ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။
Vol. 18 Ch. 251
ရှားထန်းဖိန်မှာ ကျော်ကြားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထား သော်လည်း၊ သူ၏ မာန ထောင်လွှား မှုမှာ လူတိုင်းကို စိတ်မသက်မသာ ဖြစ်လာ စေ၏။
'ကောင်းကင်ဘုံ ချင် အင်စတီကျု' ၏ တပည့် လင်းလန်က၊
'' ကောင်းကင်ဘုံ ချင် အင်စတီကျုရဲ့ 'စပါးအုံး ဒေါသ လှံငယ်' က မရဏပွဲ အတွက် အကောင်းဆုံး နည်းစနစ် တစ်ခုပါပဲ ''
- ဟု ဆိုကာ ရယ်မော လိုက်လေသည်။
လင်းလန်မှာ 'ကောင်းကင်ဘုံ ချင် အင်စတီကျု'မှ ထိပ်တန်း သိုင်းသမား တစ်ဦး ဖြစ်သည် သာမက၊ လင်း မိသားစု၏ တိုက်ရိုက် ဆင်းသက် လာသော သူလည်း ဖြစ်သည်။
လင်းလန်၏ စကားများမှာ လွန်ကဲ လွန်းသော်လည်း၊ မည်သူ မဆို ရှားထန်းဖိန်ကို ဦးတည် နေကြောင်း သိလိုက် ကြသည်။
'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' နှင့် 'လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း' တို့မှလည်း သူတို့၏ အမြင်များကို အဆက်မပြတ် ဝင်ရောက် ပြောဆို လာသည်။
သူတို့တွင်လည်း မောက်မာ နိုင်သော ခွန်အားများ ပိုင်ဆိုင်ထား ကြသည် ဖြစ်ရာ၊ မည်သို့သော တင်စီးမှု မျိုးကို မဆို လက်ခံမည် မဟုတ်ပေ။
အခြားသော ဂိုဏ်းငယ်များမှ တပည့်များ အနေဖြင့် သက်ဆိုင်ရာ ဂိုဏ်း အသီးသီး၌ အထက်တန်းစားများ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ ဂိုဏ်းကြီး လေးဂိုဏ်းနှင့် ယှဉ်ပါလျှင် မည်သည်မျှ မဟုတ်ခဲ့ပေ။
ကံကောင်း ထောက်မစွာဖြင့် ၎င်းဂိုဏ်းကြီး လေးဂိုဏ်းတွင် လူများများ စားစား မရှိခဲ့ သည်ကြောင့်၊ ရှစ်ခုသော ခွဲတမ်း အတွက် ဝင်ရောက် ယှဉ်ပြိုင် ဖို့ရန်၊ အခွင့် အရေး ရှိနေ ပေသေးသည်။
“ ဘယ်သူမှ မကန့်ကွက် ကြရင်၊ တိုက်ပွဲ စကြရအောင်”
ဂိုယန်းယုက ပြုံးကာ စကားဝိုင်းကို ဖြတ်လိုက်သည်။
ရှားထန်းဖိန်နှင့် လင်းလန် တို့ပင် ကန့်ကွက်ခြင်း မရှိ သောကြောင့်၊ အခြား မည်သူမျှ ၎င်းကို တွေးတော ကန့်ကွက်မည် မဟုတ်ပေ။
“ ကောင်းပြီ၊ ငါ အခုပဲ ကြေငြာမယ်…”
" ဟေး .... ၊ မင်း တို့ရဲ့ မြင်းတွေကို ကိုင်ထား ... "
