← Chapters

အရိပ်မဲ့။

Vol. 19 Ch. 253

အရိပ်မဲ့။

Vol. 19 Ch. 253

ဓားငါးစင်းက ရှားထန်းဖိန်ကို ပျံသန်းစေပြီး နံရံ၌ စက္ကန့် အနည်းငယ်ကြာ ချိတ်ဆွဲ သွားကာ၊ ပြန်လည် ပြုတ်ကျ လာစေ ခဲ့သည်။

"အရှိန်အဝါကို ဓားတစ်လက် အဖြစ် သိပ်သည်း လိုက်တာပဲ "

လူတိုင်းက နောက်ဆုံးတွင် တုန်လှုပ်ခြင်းမှ ပြန်လည် သက်သာ လာပြီး၊ လင်းယွန်အား ထိတ်လန့်စွာ ကြည့်လာ ကြသည်။

လင်းယွန်သည် နက်နဲ သိုင်း နယ်မြေ၏ တတိယ အဆင့် တွင်သာ ရှိစဉ်တွင်၊ အရှိန် အဝါကို ဓားတစ်လက် အဖြစ် သိပ်သည်းစေ နိုင်ခဲ့ ခြင်းကို သူတို့ နားမလည် နိုင်ပေ။

ဝိညာဉ်အဆင့် သိုင်း နည်းစနစ် တစ်ခု သာလျှင် အရှိန်အဝါကို ဓားအဖြစ် သိပ်သည်း စေနိုင်မည် ဖြစ်ကာ၊ ၎င်းကို ကျင့်ကြံမည့် သူသည် နက်နဲ သိုင်း နယ်ပယ်၏ ဆဋ္ဌမ အဆင့်တွင် ရှိနေ ဖို့ရန် လိုအပ် ပေသည်။

ထိုအဆင့်တွင် ကျင့်ကြံသူမှာ ဓားသွား အဖြစ် အသွင်ယူ နိုင်ရုံသာ ရှိနေ ပေ ဦးမည်။ အပြည့်အဝ ပေါင်းစပ် နိုင်ခြင်း ရှိဦးမည် မဟုတ်ချေ။

သို့သော် လင်းယွန်မှာ ၎င်းကို အောင်မြင်စွာလုပ်ဆောင် ထား နိုင်ခဲ့သည်။

( ဆိုလိုသည်မှာ 'နတ်ဘုရား ပုံရိပ်ယောင် ဓား' သည် အနည်းဆုံး 'ဝိညာဉ် အဆင့်' နည်းစနစ်များ အဆင့်တွင် ရှိသည်ဟု ယူဆ နိုင်ပေသည်။)

ဓားစွမ်းအင်ကြောင့် တံတိုင်းကြီး ပြိုကျလာကာ၊ ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။

သို့သော် ဓား ရည်ရွယ်ချက် မှာမူ ပျောက်ကွယ် သွားခြင်း မရှိဘဲ၊ လေထဲတွင် တဝဲ လည်လည်ဖြင့် ဆက်လက် လှုပ်ရှား နေလေသည်။

“ ကြောက်စရာ ကောင်းလိုက်တဲ့ ဓား ရည်ရွယ်ချက်... ရှားထန်းဖိန်ရဲ့ ဒရာကိုဖီ ခန္ဓာကိုယ် ကိုတောင် တိုက်ရိုက် ထိုးဖောက် ပြစ်လိုက်တယ်၊ သူ သေ ပြီလား ”

“ သူ မသေ သေးပါဘူး၊ ဒါပေမယ့် သေချာပေါက် အားနည်း သွားပြီ၊ ဒီ လင်းယွန်က တကယ်ကို ရက်စက် လွန်းတယ်၊ "

