မီးလျှံနဂါး သစ်သီး။
Vol. 18 Ch. 249
ကြက်သွေးရောင် အသီးတွင် ပါရှိသော ဝိညာဉ် စွမ်းအင်များမှာ သိပ်သည်းပြီး တောက်လောင်နေသော ကြက်သွေးရောင် မီးလျှံများ ကဲ့သို့ ထင်ရ လေသည်။
လမ်းလွဲ သိုင်းသမား နှစ်ယောက်မှာ သည်သစ်သီးကို မည်သည့် အတွက် သိမ်းဆည်းထားကြ သည်ကို တွေးမရ မိချေ။ ဤသို့သောသစ်သီးမျိုးမှာ မိုလွာသာ ပိုင်ဆိုင် သင့်သည့်သဘာဝ ရတနာမျိုး ဖြစ်ပေသည်။
“ ကိစ္စ တော့မရှိပါဘူး။ လောလောဆယ် သိမ်းထား လိုက်တာပေါ့။"
သေတ္တာ တစ်လုံးကို ထုတ်ယူကာ ကြက်သွေးရောင် သစ်သီးကို သိုလှောင်အိတ် ထဲသို့ ထည့်သိမ်း လိုက်သည်။
ထို့နောက် အခြား ပစ္စည်းများကို ခွဲခြမ်း စိတ်ဖြာရန် ဆက်လက် လုပ်ဆောင် ခဲ့သည်။ ဝိညာဉ် ကျောက်စိမ်း များနှင့် ဆေးမှုန့်များ အပြင် အမျိုးမျိုးသော ပစ္စည်းများလည်း ရှိနေ သေးသည်။
ခိုးဝှက် လုယူ ထားသော သိုင်းနည်းစနစ် များသည် လင်းယွန်၏ အာရုံကို မဖမ်းစား နိုင်ခဲ့ပေ။ တော်ဝင် လက်နက် များမှာ အများအားဖြင့် သာမာန် လက်ရာ များသာ ဖြစ်၏။ သို့သော် သူ့အာရုံကို ဖမ်းစား နိုင်သော လင်းလေး တစ်လက် ရှိသည်။
" အို ဒါက တော်ဝင် အဆင့် လင်းလေး ပဲ "
လင်းလေးကို ကိုင်လိုက် သည်နှင့် လက်မှာ တစ်သားထဲ နစ်မြုပ်သွား၏။ ၎င်းတွင် 'တိမ်မီးတောက်' ဟူသော စာလုံးကို ရေးထွင်း ထားပြီး၊ ရှေးကျ ပုံရသည်။
အနီးကပ် စစ်ဆေး ပြီးနောက် 'လင်းလေး' ၏ ကိုယ်ထည် တစ်လျှောက်တွင် ကွဲအက် နေသော အလင်းကြိုး အချို့ကို သတိထား လိုက်မိသည်။
" ဝိညာဉ်ရေး ရူရ်တွေလား "
တော်ဝင် လက်နက် တစ်ခု ပေါ်တွင် ရေးထွင်းထားသော ဝိညာဉ် ရူရ် များကို ပထမဆုံးအကြိမ် မြင်လိုက် ရခြင်းပင်။
လက်နက်များတွင် ဝိညာဉ် ရူရ် များကို ရေးထွင်း ခြင်းသည် ဆေးလုံး များပေါ်၌၊ ရေးထွင်း ခြင်းထက် ပို၍ ခက်ခဲ ပေသည်။
ဝိညာဉ် ရူရ်များ ပါ၀င်သော ရှေးဟောင်း ပစ္စည်းများကို 'စကြာဝဠာ လက်ရာများ' သို့မဟုတ် 'ကောင်းကင် ရတနာများ' ဟုလည်း ခေါ်ဆို ကြသည်။
