← Chapters

ဘယ်သူ လောဘပိုကြီးလဲ

Vol. 007 Ch. 615

ဘယ်သူ လောဘပိုကြီးလဲ

Vol. 007 Ch. 615

အာခီမီ လောင်းကစားရုံကား မနေ့ကထက် စည်ကားပေသည်။ လူအများအပြားက တစ်နေရာတွင် စုစည်းကာ တစ်စုံတစ်ခုအား စိတ်ဝင်စားစွာ ကြည့်နေကြသည်။ မှန်သည်... သူတို့ ကြည့်နေ ကြသည်ကား မနေ့က ပြသခဲ့သော ရတနာ ၃ခု အပါအဝင် စုစုပေါင်း ရတနာ၇ခု ဖြစ်ပေသည်။

အာခီမီ လောင်းကစားရုံကား ကြွယ်ဝချမ်းသာပေရာ သူတို့က အရည်အသွေး အကောင်းဆုံးသော ရတနာများကို သေချာပေါက် ပိုင်ဆိုင်ပေသည်။ သို့သော်လည်း တစ်ပြိုင်နက်တည်း ရတနာ၇ခုအား ထုတ်ပြခြင်းက အလွန်အမင်း ရက်ရောသည်ဟု ပြောနိုင်ပေ၏။ အာခီမီ ညီလာခံကြောင့် ထင်၏... သူတို့က ဤမျှ တန်ဖိုးကြီး ရတနာများကို လိုလိုလားလား ထုတ်ပြပေးကြသည်။ သူတို့က ရတနာ ၇ခုကိုသုံး၍ အင်အားကြီး အဖွဲ့အစည်းများထံမှ တန်ဖိုးတူ ရတနာများကို လှဲလှယ်ရန် ဆန္ဒရှိကြပေသည်။ မည်သို့ဆိုစေ အာခီမီမြို့က ဤသို့သော ရတနာများ မရှားပါးပေ။ သူတို့က လောင်းကစားရုံ၏ အကျိုးအမြတ်ကို သေချာပေါက် တွက်ချက်ပြီး ဖြစ်ရပေမည်။

သတင်းများကား မနေ့ကတည်းက ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် မနေ့က ရောက်မလာသော အင်အားကြီး အဖွဲ့အစည်း များစွာလည်း ရောက်လာကြပေသည်။ အချို့ အလွန် အားကောင်းသော ရှီတန်ခိုးရှင်များလည်း ရောက်လာကြသည်။ ရှီတန်ခိုးရှင်များပင် ထိုရတနာများကို တပ်မက်ကြရာ အာခီမီ လောင်းကစားရုံ၏ ပစ်မှတ်က ထိပ်သီး အင်အားစုများ ဖြစ်မည်မှာ ပြောစရာ မလိုတော့ပေ။

“စီနီယာအစ်မ... မိုးစက်နှင်တံက နင်နဲ့ လိုက်ဖက်တယ်...” လူသားကမ္ဘာမှ တန်ခိုးရှင်များကလည်း လူအုပ်ထဲတွင် ရှိကြသည်။ ချူရှမ်းက ပိုင်ရီကို ပြောသည်...“အဲဒါကို ရနိုင်အောင် လုပ်ရမယ်...”

မနေ့က မိုးစက်နှင်တံအား လောင်းကစားရုံ အကြီးအကဲက ထုတ်ယူလာသောအခါ ထိုနှင်တံက သူမနှင့် လွန်စွာ လိုက်ဖက်သည်ဟု ပိုင်ရီက တွေးခဲ့သည်။ လွန်ခဲ့သော သုံးနှစ်က ရီဖူရှင်းထံတွင် သူမ ရှုံးနိမ့်ခဲ့၏။ နောက်ပိုင်း ရီဖူရှင်းက ပထမနေရာကို ရသွားသည်။ ဆိုလိုသည်မှာ ပိုင်ရီက ပါရမီနိမ့်သောကြောင့် မဟုတ်ဘဲ ရီဖူရှင်းက အားကောင်းလွန်း နေခြင်းသာ...။

ပိုင်ရီက ခေါင်းညိတ်သည်။ နှင်တံက အမှန်ပင် သူမနှင့် လိုက်ဖက်သည်။ သို့သော်လည်း နှင်တံအပေါ် သူမတစ်ယောက်တည်း မျက်စိကျနေသည် မဟုတ်ပေ။ လူများစွာက သေချာပေါက် ကြိုးစားကြပေမည်။ ထိပ်သီး အင်အားစုများစွာ လောင်းကစားရုံကို ရောက်နေကြသည်။