ဂိုယန်းယုက တိုက်ပွဲ စတင်ရန် ကြေငြာ တော့မည့် အချိန်၌၊ သိုင်းရင်ပြင် အတွင်းသို့၊ လျင်မြန်သော အဟုန်ဖြင့်၊ နဂါးသွေးမြင်း တစ်ကောင် ရောက်ရှိ လာလေသည်။
အသံပိုင်ရှင်မှာ ထိုမြင်ပေါ်မှ ဆင်းသက် လာသော လူငယ် တစ်ယောက် ဖြစ်လေသည်။
လူတိုင်းက မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လာ ကြ၏။
အသစ် ရောက်ရှိ လာသော လူငယ်မှာ နက်နဲ နယ်မြေ၏ တတိယ အဆင့် တွင်သာ ရှိနေ သေးသည်။
ဓားနန်းတော် ဝတ်ရုံကို ဆင်မြန်း ထားသော ထိုလူငယ် လေးမှာ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက် တည်ငြိမ်စွာ လျှောက်လှမ်း လာလေသည်။
လင်းယွန်က သူ ရောက်ရှိသော အခါတွင် အားလုံး စုဝေး နေကြပြီ ဖြစ်သောကြောင့်၊ ဂိုယန်းယုကို နှောက်ယှက်ရန် ရည်ရွယ်ချက် ရှိရှိ လှမ်းအော် လိုက်ခြင်း ဖြစ်သည်။
“ ငါက ဓားနန်းတော်ရဲ့လင်းယွန်ပါ၊ နောက်ကျတဲ့ အတွက် တောင်းပန် ပါတယ်"
လင်းယွန်က လက်ကောက်ဝတ် ရှိ ဝတ်ရုံစကို ဝှေ့ယမ်းကာ တောင်းပန် လိုက်၏။
ဂိုယန်းယုက မျက်နှာ ပျက်ယွင်း သွားသည်။ဓားနန်းတော်သည် ကျင့်ကြံမှု နိမ့်ပါး လွန်းသည့် တပည့် တစ်ယောက်ကို ပေါ့ပေါ့ တန်တန် ပို့လွှတ် လာခဲ့ ခြင်းဖြင့်၊ မည်သည့် အရာကို လုပ်ဆောင် လိုကြောင်း မခန့်မှန်း နိုင်ချေ။
ကျန်ဂိုဏ်းကြီး များမှ တပည့်များသည် နက်နဲ နယ်မြေ၏ စတုတ္ထ အဆင့်တွင် ရှိနေ ကြ၏။ အခြားသော ဂိုဏ်းငယ် များက ပဉ္စမ အဆင့် တပည့်များ ကိုပင် စေလွှတ် လာခဲ့သည်။
သွေးအရိုး တောအုပ်သို့ သွားရာ လမ်းခရီးသည် ပန်းခြံထဲတွင် လမ်းလျှောက်ခြင်း မဟုတ်ချေ။ လမ်း တစ်လျှောက်တွင် အန္တရာယ်များ ပြည့်သိပ် နေမည် ဖြစ်သည်။
သို့တိုင်၊ ဓားနန်းတော်သည် နက်နဲ နယ်ပယ်၏ တတိယ အဆင့်မှ တစ်စုံ တစ်ဦး ကိုသာ စေလွှတ် လာခဲ့သည်။
ဂိုယန်းယုက လင်းယွန် အပေါ် အထင်ကြီးခြင်း မရှိ သော်လည်း၊ နောက်ကွယ်ရှိ ဓားနန်းတော်၏ ပုံရိပ်ကြောင့် မစော်ကား ဝံ့ပေ။ သူက ပြုံးလိုက်ပြီး၊
“ မင်း နောက်ကျ သွားပြီ၊ ငါတို့ရဲ့ တိုက်ပွဲက စနေပြီ။”
