုးကို မကြုံဖူးသော တပည့်များမှာ သူတို့၏ မျက်နှာများ ပျက်ယွင်းသွား ကြသည်မှာ သဘာဝပင် ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ဆိုရပါက မိစ္ဆာ အရှိန်အဝါ များအောက်တွင် သူတို့၏ စွမ်းအင်များကို လှည့်ပတ် ရန်ပင် ခက်ခဲ နေခဲ့၏။ ဇိုယန်က ရှေ့သို့ လှမ်းတက် လိုက်ပြီး၊
" မင်းတို့ သာ ဆန္ဒရှိရင် ငါတို့ရဲ့ ဝိညာဉ် ကျောက်စိမ်း တွေကို လွှဲပေးလို့ ရပါတယ်၊ ဒါပေမယ့် မင်းတို့က ဒါကို အဆုံးထိ တွန်းပို့မယ် ဆိုရင်တော့ ရှေးဟောင်း တာအို ဂိုဏ်းက အလွယ်တကူ အနိုင်ကျင့် လို့ရမှာ မဟုတ်ဘူး ”
ဇိုယန်ထံမှ ထုတ်လွှတ် လိုက်သော အရှိန်အဝါမှာ တဟုန်ထိုး မြင့်တက်လာပြီး၊ လင်းလေးကိုလွယ်ထားသော လူလတ်ပိုင်း အရွယ် အမျိုးသား၏ ဆိုးရွား လှသော ရောင်ဝါများကို တွန်းလှန် ပစ်လိုက် ခြင်းဖြင့်၊ ကျန်းပင်းနှင့် အခြား သူများ ခံစား နေရသည့် ဖိအားကို လျှော့ချ ပေးလိုက်သည်။
လူလတ်ပိုင်း အရွယ် အမျိုးသားက အံ့သြစွာ မျက်ခုံးပင့် လိုက်၏။ သူ့မျက်နှာ ပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး၊ လေးနက်သော အမူ အရာများ တဖြည်းဖြည်း အစားထိုး လာသည်။
တစ်ဖက်လူထံမှ ထိတ်လန့် သွားသည့် အမူအရာ အချို့ကြောင့်၊ ဇိုယန်က ယုံကြည်များ ပြန်လည် ရရှိလာသည်။
“ မင်းက တိုက်ခိုက်ဖို့ တွန်းအားပေး လာ ရင်တောင်မှ ဒီတောင်တန်း ကနေ ငါ အသက် ရှင်လျက် လွတ်မြောက် နိုင်မယ်လို့ ယုံကြည် နေတုန်းပဲ၊ ရှေးဟောင်း တာအို ဂိုဏ်းကသာ ဒီကိစ္စကို သိသွား ခဲ့ရင်တော့၊ မင်းကို သေချာပေါက် လိုက်ဖမ်း လိမ့်မယ် "
" မင်း ငါ့ကို ခြိမ်းခြောက်နေတာလား"
လူလတ်ပိုင်း အရွယ် အမျိုးသားက ဒေါသတကြီး ဖြစ်လာပြီး သူ၏ အရှိန်အဝါမှာ ပိုမိုအားကောင်း လာခဲ့သည်။
“ ငါ မင်းကို ခြိမ်းခြောက်တာ မဟုတ်ဘူး၊ မင်းကို အရောင်းအဝယ် တစ်ခု ကမ်းလှမ်း ပေးနေတာ၊ ငါတို့ တစ်ယောက်စီက မင်းကို ဝိညာဉ်ကျောက်စိမ်း အလုံးရေ (၁၀၀၀) ပေးမယ်၊ ငါတို့ကို လွှတ်လိုက်ပါ၊ ဒါဆို ဘာမှ မဖြစ်ခဲ့ သလို သတ်မှတ် လိုက်မယ် ”
သက်လတ်ပိုင်း အရွယ် လူရွယ်က ဒေါသထွက်လာသည်ကို မြင်သောအခါ ဇိုယန်၏ ယုံကြည်မှုမှာ ကွယ်ပျောက် သွားပြန် တော့သည်။
လူလတ်ပိုင်း အရွယ် ပထမ အမျိုးသားက ငြိမ်သက်သွားသည်။ သူ့ အနောက်ရှိ အနက်ဝတ် ဒုတိယ လူကို လှည့်ကြည့် လိုက်၏။
နောက်ကွယ်မှ ဒုတိယ လူက ခေါင်းညိတ်ပြပြီး၊ အမှောင်ရိပ်ထဲ ဝင်ရောက် သွားတော့သည် ။
ထို့နောက် လူလတ်ပိုင်း အရွယ် ပထမ အမျိုးသားက ပြန်လှည့်လာပြီး၊
“ ကောင်းပြီ၊ ဒါပေမယ့် တစ်ယောက်ကို ဝိညာဉ် ကျောက်စိမ်း (၂,၀၀၀) လိုချင်တယ်၊ ညှိနှိုင်းမှု မရှိ "
" (၂၀၀၀) ..."
