ပါရမီ ရှင်များ စုဝေးခြင်း။
Vol. 18 Ch. 247
'အကြင်နာ ချောက်ကမ်းပါး' နှင့် အခြား လေးယောက် တို့မှာ ဤမြင်ကွင်းကို မြင်သော အခါ အံ့သြသွား ကြ၏။
နက်နဲ ဒုတိယ အဆင့်ရှိ ပြင်ပ တပည့် တစ်ဦးသည်၊ နက်နဲ ပဉ္စမ အဆင့်တွင် ရှိသော လမ်းလွဲ သိုင်းသမား နှစ်ဦးကို၊ သတ်နိုင်မည် ဆိုသည်ကို သူတို့ မယုံနိုင်ခဲ့ ကြပေ။
" ငါသာ မမှားရင်၊ အဲဒါ သခင့်ဓား ဖြစ်သင့်တယ် မဟုတ်လား"
“ ဝိုး.... ဓားနန်းတော်မှာ ပါရမီရှင်တွေ မနည်းပါလား၊ ဘိုင်လိရွှမ် အပြင်၊ အခု နောက်ထပ် ဓားတာအို အပေါ်မှာ နက်နက် ရှိုင်းရှိုင်း ဆုပ်ကိုင် ထားနိုင်တဲ့ ပါရမီရှင် တစ်ယောက် ရှိလာပြီ"
" အစ်ကို ရှင်းဂျူက စောင့်ကြည့်ဖို့ ပြောခဲ့တာ အံ့သြ စရာတော့ မဟုတ်ပါဘူး "
သူတို့ ငါးယောက်မှာ မဟာချင် အင်ပါယာ၏ အထက်တန်းစားများ ဖြစ်ကြပြီး၊ လင်းယွန် အပေါ် သူတို့၏ တူညီသော စိတ်ဝင်စား မှုကို ပြသ လာခဲ့ ကြသည်။
" အဲဒါက ဘာများ ထူးဆန်း လို့လဲ၊ သူ့ရဲ့ သားရဲ ကြောင့်သာ မဟုတ်ရင် ရလာဒ်က မတူ နိုင်ပါဘူး..... ၊ အဲ့ဒီအဆိပ်ရှိတဲ့ မြွေက ဇိုယန်ကိုသာ မကိုက်ရင် လမ်းလွဲ သိုင်းသမား နှစ်ယောက်က သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး ”
အကြင်နာ ချောက်ကမ်းပါး က မထူးခြား ဟန်ဖြင့် ရေရွတ် လိုက်သည်။
လူတိုင်းက ပြုံးရုံ ဖြင့်သာ တုန့်ပြန် လိုက် ကြသည်။ သူ့ ဂိုဏ်း၏ တပည့်များက လင်းယွန် ထက် နိမ့်ပါး သွားသည်ကို 'အကြင်နာ ချောက်ကမ်းပါး' က သဘာဝ အတိုင်း စိတ်မချမ်းသာကြောင်း သူတို့ သိသည်။
“ မိုလွာက ဒါကို သတိ မပြု မိဖို့ ခက်လိမ့်မယ်၊ လာ ... သွားကြည့် ရအောင်၊ ငါတို့ရဲ့ အစီအစဉ်ကို အခုပဲ ပြောင်းလဲရမယ်”
- ဟု ရှင်းဂျူက ပြောကြား လိုက်သည်။ လူတိုင်း၏ မျက်နှာတွင် အလေးအနက် ဖြစ်လာ ကြပြီး၊ ဆက်လျှောက်လာ မိကြသည်။
လင်းယွန်နှင့် ဇိုယန်တို့မှာ ဂျူနီယာ များသာ ဖြစ်ကြပြီး၊ သူတို့ တို့ ငါးဦး စလုံးမှာမူ မဟာချင် အင်ပါယာ၏ ထိပ်ဆုံးရောက် မျိုးဆက်များ ဖြစ်ပေသည်။
အခြားတစ်ဘက်တွင် ကျန်းပင်းနှင့် ကျန်တပည့် များက စိတ်သက်သာရာ ရသွား ကြ၏။ အစောပိုင်း အခြေအနေတွင် သူတို့ တွေ့ကြုံ ခံစားခဲ့ ရသမျှမှာ စိတ်ထိခိုက် ဖွယ်ရာများ သာပင်။