စကြ၀ဠာ လက်ရာများသည် အစွမ်းထက်ပြီး တန်ဖိုး မဖြတ် နိုင်သော အရာများ ဖြစ်၏။ သာမာန် လူ တစ်ယောက်သည် လက်ဝယ် ပိုင်ဆိုင် နိုင်ဖို့ရန် မဖြစ်နိုင်ချေ။
ဝိညာဉ် ရူရ်များ၏ ရှုပ်ထွေး မှုကို စစ်ဆေး ပြီးနောက်၊ ၎င်းတို့သည် ဒုတိယ တန်းတွင် ဖြစ်ကြောင်း သိရှိ လိုက်သည်။ သို့သော် ရူရ်များ ပျက်စီး သွားသည့် အတွက်မူ နှမျော စရာပင်။
" တိမ်မီးတောက် လင်းလေးက ထူးခြားတဲ့ ဇစ်မြစ် ရှိပုံပဲ၊ ဒါပေမယ့် ဒီလမ်းလွဲ ကျင့်ကြံသူ တွေရဲ့ လက်ထဲမှာ ဖြုန်းတီး နေမိပြီ "
လင်းယွန်က အတိုချုံး စဉ်းစား ပြီးနောက်၊ ၎င်း လင်းလေးကို သိမ်းဆည်း လိုက်၏။
မည်သို့ပင် ဆိုစေကာမူ ယင်း လက်နက်သည် အဆင့်မြင့် တော်ဝင် လက်နက် တစ်ခုနှင့် ညီမျှပြီး၊ အနာဂတ်တွင် ရတနာ တစ်ခုလည်း ဖြစ်လာ နိုင်ပေမည်။
နောက်ထပ် အဆိပ်လူး မြှားတစ်ရာနှင့် အဆိပ်ပါသော ကျောက်စိမ်း ပုလင်း တစ်လုံး ကိုလည်း တွေ့ရှိ ခဲ့သည်။
ဤအဆိပ်နှင့် လင်းလေးတို့သည် အနက်ဝတ် လူလတ်ပိုင်း အရွယ် ပထမ အမျိုးသား၏ ပစ္စည်းများ ဖြစ်ပေမည်။
သူတို့ထဲရှိ တစ်ယောက်သည် အဆိပ်မြှားကိုသုံးပြီး၊ နောက် တစ်ယောက်မှာ အနက်ရောင် မြွေ တစ်ကောင်ကို ဝှက်ထား နိုင်ခဲ့သည်။
ပူးပေါင်း တိုက်ခိုက် မှုမှာ သေသပ် ကောင်းမွန် ခဲ့သော်လည်း၊ ကံမကောင်း စွာဖြင့် လင်းယွန်ဆီ တိုးဝင် လာခဲ့သည်။
သူတို့ နှစ်ယောက်လုံး လင်းယွန်ကို အသာစီး မရခဲ့ ကြသလို၊ သူတို့၏ သေဆုံး မှုကိုပင် နားမလည် နိုင်ခဲ့ ကြပေ။
အချိန် အနည်းငယ် ယူပြီးနောက်၊ ဝိညာဉ်ကျောက်စိမ်း (၉၀၀၀)၊ တန်ဖိုး သတ်မှတ်ချက် တစ်ခုဖြင့် ရောင်းချ နိုင်မည့် အမျိုးမျိုးသော ပစ္စည်း ငါးဆယ်ခန့် သိမ်းဆည်း နိုင်ခဲ့သည်။
ကျန်သည့် အရာများမှာ အမှိုက် များသာ ဖြစ်ပေရာ၊ ဤနေရာ ၌ပင် စွန့်ပစ် ထားလိုက်သည်။
ထို့အပြင်၊ တာဝန်ကို ပြီးမြောက် စေမည့် သွေးဝံပုလွေ များ၏ သွေးအဆီ အနှစ် အချို့လည်း ထပ်မံ ရရှိ လိုက်ပြန်သည်။
"ဒါက သွေးဝံပုလွေ ဘုရင်ရဲ့ သွေးအဆီ အနှစ်ပဲ "