ဇိုယန်၏ မျက်နှာမှာ မည်းမှောင် သွား၏။ ပမာဏမှာ များစွာ များပြားလှ သော်လည်း၊ ကျန်းပင်းနှင့် အခြား သူများ၏ အသက်ကို ကာကွယ် နိုင်သောကြောင့် ၎င်းသည် ထိုက်တန်မည် ဖြစ်သည်။
သူက အံကြိတ် လိုက်ပြီး၊ “ သဘော တူတယ် '' ဟု ပြန်ဖြေ လိုက်၏။
" ဒါဆို မင်း ယူလာခဲ့ "
လူလတ်ပိုင်း အရွယ် ပထမ အမျိုးသားက တောင်းဆို၏။
ဇိုယန်က သူ့အိတ်ကို ပွတ်သပ်ကာ ဝိညာဉ် ကျောက်စိမ်း များကို ထုတ်ယူရန် အာရုံရောက် နေခိုက်တွင် ရုတ်တရက် အန္တရာယ်အငွေ့ အသက်ကို ခံစား လိုက်ရသည်။
အနက်ရောင် အလင်း တစ်စ တိုးဝင်လာပြီး၊ သူ့ လည်ပင်း၌ စူးခနဲ ပူလောင် သွားသည်။ ၎င်းမှာ အဆိပ်ပြင်းသော မြွေတစ်ကောင် ဖြစ်ကာ၊ ဇိုယန်အား ချက်ချင်း ဆိုသလို အားအင် ယုတ်လျော့ သွားစေတော့၏။
" ဟား ဟား ဟား ဂိုဏ်းတပည့် တွေက အရင်အတိုင်းပဲ နုံအ လွန်းပါတယ် ”
လူလတ်ပိုင်း အရွယ်အမျိုးသားက ရယ်မောလိုက်၏။ သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြင်းထန် လာပြီး နှစ်ဆခန့် တိုးမြင့် လာကာ၊ ဇိုယန်ကို ထိုးချ လိုက်သည်။
" စီနီယာ အစ်ကို "
ကျန်းပင်းနှင့် အခြားတပည့် များက ထိတ်လန့်စွာ အော်ဟစ်လိုက် ကြသည်။
“ဘယ်လို အမှိုက်တွေလဲ၊ ဒူးထောက်ပြီး နာခံစမ်း ”
သက်လတ်ပိုင်း အရွယ် ပထမ အမျိုးသား၏ မိစ္ဆာ ရောင်ဝါသည် မမြင်နိုင်သော တောင်ကြီး တစ်လုံး ကဲ့သို့ ၎င်းတို့ အပေါ် ပြိုကျ လာ၏။
ကျန်းပင်းနှင့် အခြား တပည့်များကို နှုတ်ခမ်းမှ သွေးစများ ထွက်ပေါ် လာစေပြီး၊ ဒူးထောက် သွားစေ တော့သည်။
လူလတ်ပိုင်း အရွယ် ပထမ အမျိုးသား၏ မျက်လုံးများတွင် အထင်အမြင် သေးသည့် အရိပ် အယောင်များ ထွက်ပေါ်လာပြီး၊
“အမှိုက်တွေ ဘယ်လောက်တောင် များလိုက်လဲ၊ ဂိုဏ်းကြီး တွေရဲ့ အရင်းအမြစ် တွေကို မင်းတို့ စိတ်ထင်တိုင်း ဖြုန်းတီးနေ ကြတာပဲ "
" ဟုတ်လား.... "
ထိုအချိန်တွင် တိုးညှင်းသော ရယ်သံ တစ်သံ ထွက်ပေါ် လာသည်။
လူလတ်ပိုင်း အရွယ် ပထမ အမျိုးသားက အသံ ပိုင်ရှင်ထံ မော့ကြည့် လိုက်ရာ၊ သူ့မျက်နှာ ထံသို့ ရိပ်ခနဲ တိုးဝင်သော လက်သီးတစ်လုံးကြောင့် ထိတ်လန့် တကြား ရှောင်တိမ်းရန် ကြိုးစား ခဲ့သော်လည်း နောက်ကျ နေခဲ့ပြီ ဖြစ်သည်။
လက်သီးတွင် ဓားအလင်းများ ကပ်ညိ ပါဝင်နေပြီး၊ နောက်ဆက်တွဲ ဆိုးကျိုးများ ကျန်ရစ် သွားခဲ့၏။
