မျက်နှာ နာခြင်း။
Vol. 18 Ch. 252
"စလိုက်ကြစို့ ...၊ ကျေးဇူးပြုပြီး ပြိုင်ပွဲ ကွင်းထံကို ရွှေ့ပါ။ ”
ဂိုယန်းယုက သူ့လက်ကို ဝေ့ယမ်း လိုက်သည်နှင့်၊ အထက်တန်းစားများ အားလုံးမှာ တယောက်ပြီး တစ်ယောက် စင်မြင့်ပေါ်သို့ တက်ရောက် သွားကြသည်။
ရှားထန်းဖိန်နှင့် လင်းလန်တို့ နှစ်ယောက် စလုံးက အချင်းချင်း ပြုံးပြ လိုက်ကြပြီး၊ ပတ်ဝန်းကျင်ကို မောက်မာစွာ ငုံ့ကြည့် လိုက်၏။ ခွဲတမ်း နှစ်နေရာ စာမှာ 'ပလိုင်း' ထဲမှ ဖားများသာ ဖြစ်ပေသည်။
“ အဲဒီ နှစ်ယောက်နဲ့ ဝေးဝေး နေကြ ”
ရှားထန်းဖိန်နှင့် လင်းလန် တို့ကို ကြည့်ပြီး၊ အထက်တန်းစား များ၏ မျက်နှာများမှာ အေးစက် သွား၏။
၎င်းတို့ နှစ်ဦးကို ပလိပ် ရောဂါ ကဲ့သို့ ရှောင်ရှား လိုပြီး၊ သူတို့ နှစ်ဦးဖြင့် ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ ကိုယ့်သေတွင်း ကိုယ်တူး ခြင်းသာ ဖြစ်ပေမည်။
သူတို့နှစ်ယောက်မှာ ခွဲတမ်း နှစ်နေရာ စာကို သေချာပေါက် ရရှိ နိုင်မည် ဖြစ်ကာ၊ လူတိုင်းက သူတို့၏ ပစ်မှတ် ဖြစ်မလာ စေရန် ဆုတောင်း မိနေ ကြသည်။
" လင်း ယွန် "
လင်းလန်တို့၏ ဦးတည်ရာ အဆုံးတွင် လင်းယွန်ကို တွေ့လိုက် ရသော အခါ၊ လူအုပ် ကြီးမှာ မျက်လုံးများ တောက်ပ လာသည်။ မရည်ရွယ်ဘဲ ပြိုင်တူ ရှဲပေး လိုက်ကြ၏။
“ ဟဲဟဲ အဲဒီ ကောင်ကို သူ့ဘာသာ ထားလိုက်ပါ။ "
“ သူက ဖယ်ထုတ် ခံရမယ့်၊ ပထမဆုံး လူ ဖြစ်လာမှာ သေချာပါတယ်။ ”
“ ရှားထန်းဖိန်နဲ့ လင်းလန်ကို မစော်ကား ခဲ့ရင် တောင်မှ၊ နက်နဲ သိုင်းနယ်ပယ်ရဲ့ တတိယ အဆင့်မှာ ရှိတဲ့၊ ဖားငယ်လေး တစ်ကောင်က ဘယ်အထိ သွားနိုင်မယ် ထင်နေ ရတာလဲ ”
" ဒါတော့ အမှန်ပဲ၊ ငါတို့ အားလုံးက ဂိုဏ်းငယ်လေး တွေက ဆိုပေမယ့်၊ ဂိုဏ်း အသီးသီးရဲ့ အတွင်း တပည့်တွေပဲ မဟုတ်လား၊ နက်နဲ ပဉ္စမ အဆင့်မှာ ရှိနေတဲ့ ငါတို့ရဲ့ ကျင့်ကြံမှု တွေ အရ၊ ဘာလို့ သူ့ကို ကြောက်နေ ရမှာလဲ၊ လင်းလန်တို့ မလှုပ်ရှား ရင်တောင် ငါက သင်ခန်းစာ တစ်ခု သင်ပေး မှာပါ ”
“ စိတ်ဝင်စား စရာပဲ ...၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ဂိုဏ်းကြီး လေးဂိုဏ်းက တပည့် တစ်ယောက်ကို ငါ တစ်ခါမှ မရိုက်နှက် ဖူးဘူး။ ”
စင်မြင့်ပေါ်ရှိ လင်းယွန်ကို သားကောင် တစ်ကောင်လို လူအုပ်ကြီးက ဝိုင်းအုံ ကြည့်လိုက် ကြသည်။