သွေးအဆီ အနှစ် များထဲတွင် ထူးခြားသော သွေး အဆီ အနှစ် သုံးစက်ကို ထပ်မံ တွေ့ရှိ ခဲ့ပြီး၊ တစ်စက်မှာ ပို၍ သန့်ရှင်း စင်ကြယ်ကြောင်း ထင်ရှား လှလေသည်။
လမ်းလွဲ ကျင့်ကြံသူ နှစ်ဦးသည် သွေးဝံပုလွေ ဘုရင် တစ်ပါးကို သတ်ပစ် နိုင်ခဲ့ သည်ကို သံသယ မဝင်ဘဲ မနေနိုင် ခဲ့ပေ၊ ထိုကဲ့သို့ စွမ်းဆောင်ရန် မည်မျှ ခက်ခဲသည်ကို သူ အသိဆုံး ဖြစ်သည်။
" နည်းနည်းတော့ သံသယရှိ စရာပဲ၊ သူတို့ ခွန်အား အရ သားရဲ ဘုရင်ကို သတ်ဖို့ ဆိုတာ မလွယ်ဘူး "
သူ့အတွေး များကို ဆက်မသွား နိုင်တော့ဘဲ ရေရွတ် လိုက်၏။
"ဒီခရီးက လုံလောက် တာထက် ပို ရိတ်သိမ်း နိုင်ခဲ့ပြီ၊ ဒါပေမယ့် တိမ်မိစ္ဆာ တောင်တန်း ကနေ ထွက်သွားဖို့ အလျင် မလိုသင့် သေးဘူး "
သူ့ကိုယ်သူ အကြံပေး ပြောကြား လိုက်ပြီး၊ ပြုံးစ ပြုလာ ခဲ့သည်။ မစ်ရှင် ပြီးမြောက် ခဲ့သော်လည်း ယခု အချိန်တွင် သူ၏ တတိယမြောက် လေးနက်သော သွေးပြန် ကြောကို အချိန် မရွေး ဖွဲ့စည်း နိုင်မည်ဟု ခံစား နေရသည်။
ထို့ကြောင့် အောင်မြင်သည် အထိ တောင်တန်းတွင် လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။
၎င်းကာလ အတွင်း နဂါးသွေး မြင်းမှာ တောင်တန်းများ တစ်လျှောက် နတ်ဆိုး သားရဲ များကို လိုက်လံ ရှာဖွေ နေခဲ့သည်။ သူတို့ နှစ်ယောက်၏ ခွန်အားမှာ အရှိန် အဟုန်ဖြင့် တိုးတက် လာသည်။
ထိုအချိန်တွင်၊ သူ ရိတ်သိမ်း နိုင်ခဲ့သော သားရဲ ရတနာများ အားလုံးကို နဂါးသွေးမြင်း ထံသို့ ပေးအပ် လိုက်သည်။ တောင်တန်း အတွေ့ အကြုံများ အတွင်း နဂါးသွေး မြင်းမှာ သူ့ထက် ကြီးမားသော တိုးတက်မှု များကို ပြုလုပ် နိုင်ခဲ့ကြောင်း ခံစား မိသည်။
ဥပမာ ဆိုရပါလျှင် နဂါးသွေးမြင်းမှ လမ်းလွဲ သိုင်းသမား ပေါ်တွင်၊ အသုံးပြု ခဲ့သော မိုးကြိုး စွမ်းအင်မှာ များစွာ ကြောက်စရာ ကောင်းလှ လေသည်။
တစ်လခွဲ ကြာပြီးနောက် အညစ် အကြေး များနှင့် ဖုံးလွှမ်း နံစော်နေသော ခန္ဓာကိုယ်ကို သန့်စင်ရန် စမ်းချောင်း တစ်ခု အတွင်းသို့ ခုန်ချ လိုက်တော့သည်။
