စတုတ္ထ အဆင့်။
Vol. 19 Ch. 254
ထိုအမျိုးသမီးမှာ ရေဖြူမြို့၏ မြို့တော်သခင် ဘိုင်ချူးဟွေ ဖြစ်လေသည်။
မိုးကောင်းကင် နိုင်ငံမှ မထွက်ခွာခင် သူနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့၏။
ထိုအချိန်တွင်၊ လင်းယွန်၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ကျင့်ကြံသူ တစ်ယောက် ဖြစ်ရန် မသင့်တော် လှကာ၊ ကျင့်ကြံရာ၌ အရင်း အမြစ် များစွာ လိုအပ် နိုင်သည် ဟုပင်၊ သူမက ယူဆ ခဲ့သည်။
ဘိုင်ချူးဟွေ အကြောင်းကိုမူ လျှို့ဝှက်ဆန်းကြယ်သော၊ နောက်ခံ ရှိသည့် အမျိုး သမီး တစ်ယောက် အဖြစ်သာ၊ လင်းယွန်က သိရှိ ထားလေသည်။
သူတို့ ပြန်ဆုံ ကြလိမ့် မည်ဟု မမျော်လင့် ထား သော်လည်း၊ 'သွေးအရိုး တောအုပ်' သို့ မစ်ရှင်ကို ထုတ်ပေးသူ အဖြစ်၊ ဆုံစည်း လာခဲ့ လေပြီ။
'' မြို့တော်သခင် မတွေ့တာ ကြာပြီနော် ”
ဟု လင်းယွန်က ပြန်လည် နှုတ်ဆက် လိုက်၏။
ဘူချန်နှင့် ရှောင်းရန်မှာ ဤအမျိုးသမီးကို မသိ သောကြောင့် စိတ်ရှုပ်ထွေး နေပုံ ရသည်။ ဘိုင်ချူးဟွေ၏ အသွင်အပြင် အရ၊ ဇာစ်မြစ်မှာ ရိုးရှင်းမည် မဟုတ်ကြောင်း မည်သူ မဆို ခန့်မှန်း နိုင်မည် ဖြစ်သည်။
“ဒါက မိန်းကလေး ဘိုင်ပါ၊ မနက်ဖြန် သွေးအရိုး တောအုပ် သွားရာ လမ်းမှာ သူမကို ကာကွယ်ဖို့ မင်းတို့က တာဝန် ယူရမှာ၊ ဘာ အမှားမှ မလုပ်မိ ပါစေနဲ့၊ မဟုတ်ရင် မစ်ရှင်ကို မအောင်မြင် ဖူးလို့ မှတ်ယူ ရလိမ့်မယ်။ ”
ဂိုယန်းယု၏ မိတ်ဆက် စကားကြောင့် ဘိုင်ချူးဟွေက ပြုံးပြ လိုက်ပြီး၊
" အခု ငါ ဘေးကင်းဖို့ အတွက် မင်းတို့ကို အားကိုး နေရ တော့မယ် "
" ငါနဲ့ အတူ မင်း မတော်တဆ ဖြစ်မှာကို စိတ်ပူ နေစရာ မလိုပါဘူး။"
" မှန်တယ်၊ စိတ်ပူစရာ မလိုပါဘူး မိန်းကလေးဘိုင် .. ၊ "
ဘိုင်ချူးဟွေ လိုမျိုး အလှတရား များ ရှေ့တွင်၊ သူရဲကောင်းများ အမြဲ ရှိနေ တက်ပေသည်။ ဘူချန်နှင့် ရှောင်းရန် မှာမူ စိတ်ထဲမှလှောင်ပြောင် ရယ်မော နေခဲ့ သော်လည်း၊ နှုတ်ဆိတ် နေရန် ဆုံးဖြတ်ထား ကြသည်။
သွေးအရိုး တောအုပ် အတွင်း၌ ထိုစကားများထက် သာလွန်သော အရည် အချင်းကို ထုတ်ပြ ခြင်းဖြင့် သက်သေပြ နိုင်ပေမည်။