ဂိုယန်းယု၏ မျက်လုံးများတွင် သနားသော အရိပ် အမြွက်များ ထွက်ပေါ် လာ၏။ လင်းယွန်ကို ကာကွယ် ပေးချင်ခဲ့ သော်လည်း၊ သူ့ စေတနာကို အကြိမ်ကြိမ် ငြင်းဆို ခဲ့သည်။
" လူတိုင်း၊ ခွဲတမ်း အတွက် တိုက်ပွဲ စတင်နိုင် ပါပြီ "
ဂိုယန်းယုက လင်းယွန်ကို လျစ်လျူရှု လိုက်ကာ ကျယ်လောင်စွာ ကြေငြာ လိုက်၏။
သူ့စကား ဆုံးသည်နှင့် စင်မြင့် ပေါ်၌ မူလ စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး၊ လှိုင်းများ သဏ္ဍာန် အဘက်ဘက်သို့ လွင့်ပျံ့ သွားသည်။
သိုင်းစင်မြင့် ပေါ်ရှိ သိုင်းသမား တိုင်းသည်၊ ဂိုဏ်းကြီး လေးဂိုဏ်းနှင့်၊ အခြားသော ဂိုဏ်းငယ် များရှိ၊ သန်မာသော တပည့်များ၊ ဖြစ်ကြ ပေသည်။
အတိအကျ ပြောရ ပါလျှင် မည်သူ ကမျှ ပျော့ညံ့ခြင်း မရှိပေ။ ဂိုဏ်းငယ် များရှိ တပည့် များသည်ပင်၊ နက်နဲ နယ်ပယ်၏ ပဉ္စမ အဆင့်တွင် ရှိနေ ကြသည်။
ပြင်းထန်သော တိုက်ပွဲကြီး စတင် လိုက် သည်နှင့် ကြီးမားသော သိုင်းစင်မြင့်မှာ တုန်လှုပ်စ ပြုလာ၏။
စင်မြင့်မှာ ကျယ်ဝန်း သော်လည်း သိုင်းနည်းစနစ် မျိုးစုံ၏ ရိုက်ခတ်မှု များကြောင့်၊ ပြိုကျ လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
အချိန် အနည်းငယ် အတွင်း ကိုယ်စား လှယ်လောင်း အများ အပြားမှာ သွေးများ အန်လျက် လွင့်စင် ကုန်ကြ၏။
သိုင်းစင်မြင့် ထက်ရှိ တိုက်ပွဲကို ကြည့်ကာ၊ ဂိုယန်းယုက အသက် ပြင်းပြင်း ရှူရှိုက် လိုက်သည်။
" စ နေ ပြီ၊ ဒါပေမယ့် အရမ်း ပြင်းထန် လွန်းတယ် ... "
"စပြီလား.... "
ပြင်းထန်သော လေထု အောက်တွင် နူးညံ့သိမ်မွေ့သော အသံတစ်သံ တိုးညှင်းစွာ ထွက်ပေါ် လာသည်။ ထိုအသံသည် နားထဲတွင် ဂီတသံ သဖွယ် သာယာစွာ တုန်ခါ နေလေပြီ။
ဂိုယန်းယု လှည့်ကြည့် လိုက်ရာ၊ အဖြူရောင် ဝတ်ရုံကို သေသပ်စွာ ဆင်မြန်း ထားသော အမျိုးသမီးငယ် တစ်ဦးကို တွေ့လိုက် ရ၏။
သူမ၏ ဆံပင်များမှာ ရေတံခွန် ကဲ့သို့ ရစ်ခွေ ဝဲကျ နေပြီး၊ ဖြူဖွေးသော အသား အရည်ကို လှပစွာ အနားကွပ် ထားလေသည်။
ဂိုယန်းယုက ထိုအမျိုးသမီးကို မြင်သော အခါ တွင် မျက်နှာမှာ ချက်ချင်း ပြောင်းလဲ သွားပြီး၊
" မိန်းကလေးဘိုင်..... ''
ဟု နှုတ်ဆက် လိုက်သည်။ အမျိုး သမီးငယ်က အသိ အမှတ်ပြု ဟန်ဖြင့်၊ ပြန်လည် ပြုံးပြ လိုက်ပြီး၊