သူ့ မျက်လုံး များတွင် ယုံကြည်မှု အပြည့်ဖြင့် တောက်လောင် နေသော၊ မာန အရိပ် အယောင်များ၊ စွန်းထင်း နေခဲ့သည်။
ကိုယ်လက် သန့်စင် ပြီးနောက်၊ ကျောက်တုံး တစ်တုံး ပေါ်တွင် ထိုင်ချ လိုက်ကာ၊ 'အိုင်းရစ် ဓားသုတ္တန်' ကို ခန္ဓာကိုယ် အတွင်း ဖြန့်ကျက် လိုက်သည်။
ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို၊ မူလ စွမ်းအင်များ အဖြစ်သို့၊ အဆက် မပြတ် ပြောင်းလဲ နေခဲ့သည်။ တစ်ချိန် တည်းမှာပင်၊ နက်နဲ နယ်မြေ၏ တတိယ အဆင့် အရှိန်အဝါကို လွှမ်းခြုံ ထားလေသည်။
( ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များမှာ ဟောင်ရှင်း နယ်ပယ် တွင် ယန်စွမ်းအင်၊ ရှန်ရှင်း နယ်ပယ် အဆင့်တွင် ဝိညာဉ် စွမ်းအင်၊ နက်နဲ နယ်ပယ်တွင် မူလ စွမ်းအင် များအဖြစ် ပြောင်းလဲ သွားသည်။)
လွန်ခဲ့သည့် သုံးရက်၌ 'မီးလျှံ စပါးအုံး' ဖြင့် တိုက်ခိုက် နေစဉ်မှာပင်၊ နက်နဲ တတိယ အဆင့်သို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့သည်။
စူးရှသော လေချွန်သ ံတစ်သံ ထွက်ပေါ် လာသည်နှင့် မျက်လုံးများကို ဖွင့်ကြည့် လိုက်သည်။ ကြက်သွေးရောင် အဆင်းဖြင့် သွေးဝံပုလွေ သားရဲ ဘုရင် သုံးကောင် ဖြစ်လေသည်။
" ဒါက စတုတ္ထ လှိုင်းပဲ မဟုတ်လား "
လင်းယွန်က ကူကယ်ရာမဲ့ ဟန်ဖြင့် ခပ်ဖွဖွ ရေရွတ် လိုက်သည်။ ပြီးခဲ့သော 'လ'ဝက် အတွင်းတွင်၊ သွေးဝံပုလွေ များနှင့် ထိပ်တိုက် ရင်ဆိုင် ခဲ့ရသည်။
ထိုအတော အတွင်း၌ သွေးဝံပုလွေ အတော် များများကို သတ်ပစ်နိုင် ခဲ့သော်လည်း၊ သွေးဝံပုလွေ ဘုရင်မှာ အသက်ရှင် နေသရွေ့ သက်ရောက်မှု မရှိနိုင်ပေ။
သို့သော် သွေးဝံပုလွေ ဘုရင် သုံးကောင်ကို အနိုင် ရဖို့ရန် အလား အလာမှာ သိပ်ပြီး၊ မမြင့်မား သည်ကို သူ သိပေသည်။ ခက်ခဲသော တိုက်ပွဲ တစ်ခုပင် ဖြစ်လာ နိုင်သည်။
ထို့ အတွက်ကြောင့် ၎င်းတို့အား ရှောင်ရှားရန် နဂါးသွေး မြင်း၏ အမြန်နှုန်း ကိုသာ အားကိုး လိုက်ရ သည်။
“ စိတ်မရှိ ပါနဲ့ မင်းတို့နဲ့ မ'ကစား' နိုင်တော့ဘူး၊ နဂါးလေး... "