သူတို့ အားလုံး၏ နှလုံးသား ထဲတွင် မရဏ ပြည်မှ၊ ပြန်လာနိုင် ခဲ့ကြ သူများ ကဲ့သို့ ခံစား နေရ၏။
အစောပိုင်း အချိန်တွင် ဆိုးရွား လှသော ရောင်ဝါဖြင့် ချုပ်နှောင်ခံ ထားရပြီး သူတို့၏ ဘဝများကို ရန်သူ့ လက်ထဲသို့ ပေးအပ် ထားရသည်။
လူလတ်ပိုင်း အရွယ် အမျိုးသား နှစ်ဦး၏ သိုလှောင်အိတ် များကို လင်းယွန်က ကောက်ယူ လိုက်ပြီး၊ အဆင့်မြင့် နက်နဲဆေးလုံး တစ်လုံးကို နဂါးသွေးမြင်း ဆီသို့ ပစ်ပေး လိုက်၏။ နဂါးလေးမှာ ပင်ပန်း နွမ်းနယ်နေပြီး ခေတ္တမျှ အနား ယူရန် လိုအပ် ပေမည်။
နဂါးသွေးမြင်း အတွက် တိမ်မိစ္ဆာ တောင်တန်းရှိ၊ အရာ အားလုံး နီးပါးကို စားသုံးနိုင် သောကြောင့်၊ အဆိပ်ရှိသော မြွေကိုပင် သူ့ အမြည်း အဖြစ်သာ သတ်မှတ် နိုင်၏။ အဆိပ်မိ နိုင်စရာ နည်းလမ်း မရှိပေ။
"အစ်ကိုဇို မင်း အဆင်ပြေရဲ့လား"
လင်းယွန်က မေးလိုက်သည်။ သက်လတ်ပိုင်း အရွယ် အမျိုးသား၏ လက်သီး ချက်ကို ခံထားရသည် ဖြစ်ရာ၊ အပြင်းအထန် ဒဏ်ရာ ရရှိ သွားသော် ငြားလည်း၊ ခန္ဓာကိုယ် နည်းစနစ်၏ ပြန်လည် ကုသ နိုင်စွမ်းကြောင့် အသက် ဆုံးရှုံး သွားနိုင်ခြင်း မရှိပေ။
“ ငါ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ ပြန်ကောင်း လာဖို့တော့ မလွယ်သေးဘူး၊ အဆိပ်က နည်းနည်း ဒုက္ခပေး နေတုန်းပဲ ”
ဇိုယန်၏ မျက်နှာပေါ်တွင် အနက်ရောင် မျဉ်းကြောင်းများ အနည်းငယ်သာ ရှိနေသေး သဖြင့် အခြေအနေမှာ အကောင်းဘက် ကူးသန်းလာ ကြောင်း ပြသနေသည်။
ကျန်းပင်းနှင့် အခြား သူများက လင်းယွန်ကို ကြည့်ကာ မှင်တက် နေဆဲပင်။ နက်နဲ နယ်ပယ် ပဉ္စမအဆင့် သိုင်းသမား နှစ်ဦးကို သူ တစ်ဦတည်း ရင်ဆိုင်နိုင် ခဲ့သည်ကို မယုံနိုင် သေးပေ။
“ မင်းကို ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ငါတို့ ဒီမှာ သေလိမ့်မယ်”
ဇိုယန်က လမ်းလွဲ သိုင်းသမား နှစ်ယောက်ကို ရည်ရွယ် ပြောသည့် အခိုက်တွင် ဒေါသ တကြီး အံကြိတ် လိုက်၏။
ဤအတွေ့ အကြုံသည် အထူးသဖြင့် မိစ္ဆာကျင့်ကြံ သူများကို မယုံကြည် ရကြောင်း သင်ခန်းစာ တစ်ခုသင်ပေးလာ ခဲ့လေသည်။
လင်းယွင်က ပြုံးရုံသာ ပြန်ပြုံး ပြလိုက် သည်။ လမ်းလွဲ ကျင့်ကြံသူ များမှာ ကောက်ကျစ် ယုတ်မာလှ သည်ဟု လူသိများ ကြပြီး၊ သူတို့ထဲမှ အချို့မှာ မိစ္ဆာတာအို ကိုပင် ကျင့်ကြံ ကြသည်။