နဂါးနှင့် ကျားဟောက်သံများ ပဲ့တင်ထပ်ကာ၊ လူလတ်ပိုင်း အရွယ် ပထမ အမျိုးသား၏ ရင်ဘတ် ပေါ်သို့ ထိမှန် လွင့်စင်သွား လေသည်။
လူလတ်ပိုင်း အရွယ် ပထမ အမျိုးသားက မြေပြင် ပေါ်သို့ မပြုတ်ကျ မီတွင် များပြားလှသော သွေးများကို ပါးစပ် အပြည့် ထွေးထုတ် လိုက်ရ လေသည်။
ခြေထောက်ပေါ် ပြန်ရပ်ရန် ကြိုးပမ်းလိုက်သော်လည်း၊ နံရိုးများ ထံမှ ထွက်လာသော နာကျင် ကွဲအက်သံကြောင့် မြေပြင်ပေါ်သို့ ပြန်ပြိုလဲ သွားခဲ့၏။
သူ့မျက်လုံး များတွင် ထိတ်လန့် ဟန်များ စွန်းထင်း လာပြီး၊
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ၊ လက်သီး တစ်ချက်ထဲနဲ့ မင်းငါ့ကို ဘယ်လို အနိုင်ယူ နိုင်ရ တာလဲ။"
သူ့ရှေ့ရှိ လူငယ်မှာ နက်နဲ နယ်မြေ၏ ဒုတိယအဆင့် တွင်သာ ရှိနေ သေးသည် ဖြစ်ရာ၊ မယုံကြည် နိုင်ဟန် မျက်လုံးများ ပြူးသွား၏။
ဤအခိုက် အတန့်တွင် လင်းယွန်၏ လည်ပင်းဆီသို့ အနက်ရောင် အရိပ်တစ်ရိပ် တိတ်တဆိတ် တိုးဝင် လာသည်။
ယင်းကို လင်းယွန်က သတိ မထား မိခဲ့ဘဲ၊ လဲကျနေသော လူလတ်ပိုင်း အရွယ် ပထမ အမျိုးသား ဆီသို့ ဆက်လက် လျှောက်လှမ်း သွားခဲ့သည်။
အနက်၀တ် ဒုတိယ လူရွယ်က ထိုမြင်ကွင်းကို အမှောင်ရိပ် ထဲမှ ကြည့်လျက် လှောင်ရယ် မိလေသည်။
သို့သော် နဂါးသွေးမြင်းက သူ့ အရှိန်အဝါကိုရုတ်တရက် ထုတ်ဖော် လိုက်ကာ၊ လျှပ်စီး တစ်စင်း သကဲ့သို့ အနက်ရောင် မြွေကို ဟန့်တား ဖမ်းယူ ဝါးစား ပစ်လိုက်၏။
နဂါးသွေးမြင်းသည် အနက်ရောင် မြွေကို ကိုက်ဝါး နေလျက်မှ မြူခိုးများ အတွင်းရှိ လူလတ်ပိုင်း အရွယ် ဒုတိယ အမျိုးသားကို ပြုံးလျက် သွားစွယ် များကို ပြသ လိုက်လေသည်။
"ငါ့ အနက်ရောင် လျှပ်စီး မြွေ.. "
ဒုတိယ အမျိုးသား၏ မျက်လုံးများမှာ မျက်လုံးအိမ် များမှ ပြုတ်ကျ လုနီးပါး ပြူးကျယ်သွား၏။
အနက်ရောင် လျှပ်စီး မြွေမှာ ဆယ်စုနှစ် တစ်စု နီးပါး၊ သူ့နှင့်အတူ လူများစွာကို သတ်ခဲ့ဖူး ပေသည်။ သို့သော် ယနေ့၌ မြင်းတစ်ကောင်၏ ကိုက်ဝါး စားသောက် ခြင်းကို ခံနေရ တော့၏။
တစ်ဆက်တည်းမှာပင် နဂါးသွေးမြင်း ထံမှ မိုးကြိုး စွမ်းအင် များသည် လျှပ်စီးကြောင်းများ အဖြစ်သို့ ပြောင်းလဲ သွားပြီးနောက်၊ အမှောင် ရိပ် ထဲရှိ လူလတ်ပိုင်း အရွယ် ဒုတိယ အမျိုးသားကို နဂါး ဦးချိုဖြင့် တိုက်ခိုက် လိုက်သည်။
မိုးကြိုး စွမ်းအင်များ ထိမှန် သွားခဲ့ပြီး ၎င်း၏ ရင်ဘတ်တွင် အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် လာတော့သည်။