လင်းယွန်က နဂါးသွေး မြင်းပေါ် ခုန်တက် လိုက်သည်နှင့် တော်ဝင် အရှိန်အဝါများ ပေါက်ကွဲ ထွက်လာကာ၊ မြှားတစ်စင်း ကဲ့သို့ ပြေးထွက် သွားလေသည်။
နက်နဲ သိုင်းနယ်ပယ်၏ စတုတ္ထ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ နဂါးသွေး မြင်း၏ အရှိန်အဝါမှာ မနာလိုဖွယ် သန့်စင် လွန်းလှ ပေသည်။
နေဝင်လာသည် နှင့်အမျှ တိမ်မိစ္ဆာ တောင်တန်း ကြီးကို အမှောင်ထု အောက်၌ ချန်ထားနိုင် ခဲ့လေသည်။
သွေးဝံပုလွေ ဘုရင် များသည် တောင်တန်း နယ်နိမိတ် အဆုံးတွင် ထိုင်ချ လိုက်ကာ၊ ဒေါသ မီးလျှံများ တောက်လောင် နေသော မျက်ဝန်း များဖြင့်၊ မှုန်ပျပျသာ မြင်ရ တော့သည့် လင်းယွန်အား ကြည့်နေ ခဲ့ကြ လေသည်။
……
မဟာချင် အင်ပါယာ အနောက်ဘက် အကျဆုံး မြို့ဖြစ်သော 'တိမ်ညို' မြို့ရှိ 'မိုးတိမ် တည်းခိုခန်း' ၏ ပြတင်းပေါက် တစ်ခု အနီးတွင်၊ လူငယ် တစ်ယောက် ထိုင်နေ ခဲ့သည်။
တစ်လလောက် အစာ မစား ခဲ့ရ သည်ကြောင့်၊ လင်းယွန်း၏ အစာ စားချင် စိတ်မှာ၊ အရမ်း ပြင်းထန် နေခဲ့သည်။ ဤမြို့၌ သူ၏ ဒုတိယမြောက် မစ်ရှင်ကို ထမ်းဆောင်ရ ပေမည်။
'တိမ်ညို' မြို့သည် ကြီးမားသော မြို့တစ်မြို့ အဖြစ် သတ်မှတ် ခံရပြီး၊ ကျင့်ကြံသူ အများ အပြားမှာ လမ်းများ ပေါ်၌ ဥဒဟို လျှောက်လှမ်း နေကြဆဲ ဖြစ်သည်။
လင်းယွန်မှ လွဲ၍ တတိယ ထပ်တွင် အခြားသော သိုင်းသမား အနည်းငယ်သာ ရှိပေသည်။
" မင်းတို့ ကြားလား၊ မိုလွာ သေပြီ "
“ ဟုတ်တယ် ငါ ကြားမိတယ်၊ လွန်ခဲ့တဲ့ တစ်လခွဲ လောက်က မိုလွာကို ပါရမီရှင် လေးပါးက ဝိုင်းပြီး သတ်ဖြတ် လိုက်တာပဲ ..၊ မဟာချင် အင်ပါယာ အတွက် တုန်လှုပ် ချောက်ချား စရာ သတင်းပဲ မဟုတ်လား၊ အဲဒါကို ဘယ်သူက မသိ ရှိမှာလဲ။ ”
“ မိုလွာ လက်မှာ အနည်းဆုံး လူတစ်ထောင်လောက် သေဆုံး ခဲ့ရတယ်၊ 'ခရမ်းရောင် နန်းတော်' သိုင်းသမား တွေတောင် ရှင်သန်ဖို့ ထွက်ပြေး နေရ တုန်းပဲ၊ အခုတော့ ကံမကောင်း စွာနဲ့၊ ဂျူနီယာ တွေကြောင့် သေဆုံး သွားခဲ့ရပြီ ...။ ''