သို့သော် ထိုမှ လွဲ၍ သူတို့သည် ဂိုဏ်းတပည့် များနှင့် နှိုင်းယှဉ် စရာ မရှိပေ။ သူတို့ အားကိုး နိုင်သည့် တစ်ခုတည်းသော အရာမှာ၊ ဂိုဏ်း တပည့် များကို အလစ်အငိုက် အနိုင်ယူရန် မိစ္ဆာ ရောင်ဝါဖြင့်၊ ချုပ်လှောင်ခြင်း ဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိ သွားသော အခါ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲသွား၏။
“အစ်ကိုဇို၊ မြင်းပေါ်တက်၊ ဒီနေရာ ကနေ မြန်မြန် ထွက်သွား ရအောင်၊ ဒီလူ နှစ်ယောက်မှာ အဖော် ထပ်ရှိ နေမှာကို ငါ ကြောက်မိတယ်။”
“ကောင်းပြီ။ ”
လမ်းလွဲ ကျင့်ကြံသူ နှစ်ဦး၏ စကားစမြည် ပြောဆို နေသည်ကို ပြန်အမှတ် ရသော အခါ တုံ့ဆိုင်း ဝံ့ခြင်း မရှိခဲ့ပေ။
ဘေးကင်းရာသို့ မရောက် မချင်း ဘယ်သော အခါမှ သတိလက်လွတ် ဖြစ်မည် မဟုတ်။
သို့သော် သူတို့ ထွက်ခွာ ခါနီး အချိန်တွင် သွေးဝံပုလွေ မျိုးနွယ်စု နေထိုင်ရာ ချိုင့်ဝှမ်းဆီမှ ကြောက်စရာ ကောင်းသော အငွေ့အသက်များ ထွက်ပေါ် လာသည်။
ထိုအငွေ့ အသက်များမှာ အနားသို့ လျင်မြန်စွာ ချဉ်းကပ် လာပြီး၊ ထိတ်လန့်ဖွယ် ကောင်းသော ဖိအား တစ်ခု နှင့်အတူ ပတ်ဝန်းကျင်အား ကန့်သတ် ဖိနှိပ် လာတော့၏။
" ငါ့ လူတွေကို သတ်ပြီး၊ လွယ်လွယ် ထွက်သွား နိုင်မယ်လို့ ထင်နေလား ဟမ် "
ကောင်းကင်မှ အရိပ် တစ်ရိပ် ဆင်းသက်လာပြီး၊ မိစ္ဆာ အရှိန် အဝါကို ထုတ်ဖော်လျက် အေးစက်စွာ ဟန့်တား လာလေသည်။
ကျန်းပင်းနှင့် အခြား တပည့်များမှာ သွေးအန်လျက် လွင်စင်ကုန် ကြ၏။ နဂါးသွေးမြင်း သည်လည်း ထိတ်လန့် သွားပြီး ဇိုယန်ကို ပြုတ်ကျ လုနီးပါး လှုပ်ရှား သွားခဲ့သည်။
" မိုလွာ.... "
ဇိုယန်က ထိတ်လန့်စွာ အော်ဟစ် လိုက်၏။
"လင်းယွန်၊ ဒါက မဟာချင် အင်ပါယာရဲ့ 'မဟာ သူခိုးကြီး' အဆင့်မှာ အဆင့် သတ်မှတ် ခံထားရတဲ့ လမ်းလွဲ ကျင့်ကြံသူပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်လောက် ထဲက နက်နဲ နယ်ပယ်ရဲ့ နဝမအဆင့်ကို ချိုးဖြတ် ဝင်ရောက် ထားတယ် ”
မိုလွာ ဆိုသော သိုင်းသမားမှာ ပိန်ပိန် ပါးပါး ဖြစ်ပြီး၊ သူ့မျက်နှာ ဘယ်ဘက် ခြမ်းတွင် ရှည်လျားသော အမာရွတ် တစ်ခု ရှိနေ ခဲ့သည်။ သူ့အကြည့်က လင်းယွန် ပေါ်သို့ တည့်မတ်စွာ ကျဆင်း လာသည်။