“ မနက်ဖြန် သွေးအရိုး တောအုပ် သွားမဲ့ ခရီးစဉ် အတွက်၊ ငါက ဦးဆောင် ရမှာ မို့လို့၊ သက်တော်စောင့် တွေကို စစ်ဆေးဖို့ ဒီရောက် လာတာပဲ၊ ဘိုးဘေးဂို ... မင်းက သူတို့ အထဲမှာ ဘယ်သူကို မြင်ထားလဲ... ''
" မိန်းကလေးဘိုင် ... ၊ မင်းရှေ့မှာ ငါ့ ထင်မြင် ချက်ကို ပြသဖို့ မဝံ့ရဲ ပါဖူး ...၊ ဒါပေမယ့် ထိုက်တန်တဲ့ အမြင် အချို့တော့ ရှိပါတယ်”
ဂိုယန်းယုက ပြန်ဖြေ လိုက်သည်။
“ ဆိုပါဦး... ''
“ပထမ တစ်ယောက်က ရှေးဟောင်း တာအို ဂိုဏ်းရဲ့ ရှားထန်းဖိန်ပဲ၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်ကို တတိယ အဆင့် အထွတ် အထိပ်ထိ ဆုပ်ကိုင်ထား နိုင်တာကြောင့်၊ ခွဲတမ်း ရှစ်နေရာ ထဲက တစ်နေရာ ကို သေချာပေါက် ရရှိလိမ့်မယ် ''
“ သူနဲ့ အတူ လင်းမိသားစုက တိုက်ရိုက်မျိုးဆက် လင်းလန်လည်း ဒုတိယ ခွဲတမ်းကို ရရှိ နိုင်တယ်၊ သူ့ရဲ့ 'စပါးအုံးမြွေရဲ့ ဒေါသ လှံငယ်' ကို ... ”
“ ... 'မြူယောင် ရေစက်များ ' နည်းစနစ်နဲ့ ဖြည့်စွက်ပြီး တဲ့နောက်၊ ချို့ယွင်းချက် တွေကို ဖုံးကွယ် ထားနိုင် ခဲ့တယ်၊ ဒါပေမယ့် သူတို့ နှစ်ယောက် စလုံးက ဒီမှာ အသန်မာ ဆုံးတွေတော့ မဟုတ် ပါဘူး။ ”
မိန်ကလေးဘိုင်၏ မျက်လုံး များတွင် ထိတ်လန့် သွား ဟန်ဖြင့်၊ ချစ်စရာ ကောင်းသော အမူ အရာကို၊ ဟန်ပါပါ ထုတ်ဖော် ပြသ လိုက်ပြီး ပြုံးလျက်ဖြင့်၊
" ဘိုးဘေးဂို၊ မင်း ဘယ်သူ တွေများ ရထားသေးလဲ "
“ ဒီမှာ အသန်မာ ဆုံးက လနတ်ဆိုး ဗိမ္မာန်ရဲ့ ရှောင်းရန်ပဲ၊ ပွဲစ ကတည်းက နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထား ပေမယ့် လင်းလန်တို့ နှစ်ဦးထက် ပို သန်မာတယ်။ ”
ဂိုယန်းယုက ခေတ္တ ရပ်လိုက် ပြီးနောက်၊ သူ့ စကားကို ပြန်ဆက်လာ ပြန်သည်။
'' ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက ဘူချန်လည်း ရှိတယ်၊ သေချာတာ ကတော့ သူက အဲဒီ သုံးယောက်ထက် ပို အားနည်း နေမှာ မဟုတ်ဘူး ”
“ မင်းပြောတဲ့ အထဲမှာ ဓားနန်းတော် မပါ သေးဖူး၊ သူတို့ ကရော ဘယ်လိုလဲ။ ''
မိန်းကလေးဘိုင်၏ မေးခွန်းကြောင့် ဂိုယန်းယုက ကူကယ်ရာမဲ့ ဟန်ဖြင့် ရယ်မော လိုက်ပြီး၊
" သူတို့ကိုလား မပြော ပါရ စေနဲ့၊ ဓားနန်းတော်က ဒီမစ်ရှင်ကို အမှိုက်တစ်စ ပို့ပြီး ဘာလုပ်ဖို့ ကြိုးစားနေ မှန်းကို မသိပါဘူး…”
" အ မှိုက် .... "
မိန်းကလေးဘိုင်က ဂိုယန်းယု လေသံ အတိုင်း လိုက်ပါ ရေရွတ်ကာ၊ စင်ပေါ် သို့ လှမ်းကြည့် လိုက်သည်နှင့် ရုတ်တရက် အံ့သြ ရိပ်များ ဖြစ်ပေါ် လာလေသည်။