“ အနည်းဆုံးတော့ ငါ သူ့ကို မစော်ကား မိခဲ့ဘူး၊ ရှားထန်းဖိန် ကိုတောင် ဒုက္ခိတ ဖြစ်စေ ခဲ့တယ်၊ ငါတို့သာ တက်သွား ခဲ့ရင် သေချာပေါက် သေဆုံး နိုင်မယ်"

စင်ပေါ်ရှိ ကျန်သူ များက ကြောက်ရွံ့ ထိတ်လန့် သွား ကြသည်။ 'ကောင်းကင်ဘုံ ချင် အင်စတီကျု' မှ လင်းလန်မှာ ဤ မြင်ကွင်းကြောင့် တံတွေး တစ်လုတ် မြိုချ လိုက်မိသည်။

လှုပ်ရှားမှု အနည်းငယ်ဖြင့် ရှားထန်းဖိန်ကို အနိုင်ယူ နိုင်သည့် လင်းယွန်အား၊ ရင်ဆိုင် နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

ရှားထန်းဖိန်မှာ ပြန်မထ နိုင်တော့ကြောင်း၊သေချာ သည်နှင့် လင်းယွန်က လင်းလန်ကို လှည့်ကြည့် လိုက်၏။ ထိုသူကို မေ့မထား နိုင်ချေ။

သို့သော် လင်းလန်က လင်းယွန်၏ ဒေါသကို ခံစား လိုက်မိကာ၊ ရုတ်တရက် အော်ဟစ် ရယ်မော လိုက်ပြီး၊

"ငါ့ကို နာကျင် စေချင် တာလား၊ မင်း တစ်သက်လုံး စောင့်နိုင်တယ် "

ဟု ဆိုလျက်၊ စင်မြင့် ထက်မှ တုန့်နှေးခြင်း မရှိ၊ ခုန်ဆင်း သွားကာ၊ မစ်ရှင်ကို စွန့်လွှတ် လိုက်လေသည်။

အကြည့် တစ်ချက် ဖြင့်ပင် 'မဟာ ချင် အင်ပါယာ' ၏ အထက်တန်းစား တစ်ယောက်ကို မောင်းထုတ် နိုင်ခဲ့ လေပြီ။

လင်းလန် အတွက်မူ ရှားထန်းဖိန် ကဲ့သို့ နံရံတွင် တွယ်ကပ် မနေချင်ပေ။ ၎င်းသည် ထွက်ပြေး ချင်းထက် ပို၍ ရှက်စရာ ကောင်းပေမည်။

" မင်း ထွက်သွား နိုင်မယ် ထင်လား"

လင်းလန်က စင်မြင့်မှ ထွက်ခွာတော့ မည်ကို သိလိုက်ရ သဖြင့်၊ သူ၏ မူလ စွမ်းအင် များကို လက်ဖျားများ ဆီသို့၊ ရုတ်တရက် လောင်းထည့် လိုက်သည်။

တခဏချင်း မှာပင် လက်နှစ်ဖက်မှာ လေးလံ လာပြီး၊ မူလ စွမ်းအင်များနှင့် ပြည့်နှက် လာ၏။

'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း —ရွှေကျီးကန်း တောင်ပံများ ''

ခြေလှမ်း ခွန်နှစ်လှမ်း လှမ်းပြီးနောက် ပုံရိပ် ခွန်နှစ်ရိပ် ထွက်ပေါ် လာခဲ့ကာ၊ ပုံရိပ် တစ်ရိပ် စီမှ လက်သီးချက် ခွန်နှစ် ချက်သည် လင်းလန်ကို ထိမှန် သွားပြီး၊ လွင့်ထွက် သွားစေတော့သည်။

" မြူယောင် ရေစက်များ''

လင်းလန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီး၊ အော်ဟစ် ကြုံးဝါးသံ နှင့်အတူ၊ ကြည်ပြာရောင် မူလ စွမ်းအင် များကို မြူခိုးများ ကဲ့သို့ လေထု အတွင်း၌ ပျံ့နှံ့ စေလိုက်သည်။