“ဓားနန်းတော်မှာ တစ်ယောက်မှ မရှိတော့ ဖူးလား၊ သွေးအရိုး တောအုပ်ကို သွားဖို့၊ တတိယ အဆင့်က အမှိုက် တစ်စကို တကယ် စေလွှတ် လာတယ်၊ ဂိုမိသားစုကို နှိမ့်ချ ချင်တာလား ....၊ ဒါမှ မဟုတ် ဒီမှာ ရှိနေတဲ့ လူတိုင်းကို နှိမ့်ချ နေ တာလား၊ ''
ရှားထန်းဖိန်က ရယ်မောကာ၊ ရေရွတ် လိုက်သည်။
ဓားနန်းတော်နှင့် ရှေးဟောင်းတာအို ဂိုဏ်းတို့ အကြား ပဋိပက္ခများကို လူတိုင်းက ကောင်းကောင်း သိနေ ကြသည့် အတွက်၊ အံ့သြ စရာ မဟုတ်ခဲ့ပေ။
ဇိုယန် ကဲ့သို့သော သူမျိုးမှာ ရှေးဟောင်း တာအို ဂိုဏ်း၌ ရှားပါး လှပေသည်။
" ငါ သူ့ကို သိတယ်။ "
လင်းလန်၏ ရုတ်တရက် အသိအမှတ် ပြုလိုက်သော စကားမှာ လူတိုင်း အာရုံကို စွဲဆောင် သွား ခဲ့သည်။
" လွန်ခဲ့တဲ့ လေးလက ဝမ်နင်ကို သတ်ခဲ့ သူပဲ "
လင်းလန်က အေးစက်စက် မျက်လုံးများဖြင့် ပြောလိုက်၏။ သူ့ စကားကြောင့် ရုတ်ရုတ် သဲသဲ ဖြစ်သွားပြီး လူတိုင်းက လင်းယွန်ကို ပြန်လှည့် ကြည့်မိ ပြန်သည်။
ဂုဏ်သိက္ခာ ရှိသော မျိုးနွယ်စု များ၏ အမွေခံ မျိုးဆက် များကို မည်သူ မဆို မသတ်ဝံ့ တော့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် မဟာချင် အင်ပါယာ၏ 'ချင်'မြို့တော် ပိုင်နက် အတွင်းတွင် ....။
လေးလ အကြာတွင် ဝမ်နင် အသတ် ခံရသော ကိစ္စမှာ ပြီးဆုံး သွားသော်လည်း၊ လူတိုင်းက ထိုအကြောင်းကို တွေးလိုက်သော အခါတွင် ချက်ချင်းပင် သတိတရ စူးစမ်း လာမိ ပြန်သည်။
“ ဒါဆို သူပေါ့ …”
“ လုံးဝ အထင်ကြီး စရာ မရှိပါဘူး၊ ဘာကြောင့် ဓားနန်းတော်က သူ့လို လူကို ကာကွယ်ဖို့ ကြိုးစား ရတာလဲ။"
“သူက ဓားနန်းတော် ကနေတောင် ထွက်သွားဖို့ သတ္တိ ရှိတယ်လား ...၊ ဝမ် မျိုးနွယ်စုက လုပ်ကြံမှာကို သူ မကြောက် ဖူးလား "
“ ဒီကောင်က မာနကြီး တယ်လို့ နာမည် ကြီးတယ်၊ 'ရတနာ ခန်းမ' ထဲမှာ၊ နဂါး ဗိုလ်ချုပ်ရဲ့ သမီးကို၊ သတ်ဖို့ အထိတောင် ကြံရွယ် ဝံ့တယ်၊ ဒါက ရည်ရွယ်ချက် ရှိရှိနဲ့ နောက်ကျမှ ရောက်လာပြီး၊ ဘိုးဘေးဂိုကို နိမ့်ချ လာမှာကို ငါ ကြောက်မိတယ်။”
လင်းလန်က ရယ်မော ရေရွတ် လိုက်သည်။
လေထုမှာ ချက်ချင်းပင် လေးကန် သွား၏။ ရှားထန်းဖိန်နှင့် လင်းလန် တို့နှစ်ဦး စလုံးသည်၊ လင်းယွန် အတွက် အခက် အခဲများ ဖြစ်အောင် ကြိုးစား နေကြပြီး၊ အခြားသော သိုင်းသမား များက ဤအခြေ အနေကို ပျော်ရွှင်စွာ စောင့်ကြည့်နေ ကြသည်။
