အရှိန်အဝါ ကို ဓားအဖြစ် ပေါင်းစပ်ခြင်း။
Vol. 18 Ch. 250
တိမ်လွှာ တည်းခိုဆောင်ရှိ တန်းကြေး အမြင့်ဆုံး အခန်း တစ်ခန်း ထဲတွင်၊ လင်းယွန်က လေးနက်သော အမူအရာဖြင့် ကြက်သွေးရောင် သစ်သီး တစ်လုံးကို ကြည့်နေသည်။
သူရရှိ လာသော သဲလွန်စများ အပေါ် အခြေခံကာ၊ သည်ကြက်သွေးရောင် သစ်သီးမှာ နဂါးမီးလျှံ သစ်သီး ဖြစ်နိုင်ချေ မြင့်မားကြောင်း သေချာပေါက် မှတ်ယူ ခဲ့၏။
၎င်းတန်ဖိုးမှာ လင်းယွန်၏ စိတ်ကူးကို ကျော်လွန် သွားသောကြောင့်၊ စိတ်နှလုံးကို ငြိမ်သက်အောင် ကြိုးစား နေရသည်။ ယခုချက်ချင်း အသုံးပြုမည် ဆိုပါက ကြီးစွာသော ဖြုန်းတီးမှု ဖြစ်ပေလိမ့်မည်။
“ လောလောဆယ်တော့ သိမ်းထားမှ၊ အစ်ကို ရှင်းဂျူ လိုအပ်ရင် ပေးလိုက်မယ်။"
ခရမ်းရောင် နန်းတော် နယ်မြေနှင့် ဝေးနေ သေးသည်ကြောင့် သူ အလျင်စလို မဖြစ်မိချေ။ တစ်ဖက်တွင်၊ ရှင်းဂျူ၏ ခွန်အားမှာ ပါရမီရှင် ရှစ်ပါးနှင့် တူညီသော အဆင့်၌ ရှိနေပေရာ၊ ၎င်းကို သူ့ထက် ပို၍ လိုအပ် နိုင်မည်။
သူ့ ခံစားချက် ကြောင့်ပင် ဖြစ်စေ၊ ကျိုးကြောင်း ဆင်ခြင် နိုင်မှု ကြောင့်ပင် ဖြစ်စေ၊ အကြိမ်ပေါင်း များစွာ သူ့ကို ကယ်တင် ခဲ့သော ရှင်းဂျူ ကို ပြန်ပေးဆပ် ခြင်းဟု ယူဆနိုင်သည်။
"အဲဒါက ငါ့ ပုံစံပဲ "
ဤမျှ အဖိုးတန်သော ရတနာကို ပေးဆောင်ရန် ချက်ချင်း ဆုံးဖြတ်ချက် ချနိုင် ခဲ့သည်၊ အခြားသော သူများ အတွက်မူ တွေးကြည့် ရန်ပင် ခက်ခဲ ပေမည်။
“ ကောင်းပြီ၊ နောက်မစ်ရှင်က ဘာလဲ ဆိုတာ ကြည့်ဖို့ အချိန်တန်ပြီ”
ဒုတိယမြောက်၊ ကြယ်ငါးပွင့် အဆင့် မစ်ရှင်ကို မှတ်တမ်းတင် ထားသည့် မစ်ရှင် ကမ္ပည်းပြားကို ထုတ်ယူ ခဲ့သည်။ အဆိုပါ မစ်ရှင်ကို 'တိမ်ညို' မြို့၏ 'ဂို'မိသားစုမှ ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
'တိမ်ညို' မြို့ရှိ 'ဂို' မိသားစု၏ အနေအထားမှာ 'အပြာရောင် နေမင်း' နိုင်ငံရှိ ဒေသ ဆိုင်ရာ အာဏာရှင် မျိုးနွယ်စု များနှင့် တူညီသော အဆင့်၌ ရှိပေသည်။