“ကျိချင်... ဘယ်ရတနာကို သဘောကျလဲ... ငါမင်းကို ပေးမယ်...” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။ သူ၏လေသံကား အလွန် မောက်မာသည်။ သူက အနီရောင် ဆံပင်ရှည်ကို ပိုင်ဆိုင်ထားပြီး ချောမော ခန့်ညားပေသည်။ သူ့ကို မြင်သည်တွင် သူ၏စကားက မောက်မာသည်ဟု မည်သူမှ မထင်ကြပေ။ သူကား ထိုသို့ပြောရန် ထိုက်တန်ပေသည်။

သူ့ဘေးမှ မိန်းကလေးကား အမှန်ပင် တော်ဝင်ကျဲ နန်းတော်မှ ကျန်းကျိချင် ဖြစ်နေသည်။ သူမက ပြန်ပြောသည်...“ကျွန်မ ဘာမှ မလိုဘူး...”

“ကျိချင်... မင်းရဲ့ ခဲအိုက လက်ဆောင်ပေးရင် မငြင်းနဲ့လေ... ဒီက ရတနာတစ်ခုခုကို ရွေးလိုက်... သူက ရအောင် လုပ်ပေးလိမ့်မယ်...” ကျန်းကျိချင်ဘေးမှ လှပသော မိန်းကလေး တစ်ယောက်က ပြောသည်။ သူမကား ကျန်းပြည်ထောင်၏ မင်းသမီး၊ ကျန်းကျိချင်၏ အစ်မဖြစ်သူ ကျန်းကျိရန် ဖြစ်၏။ သူမက မီးတောက်တောင်တွင် အခြေစိုက်သော မီးတောက်အင်ပါယာ နန်းတော်မှ လီဖူတုနှင့် လက်ထပ်ပြီး ဖြစ်သည်။

သူမဘေးမှ ဆံပင်နီလူငယ်ကား အမှန်ပင် လီဖူတု ဖြစ်သည်။ သူကား မီးတောက်တောင်မှ ဖြစ်ကာ အနောက်ဘက် ဒေသ၏ ထိပ်သီး ပါရမီရှင် တစ်ယောက်လည်း ဖြစ်သည်။ သူကား အနောက်ဘက် ဒေသရှိ သူ၏မျိုးဆက်တွင် ထိပ်ဆုံးသုံးယောက် စာရင်းဝင်သူ ဖြစ်၏။ သူက မည်မျှ အားကောင်းမည်ကို တွေးကြည့်၍ ရပေသည်။

“ဒါဆိုလည်း ဟိုကိုယ်ကျပ်ဝတ်စုံ...” ကျန်းကျိချင်က အမျိုးသမီးဝတ် ကိုယ်ကျပ်ဝတ်စုံအား လက်ညှိုး ထိုးပြသည်။ ထို့နောက် သူမက ဘာမှ ထပ်မပြောတော့ပေ။ ရီဖူရှင်းတို့ အုပ်စုလည်း ရောက်နေသည်ဟု သူမကြားသည်။ ရီဖူရှင်းကား တော်ဝင်ကျဲနန်းတော်မှ ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်။ သူမ၏ခဲအိုနှင့် ရီဖူရှင်းတို့ယှဉ်ပါက မည်သို့နေမည် သူမ မသိပေ။

“ဟောင်မိသားစုလည်း ရောက်လာကြပြီ...” ထိုအခိုက်တွင် လူတစ်စု ရောက်လာသည်။

“အဲဒါ ဟောင်မိသားစုက လက်ရှိမျိုးဆက်မှာ ပါရမီအမြင့်ဆုံး ဟောင်ကျူဂီ ဆိုတာလား... သူက လွန်ခဲ့တဲ့ ၃နှစ်တုန်းက တော်ဝင်ကျဲ နန်းတော်ဝင်ခွင့်မှာ ဒုတိယပဲ ရတယ်မလား... ဒါပေမဲ့ သူက နန်းတော်ကို မဝင်ခဲ့ဘူး...” မျက်လုံးပေါင်းများစွာက ဟောင်ကျူဂီထံကို ရောက်လာသည်။

“ဟောင်မိသားစု...” လူငယ်တစ်ယောက်က ဟောင်ကျူဂီကို ကြည့်ကာ ပြုံးသည်... “ဟောင်မိသားစုက သူတို့ကိုယ်သူတို့ ရန်ဟောင် (ရှန့်ထိုထက်မြင့်သော တန်ခိုးအဆင့်) ရဲ့မျိုးဆက်လို့ ပြောတယ်... အခု သူတို့က နန်းတော်ဝင်ခွင့် ပထမတောင် မရဘူး... ပြီးတော့ သူ့ထက် တန်ခိုးအဆင့် နိမ့်တဲ့လူကိုလည်း ရှုံးခဲ့သေးတယ်... သူတို့က လေပဲရှိတယ်...”