ထိုအခြေ အနေများ အရ၊ ခွဲတမ်းကို ရယူ ရာ၌၊ အခွင့် အရေးများ ပို၍ ရရှိ လာနိုင် ပေမည်။
ဤမစ်ရှင် အတွက် ဆုလာဘ် များမှာ များပြား လွန်းလှပြီး၊ ပထမတန်း ဝိညာဉ် ကျောက်စိမ်း များပင် ရရှိ နိုင်သည်။
လင်းလန် တို့၏ နှုတ်ထွက် စကားများနှင့် ပတ်သက်၍ လှောင်ပြောင် ခံရ သည်ကို ကျေနပ်မည် မဟုတ်မှာ သေချာ လှသော်လည်း၊ လင်းယွန်၏ မျက်နှာတွင် မည်သည့် အမူ အရာမှ မရှိ ခဲ့ချေ၊
“မင်းတို့ နှစ်ယောက် ငါနဲ့ ပတ်သတ်ပြီး တစ်စုံ တစ်ရာ ရှိရင် ငါ့ဆီ လာနိုင် ပါတယ်၊ စကားလုံး တွေနဲ့ အချိန်ဖြုန်း မနေပါနဲ့ မဟုတ်ရင် 'ရှေးဟောင်း တာအို ဂိုဏ်း' နဲ့ 'ကောင်းကင်ဘုံ ချင် အင်စတီကျု' ရဲ့ တပည့်တွေက၊ စကားပြော ဖို့ပဲ ကျင့်ကြံ ကြတယ်လို့ ထင်ကုန် ကြလိမ့်မယ် ....''
လင်းယွန်က နူးညံ့သော အပြုံးဖြင့် မျက်လုံးများကို မှေးစင်းကာ တုန့်ပြန် လိုက်၏။
ယခု အချိန်တွင် တတိယမြောက် နက်နဲ သွေးကြောကို ဖွဲ့စည်း နိုင်ခဲ့ပြီး ဖြစ်ရာ၊ အိုင်းရစ် ဓားသုတ္တန်တွင် သတ္တမ အဆင့်ထိ ရောက်ရှိ သွားသဖြင့်၊ ကျား-နဂါး လက်သီး၏ ခွန်အားမှာ တိုးလာမည် ဖြစ်သည်။
လင်းလန်တို့ နှစ်ယောက် ပေါင်း တိုက်ခိုက်လာ လျှင်ပင် စိတ်လှုပ်ရှား မိမည် မဟုတ်ပေ။
" မင်းရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ "
လင်းလန်နှင့် ရှားထန်းဖိန် တို့က မတ်တပ် ထရပ် လိုက်ကြပြီး၊ လင်းယွန်ထံ ဦးတည်ကာ၊ သူတို့ အရှိန်အဝါကို ထုတ်လွှတ် လိုက် ကြသည်။
ရှားထန်းဖိန်မှာ 'ဒရာကိုဖီ ခန္ဓာကိုယ်' ကို ကျင့်ကြံ ပြီးနောက်၊ ထွားကျိုင်းသော ရုပ် သဏ္ဍာန်ကို ပိုင်ဆိုင် ထား ရှိသည်။
သူ မတ်တပ် ထရပ်လိုက်သော အခါတွင်၊ အခြားသော သူများကို ဖိအားပေး နိုင်သည့် ကြမ်းကြုတ်သော ရှေးဦး သားရဲ တစ်ကောင် ကဲ့သို့၊ ခံစား ချက်များ ပေးစွမ်း လာခဲ့သည်။
လင်းလန် သည်လည်း သူ့လက်ကို ဝှေ့ယမ်းကာ အေးစက်သော မျက်နှာဖြင့် ရှေ့သို့ တိုးဝင် လိုက်ရာ၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်ပေါ် လာလေသည်။