ဤနေရာတွင် အင်အားကြီး မားသော မျိုးနွယ်စုများ ရှိသော်လည်း မျိုးနွယ်စု များကြား ခွန်အား ကွာခြား ချက်မှာ ကြီးမား လှပေ၏။
'ဂို'မိသားစုတွင် ခိုင်မာသော အခြေခံ အုတ်မြစ် ရှိပြီး၊ ၎င်းတို့၏ ဘိုးဘေး ဂိုယန်းယုမှာ နက်နဲ သိုင်းနယ်ပယ်၏ ဆဋ္ဌမ အဆင့် ခွန်အားကို ပိုင်ဆိုင်ထား ရှိလေသည်။
ဂိုယန်းယုမှာ ကုန်သည် ကြီးများ အသင်းနှင့် နက်ရှိုင်းစွာ ဆက်နွယ်မှုများ ရှိခဲ့ပြီး၊ ခိုင်မာသော ဘဏ္ဍာရေး အုတ်မြစ်ကို ချထား နိုင်ခဲ့သည်။
မည်သည့် အမှားအယွင်း တစ်စုံ တစ်ရာမျှ မရှိခဲ့ပါက၊ နှစ်အနည်းငယ် အတွင်း ခမ်းနားသော ပါရမီရှင် တစ်ဦးကို မွေးဖွား လာ နိုင်ပြီးနောက်၊ အနှစ်တစ်ရာ အတွင်း ပထမ တန်းစား မျိုးနွယ်စု အဖြစ် တက်လှမ်း နိုင်ပေမည်။
ဂိုမိသားစုမှ ထုတ်ပေးသော မစ်ရှင်မှာ ပျိုးကျွန် များအား ဆေးဖက်ဝင် အပင်များ စုဆောင်းသည့် အချိန်၌၊ သွေးအရိုး တောအုပ် အတွင်း လိုက်ပါ စောင့်ရှောက်ရန် ဖြစ်သည်။
သွေးအရိုးတောအုပ်မှာ ကြမ်းတမ်းသော ပတ်ဝန်းကျင် ရှိရုံ သာမက၊ နက်နဲ နယ်ပယ် စတုတ္ထ အဆင့်နှင့် ပဉ္စမ အဆင့်ရှိ နတ်ဆိုး သားရဲ များလည်း ရှိတက် ပေသည်။
နက်နဲ တတိယ အဆင့်ရှိ ကျင့်ကြံသူ များပင် တစ်ဦးတည်း မဝင်ဝံ့သော၊ အန္တရာယ် များပြွန်း လှသည့် အရပ် ဖြစ်၏။
၎င်းသည် တိမ်မိစ္ဆာ တောင်တန်းထက် ပို၍ အန္တရာယ် များလှလေသည်။
ထိုအပြင် မကောင်း ဆိုးဝါး နည်းစနစ် များကို လေ့ကျင့် ဖို့ရန်၊ လှည့်လည် နေတက်သော၊ လမ်းလွဲ ကျင့်ကြံ သူများ နေထိုင်ရာ အရပ် ဖြစ်ပေသည်။
ထို့ကြောင့် ဂိုမိသားစုသည် ၎င်းတို့၏ အင်အားဖြင့် ဝင်ရောက် မိပါက အန္တရာယ် ရှိ ပေ လိမ့်မည် ။ နောက်ဆုံး အားကိုးရာ အနေဖြင့်၊ မဟာချင် အင်ပါယာရှိ ဂိုဏ်းကြီး များထံ အန္တရာယ် ရှိသော မစ်ရှင် အဖြစ် အပ်နှံ အကူအညီ တောင်းခံ ခဲ့ခြင်းပင်။
ဂိုဏ်းကြီး လေးဂိုဏ်း အပြင် မဟာချင် အင်ပါယာရှိ အခြားသော ထိပ်တန်း မျိုးနွယ်စုများ အားလုံးကို ဖိတ်ကြား ထားခဲ့သည်။ အဆိုပါ ကိုယ်စားလှယ် လောင်းများကို ဂိုယန်းယုမှ ရွေးချယ်မည် ဖြစ်သည်။
