ကြက်သွေးရောင် အသီး။
Vol. 18 Ch. 248
၁။ 'ထာဝရ ကံကောင်းခြင်း' ။
'ကောင်းကင်ဘုံ ချင် အင်စတီကျု' တွင် အသန်မာဆုံး ဖြစ်ပြီး ၎င်း၏ လှံနည်း စနစ်ကြောင့် ကျော်ကြား ခဲ့ခြင်း ဖြစ်သည်။
လှံ နည်းစနစ်ဖြင့် ဆိုပါက မျိုးဆက်သစ် လူငယ်များ အတွင်းတွင် မည်သူမျှ သူ့ ပြိုင်ဘက် မဟုတ်နိုင်။
၂။ လရောင် ရေစင် ။
ပါရမီရှင် ရှစ်ပါးတွင် တစ်ဦး တည်းသော အမျိုးသမီး ဖြစ်၏။ သူမ၏ ရင်သပ် ရှုမောဖွယ် အသွင် အပြင် ကြောင့်၊ ကောင်းချီး ပေးခံ ရရုံ သာမက၊ 'လနတ်ဆိုး ဗိမ္မာန်' ၏ အထူးခြားဆုံး နည်းစနစ် ဖြစ်သော၊ 'ကောင်းကင်က လမင်း' နည်းစနစ်ကို၊ တတိယ အဆင့်သို့၊ ဆုပ်ကိုင်ထား နိုင်ခဲ့ သူ ဖြစ်သည်။
၃။ အကြင်နာ ချောက်ကမ်းပါး။
ရှေးဟောင်း တာအို ဂိုဏ်း၏ ပါရမီရှင် ဖြစ်ပြီး၊ မဟာချင် အင်ပါယာရှိ မျိုးဆက်သစ် လူငယ်များ ကြားတွင် အသန်မာဆုံး ရုပ်ခွန်အားကို ပိုင်ဆိုင် ထားသည်။
သူ့ လက်သီး၏ အင်အားမှာ၊ ကီလိုဂရမ် ငါးသောင်းခန့် ရှိပြီး၊ အိုးတစ်လုံး၏ ခွန်အားကို ရရှိရန် ခြေတစ်လှမ်း မျှသာ လိုပေသည်။
(၅၀,၀၀၀) ကီလို ဂရမ်= ဆေးကြိုအိုး တစ်လုံး။
( ထိုအချိန်က 'ကီလို' ဆိုသည့် 'ယူနစ်' မရှိသေးသည် ဖြစ်ရာ၊ ဆေးကြိုအိုး တစ်လုံးကို 'ယူနစ်' အဖြစ် အသုံးပြု ခဲ့ခြင်း ဖြစ်ပေမည်။ )
၄။ ငွေဗျိုင်းဖြူ။
ဂိုဏ်းတပည့် များနှင့် မတူဘဲ၊ နတ်ဘုရား မြို့စောင့် တပ်၏ ဒေါသ ကြီးသော ဗိုလ်ချုပ်ငယ် တစ်ဦး ဖြစ်သည်၊ လူငယ်များ ကြားတွင် နတ်ဘုရား တပါး အဖြစ် လူသိများ လှ၏။
၎င်းတို့ လေးဦးသည် မဟာချင် အင်ပါယာပိုင်နက်တွင် ထင်ရှား ကျော်ကြား လှသော ပုဂ္ဂိုလ်များ ဖြစ်ပြီး သူတို့ အကြောင်းကို မကြားသိ ဖူးသူ တစ်ဦးမျှ မရှိပေ။
အဆင့် သတ်မှတ်ခံ ထားရသော ပါရမီ ရှင်များမှာ လူတိုင်း၏ နှလုံးသား ထဲတွင် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ် နေခဲ့ပြီး၊ ၎င်းတို့ အနက်မှ တစ်ဦး တစ်ယောက်၏ တည်ရှိ နေမှု သည်ပင်၊ ကြီးစွာသော ရုန်းရင်း ဆန်ခတ် မှုကို ဖြစ်စေမည် ဖြစ်သည်။
လူတစ်ဦးနှင့် ဆက်ဆံရန် အဆင့် သတ်မှတ် ခံထား ရသော ပါရမီရှင် လေးပါး စုရုံး လာခြင်းမှာ ပို၍ပင် အံ့သြစရာ ကောင်းလှ၏။