လင်းယွန်၏ လက်သီး ခွန်နှစ် လုံးမှာ ဖြစ်ပေါ် လာသော ထိုကြည်ပြာရောင် တိမ်မြူများ အတွင်း ဖြတ်သန်း ပြီးနောက်၊ နောက်ကွယ် ရှိ စွမ်းအားကို လျော့ချ ခံလိုက်ရ တော့သည်။

လင်းလန်၏ ခန္ဓာကိုယ် ပေါ်သို့ လက်သီးများကျရောက် သွားကာ လွင့်ထွက် သွား၏၊ သို့သော် ဒဏ်ရာ ကြီးကြီး မားမား မရရှိ ခဲ့ပေ။

လင်းလန်က သူ့ သိုလှောင်အိတ်ကို ပွတ်သပ်ကာ လှံကို ထုတ်ယူလျက်၊ မြေကြီးထဲ ထိုးစိုက် ကိုယ်ရှိန် သတ်လိုက်သည်။

"မင်း အရမ်း တော်တယ်၊ ဒါပေမယ့် ငါ မင်းကို သတ်ရ လိမ့်မယ်…”

အဆိုပါ ဖြစ်ရပ်ကြောင့်၊ လင်းလန်တွင် စဉ်းစား ဆင်ခြင် နိုင်စွမ်းများ ပျောက်ဆုံး သွားကာ၊ ဒေါသတကြီး အော်ငေါက်လျက်၊ သူ့ လက်ထဲရှိ လှံငယ် နှင့်အတူ အဆိပ် ပြင်းသော စပါးအုံး မြွေ တစ်ကောင် ကဲ့သို့ ပြေးဝင် လာ၏။

'စပါးအုံး မြွေရဲ့ ဒေါသ လှံငယ်'

စင်မြင့်ကို ဖြတ်ကျော် သွားနေစဉ်၊ လှံငယ် နောက်ကွယ်ရှိ ပြင်းထန်သော တွန်းအား များက၊ လင်းယွန်ထံ ဦးတည် သွားကာ၊ ကြမ်းပြင်ပေါ်၌ အက်ကြောင်းများ ကျန်ရစ် ခဲ့လေသည်။

လှံငယ်ထံမှ ထွက်ပေါ် လာသော အရှိန် အဝါမှာ ကြီးစိုးလွန်း လှပြီး၊ ပစ်မှတ်ထား ခံရသူ မည်သူ မဆို ရှောင်လွှဲ၍ မရနိုင်ချေ။

လင်းယွန် ပင်လျှင် ဤတိုက်ခိုက် မှုကို ရင်ဆိုင် ရမည် ဆိုပါက အသာစီး ရမည် မဟုတ်နိုင်။

" မြူယောင် ရေစက်များ နဲ့ စပါးအုံး မြွေရဲ့ဒေါသ လှံငယ် တို့က တကယ်ကို ထူးခြားတဲ့ နည်းစနစ် တွေပဲ "

စင်မြင့်ပေါ်ရှိ လူတိုင်း၏ မျက်လုံး များတွင် ကြောက်ရွံ့မှု အရိပ် အယောင်များ ထွက်ပေါ် လာ ကြသည်။

ထိုတိုက်ခိုက် မှုသည် မည်မျှကြောက်စရာ ကောင်းလှ သည်ကို သိရှိ နေကြကာ၊ တိုက်ပွဲ အတွင်း ဆွဲခေါ် မခံရခင် လမ်းကြောင်း ပေါ်မှ ချက်ချင်း ဆုတ်ခွာ မိကြ ၏။

"အရိပ်မဲ့.... "

လင်းယွန်က အော်ဟစ် လိုက်ပြီး၊ 'လေးနက်သော ခြေလှမ်း ခွန်နှစ်လှမ်း' ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်နှင့် လှံဖြင့် မထိခတ်မီ၊ တခဏလေး အတွင်း မှာပင်၊ မူလ ရပ်နေသော နေရာမှ ပျောက်ကွယ် သွားတော့၏။