ဤမစ်ရှင် အတွက် ဂိုမိသားစုမှ အရွေးချယ် မခံရ ပါက၊ ချီးမြှင့်သော စွမ်းဆောင်ရည် ရမှတ် တစ်ဝက် တိတိကို ပြန်လည် ပေးဆောင်ရမည် ဖြစ်သည်။ သို့မဟုတ် ပါက မစ်ရှင် ကျရှုံးခြင်းဟု ယူဆကာ၊ ထို့ထက် ပိုသော အမှတ်များ ပေးဆောင် ရနိုင်မည်။
တစ်နည်း အားဖြင့် ဆိုရသော် လင်းယွန်ကို ဂိုယန်းယုက ရွေးချယ် ရမည် ဖြစ်သည်။ ထိုသို့ အရွေးချယ် မခံရပါက၊ သည်မစ်ရှင် အတွက် ထုတ်ပြန် ထားသော ဆုကြေး တစ်ဝက်ကို ပြန်ပေး ချေရ ပေလိမ့်မည်။
" ကြယ်ငါးပွင့် အဆင့် မစ်ရှင်တွေက တစ်ခုမှ မလွယ်ကူ ပါလား "
လင်းယွန်က မစ်ရှင် ကျောက်စိမ်းပြားကို ဘေးသို့ ဖယ်လိုက်ကာ၊ ကျင့်ကြံရန် အတွက် ဝိညာဉ် ကျောက်စိမ်း များကို ထုတ်ယူ လိုက်၏။ နောက်ထပ် ရက် အနည်းငယ် လိုအပ် နေသေး သည်မို့ ကျင့်ကြံရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
အိုင်းရစ် ဓားသုတ္တန်မှာ အရင်း အမြစ် များစွာ လိုအပ် လှပြီး၊ အချိန်အတော် ကြာအောင်ပင် တိုးတက်မှု နည်းနေခဲ့သည်။
ကံကောင်း ထောက်မ စွာဖြင့်၊ လမ်းလွဲ ကျင့်ကြံသူ နှစ်ဦးကို သတ်ပစ် ပြီးနောက်၊ ဝိညာဉ် ကျောက်စိမ်း (၉,၀၀၀) ကို ရရှိခဲ့ပြီး ဖြစ်သည်။ ထိုပမာဏမှာ ထောက်ပံ့ ပေးရန် လုံလောက် လေသည်။
တစ်ချိန်တည်းမှာပင် ရှင်းဂျူက ဓားနန်းတော်သို့ ပြန်ရောက် လာခဲ့၏။ ရှင်းယန်က အပြုံးဖြင့် စောင့်ကြို နေခဲ့ကာ၊
'' ဓားနန်းတော်ရဲ့ ရှင်းဂျူက ပိုပြီး ရင့်ကျက်လာ ပုံပဲ ''
မိုလွာကို လိုက်လံ ရှာဖွေရန် ရှင်းဂျူမှာ ပါရမီရှင် လေးပါးနှင့် ပူးပေါင်း ခဲ့ကြောင်းကို မဟာချင် အင်ပါယာ၌ သတင်းများ ပျံ့နှံ့နေပြီ ဖြစ်သည်။
" ငါ့ ရဲ့ မစ်ရှင်မှာ ဘယ်သူနဲ့ တွေ့ခဲ့လဲ ဆိုတာ၊ မင်း ဘယ်တော့မှ ခန့်မှန်းလို့ ရမှာ မဟုတ်ဖူးဆိုတာ ငါပြောရဲတယ် "
ရှင်းယန်က ပြုံးလိုက်ပြီး၊
" မင်း လင်းယွန်ကို တွေ့ခဲ့ တယ်လို့ မပြောနဲ့ .."