“ မင်းတို့ အရင် ထွက်သွား၊ မဟုတ်ရင် တိုက်ပွဲထဲ ဆွဲခေါ် မိသွား နိုင်တယ်။ ”
လင်းယွန်က နှုတ်ဆက် ခါနီးတွင် ရှင်းဂျူ ထံမှ အရှိန် အဝါများ ထွက်ပေါ် လာကာ၊ အကန့်အသတ် မရှိသော မူလ စွမ်းအင် များက လင်းယွန်နှင့် အခြား သူများကို အဝေးသို့ တွန်းပို့ လိုက်လေသည်။
ရှင်ဂျူ၏ ကျင့်ကြံမှု အဆင့် အရ နဂါးသွေး မြင်းကိုပင် အတင်း အဓမ္မ ရွှေ့ခိုင်း ခဲ့၏။ သို့သော် မြေပြင် ပေါ်သို့ ပြုတ်ကျ ချိန်တွင် မည်သူမျှ ထိခိုက် ဒဏ်ရာ မရရှိခဲ့ပေ။
လင်းယွန်တို့ အဖွဲ့မှာ မြေပေါ် ပြန်ရပ် လိုက်မိ သည်နှင့် အသွင်အပြင် မျိုးစုံဖြင့် ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ ထွက်ပေါ် လာကာ၊ မြေကြီးကို တုန်လှုပ် သွားစေ တော့သည်။
ပါရမီရှင် လေးပါးမှာ သူတို့၏ သိုင်းဝိညာဉ် များကို ချက်ချင်း ထုတ်ယူ လိုက် ကြ၏။ သူတို့၏ ဆင့်ခေါ်မှုမှ ပြင်းထန်သော အပြောင်း အလဲများ ဖြစ်ပေါ် လာခဲ့ခြင်း ဖြစ်လေသည်။
"မြန်မြန် ထွက်သွား ရအောင် "
လင်းယွန်က နဂါးသွေးမြင်းနှင့် ဇိုယန်တို့ အဖွဲ့ကို ထွက်ခွာရန် တိုက်တွန်း လိုက်သည်။ နောက်ပြန် မလှည့် တော့ဘဲ တဟုန်ထိုး ပြေးထွက် လာမိ ကြ၏။
ထွက်ပြေး နေလျက်မှ လှည့်ကြည့် လိုက်ရာ တိုက်ပွဲ အတွင်းတွင် နောက်ထပ် လူအများ ပါဝင် လာသည်ကို တွေ့လိုက် ရသည်။ ၎င်းတို့မှာ မိုလွာ၏ နောက်လိုက်များ ဖြစ်လေသည်။
ထိုသူများမှာ တိုက်ပွဲ အတွင်း ခုန်ဝင် လိုက်သည်နှင့် ခန္ဓာကိုယ်များ အပိုင်းပိုင်း ကျိုးသွား ကြကုန်၏။ ထိုကြောင့် ရှင်ဂျူးမှ အဘယ့်ကြောင့် မောင်းထုတ် လိုက်သည်ကို ယခု သူတို့ နားလည် သွားလေပြီ။
ထိုအဆင့် တိုက်ပွဲမှာ ရက်စက် ပြင်းထန် လှ ပေ၏။ မိုလွာသည် အစောပိုင်း၌ ၎င်း၏ ခွန်အားကို အပြည့်အဝ အသုံးပြုခြင်း ရှိခဲ့ပုံ မရချေ။
သူသာ အသုံးပြု ခဲ့ပါလျှင် လင်းယွန်မှာ တိုက်ခိုက်မှု များကို ရှောင်လွှဲ နိုင်မည် မဟုတ်နိုင်။ ရက်စက် ပြင်းထန် လှသော မြင်ကွင်းကို မြင်လိုက်ရ သဖြင့် အသက် ရှင်လျက်၊ ထွက်ခွာ နိုင်ခဲ့ သည်ကို ဝမ်းသာ လိုက်မိသည်။