ဂိုယန်းယု၏ အကြည့်မှာ လင်းယွန် ပေါ်သို့ အရောက်တွင်၊ နာကျင်ဟန် အရိပ် အယောင်များ ထွက်ပေါ် လာပြီး၊
'' တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး အတေး အမှတ် မထား ပါနဲ့၊ သွေးအရိုး တောအုပ် ထဲမှာ ငါ မင်းကို ဒုက္ခပေး ရလိမ့်မယ်။ "
လင်းယွန်က လင်းလန်တို့ နှစ်ယောက်ကို အပြင်း အထန် ဒဏ်ရာ ရစေကာ၊ သူ့မျက်နှာအား ဖြတ်ရိုက် ခဲ့သော်လည်း၊ အကူ အညီ တောင်းခံရန် မမေ့ခဲ့ပေ။
“ အဲဒါကို စိတ်မပူပါနဲ့၊ မစ်ရှင်ကို လက်ခံပြီးကတည်းက အားလုံးကို တာဝန်ယူ ပေးပါ့မယ် ဘိုးဘေးဂို။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးဖြင့် ပြန်ဖြေ လာသည်ကြောင့် ဂိုယန်းယုမှာ သက်သာရာ ရသွားသည်။ စင်ပေါ်ရှိ လူရှစ်ယောက် စလုံးကို ကြည့်လိုက်ပြီး၊ ဝတ်ရုံစအား ရုတ်သိမ်း လိုက်ကာ၊
“ သွေးရိုး သစ်တောက အန္တရာယ် များတယ်၊ ဒါကြောင့် ဒီနေ့ ကောင်းကောင်း အနားယူပါ၊ မင်းတို့တွေ မနက်ဖြန် မိန်းကလေးဘိုင် နဲ့အတူ ထွက်ခွာ ရလိမ့်မယ်။ "
" ငါတို့ အစွမ်းကုန် ကြိုးစား ပါ့မယ်။ "
သွေးအရိုး တောအုပ်သည် တိမ်မိစ္ဆာ တောင်တန်းထက် နတ်ဆိုး သားရဲ အရေ အတွက် ပိုများ ပေသည်။ ဘိုင်ချူးဟွေကို ၎င်းတောအုပ် အတွင်း အန္တရာယ် ကင်းကင်း ခေါ်ဆောင် သွားနိုင် ရန်မှာ၊ ရိုးရှင်းသော ကိစ္စ တစ်ခု မဟုတ်ပေ။
သက်တော်စောင့် ရှစ်ယောက်မှာ သူတို့အတွက် စီစဉ် ပေးသော ခြံဝင်း ဆီသို့၊ အနား ယူရန် အတွက် ထွက်ခွာ သွား ကြသည်။
နားနေဆောင် တစ်နေရာ၌ လင်းယွန်က 'အိုင်းရစ် ဓားသုတ္တန်' ကို အချိန် အတော်ကြာ ကျင့်ကြံ ပြီးနောက်၊ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို ထပ်မံ လေ့ကျင့် လိုက်သည်။
'လေးနက်သော ခြေလှမ်း ခုနှစ် လှမ်း' သည် ရှားထန်းဖိန် နှင့် လင်းလန်ကို အနိုင်ယူ နိုင်ခဲ့သည့် ကြီးမားသော အားသာချက် ဖြစ်လေသည်။
သိုင်းခန်းမ၏ ပဉ္စမ အထပ်တွင် ထားရှိရန် အမှန် တကယ်ပင် ထိုက်တန် လှပေ၏။ အထူးသဖြင့် ၎င်းမှာ 'ဝိညာဉ် အဆင့်' နည်းစနစ် များနှင့် နှိုင်းယှဉ် နိုင်သော အရာတစ်ခု ဖြစ်လေသည်။
သို့သော် လင်းယွန်မှာ 'ရွှေကျီးကန်း တံဆိပ်' ကို မဖွဲ့စည်း နိုင်ခဲ့သည့် အတွက် အားမလို အားမရ ဖြစ်နေ ခဲ့သည်။