အားလုံးက စကားပြောလိုက်သူ လူငယ်ကို ကြည့်ကြသည်။ ဘယ်သူက ကျုံးကျိုးမြို့ ဟောင်မိသားစုကို ဤသို့သော လေသံဖြင့် ပြောရဲသနည်း။ သို့သော်လည်း သူတို့က စကားပြောသူကို မြင်လိုက်သည်နှင့် နားလည် လိုက်ကြသည်။ သူကား အင်ပါယာ မိသားစုမှ ထိကျိုးဖြစ်သည်။ သူတို့က အင်ပါယာ မိသားစုဖြစ်ကာ ဟောင်များကား ရန်ဟောင်၏ မျိုးဆက်များ ဖြစ်ကြသည်။ ထို့ကြောင့် မြေရိုင်း ပြည်နယ်တွင် ထိုမိသားစုနှစ်ခုကို လူများက မကြာခဏ နှိုင်းယှဉ်ကြသည်။

ဟောင်ကျူဂီက လူငယ်ကို ကြည့်ကာ ထူးမခြားနားစွာ မေးသည်...“မင်း ဘယ်သူလဲ...”

“ထိကျိုး...” လူငယ်က ပြန်ပြောသည်။

“မင်းကို တစ်ခါမှ မကြားဖူးဘူး...”ဟောင်ကျူဂီက ပြောသည်။

ထိကျိုးက စိတ်ဆိုးဟန် မရပေ။ သူက ပြုံးလျက် ပြောသည်... “မင်းက အနည်းဆုံးတော့ အင်ပါယာ မိသားစုက ထိကန်းကို ကြားဖူးတယ်မလား...”

“အင်ပါယာ မိသားစုက တစ်ခေတ်မှာ တစ်ခါ ပေါ်ထွန်းတဲ့ ပါရမီရှင် ဆိုတာလား...” ဟောင်ကျူဂီက ထူးမခြားနားစွာ ပြောသည်။ ထိကန်းကား အာခီမီမြို့မှ နံပါတ်၁ ပါရမီရှင် ဖြစ်သည်။ သူနှင့်ယှဉ်ပါက မီးတောက် နန်းတော်မှ လီဖူတုပင် မှေးမှိန်ရသည်။

“မင်းက သူ့ကို သိပုံပဲ...” ထိကျိုးက ပြောသည်။

“ဟုတ်တယ်... ငါတို့က မတိုက်ခိုက်ဖူးတော့ သူ့ပါရမီက တကယ်တမ်း နာမည်ကျော် ထိုက်ရဲ့လား ငါမသိဘူး...” ဟောင်ကျူဂီက အေးစက်စွာ ပြောသည်။ သူကလည်း တော်ဝင်မျိုးရိုး ဖြစ်ရာ ထိကန်းက ကျော်ကြားလျှင်လည်း အရေးမစိုက်ပေ။

“မင်း နိုင်မယ် မထင်ဘူး...” ထိကျိုးက ထူးမခြားနားစွာ ပြောသည်... “ငါ့အစ်ကိုသာ နန်းတော်ဝင်ခွင့်ကို ဝင်ပြိုင်ရင် ဘယ်သူမှ ပထမရမှာ မဟုတ်ဘူး... စီမင်ကလန် စီမင်ဟန်ကျင့်က တော်ဝင်ကျဲ နန်းတော် ပါရမီရှင်ဇယားမှာ အဆင့်တစ်လို့ ကြားတယ်... သူလာမလား မသိဘူး...”