သူတို့ အဖွဲ့မှာ ရပ်တန့်ခြင်း မရှိဘဲ၊ နာရီဝက်ခန့် ဆက်လက် ပြေးလွှား လာခဲ့သည်။ တစ်စက္ကန့်မျှ တုန့်ဆိုင်း ဖို့ပင် မဝံ့ တော့ချေ။
" သူတို့ရဲ့ ခွန်အားက ကြောက်စရာ ကောင်းတယ်။ "
ကျန်းပင်က သူ့ မျက်နှာ ပေါ်တွင် ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာပြီး ရေရွတ် လိုက်သည်။ ယနေ့ တွေ့ကြုံ ခဲ့ရသည့် အဖြစ် အပျက် များကြောင့် သူ့ နှလုံးသားမှာ ပြိုကျလု နီးပါး ဖြစ်နေ ခဲ့လေပြီ။
ပထမဦးစွာ၊ ရှင်သန်ရန် အတွက် လမ်းလွဲ သိုင်းသမား နှစ်ဦးထံ အသနား ခံခဲ့ ရသည်။
တစ်ဆက်တည်း မှာပင်၊ လင်းယွန်က သူ့ ခွန်အားကို ပြသ လာခဲ့ပြီး၊ လူတိုင်းကို ထိတ်လန့် စေခဲ့၏။ လမ်းလွဲ သိုင်းသမား နှစ်ဦး အသတ်ခံရ ပြီးနောက်၊ မိုလွာ၏ မမျှော်လင့် ထားသော၊ ရောက်ရှိ လာမှု နောက်တွင်၊ အဖြစ် အပျက်များ စတင်လာ တော့သည်။
ထို့နောက်တွင် မဟာချင် အင်ပါယာ၏ ပါရမီရှင် လေးပါးနှင့် ရှင်းဂျူတို့ ထပ်မံ ရောက်ရှိ လာပြန်သည်။
၎င်းတိုက်ပွဲကို သူတို့ ကိုယ်တိုင် မျက်စိဖြင့် မမြင် နိုင်ခဲ့ရသည့် အတွက်မူ ကြီးမားသော ဆုံးရှုံးမှု ပေပင်။
လုံလောက်သော အကွာအဝေး တစ်ခုသို့ရောက်ရှိ သည်နှင့်၊ လင်းယွန်က သူ၏ မူလ စွမ်းအင်ကို ပြန်လည် ရရှိရန် မျက်လုံးများ မှိတ်ကာ၊ ထိုင်ချ လိုက်သည်။
ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းကို အသုံးပြု သည့် အခါ တိုင်းတွင်၊ သူ၏ မူလ စွမ်းအင်ကို အလွန် ကုန်ဆုံး စေမည် ဖြစ်သည်။
သို့သော် ၎င်းသည် ပြိုင်ဘက်၏ သေခြင်း တရားကို အခြား အဆင့်သို့ တိုးမြှင့် ပေးသောကြောင့် ထိုက်တန် ပေ၏။
လက်ရှိ ကျင့်ကြံမှုဖြင့် ခရမ်းရောင် ပန်းကို လက်မဝက် မျှသာ ပွင်အာ နိုင်ပြီး၊ ၎င်းကို မည်သည့် အချိန်တွင် မဆို လှည့်ပတ် နိုင်သည်ကို သူ မသိခဲ့ပေ။
ခရမ်းရောင် ပန်း၏ စွမ်းအား အစစ် အမှန်ကို လည်ပတ်မှု အပြည့် ရှိမှ သာလျှင်၊ ပြသ နိုင်မည် ဖြစ်သည်။ သို့မဟုတ် ပါက ရှေးဟောင်း နည်းစနစ်ဟု ခေါ်ဆို၍ ရမည် မဟုတ်ပေ။