မျက်စိ တစ်မှိတ် အတွင်းမှာပင် တောက်လောင် နေသော နေမင်းကြီး ကဲ့သို့ လင်းလန် အထက် လေထု ထဲ၌ ပြန်လည် ထွက်ပေါ် လာလေသည်။

ကောင်းကင်၌ ချိတ်ဆွဲ ခံထား ရသော နေမင်းကြီး ကဲ့သို့ အရှိန်ရှိန် ညည်းသော ရောင်ဝါများ သိုင်းခြုံ ထားကာ၊ လင်းလန်ကို ငုံကြည့် လိုက်လေသည်။

လင်းလန်၏ မျက်နှာမှာ သိသိ သာသာ ပြောင်းလဲ သွားပြီးနောက်၊ ခုခံ ကာကွယ်ရန် အတွက်၊ လှံကို ချက်ချင်း ပြန်လည် ဆွဲယူကာ၊ 'မြူယောင် ရေစက်များ' ကို အကန့် အသတ်များ ဆီသို့ တွန်းပို့ လိုက်သည်။

လင်းယွန်၏ လက်သီးမှာ ဓားသွား ကဲ့သို့ ကောင်းကင်မှ ပြုတ်ကျလာပြီး၊ လင်းလန်ကို နောက်သို့ တွန်းပို့ လိုက်သည်။

နောက်ပြန် ဆုတ်လိုက်သည့် ခြေလှမ်းတိုင်းတွင် မြေပြင်၌ ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာပြီး၊ လင်းလန်၏ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများ စီးကျ လာလေသည်။

လင်းယွန်က မြေပြင် ပေါ်သို့ ပြန်ကျ လာသော်လည်း၊ ကြမ်းပြင်ကို ခြေဖြင့် ပုတ်ကာ နဂါး တစ်ကောင် ကဲ့သို့ ပြန်လည် ခုန်တက် သွားပြန်၏။

၎င်းမှာ ကျားနဂါး လက်သီး၏ 'နဂါး အမြီး' ကို ထုတ်ဖော် နေခြင်း ဖြစ်လေသည်။ လေထဲတွင် ခရမ်းရောင် အစင်းကြောင်း ကြီးကို ဖြစ်ပေါ် လာစေ ပြီးနောက်၊ သူ့ ခြေဖဝါးက လင်းလန်၏ မျက်နှာကို ထိမှန် သွားသည်။

လင်းလန်၏ ပါးစပ်မှ သွားခုနစ် ချောင်းခန့် ကျွတ်ထွက် သွားကာ၊ ရှားထန်းဖိန် နှင့် ထပ်လျက်၊ သဲအိတ် တစ်လုံး ကဲ့သို့ ပြိုကျ သွားတော့၏။

အသက် ပြင်းပြင်း ရှူထုတ်လိုက် ပြီးနောက်၊ လင်းယွန်က လက်သီးကို ရုတ်သိမ်းကာ၊ မြေပြင် ပေါ်သို့ ညင်သာစွာ ဆင်းသက် လာသည်။

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' နှင့် ကျား နဂါး လက်သီး တို့သည် သူ၏ မူလ စွမ်းအင် များစွာကို ကုန်ဆုံး စေ၏။

ဓားသုတ္တန်ကို သတ္တမ အဆင့် အထိ လေ့ကျင့် ထားသောကြောင့် သာလျှင်၊ ဟန်မပြတ် မတ်တပ် ရပ် နေနိုင်ခြင်း ဖြစ်လေသည်။

လင်းလန်နှင့် ရှားထန်းဖိန်တို့ နှစ်ယောက် စလုံးသည် သူတို့ကိုယ် သူတို့ လွန်ကဲစွာ တွက်ဆထား ခဲ့ကြ ပေ၏။