သူတို့ နှစ်ယောက်၏ ကျင့်ကြံမှု ကွာဟချက်ကြောင့် လင်းယွန်၏ မျက်နှာကို ဆိုးရွားစွာ ပျက်ယွင်း သွားစေ ခဲ့သည်။
သူ့တွင် အနိုင်ရရန် အလားအလာ မရှိချေ။ ထွက်ပြေး သည်မှ လွဲ၍ အခြား နည်းလမ်း မရှိကြောင်း၊ သူ သိ၏။
" မင်းဆီက သွေးရနံ့တွေ ရတယ်။ "
မိုလွာ၏ မျက်လုံးများ မှေးဆင်း သွား၏။ လင်းယွန်မှာ သူ့ လူများကို သတ်ပစ် ခဲ့သူ ဖြစ်ကြောင်း ချက်ချင်း သိရှိ သွားပုံရသည်။
စကားဆုံးသည်နှင့် မိုလွာ၏ အရိုးစု သဏ္ဍာန် လက်တစ်ဖက်က လင်းယွင် ထံသို့ ရောက်ရှိ လာသည်။
မြန်ဆန်လွန်း သဖြင့် 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ချက်ချင်း ထုတ်ဖော် လိုက်ရသည်။
သို့သော် ခြေတစ်လှမ်း လှမ်းပြီး ချိန်မှာပင်၊ သူ ထားရစ်ခဲ့သော ပုံရိပ်ကို မိုလွာက ချေမွ ပစ်ခဲ့ပြီး၊ သူ့ထံ လိုက်ပါ လာ၏။
သူတို့၏ ကျင့်ကြံမှု ကွာဟ ချက်ကြောင့်၊ အဝေးကြီးကို မယူနိုင် ခဲ့ချေ။
မိုလွာ၏ လက်မှာ လျင်မြန် လွန်းလှပြီး၊ လင်းယွန် ကျန်ရစ်ခဲ့သော ပုံရိပ်များကို ဆက်လက် ချေမွ နေခဲ့သည်။
စတုတ္ထမြောက် ပုံရိပ်ကို ထုတ်ဖော် နိုင်ခြင်း မရှိခင် မှာပင်၊ မိုလွာ၏ လက်သည်းက လင်းယွန် ဦးခေါင်း ဆီသို့ ရောက်ရှိ လာနေပြီ ဖြစ်သည်။
'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ၏ ရွှေကျီးကန်း တောင်ပံ များကို ထုတ်ဖော်ကာ၊ လက်နှစ်ဖက်ကို ဆန့်တန်းလျက် ကောင်းကင် သို့ တဟုန်ထိုး ခုန်တက် လိုက်၏၊
သူ့ဆီသို့ ရောက်ရှိ ခါနီး လက်သည်း ကုပ်ချက်ကို ပွတ်သီး ပွတ်သပ် ရှောင်တိမ်း လိုက်ရသည်။
"မင်း သေချင် နေတာလား "
မိုလွာက လင်းယွန်ကို လက်လွှတ် လိုက်ရ သဖြင့် သတ်ဖြတ် လိုသော ဆန္ဒများကို မိစ္ဆာ အရှိန်အဝါနှင့် လျင်မြန်စွာ ပေါင်းစပ် လိုက်သည်။
သူ၏ အရှိန်အဝါမှာ သေဆုံး သွားသော လူလတ်ပိုင်း အရွယ် အမျိုးသား နှစ်ယောက်ထက် များစွာ ကြောက်စရာ ကောင်းလာ ခဲ့လေသည်။
လင်းယွန်က ထိတ်လန့်ခြင်း မရှိပေ။ ရွှေကျီးကန်း တောင်ပံကို ထုတ်ဖော်လျက်ဖြင့် လေထဲ၌ ရှိနေစဉ်၊ 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ကို ထုတ်ဖော်ရန် ပြင်လိုက်သည်။