" တော် တယ်"
ရှင်းဂျူက ပြုံးကာ ခေါင်းညိတ် လိုက်သည်ကြောင့်၊ ရှင်းယန်မှာ အံ့အား သင့်သော အရိပ် အယောင်များ ထွက်ပေါ် လာပြီး၊
" မင်းတကယ် သူ့ကို တွေ့ခဲ့တာလား ...၊ သူအဆင်ပြေ ရဲ့လား "
ရှင်းဂျူက ဖြစ်ပျက် သမျှကို ရှင်းပြပြီး သောအခါတွင် ရှင်ယန်မှာ အံ့သြ သွား၏။
" သူက ဂိုဏ်းကို တကယ် ဂုဏ်တက် စေခဲ့ တာပဲ၊ 'ရှေးဟောင်း တာအို' ဂိုဏ်းက ငါတို့နဲ့ ဆိုးရွားတဲ့ ဆက်ဆံရေး ရှိတာကြောင့်၊ တပည့်တွေကြား အမြဲ ပဋိပက္ခ ဖြစ်နေကြ မဟုတ်လား”
" မှန်တယ် လင်းယွန်က မျှော်လင့် ထားတာထက် ကျော်လွန် သွားပြီ၊ ဒါပေမယ့် ငါ့ရဲ့ မစ်ရှင်က မအောင်မြင် ခဲ့တာ နှမျော စရာပဲ "
"မင်း ဘာကို ဆိုလို တာလဲ ''
ရှင်းယန်က နားရှုပ်သွား ဟန်ဖြင့် ပြန်မေး လိုက်သည်။
“နဂါးမီးလျှံ သစ်သီးကို မရခဲ့ဘူး၊ အဲဒီ လေးယောက်ရဲ့ ရှုံ့တွနေတဲ့ အမူအရာ တွေကို မင့် မြင်စေ ချင်တယ်။ ”
အကယ်၍ မည်သူ မဆို ယခု အချိန်၌ ခရမ်းရောင် နန်းတော် နယ်မြေသို့ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ပါက၊ မျိုးဆက် တူများ ကြားတွင် အသန်မာဆုံး ဖြစ်လာမည် ဖြစ်သည်။
ပါရမီရှင် ရှစ်ပါးတွင် ပြင်းထန်သော ပြိုင်ဆိုင် မှုများ ရှိနေ ကြကာ၊ လူတိုင်းက အောင်မြင်မှုကို ဦးစွာ ပြုလုပ်လို ကြသည်။ ထို့ကြောင့်ပင် 'နဂါး မီးလျှံ သစ်သီး' ကို ရှာမတွေ့ သောကြောင့် သူတို့၏ မျက်နှာ များမှာ သဘာဝ အတိုင်း ကြည့်ကောင်း နေမည် မဟုတ်ပေ။
“ ဒါလည်း ကောင်းပါတယ်၊ 'နဂါး မီးလျှံ သစ်သီး' သာ ပေါ်လာရင် အဲဒီ လေးယောက်ကြား တိုက်ပွဲ ဖြစ်လာ လိမ့်မယ်။ ”
ရှင်းဂျူက ခေတ္တ ရပ်လိုက်ပြီး၊
" ဒါထက် အပြင်မှာ ရှိနေတဲ့ လင်းယွန်ရဲ့ ဒုတိယမြောက် မစ်ရှင်ကို ငါ ပို စိတ်ပူတယ် "
" သူက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး (အေ)အဆင့် မစ်ရှင် တွေကို ယူသွား ခဲ့တာကို မင်း သိသွား ပြီလား"
ရှင်းယန်က မေးခွန်း ထုတ်လိုက်သည်။
“ အပြင်မှာ အရမ်း ဖရိုဖရဲ ဆန်တာ မင်းလည်း သိနေတာပဲ၊ ဒါပေမယ့် တခြား မစ်ရှင်တွေက သူ့အတွက် ဒုက္ခ မဖြစ်နိုင် ပါဘူး၊ တစ်ခုတည်းသော ပြဿနာက သွေးအရိုး တောအုပ်ဆီ ကိုယ်ရံတော် အဖြစ် လိုက်ပါရမယ့် ခရီးပဲ ”
ရှင်းဂျူက 'သွေးအရိုး တောအုပ်' ၏ အချက် အလက် အချို့အား မျှဝေ ခဲ့ပြီးနောက်၊ ရှင်းယန် မျက်နှာမှာ ပြောင်းလဲ သွား ခဲ့၏။
ခဏအကြာတွင် အဝေးသို့ လှမ်းကြည့်ကာ၊