နှစ်ယောက်သား စကားပြော နေကြစဉ် စင်မြင့် ပေါ်ရှိ တိုက်ပွဲ များမှာ အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့သည်။
ရှောင်းဝေနှင့် ဘူချန်မှာ ထိပ်တိုက် တွေ့ဆုံ ခဲ့၏။
ဘူချန်၏ လက်ထဲတွင် ကျား-နဂါး လက်သီးမှာ ကြီးစွာသော သေခြင်း တရားကို ပြသ ခဲ့သော်လည်း၊ ရှောင်းရန်သည် မြစ်ကဲ့သို့ တသွင်သွင် စီးဆင်း နေသော လရောင်ခြည်၏ အနှစ် သာရကို ထုတ်လွှတ် လာခဲ့သည်။
လနတ်ဆိုး ဗိမ္မာန်၏ 'နှင်းဖုံး နေသော လမင်း' သည် 'ကျားနဂါး လက်သီး' ဖြင့် နှိုင်းယှဉ် ပါလျှင် အားနည်း နေမည် မဟုတ်ချေ။
သူတို့ နှစ်ဦး ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ပတ်ဝန်းကျင်၌ အားကောင်းသော စွမ်းအင် အတက်အကျ လှိုင်းများကို ဖြစ်ပေါ် လာစေ ခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုလှိုင်း၏ ရိုက်ခတ်မှု များကြောင့်၊ အနီးနားရှိ သိုင်းသမား ငါးယောက်ခန့် လွင့်စင် သွားကာ၊ နာကျင်စွာ အော်ဟစ် သံများ ထွက်ပေါ် လာခဲ့သည်။ တုံ့ပြန်ဖို့ရန် အခွင့် အရေးပင် မရှိခဲ့ ကြပေ။
လွင့်မြော သွားခြင်း မရှိသော သူများ အတွက်မူ၊ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး၊ မူလ စွမ်းအင် များစွာကို အရူး အမူး ထုတ်ဖော် ကာကွယ် လိုက်ရသည်။
" ဘယ်လောက်တောင် အစွမ်းထက် လိုက်လဲ "
ဒါဇင်ပေါင်း များစွာသော မျက်လုံး များစွာသည် သူတို့၏ တိုက်ပွဲ များအား ရပ်ကာ၊ ရှောင်းရန်နှင့် ဘူချန် တို့ကို ထိတ်လန့်စွာ လှည့်ကြည့်လာ ကြ၏။
လင်းယွန်မှာမူ မူလ နေရာ၌ ရပ်လျက် ထိုလှိုင်းဒဏ်ကို မခံစားရ သကဲ့သို့၊ တည်ငြိမ်စွာ ရပ်လျက် ကျန်ရစ် နေခဲ့ သည်ကို ရုတ်တရက် သတိထား မိသွားသည်။
" ငါများ မှားလား "
ဂိုယန်းယုက အံ့သြ သွား၏။ လင်းယွန် တစ်ယောက် ဤအခြေ အနေမှ လွတ်မြောက် နိုင်ပါက၊ ကောင်းလိမ့် မည်ဟု တွေးဆ နေခဲ့ ဖူးသည်။
သို့သော် လက်ရှိ အခြေ အနေ အရ သူ့ အမြင်များမှာ တစ်စုံတစ်ရာ မှားယွင်း နေကြောင်း၊ သံသယ ဝင်မိကာ၊ သူ့ကို အဆင်မပြေ ဖြစ်လာ စေသည်။
ယခု အချိန်၌ လင်းယွန်ကို စိတ်ဝင် တစား ကြည့်နေ ခဲ့သော မိန်းမပျိုကို တိတ်တဆိတ် ချောင်းကြည့် လိုက်မိ၏။
( ကံ ကောင်း တယ်… )
လင်းယွန်ကို မောင်းမထုတ် ခဲ့မိသည့် အတွက် ဂိုယန်းယုက သူ့ကိုယ်သူ နှစ်သိမ့် လိုက်၏။