'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' မှာ တခြား သူများ အတွက် ကြောက်စရာဟု ထင်ရ သော်လည်း၊ ဟာကွက် အချို့ ရှိကြောင်း၊ သူ သတိထား မိ၏။
ခြံဝန်း အတွင်းသို့ ပြေးထွက် သွားကာ၊ ဓား ဆန္ဒကို ကျားနဂါး လက်သီးဖြင့် ပေါင်းစပ် လိုက် ပြီးနောက်၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း'၊ ကို လေ့ကျင့် လိုက်တော့သည်။
သူ့ လက်သီးကို လေထဲ ထိုးပစ် လိုက်သော အခါ နဂါးနှင့် ကျား ဟောက်သံမှာ ကောင်းကင်ယံ၌ ပဲ့တင် ထပ်လာ ခဲ့၏။
လေ့ကျင့်မှု အတွင်းတွင် အပြည့် အဝ နစ်မြုပ်သွား၏၊ ဆယ့်ငါးမိနစ် အကြာ၌ လင်းယွန်၏ နောက်ကျော လေဟာနယ်တွင် ရွှေရောင် တောက်ပ နေသော အတောင်ပံ တစ်စုံ ထွက်ပေါ် လာလေသည်။
ထိုတောင်ပံမှာ (ရွှေကျီးကန်း တံဆိပ်) စုတ်ပြဲ သွား ပြီးနောက်၊ မီးပွားများ အဖြစ်သို့ ပြောင်းလဲ သွားကာ၊ မြေပြင်ပေါ် ဆင်းသက် သွားလေသည်။
" ငါ ထပ်ပြီး မအောင်မြင် ပြန်ဖူးလား.... ဒါပေမယ့်၊ နည်းနည်းတော့ တိုးတက်လာ သလိုပဲ၊ ဒီလမ်းကြောင်း အတိုင်း ဆက်သွား နေမယ် ဆိုရင်၊ တစ်လခွဲ လောက် အတွင်းမှာ ရွှေကျီးကန်း တံဆိပ်ကို ပုံဖော် လာနိုင် မှာပါ”
လင်းယွန်၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ် အယောင်များ လင်းလက် လာ လေသည်။
အကယ်၍သာ ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့စည်း နိုင်ပါလျှင် 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို ပို၍ ကျွမ်းကျင်လာ ပေလိမ့်မည်။
"ဓားကို စပြီး လေ့ကျင့်ရအောင်"
သူ့လက်ကို ရုတ်လိုက်ပြီး ရှေးဟောင်း ဓားသေတ္တာ ထဲရှိ 'ပန်းသင်္ချိုင်း ဓား' အား၊ ဖွင့်ယူလိုက်သည်။ ပတ်ပတ်လည်၌ ပန်းပွင့်များ 'ကခုန်' နေချိန်တွင် 'သခင့်ဓား'မှာ လင်းယွန်၏ လက်၌ စတင် ဖွဲ့တည် လာ၏။
ယင်းမှာ လှုပ်ရှားမှု တစ်ခု မဟုတ်ပေ၊ မည်သည့် အရာကို မဆို ဖြတ်ကျော် နိုင်သော၊ ဓားတစ်လက် ဖြစ်လေသည်။
ဓားကို ထုတ်လိုက် သည်နှင့် အကန့် အသတ် မရှိ လွှမ်းမိုး လိုသော ရောင်ဝါများ ထွက်ပေါ် လာကာ၊ ဓား ရည်ရွယ်ချက်ဖြင့် ပေါင်းစပ် သွား၏။