တစ်လက်မခွဲ ခန့် ပွင့်အာ မှုသည်ပင် မိုလွာကို ခြိမ်းချောက် နိုင်ခဲ့သည်။ အနာဂတ်တွင် ရရှိလာ နိုင်မည့် သူ၏ ခွန်အားကို မှန်းမျှော်ကာ၊ စိတ်လှုပ်ရှား လာမိသည်။
နောက်ဆုံးတွင် မိုလွာနှင့် အနည်းငယ် ဖလှယ်လိုက် ရုံဖြင့်၊ ပါရမီရှင် ရှစ်ပါး၏ ခွန်အားကို သူ မှန်းဆ လာနိုင်ခဲ့၏။
'လွင့်မျောနေသော ရေခွက်လေး' နှင့် အလွန် ရင်းနှီး နေပြီ ဖြစ်သောကြောင့်၊ ပါရမီရှင် များ၏ ဖြစ်တည် မှုကို မသိစိတ်မှ မေ့နေ ခဲ့သည်။
ထို့ကြောင့် တိုက်ပွဲကို သိမြင်ချင် ခဲ့သော်လည်း မတတ်နိုင် ခဲ့ပေ။ သူတို့ကို ထွက်သွား စေခြင်းဖြင့်၊ ရှင်းဂျူတွင် ခိုင်မာသော အကြောင်း ပြချက် ရှိရမည်ဟု သူ ယုံကြည် ခဲ့သည်။
သို့သော် ထိုပါရမီရှင် များအား ကျော်တက် ရန်မူ အလျင် လိုခြင်း မရှိနိုင်၊ သူ၌ အရင်း အမြစ်များ လုံလောက်စွာ ရှာဖွေနိုင် ဖို့ရန် လိုပေမည်။
ခဏအကြာတွင် အခြား လူများ နှင့်အတူ လင်းယွန်၏ မျက်လုံးများ ပွင့်လာ၏။ ဇိုယန်၏ မျက်နှာရှိ အမည်းရောင်များ ပျောက်ကွယ် သွားပြီး၊ ကျင့်ကြံမှု တွင်ပင် အနည်းငယ် တိုးတက်မှု ရှိလာခဲ့သည်။
ထို့ကြောင့် လင်းယွန်မှာ အံ့သြသွား၏။ ' ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' နည်းစနစ်သည် အဆိပ်ကို ဖြေရှင်း ပြီးနောက်၊ ကျင့်ကြံမှုကို တိုးတက် စေနိုင်သည်လော။
၎င်းသည် စိတ်ဝင် စားစရာ ကောင်းသော နည်းစနစ် တစ်ခု ဖြစ်ပြီး၊ ဓားနန်းတော်တွင် အလားတူ နည်းစနစ်မျိုး ရှိနိုင်မည် လားဟုပင် တွေးယူ လိုက်မိသည်။
ဇိုယန်က လင်းယွန်ကို ပြန်လှည့် ကြည့်လိုက်၏၊ သွေးဝံပုလွေ ဘုရင်နှင့် တိုက်ပွဲတွင် သူ ခံစားမိ ခဲ့ရသော အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက်မှာ မှန်ကန်ကြောင်း သေချာ သွားသည်။
“အစ်ကိုလင်း၊ မင်းကိုယ်မင်း ကောင်းကောင်း ဝှက်ထား တာပဲ၊ ငါတို့သာ မိုလွာ ဆီကို မပြေးခဲ့ရင်၊ မင်းရဲ့ ခွန်အား အစစ် အမှန်ကို မသိမှာကို ငါ ကြောက်မိတယ်၊ စောစောက မောက်မာမိ ခဲ့တာ ရှိရင် ငါ တောင်းပန် ပါတယ်။ ”
ဇိုယန်၏ မျက်လုံးများတွင် တိုက်ခိုက်ဝင် လိုသော စိတ်ဓာတ် များဖြင့် တောက်လောင် လာ သည်။ ယခု အချိန်တွင် လင်းယွန်ကို ပြိုင်ဘက် အဖြစ် သတ်မှတ် လိုက်ပြီ ဖြစ်သည်။