ဓားကျိုး ပေါ်ရှိ ငွေဖြူရောင် အလင်းကို ထုတ်ယူ လိုက်ပြီး၊ 'အိုင်းရစ်ဓား သုတ္တန်' ၏ ဓားစွမ်း အင်များ နှင့်အတူ ပေါင်းစပ်ကာ၊ လက်ချောင်းများ ဆီသို့ ပို့လွှတ် လိုက်လေသည်။
ခဏချင်းမှာပင် လက်ဖျားများ ထံမှ ခရမ်းရောင် ဓားဆယ်လက် ပြေးထွက် လာတော့၏။
" ပျော့ လိုက်တာ ... "
မိုလွာက ရယ်မော လိုက်သည်။ နက်နဲ ဒုတိယ အဆင့်ရှိ အမှိုက်တစ်စသည် သူ့အား အန္တရာယ် ပြုနိုင်မည်ဟု သူ မထင်ပေ။
သို့သော် ခရမ်းရောင် စွမ်းအင်ဓား ဆယ်လက် နီးကပ် လာသော အခါတွင်၊ တစ်စုံ တစ်ရာသော ကြောက်ရွံ့မှု အနည်းငယ်မျှ ခံစားလိုက် ရသည်။
သူ့မျက်နှာမှာ ပြောင်းလဲသွားပြီး၊ ခြေသုံးလှမ်းခန့် အလျင်အမြန် ဆုတ်ခွာ ပေးလိုက်၏။
မီတာတစ်ရာ အကွာတွင် ရုတ်တရက် ပြန်ပေါ် လာကာ၊ ဓား ဆယ်လက်ကို ရှောင်တိမ်းနိုင် လိုက်သည်။
ဓားဆယ်လက်မှာမူ ပတ်ဝန်းကျင် သစ်ပင်များ ပေါ်သို့ ထိမှန် သွားပြီး၊ ကြီးမား လှသော သစ်ပင်များကို ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲ ပစ်လိုက် တော့၏။
ထိုရလာဒ်ကြောင့် မိုလွာက အသက် ပြင်းပြင်း ရှူလိုက်ကာ၊ လင်းယွန်ကို သတ်ဖြတ် လိုသော မျက်လုံးများဖြင့် စိုက်ကြည့် လိုက်သည်။
လင်းယွန်မှာမူ သူ၏ မူလ စွမ်းအင် အများစုကို ကုန်ဆုံး သွားစေသော တိုက်ခိုက် မှုမှာ၊ မိုလွာကို အနည်းငယ် မျှပင် ထိခိုက် သွားခြင်း မရှိ သည်ကြောင့်၊ စိတ်ပျက် သွားသည်။
ဓား (၁၀) လက်သာ ထိမှန် သွားပါက ဒဏ်ရာရ သွားမည်မှာ သေချာ လှပေသည်။
သို့သော် အသက်လု တိုက်ပွဲ ပေါင်းများစွာကို ကြုံတွေ့ ခဲ့ဖူးသော မိုလွာ အတွက်မူ၊ အန္တရာယ်ကို ကြိုတင် သိမြင် သွားခဲ့သည်။
ထို့ကြောင့်ပင် လင်းယွန်၏ တိုက်ခိုက်မှုကို လွယ်လွယ် ကူကူဖြင့် ရှောင်တိမ်း နိုင်ခဲ့၏။
တစ်ဖက်တွင် ဇိုယန်နှင့် ကျန်းပင်း အပါအဝင် အခြားသော တပည့်များမှာ အံသြသွား ကြသည်။
သူတို့ အနေဖြင့် မိုလွာကို လက်တုံ့ ပြန်ရန် မဆိုနှင့် ထိတ်လန့် မှုကြောင့်ပင် အသက်ရှူ ရပ်နေခဲ့ ကြသည်။
သို့သော် လင်းယွန်မှာ ကြောက်ရွံ့မှု အရိပ် အယောင်မျှ မရှိခဲ့ဘဲ၊ မိုလွာဖြင့်ပင် အမှန် တကယ် လှုပ်ရှားမှုချင်း ဖလှယ်ခဲ့သည်။
" ဒဏ်ရာ ရလု နီးပါးပဲ "