သူကသာ လေကြီးမိုးကြီး ပြောဆိုသော်လည်း ထိကန်းကား အမှန် အရည်အချင်း ရှိသူဖြစ်သည်။ အာခီမီမြို့တွင် လူတိုင်းက သူ့ကို သိကြသည်။ သည်နေရာကလည်း အင်ပါယာ မိသားစု၏ နယ်မြေ မဟုတ်ပါလား...။

ထိုစဉ်မှာပင် လူအများက လှုပ်လှုပ်ရှားရှား ဖြစ်သွား၍ လှည့်ကြည့်ကြရာ လူတစ်စု လျှောက်လာသည်ကို မြင်ကြရသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စုဖြစ်၏။ အင်ပါယာ မိသားစုဖြစ်စေ ဟောင်မိသားစုဖြစ်စေ သူတို့က တော်ဝင်ကျဲ နန်းတော်၏ ကျော်ကြားမှုကို မည်သို့ ယှဉ်နိုင်မည်နည်း။ သူတို့ကား မည်သို့ဆိုစေ အားလုံး၏ အာရုံစိုက်ခံရသူ ဖြစ်သည်။

“ရီဖူရှင်း ရောက်လာပြီ... စိတ်ဝင်စားစရာပဲ...” လူအများအပြားက ဟောင်ကျူဂီကို ကြည့်ကြသည်။

ရီဖူရှင်းကလည်း ဟောင်ကျူဂီကို မြင်သည်။ ပြုံးလျက်ပင် ဟောင်ကျူဂီက နှုတ်ဆက်သည်...“သုံးနှစ်တောင် ကြာပြီ... မင်းရဲ့အဆင့်က...”

“စတုတ္ထတန်စား နိုဘယ်...” ရီဖူရှင်းက ပြောသည်... “မင်းကရော...”

“မကြာခင်က ဒုတိယတန်းစား နိုဘယ်ထဲ ဝင်ခဲ့တယ်... မင်းငါ့ကို မနိုင်လောက်တော့ဘူး...” ဟောင်ကျူဂီက ပြုံးလျက် ပြောသည်။ သူက လွန်စွာ ယုံကြည်မှုရှိဟန် ရသည်။

“တကယ်လား...” ရီဖူရှင်းက ပြောသည်...“ဒါက မသေချာသေးပါဘူး...”

“တော်ဝင်ကျဲ နန်းတော်က လူတွေ တော်တော်များများ လာကြတာပဲ...” ထိကျိုးက ရီဖူရှင်းကို ကြည့်သည်...“ရီဖူရှင်း ဘေးကလူတွေက ဘယ်သူတွေလဲ...”

သူ့ဘေးမှ တစ်ယောက်က ပြောသည်...“ယူချင်း၊ ဟွာဂျီယူ၊ စုချွဲ၊ ရီဝူချင်း၊ ယန်ကျန်း၊ ယိရှောင်ရှီ၊ ဟောင်... ဟိုတစ်ယောက်က ယွန်စွေ့ရှင်း ဖြစ်မယ်...”

ရီဖူရှင်းက ထိုလူကို ကြည့်သည်။ တစ်ဖက်လူကား အတော် ဗဟုသုတ ကြွယ်သည်။

“သူတို့ရဲ့စွမ်းရည်တွေက ဘယ်လိုနေလဲ...” ကျန်းကျိရန်က ကျန်းကျိချင်ကို မေးသည်။

“သူတို့အားလုံး အားကောင်းကြတယ်...” ကျန်းကျိချင်က ပြောသည်။ လွန်ခဲ့သော သုံးနှစ်က မြင်ကွင်းများကို သူမက မမေ့သေးပေ။

“သူတို့က အားကောင်းတယ်... ဒါပေမဲ့ ငါတို့လိုချင်တဲ့ ရတနာတွေကို သူတို့လည်း မျက်စိကျလာရင် အလွယ်တကူတော့ ရမှာ မဟုတ်ဘူး...” လီဖူတုက တီးတိုးပြောသည်။ သူက ရတနာ၂ခုကို မျက်စိကျနေသည်။ တစ်ခုက သူကိုယ်တိုင်အတွက် ဖြစ်ကာ နောက်တစ်ခုက ကျန်းကျိချင်အတွက် ဖြစ်သည်။

ရီဖူရှင်းကလည်း ရတနာများကို ဝင်းလက်သော မျက်လုံးများဖြင့် ကြည့်သည်။ ရတနာများ အားလုံးက အရည်အသွေးမြင့် ရှီအဆင့်များ ဖြစ်သည်။ သည်ခရီးက တန်ဖိုး ရှိလှသည်။