အခြားသော တပည့်များက လေးနက်စွာ ခေါင်းညိတ် လိုက်ပြီး၊ ဇိုယန်၏ စကားကို သဘောတူ လက်ခံလိုက် ကြသည်။ သူတို့ မျက်လုံး များတွင် ကြောက်ရွံ့မှု အရိပ်အယောင် များပင် ရှိနေခဲ့၏။
“ ငါ့ကို မြှောက်ပင့် မနေပါနဲ့ ”
လင်းယွန်က မထူးခြား ဟန်ဖြင့် ပြန်ပြော လိုက်သည်။
"မဟုတ်ဘူး "
ဇိုယန်က ခေါင်းရမ်း လိုက်ပြီး၊
" ငါက လူတွေကို လွယ်လွယ်နဲ့ မချီးမွမ်း တက်ပါဘူး၊ မင်းရဲ့ ခွန်အားကြောင့် ငါအရမ်း တုန်လှုပ် မိတယ်၊ လမ်းလွဲ သိုင်းသမား နှစ်ယောက်ကို သတ်ဖြတ်ပြီး မိုလွာကို ခုခံနိုင် ကတည်းက ... လုံလောက်ပါပြီ။ ''
ယင်းမှာ ချဲ့ကား လွန်းပေသည်။ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' နှင့် ဓား ရည်ရွယ်ချက်ကို ပေါင်းစပ် ထားသောကြောင့်၊ လူလတ်ပိုင်း အရွယ် အမျိုးသားကို အံ့အား သင့်စွာ သတ်ပစ် နိုင်ခဲ့ခြင်း ဖြစ်သည်။
အခြားသော တစ်ယောက် ကိုမူ နဂါးသွေး မြင်း၏ 'မိုးကြိုးသွား ဆင်းသက်ခြင်း' ဖြင့် အပြီးသတ် နိုင်ခဲ့သည်။
မိုလွာ အတွက်မူ သူ့ကို အလေးအနက် မထား ခဲ့ခြင်းသာ ဖြစ်လေသည်။ 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ကို အသုံးပြု ပြီးနောက်တွင်၊ မူလ စွမ်းအင်များ လုံးဝ ကုန်ဆုံး သွားခဲ့ပြီး၊ ရှင်းဂျူသာ အချိန်မီ ရောက်ရှိ လာခြင်း မရှိပါက၊ ရလာဒ်မှာ ကောင်းလာ နိုင်ဖွယ် မရှိချေ။
သို့မဟုတ်ပါလျှင် လွတ်မြောက် ဖို့ရန် နဂါးသွေး မြင်းကိုသာ အားကိုး ရပေ လိမ့်မည်။
ယင်းသည် သူ့ကိုယ်သူ လျှော့တွက်ခြင်း မမည်ချေ။ ဆိုလိုသည်မှာ သူ၏ ခွန်အားကို အတိအကျ သိမြင် လိုက်ခြင်းသာ ဖြစ်သည်။
“ ပြဿနာ မရှိတော့ရင်၊ အခု ငါ သွားနှင့် တော့မယ် ''
လင်းယွန်က နှုတ်ဆက်ကာ၊ ပြုံးပြီး မတ်တပ် ထရပ် လိုက်၏။
" ခဏ... "
ဇိုယန်က ရုတ်တရက် ဟန့်တား လိုက်သည်။
"ဘာလို့လဲ "
“ ငါတို့ ပြန်တွေ့ ဆုံဖို့က နောက်တစ်နှစ် ခွဲလောက်မှာ ဖြစ်နိုင်တယ်၊ ဒိ မတိုင်ခင် နည်းနည်းလောက် သွေးပူလေး စမ်းကြည့် ကြရအောင် ဘယ်လိုလဲ။ "