ထိုပေါင်းစပ်မှု ပြီးဆုံး သွား သည်နှင့် တစ်ပြိုင်နက်၊ သခင့်ဓား၏ ရည်ရွယ်ချက် အသစ်ကို မွေးဖွား ပေးလာ ခဲ့သည်။
"ရပ်.... "
သူ့ ပတ်ဝန်းကျင်ရှိ လွှမ်းမိုး နိုင်လွန်းသော အရှိန်အဝါကို ပြန်လည် ရုတ်သိမ်း လိုက်ပြီး၊ ရှည်လျားသော သက်ပြင်းကို ရှူထုတ် လိုက်မိသည်။
သခင့်ဓားမှာ အစွမ်းထက် လွန်းသော်လည်း၊ အရမ်း ပင်ပန်း လွန်းပေသည်။ အကြိမ်ပေါင်း များစွာ လေ့ကျင့်ပြီး မကြေနပ် နိုင်ခဲ့ချေ။
အကြောင်း တစ်ခုခု ကြောင့်၊ သခင့်ဓားနှင့် ပတ်သက်ပြီး၊ တစ်စုံ တစ်ရာ မပြည့်စုံ သေးကြောင်း သူ ခံစား နေရသည်။
" နောက်တော့ ဆက်ပြီး လေ့ကျင့်ကြ တာပေါ့ "
ဓားကိုယ်ထည် ပေါ်ရှိ သဘာဝ ပုံစံများ ဆီသို့ အာရုံရောက် သွားကာ၊ ညင်သာစွာ ပွတ်သပ် လိုက်လေသည်။
"ပန်းသင်္ချိုင်းဓားက တိုးတက် နေပုံ ရတယ်"
ကူကယ်ရာမဲ့ ဟန်ဖြင့် သက်ပြင်းချ လိုက်မိသည်။ အဖြူရောင် ပန်းရိုင်း၏ လက်ကျန်ရနံ့ များသည် ပန်းသင်္ချိုင်းဓားကို မတင်းတိမ် နိုင်တော့ပေ။
နောက် အဆင့်သို့ မြှင့်တင် လိုပါက၊ ထို့ထက် ပို၍ ရနံ့ ပြင်းသော၊ ပန်းများ လိုအပ် ပေမည်။
"ဘယ် သူ လဲ .... "
လေထဲရှိ ရနံ့ အချို့ကြောင့် မျက်မှောင်ကြုတ်ကာ မေးမြန်း လိုက်သည်။ အမှောင်ရိပ် တစ်နေရာ ဆီမှ ပြုံးလျက်ဖြင့်၊ ဘိုင်ချူးဟွေ ထွက်ပေါ် လာလေသည်။ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို သိမ်းယူ လိုက်ပြီး၊
" မြို့တော် သခင် ဘိုင်၊ မင်း စောင့်နေတာ ကြာပြီလား။ "
ဘိုင်ချူးဟွေ၏ မျက်လုံး များမှာ လင်းယွန် ခန္ဓာကိုယ် ပေါ်သို့ လှည့်ပတ် သွား၏။
" ငါ ဒီကို ရောက်ပြီး... ၊ မင်းရဲ့ ဓားရေး လေ့ကျင့် နေတာကို မြင်လိုက် ရတာပဲ"
ဤလူငယ်လေးသည် 'မိုးကောင်းကင် နိုင်ငံ' မှ ထွက်ခွာ သွားပြီးနောက်၊ 'မဟာချင် အင်ပါယာ' ၌ သူ့ကိုယ်သူ ခြေချ နိုင်ခဲ့ သည်ကြောင့်၊ အံ့အား သင့်ခဲ့ ရသည်။
သူ၏ လေ့ကျင့်မှုများ အရ၊ လက်သီး နည်းစနစ်နှင့် ဓား ရည်ရွယ်ချက် တို့မှာ ဘိုင်ချူးဟွေကို ထိတ်လန့်ရန် လုံလောက် မိစေ၏။
" ဘာမှ မဖြစ် စလောက် လေးပါပဲ၊ မင်းရှေ့မှာ ငါ့ကိုယ်ငါ ရှက်ရ ပါလိမ့်မယ်"
လင်းယွန်က ပြုံးကာ တုန့် ပြန် လိုက်သည်။ ဘိုင်ချူးဟွေက ခေါင်းခါ လိုက်ပြီး၊