“မိုလွာက ဒဿမမြောက် နက်နဲ သွေးပြန် ကြောကို ဖွဲ့စည်းထား ပြီးသားပဲ မဟုတ်လား။ ခရမ်းရောင် နန်းတော် နယ်မြေနဲ့ ခြေ တစ်လှမ်းသာ ဝေးတော့ တယ်လို့ ကြားသိ ထားတယ်၊ တကယ်လို့ ဓားနန်းတော် ဂိုဏ်းရဲ့ ရှင်းဂျူသာ မပါ လာခဲ့ရင်၊ ပါရမီရှင် လေးယောက် ထဲနဲ့ မိုလွာကို သတ်နိုင်ဖို့ မသေချာ ပါဘူး၊ "
တိုက်ပွဲ အကြောင်းကို တစ်စုံ တစ်ဦးမှ ပြောဆို နေသည်ကို ကြားလိုက် ရသည်နှင့်၊ လင်းယွန်က ချက်ချင်းပင် အာရုံစိုက် လိုက်မိသည်။
တိုက်ပွဲကို ကိုယ်တိုင် ကိုယ်ကျ မျက်မြင် တွေ့ခဲ့ ရသော်လည်း ရလဒ်မှာ မည်သို့ မည်ပုံ ဖြစ်မည်ကို သူ မသိခဲ့ပေ။
ထို့ကြောင့် ရှင်းဂျူ နာမည်ကို ကြားသော အခါတွင် သူ စိတ်ဝင်စား သွားမိသည်။ အထူး သဖြင့် ရှင်းဂျူက သူ့ကို နှစ်ကြိမ် ကယ်တင် ခဲ့ဖူး ပေသည်။ ရှင်းဂျူမှာ တစ်စုံ တစ်ရာသော ကံဆိုးမှုများ မကြုံတွေ့ မိရန် မျော်လင့် နေမိသည်။
'' မိုလွာက သူခိုး အဆင့်ရဲ့ ထိပ်တန်း ဆယ်ယောက် စာရင်း ဝင်တယ်၊ ဆယ်စုနှစ် အတော်တော် ကြာကြာ လွတ်မြောက် နေခဲ့တာ၊ ရှင်းဂျူက သူ့ကို သတ်နိုင် လိမ့်မယ်လို့ ဘယ်သူမှ မထင်ထား မိဘူး။”
“ ရှင်းဂျူရဲ့ ခွန်အားက ပါရမီရှင် ရှစ်ပါးနဲ့ ယှဉ်နိုင်တာ သေချာတယ်၊ ဒီအဖြစ် အပျက်ကြောင့်သာ မဟုတ်ရင် သူက အခု အချိန်မှာ ဘယ်လောက် သန်မာလာ ပြီလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ ”
" ဒါပေါ့ ရှင်းဂျူက ပါရမီရှင် ရှစ်ပါးနဲ့ တူညီတဲ့ အဆင့်မှာ ရှိတယ်၊ ဒါနဲ့ သူ့ရဲ့ ဂျူနီယာ ဘိုင်လိရွှမ် သတင်း ကြားမိ သေးလား၊ ဓားနန်းတော်မှာ သူလည်း ပါရမီရှင် တစ်ယောက်ပဲ၊ သူ့သတင်းက အချိန် အတော် ကြာအောင် ပျောက်ကွယ် နေတယ်။”
ရှင်းဂျူ အဆင်ပြေ သွားပုံရ သည်ကြောင့် လင်းယွန်က စိတ်အေး သွားသည်။
အဆိုပါ ကျင့်ကြံ သူများမှာ ပါရမီရှင် ရှစ်ပါး အကြောင်းကို ထုတ်ဖော် ပြောဆို နေသည့် အချိန်တွင် မျက်နှာများ၌ ရိုသေ လေးစားမှု များ ပြည့်နှက် နေခဲ့သည်။
“ မိုလွာက သွေးဝံပုလွေ မျိုးနွယ်စု ဆီကို ဘာသွား လုပ်တာလဲ ဆိုတာ မင်းသိလား”