လင်းယွန်မှာ နက်နဲ တတိယ အဆင့် တွင်သာ ရှိနေ သော်လည်း၊ သူ၏ မူလ စွမ်းအင်တွင်၊ အသက် စွမ်းအင်ကို ပေါင်းစပ် သန့်စင် ထားသောကြောင့်၊ စတုတ္ထ အဆင့်ရှိ သိုင်းသမား များထက်၊ အားနည်းမည် မဟုတ်ပေ။

လင်းလန်တို့ နှစ်ယောက်ကို ကိုင်တွယ် ဖို့ရန် သူ့ ဓားကိုပင် ဆွဲစရာ မလိုခဲ့ချေ။ စင်ပေါ်ရှိ လူအုပ်ကြီးမှာ သူ့အား ထိတ်လန့် တကြား ကြည့်နေ ကြသည်ကို သတိပြု မိလိုက်သည်။

" သူ့ ဓားကိုတောင် မဆွဲဘဲ ဂိုဏ်းကြီး နှစ်ဂိုဏ်းရဲ့ အထက်တန်းစား နှစ်ဦးကို အနိုင်ယူ နိုင်ခဲ့တယ် "

" ငါတို့လို ပဉ္စမ အဆင့် သိုင်းသမား တွေတောင် သူတို့ နှစ်ယောက်ရဲ့ ခွန်အားနဲ့ ယှဉ်ရင် ဘာမှ မဟုတ် သေးဘူး "

“ ဓားနန်းတော်မှာ ဘယ်အချိန် ကတည်းက ဒီလို နတ်ဆိုးမျိုး ရှိနေ ရတာလဲ၊ သူ ကြီးထွား လာရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက် မလဲ၊ ''

'ရှေးဟောင်း တာအို' ဂိုဏ်းနှင့် 'ကောင်းကင်ဘုံ ချင် အင်စတီကျု' ၏ အခြားသော တပည့်များက လင်းယွန်ကို ကြောက်ရွံ့ စွာဖြင့် ကြည့်နေ ကြသည်။

" မင်း တို့ ...၊ မ သွား သေး ဘူး လား "

လင်းယွန်က သူတို့ကို ကြည့်ကာ မေးလိုက်သည်။ လင်းလန်နှင့် ရှားထန်းဖိန်တို့ နှစ်ဦး စလုံးကို အမှောက်သိပ် ထားပြီး ဖြစ်သောကြောင့်၊ ဤသူများမှာ စင်ပေါ်၌ ဆက်ရှိ နေရန် အကြောင်း မရှိချေ။

သို့မဟုတ် ပါလျှင် 'သွေးအရိုး တောအုပ်' သို့၊ ဝင်ရောက် ချိန်တွင်၊ မည်သို့သော ပြဿနာများ ဖန်တီးလာ နိုင်မည်ကို သူ မသိနိုင်။

" မင်း.... ငါတို့ကို ထွက်သွား စေချင်လား၊ ဘယ်လို ယုံကြည်ချက် မျိုးလဲ ”

ဂိုဏ်းကြီး နှစ်ဂိုဏ်း၏ ကျန်ရစ် နေသော တပည့်များက ဒေါသစိတ်ဖြင့် တုန့်ပြန်လာ ကြသည်။

" ဟမ် ... "

လင်းယွန် က အေးစက်စွာ ဟစ်အော် လိုက်ပြီး၊ 'ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျား' ကို အသုံးပြုရန် သူ့လက်ကို မြှောက်လိုက်၏။

အထက်ပါ စကားကို တုန့်ပြန် ပြောဆို ခဲ့သော သိုင်းသမားမှာ၊ ချက်ချင်းပင် ဒွါရ ခွန်နှစ်ပါးမှ သွေးများ စီးကျလျက်၊ လွင့်စင် သွားလေသည်။