နဂါးသွေးမြင်း၏ 'မိုးကြိုးသွား ဆင်းသက်ခြင်း' သည် လင်းယွန်နှင့် အသုံး ပြုသည့် အချိန်ကထက် ပိုမို အားကောင်း လာပေသည်။
အမှောင်ရိပ် ထဲရှိ လူလတ်ပိုင်း အရွယ် ဒုတိယ အမျိုးသားမှာ လွင့်စင် လဲကျ သွားပြီးနောက်၊ သေဆုံးသွား ခဲ့လေသည်။
" မင်းက လွတ်မြောက် နိုင်မယ် ထင်လား"
အမှောင်ရိပ် ထဲရှိ ဒုတိယ အမျိုးသား သေဆုံးသွားသည်ကို ကြည့်ကာ၊ လင်းယွန်က ရယ်မောလျက်၊ ထွက်ပြေး သွားသော ပထမ အမျိုးသားထံ ပြန်ကြည့် လိုက်သည်။
လက်ကို မြှောက်ပြီး ဓားသေတ္တာကို ဖွင့်လိုက်ရာ၊ ပန်းသင်္ချိုင်းဓား နှင့်အတူ လေပွေ တစ်ခုကဲ့သို့၊ ပန်း ပွင့်ချပ်များ လှည့်ပတ် ထွက်ပေါ်လာ လေသည်။
ပန်းသင်္ချိုင်းဓားကို ဖမ်းယူ လိုက်ပြီး၊ လင်းယွန်၏ ကိုယ်ခန္ဓာမှ အကန့် အသတ်မဲ့ လွှမ်းမိုး နိုင်လွန်းသော အရိပ် အယောင်များ ထွက်ပေါ် လာကာ၊ သခင့်ဓားကို ထုတ်ဖော် လိုက်တော့၏။
ပန်းပွင့်ချပ်များ နှင့်အတူ ကောင်းကင်သို့ ပျံတက်သွားပြီး သူ့လမ်းကြောင်း ပေါ်ရှိ အရာအားလုံးကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ပိုင်းဖြတ် ပစ်လိုက် လေသည်။
လူလတ်ပိုင်းအရွယ် ပထမ အမျိုးသားက ပြေးလွှား နေလျက်မှ ခြိမ်းချောက်ခြင်း ခံစားလိုက် ရသောကြောင့် ရုတ်တရက် နှလုံးခုန် မြန်လာခဲ့သည်။
လှည့်ကြည့် လိုက်သည်နှင့် အလင်းတန်း တစ်ခုမှာ သူ့အပေါ် လျင်မြန်စွာ ပြိုကျ လာနေ လေသည်။
ထက်ခြမ်း ခွဲခံရပြီးနောက်၊ သွေးမြူများ ထွက်ပေါ် လာကာ၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။
လင်းယွန်ကသွေးမြူများ အတွင်း ရပ်နေခဲ့ပြီး၊ ပန်းသင်္ချိုင်းဓားကို ပြန်လည် သိမ်းယူ လိုက်၏။
ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များက ထိုမြင်ကွင်းကြောင့် အထူးသဖြင့် ကျန်းပင်း သည် မယုံကြည် နိုင်ဟန်ဖြင့် ထိတ်လန့် သွား၏။
နှိမ့်ချ ရှုမြင်ခဲ့သော လင်းယွန်သည် ဤမျှအစွမ်းထက် လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့် ထားမိချေ။
လင်းယွန်ကို ထပ်ခါ ထပ်ခါ လှုံ့ဆော် ခဲ့ပုံကို တွေးလိုက် မိသော အခါတွင်၊ ကျန်းပင်း၏ ကျောရိုး တစ်လျှောက် အေးစက် သွားစေသည့် ခံစားချက်များ ထွက်ပေါ် လာတော့သည်။ လင်းယွန်သာ ဆန္ဒ ရှိပါက ကိုးကြိမ်ထက် မနည်း၊ သူ သေဆုံးသွား နိုင်ပေမည်။
" .. ငါ ဘယ်လို အရှုပ်တွေ လုပ်နေ မိတာလဲ ..."
***