"ဘယ်သူ သိနိုင် မှာမလဲ၊ လမ်းလွဲ သိုင်းသမားတွေရဲ့ အကျင့် စရိုက်ကို လူတိုင်း နားလည် နိုင်တာမှ မဟုတ်တာ ”
"ဟီးဟီး၊ မိုလွာက 'နဂါးမီးလျှံ သစ်သီး' ကို ရှာနေတာပဲ၊ ခရမ်းရောင် နန်းတော် နယ်မြေ ထဲကို ထိုးဖောက် ဝင်ရောက်ဖို့ ကြိုးစား နေတာ ”
စကားဝိုင်းကို ဦးဆောင်နေ သူက လျှို့ဝှက်ချက်ကို ဂုဏ်ယူစွာ ချပြလာ ခဲ့သည်။ တည်းခိုခန်း အတွင်း ဗုံးတစ်လုံးကို ပစ်ချလိုက် သကဲ့သို့ ချက်ခြင်း ပွက်လော ရိုက်သွား လေသည်။
" ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ... ၊ 'နဂါး မီးလျှံ' သစ်သီးက သွေးဝံပုလွေ မျိုးနွယ်စု နေထိုင်တဲ့ ချိုင့်ဝှမ်းမှာ ရှိနေတာ မဟုတ်လား၊ ဝံပုလွေမျိုး နွယ်စုရဲ့ အနာဂတ် ခေါင်းဆောင် အတွက် သွေးဝံပုလွေ အကြီးအကဲက ဒါကို အမြဲ စောင့်ကြပ် ထားကြတယ်၊ မိုလွာက သူ့သေမင်း သူ ဖိတ်ခေါ် နေတာပဲ ”
“ သွေးဝံပုလွေ တွေက 'နဂါးမီးလျှံ သစ်သီး' ရဲ့ ရနံ့ကို ငါးမိုင် အတွင်း ဘယ်နေရာ မဆို ဖမ်းယူနိုင်တယ်၊ သူရခဲ့ ရင်တောင် ထွက်သွား နိုင်မှာ မဟုတ်ဘူး။ ”
စကားဝိုင်းကို ဦးဆောင်ထား သူက ပြုံးလိုက်ပြီး၊ မယုံကြည် နိုင်ဟန် ဖြစ်နေသော သူ့အဖော် နှစ်ယောက်ကို စိုက်ကြည့်ကာ၊
“ လမ်းလွဲ သိုင်းသမား တစ်ယောက် ဆီက ဒီသတင်းကို ရထား တာပဲ၊ ဒါက သေချာပေါက် ယုံကြည် လို့ရတယ်၊ မိုလွာက သွေးဝံပုလွေ မျိုးနွယ်စုကို ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာဖွေ နေတာကြောင့်၊ သူ အဲဒီမှာ ရှိနေ ခဲ့တာပါ၊ နောက်ဆုံးတော့ နည်းလမ်း တစ်ခု ရှာနိုင် ခဲ့တယ် ...၊ ဒါပေမယ့် အခု သူ သေဆုံးသွား ခဲ့ပြီ ”
" မင်းပြောချင်တာက တိမ်မီးလျှံ သစ်သီးကိုပါရမီရှင် ရှစ်ပါးက ရယူသွား ပြီလို့ ဆိုလိုတာလား။ "
"ဒါက စိတ်ဝင် စားစရာပဲ တကယ်လို့သာပါရမီရှင် ရှစ်ပါးထဲက တစ်ယောက်ယောက်၊ 'ခရမ်းရောင် နန်းတော်' နယ်ပယ် ထဲကို ဝင်ရောက် နိုင်ခဲ့ရင်၊ မဟာချင် အင်ပါယာရဲ့ အသန်မာဆုံး မျိုးဆက် ဖြစ်လာ လိမ့်မယ် ... ”