ရှားထန်းဖိန် အတွက်မူ စင်မြင့် ပေါ်ရှိ လင်းယွန်ကြောင့် အနည်းငယ်မျှ အံ့အားသင့် သွားကာ၊
“ ဒါလည်း အဆင်ပြေတယ် ...၊ မင်း တကယ်ပဲ ငါ့ အနားမှာ ရှိနေ တယ်လား၊ မင်း ဘာလို့ ငါ့ရှေ့မှာ ဒူးမထောက် သေးတာလဲ၊ ... ”
“ ... ဘိုးဘေးဂိုက မင်းကို ကာကွယ် ပေးတဲ့ အတွက် ကျေးဇူးတင် သင့်တယ်၊ ဒီစင်ပေါ်မှာ ဘယ်သူမှ မင်းကို ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး။ ”
ဒရာကိုဖီ ခန္ဓာကိုယ်ကို ထုတ်ဖော် လိုက်သည်နှင့် အနီးနားရှိ လူများစွာကို အရှိန် အဝါဖြင့် လွင့်ပျံသွား စေခဲ့သည်။
ခန္ဓာကိုယ် ထဲရှိ မူလ စွမ်းအင်များ ပေါက်ကွဲ သွားပြီး၊ လင်းယွန်ထံ အလင်းတန်း တစ်စလို ပြေးဝင် သွား၏။
" မှန်တယ် ဘိုးဘေးဂိုကို ကျေးဇူးတင် ရမယ် .... ၊ ဒါပေမယ့် ငါတော့ မဟုတ်ဘူး…”
အစောပိုင်း အချိန်က ဘိုးဘေးဂိုသာ မတားခဲ့ ပါလျှင်၊ ရှားထန်းမိန်တို့ နှစ်ယောက်အား သင်ခန်းစာ တစ်ခု သင်ပေးပြီး၊ ဖြစ်ပေ လိမ့်မည်။ သို့သော် ယခု လုပ်ဆောင် ဖို့ရန် နောက်ကျခြင်း မရှိ သေးချေ။
'' မင်း ...... ''
လင်းယွန်က ရှားထန်းမိန်ကို လက်ညိုး ထိုးကာ၊ လှောင်ပြုံး ပြုံးလိုက် လေသည်။
“ ကိုယ့်သေတွင်း ကိုယ်တူး နေတာပဲ၊ ငါ ရှားထန်းဖိန်က ဘိုးဘေးဂိုကို ကျေးဇူးတင် သင့်တယ်လို့ မင်းထင်လား ဟမ် "
ဒေါသတကြီး တုန့်ပြန် လိုက်ပြီး ကောင်းကင်မှ တဟုန်ထိုး ခုန်ဆင်း လာကာ၊ စုဆောင်း ထားသော ခွန်အားဖြင့် ထိုးချ လာခဲ့သည်။
ရှေးကျသော ဆေးအိုး တစ်လုံး ကဲ့သို့ ပဲ့တင် ထပ်လာသော ဆူပွက်သံ များနှင့် အတူ ကီလို ဂရမ် ငါးသောင်းခန့် ခွန်အားများ ထွက်ပေါ် လာ လေသည်။ ယင်းလေခွင်း သံကပင် လင်းယွန်၏ နှလုံးကို တုန်ယင် လာစေတော့၏။
ယင်းသည် အလွန်အကြူး ဖွဲ့ဆိုခြင်း ဖြစ်ပေမည်။ 'အကြင်နာ ချောက်ကမ်းပါး' ပင်လျှင် ကီလိုဂရမ် ငါးသောင်းခန့် ခွန်အားကို ပိုင်ဆိုင် ထားခြင်း မရှိပေ သေးရာ၊ ရှားထန်းဖိန်၏ ခွန်အားမှာ ထို့ထက် ကျော်လွန်ရန် မဖြစ် နိုင်ချေ။
ရှေးဦးခေတ်တွင် လူသားတို့သည် ကောင်းကင်ဘုံကို ယဇ် ပူဇော်ရန် အတွက် ကြီးမားသော ဒယ်အိုးကြီး များအား အသုံးပြု ခဲ့ကြပြီး၊ ၎င်းဒယ်အိုး များကို မြင့်မြတ်သော အရာများ အဖြစ် သတ်မှတ် ထားသည်။
တစ်ချိန်တည်းမှာပင်၊ ကီလိုဂရမ် ငါးသောင်းကို ၎င်းဒယ်အိုး တစ်လုံး အဖြစ် ယူဆလာ ကြသည်။