အပြာရောင် တောက်ပ နေသော မူလ စွမ်းအင်မှာ သူ့ ခန္ဓာကိုယ် အတွင်း အရှိန် အဟုန်ဖြင့် လှည့်ပတ် လာ၏။
လင်းလန် ထံမှ အဆိပ် ပြင်းသော စပါးအုံး မြွေ တစ်ကောင်၏ ဒေါသထွက် နေသော ခံစား ချက်မျိုး ပေးစွမ်း လာသည်။
သူတို့ နှစ်ယောက်က ရှေ့ကို ခြေ သုံးလှမ်း လှမ်းယူ လိုက်ပြီး၊ ဖိအားများ ထုတ်လွှတ် လိုက်ကြသည်။
သူတို့ နှစ်ယောက်၏ အမူအယာ များအရ တိုက်ပွဲပေါင်း များစွာ ပူးပေါင်း ဆင်နွဲ ထားဖူးပုံ ရလေသည်။
အတူတူ လုပ်ဆောင်ခြင်းဖြင့် လင်းယွန်ကို အရှက်ရ စေရန် ၎င်းတို့၏ အရှိန်အဝါကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
“ ဘယ်လို သိပ်သည်း လိုက်တဲ့ အရှိန်အဝါများလဲ … သူတို့က ဂိုဏ်းကြီးတွေရဲ့ အထက်တန်းစားတွေ ဖြစ်ထိုက် ပါပေတယ်၊ ဒီလင်းယွန်က သူတို့ နှစ်ဦးကို တစ်ပြိုင် နက်တည်း၊ ဝင်လာဖို့ စိန်ခေါ် လိုက်တာက အမှန်တကယ် မာနကြီး လွန်းတယ်။ ”
“ ရလာဒ်က သိသာ ပါတယ်၊ ရှားထန်းဖိန် နဲ့ လင်းလန်တို့ နှစ်ဦး စလုံးက နက်နဲ နယ်မြေရဲ့ စတုတ္ထ အဆင့်မှာ ရှိနေ ကြတယ်၊ ငါတို့လို ပဉ္စမ အဆင့်က သူတွေ တောင်မှ သူတို့ နှစ်ယောက်ပေါင်း တိုက်ခိုက် တာကို ရင်ဆိုင် နိုင်မှာ မဟုတ်ဘူး၊ နက်နဲ နယ်မြေ ကနဦး တတိယ အဆင့်မှာသာ ရှိနေ သေးတဲ့ သူအတွက်ကတော့.... ''
" အထူးသဖြင့် ရှားထန်းဖိန်က သန်မာတယ်၊ သူ့မှာ ကီလို ငါးထောင် ခွန်အား ပေးစွမ်း နိုင်တဲ့ ဒရာကိုဖီ ခန္ဓာကိုယ် ရှိတယ်၊ လင်းယွန်သာ သတိ မထားရင် အပိုင်းပိုင်း ချိုးခံရ နိုင်တယ် ”
" လင်းယွန်ကို နည်းနည်းတော့ သန်မာ လိမ့်မယ်လို့ ငါ မျှော်လင့် မိတယ်၊ ဒါမှ ငါတို့ အတွက် အခွင့် အရေးတွေ ရှိလာ နိုင်မယ်။”
အားလုံးက အချင်းချင်း ဆွေးနွေး လာကြပြီး၊ သူတို့ သုံးယောက် တိုက်ပွဲကို မျှော်လင့် နေမိ သော်လည်း၊ ဂိုယန်းယု မှာမူ အနည်းငယ် မကြည်သာ ဟန်ဖြင့်၊
" မင်းတို့ ဒီမှာ မျက်နှာသာ ပေးလို့ မရဖူးလား " -ဟု ဟန့်တား မေးယူ လိုက်သည်။
သူ့ အကြည်များမှာ လင်းယွန် အပေါ် သေးနုပ်စွာ ကျဆင်း လာပြီး၊ နဖူးပေါ်ရှိ ချွေးများကို သုတ်ယူ လိုက်၏။
လင်းယွန်သာ အသတ်ခံ ရပါက ဓားနန်းတော် ၏ ဒေါသကြောင့် ဒုက္ခ ရောက်ပေ လိမ့်မည်။