" မင်း ရှက်နေ စရာ မလိုပါဘူး၊ လင်းလန်နဲ့ ရှားထန်းဖိန်လို ထိပ်တန်း ပြင်ပ တပည့် တွေကို အလွယ် တကူ အနိုင်ယူ နိုင်မယ့်သူ၊ မဟာ ချင် အင်ပါယာမှာ အများကြီး မရှိပါဘူး၊ ''
'' မင်းရဲ့ ခွန်အား အရ အကန့် အသတ် မရှိ၊ အလား အလာကို ပိုင်ဆိုင် ထားပြီး၊ စတုတ္ထ အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်၊ အနာဂတ်မှာ မင်း သွား နိုင်မယ့်၊ အမြင့် တွေကို ငါ စိတ်ကူးတောင် မယဉ်နိုင်ဘူး "
" စတုတ္ထ အဆင့်... ဘာ စတုတ္ထ အဆင့်လဲ "
လင်းယွန်၏ အံ့သြ သွားသည့် အမူ အရာကြောင့်၊ ဘိုင်ချူဟွေက ပြုံးလိုက်ပြီး၊
“ ဒါက ငါတို့ ကုန်သည်ကြီး တွေရဲ့ အဆင့် သတ်မှတ် ချက်ပါ၊ မဟာချင် အင်ပါယာရဲ့ ပါရမီရှင် တွေကို အဆင့် လေးဆင့် သတ်မှတ် ထားတယ်၊ ပထမ အဆင့်မှာ သဘာဝ အားဖြင့်၊ ပါရမီရှင် ရှစ်ပါး ရှိတယ်.... ''
ပါရမီရှင် ရှစ်ပါးသည် မျိုးဆက် တစ်ခု အတွင်း အသန်မာဆုံး ခွန်အားကို ပိုင်ဆိုင် ထားကြရာ ထိုအဆင့်မှာ အဓိပ္ပါယ် ရှိပေသည်။
အဆင့်တူချင်း သိုင်းသမား တစ်ရာ ကျော်ကို တစ်ဦးတည်း ကိုင်တွယ် နိုင်သော အဆင့်၌ တကယ် ရှိကြ ပေ၏။
၎င်းမှာ မိုလွာနှင့် တိုက်ခိုက် ခြင်းဖြင့် ရရှိလာသော၊ လင်းယွန်၏ သုံးသပ်ချက် ဖြစ်သည်။
“ဒုတိယ အဆင့်မှာ ဂိုဏ်းပေါင်းစုံရဲ့ အမာခံ တပည့်တွေ ပါဝင်တယ်၊ ဥပမာ အားဖြင့်၊ မင်းရဲ့ ဓားနန်းတော်က 'ကောင်းကင် အဆင့်' မှာ ရှိတဲ့ တပည့် မျိုးတွေပဲ၊ ရှင်းဂျူ လိုပေါ့၊ သူတို့က ပါရမီရှင် ရှစ်ပါးနဲ့ တူညီသော အသက် အရွယ်မှာ ရှိပေမယ့်၊ အနည်းငယ် နိမ့်ကျ နေတယ်၊ ''
'' ............ ''
'' ဒီအဆင့်မှာ အကြမ်းဖျင်း အားဖြင့် သိုင်းသမား လေးဆယ်လောက် ရှိတယ်၊ သူတို့ အားလုံးက နက်နဲ သိုင်း နယ်ပယ်ရဲ့ အဋ္ဌမ အဆင့်ကို ပိုင်ဆိုင် ထားကြတယ် …”
“တတိယ အဆင့်ကိုတော့ အတွင်းစည်း တပည့် တွေနဲ့ ဖွဲ့စည်း ထားတယ်၊ သူတို့ရဲ့ ကျင့်ကြံမှု အဆင့်က အနည်းဆုံး ဆဋ္ဌမ အဆင့်မှာပဲ၊ အနိမ့်ဆုံး 'ဝိညာဉ် အဆင့်' နည်းစနစ် တစ်ခု လောက်တော့ ပိုင်ဆိုင် ထားကြတယ်၊ ဓားနန်းတော်မှာ ဆိုရင် ဝမ်ယန်နဲ့ ရှင်းယန်တို့က အဲဒီ အဆင့်ကို မှီတယ် ”