လင်းယွန်ကို ထိုက်တန်သော ပြိုင်ဘက်ဟု ယခု ကတည်းက သတ်မှတ် လိုက်သော ဇိုယန်၏ မျက်လုံးများတွင် တိုက်ခိုက်ရေး စိတ်ဓာတ် များဖြင့် တောက်ပ နေခဲ့သည်။
ကျင့်ကြံမှုအရ အဆင့် နှစ်ဆင့် ကွာခြားမှု ရှိသော်လည်း၊ လင်းယွန်၏ မူလ စွမ်းအင် သိပ်သည်း ဆမှာ သူ့ထက် အားနည်းမည် မဟုတ်ပေ။
လင်းယွန်က မြင်းပေါ် ခုန်တက် လိုက်ပြီး ပြုံးလိုက်ကာ၊
“ အလျင် မလိုပါနဲ့ မင်းက ဒဏ်ရာတွေ ဆက်တိုက် ရခဲ့တာမို့၊ ငါ အခွင့်ကောင်း မယူချင်ဘူး၊ နောက်တစ်ကြိမ် တွေ့ဆုံတဲ့ အခါ ငါတို့ စမ်းကြည့် ကြတာပေါ့”
နဂါးသွေးမြင်း၏ တင်ပါးကို လက်ပြန် ပုတ်လိုက် သဖြင့်၊ တောထဲသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ ဘယ်လောက်တောင် မာနကြီး လိုက်တဲ့ ကောင်လဲ”
ကျန်းပင်းနှင့် အဖွဲ့မှာ လင်းယွန်၏ တုန့်ပြန်မှုကြောင့် မျက်နှာများ မည်းမှောင် သွားသည်။ အကယ်၍သာ ဇိုယန်၏ နေရာ၌ အခြား သူများ ဆိုပါက၊ ဤကဲ့သို့ ပွင့်ပွင့် လင်းလင်း ငြင်းဆိုခြင်း ခံရမှု အပေါ်၊ ကောင်းစွာ လက်ခံနိုင်မည် မဟုတ်ပေ။
“ သူမှာ မာနကြီးဖို့ ခွန်အား ရှိနေတာပဲ .... ကြီးသင့် ပါတယ်၊ ငါတို့ အားလုံးက သူ့ကို လျှော့တွက်ခဲ့ ကြတယ်၊ ဂိုဏ်းကို ပြန်ရောက်ရင်၊ သူ့ အကြောင်း ပို သိရအောင် စုံစမ်း ရမယ်၊ ဓါးနန်းတော် ထဲမှာ နာမည် မရှိတဲ့ လူ မဟုတ် တာတော့ သေချာတယ်”
ဇိုယန်က ပြုံးကာ၊ လင်းယွန် ထွက်ခွာ သွားရာ တောအုပ် အတွင်းသို့၊ ငေးကြည့် နေမိ လေသည်။
လင်းယွန်အား သူ့ မမြင် နိုင်ခဲ့ သောကြောင့်၊ မည်မျှ သန်မာသည်ကို သိရှိလို ခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန်မှာမူ ဇိုယန်ကို ထွင်းဖောက် မြင်နိုင်ခဲ့ပြီး ဖြစ်ရာ၊ ရလာဒ်ကို ကြိုမြင်နေ ခဲ့သည်။
နှစ်ယောက်သား တိုက်ပွဲတွင် မည်သူမျှ အသာစီး ရမည် မဟုတ်ပေ။ ထို့အပြင်၊ ဇိုယန်သည် သူ၏ ခန္ဓာကိုယ် နည်းစနစ်နှင့် ကျင့်ကြံမှု အပေါ် အားကိုး ခြင်းဖြင့်၊ လုံးလုံး လျားလျား မောပန်းသွား နိုင်သည်။
ထိုအချိန်၌ လင်းယွန်၏ အသန်မာဆုံး တိုက်ခိုက် မှုကို ထုတ်ဖော်ကာ၊ ဇိုယန်အား ချက်ချင်း အနိုင်ယူ နိုင်ပေမည်။