တပည့်များကြား ပြင်းထန်သော တိုက်ပွဲ များကို တွေ့ကြုံ ခဲ့ရ ဖူးပြီ ဖြစ်ရာ သူထင် ထားသည်ထက် ပိုဆိုး နိုင်သည်။
ရှားထန်းဖိန်နှင့် လင်းလန်တို့ နှစ်ယောက် စလုံးမှာ လင်းယွန်ကို ကာကွယ်ပေး လိုသည့် ဂိုယန်းယု၏ ဆန္ဒကြောင့်၊ အံ့အားသင့် သွားပြီး၊ ငြိမ်သက် သွား ကြ၏။
ဤသည်မှာ ဂိုမိသားစု၏ နယ်မြေ ဖြစ်ပြီး၊ မစ်ရှင် ကိုလည်း ဂိုယန်းယုမှ ထုတ်ပြန် ခဲ့သည်ကြောင့်၊ မျက်နှာသာ ပေးကြ ရမည်မှာ သဘာဝ ပေပင်။
ရှားထန်းဖိန် က ပြုံးပြီး၊
" ဟုတ်ပါတယ်၊ ရည်ရွယ်ချက် ရှိရှိ နောက်ကျမှ ပေါ်လာတဲ့ သူကို ထားလိုက် ရအောင်၊ သူက ငါလိုတဲ့ အချိန်တိုင်း ကိုင်တွယ်လို့ ရတဲ့ အမှိုက်တစ်စ ပါပဲ ”
-ဟု ဆိုကာ၊ ထိုင်ခုံ ဆီသို့ ပြန်လှည့် သွားသည်။
တစ်ချိန်တည်းမှာပင် လင်းလန်က သူ့လက် နှစ်ဖက်ရှိ ဝတ်ရုံ စကို ရုတ်သိမ်း လိုက်ပြီး၊ အဆင့်မြင့် ရွေ့လျားမှု နည်းစနစ်ကို ဟန်ပါပါ အသုံးပြု ခဲ့သည်ကြောင့်၊ လူအုပ်ကြီး၏ အထင်ကြီး ခံရမှုကို ရယူသွား နိုင်ခဲ့သည်။
ထိုင်ခုံသို့ ပြန်ရောက် ပြီးနောက် လင်းလန်က ဂိုယန်းယုကို လေးလေး နက်နက် ပြုံးပြကာ၊
“ မင်းကို သဘာဝ အတိုင်း မျက်နှာသာ ပေးလိုက်မယ်။ ”
ဂိုယန်းယုက စိတ်သက်သာရာ ရသွားပြီး၊
" မိတ်ဆွေလေး၊ မင်းနောက်ကျ နေတာ ကောင်းပါတယ်၊ ဓားနန်းတော်ကို ငါ ရှင်းပြ ပေးမယ်၊ ဂိုဏ်းက မင်းကို အပြစ် မတင် စေရပါဘူး ..... ”
" ခွဲတမ်း မသတ်မှတ်ရ သေးတဲ့ အတွက် ငါ နောက်မကျ သေးပါဘူး "
လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်သည်။
"မင်း ...... "
ဂိုယန်းယုက လင်းယွန်၏ အလိုက် ကန်းဆိုး မသိ မှုကြောင့် ဒေါသ ထွက်လာသည်။ သူကပင်၊
" လင်းယွန်၊ မရဏပွဲမှာ စည်းမျဉ်း စည်းကမ်းတွေ မရှိဘူး၊ အဲဒါက စပြီ ဆိုတာနဲ့ မင်း နောက်ဆုတ်လို့ မရဘူး။ "
“ ဒါက ပိုတောင် ကောင်းသေးတယ်၊ သွေးအရိုး တောအုပ် ထဲက နတ်ဆိုး သားရဲ တွေက ဘယ် စည်းမျဉ်း ကိုမှ လိုက်နာ မှာမှ မဟုတ်တာ ”
ဂိုယန်းယု၏ ရည်ရွယ်ချက်ကို နားလည် မိသော်လည်း၊ လင်းယွန်က သူ့ဝတ်ရုံ စကို ဟန်ပါပါ ရုတ်သိမ်းလိုက်ပြီး၊