“ မင်း သူ့ကို သိပ် စိတ်ပူ မနေပါနဲ့၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက၊ မကြာခင် ကျင်းပ တော့မယ်၊ ဒီ 'အေ' အဆင့် မစ်ရှင်တွေ ကိုတောင် မပြီးမြောက် နိုင်ခဲ့ရင်၊ သေမျိုး အဆင့်ရဲ့ ထိပ်တန်း (၁၀) ယောက်ကို ဘယ်လို လုပ် ယှဉ်ပြိုင် နိုင်မှာလဲ။ ''
" အိုး ... မင်းသူ့ကို ယုံကြည်မှု ရှိနေ ပုံပဲ ”
- ဟု ရှင်းဂျူက တုံ့ပြန် ခဲ့သည်။ ရှင်းဂျူ စကားကြောင့် ရှင်းယန်က တောက်ပစွာ ပြုံးလိုက်ပြီး၊
" သူ့ကို ငါ ဘယ်တုန်း ကမှ မယုံကြည် ခဲ့ပါဘူး ... "
ဟု ရေရွတ် လိုက်၏။
သို့သော် ရှင်းယန်၏ မျက်နှာ၌ ထိုစကားနှင့် ဆန့်ကျင်ဘက် ခံစားချက်များ ထင်ဟပ် လာလေသည်။
ငါးရက်ကြာ ပြီးနောက် လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာကာ၊ သူ့ လက်ညှိုးကို ဦးတည်ရာ တစ်ခုစီသို့ 'တောက်'ထုတ် လိုက်၏။
မူလ စွမ်းအင်များမှာ ဓားအလင်းများ အဖြစ် ပေါင်းစပ် ပြီးနောက်၊ ဦးတည်ရာ စားပွဲ ပေါ်ရှိ စာအုပ်ကို နံရံ ဆီသို့ ပျံသန်းသွား စေတော့သည်။
လွင့်ပျံသွားသော စာအုပ်မှာ နံရံ၌ ဓားတစ်လက်ဖြင့် ထိုးစိုက် ခံထားရ သကဲ့သို့ တွဲလောင်းကျ သွားလေသည်။ ခရမ်းရောင် ဓားအလင်း ပျောက်ကွယ်သွား ပြီးနောက် စာအုပ်မှာ ပြန်လည် ပြုတ်ကျ သွား၏။
" အိုင်းရစ်ဓားသုတ္တန် သတ္တမ အဆင့် "
ဓားသုတ္တန်တွင် စုစုပေါင်း အဆင့် ဆယ့်ခြောက်ဆင့် ရှိပြီး၊ ခရမ်းရောင် ပန်းကို ဖွဲ့စည်းရန် အတွက် ပထမ အဆင့် ခြောက်ဆင့်မှာ အခြေခံ အုတ်မြစ် ဖြစ်ပေသည်။
လင်းယွန်မှာ ဆဋ္ဌမ အဆင့်တွင် တစ်နှစ်ခွဲကြာ ပိတ်မိ နေခဲ့ပြီး၊ 'ဓားသင်္ချိုင်း တောအုပ်' မှ ထွက်လာပြီး နောက်ပိုင်း၊ အောင်မြင် မှုများ မရရှိ ခဲ့ပေ။
ယခုမူ အောင်မြင်မှု တစ်ခု ရယူရန် ခြေတစ်လှမ်းသာ ကွာဝေးပေ တော့သည်။ ဆဋ္ဌမ အဆင့်နှင့် သတ္တမ အဆင့်မှာ သိသာသော ကွဲပြားမှုများ မရှိ သော်လည်း၊ အဆင့် တစ်ခု အတွင်း ကွာခြားချက်မှာ ကြီးမား ပေသည်။
ပထမအဆင့် ခြောက်ဆင့်သည် ရှန်ရှင်းဘုံအတွက်သာ သင့်လျော်ပြီး၊ နက်နဲ နယ်ပယ် သိုင်းသမား များ၏ ကျင့်ကြံမှု နည်းစနစ်များနှင့် နှိုင်းယှဉ်ပါက ကွာဟချက် အချို့ ရှိနေ သေးသည်။
ရှင်းရှင်း ဆိုရသော် သတ္တမ အဆင့်သို့ ရောက်ရှိ ခြင်းသည် နက်နဲ နည်းစနစ် အဖြစ်သို့ ဝင်ရောက်ခြင်း ဖြစ်သည်ဟု ဆိုလို၏။