“ စတုတ္ထ အဆင့် အရ၊ ပြင်ပ တပည့် တွေရဲ့ ထိပ်တန်း (၁၀)ဦးနဲ့ ဖွဲ့စည်း ထားတယ်၊ ကျန်တဲ့ သူတွေ ကတော့ တစ်ယောက်မှ အဆင့် မမီ ပါဘူး။”
မဟာချင် အင်ပါယာ၏ အထက်တန်း လွှာများ အပေါ် အဆင့် သတ်မှတ်ချက် များ အကြောင်း ရှင်းလင်းချက်ကို အပြီးသတ် ကြားနာ ခဲ့ပြီးနောက်၊ လင်းယွန်က သူ့ကိုယ်သူ လှောင်ပြောင် လိုဟန်ဖြင့်၊
'' ဒါဆို ငါက အဆင့်မမှီ ဖူးပေါ့ "
“ ဒီလို သတ်မှတ်လို့ ရပါတယ်၊ ဒါပေမယ့် မင်းအသက်က ဆယ့်ခုနစ်ပဲ ရှိသေးတယ်၊ ပါရမီရှင် ရှစ်ပါးက အသက် နှစ်ဆယ် ကျော်နေပြီ ဖြစ်လို့၊ သုံးနှစ် အတွင်း မင်း ဘယ်လောက် အထိ ကြီးထွား လာနိုင် မလဲ ဆိုတာ၊ ဘယ်သူ သိနိုင် မှာလဲ။ ”
ဘိုင်ချူးဟွေက သူမ နှုတ်ခမ်းကို ထိန်းညှိ လိုက်ပြီး၊
" ပါရမီရှင် ရှစ်ပါးက နက်နဲ နယ်ပယ် ထဲမှာ ပိတ်မိနေပြီ၊ ဒီလိုသာ ပိတ်မိ နေခဲ့ရင်၊ ဂိုဏ်းပေါင်းစုံက မျိုးဆက်သစ် ပါရမီရှင် အများ အပြားက သူတို့ အမြီးကို နင်းမိ ကုန်လိမ့်မယ်''
ဘိုင်ချူဟွေ၏ စကားများက လင်းယွန်ကို ကမ္ဘာသစ် တစ်ခု ဆီသို့ ပို့ဆောင်ပေး လိုက်သည် ။
ခရမ်းရောင် နန်းတော် နယ်မြေသို့ အောင်မြင် စွာ ခြေချ နိုင်သူ တိုင်းမှာ၊ မဟာချင် အင်ပါယာတွင် အသန်မာဆုံး ဖြစ်လာမည် ဖြစ်သည်။ ထိုသို့ အောင်မြင်မှု မရရှိ ခဲ့ပါက၊ အခြား သူများ အမီလိုက် လာနိုင် ပေမည်။
"မြို့တော် သခင်၊ ပါရမီရှင် ရှစ်ပါးမှာ ဘယ်သူက အရင်ဆုံး အောင်မြင် နိုင်မယ်လို့ မင်း ထင်လဲ"
ဘိုင်ချူးဟွေက ပြုံးလိုက်ပြီး၊
" မဟာချင် အင်ပါယာရဲ့ မင်းသားလေး 'ပျံသန်းနေသော ငှက်မွှေး'၊ 'ထာဝရ မြင့်မြတ်ခြင်း' ဂိုဏ်းက 'လွင့်မျောသော ရေခွက်' နဲ့ 'လနတ်ဆိုး ဗိမ္မာန်' ရဲ့ 'လရောင် ရေစင်'၊ သူတို့ သုံးယောက် စလုံးက အောင်မြင်မှု ရဖို့၊ အခွင့် အရေးတွေ ရှိပါတယ်”
'ပျံသန်းနေသော ငှက်မွှေး' မှ လွဲကာ၊ လင်းယွန်က ကျန်သော သူ နှစ်ယောက် စလုံးကို၊ မြင်ဖူး ပြီးပြီ ဖြစ်သည်။
“ကောင်းပြီ ဒါဆို ငါအနား ယူတော့မယ်၊ မနက်ဖြန် ခရီးစဉ်မှာ မင်းရဲ့ အကာ အကွယ်ကို ငါ လို အပ် လိမ့် မယ်"
ဘိုင်ချူးဟွေက ပြုံးပြီး လှည့်ထွက် သွားတော့၏။
"စတုတ္ထ အဆင့် ..."