မိုလွာသည် သတိ လက်လွတ် မခံဝံ့ဘဲ၊ လင်းယွန်အား အလွတ် မပေး တော့မည့် ဟန်ဖြင့်၊ ထပ်မံ ကုပ်ဆွဲ လိုက် ပြန်သည်။ မြွေဟောက်သည် အကောင်ငယ် သော်လည်း မြွေဟောက် ဖြစ်နေဆဲ ပေပင်။
" နောက် ဆုတ် စမ်း.... "
အရေးကြီးသော အခိုက် အတန့်တွင် အဆုံး မရှိသော ဓား ရောင်ဝါအား လွှမ်းခြုံလျက်၊ ကောင်းကင်မှ လူရိပ် တစ်ရိပ် ဆင်းသက် လာ ခဲ့သည်။
ထိုလူရိပ်သည် သူ့ လက်ဖဝါးကို ထုတ်လွှတ် လိုက်ပြီး၊ မိုလွာ၏ လက်သည်း ကုပ်ချက်ကို ဟန့်တား လိုက်၏။
" အစ်ကိုကြီး ရှင်းဂျူ "
လင်းယွန်က အံ့သြ သွားသည်။ ရှင်းဂျူကို သည်နေရာ၌ တွေ့မြင် ရလိမ့်မည်ဟု မမျှော်လင့် ထားမိပေ။
" နောက်တစ်ယောက် သေချင်နေတာပဲ "
မိုလွာက သူ့ တိုက်ခိုက်မှုကို ရုတ်သိမ်း လိုက်ပြီး၊ ဝင်ရောက် လာသော ရှင်းဂျူကို ကြည့်ကာ ရယ်မော လှောင်ပြောင် လိုက်သည်။
" သူခိုးကြီး မိုလွာ၊ မင်း မကြာခင် သေရ တော့မယ် ဆိုတာ မင်းမသိ သေးဖူးလား"
လှောင်ပြောင်လိုက် သံနှင့်အတူ လှံရှည်ကို ကိုင်ဆောင် ထားသော လူငယ် တစ်ဦး၊ ထပ်မံ ထွက်ပေါ် လာသည်။ ထိုလူငယ်ကို တွေ့မြင် လိုက်သည်နှင့် ဇိုယန်မှာ အံသြ သွား၏။
" ကောင်းကင်ဘုံ ချင်အင်စတီကျုက ထာဝရ ကံကောင်းခြင်း ''
သို့သော် သူ့ မျက်လုံး များရှိ၊ ထိတ်လန့်မှုများ မငြိမ် သက်မီတွင်၊ ချောမော လှပသော အသွင် အပြင်ဖြင့်၊ လရောင် ကဲ့သို့ လူရိပ် တစ်ရိပ်၊ ကျဆင်း လာပြန်သည်။
၎င်းသည် ရင်သပ် ရှုမောဖွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ ဇိုယန်ကို ပို၍ မျက်လုံးပြူး လာစေသည်။
" လနတ်ဆိုးဗိမ္မာန်ဂိုဏ်းရဲ့ လရောင်ရေစင် "
ထိုမျှနှင့် ရပ်တန့် သွားခြင်း မရှိပဲ၊ နောက်ထပ် ပုံရိပ် နှစ်ရိပ် ကျဆင်း လာကာ၊ မိုလွာ၏ ဆုတ်ခွာ သွားနိုင်မည့် လမ်းများကို လုံးလုံး လျားလျား ပိတ်ဆို့ ပစ်လိုက်သည်။
၎င်းမှာ ရှေးဟောင်းတာအို ဂိုဏ်း၏ 'အကြင်နာ ချောက်ကမ်းပါး' နှင့် မြင့်မြတ်သော အစောင့်တစ်ယောက် ဖြစ်သည့်၏ ငွေဗျိုင်းဖြူ ဖြစ်လေသည်။
မဟာချင် အင်ပါယာ၏ ပါရမီရှင် ရှစ်ပါး ထဲမှ ထက်ဝက်ခန့်သည် ဤနေရာသို့ ရောက်ရှိ လာခဲ့ပြီး ဖြစ်၏။ ၎င်းတို့မှာ မိုလွာ အတွက် ရောက်ရှိ လာခြင်းပင် ဖြစ်သည်။
ဇိုယန်နှင့် အခြား သူများမှာ ပါရမီရှင် လေးပါးကို အတူတကွ တွေ့မြင်ခွင့် ရသော အခါတွင် သွေးများ ဆူပွက် လာခဲ့ လေသည်။
***