ထိုအဆင့်၌ သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ ခရမ်းရောင် ဓား အရှိန်အဝါကို ပို၍ သိပ်သည်း စေမည် ဖြစ်သည်။
နောက်တဖန် သူ့၏ ကျင့်ကြံမှု ကြီးထွား လာခြင်း နှင့်အတူ၊ ဒါန်တမ် အတွင်းရှိ ငွေဖြူရောင် ဓားစွမ်းအင်၏ စွမ်းအားမှာ တိုးပွား လာမည် ဖြစ်သည်။
အကယ်၍ 'အိုင်းရစ်ဓား သုတ္တန်' ကို နဝမ အဆင့်သို့ ရောက်ရှိ နိုင်ပါက၊ ဓားရောင်ဝါကို အသုံးပြုကာ၊ ခန္ဓာကိုယ် အတွင်း 'မှော်အခင်း အကျင်း' တစ်ခုကို တည်ဆောက် နိုင်ပေမ ည်။
ထိုအချိန်တွင် မိုင်တစ်ရာ အကွာ၌ ရှိသော ရန်သူကို သတ်ဖြတ် နိုင်တော့မည် ဖြစ်၏။
လင်းယွန်က နံရံ အနား လျှောက်သွားပြီး စာအုပ်ကို ကောက်ယူ လိုက်သည်။ စာအုပ်တွင် ဓားဖြင့် အမှန်တကယ် ထိုးထား သကဲ့သို့ အပေါက် တစ်ပေါက် ရှိနေ ခဲ့လေပြီ။
“ အရင်က 'နတ်ဘုရား ပုံရိပ်ယောင် ဓား' နည်းစနစ် အရ၊ ခရမ်းရောင် စွမ်းအင်ကို ဓားမီးတောက် အဖြစ်သာ သိပ်သည်းစေ နိုင်ခဲ့တယ်၊ ဒါပေမယ့် အခု၊ ဒါကို ဓားသွား အဖြစ် ပေါင်းစပ် ထားနိုင်ပြီ "
လင်းယွန်က စာအုပ်ကို ပြန် ချပြီးနောက်၊ အတွေးထဲ ရောက်ရှိ သွားခဲ့သည်။
ဓားသုတ္တန်မှ ထုတ်ပေးသော မူလ စွမ်းအင်သည် သူ၏ သိုင်းနည်းစနစ် များနှင့် ရွေ့လျားမှု နည်းစနစ်များ အပါအဝင်၊ အရာ အားလုံး အတွက်၊ အခြေခံ အုတ်မြစ် ဖြစ်ပေသည်။
မူလ စွမ်းအင် မရှိပါက၊ ထိုနည်းစနစ် များကို အကောင် အထည် ဖော်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျင့်ကြံမှုတွင် အောင်မြင်မှုများ ရရှိ ခြင်းဖြင့်၊ မူလ စွမ်းအင်ကို အသွင်ပြောင်း စေမည် ဖြစ်သည်။
ဓားသုတ္တန်ကို သတ္တမ အဆင့်သို့ ရောက်ရှိ ခြင်းသည် နည်းပါးသော အောင်မြင်မှု မျှသာ ဖြစ်သော်လည်း၊ လင်းယွင်၏ တိုက်ပွဲ စွမ်းရည်ကို များစွာ မြှင့်တင် ပေးနိုင်သည်။
ယခုအကြိမ် ခရီးကြမ်း၌ ကြီးစွာသော အကျိုး အမြတ်များ ရရှိခဲ့သည်။ သူ့ ကျင့်ကြံ မှုမှာ နက်နဲ သိုင်းနယ်ပယ် တတိယ အဆင့်သို့ ရောက်ရှိ ခဲ့ပြီး၊ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို ကနဦး ကျွမ်းကျင်မှု အထွတ် အထိပ်ထိ ရရှိ သွား၏။
ထို့ပြင် အိုင်းရစ် ဓားသုတ္တန်ကို သတ္တမ အဆင့်သို့ ဆုပ်ကိုင် နိုင်ခဲ့သည်။
ဇိုယန်နှင့် ထပ်မံ ရင်ဆိုင် ရပါက၊ အနိုင်ရရန် (၇၀%) အခွင့် အရေး ရှိလာ ပေမည်။
သို့သော် ဇိုယန်မှာ ပြီးခဲ့သည့် လဝက် အတွင်းတွင်၊ သိသာ ထင်ရှားသော တိုးတက် မှုများ မရရှိ နိုင်မှ သာလျှင်၊ ထိုတွက်ဆ ချက်မှာ အကျုံးဝင် မည် ဖြစ်သည်။