“တိုက်ပွဲ မစ သေးတဲ့ အတွက် ကျေးဇူး ပြုပြီး၊ ငါ့ကို စာရင်းသွင်း ပေးပါ၊ ဒီတာဝန်က ငါ့အတွက် အရေးကြီးတယ်။ ”
-ဟု ဆိုလိုက်၏။
ဤမစ်ရှင်အတွက် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ ဆုချ ပေလိမ့်မည်။ ထို့ကြောင့် ဆုံးရှုံး မခံလိုပေ။
“ဘိုးဘေးဂို၊ ညီအစ်ကို လင်းက အရမ်း စိတ်၀င်စား နေတဲ့ အတွက် ဘာလို့ ငြင်းပယ် နေ ရတာလဲ၊ သူ့ကို ပါဝင်ခွင့် ပေးလိုက်ပါ "
လင်းလန်က လက်ဖက်ရည်ကြမ်း တစ်ငုံ သောက်လျက်မှ ပြုံးကာ ဆိုလိုက်သည်။ အစောပိုင်းတွင် လင်းယွန်အား သတ်ပစ် မည်ကို ဂိုယန်းယုက ကြောက်နေခဲ့သည်။ ယင်းကို လင်းလန်က သတိထား မိ၏။
လင်းယွန်ကို ဒုက္ခ မဖြစ်စေ ချင်သော ဂိုယန်းယုနှင့် ကြုံတွေ့ ရသည်မှာ လင်းယွန် အတွက် ကံကောင်း သည်ဟု သူ ထင်လိုက်သည်။
သို့သော် လင်းယွန်က ဤမျှ စိတ်အား ထက်သန် နေလိမ့် မည်ဟု မမျှော်လင့် ထားမိချေ။ သူ့အမြင် အရ လင်းယွန်မှာ သေမင်းကို ဖိတ်ခေါ်နေ ခြင်းပင်။
ရှားထန်းဖိန်က ပြုံးပြီး၊
" ဘိုးဘေးဂို... ၊ ငါတို့ သူ့ကို ငြင်းပယ်ရင် မှားလိမ့်မယ်၊ ဒါကို သူ့ ဂိုဏ်းဆီသို့ ပြန်သွားပြီး သတင်း ပို့ရင်၊ ဓားနန်းတော်ကို နှိမ့်ချ ရှုမြင် နေတဲ့ သူ အဖြစ် မင်း ပြောင်းလဲ သွားနိုင်မယ်၊ ဟဲဟဲ၊ အဲဒီ အချိန်ဆို မင်းအတွက် ဒုက္ခက သေချာပေါက် ရောက်လာပြီ "
သူတို့ နှစ်ယောက်က အတိုင် အဖောက် ညီညီဖြင့် လင်းယွန်ကို စင်ပေါ် တွန်းပို့ ဖို့ရန် ကြိုးစားနေ လိုက်ကြသည်။
ဂိုယန်းယု၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ လင်းယွန်က နောက်ဆုတ် သွားမည့် အရိပ် အယောင်များ မပြသည်ကို မြင်သော အခါတွင် မကျေ မနပ် လေသံဖြင့်၊
“ မင်းက အရမ်း ခေါင်းမာတဲ့ အတွက် ငါဘာမှ မပြော တော့ပါဘူး၊ မင်း တစ်ခုခု ဖြစ်သွားရင်၊ ငါ့တာဝန် မရှိဖူး ဆိုတာကို၊ ဒီမှာ ရှိတဲ့ လူတိုင်းက သက်သေ ခံနိုင်မှာပါ "
" ဟုတ်ပါတယ် မင်းမှာ တာဝန် မရှိတာ သေချာပါတယ် "
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်၏။
သူ့ စကားကြောင့် ရှားထန်းဖိန်နှင့် လင်းလန် တို့၏ မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ သွားလေသည်။
***