“မင်းက ဘယ်ဟာကို သဘောကျလဲ...” ဟောင်ကျူဂီက ဘေးမှ မေးသည်။

“အကုန်လုံး...” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သည်ရတနာများ အားလုံးက တန်ဖိုးကြီးသည်။ အားလုံးကို သူက လိုချင်ပေသည်။ ထို့နောက် သူက ဟွာဂျီယူကို ပြောသည်...“ဂျီယူ... ဒီလိပ်ပြာပုလဲက မင်းနဲ့ တကယ် လိုက်ဖက်တယ်... ဒီဝတ်စုံရော... နှင်တံရော...” လူတိုင်းက သူ့ကို ထိတ်လန့်စွာ ကြည့်ကြသည်။

တော်ဝင်ကျဲနန်းတော်မှ လူများပင် ရီဖူရှင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ထိုအရာက ဖြစိနိုင်ပါသလော...။

အားလုံးက သူမကို ကြည့်နေသည်ကို သတိထားမိသည်တွင် ဟွာဂျီယူက ရှက်ရွံ့စွာဖြင့် ရီဖူရှင်း၏ ခြေထောက်ကို တက်နင်း လိုက်သည်။

လူအများအပြားက မှင်တက်ငေးမော ကြရသည်။ သူမက ကောင်းကင် စိတ်ဝိညာဉ် ပညာရှင် ဟွာဂျီယူ ဖြစ်ရပေမည်။ ရီဖူရှင်းက ရတနာများ အားလုံးကို သူမအား ပေးလိုသည်။ တခြား ပါရမီရှင်းများကို သူက မျက်လုံးထဲ မထည့်ဘူးလား...။

ထိပ်သီးပါရမီရှင်များ ဖြစ်ကြသော လီဖူတု၊ ယွီမိန်နှင့် ထိကျိုးတို့ ဤနေရာကို ရောက်နေသည်။ ထို့အပြင် ထိပ်သီး အင်အားစု များစွာလည်း ထိုရတနာများကို လိုချင်နေကြသည်။ တစ်စုံတစ်ယောက်က ရတနာ ၁ခုကို ရယူရန်ပင် အလွန်အမင်း ခက်ခဲပေသည်။ အားလုံးကို ယူမည် ယူမည် ဆိုသော စကားက အမှန်ပင်...။

“လိပ်ပြာပုလဲက စိတ်စွမ်းအားကို အထောက်အကူ ပေးတယ်ကြားတယ်... ငါ သဘောကျတယ်...” ညင်သာသော အသံတစ်သံကို ကြားရသည်။ လူအများက လှမ်းကြည့်သည်တွင် မိန်းမလှ တစ်ယောက်ကို မြင်ကြသည်။ သူမကား အလွန်အမင်း လှပချောမောကာ ညှို့ငင်အား ပြင်း၏။

သူမကား နတ်သမီးနန်းတော်မှ သမီးတော် စုဟောင်ချူ ဖြစ်သည်။

“မင်းအတွက် ငါယူပေးမယ်...” တစ်ယောက်က ပြောသည်။ သူကား ထိပ်တန်းချပ်ဝတ် လက်နက်ပညာရှင် ယွီမိန်ဖြစ်သည်။ သူက အာခီမီညီလာခံကို တက်ရောက်မည် ဖြစ်ကာ အတော်ဆုံး သုံးယောက်ထဲမှ တစ်ယောက်ဟု သတ်မှတ်ခံရသူ ဖြစ်သည်။ သူ၏ စွမ်းရည်များကို ပြောနေစရာပင် မလိုပေ။ သူကား စုဟောင်ချူ၏ အလှကွန်ရက်ထဲ ငြိတွယ်နေသူ တစ်ယောက်လည်း ဖြစ်၏။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ ထိပ်တန်း ပါရမီရှင် များစွာက စုဟောင်ချူ၏ အလှမှာ နစ်မျောရသည်။

လီဖူတုက ထိုရတနာအား ကျန်းကျိချင်ကို ပေးလိုသည်။ ယွီမိန်ကလည်း လိပ်ပြာပုလဲအား ရယူကာ မိန်းမလှထံတွင် မျက်နှာလုပ်လို၏။ ရီဖူရှင်းမူကား သူ၏ချစ်သူအတွက် ရတနာများ အားလုံးကို ရယူလိုသည်။ အခြေအနေကား လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းနေလေပြီ။

လူအများအပြားက လောင်းကစားရုံ၏ ကစားကွက်ကို လေးစား အထင်ကြီး ကြရသည်။

***

All Chapters