( ထိုအချိန်က 'ကီလို' ဆိုသည့် 'ယူနစ်' မရှိသေးသည် ဖြစ်ရာ၊ ဆေးကြိုအိုး တစ်လုံးကို 'ယူနစ်' အဖြစ် အသုံးပြု ခဲ့ခြင်း ဖြစ်ပေမည်။ )
(၅၀,၀၀၀) ကီလို ဂရမ်= ဆေးကြိုအိုး တစ်လုံး၊ သို့မဟုတ် ဒယ်အိုး တစ်လုံး။
ထို ခွန်အားသည် လင်းယွန်၏ ခေါင်းပေါ်သို့ ကျဆင်း လာသည်နှင့်၊ ရှားထန်းဖိန်က လှောင်ပြောင် ရယ်မော လိုက်၏။ ဤတိုက်ခိုက် မှုကို လင်းယွန်က ခံနိုင်ရည် ရှိလိမ့် မည်ဟု သူ မယုံကြည် ခဲ့ပေ။
သို့သော် ရှားထန်းမိန်၏ လက်သီး ကျရောက် ခါနီးတွင်၊ လင်းယွန်က လက်သီးချက် ဖြင့်သာ ခုခံရန် ပြင်ဆင် လိုက်သည်။
ခြေလှမ်းပြင် လိုက်သည်နှင့် ကျား၊ နဂါး ဟောက်သံများ သူ့ ခန္ဓာကိုယ် အတွင်း၌ ပဲ့တင် ထပ် လာလေသည်။
'အိုင်းရစ် ဓားသုတ္တန်' ကို သတ္တမ အဆင့်သို့ ရောက်ရှိ သွားပြီးနောက်၊ ခရမ်းရောင် ပန်းမှာ ပွင့်ချပ် (၃၆) ချပ်မှ (၄၂) ချပ် အထိ တိုးမြှင့် လာခဲ့သည်။
သူ့ဆန္ဒ အရ ပွင့်ချပ် (၄၂)ချပ် ထံမှ ဓားအလင်း ကြိုးမျှင် များကို ထုတ်ပေး လာခဲ့သည်။
တစ်ချိန်တည်း မှာပင် အဆုံး မရှိသော ဓား ရည်ရွယ်ချက်မှာ၊ လင်းယွန်၏ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့ သွားပြီးနောက်၊ စင်မြင့် ပေါ်ရှိ လူတိုင်း၏ လက်နက်များကို တုန်လှုပ် သွားစေ တော့သည်။
" ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓား ရည်ရွယ်ချက်လဲ "
ဤမျှ အစွမ်းထက်သော ဓား တစ်လက်ကို ပိုင်ဆိုင် ထားလိမ့် မည်ဟု မမျှော်လင့် ထား ကြသည် ဖြစ်ရာ၊ လူတိုင်း ထိတ်လန့် သွား ကြသည်။ သို့သော် ယင်းသည် ၎င်းတို့၏ တုန်လှုပ်ခြင်း အစသာ ဖြစ်လေသည်။
လင်းယွန်၏ ဓား ရည်ရွယ်ချက်မှာ သူ့ လက်သီးများ မှတဆင့် ဓားတစ်လက် ကဲ့သို့ ပြန်လည် ထွက်ပေါ် လာသည်။
၎င်းသည် ဓား ရည်ရွယ်ချက်နှင့် ခရမ်းရောင် မီးတောက်များ ပေါင်းစပ် ထားပြီး၊ ရှားထန်းဖိန်၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင် လိုက်တော့၏။
လက်သီးနှစ်လုံး ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ပေါက်ကွဲ သံကြီး ထွက်ပေါ် လာကာ၊ ဖုန်မြူများ ဖုံးလွှမ်း သွားသည်။
ဓားစွမ်းအင် များက ရှားထန်းဖိန်၏ ညာဘက် လက်ကို အပိုင်းပိုင်း ခွဲပစ် လိုက်ကာ၊ လွင့်စင်သွား စေခဲ့၏။