" ခရမ်းရောင် နန်းတော် နယ်မြေ ထဲကို ထိုးဖောက် ဝင်ရောက် ဖို့က ခက်ခဲပါတယ်၊ 'နဂါး မီးလျှံ သစ်သီး' ကတော့ ဒီအခွင့် အရေးကို အနည်းငယ် တိုးစေတယ် မဟုတ်လား "
" ဟုတ်တယ် ...၊ ပါရမီရှင် ရှစ်ပါး အတွက် ကတော့ အနည်းငယ်သော အခွင့်အရေး ကတင် လုံလောက် နေပါပြီ ...။ "
သတင်းကို မျှဝေသော ကျင့်ကြံ သူက ရယ်မော လိုက်ကာ၊
“ မင်းတို့ မှားတယ် ပါရမီရှင် ရှစ်ပါးနဲ့ ရှင်းဂျူက 'နဂါးမီးလျှံ သစ်သီး' ကို မရ သွားခဲ့ဘူး၊ ''
'' ဘယ်လို ဒါဆို ဘယ်သူ ရသွားလဲ ''
စကားဝိုင်းမှာ တိတ်ဆိတ် သွားတော့၏။ ထိုမေးခွန်းကို သတင်း မျှဝေ သူက ပြန်မဖြေ နိုင်ခဲ့ပေ။
နားထောင်နေ ခဲ့သော လင်းယွန်က စိတ်လှုပ်ရှား သွားသည်။ သူ့ထံရှိ ကြက်သွေးရောင် သစ်သီးမှာ 'နဂါးမီးလျှံ သစ်သီး' ဖြစ်နိုင် ပေမည်။
( မင်းဆီက သွေး ရနံ့တွေ ရတယ်၊ )
မိုလွာ၏ စကားများကို စိတ်ထဲ၌ ပြန်လည် ကြားယောင် လာမိသည်။ ထိုအချိန်က၊ သူ သတ်ခဲ့သော၊ အနက်ဝတ် သိုင်းသမား နှစ်ဦး၏ သွေးကို၊ မိုလွာက ရည်ညွှန်း သည်ဟု ထင်ခဲ့ မိသည်။
သို့သော် မိုလွာ ရည်ညွှန်းသော သွေးရနံ့ ဆိုသည်မှာ 'နဂါးမီးလျှံ သစ်သီး' ကို ဆိုလို ပုံရသည်။
အကယ်၍ ထိုကြက်သွေးရောင် သစ်သီးသည် 'နဂါးမီးလျှံ သစ်သီး' ဖြစ်ပါက၊ သွေးဝံပုလွေ မျိုးနွယ်စုမှ လိုက်လံ တိုက်ခိုက်လာ မည်ကို စိုးရိမ် သဖြင့်၊ ၎င်းကို အနက်ဝတ် လူလတ်ပိုင်း အရွယ် အမျိုးသား နှစ်ဦးထံ ပေးအပ်ထားခြင်း ဖြစ်ပေမည်။
ထို အမျိုးသား နှစ်ဦးအား၊ တိမ်မိစ္ဆာ တောင်တန်းမှ ထွက်ခွာ နိုင်ရန်အတွက်၊ မိုလွာက သွေးဝံပုလွေ များကို ဟန့်တား ကျန်ရစ်ခဲ့ ပုံရ၏။
လမ်းလွဲ သိုင်းသမား နှစ်ယောက်သာ သူ့နှင့် မတွေ့ဆုံ ခဲ့ပါက၊ တိမ်မိစ္ဆာ တောင်တန်းမှ ထွက်သွား နိုင်ကြ ပေလိမ့်မည်။
လင်းယွန်က ဝိုင်ခွက်ကို စားပွဲပေါ် တင်လိုက်ကာ ပြုံးရယ် လိုက်၏။ နောက်ဆုံးတွင် သွေးဝံပုလွေများ သူ့နောက်သို့ တစ်ချိန်လုံး လိုက်ပါ နေခဲ့ သည်ကို နားလည် သွားရသည်။
“ ဒီနေရာ ကနေ သွားရအောင်။ ”
***