ဤမြင်ကွင်းကြောင့် ကျန် လူနည်းစုကို ထိတ်လန့် သွားစေပြီး၊ မျက်နှာများ ဖြူဖျော့ သွား၏၊ စကား တစ်ခွန်းပင် မတုန့် ပြန် နိုင်တော့ဘဲ ထွက်ခွာသွား ကြတော့သည်။

'ထာဝရမြင့်မြတ်ခြင်း ဂိုဏ်း' မှ ဘူချန်နှင့် 'လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း' ၏ ရှောင်းရန် တို့မှာ အကြည့်ချင်း ဖလှယ် လိုက်ကြ၏။ သူတို့မျက်လုံးများ ထဲရှိ စိုးရွံ့ နေမှု များကို မဖုံးကွယ် ထားနိုင် ခဲ့ပေ။

" ဘူချန်၊ သူ့ ကျားနဂါး လက်သီးက မင်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ။ "

ရှောင်းရန်က လင်းယွန်ကို ကြည့်ပြီးနောက် မေးလိုက်သည်။

“ ပိုသန်မာတယ်… ဒီလူရဲ့ ကျား- နဂါး လက်သီးက ရိုးရှင်း တယ်၊ ကျားနဂါးလက်သီးရဲ့ နည်းစနစ် အပြည့် အစုံကို သူ ဘယ်က ရခဲ့လဲ မသိဘူး၊ မယုံနိုင် စရာပဲ "

ဟု ဘူချန်က ပြန်ဖြေသည်။

စင်မြင့်အောက်ရှိ ဂိုယန်းယု၏ နှလုံးသား ထဲတွင် ခါးသီးစွာ ခံစား လိုက်ရ၏။ ရှားထန်းဖိန်နှင့် လင်းလန် တို့၏ ဒဏ်ရာ များကို ကုသရန် ချက်ချင်း အမိန့်ပေး လိုက်ကာ၊ လင်းယွန်အား မျက်နှာ မသာမယာ ဖြင့် လှည့်ကြည့် လိုက်သည်။ ယခု သူသည် ဂိုဏ်းကြီးလေး ဂိုဏ်းမှ အထက်တန်းစား သုံးဦးကို စော်ကား မိခဲ့ လေပြီ။

ရှားထန်းဖိန်နှင့် လင်းလန်တို့သည် မျက်စိ အောက်တွင်ပင် ချိနဲ့ ကုန် သောကြောင့်၊ သူ ဒုက္ခ ရောက်မည်မှာ သေချာ၏။

တစ်ချိန်တည်းမှာပင် အလွန် ကြောက်စရာ ကောင်းသော ပါရမီရှင် တစ်ဦးကို မှားယွင်းစွာ ရှုမြင် မိခဲ့ကြောင်း သတိပြု မိလေသည်။

" သွားကြရအောင်၊ ကိုယ်စား လှယ်လောင်းတွေ ထွက်နေပြီ။ ”

ဂိုယန်းယု ဘေးတွင် ရပ်နေသော အမျိုးသမီးက ပြုံးပြီး၊ စင်မြင့် ပေါ်သို့ တက်ရောက် သွားသည်။

အမျိုးသမီးနောက်မှ လိုက်ပါ လာသော၊ ဂိုယန်းယုက ယခင် အချိန်၌ လင်းယွန် အပေါ် ဆက်ဆံ မိပုံကို၊ ပြန် သတိရ သွားသော အခါတွင်၊ သူ့ မျက်နှာမှာ အေးခဲသွား၏။

“ သခင်လေးလင်း မင်းက အရင် အတိုင်း ကြီးစိုး နေတုန်းပါ ပဲလား၊ ငါ့ရဲ့ အထင်ကြီး လေးစားမှု တွေကို အမြဲ ရယူ နိုင်ပါ ပေတယ် "

လင်းယွန်က အသံ ပိုင်ရှင်ထံ လှည့်ကြည့် မိပြီးနောက်၊ အံ့အားသင့် သွားလေသည်။

All Chapters