လင်းယွန်က 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' နှင့်အတူ၊ လွင့်စင် နေသည့် ရှားထန်းဖိန်ထံ လိုက်လံ ထိုးနှက် လိုက်ပြန်သည်။
ဒရာကိုဖီ ခန္ဓာကိုယ်ပေါ် ထိုးမိ သွားပြီးနောက်၊ သတ္ထု ကိုယ်ထည်ကို ထိမိ သွား သကဲ့သို့ သတ္ထု လှိုင်သံများ ထွက်ပေါ် လာလေသည်။
ရှားထန်းဖိန် မှာမူ လက်သီး ဒဏ်ကြောင့် သွေး တစ်လုတ်ကို အန်ထုတ် လိုက်ရပြီး၊ လွင့်စင် သွား ပြန်၏။
ကြမ်းပြင် ပေါ်သို့ ဆင်းသက် လိုက်ပြီးနောက်၊ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာ လိုက်ရကာ၊ စင်ပေါ်မှ ပြုတ်ကျရန် ခြေတစ်လှမ်း မျှ အလို၌ ရပ်တန့် နိုင်ခဲ့ လေသည်။
"ကျား-နဂါး လက်သီးလား ဟား ဟား ဟား ... "
ရှားထန်းဖိန်က ရယ်မောလိုက်ပြီး၊
“ ဓားနဲ့ လက်သီးကို ပေါင်းစပ် လိုက်တာပဲ ... ၊ ဓားနန်းတော်က တကယ့် စက်ဆုပ်ဖွယ် ကောင်းလိုက်တာ၊ ဒါပေမယ့် ငါ့ရဲ့ ခန္ဓာကိုယ်ကို ဒဏ်ရာ ရဖို့ ဆိုရင် ဒီလောက်နဲ့ မလုံလောက် သေးဘူး …”
ဒဏ်ရာ ကြီးကြီး မားမား ရရှိ ခဲ့ သော်လည်း၊ သူ့ ခန္ဓာကိုယ်၏ ပြန်လည် ကုသ နိုင်စွမ်းကြောင့်၊ လှောင်ပြောင် ရယ်မော နေစဉ် မှာပင်၊ လင်းယွန် ထံမှ တိုက်ခိုက်မှု တစ်ခု ထပ်မံ ထွက်ပေါ်လာ လေသည်။
လင်းယွန်၏ လက်ချောင်း များမှ ခရမ်းရောင် ဓားငါးလက် ပြေးထွက် လာပြီး၊ လေထု ထဲသို့ ထိုးဖောက် ဝင်ရောက် သွားကာ၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ရှားထန်းဖိန် ဆီသို့ ရောက်ရှိ သွားခဲ့သည်။
မတုံ့ပြန် နိုင်ခင် ဓားငါးလက်မှာ သန်မာ လွန်းသော ခန္ဓာကိုယ်အား ထိုးဖောက် ဝင်ရောက် လာ၏၊
ရလာဒ် အနေဖြင့် နောက်ကျောရှိ နံရံ ဆီသို့ လွင့်စင် သွားပြီး၊ တံစို့ ထိုးထား သကဲ့သို့ တွဲလောင်း ချိတ်ခံ လိုက်ရ လေသည်။
လူတိုင်းက ထိုတိုက်ပွဲကို စူးစူး ဝါးဝါး လှမ်းကြည့် လိုက်ကာ၊ မှင်တက် ကုန်ကြသည်။
ဂိုယန်းယု မှာမူ စင်အောက်၌ ရပ်လျက်ဖြင့်၊ နှုံးချိ သွားတော့သည်။ ရှားထန်းဖိန်ကို အမှိုက် တစ်စလို ကျောက်နံရံ ကြီး၌ ချိတ်ဆွဲ လိုက်သော လုပ်ရပ်သည် သူ့ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်ခြင်း မည်၏။
“ အရှိန်အဝါကို ဓားအဖြစ် သိပ်သည်းစေ ခဲ့တာလား ဒါ …”
ခပ်တိုးတိုး ရေရွတ် လိုက်သော မိန်းကလေးဘိုင်၏ အပြုံးများကို မြင်သည်နှင့် ဂိုယန်းယုမှာ စကားလုံးများ မဲ့သွားပြီး၊ သူ့မျက်နှာ၌ ပူလောင်သော ဝေဒနာများ ခံစား လိုက်ရ လေသည်။
***