ဘိုင်ချူးဟွေ ထွက်သွားရာ အမှောင်ရိပ် ထဲသို့ ငေးကြည့်လျက် တိုးဖွဖွ ရေရွတ် လိုက်မိ လေသည်။
အဆင့် သတ်မှတ် ခံရသူ အများစုမှာ ဂိုဏ်းများ ထဲ၌ အနည်းဆုံး တစ်နှစ်ခန့် ကြာညောင်း နေသူများ ဖြစ်ကြ လေပြီ။
နံနက် စောစောတွင် ဘိုင်ချူးဟွေ ဦးဆောင်သော အဖွဲ့မှာ 'သွေးအရိုး တောအုပ်' သို့ ခရီးထွက်လာ ခဲ့ကြသည်။
အံ့ဩစရာ ကောင်းသည်မှာ၊ ၎င်းနယ်မြေတွင် လေထုထဲ၌ ဝိညာဉ် စွမ်းအင် များ သိပ်သည်း နေပြီး၊ ၎င်းကို ရတနာ နယ်မြေ တစ်ခု ဟုပင် ထင်မြင်လာ မိစေသည်။
သို့သော် 'သွေးအရိုး တောအုပ်' နှင့် နီးစပ် သူများ မဟုတ်ကြကာ၊ ခန္ဓာကိုယ် အတွင်း၌ ကျင့်ကြံမှု နည်းစနစ် များကို ဖြန့်ကျက် လျက်၊ သတိ အပြည့်ဖြင့် လျှောက်လှမ်း နေခဲ့ ကြသည်။
( ဒါက 'တိမ်စ္ဆာ တောင်တန်း' နဲ့ လုံးဝ ခြားနားတဲ့ ပတ်ဝန်းကျင် ပဲ။ )
လင်းယွန်က ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေသော တောအုပ်ကို ကြည့်ကာ သက်ပြင်းချ လိုက်သည်။
နှစ်နာရီ ကျော် သွားသည် အထိ တောလမ်း ခရီးမှာ ချောမွေ့ နေခဲ့သည်။
ရံဖန် ရံခါတွင် သူတို့အား တိုက်ခိုက် လာသည့် နတ်ဆိုး သားရဲ များနှင့် ကြုံတွေ့ ခဲ့ရ သော်လည်း၊ ဂို မိသားစု၏ အစောင့် သိုင်းသမား များက လျင်မြန်စွာ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့ သည်။
“ သွေးအရိုး တောအုပ်က ထင် သလောက်လည်း ခြိမ်းခြောက်မှု ရှိပုံ မရ ပါဘူး။”
“ အဲ့လိုတော့ မယူဆ ထားနဲ့၊ ငါတို့က တောနက် ရာကို မရောက် သေးဘူး၊ သတိထားပါ။ "
ဂိုမိသားစု၏ အစောင့် သိုင်းသမား များ အချင်းချင်း ဆွေးနွေး လာကြသည်။ သူတို့ စကားပြော နေစဉ်တွင် ရှေ့ကင်း အဖွဲ့ဆီမှ ရုတ်ရုတ် သဲသဲ အသံများ ထွက်ပေါ် လာတော့၏။
" ရှေ့ကင်း တစ်ယောက် သေသွားပြီ ''
လင်းယွန်၏ မျက်ခုံးများ စုကျုံ့ သွားကာ၊ နဂါးသွေး မြင်းကို ညင်သာစွာ ပုတ်လိုက်ပြီး ရှေ့ကင်း ဆီသို့ ပြေးလွှား လိုက်တော့သည်။
***