( အချိန်ကျပြီ။ )
ကျင့်ကြံမှု အတွင်း နစ်မြုပ် နေခဲ့ သောကြောင့်၊ အချိန် အနည်းငယ် နောက်ကျ နေပြီ ဖြစ်ရာ၊ ဂိုမိသားစု ဆီသို့ အမီ ပြေးရ ပေတော့မည်။
ထိုအချိန်တွင် ဂိုမိသားစု၏ သိုင်းရင်ပြင်၌ လူအများ ဖြင့် ပြည့်နှက် နေ၏။ ၎င်းတို့ အားလုံးမှာ၊ မဟာချင် အင်ပါယာရှိ ဂိုဏ်းပေါင်း စုံမှ အထက် တန်းစားများ ဖြစ်သည်။
ဂိုဏ်းကြီး လေးဂိုဏ်းနှင့် 'ကောင်းကင်ဘုံ ချင်အင်စတီကျု' အပြင်၊ အခြားသော ဂိုဏ်းငယ် များက ၎င်းတို့၏ ထိပ်တန်း သိုင်းသမား များကို စေလွှတ် လာခဲ့၏။
ဂိုဏ်းကြီး လေးဂိုဏ်း၏ တပည့်များမှာ အခြားသော ဂိုဏ်းငယ် များကို ကြည့်ရှုသော အခါတွင် ကောင်းမွန်သော အမြင်များ မရှိခဲ့ပေ။ သူတို့၏ မျက်လုံးများ ထဲတွင် အထင် အမြင် သေးမှုများ ပြည့်နှက် နေခဲ့သည်။
ထိုသူများမှာ 'ရှေးဟောင်းတာအို ဂိုဏ်း' ၊ 'လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း' ၊ 'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း'နှင့် 'ကောင်းကင်ဘုံ ချင် အင်စတီကျု' တို့မှ တပည့်များ ဖြစ်သည်။
သူတို့အားလုံးသည် ဂိုဏ်း၏ ထိပ်တန်း ပြင်ပ တပည့်များ ဖြစ်သောကြောင့်၊ အခြားသော ဂိုဏ်းများမှ တပည့်များမှာ၊ သူတို့၏ မျက်လုံးများ ထဲ၌ အမှိုက်များသာ ဖြစ်ကြ ပေသည်။
ဂိုမိသားစု၏ ဘိုးဘေး ဂိုယန်းယုက စင်မြင့်ထက် မှနေ၍ ပါဝင် လာသူ များအား၊ အပြုံးတစ်ပွင့်ဖြင့် အကဲခတ် နေခဲ့သည်။
ဂိုဏ်းကြီး လေးဂိုဏ်း၏ ပြင်ပ တပည့်များမှာ ကြီးမြတ် သူများ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် ယခု အချိန်၌ အခြားသော ဂိုဏ်းငယ်များ၏ အထက်တန်းလွှာ များနှင့် ကွဲပြားမည် မဟုတ်ပေ။
" ကဲ အားလုံး ဆုံသလောက် ဖြစ်နေပြီ ဆိုတော့၊ တစ်ခုလောက် ပြောပါရစေ "
ဂိုယန်းယုက ပြုံးလိုက်ကာ စကားစ လိုက်သည်။
“ ပျိုးကျွန်တွေက မနက်ဖြန် မနက် သွေးအရိုးတောအုပ် ထဲကို ဝင်ကြလိမ့်မယ်၊ အဲ့ဒီ နယ်မြေက ဘယ်လောက် အန္တရာယ် ကြီးတယ် ဆိုတာ အားလုံး သိကြမယ်လို့ ယုံကြည် ပါတယ်၊ ဂိုမိသားစုရဲ့ အစောင့် သိုင်းသမား တွေနဲ့ အတူ၊ လိုက်ပါ စောင့်ရှောက်ဖို့ အဆင့်မြင့် သိုင်းသမား ရှစ်ဦး ကိုလည်း ရွေးချယ် မှာပါ၊ ''
'' မင်းတို့ရဲ့ ဂိုဏ်းတွေက ပေးမယ့် ... ဆုလာဘ်တွေ အပြင်၊ ငါက နောက်ထပ် ဆုလာဘ် ကိုလည်း ပေးအပ်မယ်၊ ''