ယင်းသည် ဖြစ်နိုင်ခြေ များသာ ဖြစ် သောကြောင့်၊ တိုက်ပွဲမှာ အဓိပ္ပါယ် မရှိချေ။
ညမိုးချုပ်သော အခါတွင် လင်းယွန်က နဂါးသွေးမြင်း ပေါ်မှ ခုန်ချ လိုက်၏။ သူ့မျက်နှာ ပေါ်တွင် အပြုံး တစ်ပွင့်ဖြင့်၊ လမ်းလွဲ သိုင်းသမားများ ထံမှ ယူလာသော၊ သိုလှောင်အိတ် နှစ်လုံးကို ထုတ်ယူ လိုက်သည်။
သူတို့ နှစ်ယောက်မှာ အားကောင်း သောကြောင့် ကျင့်ကြံမှု များအရ ကြွယ်ဝမှုမှာ အံ့အား သင့်ဖွယ် ဖြစ်စေသည်။
သိုလှောင်အိတ် အတွင်းတွင် သိုင်းနည်းစနစ်များ၊ ဆေးလုံးများ၊ ဝိညာဉ် ကျောက်စိမ်းများ၊ တော်ဝင် လက်နက်များနှင့် အခြားသော ကျပန်း အရာ များစွာ ပါရှိသည်။ အခြား သူများကို လုယက် ခြင်းဖြင့်၊ ၎င်းတို့၏ ပိုင်ဆိုင်မှု များမှာ အနည်းငယ် ရှုပ်ထွေး နေလေသည်။
“ ဒီလူတွေက ဂိုဏ်းပေါင်းစုံက တပည့်ပေါင်း များစွာကို သတ်ပစ်ခဲ့ ဖူးရမယ် ”
မြေပြင် ပေါ်သွန် ချထားသော ပစ္စည်းပေါင်း များစွာကို ကြည့်ကာ၊ ရေရွတ် လိုက်မိသည်။ အသုံးဝင် နိုင်မည့် အရာ အချို့ကို ရွေးယူရန် အချိန် အတော် ပေးရ ပေမည်။
ဂိုဏ်းတပည့်များကို လိုက်လံ ဖမ်းခြင်းဖြင့်၊ ရရှိ လာနိုင်မည့် အန္တရာယ်ကို မမှုသည်မှာ အံ့သြစရာ မဟုတ်ပေ။ ကံမကောင်း စွာဖြင့်၊ သူတို့၏ ရိတ်သိမ်း ထားမှု အားလုံး၊ လင်းယွန် အတွက်သာ ဖြစ်လာ ခဲ့ပေသည်။
"ဒါက ဘာလဲ "
အမျိုးမျိုးသော ပစ္စည်းများ ကြား၌ ကြက်သွေးရောင် သစ်သီး တစ်လုံးကို တွေ့ရှိ လိုက်သည်။ ကြက်သွေးရောင် အသီးမှာ တောက်လောင် နေသကဲ့သို့ အခိုးအငွေ့ အချို့ ရစ်သိုင်း နေလေသည်။ သွေးဝံပုလွေ ဘုရင်နှင့် တူညီသော အငွေ့ အသက် ကိုပင် ယောင်ဝါးဝါး ခံစား လိုက်ရသည်။
'' သွေးဝံပုလွေ ဘုရင်ရဲ့ အငွေ့ အသက်တွေ ပါနေတာလား၊ ဒါက သွေးဝံပုလွေ မျိုးနွယ်စု တွေနေတဲ့ ချိုင့်ဝှမ်း ထဲက သစ်သီး ဖြစ်ရမယ်၊....''
ရုတ်တရက် အတွေး တစ်စကြောင့် လင်းယွန်မှာ စိတ်လှုပ်ရှား သွား၏။
ဤသစ်သီးသည် သွေးဝံပုလွေ မျိုးနွယ် နေထိုင်ရာ၊ အရပ် ဆီမှ သစ်သီးသာ ဖြစ်ခဲ့ ပါလျှင်၊ ၎င်းသည် မိုလွာ၏ အပိုင်သာ ဖြစ်သင့် ပေသည်။ ထိုသို့ ဆိုပါလျှင် .... ။
***