'' အဲဒါကတော့ အဆင့်မြင့် နက်နဲ ဆေးလုံး (၉၀)နဲ့ ပထမတန်း ဝိညာဉ်ကျောက်စိမ်း (၂၀၀၀) ပဲ ”
သူ့ စကားက ချက်ချင်းပင် လူအုပ်ကြီးအား မျက်လုံးများ တောက်ပ သွားစေ ခဲ့၏။ ဂိုဏ်းကြီးလေး ဂိုဏ်းရှိ တပည့်များ သည်ပင်၊ စိတ်ဝင်စား မှုများ ပြသလာ ကြသည်။
ဤမစ်ရှင်ကို ဆောင်ရွက် ခြင်းဖြင့် ဆုကြေး နှစ်ဆ ရရှိမည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ဂိုမိသားစုသည် ကုန်သည် ကြီးများ အသင်းနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော ကြောင့်၊ ကတိ အတု မဖြစ် နိုင်ပေ။
ဤမစ်ရှင်ကို အကြီးစား ကုန်သည် ကြီးများ အသင်းမှ ထုတ်ပြန် ခဲ့ခြင်း ဖြစ်ချေမည်။
သို့မဟုတ် ပါက၊ သူတို့သည် ဤမျှ ရက်ရောသော ကမ်းလှမ်းမှုကို ပြုလုပ်မည် မဟုတ်ပေ။
" ဘိုးဘေးဂို မင်းက တကယ်ကို ရက်ရော လွန်းတယ်၊ ဒါပေမယ့် ဒီမှာ ငါတို့ အယောက် သုံးဆယ် နီးပါး ရှိတယ်၊ မင်းက ရှစ်ယောက်ကို ဘယ်လို ရွေးမှာလဲ။ "
ဝင်ရောက် မေးမြန်းလာ သူမှာ 'ရှေးဟောင်း တာအိုဂိုဏ်း' ၏ ပြင်ပ တပည့် ရှားထန်းမိန် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုမှာ နက်နဲ စတုတ္ထ အဆင့် အထွတ် အထိပ်တွင် ရှိနေသည်။
ထွားကျိုင်းသော အသွင်အပြင် အရ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' နည်းစနစ်တွင် နက်ရှိုင်းသော အောင်မြင်မှုများ ရှိနေကြောင်း ထင်မြင် လိုက်မိစေသည်။ သူ့ အကြည့်များမှာ ဓား တစ်စင်း ကဲ့သို့ ထက်ရှ နေခဲ့ လေပြီ။
" အရမ်း ရိုးရှင်း ပါတယ်။ "
ဂိုယန်းယုက သူ့ လက်ညှိုးကို ညွှန်ပြပြီး၊
" လူတိုင်းကို စစ်ထုတ်ဖို့ ငါတို့ တိုက်ပွဲ တစ်ခု လုပ်မယ်၊ ဒီစင်မြင့် ထက်မှာ မင်းတို့ ထဲက ရှစ်ယောက် ကျန်ခဲ့တဲ့ အထိ၊ တိုက်ခိုက်ရ လိမ့်မယ် "
ရှားထန်းဖိန်က ပြုံးပြီး၊
" တိုက်ပွဲလား၊ အဲဒါက အချိန် အများကြီး သက်သာ လိမ့်မယ်၊ အရမ်း ကောင်းတဲ့ စိတ်ကူး တစ်ခုပဲ၊ ငါ့ လက်စကို မထိန်းနိုင် ခဲ့လို့၊ မင်းတို့ကို ထိခိုက် မိရင် ငါကြိုပြီး တောင်းပန်ပါတယ် "
ရှားထန်းဖိန်က မောက်မာ သလောက် အတော်ပင် ကျော်ကြားသော ဂုဏ်သတင်းကို ပိုင်ဆိုင် ထားလေသည်။
သူ၏ 'ဒရာကိုဖီ ခန္ဓာကိုယ်' နည်းစနစ်မှာ၊ စတုတ္ထ အဆင့်သို့ ရောက်ရှိ နိုင်ခဲ့ပြီး၊ ကီလို ငါးထောင်ခန့် ခွန်အားကို ပိုင်ဆိုင်ထား ပေသည်။
***